Saturday, February 21, 2009

[] 3 New Entries: ငါးမန်းတောင်ပံ ဟင်းချို

ငါးမန်းတောင်ပံ ဟင်းချို

ငါးမန်းတောင်ပံ ဟင်းချို

ပြောပြန်ရင်လဲ ကဒေါင်းတို့ ခေါင်းပေါက်ခံရကိန်း ရှိတယ်။ ပထမဆုံး ရိုက်မယ့်သူတွေကတော့ ရုံးက စလုံးတရုတ်တွေပေါ့။ ဒီလူတွေ တယ်ခက်တယ်။ ဘာပွဲပဲရှိရှိ ငါးမန်းတောင်ပံ ဟင်းချိုလေးပါမှ။ ငါးမန်းတောင်ပံ ဟင်းချို မပါရင် ပွဲမမြောက်ဘူးဆိုပဲ။ ကျနော်တို့ သူငယ်ချင်းတွေ ကျောင်းတက်တုန်း စားပွဲထိုးလုပ်တုန်းကဆို မ လိုက်ရတဲ့ ငါးမန်းတောင်ပံ ဟင်းချိုအိုးတွေ.. ခပ်ပေးလိုက်ရတာ ပေပွနေတာပဲ အဲအဲ ညှီလွန်းတယ်လို့ ပြောတာပါ။ ကျနော်ကတော့ ငါးမန်းတောင်ပံ ဟင်းချိုကို ကြိုက်ကိုမကြိုက်ဘူး။ ပျစ်ချွဲချွဲနဲ့ ပွဲညှက်ကို ရေထည့်ရော vinegar ထည့်ထားတဲ့အတိုင်းပဲ။ (vinegar ကို မြန်မာလိုမသိပါ။ ဟိဟိ)

ဒါပေမဲ့ ကျနော် discovery channel မှာ ငါးမန်းတောင်ပံ ဟင်းချိုအကြောင်း လေ့လာလိုက်ရတဲ့အချိန်မှာတော့ ငါးမန်းတောင်ပံ ဟင်းချို မစားဖို့ လိုလားတဲ့ လူတယောက် ဖြစ်လာပါတော့တယ်။ ဒါကြောင့် ကျနော် အဲဒီအချိန်ကစပြီး တတ်နိုင်သလောက် ငါးမန်းတောင်ပံ ဟင်းချိုကို မစားဘူး။ ကိုယ့် အသိသူငယ်ချင်းတွေ စားဖို့လဲ အားမပေးဘူး။ အခုလဲ CNN ကနေ ငါးမန်းတောင်ပံနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးလေးဖတ်ရတော့ ဘလော့လာ စာဖတ်ပရိသတ်ကို ဝေမျှချင်ပါတယ်။ ဖြစ်နိုင်ရင် ငါးမန်းတောင်ပံ ဟင်းချိုကို မစားပါနဲ့။ အားကြီးတဲ့ ငါးမန်းတွေကို သနားပါ။ စာနာပါလို့။

သတင်းဆောင်းပါးထဲမှ ကျနော် ကောက်နုတ်ထားချက်များ။

၁) ငါးမန်းကိုယ်သည် ငါးမန်းတောင်လောက် တန်ဖိုးမရှိသောကြောင်းလည်းကောင်း၊ ငါးဖမ်းသင်္ဘောပေါ်တွင် အလွန်နေရာယူသောကြောင့်လည်းကောင်း ငါးမန်းသတ်သမားတို့သည် ငါးမန်းတောင်ပံကို ဖြတ်ပြီးသည်နှင့် ကျန်ရှိသော ခန္ဓာကိုယ်ကို ပင်လယ်ထဲသို့ လွှတ်ပစ်လိုက်သည်။ အသက်မသေသေးသော ငါးမန်းသည် ငါးမန်းတောင် မရှိသောကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင် ရေမကူးနိုင်ဘဲ ပင်လယ်ကြမ်းပြင်သို့ ကျကာ သေဆုံးရရှာသည်။

၂) ငါးမန်းသည် ဒိုင်နိုင်ဆောတို့နှင့် အပြိုင် စတင်ပေါ်ပေါက်လာသည့် သတ္တ၀ါဖြစ်ပြီး ပင်လယ်တွင် အဓိက အမဲလိုက်မုဆိုးသတ္တ၀ါဖြစ်သည်။ ငါးမန်းတို့ ရှားပါးလာခြင်းသည် ပင်လယ်၏ ဂေဟစနစ်ကို မတည်မငြိမ်ဖြစ်စေသည်။

