Saturday, February 21, 2009

[လှုပ်ရှားနေသော မိုးကောင်းကင်] 5 New Entries: အရေးကြီး ကာလကို ရောက်တော့မယ်

အရေးကြီး ကာလကို ရောက်တော့မယ်

မစ္စတာဂမ်ဘာရီ ဒီတခါလာတော့ နအဖ အစိုးရက ပါတီဝင် ၄၄ ယောက်(ဒီအထဲမှာ ၁၄ ယောက်က ဗဟိုဦးစီးအဖွဲ့ဝင်)ရှိတဲ့ "၈၈ မျိုးဆက်လူငယ်ကျောင်းသားများ"လို၊ သခင်စိုးဝါဒီ "အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော် သားစု"လို၊ သူတို့ရဲ့အုတ်ကြား မြက်ပေါက်၊ ဗြုတ်စ ဗြင်းတောင်း အဖွဲ့တွေကို ပွဲထုတ်လိုက် တယ်။ အဓိပ္ပာယ်က ၁၉၉ဝ ခုနှစ် ရွေးကောက် ပွဲတုန်းက လူထုထောက်ခံမှု ၈ဝ% ကျော်ရထား တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့နဲ့ အဖွဲ့အစည်းတွေကို တတန်းတည်း ထားပြလိုက်တာဖြစ်တယ်။ နောက်ပြီး သူတို့ ရွေးကောက်ပွဲ ကိုလည်း ပွဲထုတ်လိုက်တာပဲဖြစ်တယ်။
အမှန်ပဲ။ ဒီနှစ်ဟာ နအဖ စစ်အုပ်စုအတွက် ရွေးကောက်ပွဲ ပြင်ဆင်ရေးကာလဖြစ်တယ်။ ဒါပေ မဲ့ ဒါဟာ ပန်းခင်းလမ်း မဟုတ်တာ သေချာတယ်။ အတက်လမ်းပဲ။ နအဖ အဖို့ ရွေးကောက်ပွဲ လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ သူ့လူတွေ နိုင် သည် ဖြစ်စေ၊ မနိုင် သည် ဖြစ်စေ၊ တိုင်းပြည်အာဏာကို သပိတ်ဝင်အိတ်ဝင် ရထားတယ်ဆိုတာတော့ မှန်တယ်။

