..?? ...?? ....??
လောကကြီးမှာ လူအတော်များများ လက်မခံနိုင်တဲ့ အမှန်တရားတွေ ရှိနေတတ်တယ်...။
လူတွေ...........!!
လက်မခံနိုင်..........!!
အမှန်တရား.................!!
အို...........!!
ဒါဆို........!!
...............!!
ဒါဆို........!!
...............!!
မှားနေသလိုလိုကြီး.. ဒါပေမဲ့... လူတွေကခေါင်းတွေ တညိတ်ညိတ်နဲ့ ထောက်ခံနေလိုက်ကြတာ..။
လူတွေ..........!!
ခေါင်းတွေတညိတ်ညိတ်....!!
မှားနေသလိုလို.. သလိုလိုကြီး......!!
ခေါင်းတွေတညိတ်ညိတ်....!!
မှားနေသလိုလို.. သလိုလိုကြီး......!!
အမ်..........!!
ဒါဆို.........!!
................!!
ဒါဆို.........!!
................!!
တိန်............!!
မှတ်ကရော...!!
(ခင်လေးငယ်)
မှတ်ကရော...!!
(ခင်လေးငယ်)
ကျွန်မရဲ့ အလင်း...
တစ်ရေးအနိုးမှာ
အိပ်မက်ကို ခြေရာကောက်တော့
ငှက်ဆိုးတွေက ထပျံတယ်...။
ကမူးရှူးထိုးနဲ့
ငေါက်ကနဲ ထအထိုင်
အိပ်မက်ထဲက
ချစ်သူ့ရယ်သံ တိုးညှင်းညှင်းက
နားဝမှာ တစ်ငွေ့ငွေ့တိုးဆော့လို့
လက်အလှမ်းမှာ ဖြတ်ကနဲထပွင့်တဲ့
အလင်းတစ်စက တစ္ဆေတစ်ကောင်လို
ဝါးမြိုမတတ် စောင့်နေရဲ့။
ငါ ဟာ ငါ မဟုတ်အောင်
ရူးသွပ်လို့....
အဲဒီအလင်းကို ကြောက်ရင်းတိုးဝင်
အလင်းမှာ ကဗျာရေးတယ်
အလင်းမှာ ရင်ခုန်တယ်
အလင်းမှာ ပျော်ဝင်တယ်
အလင်းမှာ အိပ်မက်တယ်
ပြီးတော့......
အဲ့ဒီ အလင်းမှာပဲ
အိပ်မက်ကို ခြေရာပြန်ကောက်တဲ့အခါ
ငှက်ဆိုးတွေက ထရယ်တယ်...။
အိပ်မက်ကို ခြေရာကောက်တော့
ငှက်ဆိုးတွေက ထပျံတယ်...။
ကမူးရှူးထိုးနဲ့
ငေါက်ကနဲ ထအထိုင်
အိပ်မက်ထဲက
ချစ်သူ့ရယ်သံ တိုးညှင်းညှင်းက
နားဝမှာ တစ်ငွေ့ငွေ့တိုးဆော့လို့
လက်အလှမ်းမှာ ဖြတ်ကနဲထပွင့်တဲ့
အလင်းတစ်စက တစ္ဆေတစ်ကောင်လို
ဝါးမြိုမတတ် စောင့်နေရဲ့။
ငါ ဟာ ငါ မဟုတ်အောင်
ရူးသွပ်လို့....
အဲဒီအလင်းကို ကြောက်ရင်းတိုးဝင်
အလင်းမှာ ကဗျာရေးတယ်
အလင်းမှာ ရင်ခုန်တယ်
အလင်းမှာ ပျော်ဝင်တယ်
အလင်းမှာ အိပ်မက်တယ်
ပြီးတော့......
အဲ့ဒီ အလင်းမှာပဲ
အိပ်မက်ကို ခြေရာပြန်ကောက်တဲ့အခါ
ငှက်ဆိုးတွေက ထရယ်တယ်...။
(ခင်လေးငယ်)
အလင်း...!! ဟုတ်တယ်... အဲ့ဒီ အလင်း ကို ဘယ်လို နားလည်ကြမလဲ ဆိုတာကို ကျွန်မ စိတ်ဝင်စားမိပါတယ်..။ ကျွန်မရေးလိုက်တဲ့ အလင်းဆိုတာကတော့... ကျွန်မရဲ့အချိန်တွေ အများကြီးကို ခိုးယူစားသုံးတတ်တဲ့...!! ကျွန်မကြောက်တဲ့...!! ကျွန်မချစ်တဲ့...!! ကျွန်မရဲ့..... ..... ..... ....!!
တကယ်တော့ အဖြစ်မှန်က ဒီလိုဗျ.. ဟီးး..
ကော်မန့်မှာ စကားပြေလေး နဲ့ ဖွသွားပြီဗျို့..
(ကိုရင်နော်)
.......................................<>.......................................
တကယ်တော့ အဖြစ်မှန်က ဒီလိုဗျ.. ဟီးး..
ကော်မန့်မှာ စကားပြေလေး နဲ့ ဖွသွားပြီဗျို့..
(ကိုရင်နော်)
ဤသို့ခရီးထွက်ခဲ့ရာဝယ်.. (နောက်ဆုံးအပိုင်း)
ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီးဆိုတာက တခြားမဟုတ်ပါဘူး.. ဝင်လို့ထွက်လို့ တော်တော် အဆင်ပြေတဲ့ ဝင်ပေါက်ကြီး တစ်ခုပါ..။ ဆိုက်ကယ်ရပ်ဖို့ ကားရပ်ဖို့ အကုန်အဆင်ပြေတယ်.. စားသောက်ဆိုင် အကြီးကြီးတစ်ခုကလည်း ရှိသေးတယ်.. မိတ္တူဆိုင်တွေ.. ဖုန်းဆက်လို့ရတဲ့နေရာတွေနဲ့ တော်တော် စည်ကားနေတယ်.. သွင်းကုန်ထုတ်ကုန် ကိစ္စဆိုရင် နေပြည်တော်အထိ လာလုပ်ရတာ ဆိုတော့ အေ့ဂျင့်တွေရော.. ကုမ္ပဏီဝန်ထမ်းတွေရော များမှများ.. ရောက်ဖူးတယ်လို့ ရှိအောင်သာ လိုက်လာခဲ့တာ.. ကိုယ့်ကိစ္စက မရှိလေတော့ ကြောင်တောင်တောင်.. ဟိုကြည့် ဒီကြည့်နဲ့ပေါ့..။
"အန်ကယ်ရေ.. ခွင့်ပြုပါဦးနော်.. ကျနော်လည်း သွားစရာရှိတာလေးတွေ ဆက်သွားလိုက်ဦးမယ်.. အခုလို ကူညီတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ဗျာ.."