မှတ်ချက်။ ။ တရုတ်နိုင်ငံမှ လူလတ်တန်းစားများ၏ ၀ယ်လိုအားကြောင့် ငါးမန်းများ ရှားပါးလာခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည်။

KAOSHIUNG, Taiwan (CNN) — There is no animal on earth more vilified than the shark. Pop culture references and annual, over-hyped reports of attacks on swimmers or surfers have put sharks on the top of the list of the world’s most feared living things.

Shark finning thrives off weak global regulations. Few countries demand sharks arrive in port with fins attached.  There is however, a creature far more predacious than the shark: Humans.

Sharks existed before there were dinosaurs and they pre-date humans by millions of years. Yet, in a relatively short period of time, humans and their technological arsenal have driven most shark populations to the verge of extinction.

This is bad news for the world’s oceans. Sharks are the top predator in the ocean and are vital to its ecosystem. The rapid reduction of sharks is disrupting the ocean’s equilibrium, according to Peter Knights, director of WildAid International.

“These are ecosystems that have evolved over millions and millions of years,” said Knights. “As soon as you start to take out an important part of it, it’s like a brick wall, you take out bricks [and] eventually it’s going to collapse.”

When sharks attack humans, it inevitably makes news - it is a sexy story. What is rarely reported is that worldwide, sharks kill an average of 10 people every year. It’s usually when people venture into a shark’s habitat and not the other way around. By contrast, humans kill around 100 million sharks every year - a number that has ballooned in recent years because of the enormous demand for shark fins to make shark fin soup.

Shark fin soup is a delicacy reserved for the wealthy on special occasions and it has been part of Chinese culture for centuries. For years, only rich Chinese mostly in Hong Kong, Taiwan and Singapore consumed it, so the impact on the overall shark population was negligible.

Over the last decade, the exploding middle class in China has changed the fate of the shark. With an unprecedented number of people making more money than ever, the demand for all things that signal an improvement in status is gargantuan. The ability to serve and consume shark fin soup is among the most revered of activities, because it signifies that one has made it.

Shark fin soup can be expensive. A bowl of imperial shark fin soup can cost upwards of $100. These days, shark fin soup is so fashionable that it’s becoming commonplace. Buffets serve versions of it for as low as $10 a bowl. The irony is that shark fin is flavorless — its cartilage has a chewy consistency. Tens of thousands of sharks are being killed for a gelatinous thing in a soup.

To satiate the appetites of upwardly mobile Chinese, fishermen traverse all corners of the Earth’s oceans in search of sharks or, more specifically, their fins. Because space is limited on fishing vessels and shark bodies are bulky and not considered as valuable, fishermen often catch the sharks, saw off their fins and toss the sharks back into the water. Without their fins, sharks cannot swim and they sink to the ocean floor, where they’re picked at by other fish and left to die.

The “Planet in Peril” crew traveled with Knights to Taiwan’s southern port city of Kaohsiung, which is considered one of the world’s main hubs for shark fins. We watched as the fishermen unloaded their catch. Thousands of fins were thrown from one of the ships that had spent months fishing the international waters of the Pacific.

Because of the sensitivity over this issue, few people were willing to talk to us.

Shark finning is not illegal. Taiwan has no law against fins taken from international waters coming into its ports. However, Taiwan does have what it calls a “plan of action” that requires the bodies of the sharks the fins came from to be accounted for and not dumped into the sea.

But at this port, we see more fins than bodies as a forklift scoops up large piles of fins and dumps them into a truck. There are no signs of anyone monitoring the weight ratio or making sure there’s no illegal fishing of the five shark species protected under international treaty.

“The laws are weak and when you take the fins off, identifying these species is almost impossible,” Knights said. “You can see they all look almost identical and yet they’re makos and threshers and blue sharks; there [are] all kinds of species there, but identifying them and monitoring them and having a regulated fishery is virtually impossible.”

Taiwan is not alone. Shark finning thrives off weak regulations around the world and only a few countries demand that sharks arrive in port with fins attached.

Knights says it comes down to economics.

“The fin is one of the most expensive pound-for-pound item from the sea. And the beauty about the fin is that it’s very compact … it doesn’t take up your hull and you can make a lot of money from it,” said Knights.

