Saturday, February 21, 2009

[J] 4 New Entries: Technology - Saved! Car

Technology - Saved! Car

Save Space, Save Fuel, Save Conjunction, Save Road, Save environment!

Do you know why ?

ဤကားကလေးသည် လမ်းမ တွင် နေရာ အနည်းငယ်သာ ယူသည်။ ဂိုဒေါင် နေရာ သက်သာစေသည်။ လမ်းပိတ်ဆို့ မှု့ သက်သာစေသည်။ လောင်စာဆီ သက်သာသည်။ မြင်ကွင်း ပိတ်ဆို့ခြင်း မရှိပါ။ ထိုင်ခုံ အပို မပါသဖြင့် ဧည့်သည်များ အလကား လိုက်ပို့စရာ မလိုပါ။ ချစ်သူရည်းစား ကွဲသူများ အပျိုကြီး လူပျိုကြီးများ စိတ်ချမ်းသာ စေရမည်။ ဓါတ်ဆီ ချွေတာ လိုလျှင် စက်ပျက်ချင်ယောင် ဆောင်၍ အနီးရှိသူများကို တွန်းခိုင်းနိုင်သည်။

ပုံ
ဂျေ
လိပ်တက် ယုန်တက် သိုးတက် ကားလီမီတက်
ပြုံးပျော်ရွှင်ရေး ကား အေဂျင်ဆီ


Art - အီဂျစ် ရုပ်ထုမြေအိုး


အစုအဆောင်းဝါသနာ ပါသူများ အတွက်ပါ။ ဘီစီ 1550-1069 အတွင်း ကြေးခေတ် ကာလ အနစ် ၃၀၀၀ မှ အီဂျစ် ဘုရင်သုံး မြေအိုး ဖြစ်ပါတယ်။ အဲဒီအိုးကို The terracotta jar ခေါ်ပါတယ်။ အဖုံးကို နတ်ဘုရား the god Imseti ရဲ့ မျက်နာနဲ့ ထုလုပ်ထားပြီး လူ့ အသဲကို ထဲ့သိမ်းရန် အတွက် ပြုလုပ် ထားတာဖြစ်ပါတယ်။ နတ်ဘုရားမ The goddess Isis စောင့်ရှောက် ကာကွယ် ပေးလိမ့် မယ် လို့ ယူဆ ကြပါတယ်။

အဲဒီအိုးကို ပရမစ်ထဲမှာ ထဲ့သွင်းလေ့ ရှိကြပါတယ်။ အင်္ဂလန် ဒေါဆက် မှ ဥယျာဉ်တွင်း၌ အနစ် ၂၀ကျော်မျှ ပစ်ထားရာမှ တနေ့တွင် ပိုင်ရှင်က မြေအိုးကို အသေချာ ကြည့်မိရာ အီဂျစ် နတ်ဘုရားခေါင်း ပါသည့် မြေအိုး အဖုံး ကို သံသယ ဖြစ်၍ မေးမြန်းရာမှ တန်ဖိုးကြီးလွန်းသော ရှေးဟောင်း ပစ္စည်း ဖြစ်ကြောင်း သိရပါသည်။ ပိုင်ရှင်သည် ထိုမြေအိုးကို ရှေးဟောင်း ပစ္စည်း စုဆောင်းခြင်း ၀ါသနာပါသော ဦးလေးထံမှ အမွေအဖြစ် ရရှိခဲ့ပြီး တန်ဖိုး မသိသဖြင့် ဥယျာဉ် အတွင်းတွင် ဖယောင်းတိုင် ထဲ့ရန် ကျောက်တုံး ထဲ့ရန် စသဖြင့် အလှတန်ဆာ တစ်ခု သာ အဖြစ် ထားရှိခဲ့ပါသည်။

ယခုမူ ထို တန်ဖိုးကြီးသော မြေအိုးအား auction at Duke's in Dorchester နေရာ တွင် လေလံတင် ရောင်းချ မည် ဖြစ်ရာ ငွေအကုန်မခံလိုသူများ၊ ကျွန်တော် ကဲ့သို့သော လောဘမကြီးလိုသူများ၊ အိမ်ပစ္စည်း အရှုပ် မခံလိုသူများ အနေဖြင့် window shopping အဖြစ်၎င်း၊ ဗဟုသုတ ရစေခြင်းငှာ၎င်း တင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။ ဤပုံနှင့် ဤပို့စ်မှာ အခမဲ့ ဖြစ်ပါသည်။