"ကောင်းပြီ ငါ့တူရေ.. အန်ကယ်ကလည်း ကျေးဇူးတင်ပါတယ်.. လမ်းမှတ်မိတယ်မလား.. ဖြေးဖြေးသာ မောင်းသွားတော့ဟေ့.. ကြုံရင်တော့ ပြန်ဆုံကြသေးတာပေါ့ကွာ.."
"ဟုတ်ကဲ့..း) "
အန်ကယ်ကြီးကို အဲ့ဒီလိုလေး ပြုံးပြနှုတ်ဆက်ပြီး ကုန်သွယ်ရေးကနေ ပြန်ထွက်လာခဲ့ပါတယ်..
တစ်ညနဲ့ တစ်မနက်လေးသာ ဆုံတွေ့ခဲ့ရတယ် ဆိုပေမယ့် အန်ကယ်ကြီးရဲ့ ရင်းနှီးဖော်ရွေမှု.. ရိုင်းပင်းကူညီမှုတွေက လေးစားခင်မင်ဖွယ်.. ဒီလိုပါပဲလေ.. ခရီးသွားရင်း တွေ့ဆုံရင်းနှီး အပြန်အလှန် အကူအညီ ပေးတတ်ကြတာ ဒို့မြန်မာတွေရဲ့ ချစ်စရာအမူအကျင့်လေးတွေပဲ မဟုတ်လား..။
ဆိုက်ကယ်ကို ဖြေးဖြေးမှန်မှန်လေးသာ မောင်းလာခဲ့တာဆိုတော့ စွမ်းအင်ဌာနကို တော်တော်နဲ့ မရောက်နိုင်ဘူး.. ဟိုးခပ်ဝေးဝေးမှာ တည်လက်စ စေတီတော်ကြီးကိုလည်း ဖူးမြင်ခဲ့ရပါတယ်.. ဆောက်လက်စ တံတားတွေ.. အဆောက်အဦးတွေ.. ဖောက်လက်စ လမ်းတွေ မနည်းပါလားနော်.. တွေ့တာမြင်တာတွေ အားလုံးကတော့ ထူးဆန်းရမလိုလို အံသြရမလိုလို..။ ပါလာတဲ့ ကင်မရာလေးကို ထုတ်ပြီး မြင်မြင်သမျှ အမှတ်တရ အကုန်ရိုက်ယူတော့တာပေါ့.. ဓါတ်ပုံက ရိုက်သာ ရိုက်နေရတယ် ခပ်ကြောက်ကြောက်.. တော်ကြာ သတင်းထောက်မှတ်ပြီး လိုက်လာမှ ရှင်းရခက်ဦးမယ်..။ နေကလည်းပူ လေကလည်းပူ.. ပင်ကလည်း ပင်ပန်းနဲ့ လူလည်း ပူတူတူ ပန်းတန်းတန်း ကြီးကိုဖြစ်နေပြီ...။
စွမ်းအင်ဌာနက အတွင်းထဲကို နည်းနည်း ဝင်ရတယ်.. ရုံးထဲကိုတော့ ပင်မဝင်ပေါက်ကနေပဲ ဝင်လိုက်တယ်.. ဒီမှာတော့ နောက်ဖေးပေါက် မရှိလောက်ဖူး ထင်ပါတယ်..း).. ရုံးထဲရောက်သွားတော့ ကိုယ်သွားချင်တဲ့ နေရာကို လိုက်ရှာ.. တွေ့စရာရှိတဲ့သူနဲ့တွေ့.. လုပ်စရာရှိတာတွေလုပ်.. စောင့်စရာရှိတာ ထိုင်စောင့်... ပေးစရာရှိတာပေး.. ဒီလိုနဲ့ ကိစ္စအားလုံးပြီးလို့ နာရီကြည့်မိတော့ နှစ်နာရီကျော်နေပြီ.. ဗိုက်ကလည်း တော်တော် ဆာနေပြီ..။
ဒီတစ်ခါတော့ ဆိုက်ကယ်ကို ခပ်မြန်မြန်လေးစီးရင်း နိုင်ငံခြားရေးဌာနကိုသွားတာ တော်တော်နဲ့ မရောက်ဘူး.. လမ်းတွေကလည်း ဘယ်လိုတွေမှန်းမသိ.. သွားရင်း.. သွားရင်းနဲ့ ဧရာမအဝိုင်းကြီး ရောက်တော့မှ လမ်းကို ပြန်မှတ်မိတော့တယ်.. အင်း ဝေးလေစွ ဝေးလေစွပေါ့..။
နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းနဲ့ လ္ဘက်ရည်ဆိုင်မှာ ခဏထိုင်ရင်း သူညည်းတာတွေ နားထောင် လိုက်ရတယ်.. "နေလို့ကောင်းလား" ဆိုတော့ "ကောင်းဘူး" တဲ့.. "ပျော်လား" ဆိုတော့ "ပျော်ဘူး" တဲ့.. "အင်း.. ဒီလိုပါပဲလေ ပျော်ရာမှာမနေရ တော်ရမှာနေရဆိုတာ.." ဘာညာ နည်းနည်းပါးပါး သူ့ကို အားပေးရတာပေါ့..။
ဒီမှာလည်း လူတွေ စည်ကားနေတာပါပဲ.. ဘာလို့ပါလိမ့်လို့.. စပ်စုကြည့်တော့ နိုတြီမှာ တံဆိပ်တုံး လာထု.. လက်မှတ် လာထိုး ကြတာတဲ့.. အင်း.. မလွယ်ပါလားနော်.. ဒါကလည်း အလုပ်တစ်ခု..။
နိုင်ငံခြားရေးဌာနက ထွက်တော့ ဆိုက်ကယ်သမား တစ်ယောက်က သတိပေးသွားတယ်.. ညာမကွေ့ရဘူးနော်တဲ့.. တစ်လမ်းမောင်းတဲ့.. လမ်းထိပ်မှာ ဖမ်းနေတယ်တဲ့.. အဲ့ဒါမှ ခက်တော့တာပဲ ကိုယ်သွားချင်တဲ့လမ်းက ညာဘက်မှာ.. လှမ်းမြင်နေရတယ်.. နီးနီးလေးရယ်. လမ်းပြောင်းပြန် ဖြစ်နေတော့ သွားမရဘူးပေါ့.. အဲ့ဒါနဲ့ ဘယ်ဘက်ကို ကွေ့ပြီး လမ်းမကြီးအတိုင်း ပတ်ပြီး မောင်းသွားလိုက်တာ ကျနော်ထင်တယ် အဲ့ဒီကို ရောက်ဖို့ နှစ်မိုင်ကျော်လောက် မောင်းလိုက်ရရော.. အင်းး.. တစ်မျိုးပါလားနော်.. ပေါ့..။
