Monday, November 3, 2008

[HEALTH INFORMATION] 1 New Entry: နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)

နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)



နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..


အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..

လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ..
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်..
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်..
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထား သည်များကို လိုက်နာရန်..
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်..

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ ။
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....။
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)။
  • နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..။

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♠ Navana07

♠ Navana07

မနေ့က ပို့စ်အသစ်တင်မယ်ခဲထားပြီး အခန်းသန့်ရှင်းရေး လုပ်တာနဲ့ ပွဲသိမ်းသွားတယ်။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်ရခြင်း အကြောင်းရင်းက ဘလော့ဂ်နဲ့ ပတ်သက်နေလို့ ရေးဖြစ်အောင်တော့ ရေးလိုက်ပါအုံးမယ်လေ။ အမှန်တိုင်း ဝန်ခံရရင် မြန်မာပြည်အလယ်ပိုင်းက ဆမိတ်ခုံလို့ဖတ်ပြီး ဆီမီးခုံလို့ရေးတဲ့ ရွာကလေးက ကိုနဗနဆိုသူ အစ်ကိုကြီးတစ်ယောက် သူ့ငယ်စဉ်တောင်ကျေး ဘဝဇာတ်လမ်းတွေကို စီကာပတ်ကုံး ရေးထားတဲ့ "ကြုံခဲ့ရ နဗနဘဝ" ဘလော့ဂ်လေးကြောင့် ကျနော် အခန်းသန့်ရှင်းရေး လုပ်ရတာပါ။

အဲဒီအကြောင်း ဆက်မရှင်းပြသေးခင် ကျနော့် ရန်ကုန်မှာကျန်ခဲ့တဲ့ ညီတစ်ယောက်အကြောင်း ရေးပါမယ်၊ သူကတော့ ကျနော်ရေးခဲ့ဖူးတဲ့ ရွှေသွေး၊ တို့ကျောင်းသား က စလို့ သုတစွယ်စုံ၊ စွယ်စုံကျမ်း စတာတွေ ထွက်တိုင်းဝယ်ပြီး သစ်သားပုံးကြီးထဲ စုပြုံထည့်ထားတဲ့ စာဖတ်ဝါသနာအိုး ဦးလေးတော်သူရဲ့ သားတော်မောင်ပါ။ ဆိုတော့ သူလည်း ဖခင်ဆီက ဓာတ်ကူးပြီး စာဖတ်ဝါသနာ ထုံလှပါတယ် (ကဲ၊ ထုံတိုင်းမကောင်းဘူးလို့ ပြောချင်သေးလား)။ ကျနော် နိုင်ဂံဂျားထွက်ပြီး နောက်ပိုင်း သူ့ဆီက လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ရံဖန်ရံခါ လက်ခံရတတ်တယ်၊ အချဉ်ထုပ်ကြိုက်တဲ့ သူက ကျနော့်ကိုလည်း အချဉ်ထုပ် တော်တော် စားစေချင်ပုံရတယ်၊ အခေါက်တိုင်းလိုလို အချဉ်ထုပ်တော့ ပါတတ်တယ်၊ ကျနော့်စားပွဲပေါ်က အင်ဗန်ထရီထဲမှာ အချဉ်ထုပ်လက်ကျန်တောင် ရှိနေသေးတယ်၊ ယောက်ျားတွေမို့သာ တော်သေးတာပေါ့။ အဲဒါအပြင် မြန်မာစာအုပ်တွေ နည်းနည်းပါးပါး ပို့ပေးဖူးတယ်။ ကျနော်ဆိုတဲ့ကောင်ကလည်း ဖတ်သာဖတ်တယ်၊ ကလောင်ရှင်တို့ စာအုပ်နာမည်တို့ ဘာတို့ညာတို့ သိပ်မှတ်မထားတော့ ပို့ပေးဖူးသမျှ စာအုပ်စာရင်းကို ဒီမှာချရေးပြဖို့ ခက်နေတယ်၊ ဒါပေမဲ့ အဲဒီအထဲက ကျနော်ပြောချင်တဲ့ စာအုပ်လေးကတော့ လွယ်လွယ်ကူကူ ရှာတွေ့လို့ ရေးဖို့အဆင်ပြေသွားတယ်။ အဲဒါကတော့ စာရေးဆရာမြင့်သန်းရဲ့ ရွာ၏အခြားတစ်ဖက်ရှိချောင်းမှ ရေနောက်ကျိရသည့်အကြောင်း ဆိုတဲ့ မုံရွေးစာအုပ်တိုက်ထွက် စာအုပ်လေးပါ။

ကိုနဗနဘလော့ဂ် ဖတ်ဖတ်ချင်းပဲ အဲဒီစာအုပ်ကို သတိရမိတယ်၊ မြန်မာပြည် ရွာငယ်လေးတွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ရေးထားတာဖြစ်လို့ မြို့ကြီးသားတံဆိပ်ကပ်ပြီး မွေးလာတာမဟုတ်တဲ့ ကိုယ့်နဲ့ တရင်းတနှီး ရှိလှပါတယ်။ အထူးသဖြင့် ဗိုလ်ကုအကြောင်း ရေးထားတဲ့အခန်းတွေဆို ဆရာမြင့်သန်းရဲ့ ဘုန်းကြီး အသားပေးရေးထားတဲ့ စာတွေနဲ့ တော်တော်နီးစပ်တယ်၊ ဒါကလည်း မြန်မာပြည်ရဲ့ ထူးခြားတဲ့ အုပ်ချုပ်မှုပုံစံ (ဘုန်းတော်ကြီးများက အစိုးရ အုပ်ချုပ်မှုယန္တရားနှင့် ပြည်သူအကြား buffering လုပ်ပေးနေတဲ့ ပုံစံကို ဆိုလိုပါတယ်) ကြောင့်ပဲ ဖြစ်လိမ့်မယ်ထင်တယ်၊ အထူးသဖြင့် မြန်မာလူမျိုးများတဲ့ ကျေးလက်ဒေသတချို့မှာ အုပ်ချုပ်ရေးအပြင် ပညာရေး ကဏ္ဍမှာလည်း ဦးဆောင်နေတာက ဆရာတော်တွေပဲကိုး။ ဩော်၊ ဘယ်ရောက်သွားပါလိမ့်။ ပြောချင်တာက ကျနော့်ညီ အဲသလိုစာမျိုး သဘောကျတော့ ကျနော့်လည်း ဖတ်ရအောင် ဆိုပြီး ဝယ်ပို့ပေးဖူးတယ်။