Fins can sell for $500 per pound, according to WildAid, which is campaigning for a global ban on shark finning.

In recent years, Cocos Island has become another battleground in the fight to save the shark.

Located 300 miles off the coast of Costa Rica, the only way to get to this uninhabited islet in the eastern Pacific is by boat. Cocos Island, recently declared a national park, is a nearly pristine and richly preserved ecosystem where thousands of sharks have roamed for centuries. Scientists think there are more sharks there than any other place on Earth.

Fishermen come from all over the world to catch the sharks that swim around the island. It is illegal for fishing boats to get within three miles of the island, but the law is routinely ignored. On any given day, one can see numerous fishing boats no more than a mile away from the island.

The fate of the shark is grim. Increasing public awareness of the shark’s role in the marine ecosystem and the rapid rate of extinction because of the demand for shark fin soup may be the best hope for the shark, which has inhabited the planet for 400 million years.

“Can you imagine if it was Yellowstone Park and people were shooting up grizzlies? No one would ever get away with it. But this ocean, because it’s out of sight, out of mind, [shark finning] carries on,” said Knights.

ရိုဟင်ဂျာ တကယ် ရှိမရှိ

ရိုဟင်ဂျာ တကယ် ရှိမရှိ

ဟဲ့ ဟဲ့ ကဒေါင်းတို့က ငါးကြင်းခေါင်း တက်ကိုင်ပြန်ပြီလို့ မပြောပါနဲ့။ မပြောဘဲ မနေနိုင်လို့ပါ။ ဒါပေမဲ့ ပြောသင့်တယ်ထင်လို့ ပြောချင်ပါတယ်။ ရိုဟင်ဂျာပြဿနာမှာ ရှုပ်ထွေးမှုတွေ အများကြီးရှိသလို ကျနော် ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးတွေ ရှိလို့ပါ။

ရိုဟင်ဂျာဆိုတာကို ကျနော် ကြားဖူးတာ အတော်လေးတော့ ကြာပါပြီ။ အဓိက ကြားဖူးတာကတော့ ဦးနု ဖဆပလ အစိုးရ လက်ထက်မှာ ရိုဟင်ဂျာ မွတ်ဆလင် အမတ်တွေ ရှိခဲ့ဖူးတယ်ဆိုတာပါ။ ဒါပေမဲ့ ဒီ ရိုဟင်ဂျာဆိုတာ မြန်မာပြည်ရဲ့ လူမျိုးစုတွေထဲမှာ ပါဝင်လား မပါဝင်လား ကျနော် မသိပါ။ ထို့အတူ ဒီရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသား ဖြစ်ထိုက်လား မဖြစ်ထိုက်လားဆိုတာဟာလဲ အင်မတန် ရှုပ်ထွေးတဲ့ သမိုင်းကြောင်းဆိုတာ ကျနော် သတိထားမိပါတယ်။

ဟုတ်ပြီ။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဘလော့တွေမှာ ရေးထားသမျှထဲမှာ အလေးထား ဆွေးနွေးချင်တာ Free for Country ဘလော့က http://www.freeforcountry.co.cc/2009/02/blog-post.html မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာများသည် တိုင်းရင်းသားလူမျိုးစုတခုအဖြစ် ရပ်တည်ခဲ့ဆိုတဲ့ ဆောင်းပါးရယ်။ ပိတောက်မြေဘလော့က အဏ္ဏ၀ါစစ်သည်ရေးတဲ့ အမျိုးသားရေးဘက်က ရပ်ကြပါဆိုတဲ့ http://padaukmyay.blogspot.com/2009/01/blog-post_9476.html ဆောင်းပါးရယ် ၂ ခုကို အခြေခံပါမယ်။ အဲဒီတော့ ရိုဟင်ဂျာ မရှိဘူးလို့ ပြောသူများကလည်း ရိုဟင်ဂျာတွေဟာ ကုလားမူ မူပြီး ဦးနုအစိုးရကို ပါးချွဲ နားချွဲ လုပ်ခဲ့လို့ လူမျိုးစုအဖြစ် သတ်မှတ်ခဲ့ရတယ်။ နောက် ပြောကြတာက သူတို့တွေက သမိုင်းကို အတုလုပ်တယ်။ အထောက်အထားမရှိဘဲ လျှောက်ပြောနေတယ်လို့ ဆိုကြသလို ရိုဟင်ဂျာ ရှိတယ် ဆိုသူများကလည်း ပုံနှိပ်ခဲ့တဲ့ စာအုပ်စာတမ်းတချို့ကို သက်သေပြကြတာတွေ တွေ့ရပါတယ်။