အခုအခါ နအဖ စစ်အစိုးရရဲ့ ဝန်ကြီးအဖွဲ့အတွင်း ရှန်တိန်လုပ်နေတာတွေ စပြီး တွေ့နေရပြီ။ နောက်အစိုးရမှာ ဝန်ကြီးလုပ်မယ့် လူတွေ၊ ရွေးကောက်ပွဲမှာ အရွေးခံမယ့် လူတွေ စသဖြင့် သူတို့တွင်း စီစဉ်တာ ပြင်ဆင်တာတွေကို မြင်နေရပြီ။ ကြံ့ဖွတ်၊ တစည စသူတွေ လည်း အလုပ်ရှုပ်နေကြပြီး စီးပွားရေးသမားတွေ၊ စစ်အုပ်စု အဆက်အနွှယ် ဟောင်းတွေလည်း ပျားပန်းခတ် ခြေပုန်းခုတ်နေ ကြတယ်။ ဒါ့အပြင် နိုင်ငံရေးသမားဟောင်းကြီး တချို့လည်း ပြန်ထွက်လာတာဟာ စိတ်ဝင်စားစရာပဲ။ ပြည်ပမှာ တောင်မှ နအဖရဲ့ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်ဆင်နေတာ၊ စည်းရုံးနေတာတွေ တွေ့နေ၊ ကြားနေ ရတာဟာ အံ့သြ ကုန်နိုင်ဖွယ်လို့ ဆိုရမှာပဲ။
အခုလို ရာထူးတွေ၊ အာဏာတွေ၊ အခွင့်အရေးတွေ ခွဲဝေပေးမယ့် ရွေးကောက်ပွဲမှာ နအဖ အနေနဲ့ သူ့လူတွေ သူထိန်းချုပ်နိုင် ပါ့မလား။ တခြား လူတွေ၊ တခြား အင်အားစုတွေကို ဘယ်လောက် စုမိလို့ ဘယ်လောက် အားတောင့်တဲ့ အနေအထားအထိ သည်း ညည်း ခံနိုင်မလဲ။ တကယ်လို့များ သူတို့ကို ဆန့်ကျင် သူတွေက လွှတ်တော်ထဲမှာ အများစုဖြစ်လာရင် နအဖ က ဘယ်လို သဘောထား မလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာပဲ။
ဒါပေမဲ့ သေချာတာတခုက နအဖ က မျက်မှောင်ကုတ်ကြည့်နေတဲ့ နအဖရဲ့၂ဝ၁ဝ ဒီမိုကရေစီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ကိုမင်းကိုနိုင်တို့လို ရှစ်လေးလုံး မျိုးဆက်တွေအတွက် မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ဖမ်းထားတဲ့ လူတွေကို ရွေးကောက်ပွဲရဲ့ အ ချက်အခြာ ဒေသတွေနဲ့ ဝေးသထက်ဝေးတဲ့ ထောင်တွေကို ပို့နေတာ ကြည့်ရင် ရည်ရွယ်ချက်က ရှင်းနေတယ်။ အဖွဲ့ချုပ်ကိုလည်း အင်ပ လိုးရှင်း(implosion)ခေါ် သူဖာသာ အတွင်းပိုင်း လှိုက်ပြီးပြိုကျသွားတာ၊ ဒါမှမဟုတ် သူ့အလိုလိုပြိုကွဲ ပျက်စီးသွားတာမျိုးတွေ ဖြစ်အောင်၊ လက်သည်မပေါ်ပဲ သတ်ပစ်နိုင်အောင် နအဖ က ကောက်ကောက် ကျစ်ကျစ် လုပ်ကြံနေ၊ အာဘော်လွှင့်နေတာတွေ အမျိုးမျိုးတွေ့နေရ တယ်။ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို တရားခံဖြစ်အောင် အခု ကတည်းက စနစ်တကျ အာဘော်ဖန်တီးနေတယ်။ နအဖ အဖို့ သူတို့ရဲ့ လမ်းပြမြေပုံ အဆုံးပိုင်းနားကို ရောက်လာပြီ ဖြစ်တဲ့အတွက် လက်နက်ကုန် ထုတ်သုံးတော့မယ်ဆိုတာကို သံသယဖြစ်စရာ မလိုဘူး။ ဒါ ပေမဲ့ ဒီလိုပြောတဲ့အတွက် ပြည်သူတွေက ဒါကို ကြောက်လန့်ဖို့ မဟုတ်ဘူး။ ပြည်သူတွေဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေး ဘူးဆိုတာ မမေ့သင့်ဘူး။ နအဖ အကြောက်ဆုံး ဖြစ်တဲ့၊ ညူကလီယာလက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီးတခုဖြစ်တဲ့ ပြည်သူ့ အင်အား ဖော်ပြမှုဆိုတဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီလက်နက်ကြီးကို တည်ဆောက်ဆဲ ရှိသေးတယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူးဆိုတာလည်း မှတ်သားထားသင့်တယ်။
နောက်မျဉ်းသားပြသင့်တဲ့ အကြောင်းအရာတခုက နအဖမှာ တခြား အခက်အခဲတွေလည်း ရှိနေသေးတယ် ဆိုတာပဲ။ သူတို့ အဖို့ မီးဝိုင်းနေတဲ့ အခြေအနေလို့ မဆိုနိုင်ပေမဲ့ မီးခဲကို ဖင်ခု ထိုင်နေရတဲ့ အခြေအနေမျိုးလို့တော့ ဆိုနိုင်တယ်။ အဲဒီအထဲက တခုက အ ပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိစ္စပဲဖြစ်တယ်။ ဒီအဖွဲ့တွေမှာ သဘောထား တမျိုးထဲ ရှိကြတာ မဟုတ်သလို စဉ်းစားနည်းတွေ လည်း အမျိုးမျိုးကွဲ ကြတာပဲ။ ဒါပေမဲ့ တူညီတာတခုက သူတို့အားလုံးဟာ နအဖ စစ်အစိုးရကို အကုန်ပုံပြီး မယုံသေးဘူးဆိုတဲ့ အချက်ပဲ။ အားလုံးဟာ'စောင့်ကြည့်' ပေါ်လာစီကို ကိုင်ပြီး အကဲခတ်နေကြတာဖြစ်တယ်။ ကိုယ့်ကြမ္မာကို နအဖရဲ့ကံကြမ္မာနဲ့ တထပ်ထဲထား လိုက်ရင် ကိုယ့်ဘဝရော၊ ဂုဏ်သိက္ခာရော ပစ္စလက္ခတ်ဖြစ်သွားမယ်ဆိုတာ သူတို့ သိကြတယ်။ သူတို့လည်း သမိုင်းတရားခံ ဖြစ်မှာကို တော့ ကြောက်တာပဲ။ ဒီလို အနေအထားတွေ ရှိနေလို့လည်း နအဖ တိုင်းမှူးတွေဟာ အဲဒီ အဖွဲ့အစည်းတွေဆီကို ဥဒဟို ချောင်းပေါက်မ တတ် သွားနေ၊ "နားချ"နေကြတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး ပေါ်ပေါက် ခဲ့တဲ့နောက် ဗမာပြည်သူတွေအကြားမှာ လက် နက်ကိုင်ချင်စိတ်တွေ ပို ပြင်းပြလာတာကြောင့်လည်း နအဖ ဗိုလ်ချုပ်တွေအနေနဲ့ ဒီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို တင်းတင်းမာမာ မဆက်ဆံမိအောင် ပိုသတိထား နေရတာဖြစ်တယ်။
တလောက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နအဖကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်ဆိုတာမျိုးဟာလည်း နအဖအတွက်ရ င်ဆိုင်ရ၊ ကျော်လွှားရခက်တဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ ဖြစ်တယ်။ စစ်အစိုးရအဖို့ ပြောရရင် ၈၈ ခုနှစ် ကတည်းက တွေ့ကြုံနေရတဲ့ ပြည်ပဆက်ဆံရေးမှာ ခံစစ်ပဲ ဖြစ်နေတာကို အခုအထိပြောင်း မပစ်နိုင် သေးဘူး။ တလှမ်းတိုးတိုင်း မစင်ပုံ နင်းမိနေတာချည်း ဖြစ်နေတုန်းပဲ။ နောက်တခုက ကမ္ဘာ့စီးပွားရေး အကြပ်အတည်း။ ဒါဟာလည်း နအဖ အဖို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတာ ဖြစ်တယ်။ ပိုဆိုးတာက ဒီနေ့လို စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ငွေအများကြီး သုံးစွဲရမယ့် ကာလမှာ ကျမှ ဒီစီးပွားရေးကပ်က လာဆိုက်နေတာ။ နောက်ပြီး ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ သူတို့အနေနဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ လက်မှိုင်ချပြီး ကံသာအမိ ကံသာအဖဆိုသလို မြန်မြန်ကုန်လွန် သွားပါစေလို့ ပရိတ်ရွတ် ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။
ဒါကြောင့် ၂ဝဝ၉ နဲ့ ၂ဝ၁ဝ ခုနှစ်တွေဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ နှစ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးအင်အားစုတွေ အကြားမှာ ခွဲထွက်မှုတွေ ပေါင်းစည်းမှုတွေ ပေါ်လာနိုင်တယ်။ ထောင်ထဲရောက်မယ့် လူတွေလည်း မနည်းပဲ ရှိနိုင်တယ်။ ဒါပေမဲ့ နအဖ ဘာမှ မတတ်နိုင်တဲ့ အနေအထားတွေလည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မျှော်မှန်းထားသင့်တယ်။ ဒီအတွက် ပြင်ဆင်တာ၊ စည်းရုံး တာတွေ ဘယ်လောက် လုပ်ကိုင် ပြီးကြပြီလဲ။
ဗသြ