ကြုံခဲ့ရနဗနဘဝကို ကျနော့်ညီလည်း ကျနော့်လိုကြိုက်မယ်ဆိုတာ သိနေတော့ သူဖတ်စေချင်တဲ့ ဆန္ဒရှိလာတယ်၊ ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားမိတယ်။ တနည်းအားဖြင့် မြန်မာပြည်က လူတစ်ယောက် ရေးထားတဲ့စာကို မြန်မာပြည်က တခြားလူတစ်ယောက် အလွယ်တကူဖတ်နိုင်ဖို့ နိုင်ဂံဂျားကလူက ကြံစည်ရခြင်း ဖြစ်ပါတယ်။ ဟိုမှာ ဘလော့ဂ်တွေ ဘန်းထားတဲ့အတွက် ခုန်ကျော်ဖတ်ရတာက ကွန်ပြူတာ သိပ်မကျွမ်းကျင်တဲ့ ကျနော့်ညီလိုလူအတွက် အခက်အခဲ ဖြစ်စေတာကတပိုင်း၊ သူ့မှာ အချိန်လုပြီး လုပ်စရာအလုပ်တွေ ရှိတယ်ဆိုတော့ ဇိမ်ပြေနပြေ ကွန်ပြူတာရှေ့ ထိုင်ဖတ်ဖို့ သိပ်မဖြစ်နိုင်တာကတပိုင်း၊ ဒါကြောင့် ကျနော် အင်တာနက်ပေါ်က ရှိသမျှစာကို ကော်ပီလုပ်၊ ကိုယ့်စက်ထဲမှာ စာပြန်စီ၊ လှတပတ ဖြစ်သွားတော့မှ ပရင့်ထုတ်ပြီး ရန်ကုန်ပြန်ပို့ဖို့ ဆင်ကြံ ကြံနေတာပါ။ အဲဒါကြောင့် ဟိုးတလောက အစ်မအတွက် စားပွဲတင်ကွန်ပြူတာ ဝယ်ခဲ့တုန်းက လက်ဆောင်ပေးတဲ့ ပရင့်တာကို ပက်ကင်ဖွင့်ပြီး နေရာထိုင်ခင်းပေးဖို့ ဖြစ်လာပါတယ်၊ ဒါကြောင့်လည်း အခန်းထဲက ပရိဘောဂတွေ အပြောင်းအရွှေ့လုပ်ဖို့ ဖြစ်လာပြီး အဲလိုရွှေ့ပြောင်းရေး မလုပ်ခင်မှာ တံမြက်စည်း လှည်းခြင်း၊ ကြမ်းတိုက်ခြင်းစတဲ့ သန့်ရှင်းရေးလုပ်ငန်းကိုလည်း တပါတည်းလုပ်ဖို့ ဆုံးဖြတ်လိုက်မိတယ် ဆိုပါတော့ကွယ်။ (မှတ်ချက် - ပရိဘောဂ ဆိုရာ၌ ခါးလောက် မြင့်သော နှစ်ထပ်ဗီရို ပုသေးသေးတစ်လုံးနှင့် ကုလားထိုင်တစ်လုံး တို့ကို ဆိုလိုသည်၊ ညှင်းညှင်း)

အဟမ်း၊ ဒီမှာလိပ်ပတ်လည်သွားပြီ၊ အသစ်ချက်ချွတ်ပရင့်တာကို ပက်ကင်ဖွင့်ပြီး နေရာတစ်ခုစာ ပေးလိုက်မည်၊ သူနှင့်ပတ်သက်ရာ ကားသမားမဟုတ်သော ဒရိုင်ဗာကို စက်ထဲသွင်းလိုက်မည်၊ ပုံမှန် လည်ပတ်နိုင်ပြီ ဆိုသည်နှင့် ကျနော့်ကော်ပီလုပ်ငန်း စတင်ရတော့မည် ပေါ့ကွယ်။ စာစီပြီးသား ပရင့်ထုတ်ရုံ ဖိုင်လေးကို မျှပါအုံးလို့တော့ မတောင်းကြပါနဲ့၊ ဖတ်ချင်ရင် ကိုနဗနဘလော့ဂ် မှာပဲ သွားဖတ်ကြပါဗျား။ (အလဲ့ ဒါလည်းပို့စ်ဖြစ်တာပဲ)
--
အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပွားစရာတွေ ရှိပါသေးတယ်၊ နောက်မှရေးပါ့မယ်။
--
စကားမစပ်၊ စိုင်းစိုင်းဘွိုက်ဇ်လှိုင် သူ့ဘလော့ဂ်မှာ ကိုနဗနနဲ့ ကျနော့်နဲ့ကို အတူတူထားပြီးညွှန်းခဲ့တာ ဖတ်ခဲ့မိတုန်းက ရေလည်ဝမ်းသာမိတယ်၊ ယင်းလီပါတယ် မစ္စတာဘွိုက်ဇ်။ ယင်းလိပ်ခါခြင်း မဟုတ်ပါ၊ ယင်းလီခါ့သည် ကမ္ဘောဇသားတို့၏ သိုင်းခရုပင် ဖြစ်လေတော့သည်။ (ချစ်စရာ ဘလော့ဂ်ကျော်ကြီး အမ်းမားခင်ဦးမေကို ရည်ညွှန်းပါ၏)

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်တဲ့ မနောမြေ] 1 New Entry: ခလေး တိုင်းပြည်က လူကြီးများ

ခလေး တိုင်းပြည်က လူကြီးများ


ဒီတပတ်တော့ ဂျပန်ပြည် တိုကျို ရွှေမြို့တော်ကြီးကနေ ကျည်ဆန်ရထားနဲ့ မိနစ် ၄၀ လောက်စီးပြီး ချီဘား ဆိုတဲ့ အရပ်ကို ရောက်ဖြစ် ပါတယ်၊ ချီဘား ဘူတာကနေ သူငယ်ချင်း တသိုက် ကား၂စီးနဲ့ မိနစ်၃၀လောက် မောင်းယင်ရောက်တဲ့ "ကလေးတို့ တိုင်းပြည်"လို့ ခေါ်တဲ့ ကစားစရာ ဥယျာဉ်ကို ရောက်ပါလေရော၊ ကားရပ်နားခ ယန်း ၆၀၀ နဲ့ အသက်၎နှစ် အထက် မှန်သမျှ ဝင်ကြေး ယန်း၆၀၀စီ ပေးရပါတယ်။

Image and video hosting by TinyPic
ရောက်တယ် ဆိုယင်ပဲ နေရာယူ အသင့်ပြင်ကြပြီ

အဝင်အဝ ဂိတ်မှာ ဝလုံးပုံ မျက်နှာနဲ့ ကလေးလေး ပြုံးနေတဲ့ ပုံနဲ့ ဆီးလို့ ကြိုပါတယ်၊ ရောက်တာနဲ့ တနေ့လုံး စတည်းချဖို့ နေရာရှာလို့ ပြင်ဆင်ကြပါတယ်၊ ဘာဘီကျူး အသားကင်ဖို့ နေရာကိုတော့ ဋ္ဌားရမ်း ရပါတယ်၊ အတော်ကို ဆိတ်ငြိမ်အေးချမ်းတော့ တပတ်စာ မြို့ပြ အပူမီးတွေ ခေတ္တတော့ ငြိမ်းသတ်ခွင့်ရ တာပေါ့။

Image and video hosting by TinyPic
သုံးရောင်ချယ် မေပယ်လ်ရွက်တွေ နဲ့ ဆောင်းဦးရာသီ အလှ

နိုဝင်ဘာလ ရောက်ပြီ ဆိုတော့ အအေးက စွက်လာပြီလေ၊ သစ်ပင်တွေ ကလည်း သစ်ရွက်တွေ ဝါရာက နီ၊ နီရာက ညို၊ လေတိုက်တိုင်း တဖြုတ်ဖြုတ် ကြွေကျလို့ နေပါတော့တယ်၊ ချဉ်ပေါင်ရွက် နဲ့ တူတဲ့ မေပယ်ပင် ပင်တွေရဲ့ အလှဟာ အို……ပြောရက်စရာမရှိဖူး။


Image and video hosting by TinyPic

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ရှေးဟောင်းဂျပန် ဘိုးဘွားတွေ နေခဲ့တဲ့ အိမ်

Image and video hosting by TinyPic


သဘာဝတရားရဲ့ အလှတရားက ဖမ်းစားလွန်းတော့ ပါလာတဲ့ လက်ဆွဲတော် နိုင်ကွန် D-200 ကင်မရာကို အိတ်ထဲက ဆွဲထုတ်လိုက်ပြီး၊ ဥယျာဉ်ထဲ လှည့်ပတ် ကြည့်မိပါတော့တယ်၊ တနေရာရောက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်က ဂျပန်လူမျိုးတွေ နေခဲ့တဲ့ အိမ်ပုံစံလေးတွေ ၂မျိုး ဆောက်ပြထားတာ တွေ့ရတယ်။ အဓိက ကတော့ အာရှဒေသ ကျေးလက်တွေ မှာ အသုံးပြုလေ့ ရှိတဲ့ မြက်အမျိုးနွယ် ထဲက သက်ကယ်တို့ ကောက်ရိုးတို့၊ သစ်၊ ဝါးတို့ နဲ့ စပ်ယှက် ဆောက်လုပ် ထားတာပါပဲ။