နောက်ဆုံးသတင်းအရ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ရိုဟင်ဂျာလူမျိုးတွေကို လူသားချင်း စာနာမှုအရ နေထိုင်ခွင့်ပေးထားတာဖြစ်ပြီး နိုင်ငံသားမဟုတ်လို့ ကြေညာခဲ့ကြပါတယ်။ အဲဒါက အကြောင်းမဟုတ်ပါဘူး။ အခု လှေတွေနဲ့ ခိုးထွက်ပြီး ထိုင်းမှာ သောင်တင် ထိုင်းက လက်မခံလို့ ပင်လယ်ထဲ ပြန်လွှတ် စသဖြင့် သတင်းတွေ ကြားနေရတော့ ကျနော် ထင်တာကတော့ ဒီ ထိုင်းကို ရောက်လာသူတွေဟာ တတိယနိုင်ငံသွားချင်လို့ တမင် ဂွင်ဖန်တာပဲလို့ ထင်မိတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ခါတိုင်း ဘင်္ဂလားနဲ့ မြန်မာ ဘော်လီဘော ပုတ်နေတဲ့ကိစ္စ ဒီလောက် ဝေးဝေးလံလံကြီး ထိုင်းကို ဦးတည်လာတယ်ဆိုတော့ အကြံရှိလို့ပဲပေါ့။

ထိုင်းကလဲ ထိုင်းတောင်ပိုင်း ကိစ္စကြောင့် မွတ်ဆလင် ရိုဟင်ဂျာတွေကို ကြောက်တယ် ထင်ပါတယ်။ သူတို့က နောက်ဆို အုပ်လိုက်ကြီး တပြုံတမကြီး လာတော့မှာလေ။ နောက် အခုလာတာအကုန်က ယောက်ျားတွေ။ ကျနော်ထင်တယ်။ သူတို့ တယောက်မှ မြန်မာလို ပြောတတ်မှာလဲ မဟုတ်ဘူး။ ဒီတော့ ဒီလူတွေကို အခြေချပေးလို့ကတော့ ထိုင်းနိုင်ငံကို ဂယက်ရိုက်သွားမယ်လို့ ထင်ပါတယ်။ ထိုင်းကလဲ လက်မခံပါဘူး။ ဒုက္ခသည်စခန်းတောင် မပေးဘူးလို့ ပြောတာသာ ကြည့်တော့။

ဒါပေမဲ့ ကျနော် ဒီလို ပြောတာဟာ ရိုဟင်ဂျာဆိုတာ လူမျိုးစုထဲမှာ မပါဘူးလို့ ဆိုလိုတာ မဟုတ်သလို ပါတယ်လို့လဲ မပြောချင်ပါဘူး။ အဓိကကတော့ သမိုင်းပညာရှင်တွေ သေချာလေ့လာရမယ့် ကိစ္စပါ။ ထို့အတူ လူမျိုးရေးခွဲခြားမှု မရှိဘဲ လေ့လာဆန်းစစ်ရမယ့် ကိစ္စလို့ ဆိုချင်ပါတယ်။ ပြောရမယ်ဆိုရင် ထိုင်းဝန်ကြီးချုပ် အဘီစစ်ရဲ့ ခြောက်နိုင်ငံ ဆွေးနွေးအဖြေရှာဖို့လုပ်တာ မှန်တယ်လို့ ကျနော်တော့ ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် အဓိက ပြဿနာကတော့ ရိုဟင်ဂျာတွေဟာ လူဦးရေ အင်မတန် များသလို မွေးအားကောင်းတဲ့ မွတ်ဆလင်တွေ ဖြစ်နေတဲ့အတွက် ဗုဒ္ဓဘာသာဝင် အများစု ဖြစ်တဲ့ မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု ရှိစေတာ အမှန်ပါပဲ။ ဒါပေမဲ့ အမှန်တကယ် လူမျိုးစု အနေနဲ့ ရှိခဲ့တယ်ဆိုရင်တောင် နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိမရှိ နိုင်ငံသား ခံထိုက်ရေး စည်းမျဉ်းတွေနဲ့ တိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ အဖိုးတွေက နိုင်ငံသား ဖြစ်ခဲ့လား။ သက်သေပြနိုင်ရဲ့လား စသဖြင့်ပေါ့။