စည်ပင်ရိပ်သာကို ပြန်ရောက်.. ဆိုက်ကယ် ပြန်အပ်.. အချိန်ကလည်း မနည်းတော့ဘူးဆိုတော့ "တုတ်တုတ်လေး" ကို စီးပြီး နေပြည်တော် မြို့မဈေးကြီးဘက်ကို ဆက်ထွက်လာခဲ့တယ်..။ တုတ်တုတ်ဆိုတာက လူစီးတွဲကို ဆိုက်ကယ်နဲ့ဆွဲတဲ့ ယာဉ်တစ်မျိုးပါ.. လူ (၁၅) ယောက် လောက်တော့ အေးဆေး စီးလို့ရတယ်.. တစ်ခါမှ မစီးဖူးတော့ ပျော်စရာလေးပါ.. အသံလေးကိုက ချစ်စရာ "ပလုတ်တုတ်တုတ်! ပလုတ်တုတ်တုတ်!" နဲ့..။
မြို့မဈေးရဲ့ ညနေခင်းက တော်တော်လေးကို စည်ကားနေပါတယ်.. ကားဂိတ်တွေကလည်း ဒီနေရာမှာပဲဆိုတော့ နေပြည်တော်ရဲ့ လူအစည်ဆုံးနေရာပေါ့.. အပြန်ကားကိုတော့ Air Con: ပါတဲ့ကား.. ကားကောင်း ကားသန့် သေချာရှာစီးမှ.. လာတုန်းကလို တစ်လမ်းလုံး စက်သေနပ်ပစ်လာတဲ့ ကားမျိုးနဲ့ဆိုရင်တော့ဖြင့် မဖြစ်ဘူး.. ဂိတ်ထိုး ရပ်ထားသမျှကားတွေကို အကုန်လိုက်ကြည့်တော့ ရွှေမန်းသူ ကားသစ်ကြီး တစ်စီးတော့ တွေ့တယ်.. ဒါနဲ့ ရွှေမန်းသူ ဂိတ်မှာ လက်မှတ်သွားစုံစမ်းတော့ ကံကောင်းပေလို့.. တစ်စောင်ပဲ ကျန်တော့တာတဲ့.. ခြောက်ထောင့်တစ်ရာတဲ့.. Air Con; လည်းပါတယ်တဲ့.. ပါရမီကားကွင်း အထိ ရောက်တယ်တဲ့.. အိုကေပေါ့.. လက်မှတ် ဖြတ်လိုက်တယ်.. သေချာထပ်မေးရသေးတယ်.. တော်ကြာ ပြောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်နေရင် ဒုက္ခ..။
စိတ်တော့အေးရပြီ.. ကားလက်မှတ်လည်း ရပြီ.. ကိစ္စတွေလည်း ပြီးပြီ.. မပြီးသေးတာက ဗိုက်ကိစ္စ.. တစ်နေ့လုံး ဘာမှမစားရသေးဘူးလေ.. ညနေပိုင်းဆိုတော့ ထုံးစံအတိုင်း နည်းနည်းပါးပါးလည်း သောက်ချင်သေးတာလေ.. လူကလည်း ပင်ပန်းနေပြီ.. ဒီတော့ ဘယ်နား သောက်လို့ရတဲ့ ဆိုင်ရှိလည်း မေးရမြန်းရတော့တာပေါ့..။
အပါးပါး.. များလိုက်တဲ့ စားသောက်ဆိုင်တွေ.. လေဟာပြင်ထဲမှာ စားပွဲတွေချပြီး ခင်းထာတာဆိုတော့ ထိုင်ချင်စဖွယ်.. ရူခင်းကလည်း ကောင်းမှကောင်း.. လေလေးကလည်း တဖြူးဖြူးနဲ့.. မြို့မဈေးကွင်းကြီးနဲ့ ဟိုးခပ်ဝေးဝေးကိုပါ မြင်ရတဲ့ တောင်ကုန်းမြင့်ကြီးပေါ်မှာ..။ ကျနော့်အထင် နေရာအကျယ်က ဘော်လုံးကွင်း တစ်ကွင်းစာ လောက်တောင် ရှိမလားပဲ..။ အင်း.. ဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲ..! စားပွဲခင်း အနီတွေ ခင်းထားတာက ဗီအိုင်ပီ ဝိုင်းတွေလားမသိဘူး.. အရမ်းတော့လည်း မဝင်ရဲဘူး.. တော်ကြာ လူကြီးဝိုင်းဆိုရင် ခက်ဦးမယ်.. နောက်ဆုံးတော့ လူတစ်ယောက်မှ မရှိတဲ့ ဆိုင်ကြီးတစ်ဆိုင်ထဲကို အတည်ပေါက်နဲ့ ဝင်ထိုင်လိုက်တယ်..။
ဗိုင်ဆာဆာနဲ့ မှာလိုက်တာ ငါးခေါင်းချဉ်စပ်ဟင်းချို တစ်ပွဲ၊ ဝက်နံရိုးကြော် တစ်ပွဲ၊ အစိမ်းကြော် တစ်ပွဲ.. နောက် ဘီယာ တစ်ဂျား..။ ဘီယာက မှာသာမှာရတာ သိတ်ကြိုက်လှတယ်တော့ မဟုတ်ဘူး.. အပြင်းကို ပိုကြိုက်တာ.. အပြင်းက မှာစရာမလိုဘူးလေ.. အိတ်ထဲမှာ ပါပြီးသား.. ဟီးးး)
ဟင်းပွဲတွေ လာချတော့ ကုန်ပါ့မလားတောင် မသိဘူး နည်းတဲ့ ပွဲကြီးတွေ မဟုတ်ဘူး.. ကယ်.. မထူးတော့ဘူး ဗိုက်ကလည်း ဆန္ဒပြနေပြီဆိုတော့ ဆွဲလိုက်တာ အားရပါးရ..။ ဘီယာလေးကမိုက် လေလေးကတိုက်နဲ့ ကောင်းမှကောင်း.. ဟိုဒီခိုးကြည့်ပြီ ပါလာတဲ့ ကိုယ့်ပုလင်းလေး အသာထုတ်ပြီး ခပ်များများလေး ဂွတ်လိုက်တာ ရင်ထဲကို ပူဆင်းသွားတာပဲ..။ ဗိုက်ကလည်း ဆာ.. အမြည်းကလည်း ကောင်း.. ရာသီဥတုကလည်း ကိုယ့်ဘက်ပါ ဆိုတော့ ပြီးပြီပေါ့.. ဒီလိုအချိန်မျိုး သောက်ဖော် သောက်ဖက် ဘော်ဘော်ကြီးတွေကို တော်တော် သတိရမိတယ်..။