Image and video hosting by TinyPic

လွတ်လပ်စွာနားနေတဲ့ ဥယျာဉ်ထဲက မိသားစုတွေ နဲ့ လက်ဆွဲအိတ်ကလေး မနိုင့်တနိုင် ကလေးငယ်

Image and video hosting by TinyPic


အားလပ်ရက်ဆိုတော့ မိသားစုတွေ ဟိုနေရာတစု ဒီနေရာ တစု တောင်ကမူလေးတွေ ကုန်းလေးတွေ ပေါ်မှာ စုဝိုင်းထိုင်လို့ ရယ်မော စားသောက်လို့ပေါ့၊ ကလေးတွေကတော့ ကစားစရာတွေ ရှိတဲ့ဆီ နဲ့ မျက်ခင်းပြင်မှာ ပြေးလွှားဆော့ ကစားလျှက်ပါပဲ။ ဒီချိန် ကလေးတယောက်က အခုမှ ရောက်လာပုံရတယ် မိဘတွေနဲ့ ပါလာတဲ့ ပစ္စည်းကို မနိုင့်တနိုင် နဲ့ ကူညီသယ်ပေး နေတာ တွေ့လိုက်ရလို့ ကင်မရာ ခလုပ်နှိပ်လိုက် မိတယ်။

Image and video hosting by TinyPic
အသားကင်၊ တိုဖူး နဲ့ ဝက်အူးချောင်းကင်

ဥယျာဉ်ထဲ အတော်လေး လှည့်ပတ်ပြီးတာနဲ့ ဝမ်းထဲ နဲနဲလောက် ဟာ လာတာနဲ့ ဘော်ဒါတွေ စတည်းချနေတဲ့ နေရာဆီ ပြန်လာတော့ အသားကင်တဲ့ မီးဖိုက ညော်တဲ့ရနံ့က ဝမ်းမီးကို ပိုလို့ တောက်လောင်လာစေ ပါတယ်။ စားသောက်ရယ်မော ကြပြီး တနေ့တာ အပမ်းဖြေပြီးတော့ ရွှေမြို့တော်ဆီ ပြန်လာတော့ အနောက် ဂေါ်ယာကျွန်းဆီက တနေ့တာ အလင်းတွေကို စုတ်ယူနေတဲ့ အလှဟာ သဘာဝကို ပိုလို့ တင့်တယ်စေပြန်တယ်။

Image and video hosting by TinyPic
အနောက်ဂေါယာကျွန်းဆီ ယွန်းလုလု

ဝန်ခံချက်။ ။ ယခု ခရီးသွား ဆောင်းပါးအား ဂျပန်နိုင်ငံတွင် နေထိုင်သော ဓါတ်ပုံဆရာ ကမာနီလာမှ ရိုက်ကူး ပေးပို့ကာ ဒူကဘာမှ အပါတ်စဉ်ရေးသား တင်ဆက်ခြင်း ဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 2 New Entries: ဗဟုသုတရဖို့ နဲ့  သိသင့်သော ပညာရပ်များ (အပိုင်း - ၂) ။

ဗဟုသုတရဖို့ နဲ့  သိသင့်သော ပညာရပ်များ (အပိုင်း - ၂) ။



ပြည်သူကို အနိုင်ကျင့်သော နအဖအာဏာရှင်တို့ ရဲ့  လက်ပါးစေ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက ကွမ်းတမြုံ့ မြုံ့ စားထားတဲ့ သွေးစုတ်ဖုတ်ကောင်ပါးစပ်လို ပါးစပ်နီရဲရဲနဲ့  ၊ ပြည်သူတွေကို ရိုက်နှက်ခိုင်းနေတဲ့ နအဖ စစ်ဗိုလ်တစ်ယောက်ကို ပြန်မှတ်မိကြမှာပါ။

ဒီ ဗွီဒီယိုဓါတ်ပုံထဲမှ ပုခုံးမှာ သုံးပွင့်နဲ့  နအဖ စစ်ဗိုလ်ဟာ ပုသိမ်မြို့  စစ်တပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်။ သူရဲ့ ဇာတိက မွန်ပြည်နယ်က ဖြစ်ပြီး၊ လက်ရှိ အိမ်ထောင်သည် ကလေး၂ယောက်ရဲ့ ဖခင် ဖြစ်တယ်လို့  သိရှိရပါတယ်။

ယခင်က ရှမ်းပြည်အရှေ့ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ နအဖက ခိုင်းစေတဲ့ အမိန်နဲ့  ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်ရောက်ပြီး စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့နေရာမှာ အနီးကပ်တာဝန်ယူ ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အဆိုပါ စစ်ဗိုလ်အကြောင်းကို အသေးစိတ် ထပ်မံ သိရှိသူများအနေနဲ့  ဆက်လက်ဖေါ်ထုတ်ပေးကြဖို့ ပါ။ ပြည်သူတွေကို ညဉ်းပမ်းနှိပ်စက်ခဲ့သူတစ်ဦး ဖြစ်လို့  မှတ်တမ်းထားဖို့  ဖြစ်ပါတယ်။







































































စီအန်အန်က ဖေါ်ပြခဲ့တဲ့ သတင်းဗွီဒီယို ပြန်ကြည့်ဖို့ အတွက် -


You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီဇင်ဘာနှင်း] 1 New Entry: စိတ်သွားတိုင်းကိုယ်မပါ

စိတ်သွားတိုင်းကိုယ်မပါ

ဘလော့ဂ်ကို ပစ်ထားတာ တော်တော်ကြာပါပြီ။ ကိုးရီးယားအကြောင်းလေးတွေ ရေးမယ်ဆိုပြီး အားတင်းထားပေမယ့်လည်း လူက ရာသီအကူးအပြောင်းဆို အမြဲနေမကောင်းဖြစ်ပါတယ်။ ရာသီဥတုပြောင်းတိုင်း နေမကောင်းဖြစ်ပြီး ဆရာဝန်ဆီသွားရလွန်းလို့ ဆေးခန်းမှာ ကျန်းမာရေးကဒ်ပြလိုက်တာနဲ့ ဖောင်ဖြည့်စရာတောင် မလိုတော့ပါဘူး။ သူတို့ဆီမှာ မှတ်တမ်းတင်ထားတာ များနေလို့ပါ။ အခုလဲ ဘလော့ဂ်ရေးမယ်ဆိုပြီး စိတ်ကူးလေးကို ခဏနားရတော့မယ်။ နှာစေးချောင်းဆိုး ဖြစ်ပြီး လူကမောမောနေတော့ ကွန်ပျူတာမှာ ကြာကြာမထိုင်ချင်ပါဘူး။ ကိုကိုဒေါက်တာ တစ်ယောက်လောက်ရှိရင်လဲ ကောင်းသားနော်။ အခုတော့ ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်နေရတယ်လေ။ ဘယ်သူ့ဆီမှလဲ မလည်နိုင်တော့ လာလည်ကြတဲ့ သူငယ်ချင်းတွေကို အားနာပါတယ်။

အခုဆိုရင် အလုပ်ထဲမှာလဲ နှာခေါင်းစည်းလေးတပ်ပြီးတော့ နပ်စ်မလေးလုပ်နေပါတယ်။ ဒီမှာက နေမကောင်းဖြစ်ပြီဆိုရင် ကူးမှာကြောက်ကြပါတယ်။ ဒါကြောင့် နှာခေါင်းစည်းလေးနဲ့ နပ်စ်မလေးလုပ်နေရတာပေါ့ကွယ်။ ကိုယ့်ကြောင့်သူများတွေကို ကူးစက်မှာလဲစိုးရိမ်ရသေးတယ်။ ဒါကြောင့် ဘလော့ဂ်မောင်နှမတွေကို ကူးမှာစိုးတာကြောင့် ဘယ်မှသွားမလည်တော့ပါဘူး။ နေမကောင်းတာလေးကို အခွင့်ကောင်းယူပြီး အပါးခိုလိုက်ပါတယ်။ အခုတော့ နှာခေါင်းသံလေးနဲ့ နှပ်ကလေးတရှုံရှုံလုပ်ပြီး ချောင်းကလေးတဟွတ်ဟွတ်ဆိုးကာ အိပ်ပါတော့မယ်။


You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[YNP] 1 New Entry: သတိရမိတဲ့ တစ်ခါကငယ်ဘဝ

သတိရမိတဲ့ တစ်ခါကငယ်ဘဝ




မိုးအလင်း
တံခါးဖွင့်တာက အဖေ
စံပယ်ပန်းရနံ့သင်း..
ဘုရားပန်းကပ်တဲ့ အမေ..