ဒီလိုပြောလို့ ကျနော် ဘက်လိုက်တယ် ဆိုချင်ဆိုပါ။ ကျနော်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားတတ်တဲ့သူ မဟုတ်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လူများစု အခွင့်အရေးကို အလေးပေးရမှာပါ။ လူနည်းစုအခွင့်အရေးကိုလဲ မစော်ကားရဘူးဆိုတာ နားလည်မိပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်နေဖို့ ပိုလိုလားပါတယ်။ သို့သော် လွတ်လပ်စွာ ယုံကြည်ခွင့် ရှိရမယ်။ ထို့အတူ အခြားဘာသာဝင်တွေလဲ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိရမယ်လို့ ယုံကြည်ပါတယ်။ သို့သော် မွတ်ဆလင် ယူလို့ မွတ်ဆလင်ဘာသာ ယူရတာမျိုး ခရစ်ယာန်ဘာသာ မယူမနေရ ယူရတာမျိုး မရှိသင့်သလို ဘာသာဝင်အဖြစ် အတင်းသွတ်သွင်းခြင်း၊ ဖြားယောင်းသွတ်သွင်းခြင်းမျိုးတွေကို ကျနော် ကန့်ကွက်ပါတယ်။

သို့သော်လည်း ကိုယ့်ကိုယ်ကို မဖျက်သရွေ့တော့ ဗုဒ္ဓဘာသာဆိုတာ ပျက်သွားမှာ မဟုတ်ပါ။ သူများလူမျိုးကြောင့် သူများဘာသာကြောင့်မှ မဟုတ်ဘဲ ကိုယ့်ဘာသာဝင် အချင်းချင်း ဘုန်းကြီးတွေကို နှိပ်စက်ညှင်းပန်းထောင်ချလို့ကတော့ ဆရာတော် ဦးသုမဂ္ဂလပြောသလို ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အရေးကြီးနေပြီလို့ ပြောချင်ပါတယ်။ ဒီတော့ ရိုဟင်ဂျာတွေဟာ လူနည်းစုဖြစ်တယ်ဆိုရင်လဲ လူနည်းစုအခွင့်အရေးကို လေးစားဖို့ လိုသလို တခြားဘာသာဝင်တွေကိုလဲ မလေးစားနိုင်ရင်တောင် မစော်ကားမိဖို့ လိုပါတယ်။

ကျနော် ရှာဖွေတွေ့ရှိတဲ့ အင်တာနက်လင့်ခ်တွေအရတော့ ရိုဟင်ဂျာဟာ လူမျိုးလူနည်းစုဖြစ်တယ်ဆိုတာကို အတည်ပြု ထောက်ပြကြပါတယ်။ http://banglapedia.search.com.bd/HT/R_0217.htm ဘင်္ဂလားဒေ့်ရှ် Search Engine ၀က်ဆိုဒ်ကပါ။ နောက်တခုကတော့ ၀ီကီစာမျက်နှာပါ။ http://en.wikipedia.org/wiki/Rohingya ကျနော့်အနေနဲ့ ရိုဟင်ဂျာဆိုတာ လူမျိုးစုတစ်စုအဖြစ် ရှိခဲ့တယ်လို့ လက်ခံနိုင်တယ်ဆိုပေမဲ့ အခု ဖြစ်ပေါ်နေတဲ့ ထိုင်းမှာ ဒုက္ခခံရတဲ့ ရိုဟင်ဂျာတွေကိုတော့ အကြံအစည် တခုခု ရှိလို့ပဲလို့ ထင်ပါတယ်။ လူသားချင်း စာနာနိုင်ပေမဲ့ တမင် စာနာခံရအောင် လုပ်တဲ့ အကြံအစည်မျိုးတွေကို လက်မခံနိုင်ပါဘူး။

ဒီလောက်ဆို ကျနော် ငါးကြင်းခေါင်း ကိုင်လို့ ပြီးပါပြီလို့။ ကျနော် အဓိကပြောလိုရင်းကတော့ လူမျိုးရေးဘာသာရေး ခွဲခြားမှု မရှိဖို့နဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ တိုးတက်ထွန်းကားဖို့ အလိုရှိကြောင်း ပြောချင်ပါတယ်ခင်ဗျာ။