ကားထွက်ဖို့က နာရီဝက်လောက်ပဲ လိုတော့တယ်လေ.. ကိုယ်စားထားတာ ကိုယ်ပြန်ကြည့်လိုက်တော့ ဟုတ်ရော ဟုတ်ရဲ့လားလို့.. ချဉ်စပ်တစ်ပွဲလုံးလည်း ကုန်ပြီ.. ဝက်နံရိုးလည်း အရိုးတွေတောင် ကြေလို့.. ထမင်းနည်းနည်းတောင် စားထားလိုက်သေးတယ်.. ဘီယာ တစ်ဂျားလည်းကုန်.. ပုလင်းပြားလေး လက်ကျန်လည်းကုန်.. အင်း.. အခုမှ လောကကြီး သာယာသွားတော့တယ်.. အေ့..။
နေပြည်တော်ကနေ ကားစထွက်တော့ ည (၇း၃၀) တိတိ.. နှုတ်ဆက်ပါသည် နော်ပြေတီ (နေပြည်တော်) ပေါ့..း) သိတ်တောင် မမှောင်သေးဘူး လမ်းမီးတိုင်တွေကတော့ လင်းနေကြပြီ.. ကားကတော့ ပြောထားသလိုပဲ တကယ်လည်း ကောင်းပါတယ်.. Air Con; က အေးစက်လို့.. လာတုန်းကနဲ့ တခြားစီ.. သီချင်းလေးက တိုးတိုးအေးအေး လူကလည်း မူးတူးတူး ငြိမ့်တိမ့်တိမ့်..။
သိတ်တော့ မငြိမ့်လိုက်ရပါဘူးဗျား( .. နာရီဝက်လောက်လည်းနေရော.. ဗိုက်ပြဿနာက စပါလေရော.. ချဉ်စပ်ကလည်း ဗိုက်ထဲမှာ သောင်းကျန်းနေပြီ.. ဘီယာတစ်ဂျားကလည်း ပေါက်ကွဲလုနေပြီ.. ဘုရားဘုရား ဒီဒုက္ခက ဆိုးဝါးလှပါလားနော်.. ဝမ်းနုတ်ဆေး စားထားသလိုကို ခံစားနေရပါလား.. အီးးးဟီးးးး..း(( ။
အော်.. နေပြည်တော်ရယ်.. လာတုန်းကလည်း အီလည်လည် ပြန်တော့လည်း အီလည်လည်ကြီးပါလား..!
မဖြစ်တော့ဘူး.. မအောင့်နိုင်တော့ဘူး.. သွားချင်လှပြီ.. အမြန်ဆုံးရောက်ချင်လှပြီ.. ဗီဒီယိုခွေရစ်သလို အမြန်ဆုံး ရစ်ပြီး ရေးလိုက်မှ ဖြစ်တော့မယ်..
လမ်းတွေကောင်း..> မီးတွေလင်း..> မခံစားနိုင်..> ဗိုက်နာ..> အတွေးထဲမှာ..> အိမ်သာ..!..> အိမ်သာ..!!..> ချွေးတွေပြန်..> ဒူးတွေတုန်..> ကြက်သီးတွေထ..> အမြန်မောင်းပါ..> ကားခဏရပ်..> အပြေးအလွှား..> ရှာ..> အိမ်သာ..> ဝမ်းသာအားရ..> အားရပါးရ..> နေသာထိုင်သာ..> သက်ပြင်းချ..> ကားပြန်ထွက်..> နာရီဝက်..> ဗိုက်ပြန်နာ..> ရောက်ချင်နေတာ..> အိမ်သာ..!!..> ဆွာ..> တောင်ငူ..> ဖြူး..> ပဲနွယ်ကုန်း..> ညောင်လေးပင်..> ဒိုက်ဦး..> ပဲခူး..> ဗဂိုး..> နံနက်စာ..> ကားရပ်..> အိမ်သာ..> အားပါးတရ..> နေသာထိုင်သာ..> ကားပြန်ထွက်..> အိပ်ငိုက်..> ငိုက်..> လန့်နိုး..> ပြန်ငိုက်..> ဝေလီဝေလင်း..> လေးနာရီခွဲ..> လည်းကူး..> ကူး..> ကူးးးးးး..> ကူးးးးးးးးးးးးးး.....> လမ်းဖြတ်ကူး..> ရန်ကုန်..!..> ရန်ကုန်...!!..> ကုန်..> ကုန်..> လမ်းမီးတိုင်..> မီးမလာ..> ကားတွေကျပ်..> လမ်းတွေဆိုး..> လူတွေများ..> လမ်းတွေကျဉ်း..> ဖုန်တွေတက်..> ပန်းချီကား..> ပန်ချီကား..!!..> ကဗျာ..> သံစဉ်.....>>>>>>>>>>>>>>>>>>>>>
ရန်ကုန်ဟာ ကျနော်တို့ရဲ့ နှလုံးသား..၊ သာသနာ့အရောင်တွေ ထွန်းတောက်လို့ ကမ္ဘာမှာပေါက် ခဲ့တဲ့နေရာ..၊ သမိုင်းဝင်နေ့စွဲတွေ ထင်ကျန်ခဲ့တဲ့နေရာ..၊ လေးစားကြည်ညိုဖွယ် သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ရှင်သန်ရာနေရာ..၊ အမေနဲ့ အမေ့အိမ် ယိုင်နဲ့နဲ့လေး ရှိတဲ့နေရာ..၊
တစ်ခါတလေ ရန်ကုန်ဟာ ကဗျာတစ်ပုဒ်နဲ့တူတယ်..!!
ပန်းချီလိုလည်း လှပြန်တယ်...!!
သီချင်းတစ်ပုဒ် ဆိုရင်လည်း ဟုတ်တယ်..!!
သေချာတယ် ဟောင်းနွမ်းနေတဲ့ ရန်ကုန်ဆိုတာ ဖုန်တွေတက်နေတဲ့ အဖိုးတန် ပန်းချီကားတစ်ချပ်..!!
ပန်းချီကားထဲက ဆေးစက်တွေ၊ သွေးစက်တွေဟာ အနာဂတ်အတွက် ခွန်အားတွေ...!!
အခုတော့.. အဲ့ဒီ လှပတဲ့ ပန်းချီကားအဟောင်းကိုပဲ ရင်မှာပွေ့ပိုက် ကဗျာတစ်ပုဒ်လို မြတ်မြတ်နိုးနိုး ဖတ်ရင်း ခပ်တိုးတိုး သံစဉ်ရှာနေမိတော့တယ်........။
ပြီးဆုံးပါပြီ..။
အားလုံးကို လေးစားချစ်ခင်စွာဖြင့်..