မုန့်ဟင်းခါးတစ်ပွဲ သုံးကျပ်
ခပ်နက်နက်တွေးကြည့်တော့
အရီးသန်းမြရဲ့
အိုးဘဲဥ ကိုသတိရတယ်..

ကျစိမ့်တစ်ခွက်နဲ့
လန်ဒန်က တစ်ပွဲ..
လဖ္ဘရည်ဆိုင်ရှင်ပြောတော့
သူ့သားက နိုင်ငံခြားမှာဆိုပဲ..

အခိုးတစ်လူလူထွက်
လမ်းထိပ်က အကြော်တဲ
အစ်မေအိုကြော်တဲ့ အကြော်များ.
အေးသွားမှပဲ စားတော့မယ်။

လက်ကလေးထောက်
ခါးကလေး ကိုကောက်
ညနေရီတောင် လမင်းသာတဲ့..
ငါ့တို့ ရပ်ကွက်မှ အပျိုများ..
သနပ်ခါးဆိုတာဝေလာဝေး..

ပေါ့ပေါ့ပါးပါး…
စကားတွေ ထွေရာလေးပါး..
နှုတ်ဆက်စကားက
မင်္ဂလာပါ ဆွေသဟာ..

နေကလေးညို မိုးကလေးပြို..
သူငယ်ချင်းတွေပြောတော့.
ရာသီဥတုက ကိုယ့်ဖက်မှာတဲ့..

ဘုံဆိုင်တစ်ခေါက် အလည်ရောက်ပြန်တော့
စားပွဲထိုးလေးက ဘာသောက်မလဲအစ်ကိုတဲ့..
ဇေယျဝတီကို နှစ်စိပ်ခွဲ
ပဲခြမ်းသုတ်နဲ့၊ အဖွားကြီးသုတ်..
ကြက်ဂွေးတောက်က အဆီဝေ့လို့။

ညနက်သန်းခေါင်
မအိပ်ပဲထိုင်စောင့်
ကြည့်ခဲ့ရတဲ့ဘောလုံးပွဲများ..
မိုးကလေးတစ်ပြိုက်နှစ်ပြိုက်ဆို
ဘွန်တောလည်း လိုက်အော်ခဲ့သေးတယ်။

အခုတော့လည်း
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုလို့
ရေကြည်ရာမှာမြက်နုခဲ့ရ..
ငါတို့ရဲ့ ငယ်ဘဝ
ပေါ့ပေါ့ပါးပါးလေးတွေကို သတိရတယ်။

အချိန်တန်လို့ အိမ်ပြန်ခဲ့ရရင်
ငါတို့ဘ၀တွေ လေးနက်
တစ်ချိန်က ငယ်ဘဝ
ကဗျာတွေထဲမှာထားလို့
မနက်ခင်း ရောက်ရင်
ငါကိုယ်တိုင် တံခါးဖွင့်ရတော့မယ်။

မိုးကြယ်

You received this email because you are subscribed to the real_time feed for http://yeinnweipar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: LRN Demands Release of Burmese Unionists

LRN Demands Release of Burmese Unionists

    Ko Myo Aung Thant passed away in Myit Gyi Nar prison 2008- LRN Demands Release of Burmese Unionists

http://www.laborrightsnow.org/burma.html

Burma's military regime—months after the brutal crackdown against monks and workers seeking democracy—continues to imprison Myo Aung Thant, a prominent Burmese union leader.

    "We strongly urge Burma to free Myo Aung Thant, who has been tortured and held in a tiny cell with no bed," Labor Rights Now President Don Stillman said. Arrested in June 1997, Myo Aung Thant got a 20-year prison sentence because of his union activity for the Federation of Trade Unions-Burma (FTUB).

    Labor Rights Now has run a seven-year campaign seeking his freedom from Myitkina prison, where he's being held in solitary confinement.

    "We hope the United Nations will press Burma's military rulers to free Myo Aung Thant and the other jailed worker activists," Stillman said. "Labor Rights Now also joins the global labor community in condemning the killings of monks and others in last fall's brutal and violent crackdown in Burma."

    Myo Aung Thant suffered severe torture after his arrest, followed by a secret trial and more beatings. He had no access to any independent counsel or to due process—his only "crime" was to be a union leader.

    He's been held in Myitkina prison in Kachin state in Burma's far north, where temperatures in the cells are often below freezing.

    Labor Rights Now has produced a poster calling for the release of Myo Aung Thant and all imprisoned Burmese labor leaders. Order your copy today.

More Information

• Resources on Burma

• ITUC's Annual Survey of Violations of Trade Union Rights in Burma

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[SOMETHING IS BETTER THAN NOTHING] 2 New Entries: အမေပြောတဲ့စကား

အမေပြောတဲ့စကား

အရာတိုင်းကို မခံစားပါနဲ့ သား
အရာတိုင်းကို ခံစားရင်
ငါ့သားရင်မှာ
ဒဏ်ရာဒဏ်ချက်သာများလာလိမ့်မယ်...

အခြေအနေတိုင်း
တရားသေမမှတ်နဲ့ သား
ဒီလောကကြီးထဲမှာ
ပုံသဏ္ဍာန် အမှားတွေ
အစုန်အဆန်သွားနေလေရဲ့ .....

ရည်မှန်းချက် မပျက်ပါစေနဲ့ သား
ရည်မှန်းချက် ပျောက်ရင်
မင်းဘ၀ မှောက်လိမ့်မယ်....

လောကထဲလှည့်ပတ်
မင်းရင့်ကျက်တဲ့ အချိန်
အမေ့အိမ်ကို မင်းပြန်ခဲ့
အဆင်းသဏ္ဍာန်မပျက်တဲ့
အမေ့ရဲ့ လေ
မေတ္တာဓါတ်နဲ့ နွေးစေမယ်....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ကမ္ဘာပျက်တဲ့မနက်

ငါထင်ခဲ့တာတွေက အမှား...
ငါမြင်ခဲ့တာတွေက အမှား...
ငါကြားခဲ့တာတွေက အမှား...
အမှားပေါင်းများစွာထဲမှာ...
ငါဟာ မှားပြီးရင်းမှား...

အမှားကို အမှန်ထင်
အမြင်ကိုေ၀၀ါးလို့
အမှားများဘဲ မြင်တဲ့
မျက်ဝန်းအစုံ
ငါဖောက်ထုတ်လိုက်ချင်တယ်...

အမှားများသာ ကြားတဲ့နား
ကန်းသွားလည်း ငါမသနားဘူး...

အမှားဘက်ကိုစောင်းတဲ့
ငါ့ရဲ့ စိတ်ဦးခေါင်း
ရူးနှမ်းလည်း မထူးဆန်း
လူတွေအကုန်ဟာ
အရူးအနှမ်းများသာဘဲလေ...

အမှားကိုမှ နှစ်ခြိုက်စွာမြုံတဲ့
ငါ့ရင်အစုံ
ခွဲထုတ်လို့ အကုန်သွန်
ငါ့ရင်ကို ဗလာကျင်း
နာခြင်းက ပြင်းပြလိုက်တာ...

မိတ်ဆွေတို့ရေ
သိများသိရင်လေ
ပြောပြပေးကြပါ
ငါ့ ကမ္ဘာပျက်တဲ့
မနက်မှာ
မတ်တတ်ရပ်နေတာ
ဘယ်နှနာရီရှိပြီလဲ???



