ခလေး တိုင်းပြည်က လူကြီးများ
ဒီတပတ်တော့ ဂျပန်ပြည် တိုကျို ရွှေမြို့တော်ကြီးကနေ ကျည်ဆန်ရထားနဲ့ မိနစ် ၄၀ လောက်စီးပြီး ချီဘား ဆိုတဲ့ အရပ်ကို ရောက်ဖြစ် ပါတယ်၊ ချီဘား ဘူတာကနေ သူငယ်ချင်း တသိုက် ကား၂စီးနဲ့ မိနစ်၃၀လောက် မောင်းယင်ရောက်တဲ့ "ကလေးတို့ တိုင်းပြည်"လို့ ခေါ်တဲ့ ကစားစရာ ဥယျာဉ်ကို ရောက်ပါလေရော၊ ကားရပ်နားခ ယန်း ၆၀၀ နဲ့ အသက်၎နှစ် အထက် မှန်သမျှ ဝင်ကြေး ယန်း၆၀၀စီ ပေးရပါတယ်။
အဝင်အဝ ဂိတ်မှာ ဝလုံးပုံ မျက်နှာနဲ့ ကလေးလေး ပြုံးနေတဲ့ ပုံနဲ့ ဆီးလို့ ကြိုပါတယ်၊ ရောက်တာနဲ့ တနေ့လုံး စတည်းချဖို့ နေရာရှာလို့ ပြင်ဆင်ကြပါတယ်၊ ဘာဘီကျူး အသားကင်ဖို့ နေရာကိုတော့ ဋ္ဌားရမ်း ရပါတယ်၊ အတော်ကို ဆိတ်ငြိမ်အေးချမ်းတော့ တပတ်စာ မြို့ပြ အပူမီးတွေ ခေတ္တတော့ ငြိမ်းသတ်ခွင့်ရ တာပေါ့။
သုံးရောင်ချယ် မေပယ်လ်ရွက်တွေ နဲ့ ဆောင်းဦးရာသီ အလှ
နိုဝင်ဘာလ ရောက်ပြီ ဆိုတော့ အအေးက စွက်လာပြီလေ၊ သစ်ပင်တွေ ကလည်း သစ်ရွက်တွေ ဝါရာက နီ၊ နီရာက ညို၊ လေတိုက်တိုင်း တဖြုတ်ဖြုတ် ကြွေကျလို့ နေပါတော့တယ်၊ ချဉ်ပေါင်ရွက် နဲ့ တူတဲ့ မေပယ်ပင် ပင်တွေရဲ့ အလှဟာ အို……ပြောရက်စရာမရှိဖူး။ သဘာဝတရားရဲ့ အလှတရားက ဖမ်းစားလွန်းတော့ ပါလာတဲ့ လက်ဆွဲတော် နိုင်ကွန် D-200 ကင်မရာကို အိတ်ထဲက ဆွဲထုတ်လိုက်ပြီး၊ ဥယျာဉ်ထဲ လှည့်ပတ် ကြည့်မိပါတော့တယ်၊ တနေရာရောက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်က ဂျပန်လူမျိုးတွေ နေခဲ့တဲ့ အိမ်ပုံစံလေးတွေ ၂မျိုး ဆောက်ပြထားတာ တွေ့ရတယ်။ အဓိက ကတော့ အာရှဒေသ ကျေးလက်တွေ မှာ အသုံးပြုလေ့ ရှိတဲ့ မြက်အမျိုးနွယ် ထဲက သက်ကယ်တို့ ကောက်ရိုးတို့၊ သစ်၊ ဝါးတို့ နဲ့ စပ်ယှက် ဆောက်လုပ် ထားတာပါပဲ။
အားလပ်ရက်ဆိုတော့ မိသားစုတွေ ဟိုနေရာတစု ဒီနေရာ တစု တောင်ကမူလေးတွေ ကုန်းလေးတွေ ပေါ်မှာ စုဝိုင်းထိုင်လို့ ရယ်မော စားသောက်လို့ပေါ့၊ ကလေးတွေကတော့ ကစားစရာတွေ ရှိတဲ့ဆီ နဲ့ မျက်ခင်းပြင်မှာ ပြေးလွှားဆော့ ကစားလျှက်ပါပဲ။ ဒီချိန် ကလေးတယောက်က အခုမှ ရောက်လာပုံရတယ် မိဘတွေနဲ့ ပါလာတဲ့ ပစ္စည်းကို မနိုင့်တနိုင် နဲ့ ကူညီသယ်ပေး နေတာ တွေ့လိုက်ရလို့ ကင်မရာ ခလုပ်နှိပ်လိုက် မိတယ်။
ဥယျာဉ်ထဲ အတော်လေး လှည့်ပတ်ပြီးတာနဲ့ ဝမ်းထဲ နဲနဲလောက် ဟာ လာတာနဲ့ ဘော်ဒါတွေ စတည်းချနေတဲ့ နေရာဆီ ပြန်လာတော့ အသားကင်တဲ့ မီးဖိုက ညော်တဲ့ရနံ့က ဝမ်းမီးကို ပိုလို့ တောက်လောင်လာစေ ပါတယ်။ စားသောက်ရယ်မော ကြပြီး တနေ့တာ အပမ်းဖြေပြီးတော့ ရွှေမြို့တော်ဆီ ပြန်လာတော့ အနောက် ဂေါ်ယာကျွန်းဆီက တနေ့တာ အလင်းတွေကို စုတ်ယူနေတဲ့ အလှဟာ သဘာဝကို ပိုလို့ တင့်တယ်စေပြန်တယ်။
ဥယျာဉ်ထဲ အတော်လေး လှည့်ပတ်ပြီးတာနဲ့ ဝမ်းထဲ နဲနဲလောက် ဟာ လာတာနဲ့ ဘော်ဒါတွေ စတည်းချနေတဲ့ နေရာဆီ ပြန်လာတော့ အသားကင်တဲ့ မီးဖိုက ညော်တဲ့ရနံ့က ဝမ်းမီးကို ပိုလို့ တောက်လောင်လာစေ ပါတယ်။ စားသောက်ရယ်မော ကြပြီး တနေ့တာ အပမ်းဖြေပြီးတော့ ရွှေမြို့တော်ဆီ ပြန်လာတော့ အနောက် ဂေါ်ယာကျွန်းဆီက တနေ့တာ အလင်းတွေကို စုတ်ယူနေတဲ့ အလှဟာ သဘာဝကို ပိုလို့ တင့်တယ်စေပြန်တယ်။
You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.