ငါ….ဗလာနယ်လွင့်မျောခြင်း မိုးပျံပူဖောင်းနှင့်ပေါက်ကွဲမှု

ဗလာနယ်တွေက
ထုနဲ့ထည်နဲ့ ပြည့်သိပ်လို့
အဲ့ဒီ ဖိညှပ်မှုအောက်မှာ
ကြပ်နေခဲ့ရ…။

မိုးပျံပူးဖောင်းတလုံးလို
ငါ…လွင့်မျောသွားချင်ရဲ့
ပေါက်ကွဲ မသွားမချင်းပေါ့…။

ထက်ခိုင်

(သွေးသစ်ပန်းခင်း မျှော်လင့်ခြင်းနှင့် ခြေထောက်များ၏မြင်ကွင်း)/ကဗျာ စာအုပ်မှ

CPB မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်း

နအဖ ဟာ သူတို့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူတွေအပေါ် ဘယ်လိုသဘောထား မလဲ ဆိုတာလည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ် ထင်ပါတယ်။ နအဖ ဟာ ကြံ့ဖွတ် ကို ရေရှည်မှာ ထိန်းချုပ်နိုင်ပါ့မလား၊ နအဖနဲ့ တစည ဘယ်လို ထိန်းညှိ ကြမလဲဆိုတာတွေ လည်း စိတ်ဝင်စားစရာ တွေ့မြင်ကြရပါမယ်။ ဗိုလ်နေဝင်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လို အခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရအုန်းမယ် ထင်ပါ တယ်။ ဒီနှစ်ဟာ နအဖရဲ့ပြည်တွင်း နိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့် နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ်အထိ သည်းညည်းခံနိုင် တယ် ဆိုတာကို စောင့်ကြည့်ရမှာပါ။ အပြည့်အစုံ >>

DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်းနှင့် ငုရင်ပြင် စကားဝိုင်း

ဒီထက်ပိုဆိုးတာက …..
၂ဝ၁ဝပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေ ထွက်လာပါ လိမ့်မယ်။ ဒီ ဥပဒေအရ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း အမည်စာရင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တွေ ဘယ်နေ့ နောက်ဆုံးထားပြီး တင်ပါဆိုတာ လုပ်လာတော့မယ်။ အပြည့်အစုံ >>

၂၀၀၉ - နှစ်သစ်လက်ဆောင်

ဒီစာကို (၃၅)နှစ်အောက် လူငယ်များအတွက် ရည်ရွည်ပြီး ရေးပါတယ်။ ဒါကိုဘာလို့ ကြိုပြီး ပြောရလဲဆိုတော့ စကားလုံးထဲမှာ နဲနဲ တင်းမာတာ ပါရင် လူကြီးတွေက နှာခေါင်းရှုံ့နှိင်လို့ဘဲ။ ငါ့အသက်(၄၀)ကျော်ပြီ ငါ့နဲ့ ရွယ်တူတန်းတူများက သမိုင်းတခုထဲ အတူတူ ဖြတ်သန်းခဲ့ကြ သူတွေ၊ ပြီးတော့ ငါ့ထက်လည်းပိုအလုပ်လုပ်ကြမယ်၊ ငါ့ထက်လည်း ပိုပြီး ပညာတတ်ကြ ပေမယ်လို့ ယူဆပြီး သူတို့အတွက် ပြောဖို့မရှိဘူး၊ ငါ့ထက် အသက်(၁၀)နှစ်(၉)နှစ် အနှစ်(၂၀) ငယ်သူများကတော့ ငါ့ထက်ပိုပြီး ထက်မြက်ကြပေလိယ့်မယ်။ ငါ့ထက်လည်း ပို ပညာတတ်ကြ ပေလိမ့်မယ် သို့သော်လည်း ဖြတ်သန်းခဲ့တဲ့ ဘဝကာလ ကလေးနဲနဲကွဲသမို့မေ့လျှော့ပြီး မစဉ်း စားမိတာများ ရှိကောင်းရဲ့လို့ ယူဆပြီး သူတို့အတွက် ရည်ရွယ်ပြီးရေးပါတယ်။ ငါ့ထက်ကြီး သူများကတော့ ပညာ၊ သဘာ၊ အတွေ့အကြုံိ၊ ရင်းနှီးပေးဆပ်ရမှု ကြီးပြီးသားတွေမို့ အထူးတင် ပြဖွယ်မရှိပြီလို့ ခိုင်ခိုင်မာမာ ယူဆပါတယ်။
(အထူးသဖြင့် ၄၅ နှစ်အထက် လူကြီးတွေ ဖတ်စရာ မလိုပါ။)