(ကိုရင်နော်)
မှတ်ချက်။ ။ သွားရင်းလာရင်း တွေ့မြင် ခံစားခဲ့ရသည်များကို အမှတ်တရဖြစ်စေရန် ခရီးသွားဟန်လွဲ ရေးသားထားခြင်း သက်သက်သာ..။ မှတ်တမ်းဓါတ်ပုံများစွာကို သေသေချာချာ ရိုက်လာပါသော်လည်း Memory Card လေး ပျက်စီးသွားသောကြောင့် တင်ပြနိုင်ခြင်းမရှိတာကို "ညံ့ဖျင်းလိုက်လေခြင်း" လို့သာ ဝိုင်း၍ အပြစ်တင်ကြပါခင်ဗျာ..။ နေပြည်တော် ဓါတ်ပုံတွေကို ကြည့်လိုတယ်ဆိုရင်ဖြင့် "နေပြည်တော်" ဆိုသော ပိုစ့်လေးကို ဖတ်ရင်း ကြည်ရှုနိုင်ပါတယ်လို့ ညွှန်းလိုက်ပါရစေ..။

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်.. အံကိုတင်းနေအောင် ကြိတ်.. ဆန္ဒတွေကို မျိုသိပ်ထားရတယ်.. အိ.!

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (တတိယပိုင်း)
စည်ပင်ရိပ်သာ ဆိုတာ မည်သူမဆို တည်းခိုလို့ရတဲ့ တည်းခိုရိပ်သာ အကြီးစားကြီးပေါ့..။ ရိပ်သာဝင်းကြီးကတော့ တော်တော်လေးကို ကျယ်ပါတယ်.. အဆောင်တွေကလည်း တော်တော်လေးကို များတယ် အားလုံး တစ်ထပ်ဆောင်တွေပါပဲ.. ကျနော့်အထင် အခန်းပေါင်း ရာကျော်လောက်တော့ ရှိလိမ့်မယ်.. ရိပ်သာရဲ့ ဧည့်ကြိုဆောင်မှာတော့ လူတွေ တော်တော်များများ ငုတ်တုတ် ငိုက်နေကြတယ်.. ထိုင်တဲ့သူထိုင်.. ထတဲ့သူထနဲ့ အခန်းရရေး စောင့်ဆိုင်းနေကြလေရဲ့.. ကျနော်တို့လည်း အခန်းရဖို့ စာရင်းပေးပြီး စောင့်နေရတော့တာပေါ့ဗျာ..။
စည်ပင်ရိပ်သာ လူစည်ကား ဧည့်ကျလိုက်ပုံများ ကျနော်တို့ အခန်းမရဘူးတဲ့ဗျာ.. တနင်္လာနေ့ဆိုတော့ လူကလည်းများပါ့.. တစ်ညလုံးလည်း ခရီးက ပန်းလာတယ်.. ညောင်းကညောင်း.. အိပ်ကလည်း တော်တော့်ကို အိပ်ချင်နဲ့ စိတ်ညစ်လိုက်တာဗျာ..။
စည်ပင်ရိပ်သာ ဝင်းအတွင်းက လ္ဘက်ရည်ဆိုင်တွေကတော့ ဖွင့်ခါစပေါ့.. တော်သေးတာပေါ့ ဒီနားမှာ ထိုင်စရာ ဆိုင်လေးတွေရှိလို့.. မဟုတ်လို့ကတော့ ဘယ်နားသွားလို့ ဘာလုပ်နေရမှန်းတောင် သိမှာ မဟုတ်တော့ဘူး..။
"အန်ကယ်ရေ.. ဒီအတိုင်းဆို ကျနော်တို့ ဒီဆိုင်မှာ သုံးနာရီလောက်တော့ ထိုင်နေရမယ် ထင်တယ်.."
"ဟုတ်ပါ့ ငါ့တူရာ.. အခန်းမရတော့လည်း ဒီတိုင်း ထိုင်နေရုံသာ ရှိတော့တာပေါ့"
"ကားကလည်း ဒီကိုရောက်တာ စောလွန်းပါတယ်နော် ရှစ်နာရီလောက်မှ ရောက်ရင် ရုံးဖွင့်ချိန်နဲ့ ကွက်တိလောက်ပဲ.."
"အေး.. ဟုတ်တယ်ကွ.. တကယ်ဆို ရန်ကုန်ကနေ ည ကိုးနာရီ လောက်မှ ထွက်ရင် အနေတော်လောက်ပဲကွ.. စောရောက်တော့ ဒုက္ခများတာပေါ့ကွာ.."
"ဒီလိုသာဆို ရုံးကိစ္စ ခဏခဏ လာရတဲ့သူတွေ ဒုက္ခပဲနော်.."
"ဒါပေါ့.. အန်ကယ်ဆို တစ်လကို အနည်းဆုံး သုံးခေါက် လောက်တော့ လာရတယ်ကွ.. အန်ကယ်တို့ ကုမ္ပဏီက သွင်းကုန်၊ ထုတ်ကုန် လုပ်တာဆိုတော့ ဒီက ကုန်သွယ်ရေးကို ခဏခဏ လာနေရရောပေါ့ကွာ"
ဒီလိုနဲ့ လေကန်ရင်း.. ဝေဖန်ရင်း.. ဟိုအကြောင်းရောက် ဒီအကြောင်းရောက်နဲ့ အချိန်ကို မကုန်ကုန်အောင် ဖြုန်းနေရတော့တာပေါ့. (ဝေဖန်တာတွေကတော့ ပိုစ့် ရှည်သွား မှာစိုးလို့ ထည့်မရေးတော့ပါဘူးဗျာ.. နော်. ဟီးးး)
ခြေဆန့်လက်ဆန့် လမ်းထလျှောက်လိုက်.. ပြန်လာထိုင်လိုက်.. စကားပြောလိုက်နဲ့ နေပြည်တော် နံနက်ခင်းက စိတ်ညစ်စရာ ပျင်းရိဖွယ်ကိုဖြစ်လို့.. ဒီလိုနဲ့ ကိုးနာရီလည်း ထိုးခါနီးရော.. မှတ်ပုံတင်လေး အပေါင်ထားပြီး တစ်နာရီ တစ်ထောင့်ငါးရာနဲ့ ဆိုက်ကယ်တစ်စီး ငှားလိုက်တယ်.. စည်ပင်ရိပ်သာက စထွက်တော့ ကိုးနာရီထိုးနေပြီ.. ကျနော့်ပုံစံကလည်း ဆိုက်ကယ် ပြိုင်ပွဲ ဝင်တော့ မလိုလို.. အန်ကယ်ကြီးပုံစံကလည်း ကျနော့်ကို ယုံကြည်မှု မရှိသလိုသလို..။