ကဒေါင်းညင်သာ လက်ရည်ကျသွားခြင်း

ကဒေါင်းညင်သာ လက်ရည်ကျသွားခြင်း

လက်ဖက်ရည် ကျသွားခြင်းဟု မဖတ်ပါနှင့် မိတ်ဆွေ။ လက်ရည်ကျသွားခြင်းပါ။ ဟုတ်ကဲ့။ အခုလို ကောင်းသထက် ကောင်း လက်စွမ်းထက်သထက် ထက်လာတဲ့ ဘလော့ဂါတွေကြားမှာ ကျနော် မောင်ကဒေါင်း ဘာရေးရမှန်း မသိဘဲ သူများရေးတာတွေ ထိုင်ဖတ်ရင်းနဲ့ လက်ရည်ကျသွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရေးမယ်ကြံတိုင်း သူများ ရေးထားတာတွေ ဖတ်ပြီး ငါရေးရင် သူ့လောက် ကောင်းမယ်မထင်ဆိုပြီး inferiority complex ငုပ်စိတ် ၀င်ဝင်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ဘ၀အချိုးအကွေ့မှာ လှော်ရခတ်ရတာ မအားတဲ့အတွက်ကြောင့် လည်းကောင်း elephant ခြေပေါင်း မြောက်များစွာနဲ့ တို့များ ဘလော့ကို စွန့်ခွာခဲ့တာ ၂ လတောင် ကြာခဲ့ပြီပေါ့ အဟင့်။

ဒါနဲ့ ဘာလို့ ပြန်လာနေသေးလဲလို့ မေးရင်တော့ တပတ်တခါ လွမ်းလို့ လာကြည့်ရတာ အားနာဘာဒယ်လေ ဆိုပြီး သွားသွားကြည့်မိတဲ့ Hit counter ဇယားလေးကြောင့်ပေါ့။ အားပေးကြတဲ့ စာဖတ်ပရိသတ်က တဖြည်းဖြည်းနဲ့ ကျလာတော့ ကိုယ်လဲ အားနာဒယ် ဒကယ်။ ဘာမှ မရေးထားဘဲ လာလာကြည့်သွားကြတော့ ဆွေးမြေ့စပြုလာတဲ့ ပြတိုက်ဟောင်း တခုလို ကိုယ့်ကိုယ်ကို သိမ်ငယ်မိတာ အမှန်ပါ။ ဒါကြောင့် ငါလဲ inspiration လေး ယူဦးမှ ဆိုပြီး ကိုတီဇက်အေ ရဲ့ ဘလော့ကို ဖတ်လိုက်ပြီးမှ ဒီလူ တယ်အားဘာလားလို့ အဲအဲ တယ်ရေးနိုင်ပါလားလို့ အားတက်ပြီး ငါလဲ ရေးလိုက်ဦးမယ် ဆိုတဲ့အတွေးနဲ့ အခု သူဌေးလစ်တုန်း စာလေးဘာလေးရိုက်ရတော့တာပေါ့။ အဟိ

ဒီတော့ လက်ရည်ကျသွားရတာကို ရေးရမယ်ဆိုရင် (အမယ်လေး.. သူလက်ရည်ကျသွားတာကို ဟိမ၀န္တာ ချီးမွမ်းခန်း ဖွင့်တော့မယ်ဟ) အဓိကကတော့ ရေးချင်တဲ့ ရည်ရွယ်ချက်လေး ပျောက်သွားတာပါပဲ။ ရေးချင်တဲ့ စိတ်ပျောက်သွားအောင် လုပ်တာလဲ ဒီနေ့တဓူဝ ကိစ္စတွေကြောင့်ပါပဲ။ မအားမအားနဲ့ နောက်ဆုံး ကိုယ့်ဘလော့ကိုတောင် ဖွင့်မဖြစ်တော့ ရေးချင်တဲ့စိတ် ပျောက်သွားတာပေါ့။ နောက်တချက်ကတော့ ရေးရမယ့် အကြောင်းအရာ ပျောက်ပျောက်နေတာပါပဲ။ ဟိုနေ့က ဒပ်ဘလင်မှာ လူကြီးတွေ ရန်ဖြစ်တဲ့ အကြောင်း ရေးမယ် ကြံလိုက်၊ ကိုယ်ကလဲ သူတို့ရဲ့ အတ္ထုပတ္တိကို တခုမှ မသိတော့ နာမည်တွေသာ သိတာ။ ဓာတ်ပုံနဲ့ နာမည်နဲ့တောင် တွဲမမှတ်မိတော့ မရေးတော့ပါဘူးလို့။ ဦးရုက္ခစိုးပြောသလို မြန်မာ့အရေး ကျွမ်းကျင်အဆင့်တောင် ရွာလည်သွားတယ်ကွယ်။