တော်လှန်ရေး
ဟောင်းနွမ်း ဆွေးမြေ့အလုပ်မဖြစ်တော့တဲ့ မကောင်းတော့တဲ့ ခေတ်ကာလနဲ့အံမဝင်တော့တဲ့ အခြေအနေကို ပြုပြင် ပြောင်းလဲ ပြစ်ခြင်းဟာ တော်လှန်ရေးဘဲ။ အလွယ်ဥပမာတင်ရရင် ကျွဲနွားနဲ့ ထွန်ယက်နေရာကနေ လယ်သမားတိုင်း ထွန်စက်နဲ့ အလုပ်လုပ်ကြရင် အဲဒါလယ်ယာ တော်လှန်ရေး စက်မှုတော်လှန်ရေး ဖြစ်တယ်။ လယ်ယာ တော်လှန်ရေးကြောင့် ဘာအကျိုးကျေးဇူးတွေ ရလဲ။ လူတွေ အထူးသဖြင့် လယ်သမား လူတန်းစားတွေ ပိုပြီး သက်သာမယ် အလုပ်တွေ မြန်ဆန်သွက်လက်လာမယ်။ စားနပ်ရိက္ခာ ပိုပြီးထုပ်လုပ်လာနိုင်မယ်။ တော်လှန်ရေးတခု အောင်မြင်တိုင်း အောင်မြင်တိုင်းမှာ တိုးတက်တဲ့ ရလဒ်တွေကို ရမှ အဲ့ဒီ တော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေး ဖြစ်တယ်။ စက်မှု တော်လှန်ရေးကြောင့် အချို့ နယ်ပယ်တွေမှာ ကသိ က အောင့် ဖြစ်တာတွေတော့ ရှိတာပေါ့၊ ဥပမာ စက်ယက်ကန်းတွေ ပေါ်လာတော့ မိရိုးဖလာ လက်ယက်ကန်းလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တာ လိုပေါ့၊ ဒါလဲ အခိုက်အတန့် အနှာက်အယှက် လက္ခဏာပါ၊ တော်လှန်ရေးဖြစ်စဉ် တခုလုံးနဲ့ ယှဉ်ရင်တော့ တော်လှန်ရေး တခုတိုင်း တခုတိုင်းဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရစေပါတယ်။ တည်ဆဲကာလကို ကောင်းမွန်တိုးတက်အောင် လုပ်ရ ကြံရတဲ့ အလုပ်ဟာ တော်လှန်ရေးဘဲဖြစ်တယ်။ လော ကကြီးမှာ ကုသလာဓမ္မာ။ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ၊ ရယ်လို့ ကောင်းတဲ့တရား၊ မကောင်းတဲ့တရား၊ ကောင်းမကောင်းမဟုတ်တဲ့ တရားရယ်လို့ အကြောင်းတရား သုံးပါးသာရှိတယ်လို့ ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့တယ်။ တော်လှန်ရေးအလုပ်ဟာ မကောင်းတာကို ကောင်းအောင် ပြုပြင်ရတဲ့ အလုပ် ဖြစ်တာကြောင့် ဘုရား၊သူတော်ကောင်းများ ကြိုက်နှစ်သက်တဲ့ အလုပ်ဖြစ်တယ်လို့ သိရမှာဖြစ်တယ်။