မြို့ပြရဲ့မနက်ခင်းကတော့ တော်တော်လေးကို စည်ကားနေပါတယ်.. ရုံးချိန်.. ကျောင်းချိန် မို့လို့လားတော့ မသိဘူး ရုံးကားတွေ.. လိုင်းကားတွေ.. တိုက်စီတွေနဲ့..။ လူတွေရော.. ကားတွေရော.. ပြည့်ကျပ်နေပါတယ်..။ ကားမှတ်တိုင်တွေမှာလည်း လူတွေပြည့်ကျပ်လို့.. ကားလမ်းတွေမှာလည်း များလွန်းလှတဲ့ ကားတွေနဲ့ သွားမရအောင် ပိတ်နေပါတယ်.. မီးပွိုင့်တွေလည်း ကားတန်းရှည်ကြီးတွေနဲ့..။ အိုးဟိုးဟိုး.. အဲ့ဒါကတော့ ကျနော်တို့ရဲ့ ရန်ကုန် မနက်ခင်းလေးပေါ့.. (အော်ဟော.. မှားကုန်ပြီ..!!! နေပြည်တော်အကြောင်းရေးနေတာ.. ဘယ့်နယ် ရန်ကုန်က ပါလာတာတုန်း... ဟီးးး ဆောရီးးး)..။
နေပြည်တော် မနက်ခင်းကတော့ တော်တော့်ကို ရှင်းရှင်းလင်းလင်း.. ကားဆိုတာလည်း သိတ်မတွေ့ရ.. လူသွားလူလာ ကလည်း ခပ်ပါးပါးသာ.. ကားမှတ်တိုင်တွေကတော့ လူမရှိသူမရှိ.. ယာဉ်သွားယာဉ်လာ ကလည်း နည်းလွန်းလို့လားတော့ မသိဘူး.. လမ်းဆုံတွေမှာ မီးပွိုင့်တောင် တစ်ခုမှ မတွေ့မိပါဘူး..။ ဧရာမလမ်းကျယ်ကြီးတွေ ကတော့ အားရစရာ.. ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲများ လုပ်လိုက်ရလို့ကတော့.. နေပြည်တော်ကြီး ကမ္ဘာကျော်သွားနိုင်တယ်.. အခုတော့ ကားဆိုတာ တော်တော်ကြာမှ တစ်စီးစ နှစ်စီးစ..။
အဝိုင်းကြီးနားရောက်တော့ ရုံးဌာနများသို့ ဆိုပြီး လမ်းညွှန်ပြထားတဲ့ လမ်းအတိုင်း ဆက်မောင်းသွားတာ.. တော်တော့်ကိုဝေးတယ်.. အန်ကယ်ကြီးကတော့ အနောက်ကနေထိုင်ရင်း လမ်းတွေ ညွှန်ပြ.. ရှင်းပြနှင့်..။ ကုန်သွယ်ရေးကို အရင်သွား.. အန်ကယ်ကြီးကို ချပြီးမှ.. ကိုယ့်ကိစ္စ ဆက်သွားမှာဆိုတော့.. လမ်းတွေကို သေချာမှတ်နေရတယ်..။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တွေ့ခဲ့ပြီ.. စွမ်းအင်ကိုလည်း တွေ့ခဲ့ပြီ.. တစ်နေရာနဲ့ တစ်နေရာ တော်တော့်ကို လှမ်းတယ်.. တောင်တစ်နေရာ မြောက်တစ်နေရာ..။
ဆိုက်ကယ် မိုင်ကုန်ဖွင့် မောင်းနေတာကို တော်တော်သွားနေရတယ်.. ဒါကြောင့် ကယ်ရီဆရာတွေ ဈေးတောင်းတာဖြစ်မယ်.. အခုမှ သူတို့ကိုလည်း ကိုယ်ချင်းစာတတ်ပါပြီ.. အဲ့လိုနဲ့ ကုန်းတက်လိုက်.. ကုန်းဆင်းလိုက်.. အဝိုင်းပတ်လိုက်နဲ့ မောင်း.. မောင်း... မောင်းလာလိုက်တာ..
"ငါတူ အရှေ့မှာ ကွေ့မယ်.. ကွေ့မယ်.. ညာဘက်ကွေ့ဝင်.. ကုန်သွယ်ရေး ရောက်ပြီ.."
"ရောက်ပြီလား အန်ကယ်.. ဆိုင်းဘုတ် မတွေ့ပါလား.. ခုဏ ဌာနတွေတော့ ဆိုင်းဘုတ် အကြီးကြီးတွေနဲ့.."
"အေးကွ.. ဒါက နောက်ဖေး ပေါက်လေ.."
"ဗျာ.. ကုန်သွယ်ရေးက နောက်ဖေးပေါက် ရှိတာလား.."
"အဟေး.. ဟုတ်တယ်ကွ ကုန်သွယ်ရေးဆိုတော့ သိတဲ့အတိုင်း နောက်ဖေးပေါက်လေး နဲ့မှအဆင်ပြေမှာကွ.."
"အောဟော.. ဟားဟား.."
"ဟိုးရှေ့နား နည်းနည်းထပ်သွားလိုက်ရင်တော့ ပင်မဝင်ပေါက်ကြီး ရှိတယ်ကွ.. သိတ်တော့ မသုံးကြဘူးကွ.. ကုမ္ပဏီကိစ္စ လာတဲ့လူတွေအားလုံး နောက်ဖေးပေါက်ကပဲ ဝင်ကြတာလေ.. ဒို့လည်း ဒီကသာ ဝင်ကြစို့.."
"အော်.. ဒီလိုလား.. ဟဟား.. ဒီနားရပ်လိုက်မယ်နော် အန်ကယ်.."
"အိုကေ.."
တကယ်တော့ ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီး ဆိုတာက...
ဆက်ရန်.....

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (ဒုတိယပိုင်း)
ဘေးက အန်ကယ်ကြီးကို မသိမသာ မေးကြည့်လိုက်တယ်..
"အန်ကယ် အခု ဘယ်ရောက်နေပြီလဲ.." လို့
"နေပြည်တော်"
"ဗျာ.......!!! ဟုတ်လားးးးးး..."
ကျနော်လည်း အံသြတကြီးနဲ့ ဟိုကြည့် ဒီကြည့်..
"ဟား.. အန်ကယ်.. အခုမှ လေးနာရီခွဲကျော်ကျော်ပဲ ရှိသေးတယ်.. အစောကြီးရောက်တာပါလား.. ကျနော်က ခုနှစ်နာရီလောက်မှ ရောက်မယ်ထင်နေတာ.."
"ဒါပုံမှန်ပဲလေ.. ဒီအချိန် ရောက်နေကျ.. "
"အော်... ဟုတ်ကဲ့.."