Technology - 9 yrs old iPhone Programmer


စင်္ကာပူနိုင်ငံမှ အသက် ၉နစ် အရွယ်ရှိ မူလတန်း ကျောင်းသား Lim Ding Wen ဆိုသူသည် Apple's iPhone အတွက် ပန်းချီဆွဲသော ပရိုဂရမ် painting programme called Doodle Kids ကို ရေးသား ခဲ့ပါသည်။



Congratulation ! Lim Ding Wen

ထိုပရိုဂရမ်ကို ပန်းချီဆွဲလိုသူ ညီမလေး (၃နစ်နှင့် ၅နစ်) နစ်ဦးအတွက် ရည်ရွယ် ရေးသားခဲ့ပါသည်။ touchscreen ဖုံးကို ထိပြီး လိုချင်သော ပုံ ကို ပေါင်းစပ် ဆွဲသား နိုင်ပြီး ဖုံးကို လှုပ်ခါ လိုက်ပါက ပုံများ အကုန် ပျက်စေနိုင်ပါသည် (clear the screen)။ လင်းသည် programming languages ပရိုဂရမ် ၆ ဘာသာ တတ်ကျွမ်း ပြီး အသက် အငယ်ဆုံး Apple IIGS programmer ဖြစ်နိုင်ပါသည်။

သူ့ အသက် ၂နစ် တွင် ကွန်ပျူတာ စတင် သုံးစွဲခဲ့ပြီး အသက် ၇နစ်တွင် programming ကို စတင် လေ့လာ ပါသည်။ သူ့ ဖခင် Lim Thye Chean သည် ကွန်ပျူတာ ကုမ္မဏီတခုမှ a chief technology officer ၀န်ထမ်း အကြီးအကဲ တစ်ဦး ဖြစ်ပါသည်။ ထိုကုမ္မဏီသည် Apple iPhone အတွက် ပရိုဂရမ်ရေး ပေးသော ကုမ္မဏီ ဖြစ် ပါသည်။

လက်ရှိတွင် လင်းရေးသားနေသော ပရိုဂရမ်မှာ 'Invader Wars' ခေါ်သော သိပံကစားနည်း science fiction game ကို ရေးသား နေပါသည်။

စာမှီး ။ ။ ဒေးလီးမေးလ်

Technology - Cheapest Laptop

အိန္ဒိယ နိုင်ငံမှ ကမ္ဘာ့ ဈေးအပေါဆုံး ၇ပေါင် (၅၀၀ ရူပီ) တန်ဖိုးရှိသော ကွန်ပျူတာ ကို ၆လ အတွင်း ပုံစံနမူနာ ထုတ်လုပ်မည် ဟု သိရသည်။

Sakshat ဟု အမည်တွင်ပြီး Linus operating system အသုံးပြု မည်ဟု ခန့်မှန်းရသည်။ (မှတ်ချက် ဒေးလီးမေးလ် ယူကေ သတင်းစာမှ ဓါတ်ပုံတွင် XO ရေးသော်လည်း စာပိုဒ်ထဲတွင် Sakshat ဟု ရေးသားသည် ကို သတိထားမိ ပါသည်။ )

ယမန်နစ်ကလည်းအိန္ဒိယ နိုင်ငံက ကမ္ဘာ့ ဈေးအပေါဆုံး ပေါင် ၁၄၅၀ တန်ဖိုးရှိသော မော်တော်ကား ထုတ်လုပ်ခဲ့သည့် အပြင် ၁၀ပေါင် ဟမ်းဖုံး လက်ကိုင်ဖုံးကိုလည်း ထုတ်လုပ်ခဲ့ပါသည်။

ကွန်ပျူတာ အမည်နှင့် ပတ်သက်၍ အကြံပေးသူတစ်ဦး၏ လင့်ကို ဖော်ပြပေးထား ပါသည်။ http://timesofindia.indiatimes.com/Hyderabad/10-laptop_proves_to_be_a_damp_squib/articleshow/4072417.cms

လာရောက် အကြံပေးသူ Blogger Zatlite အား ကျေးဇူးအထူးတင်ရှိပါကြောင်း။

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.