ခေတ်ပြောင်းတော်လှန်ရေး
ခေတ်တခု စနစ်တခု ဆိုးဝါးပျက်သုန်းနေပြီိလို့ လူထုက ယူဆတဲ့အခါ ပြောင်းလဲပြီး အသစ်အစားထိုးဖို့ တော်လှန်ရေး ဆင်နွဲကြတယ်။ သက် ဦိးဆံပိုင် ဘုရင်စနစ်က တဆင့် စည်းမျဉ်းခံ ဘုရင်စနစ် လူထု ပါလီမာန်ခေတ် ဒီလို ပြောင်းလဲခဲ့ ကြတယ်။ ငါတို့ဗမာပြည်လဲ အဲဒီ အပြောင်းအလဲ ရေစီးထဲ မှာ မလွန်ဆံနှိုင်ခဲ့ပါဘူး။ သက်ဦးဆံပိုင် ဘုရင်စနစ် ကိုတော့ ငါတို့လူထုကိုယ်တိုင် တော်လှန်ခဲ့ရတာ မဟုတ်ဘူး။ အင်္ဂလန်က လာသိမ်းပိုက်ထားရင်း အ လိုလို ပျက်ပျယ်သွားတာ။ နယ်ချဲ့စနစ်ကို တော်လှန်ခဲ့ရတယ်။ အသီးအပွင့်က လွတ်လပ်ရေးပေါ့ ဒီလိုလွတ်လပ်ရေးရဖို့ မင်းတို့ငါတို့ အဖိုးအဖေ တော် လှန်ရေးသမားများ တော်လှန် တိုက်ပွဲဝင်ခဲ့ကြရတယ်။ အသက်များစွာစတေးခဲ့ကြတယ်။ ဒါပေမယ့် မင်းတို့ငါတို့ခေတ် ရောက်တဲ့အထိ လွတ်လပ်ရေးရဲ့ အရသာကို ငါတို့မခံစားရသေးဘူး။ ဘယ်မလဲ လွတ်လပ်ရေး။ လွတ်လပ်ခွင့်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ လူမှူအဆင့်အတန်း။ လွပ်လပ်ရေးကို အရ ယူခဲ့ကြတဲ့ အာဇာနည် အထောင်အသောင်းရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဗမာ့လွပ်လပ်ရေးကို အာဏာငမ်းငမ်းတက် လူတစုက သိမ်းပိုက်ထားတယ်။ အဲဒီ တော့ လိုအပ်တဲ့ လွတ်လပ်ခွင့်ကိုရရှိဖို့ မင်းတို့ငါတို့ရဲ့ ဦးကြီးဦးလေး၊ အဖေတို့တသက် တိုက်ပွဲဝင် ကြပြန်ရော။ အသက် ၆၀-၇၀ တန်း လူကြီးတွေဟာ ဒီ တာဝန်ကိုယူပြီိး တော်လှန်ခဲ့ကြတာ တော်လှန်ရေး မအောင်မြင်သေးတော့ အသက် ၄၀-၅၀ အရွယ် ငါတို့ ပခုံးပေါ် တော်လှန်ရေး တာဝန်တွေက ရောက် လာပြန်ရော။ တကယ်လို့သာ ငါတို့ခေတ်မှာ မကောင်းတဲ့ခေတ်၊ မလွတ်လပ်တဲ့ခေတ်၊ လူခြင်းတူမျှခွင့်မရှိတဲ့ စနစ်ဆိုးကို အောင်မြင်အောင် မပြောင်းနိုင် ဘူးဆိုရင် တို့အောက် အသက် ၂၀-၃၀ ငယ်တဲ့လူငယ်တွေရဲ့ ပခုံးပေါ်ကို ခေတ်ပြောင်းတော်လှန်ရေးတာဝန်တွေ လွဲပြောင်းပေးရ ပြန်အုံးမယ်။ အဲဒါကို စဉ်းစားမိတဲ့အခါ အပြစ်မဲ့ ကလေးသူငယ်တွေရဲ့ မျက်နှာကိုမြင်ယောင်ပြီး၊ အတော်ကို စိတ်မကောင်းစရာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လဲ အတော်စိတ်ပျက် စရာ ဖြစ်ဖြစ်လာတယ်။ ငါက ငါ့ထက် အသက် ၂၀-၃၀ ကြီးတဲ့ လူတွေကို ခင်ဗျားတို့ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်လို့ ကျုပ်တို့ခေတ်အထိ ခေတ် ဆွေး ခေတ်ပျက်မကောင်းတဲ့ မလွတ်လပ်တဲ့ခေတ်ကြီး အမွေ ကျန်နေရတယ်လို့ ပြောသလို (ဒီလိုပြောတော့ ခေတ် နှစ်ခေတ်သုံးခေတ် တိုင်အောင် ဘဝ တွေ အသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ ဘိုးတော်၊နောင်တော် တော်လှန်ရေးသမားတွေကို ဆော်ကားမော်ကား ပြောရာရောက်နေပေမဲ့ ဖြစ်စဉ်တရားအ ရ ဒီလိုဘဲ ပြောရမှာဖြစ်တယ်။တော်လှန်ရေး တာဝန်ကျေတယ် ခေတ်ကောင်းရောက်အောင် မကြံနိုင် မစွမ်းနိုင်ဘူး၊) ငါတို့ခေတ်မှာ အောင်မြင်အောင် မ ကြံနိုင် မလုပ်နိုင်ဘူး ဆိုရင် ငါတို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ ကလေးတွေကလဲ ငါတို့ကို မပြောပေဘူးလား။ မင်းတို့ခေတ် ကြရင်လဲ နိုင်အောင် မ ကြံနိုင်လို့ကတော့ အငယ်တွေကလဲ အဲဒီလိုမပြောဘဲ နေမတဲ့လား။ ဒီတော့သမိုင်းပေးတာဝန်အရ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်း တော် လှန်ရေး လုပ်တဲ့နေရာမှာ တထောင့် တနေရာကနေ အနှစ်အသားရှိရှိ ငါတို့ ပါဝင်သင့်တယ်။ မလွှဲမသွေ ပါဝင်လုပ်ဆောင်ရမဲ့ ဝတ္တရားတရပ်လဲဖြစ်တယ်။ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်း တော်လှန်ရေး လုပ်ကိုလုပ်ရမယ်လို့ အရိုးထဲ အကြောထဲကကို စိမ့်နေအောင် နှလုံးသွင်းရမယ်။ ခေတ် ကောင်း၊ စနစ်ကောင်းကို ရောက်နေရင်တောင်မှ မကောင်းတဲ့စနစ်ဆိုး ဝင်မလာရေး အခြေမချနိုင်ရေးအတွက် ကောင်းတဲ့ခေတ်ကိုကာကွယ်ပြီး၊ ကောင်း သထက် ကောင်းအောင် ပြုပြင် မွန်းမံရမယ် ဆိုတာကို ဂါထာရွတ်သလို နှလုံးသွင်းထားရမှာဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးကို မစားကောင်းတဲ့ အ သီးလို ရှောင်ဖယ်ဖယ်လုပ်နေသူများ အနေနဲ့ ပိုပြီးနှလုံးသွင်း ကြရမှာဖြစ်တယ်။