ကားတံခါးကြားက တိုးဝင်လာတဲ့ နေပြည်တော်ရဲ့ အာရုဏ်ဦး လေနုအေးက အေးသလိုလို.. နွေးသလိုလို..။ မြို့အဝင် နှစ်လမ်းမောင်း လမ်းမကြီးကတော့ လှလည်းလှ.. ကျယ်လည်းကျယ်..။ ကျနော်တို့ ကားကြီးတစ်စီးတည်း လမ်းကျယ်ကြီးပေါ်မှာ အားရပါးရကြီး မောင်းနေလိုက်တာများ.. "တဝှီးဝှီး" နဲ့.. လမ်းမီးတိုင်တွေကလည်း ညီညီညာညာ လင်းထိန်နေလိုက်တာများ.. မိုင်ချီရှည်လျားတဲ့ အံ့ဖွယ်မီးချောင်းရှည်ကြီး ထွန်းထားသလို တစ်ဆက်တည်း ဖြောင့်တန်းလို့..။
"ဒါတွေက ဝန်ထမ်း အိမ်ယာတွေလေ.. ဒီဘက်မှာတော့ ဟိုတယ်တွေရှိတယ်.."
"အော်.. ဟုတ်ကဲ့.."
အန်ကယ်ကြီးကလည်း လက်ညှိုးတစ်ထိုးထိုးနဲ့ ရှင်းပြနေပါတယ်.. တောသား မြို့ရောက်ဆိုတော့ သူလည်း ကျနော့်ကို သနားတယ်ထင်ပါတယ်..
ဟိုတယ်တွေက အတွင်းထဲကို နည်းနည်းဝင်ရတယ်ထင်တယ် လမ်းကနေတော့ ဆိုင်းဘုတ်ကြီးပဲ မြင်ရတယ်..။ ဝန်ထမ်းအိမ်ယာတွေကတော့ ကွန်ဒိုတိုက်ခန်း ပုံစံမျိုးတွေလိုလိုပါ.. ဝန်ထမ်းအိမ်တွေကို အပြင်ဖက်ကနေ လှမ်းမြင်လိုက်ရတာကတော့ လှပနေတာပါပဲ.. တကယ်ရော အဆင်ပြေကြသလား.. ပျော်ရွှင်ကြသလား.. ဆိုတာကတော့..!! ထားပါလေ.. မတွေးတာကောင်းပါတယ်..။
နည်းနည်းလေး ထပ်မောင်းလိုက်တော့ အားပါးပါး.. ကြီးမားလိုက်တဲ့အဝိုင်းကြီး.. ရန်ကုန်က အဝိုင်းတွေထက် အဆပေါင်းများစွာကြီးတဲ့ အဝိုင်းပတ် လမ်းဆုံကြီး.. လမ်းငါးခု စုံတယ်ထင်တာပဲ.. ပန်းတွေနဲ့ အလှဆင်ထားလိုက်တာ ခုတော့လှတပတကြီးပေါ့.. လမ်းဘေးပတ်လည်မှာလည်း အလှဆင်ကျောက်တုံးတွေလား.. ကွန်ကရစ်တုံးတွေလားတော့ မသိဘူး အစီအရီနဲ့.. တော်တော်ကို လှတော့လှနေတာ.. လမ်းဘေးနံရံတွေကို မျက်စိထဲ မြင်အောင်ပြောရရင် ဗားဂရာချောက် လမ်းဆုံ လမ်းဘေးနရံတွေကို ကွန်ကရစ်နရံတွေ ကာထားသလိုပေါ့.. အဲ့လို အဲ့လို.. လုပ်ထားတာ...။
ဧရာမအဝိုင်းကြီးကို ကျော်လာပြီးတော့ ဆက်မောင်းလာလိုက်တာ.. ဗဟိုစာတိုက်ကြီး ဆိုတာကိုလည်း လမ်းညာဘက်မှာတွေ့တယ်.. လမ်းရဲ့ ဘယ်ဘက်မှာ ကန်ကြီးလားမသိဘူးဗျ.. ရေတွေတော့တွေ့တယ်.. ကန်တော်ကြီးလိုလို.. အင်းယားကန်လိုလို ကန်ပဲဗျ.. အဲ့ဒီကနေဆက်သွားပြီး ညာဘက် ကုန်းလေးပေါ် တက်သွားလိုက်တော့ မီးတွေ လင်းထိန်နေတဲ့ မြို့မဈေး ဆိုတာကြီးကို ရောက်သွားပါလေရော.. ကားကလည်း ဂိတ်ဆုံးသွားပြီတဲ့... ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ တခြားလိုင်းကားတွေလည်း ဆိုက်လာကြတယ်.. နာရီကြည့်မိတော့ ငါးနာရီ ရှိပြီပေါ့..။
ကျနော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ.. ဘယ်အချိန် ဘယ်ကနေဆင်းဆင်း နောက်ဆုံးမှ ဆင်းချင်တာ.. ကားပေါ်ကဆင်းဆင်း၊ ရထားပေါ်ကဆင်းဆင်း၊ လေယာဉ်ပေါ်ကဆင်းဆင်း လူတွေအားလုံးဆင်းပြီးမှ အေးဆေးဆင်းချင်တာလေ.. အခုလည်း အားလုံးဆင်းပြီးမှ အေးဆေးဆင်းတာပေါ့.. (မင်းသား စတိုင်နဲ့).. အဲ့ဒီမှာ စတွေ့တော့တာပါပဲဗျာ..။
(((((( အစ်ကိုလာ.. ဘယ်သွားမလဲအစ်ကို..)))))
(((((( ဆရာလာ.. ဘယ်လိုက်ပို့ရမလဲ ))))
အလိုလို..!!! ခရီးဦးကြိုပြုတဲ့လူတွေ ပေါများလိုက်တာ.. လက်ဆွဲတဲ့လူကဆွဲ... အိတ်ဆွဲတဲ့လူ့ကဆွဲ.. အင်္ကျီဆွဲ.. ပုဆိုးဆွဲ.. ခြေထောက်ဆွဲ.. ခေါင်းဆွဲ.. ရှိသမျှအကုန်ဆွဲတာ.. လူတစ်ကိုယ်လုံး တစ်စစီ ပြုတ်ပျက်ထွက်ကုန်တာ အပိုင်းပိုင်း..။ ကျနော့်ကိုလည်း ဆိုင်ကယ်တွေနဲ့ ဝိုင်းထားလိုက်ကြတာများ လမ်းသရဲဇတ်ကားထဲက မင်းသားကို ဝိုင်းထားတဲ့ အတိုင်းပဲ.. ပြေးပေါက်ကို ပိတ်ရော.. အော်... ဆိုက်ကယ်.. ကယ်ရီဆရာတို့ရယ်.. အသာလုပ်ကြပါ.. ကြောက်စရာ လန့်စရာဗျာ.. ဘယ့်နှယ် ဖြေးဖြေးခေါ်တာ မဟုတ်ဘူး.. အလုအယက်.. အတင်းကာရော...။ အင်းလေ...!! ဟုတ်တော့လည်း ဟုတ်ပါတယ်.. နောက်ဆုံးမှ ဆင်းလာတာက တစ်ကောင်တည်းကျန်တဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးဆိုတော့လည်း ဝိုင်းလုကြတာ ဆန်းတော့ မဆန်းပါဘူးလေ..။ အဲ့...! ဒါမှမဟုတ် "အချဉ်တစ်ကောင်တော့လာပြီဟေ့" လို့ တွက်နေကြသလားမသိ..။
"နေ..နေ...နေ... ကြ ပါ ဦး ဗျ... ကျ.. ကျ.. ကျနော်.."
