စိတ်သွားတိုင်းကိုယ်မပါ
ဘလော့ဂ်ကို ပစ်ထားတာ တော်တော်ကြာပါပြီ။ ကိုးရီးယားအကြောင်းလေးတွေ ရေးမယ်ဆိုပြီး အားတင်းထားပေမယ့်လည်း လူက ရာသီအကူးအပြောင်းဆို အမြဲနေမကောင်းဖြစ်ပါတယ်။ ရာသီဥတုပြောင်းတိုင်း နေမကောင်းဖြစ်ပြီး ဆရာဝန်ဆီသွားရလွန်းလို့ ဆေးခန်းမှာ ကျန်းမာရေးကဒ်ပြလိုက်တာနဲ့ ဖောင်ဖြည့်စရာတောင် မလိုတော့ပါဘူး။ သူတို့ဆီမှာ မှတ်တမ်းတင်ထားတာ များနေလို့ပါ။ အခုလဲ ဘလော့ဂ်ရေးမယ်ဆိုပြီး စိတ်ကူးလေးကို ခဏနားရတော့မယ်။ နှာစေးချောင်းဆိုး ဖြစ်ပြီး လူကမောမောနေတော့ ကွန်ပျူတာမှာ ကြာကြာမထိုင်ချင်ပါဘူး။ ကိုကိုဒေါက်တာ တစ်ယောက်လောက်ရှိရင်လဲ ကောင်းသားနော်။ အခုတော့ ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်နေရတယ်လေ။ ဘယ်သူ့ဆီမှလဲ မလည်နိုင်တော့ လာလည်ကြတဲ့ သူငယ်ချင်းတွေကို အားနာပါတယ်။
အခုဆိုရင် အလုပ်ထဲမှာလဲ နှာခေါင်းစည်းလေးတပ်ပြီးတော့ နပ်စ်မလေးလုပ်နေပါတယ်။ ဒီမှာက နေမကောင်းဖြစ်ပြီဆိုရင် ကူးမှာကြောက်ကြပါတယ်။ ဒါကြောင့် နှာခေါင်းစည်းလေးနဲ့ နပ်စ်မလေးလုပ်နေရတာပေါ့ကွယ်။ ကိုယ့်ကြောင့်သူများတွေကို ကူးစက်မှာလဲစိုးရိမ်ရသေးတယ်။ ဒါကြောင့် ဘလော့ဂ်မောင်နှမတွေကို ကူးမှာစိုးတာကြောင့် ဘယ်မှသွားမလည်တော့ပါဘူး။ နေမကောင်းတာလေးကို အခွင့်ကောင်းယူပြီး အပါးခိုလိုက်ပါတယ်။ အခုတော့ နှာခေါင်းသံလေးနဲ့ နှပ်ကလေးတရှုံရှုံလုပ်ပြီး ချောင်းကလေးတဟွတ်ဟွတ်ဆိုးကာ အိပ်ပါတော့မယ်။
ီအခုဆိုရင် အလုပ်ထဲမှာလဲ နှာခေါင်းစည်းလေးတပ်ပြီးတော့ နပ်စ်မလေးလုပ်နေပါတယ်။ ဒီမှာက နေမကောင်းဖြစ်ပြီဆိုရင် ကူးမှာကြောက်ကြပါတယ်။ ဒါကြောင့် နှာခေါင်းစည်းလေးနဲ့ နပ်စ်မလေးလုပ်နေရတာပေါ့ကွယ်။ ကိုယ့်ကြောင့်သူများတွေကို ကူးစက်မှာလဲစိုးရိမ်ရသေးတယ်။ ဒါကြောင့် ဘလော့ဂ်မောင်နှမတွေကို ကူးမှာစိုးတာကြောင့် ဘယ်မှသွားမလည်တော့ပါဘူး။ နေမကောင်းတာလေးကို အခွင့်ကောင်းယူပြီး အပါးခိုလိုက်ပါတယ်။ အခုတော့ နှာခေါင်းသံလေးနဲ့ နှပ်ကလေးတရှုံရှုံလုပ်ပြီး ချောင်းကလေးတဟွတ်ဟွတ်ဆိုးကာ အိပ်ပါတော့မယ်။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.