တော်လှန်ရေးသမား

ခေတ်ဆွေးခေတ်ဟောင်း မကောင်းတဲ့စနစ်ဆိုးကိုပြောင်းလဲဖို့ ကြိုးစားနေသူတိုင်းဟာ တော်လှန်ရေးသမား တွေဖြစ်တယ်။ အမျိုးမျိုးအစားစား ကွဲပြားနေကြတယ်၊ နယ်ပယ်အသီးသီးကနေ ပြူပြင်ပြောင်းလဲရေး အတွက် ကိုယ်သန်ရာ သန်ရာ ကဏ္ဍကနေ ကြိုးစားနေကြတယ်။ တော်လှန်ရေးသမား တိုင်းရဲ့ ဆုံမှတ် ဦးတည်ရာကတော့ လူသားဆန်ဆန် လွပ်လပ်ခွင့်ရရှိရေးဘဲ။ ဘယ်လိုဘဲ ကဏ္ဍတွေကွဲကွဲ ကိုင်စွဲတဲ့မူအားဖြင့် (၂) မျိုးဘဲ ရှိတယ်။ အဲဒီ (၂) မျိုးက လက်နက်မကိုင်သော တော်လှန်ရေးသမားများနဲ့ လက်နက်ကိုင်သော တော်လှန်ရေးသမားများဘဲ။ အဲဒီ (၂) မျိုးထဲက ဘယ်ပုံစံမှာဘဲ လုပ် လုပ် ရန်သူ ထိပ်လန့် လေးစားအောင် လုပ်နိုင်ခြင်းဟာ တော်လှန်ရေးသမားတို့အတွက် အောင်မြင်မှုဘဲ။ ရန်သူကထိပ်လန့်ပြီး လူထုရဲ့ချစ်ခင်မှုကိုရမှ တော်လှန်ရေးသမား ကောင်းတွေ ဖြစ်မှာ အမှန်ဘဲ ။
တော်လှန်ရေးသ္မားထဲမှာ(၂)မျိုးကွဲပြန်တယ် တော်လှန်ရေးလုပ်နေသူနဲ့ နိုင်အောင်လုပ်တဲ့လူ ဒီလို(၂) စားခွဲပြီး သိရမယ်၊ ဆရာတယောက်က တော့ သုံးမျိုးသုံးစားလို့ဆိုတယ်၊ နောက်ထပ်တမျိုးက တော်လှန်ရေး လုပ်စားသူလို့ ဆိုတယ်၊ ငါကတော့ အဲဒီ တစားကို သိလဲ မသိဘူး၊ တော်လှန်ရေးသ မား စာရင်းထဲလဲ မထည့်ဘူး၊ သိအောင်လဲ မကြိုးစားဘူး၊ မင်းတို့လဲ အဲဒီ တစားကို သိအောင်လဲ မကြိုးစားနဲ့ စာရင်းထဲလဲ မထည့်နဲ့။ စောစောက ပြောတဲ့ တော်လှန်ရေးသမား(၂) မျိုးကိုပြန်ကောက်ကြမယ် ။ တော်လှန်ရေး လုပ်နေသူဆိုတာက ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် ဂဃ နဏ သဘော မပေါက် သူ သော်၎င်း၊ ဝါဒ လက်ကိုင် မရှိ သူသော်၎င်း၊ အများနောက် ရေစီးရာ မျောပါနေ သူသော်၎င်း၊ ဖြစ်တယ်။ သူက များများ မတွေးဘူး၊ ရှေ့မ သွားဘူး။ တာဝန်ကြေ သဘောလောက်ဘဲ လုပ်နေတဲ့ လူကို ဆိုလိုတယ်။ ဝတ်ကျေတန်းကျေ တော်လှန်ရေးသမားလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ တနေ့မှာ သူ့ ရဲ့ယုံကြည်ချက်တွေ ခံယူချက်တွေ ပြင်းထန်ခဲ့လျှင် သူ့ရဲ့အတွေး အကြံတွေ ရှင်သန် ထမြောက်လာခဲ့ရင်တော့ တော်လှန်ရေးကို စိတ်ထဲကတောင် နဲနဲမှ မတွေးထား မလုပ်ထားးတဲ့ သူထက်စာရင် တော်လှန်ရေး သ္မားကောင်းတယောက်ဖြစ်လာမှာ အသေအချာပေါ့။
နောက်အမျိုးအစားက တော်လှန်ရေးကို နိုင်အောင်လုပ်တဲ့သူ။ သူကတော့ မင်းတို့ထင်သာမြင်သာ ရှိပါတယ်။ မင်းတို့ရဲ့ အကြည့်တချက် ဝင့် လိုက်ယုံ မင်းတို့ရဲ့နား တချက်စွင့်လိုက်ယုံ၊ မင်းတို့ရဲ့ စိတ်အတွေးတချက် ဖွင့်လိုက်ယုံနဲ့တင် အဲဒီ တော်လှန်ရေးသမား ကောင်းတွေကို ထင်သာ မြင်သာ ရှိလာမှာဘဲ။ အဲဒီ တော်လှန်ရေးသမားတွေရဲ့ စွန့်လွှတ် ပေးဆပ်မှုတွေကို မလွဲမသွေ တွေ့မြင် ကြားသိ၊ နေကြရမှာဘဲ။ တော်လှန်ရေးကို နိုင်အောင် လုပ် တဲ့ သူရဲ့ စိတ်အကြံ စိတ်အတွေးတွေ အားလုံးနီးပါးဟာ တော်လှန်ရေး အကျိုးစီးပွားကိုဘဲ ရှေ့ရှုတယ်။ တိုက်ကွတ်ဗျူဟာ အသစ်တွေ ခင်းကျင်းတယ်၊ တိုက်ပွဲရဲ့ရှေ့က ဦးဆောင်သွားတဲ့ တော်လှန်ရေး တပ်မှူးကောင်းများ အဖြစ်နဲ့ တွေ့နိုင်သလို၊ တိုက်ပွဲဝင်ရာမှာ ဦးလည်မသုန် နောက်မရွံ့စတမ်း တာဝန် ထမ်းနေတဲ့ တော်လှန်ရေး တပ်သားကောင်းတွေအဖြစ်လည်း တွေ့နေကြရမှာဖြစ်တယ်။ အဲဒီတိုက်ပွဲတွေဆီက ဘယ်လိုရလဒ်မျိုးကိုဖြစ်ဖြစ် မတုန်လှုပ် စတမ်း ခံယူဖို့အသင့်ရှိနေတယ်။ မင်းတို့ ငါတို့အတွက် နမူနာကောင်းတွေလည်း ဖြစ်တယ်။ တော်လှန်ရေးသမားတွေဟာ ခေတ်စနစ် ကောင်းမွန်ဖို့အ တွက် သူတို့ရဲ့ ဘဝကို စတေးခံပြီး ကြိုးစားနေကြတယ်ဆိုတာကို နားလည်ထားရမယ်။