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 1 New Entry: ချားလ်စ်၊ ဒိုင်ယာနာနဲ့ ကမ်မီလာ

ချားလ်စ်၊ ဒိုင်ယာနာနဲ့ ကမ်မီလာ


"မင်းသားရဲ့ မွေးနေ့လက်ဆောင်" ပို့စ်အောက်က "မင်းမင်း" ဆိုသူရဲ့ ပို့စ်လေးပါ။ သူရေးထားတဲ့ ကော်မန့်လေးက ကောင်းလွန်းလို့ မဖတ်မိကြမှာစိုးလို့ ပို့စ်အဖြစ် တင်လိုက်ပါတယ်။ ကော်မန့်အတွက် ကျေးဇူးပါ မင်းမင်း..
+++++++++++++++++++ +++++++++++++++++

ချားလ်စ်မင်းသား နေရာကနေ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးရအောင်။
သူဟာ နန်းတွင်းက သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်မီတဲ့ (အပျိုစင် ဖြစ်ရမယ်။ ဆွေကြီးမျိုးကြီးထဲက ဖြစ်ရမယ်။ ချမ်းသာကြွယ်ဝရမယ်ဆိုတဲ့ စည်းမျဉ်းတွေနဲ့ညီတဲ့ ) ဒိုင်ယာနာကို လက်ထပ်ခဲ့တယ်။ ချားလ်စ်ကို လက်ထပ်ဖို့ ငြင်းဆန်ပြီး ဒိုင်ယာနာနဲ့ လက်ထပ်သင့်ကြောင်း အကြံပေးခဲ့တာ ကမ်မီလာ ကိုယ်တိုင်ပဲ။ ဒါပေမယ့် ၁၉ နှစ်သမီး အပျိုစင်လေးဆိုပြီး သူ အမြတ်တနိုး လက်ထပ်ခဲ့တဲ့ ဒိုင်ယာနာဟာ လက်ထပ်ပြီး မကြာခင် အိမ်ထောင်ရေး ဖောက်ပြားမှုတွေ ကျူးလွန်ခဲ့တယ်။ ဂျိမ်းစ်ဂျိမ်းစ်ဟေးဝစ်နဲ့တင် မဟုတ်ဘဲ တခြား မြင်းစီးသင် ထရိန်နာ တစ်ယောက်နဲ့လဲ ဖောက်ပြားခဲ့တယ်။

ဒိုင်ယာနာဟာ အချစ်ဟောင်း ကယ်မီလာကိုပဲ စွဲလန်းနေတယ်ဆိုတဲ့ ဒိုင်ယာနာရဲ့ စွပ်စွဲချက်ဟာ သူ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တာကို ဖုံးကွယ်ချင်လို့ဆိုတာ မမေ့စေချင်ဘူး။ ဟယ်ရီမင်းသားဟာ ဂျိမ်းစ်ဟေးဝစ်နဲ့ ရတာဆိုတဲ့ စွပ်စွဲချက်တွေကို ဟယ်ရီကလေးရဲ့ ဂုဏ်သိက္ခာအတွက် ဖုံးဖိပေးခဲ့တာ ချားလ်စ်နဲ့ ၀င်ဆာနန်းတော်ကပဲ။ ချားလ်စ်ဟာ ဒိုင်ယာနာ မျောက်မ,ထားပြီး လင်ငယ်နဲ့ ရခဲ့တယ်လို့ လူတွေ သံသယရှိတဲ့ ဟယ်ရီကို သူ့ဆံပင်နီနီနဲ့ နှာခေါင်းဟာ ဂျိမ်းစ်ဟေးဝစ်ပါပဲလို့ စွပ်စွဲနေတဲ့ကြားက သားအဖြစ် စောင့်ရှောက်ပျိုးထောင်ခဲ့တယ်။ သတင်းတွေကို မှောင်ချပေးခဲ့တယ်။ ယောက်ျားကောင်း တစ်ယောက်ရဲ့ လုပ်ရပ်လို့ မမြင်နိုင်ဘူးလား။


အနောက်တိုင်းမှာတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ များလွန်းလို့ ဒါဟာ သိပ်အပြစ်မရှိသလို ရိုးနေပြီ။ မြန်မာပြည်မှာ ဒိုင်ယာနာကို အားကျပြီး ယောက်ျားလုပ်စာ ထိုင်စားရင်း ယောက်ျားက မကြင်နာလို့ ကျွန်မ ထွက်ပေါက်ရှာမိတာပါဆိုပြီး နောက်မီးလင်းမယ့် အမျိုးသမီးတွေ ပေါ်မလာစေချင်ဘူး။ ဒိုင်ယာနာဟာ ချားလ်စ်ကို မျိုးစုံပုတ်ခတ်ကဲ့ရဲ့နေတုန်းမှာကို ချားလ်စ်ရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သူ ၀တ်ကောင်းစားလှတွေဝယ်၊ ဇိမ်ခံ သုံးဖြုန်းနေခဲ့တာပဲ။ လက်ထပ်ပြီးတော့လဲ ချားလ်စ်ဆီက ကွာရှင်းစရိတ်နဲ့ သူ ဆက်သုံးဖြုန်းနေနိုင်ခဲ့တာပဲ။ ကျေးဇူးမဲ့တဲ့ အကျင့်ဆိုး၊ ရှာကျွေးတဲ့သူကို ကျေးဇူးတင်စရာ ဘာမှ မလိုပါဘူးဆိုပြီး ထိုင်စားရင်း ၏ အတင်းပြောတတ်တဲ့ ဖောက်ပြန်သူ မိန်းမတို့ရဲ့ အကျင့်ဆိုးကို မြန်မာမိန်းကလေးတွေ အတုခိုး မမှားစေချင်ဘူး။

ဒိုင်ယာနာဟာ living together လက်မထပ်ဘဲ ညားနေတဲ့ ယောက်ျားဖော် ဒိုဒီ အယ်လဖာရက်နဲ့ တွဲရင်း သေရတာ ဖြစ်ပြီး အတုခိုး အားကျစရာ သူရဲကောင်းတို့ရဲ့ သေခြင်း မဟုတ်ဘူးဆိုတာ မြန်မာမိန်းကလေးတွေ သိစေချင်ပါတယ်။ ဒိုဒီနဲ့ တွဲတာလဲ သူ ကြိုက်နေတဲ့ ပါကစ္စတန် ဆရာဝန်ကြီးက ဘာသာမတူသလို အင်္ဂလန် အိမ်ရှေ့စံရဲ့ မျောက်မထားခဲ့တဲ့ မိဖုရားဟောင်းလဲ ဖြစ်တဲ့ (မွတ်ဆလင်ဘာသာ ထုံးစံအရဆို ဒီလို အိမ်ထောင်ရေး ဖောက်ပြားတဲ့ မိန်းမမျိုးကို လုံးဝ ပယ်ကြဉ်ရပါတယ်။ လက်မခံရပါဘူး) ဒိုင်ယာနာကို ဆက်လက်မခံလို့ ဒိုင်ယာနာက အရွဲ့တိုက်တဲ့ အနဲ့ တခြား မွတ်ဆလင်တစ်ယောက်ဖြစ်တဲ့ ဒိုဒီနဲ့ ဆရာဝန်ကြီး မခံချင်အောင် တွဲပြခဲ့တာလို့ မိတ်ဆွေတွေက ဆိုကြပါတယ်။ ဒိုင်ယာနာဟာ သားတော်နှစ်ပါး မျက်နှာကိုမထောက် မှားယွင်းခဲ့သူသာ ဖြစ်ပါတယ်။

သားတော်ကြီး ၀ီလီယံမင်းသားဟာ နန်းတက်ရင် church of England ရဲ့ အကြီးအကဲ ဖြစ်ရမယ့်သူ ဖြစ်တဲ့အတွက် သူ့မိခင် မွတ်ဆလင် ဘာသာဝင်နဲ့ ရေရှည် ဆက်တွဲနေခဲ့ရင် ၀ီလီယံ့ဂုဏ်သိက္ခာတောင် ထိခိုက်နိုင်တယ်။ ဒါကြောင့်လဲ ဒိုင်ယာနာနဲ့ သူ့ချစ်သူ မွတ်ဆလင်ကို ၀ီလီယံ့ဘိုးတော် ဖိလစ်မင်းသားကြီးက ရှင်းခိုင်းလိုက်တာလို့ ဒိုဒီ့ဖခင်က စွပ်စွဲတာ။ တကယ်က ဒိုင်ယာနာနဲ့ ဒိုဒီဟာ သူတို့အတွဲနေမယ့် ဟော်တယ်ကို သတင်းသမားရဲ့ ကားတွေကို ဖြတ်ပြီး အမြန်မောင်းခိုင်းရင်း သေရတာပါ။