ဒါပေမယ့်လဲ ရေးချင်တဲ့ ကိစ္စလေးတခုတော့ ရှိတယ်။ အဲဒါကတော့ သူတို့ဟာ တိုင်းပြည်အတွက် ဘာမှ အကျိုးမပြုဘူးဆိုတဲ့ စကားရပ်ကလေးပါ။ ဒီလိုဆို သူတို့ကို ၁၉၉၀ က ဘာလို့ အများပြည်သူတွေကနေ ရွေးကောက်တင်မြှောက်ပြီး လွှတ်တော်အမတ်တွေ ဖြစ်လာပါလိမ့်။ တကယ်ဆို ၁၉၉၀ ကနေသာ ဒီမိုကရေစီစနစ်ကို စတင်ရင် လေးနှစ်သက်တမ်းထား၊ ခုဆို ၅ ကြိမ်တောင် ရွေးကောက်ပွဲ လုပ်ပြီးနေပြီ။ ဘာကြောင့် အဲဒီတုန်းက ကလိမ်ကျပြီး လွှတ်တော် မခေါ်ပေးဘဲ အမျိုးသားညီလာခံဆိုပြီး အချိန်ဆွဲတာပါလိမ့်။ တကယ်ဆို လွှတ်တော်ခေါ်ပြီး လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို တခါတည်း လုပ်ပေးလိုက်ရမယ့်ကိစ္စ။ အချိန်ဆွဲလိုက်တာဟာ သူတို့ရဲ့ တရားဝင်မှုကို မတရားသဖြင့် တရားမ၀င်အောင် လုပ်လိုက်တာပါပဲ။ ဒီတော့ ဒီလွှတ်တော်အမတ်တွေဟာ သူတို့ကို ရွေးကောက်ထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ပြည့်ဝအောင် လုပ်ပေးရမယ့် တာဝန်တွေရှိတယ်။ သူတို့ဟာ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အဓိကတာဝန်ရှိသူတွေ ဖြစ်တယ်။

ဒါကြောင့် သူတို့ဟာ တိုင်းပြည်အတွက် တခုမှ အကျိုးမပြုဘူးဘူးဆိုတာ မှားတယ်။ တိုင်းပြည်အတွက် အကျိုးပြုအောင်လို့ ခန့်လိုက်တဲ့ လူတွေ၊ တကယ်လို့ ဒီလူကြီးတွေက ပြည်သူတွေဘက်က မရပ်တည်ရင် ဒါဟာ တိုင်းပြည်အတွက် အကျိုးမပြုဘူးလို့ ပြောလို့ ရတာပေါ့။ အဲ ဒပ်ဘလင်မှာ အပြဲပြဲ အကွဲကွဲတွေ ဖြစ်တာ၊ ထောက်ပံ့ကြေးတွေ ကြားထဲက ယူတာ စသဖြင့် နာမည်ပျက်စရာ ကိစ္စတွေကတော့ ကိုယ်တိုင်လဲ မသိတော့ မပြောတော့ပါဘူး။ တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင် ကျနော့်အနေနဲ့တော့ ကန့်ကွက်ပါတယ်။ လေးစားစရာ မရှိဘူးလို့ ဆိုရမှာပါ။