တော်လှန်ရေးသမားရဲ့စိတ်အခြေခံ ။

ဗုဒ္ဓက သူရဲ့ပရိတ်သတ်ကို အမေးတခုထုတ်ခဲ့ဘူးတယ်၊ သီလကိုဘာ့ကြောင့် စောင့်ထိန်းကြလည်းလို့ အမေးရှိပါတယ်၊ အများက ကုသိုလ်ရဖို့(ကောင်းမှုအကျိုးရဖို့)လို့ ဖြေပါတယ်။ အဲဒီအခါ ဗုဒ္ဓက ဟုတ်တယ် မှန်ပါတယ်၊ ဒါပေမယ့် ပညာရှိ သူတော်ကောင်းများရဲ့ သီလ စောင့်ထိမ်းပုံက ဒီလိုရှိတယ်လို့ ဆိုပြီး သီလ စောင့်ထိန်းနည်းကို သင်ကြားပေးခဲ့တယ် မကောင်းမှုကို လုပ်ရမှာ ရှက်ခြင်း၊ ကိုယ်ခြင်းစာစိတ်ထားခြင်းတို့ကို အခြေခံပြီး သူတော်ကောင်း ပညာရှိတွေက မကောင်းမှုကို မကြူးလွန်ဘဲ ထိန်းသိမ်းအပ်တဲ့ သီလကို စောင့်ထိန်းတယ်လို့ သင်ကြားပေးခဲ့တယ်။ တော် လှန်ရေးသမားရဲ့ စိတ်အခြေခံဟာလည်း ဒီအချက်ဘဲဖြစ်တယ်။ မကောင်းမှုကို မနှစ်သက်ခြင်းနဲ့၊ မကောင်းမှုဒါဏ်ခံနေရသော ပြည်သူလူထုအပေါ် ကိုယ် ခြင်းစာစိတ်ထားခြင်း စိတ်အခြေခံ ပေါ်မှာမူတည်ပြီး မိမိကိုယ် မိမိတော်လှန်ရေးသမား အဖြစ်ခံယူကာ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေကြတာ ဖြစ်တယ်။