မြန်မာမိန်းမတွေဟာ လင်သေရင်တောင် သားသမီးမျက်နှာငဲ့ပြီး နောက်အိမ်ထောင် ပြုဖို့ကို တော်တော် စဉ်းစားကြတယ်။ ထီးနန်းဆက်ခံရမယ့် သားမျက်နှာ မထောက်ဘဲ ဒီလို လုပ်ခဲ့တာ မိခင်ကောင်းတစ်ယောက် ဟုတ်မဟုတ် စဉ်းစားစေချင်တယ်။ ဒိုင်ယာနာ ဘယ်လိုပဲ ပုတ်ခတ်ခဲ့ပေမယ့် သားတော်ကြီး ၀ီလီယံဟာ အဖေကို ချစ်ပြီး ကာကွယ်ပေးတတ်တဲ့သားဆိုတာ အင်္ဂလန်မှာ သိကြပါတယ်။

ဒိုင်ယာနာဟာ ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် သေသူ မှားခဲ့တာကို များများ ပြောမနေချင်တော့ဘူး။ ဒါပေမယ့် မြန်မာ မိန်းကလေးတွေ ဒိုင်ယာနာကို အားကျပြီး သူ့လို လမ်းမမှား၊ ရာမဂကျူး၊ သစ္စာမမဲ့စေချင်ဘူး။ ဒါဟာ မိန်းကလေးတွေ အားကျအတုခိုးစရာ မဟုတ်ပါ။

ဒိုင်ယာနာဟာ ဗုဒ္ဓဘာသာ အယူအရဆိုရင် အတိတ်ဘ၀က ဒါနကောင်းမှုတွေ ပြုခဲ့၊ မေတ္တာထားခဲ့လို့ ဒီဘ၀မှာ ချမ်းသာကြွယ်ဝ၊ အဆင်းလှ၊ အခြွေအရံ ပေါရပါတယ်။ ဒါ အားကျစရာပါ။ ဒီလို ကုသိုလ်ကောင်းမှုမျိုး လူတိုင်း ပြုသင့်၊ သာဓုလဲ ခေါ်သင့်ပါတယ်။

ဒါပေမယ့် ကောင်းတာလုပ်ခဲ့လို့ ဒီဘ၀မှာ ကောင်းကျိုးလာပေးနေတာဆိုတာ မသိဘဲ အဆင်းလှလို့ အိမ်ထောင်ရေးဖောက်ပြန်၊ ငွေကြေးချမ်းသာလို့ အပျော်အပါးကျုးဆိုတာက ကုသိုလ်အကျိုးပေးကို အသုံးမချတတ်လို့ အကုသိုလ် ဖြစ်သွားတာ သံဝေဂ ရစရာပါ။ ဒိုင်ယာနာဟာ ပါရီမှာ သေပွဲဝင်ခဲ့ရချိန်မှာ တမလွန်ကို ကုသိုလ်နဲ့ အကုသိုလ် ဘာဇောအဟုန်တွေ ပါသွားမလဲ။ ဘ၀ကူး ကောင်းပါ့မလား တွေးကြည့်ရင် စိတ်မကောင်းစရာ ကောင်းလှပါတယ်။ ဒီဘ၀မှာ အဆင်းလှ၊ နာမည်ကျော်ကြား၊ အခြံအရံပေါ၊ ဓနချမ်းသာ ဒီကောင်းကျိုးတွေဟာ အသုံးချတတ်ရင် ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်လို့ ရပါရက်နဲ့ အဟောသိကံ ဖြစ်ရုံတင်မကဘူး။ အကုသိုလ်တွေပါ ဖြစ်သွားပြီ။ သူ့ခမျာလဲ ဘ၀ဟောင်းကနေ အရင်ဘ၀ကို ပြန်ကြည့်လို့ရရင် ဘယ်လောက် နှမြောရှာမလဲ။

နောက်မီးလင်းခံရရုံတင် မကဘူး။ ဇနီးဟောင်းက အမြဲ ပုတ်ခတ်ကဲ့ရဲ့နေတာ ခံခဲ့ရတဲ့ ချားလ်စ်ဟာ သူ့သက်တမ်း နှစ် ၆၀ ထဲမှာ ဒိုင်ယာနာပါခဲ့တဲ့ အချိန်တွေကို ပြန်မထည့်လိုတာ၊ အရုပ်ဆိုး အမှောင်ကျခဲ့တဲ့ အိပ်မက်ဆိုးတစ်ခုလိုပဲ သတိရနေမှာ သဘာဝ ကျပါတယ်။ ဒါတောင် ဒိုင်ယာနာ၊ ဒိုဒီနဲ့ ကဲရင်း သေတော့ အလောင်းကို သူကိုယ်တိုင် အင်္ဂလန်ကို ပြန်သယ်လာခဲ့တာပါ။ သူ့ဘက်က ခင်ပွန်းတစ်ယောက်တာဝန် ကျေပါတယ်။

ဒိုင်ယာနာရဲ့ အလှနဲ့ ကျော်ကြားမှုကို မိန်းကလေးတွေ အားကျတာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒိုင်ယာနာ့ဘ၀ကို အားကျသာယာတာနဲ့တင် မျောက်မ,ထားတဲ့ ဇနီးကို ကွာရှင်းခဲ့တဲ့ လင်ကို အပြစ်မတင်သင့်ဘူးလေ။ မသိစိတ်ထဲမှာလဲ ဒိုင်ယာနာကို ကိုးကွယ်နေတဲ့ အသိက ကိုယ် လူမှုရေး အိမ်ထောင်ရေး တစ်ခုခု မှားခဲ့ရင်လဲ ဒိုင်ယာနာလို ကိုယ့်ကိုယ်ကိုယ် သနားစရာ မေတ္တာငတ် အလွမ်းမင်းသမီးလေးအဖြစ် မှားပြီးရင် ဆက်မမှားစေချင်ဘူး။

Posted by မင်းမင်း to Nine Nine SaNay at 2:11 PM

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 1 New Entry: ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တွင် ရေကြီး

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တွင် ရေကြီး




ဓါတ်ပုံအား ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
နာရီပေါင်းများစွာ မိုးသည်းထန်စွာ ဆက်တိုက် ရွာနေသဖြင့် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက် တွင် ရေအမြင့် စင်တီမီတာ ၅၀ ကျော် လျှံတက်နေပြီး ယာဉ်အသွားအလာများ လမ်းများစွာတွင် ပြတ်တောက်သွားသည်။ မိုးဆက်လက် ရွာဦးမည်ဖြစ်ကြောင်း သတိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My DiArY] 1 New Entry: Cute !!!!!!!!!

Cute !!!!!!!!!