အဲ ရေးချင်တာတွေ ရေးလိုက်တာ ဘယ်တွေ ရောက်ကုန်မှန်းတောင် မသိဘူး။ ဟဲဟဲ ပြန်စမယ်။ ဒီတော့ကာ အမြဲတမ်း ရေလောင်းပေးနေရမယ့် ဘလော့လေးကို ဆက်လက် ရေမလောင်းပေးနိုင်တော့အတွက် ဘလော့အတွက် ရှင်သန်ခြင်းဆိုတာကို ကျနော် မပေးနိုင် ပျက်ကွက်မိခဲ့တဲ့အတွက် အခုမှ ရေခွက်လေးကိုင် ရေလေးလောင်းဖို့ ပုံရိပ်ယောင်ကမ္ဘာဆီ တက်လာခဲ့တယ် ဆိုပါတော့။ အခုလို ပုံရိပ်ယောင်ကမ္ဘာကို ပြန်လည် ဆန်းစစ်လိုက်ချိန်မှာ ကျနော်မသိတဲ့ မြန်မာဘလော့ပေါင်းများစွာ တပို့စ်ပြီး တပို့စ် ရှင်သန်နေကြတာ တွေ့ရသလို အပြင်းစား ဘလော့တချို့လဲ လင့်ခ်ကို ဖျောက် ဘလော့ကို ပိတ်လိုက်ကြသူများလဲ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ဘလော့လို့ ရတယ်ဆိုတဲ့ ဘလော့ယဉ်ကျေးမှု ပျံ့နှံ့ စိမ့်ဝင်နေတဲ့အတွက် ၀မ်းသာမိပါတယ်။

ဘလော့ယဉ်ကျေးမှုဆိုတာနဲ့ ဆက်စပ်ပြီး ကျနော် စဉ်းစားစရာပေါ်လာတာကတော့ ဆရာမောင်စူးစမ်းရဲ့ ဘလော့ဂါ အင်းစတင့် (blogger instinct) ဆိုတာပါ။ အဲဒီတုန်းက ကျနော် ဆရာ့စာကို ဖတ်ပြီး တော်တော် တုန်လှုပ်သွားပါတယ်။ ဒါပေမယ့် မြင်ဆရာ ကြားဆရာလို ဖြစ်နေတော့ အဲဒီတုန်းက ဘာမှ မရေးဖြစ် ပြန်မဝေဖန်ဖြစ်ခဲ့ပါဘူး။ ကျနော်တို့ ဒီမိုကရေစီ ကျင့်သုံးတာ နည်းနေသေးလို့လို့ ပြောလို့ရတယ်။ Asian value တွေ များနေတာလဲ ဖြစ်နိုင်သဗျ။ ဟဲဟဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ပြောချင်တာကတော့ လက်လွတ်စပယ် လျှောက်မရေးဖို့၊ နောက်တခါ အခု ရောင်ပြန်မီဒီယာတွေရဲ့ ရန်ပေါ့။ အစွန်း ၂ ဖက်ကို လွယ်လွယ်နဲ့ မယုံမိဖို့။ ကိုယ်တိုင် သေချာ မစုံစမ်း မသိဘဲ လက်မခံဖို့ပါပဲ။ ဘယ်အရာမဆို လွယ်လွယ်နဲ့ မယုံသင့်သလို လွယ်လွယ်နဲ့ ကိုယ့်ယုံကြည်မှုကို မစွန့်လွှတ်လိုက်ဖို့ပါ။

တကယ်ဆို အခုရေးတဲ့ ပို့စ်လေးဟာ နောက်ရေးမယ့် ပို့စ်တွေအတွက် ခြေလှမ်း စပြင်လိုက်တာပေါ့။ ဟဲဟဲ ကျသွားတဲ့ လက်ရည်တွေ ပြန်တက်လာဖို့ တခြားဘလော့တွေကို အခု မနည်း လိုက်ဖတ်နေရတယ်။ ဒီလိုပေါ့။ စု တု ပြု ဆိုတာ။ ဟီး။ ဒါပေမယ့် ကျနော် နဂိုကတည်းက Political Science နိုင်ငံရေးဘာသာရပ်နဲ့ ဆက်နွယ်တာတွေကိုပဲ အများအားဖြင့် ရေးမှာပါ။ ဒါဟာ ကျနော် တတ်နိုင်တာလေး လုပ်ပေးတာလို့ပဲ ခံယူပါတယ်။ ကျနော်ထင်တယ်လေ။ နိုင်ငံရေးအသိပညာဆိုတာ အချင်းချင်း ဖလှယ်ယူရင်းနဲ့ ပိုမို ရင့်ကျက်လာနိုင်ပြီး ဒီမိုကရေစီကို မြန်မာ့အသိုင်းအ၀ိုင်းထဲမှာ ကျင့်သုံးယူလာနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.