.တော်လှန်ရေးသမားအဖြစ်ခံယူခြင်း ။

မင်းတို့ရောက်ရှိနေတဲ့ ကာလနဲ့ မင်းတို့ရဲ အမိမြေဟာ မတော်မတည့်ဖြစ်နေရင် တည်မတ်အောင် လုပ်ဖို့ရာ မင်းတို့ရဲလက်ရှိတာဝန်ဖြစ်နေတယ်၊ တည်ဆဲကာလကမတရားမှု ကြီးစိုးနေတယ်ဆိုရင် တရားမျှတမှုရှိအောင် ထူထောင်ဖို့ မင်းတို့ငါတို့မှာ တာဝန်အပြည့်ရှိနေတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ် ချယ်နေသူများနဲ့ မတရားမှုကို တွန်းလှန်ဖို့ တော်လှန်ရေး လုပ်နေသူများကြားမှာ မင်းတို့အနေနဲ့ ဘက်တဖက်ဖက်ကို ရွေးချယ်ရမှာ အမှန်ဘဲဖြစ်တယ်။ ဘက်မလိုက်ဘဲ ကြားနေခြင်းဟာ မကောင်းမှုဘက်ကို လိုက်လိုက်တာနဲ့ အတူတူဘဲဆိုတာ နည်းနည်းကလေး တွေးကြည်လိုက်တာနဲ့တင် သိနိုင်တယ်။ ခေတ်ကာလအခြေအနေအရ ငါ့ ညီများညီမများအနေနဲ့ ရွေးချယ်စရာ လမ်းဆုံးသွယ်ပေါ်လာတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်တခုလုံးကို အာဏာနဲ့ စိုးမိုးဗိုလ်ကျသူများနဲ့ ပေါင်းသင်းမလား ၊ မတရားမှုကိုတွန်း လှန်ပြီး ခေတ်ကာလကောင်းအောင်ပြုပြင်မယ့် တော်လှန်ရေးသမား လုပ်မလား။ ဘယ်ဘက်မှ မလိုက်ဘူးဆိုပြီး ဖိနှီပ်မှုများကိုခံပြီး ဖိနှိပ်သူများကို အသံတိတ် ထောက်ခံနေမလား ဆိုတဲ့ လမ်းသုံးသွယ်ဘဲ။ ခေတ်ပြောင်း တော်လှန်ရေး အလုပ်ဆိုတာ မကောင်းတာကို ကောင်းအောင်ပြုပြင်ရတဲ့ အလုပ်ဖြစ်တယ်လို့ အထက်မှာ အထပ်ထပ်ပြောခဲ့ပြီး ဖြစ်တာမို့ ငါ့ညီများ ညီမများကို ဗိုလ်အောင်ဒင် ဇာတ်ကားထဲက ဂန္ဓဝင်စကားတခွန်းတော့ ပြောလိုက်ချင်ပါတယ် ။
ဒီမှာမမြဝင်း လှေနံနှစ်ဖက်နင်းမဲ့အတူတူ ၊ ဟောဒီ ဗိုလ်အောင်ဒင် တဖက်ထဲကိုသာ ရဲရဲကြီး နင်းချလိုက်စမ်းပါ။ ကဲ …ဒီလိုဘဲ ငါ့ညီများ ညီမများ အနေနဲ့ တော်လှန်ရေးဘက် တဖက်ထဲကိုသာ ရဲရဲ ပါဝင်ပါလို့ ပြောချင်ပါတယ်။

ဒီစာရဲ့ ခေါင်းစဉ် ။

ပြန်စဉ်းစားပါ၊ အနှစ်ချုပ်က မကောင်းတဲ့ခေတ် အခြေအနေကို ကောင်းအောင်ပြုပြင်သော အလုပ်သည် ဘုရားအစရှိသော သူတော်ကောင်းများ နှစ်ချိုက်သေားအလုပ်ဖြစ်သည်လို့ တွေးရမှာဖြစ်တယ် လူဘဝ ကို ကံသုံးပါး ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးနဲ့ မောင်းနှင်တယ်လို့ သဗ္ဗညု ဗုဒ္ဓ ဟောကြားခဲ့တယ်။ တော်လှန်ရေးသမားဖြစ်ခံယူရာမှာ လည်း ကိုယ်နုတ်နှလုံးသုံးပါးနဲ့ ညီညွတ်နေရမှာဖြစ်တယ် စိတ်နှလုံးထဲကတော့ မတ ရားမှုကို နှစ်ချိုက်မှုမရှိဘူး တရားတာကိုသာ ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် မနောကံ(စိတ်) အားဖြင့် တော်လှန်ရေးသမားဘဝရောက်ပါပြီ။ ကာယကံ မြောက် ကိုယ်တိုင်လုပ်ဖို့နဲ့ ဝစီကံမြောက် ထုပ်ဖော်ပြောဆိုဖို့သာ လိုနေသေးတာမဟုတ်လား ဒီစာရဲ့ခေါင်းစဉ်က အသံထွက်ရွတ်ဖတ်ရမှာဖြစ်တဲ့အတွက် ကိုယ်လိပ်ပြာကို ကိုယ်ပြန်မေးပါ။ ငါတကယ်ဘဲ မတရားမှုကိုမနှစ်ချိုက်တာလား၊ မတရားမှုကို တကယ်တော်လှန်ခြင်တာလား၊ အဖြေတခုရပြီဆိုရင်တော့ ခတ်တိုးတိုးလေး ဖြစ်ဖြစ် (ကိုယ်လိပ်ပြာကြားယုံလေးဖြစ်ဖြစ်)စာရဲ့ခေါင်းစဉ်ကို အသံထွက် ရွတ်ကြည့်လိုက်ပါ။

ငါ……..တော်လှန်ရေးသမား

ခေတ်ပြောင်းတော်လှန်ရေးဘက်မလိုက်သူသည် မကောင်းသော
စနစ်ဆိုးကို ဖက်တွယ် နေလိုသူသာလျှင်ဖြစ်သည်။
ငါတို့ ဘက်လိုက်ကြရမည်။

အလင်းတန်း ( ၉ ) (၂၀၀၉ - ဇန္နဝါရီလ)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.