အိမ်မှာမွေးထားတဲ့ ဟမ်စတာလေးတွေ နဲ့ ဂျင်နီပစ် လေးပါ ။












You received this email because you are subscribed to the real_time feed for http://maymoe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Maya Magazine] 1 New Entry: မာယာဝမ့်စွေ့

မာယာဝမ့်စွေ့

မာယာကိုစာမူ ပို့နိုင်ရင်ကျနော်ဝမ်းသာတယ်။ မာယာစာမျက်နှာမှာ ကိုယ့်ရေးတာလေး ပါလာရင် သိပ်ကြည်နူးမိတယ်။ တပါတည်းမှာ မာယာကိုစာမူမပို့နိုင်တာကြာလာရင် ကိုယ့်ကိုယ်ကိုမကျေမနပ် ဖြစ်ရတယ်။ ကိုယ့်မှာချွတ်ယွင်းချက်ကြီးတခုရှိနေသလို ခံစားရတယ်။ သူများရေးတာတွေဖတ်ရတဲ့အခါ မုဒိတာတော့ပွားမိပါရဲ့၊ မနာလိုသလိုလို ဖြစ်တာကိုလည်း ၀န်ခံရမယ်။ သေချာတာကတော့ ကိုယ်ရေး-ရေး၊ မရေး-ရေး။ မာယာက တော့အရှိန်အဟုန်နဲ့ရှေ့သို့ချီတက်နေဆဲ။


မာယာအရှိန်အဟုန်နဲ့ ဆက်ချီတက်နေတယ်ဆိုတာဟာ ဖတ်သူတွေ၊ ၀င်ရေးသူ တွေရှိနေလို့။ ဒါဟာ အရည်အချင်းရှိတဲ့ စာကိုဖတ်သူ၊ ရေးသူတွေအများအပြား ရှိနေသေး တယ်ဆိုတဲ့ အဓိပ္ပာယ်မို့ ၀မ်းသာရ ပြန်တယ်၊ ပြည်တွင်းမှာ အရည်အချင်းသန့်သန့်ထုတ်တဲ့ စာနယ်ဇင်းတွေဟာ နအဖဖန်တီးထားတဲ့ခေတ် ဒီရေကိုမလွန်ဆန်နိုင်ရှာကြ၊ တောင့်မထား နိုင်ရှာကြတဲ့အခြေအနေမှာ မာယာကတောင့်ထား၊ ထိန်းထား နိုင်တဲ့အတွက်လည်း မာယာကိုကျေးဇူးတင်၊ ချီးကျူးမိပါတယ်။ မာယာဟာ အတွင်းက စာပေလောက ကိုယ်စား လုပ်နိုင်သလောက် လုပ်နေတယ်လို့ သဘောပေါက်မိပါတယ်၊
ဒီလိုနဲ့ပဲ ကာလကြာလာရင် မာယာလျှောက်တဲ့လမ်းဆိုတာမျိုးလေး ပေါ်လာမယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် မာယာဟာဆင်ဖြစ်လောက်ပြီလို့ မျှော်လင့်လျက်၊
မာယာဝမ့်စွေ့၊ ၀မ့်-၀မ့်စွေ့!
ဖိုးသံ(လူထု)

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 2 New Entries: ABSDF နှစ် နှစ်ဆယ်ပြည့် အထိမ်းအမှတ်ကျင်းပ

ABSDF နှစ် နှစ်ဆယ်ပြည့် အထိမ်းအမှတ်ကျင်းပ


ABSDF နှစ် နှစ်ဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေတွင်ထိုင်း မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် တော်လှန်းရေးအဖွဲ့အစည်းအသီးသီးမှ ရဲဘော် ရဲဘက်များ၊ နိုင်ငံတကာမှ ABSDF ရဲဘော်များနှင့် အခြားဖိတ်ကြားထားသူများ ၃၀၀ကျော် တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဥက္ကဌရဲဘော်သံခဲမှ ABSDF အနေဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်သည် တကယ်ရှိခဲ့သည်မှာ (၂၀)နှစ် ရှိပြီးမှာ အထင်ရှားဖြစ်ပြီး။
ပြည်သူလူထုအတွက် စစ်အာဏာရှင် စံနစ်ကို ဖယ်ရှားရာတွင် လက်ကိုင်တိုက်ပွဲ အပါအ၀င် နည်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ABSDF တွင် ဗဟိုကော်မတီ ၁ရဦး၊ တပ်မှူး ၇ ဦး၊ ကေဒါ ရဲဘော် ၁၀၀ ကျော်၊ မိသားစုဝင် (၁၀၀၀) ကျော်နှင့် ပြည်သူလူထု သန်းပေါင်း ၆၀ ကျော် ရှိကြောင်းနှင့် မြန်မာပြည် စစ်အာဏာရှင် စံနစ်မှ လွတ်မြောက်သည်အထိ ဆက်လက်၍ ညီနောင် မဟာမိတ် အဖွဲ့အစည်းများ၊ နယ်စပ်၊ ပြည်တွင်း၊ တတိယနိုင်ငံရောက် အဖွဲ့ဝင်ရဲဘော်များဖြင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

အခမ်းအနားတွင် ABSDF မှ ကျဆုံးသွားသော ရဲဘော် အာဇာနည်များကို ဂုဏ်ပြုအမည်များထိုးထားသည့် ကြေးပြားဖြင့် ဂုဏ်ပြု အလေးပြုခြင်း။ ကျဆုံးသွားသော ရဲဘော်များ၏ မိခင်များ ညီအကိုမောင်နှမများကို ဂုဏ်ပြုလွာများပြောကြားခြင်းများပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဓါတ်ပုံ ဗီဒီယိုနှင့် သီးလေးသီး ညီအကိုများနှင့် ရဲဘော်များရဲ့ တေးဂီတဖျော်ဖြေပွဲများဖြင့် ပြသဖျော်ဖြေပါသည်။

virus- မင်းအောင် (hacker)နှင့် အသံဖိုင်


You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: ကြောက်စရာ AIDS ရောဂါ (၁)

ကြောက်စရာ AIDS ရောဂါ (၁)

မင်္ဂလာပါခင်ဗျာ။ အားလုံးပဲနေကောင်းကြရဲ.လား။ ဒီတစ်ပတ်တော့ ကမ္ဘာကြီးကို လက်ရှိအချိန်အထိ ခြိမ်းခြောက်နေဆဲဖြစ်တဲ့ ကြောက်စရာ AIDS (Acquired Immunodeficiency Syndrome) ရောဂါအကြောင်းကို အပိုင်း (၁) အနေနဲ.ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။


AIDS ရောဂါဟာ မြန်မာလို ခုခံအားကျဆင်းမှုရောဂါလို.ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာရဲ. ခုခံမှု အဖွဲ.အစည်း Immune System ကို ထိခိုက်ယို.ယွင်း သွားစေပါတယ်။ ဒါဟာ HIV( Human Immunodeficiency Virus) ကြောင့် ဖြစ်ရတာပါ။


HIV ဟာ Retro Virus အမျိုးအစားအောက်ထဲက Virus ပါ။ Immune System ကိုထိခိုက်တဲ့အတွက် ပြင်ပက ရောဂါပိုးတွေ၊ သာမန်လူတွေမှာ ရောဂါမပေးတဲ့ ရောဂါပိုး အသေး အမွှားတွေ၊ မှိုရောဂါတွေ ဟာခန္ဓာကိုယ်အနှံ.မှာ ဖြစ်လာပါတယ်။ ဒါကို opportunistic infections လို.ခေါ်ပါတယ်။ မူလပုံမှန် ဆဲလ်တွေလည်း ကင်ဆာ ဆဲလ်တွေ အဖြစ် (Neoplasia) ပုံပြောင်း သွားနိုင်ပါတယ်။ AIDS ရောဂါဟာ အခုအခါမှာ တစ်ကမ္ဘာလုံးမှာပျံ. (pandemic ဖြစ်) နေပါပြီ။ ကုသမှု ဆေးအသစ် အသစ်တွေ ထွက်ပေါ် လာပေမယ့် ရောဂါအခြေနေကို ထိန်းချုပ်နိုင်ရုံပဲ ဖြစ်ပါတယ်။ အမြစ်ပြတ်မကုသနိုင်သေးပါဘူး။ အခုရောဂါ ဘယ်လိုဖြစ်သလဲဆိုတာကိုကြည့်ရအောင်။


ရောဂါဖြစ်ပုံ

HIV ပိုးစတင်ဝင်ရောက်တဲ့ အချိန်ကနေ AIDS ရောဂါလက္ခဏာစပြတဲ့အချိန် ကြားကာလကို Window Period လို.ခေါ်ပါတယ်။ AIDS ရောဂါဖြစ်တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ. Immune System က ဆဲလ်တွေကို ပျက်စီး လျော့နည်းစေပါတယ်။ ဒီဆဲလ်တွေ အကြောင်း အရင်ပြောလိုပါတယ်။ Immune System ရဲ. အဓိက ဆဲလ်တွေကတော့ T cells, B cells နဲ. Macrophage တွေ ဖြစ်ကြပါတယ်။ T cell မှာ CD4+ T cell (Helper T Cell) နဲ. CD8+ T cell (Cytotoxic T Cell) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အဲဒီမှာ CD4+ T cell က ပိုအရေးကြီး ပါတယ်။

