Saturday, February 21, 2009

[နံနက်ခင်းကဗျာ] 2 New Entries: စာနာပါ

စာနာပါ

လွှသမား
သစ်သားကို လွှတိုက်တော့
လက်ဖျားကို ခိုက်မိရာ။
နိုင်ငံသား
နိုင်ငံရေး လှုပ်ရှားတော့
ကျဉ်းကျယ် ချုပ်နဲ့ ငြားခဲ့ရာ။
မဖြစ်ချင် ဖြစ်ချင် ဖြစ်တာမို့
ဖြစ်လာက ပြစ်မမြင်သင့်ပါ
သတိထား ပြုမူစရာ
ပြုသူသာ ချင့်သုံး။
ကျောင်းကျိုးရည်မျှော်
သို့ငြား ပါသော်လည်း
အဆိုးနော် အကျိုးပေါ်ထွက်ပါက
ဒေါသထန် ရန်မာန် မဖက်သင့်တယ်
မင်းရာဇာ သိစေချင်ဆုံး။

ဂန္တဝင် (ဗိုလ်ကြာ)
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

ဘဝ

နှစ်လုံးတည်း စကားလုံး
ပြောကြ သုံးလည်း
မဆုံး အဓိပ္ပါယ်
နက်ရှိုင်း ကျယ်၏။
ပန်းမွေ့ယာပေါ်
အိပ်စက် ပျော်လည်း
ဒါ 'ဘဝ' ပဲတဲ့။
ရွှံ့နွံ တွင်းဝယ်
ကျောဆန့် ခင်းရလည်း
ဒါ 'ဘဝ' ပဲ။

ပန်းခင်းသောလမ်း
လှမ်းလျှောက် ရလည်း
ဒါ 'ဘဝ' ပဲ။
ဆူးခင်းလမ်း အထပ်ထပ်
နင်းဖြတ် ကျော်လွှား
သွားပါ ရလည်း
ဒါ 'ဘဝ' ပဲ။
ဘယ်၍ ဘယ်မျှ
ဒဏ်ချက်ရလို့
ဘယ်၍ ဘယ်မျှ
လဲပြို ကျပါစေ
စိတ်ဓာတ် ခွန်အား
တင်းကာ ထားမယ်
လူသားတို့ မာန်
မိုးသို့ ပျံဝဲ
လဲလျှင် ပြန်ထ
ဒါ 'ဘဝ' ပဲ။
ကျော်
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.