Showing posts with label န - နေနေနိုင်. Show all posts
Showing posts with label န - နေနေနိုင်. Show all posts

Monday, October 6, 2008

[:: My Little World ::] 1 New Entry: ကွဲသွားတဲ့မှန်

ကွဲသွားတဲ့မှန်

ကွဲသွားတဲ့ မှန်တစ်ချပ်ကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး....


မှန်တစ်ချပ် ကွဲသွားခဲ့တယ်..
အစိတ်စိတ်အမွှာမွှာကွဲကျေသွားခဲ့တာပါ..
သူ့ ကြောင့် ဘယ်သူ့ ကိုမှ မထိခိုက်စေခဲ့ဘူး..
အစိတ်စိတ်အမွှာမွှာ.. ကွဲနေတဲ့ ဒီမှန်ကို ဆက်ပြီး အသုံးပြုဖို့ ဆိုတာ..
မဖြစ်သင့်ဘူး.... မဖြစ်နိုင်ဘူး.....

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် စိတ်ထိခိုက် မနေပါနဲ့ ...
ပြူတင်းပေါက်တစ်ခုရဲ့ လိုအပ်ချက်ဟာ မှန်တစ်ချပ်သာ ဖြစ်ခဲ့တာပါ..
ကွဲသွားတဲ့ ဒီမှန်ရဲ့ နေရာမှာ....
အစားထိုးဖို့  တခြားမှန်တွေ အဆင်သင့်ရှိနေမှာပါ..
ကွာလတီအမျိုးမျိုး.. အရောင်အမျိုးမျိုးနဲ့ ...
အဖြူရောင်ယူမလား.. အညိုရောင်ယူမလား....
သင်လောကကြီးကို ဘယ်လိုမြင်ချင်ပါသလဲ...
အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ မှန်တစ်ချပ်ကို..
စိတ်တိုင်းကျ .. အမြန်ဆုံး..
ရွေးချယ်လိုက်ပါ...

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် .....
စိတ်ထိခိုက် မနေပါနဲ့ ... စိတ်ထိခိုက်မနေပါနဲ့ ..
စိတ်ထိခိုက်မနေပါနဲ့ ..

မြ

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.