တီးဝိုင်းတစ်ဝိုင်းမှာ တီးဝိုင်း ခေါင်းဆောင်က အရေးကြီးသလို Immune System မှာ CD4+ T cell ကို Bandmaster of the Immune System လို.တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဘာလို.လဲဆိုတော့ CD4+ T cell က တစ်ခြား Immune cell တွေဖြစ်တဲ့ B cell နဲ. Macrophage တွေကိုလှုံ.ဆော်ပေး နိုင်တယ်။ တစ်နည်း ပြောရရင် Immune System ရဲ. Cellular Immunity နဲ. Humoral Immunity တို.ကို တစ်ဆင့်ပြီး တစ်ဆင့် လှုံ.ဆော် ပေးနိုင်တယ်။ ဒီတော့ ၀င်လာတဲ့ ရောဂါပိုး (သို.) foreign body တွေကို ထိထိ ရောက်ရောက် တိုက်ခိုက် ဖျက်ဆီးနိုင်တယ်၊ ခန္ဓာကိုယ်ကို အန္တရာယ် မကျရောက်အောင် ကာကွယ် ပေးတယ်။ HIV ရောဂါပိုး ကလည်း ဒီအရေးကြီး ပါတယ်ဆိုတဲ့ CD4+ ကိုမှ ဖျက်ဆီးပစ်တော့ ခက်တော့ တာပေါ့။ CD4+ T cell တွေ လျော့နည်းတာဟာ Immune System ကြီး တစ်ခုလုံး တစ်ဖြည်းဖြည်း ပျက်စီးလာတာနဲ. အတူတူပါပဲ။ ရောဂါတွေလည်း တစ်ခုပြီး တစ်ခုဝင်လာ ပြီး နောက်ဆုံးမှာ့ ။ CD4+ cell တွေ အရမ်းကျဆင်း လာပြီး ဒုက္ခရောက်တာပါပဲ။ အသေးစိတ်ပြောရမယ်ဆိုရင် အဆင့် ၃ ဆင့်ခွဲပြောလို.ရပါတယ်။


Early, Acute Phase
ဒီအဆင့်ကတော့ ရောဂါပိုး ကူးစက်ခံရပြီး သိပ်မကြာသေးတဲ့ အခြေနေပေါ့။ HIV ပိုးတွေသွေးထဲမှာ ခဏများပြီး ဆက်ပွားနေမယ်။ ပြီးတာနဲ. ခန္ဓာကိုယ်မှာရှိတဲ့ Lymph Node (ပြန်ရည်အကျိတ်)တွေထဲမှာ သွားပြီး အောင်းနေမယ်။့ ။ CD4+ T cell တွေ ခဏ တဖြုတ် နည်းသွားမယ်။ ပိုးပွားတာကို ထိန်းချုပ်ဖို. CD8+ T cell တွေ များလာပြီး ခဏပဲ ထိန်းချုပ်နိုင်တယ်။ ပြန် ထိန်းချုပ်နိုင်တယ် ဆိုတာ ဒီအဆင့်မှာပဲရှိပါတယ်။ နောက်ပိုင်း ပိုဆိုးလာရင် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပါဘူး။

လက္ခဏာ
ရောဂါပိုး ကူးစက် ခံရပြီး ၃ ပတ်ကနေ ၆ပတ် အကြာမှာ ဖျားသလိုလို၊ လည်ချောင်း နာသလိုလိုဖြစ်မယ်။ ကိုယ်အလေးချိန် အနည်းငယ် ကျသွားမယ်။ အရေပြားမှာ အနီစက်လေးတွေ (Rash) တွေ ထွက်လာမယ်။ ၀မ်းလျှောတာ၊ အော့အန်တာတွေ ဖြစ်မယ်။ ဒီလက္ခဏာတွေဟာ ယာယီပဲဖြစ်တာပါ။ ၂ပတ်ကနေ ၄ပတ်အတွင်း ပြန်ပျောက်သွားပါတယ်။ ကျသွားတဲ့ CD4+ count ကလည်း ၆ပတ်ကနေ ၁၂ပတ်အတွင်း ပုံမှန်ပြန်ဖြစ်ပါတယ်။

Middle, Chronic Phase
ဒီအဆင့်မှာတော့ ရောဂါပိုးပွားတာကို မတားနိုင်တော့တဲ့အတွက် ရောဂါပိုးတွေ ဆက်ပွားလာပါတယ်။ CD4+ T cell အရေအတွက်လည်း တစ်ဖြည်ုးဖြည်း လျော့ကျလာပါတယ်။ ကျသွားတာကို ပြန်ကာမိဖို.အတွက် CD4+ အသစ်တွေကိုလည်း Immune System က ပြန်ပွား ပေးပြန်ပါတယ်။ ပျက်လိုက်၊ ဖြစ်လိုက်ပေါ့ဗျာ။

လက္ခဏာ
ပြန်ရည်အကျိတ် (Lymph Node)တွေကြီးလာပါတယ်။ ဖျားနာတဲ့ လက္ခဏာတွေ မတွေ.ရတော့ပါဘူး။ ဒီအဆင့်ဟာ နှစ်နဲ.ချီပြီး( ၇နှစ်ကနေ ၁၀နှစ်လောက်အထိ) ကြာနေနိုင်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ အခြေနေ သိပ်မကောင်း တော့ပါဘူး။ နောက်ဆုံးအဆင့်ပေါ့။

Final, Crisis Phase
ဒါကတော့ HIV အကူးစက်ခံအဆင့်ကနေ AIDS (full blown AIDS လို.လည်းပြောကြပါတယ်) အဆင့်ကို ရောက်တော့မယ့် နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်အပြီးမှာ ရောဂါလက္ခဏာကြီးကြီးမားမားတွေ စပြီးပြလာပါတော့တယ်။ Atlanta မြို.မှာရှိတဲ့ CDC (Centre for Disease Control) ရဲ.သတ်မှတ်ချက်အရ HIV ပိုးရှိပြီးသူတစ်ယောက်ဟာ CD4+ count 200 cells/µL အောက်ရောက်နေပြီဆိုရင်တော့ full blown AIDS လို.သတ်မှတ်ပါတယ်။ CD4+ T cell တွေမရှိတော့တဲ့ အပြင် ပြန်လည်ပွားယူဖို.နဲ. CD8+ T cell တွေဝင်ရောက်တိုက်ခိုက်ပေးဖို.ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ Immune System ဟာ HIV ရန်သူတွေကို စစ်ရှုံးတဲ့ခြေနေ ရောက်နေပါပြီ။

လက္ခဏာ
လူနာဟာ ဖျားနာနေတာ တစ်လထက်မကကြာနေမယ်။ မောပမ်းနွမ်းနယ်နေမယ်။ အလကားနေရင်း ၀မ်းလျှောမယ်။ opportunistic infection (ဒီအေကြာင်းကိုနောက်မှအသေးစိတ်ပြောပါမယ်) တွေဖြစ်မယ်။ ကင်ဆာဆဲလ်တွေဖြစ်ပေါ်လာမယ်။
( CD4 cell တွေကို HIV ကဘယ်လိုဖျက်စီးပစ်တာလဲ၊ HIV ပိုးရဲ. Structure ၊ရောဂါလက္ခဏာတွေ၊ကူးစက်ပုံ၊ ကာကွယ်ပုံတွေကို နောက်အပတ်မှ ဆက်လက်ဆွေးနွေးကြတာပေါ့။)


You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: Digital Sketch 97

Digital Sketch 97


DSG 1424: Fantasy Creature/Environment • "BONE FAERIES" BUILD THEIR HOMES FROM BONES

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.