"(((ဆရာလာ ((((အစ်ကိုလာ ((((ကျနော်နဲ့လိုက်ပါ ((((တစ်နေကုန်သုံးမလား ((((ဒီကိုလာပါ (((ဈေးလျော့ပေးမယ်"
ဆူညံနေတဲ့ ဆိုက်ကယ် ကယ်ရီဆရာတွေရဲ့ တစ်ယောက် တစ်မျိုး အော်သံ.. ခေါ်သံတွေကြားမှာ ကျနော် တကယ်ကို ရူးချင်ချင်ဖြစ်သွားတယ်..။
"ဟေ့.. ဟေ့.. ငါ့တူ... ဘယ်သွားမလို့လဲကွ အန်ကယ်က မင်းသွားပြီထင်တာ...!!!! "
"ဟားးး...!!! အန်ကယ်.. အန်ကယ် ရှိသေးတာလား ကျနော်က အန်ကယ်သွားပြီထင်နေတာ.."
ကျနော်နဲ့ တစ်ခုံတည်း အတူတူထိုင်ခဲ့တဲ့ အန်ကယ်ကြီးကို ကယ်တင်ရှင်ကြီးအလား ဝမ်းသာအားရ နှုတ်ဆက်လိုက်တာပေါ့.. အားလည်း တော်တော် တက်သွားတယ်.. နေပြည်တော်ဆိုတာကို အခုမှ ရောက်ဘူးတာလေ.. ဘာမှန်းသိတာမဟုတ်ဘူး.. ဘယ်နားဘာရှိ.. ဘယ်လိုသွားရ.. ဘာမှကိုမသိတာ.. အသိမိတ်ဆွေ ဆိုတာကလည်း မရှိဘူးလေ..။
"အေးဟေးး.. အန်ကယ်ကလည်း မင်းသွားပြီထင်နေတာ.. အန်ကယ်က အောက်ဆင်းပြီး အပေါ့ခဏ သွားတာကွ.. ဒီကားနဲ့ ဆက်လိုက်သွားဦးမှာ.. ဒါနဲ့ နေပါဦး မင်းက ဘယ်သွားမှာလဲ.."
"ဟုတ်.. အန်ကယ် ကျနော်က ရေနံရုံးအရင်သွားမလို့.. အခုအရမ်းစောနေလို့.. ဘယ်သွားရမှန်းကို မသိတော့ပါဘူး.."
"အော်.. ဒါဆိုလည်း အန်ကယ်နဲ့ လိုက်ခဲ့ပါလား.. အန်ကယ်က စည်ပင်ရိပ်သာမှာ ခဏသွားနားမယ်.. အဲ့ဒီမှာ အခန်းငှားလို့ရတယ်ကွ.. ဈေးလည်းသက်သာတယ်.. ခဏတော့ အိပ်ရတာပေါ့ကွာ.. အန်ကယ်လည်း ၉ နာရီလောက် ထပြီး ကုန်သွယ်ရေး သွားမှာ.."
"ဟာ.. ကျေးဇူးပါပဲ အန်ကယ်ရာ ဒါဆို ကျနော်လည်း အန်ကယ်နဲ့ လိုက်ခဲ့မယ်.. ဒါနဲ့ ဒီကားက.."
"ဒီကားက ဒီမှာ ဂိတ်ဆုံးတာပဲကွ.. ဒါပေမယ့် သူတို့ကားက ဒီမှာ လူချပြီးရင် ပျဉ်းမနားဘက် သွားတယ်လေ.. အန်ကယ်တို့က လမ်းကြုံ ဆက်လိုက်သွားတာပေါ့ကွာ.. စည်ပင်ရိပ်သာရောက်တော့ ဆင်းလိုက်ကြတာပေါ့.. ဆိုက်ကယ်ကယ်ရီ စီးသွားရင် ထောင့်ငါးရာ လောက် တောင်းလိမ့်မယ်ကွ.."
"အာ.. ဒါဆို အဆင်ပြေတာပေါ့.. ထွက်တော့မယ် ထင်တယ် အန်ကယ်.. တက်ကြရအောင်.."
ကျနော်လည်း ဆိုက်ကယ်သမားတွေဆွဲချက်နဲ့ ပြုတ်ပျက်ထွက်ကုန်တဲ့ ကျနော့် ခန္ဓာအစိတ်အပိုင်းတွေ စုံမစုံ ပြန်စစ်.. လိုနေတာတွေ ပြန်လိုက်ကောက်ပြီးမှ.. ကတုန်ကယင်နဲ့ စီးတော်ယာဉ်ကြီးပေါ်သို့ ပြန်လည် တက်တော်မူလိုက်တယ်..။
ဟူးးးး.. တော်ပါသေးရဲ့.. အန်ကယ်ကြီးကယ်ပေလို့.. မဟုတ်လို့ကတော့ ဆိုက်ကယ်ကယ်ရီသမားတွေ လက်ထဲမှာ ရေတိမ်နစ်တော့မလို့.. အင်း..!! သူတော်ကောင်း နတ်ကောင်း"မ" ဆိုတာ.. ဒါမျိုးကိုပြောတာဖြစ်မယ်..။
အဝေးပြေးကားကြီးက လာလမ်းအတိုင်း ပြန်မောင်းထွက်လာခဲ့တာ ဖြေးဖြေးမှန်မှန်လေးပေါ့..။ ဧရာမ အဝိုင်းကြီးကို ပြန်ပတ်ပြီး တော်တော်လေး မောင်းလိုက်တော့ နေပြည်တော် စည်ပင်သာယာရေး ဧည့်ရိပ်သာကို ရောက်ရော ဆိုပါတော့..။
တကယ်တော့ စည်ပင်ရိပ်သာဆိုတာက...
ဆက်ရန်.......

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.