Monday, December 8, 2008

[မသက်ဇင်] 1 New Entry: အသိပေးကြေ ငြာခြင်း

အသိပေးကြေ ငြာခြင်း

ကျမ မသက်ဇင် ၏ ဘလောဂ့်တွင် လင့်ချိတ် ထားခြင်း မရှိသော--အခြား ဘလောဂ့် တခု ၏ စီပုံးတွင် မသက်ဇင် အ မည်ဖြင့် ကျမ-မရေးခဲ့ပါ-- ကျမ နှင့် မည်သို့မျှ မပတ်သက်သော ဘလောဂ့် တွင် ကျမ အမည် နှင့် ကျမ ဘ လောဂ့် url ကို အလွဲသုံးစား ပြုပြီး အောက်တန်းကျစွာ ရေးသား လုပ်ဆောင်နေကြောင်း စာဖတ်သူ အားလုံးကို အသိပေးအပ် ပါသည်။

You received this email because you are subscribed to the real_time feed for http://www.mathetzin.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[::Just Speaking Out Loud::] 2 New Entries: Writer/Blogger Wanted (Local Position)

Writer/Blogger Wanted (Local Position)


ကြေငြာလုပ်ငန်း၊ အိုင်တီလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းများအတွက် ဗဟုသုတကြွယ်ဝပြီး အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သော၊ အင်္ဂလိပ်စာ အရေးအသား အထူးကောင်းမွန်သော writer/blogger အလိုရှိပါသည်။ အလုပ်လျှောက်လိုသူများ CV ကို jobs@myanmars.net သို့မဟုတ် admin@myanmars.net သို့ ပေးပို့နိုင်ပါသည်။ ဖုန်း - ၆၅၂၂၅၀၊ ၆၅၂၃၂၃

ဒီအလုပ်နဲ့ ပတ်သတ်ပြီး သိရှိလိုတာများရှိရင် ကုမဏ္ဍီကိုပဲ တိုက်ရိုက်ဆက်သွယ်ကြပါ။

ဂျီအက်စ်အမ်ဖုန်း

ဂျီအက်စ်အမ်ဖုန်းကို အက်ဖ်အီးစီ ၁၀၊ ၂၀ နဲ့ ကိုင်လို့ရတော့မယ်ဆိုလို့ အစကတော့ ငါတော့ ဖုန်းကိုင်လို့ရပြီဆိုပြီး ပျော်နေတာ ဂျာနယ်ကို ဖတ်လိုက်တော့မှ တော်တော်လေးကို အကုန်အကျများမှန်း သိရတယ်။ အက်ဖ်အီးစီ ၁၀ တန်ကတ်ကို ၁၄ရက်ပဲ သုံးလို့ရပြီး ၂၀ တန်ကတော့ တစ်လသုံးလို့ရတယ်။ ဖုန်းနံပါတ်ကို ကတ်တစ်ခါဝယ်ရင် တစ်ခါပေးပြီး သက်တမ်းကုန်လို့ အသစ်ထပ်ဝယ်ရင် နောက်ထပ် နံပါတ်အသစ် သုံးရတယ်။ အရင် နံပါတ်သုံးလို့မရတော့ဘူး။ ဖုန်းအ၀င်ကို တစ်မိနစ်ကို ၀.၀၅ ယူနစ်၊ ပြည်တွင်းအထွက် ခေါ်ဆိုရင် တစ်မိနစ်ကို ၀.၃၀ ယူနစ်၊ ပြည်ပအထွက်ခေါ်ရင် မည်သည့်နိုင်ငံမဆို တစ်မိနစ်ကို ၁.၅ ယူနစ်၊ SMS တစ်ခါပို့ရင် ၀.၀၅ ယူနစ် ပေးရတယ်။ ဖုန်းအ၀င်ကို ပေးရတာ လုံးဝ မမိုက်ဘူး။ ပြီးတော့ ဖုန်းခေါ်ရတာထက် SMS ပို့တာကမှ ဈေးပိုသက်သာသေးတယ်။ ဖုန်းကတ်ကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အပြည့်မသုံးရသေးပေမယ့်လည်း ၁၄ ရက်ဆို ၁၄ရက်၊ တစ်လဆို တစ်လ ပြည့်သွားတာနဲ့ ဆက်သုံးလို့ မရတော့ဘူး။ လက်ရှိ အက်ဖ်အီးစီ ပေါက်ဈေးကို အတိအကျမသိပေမယ့် ၁၂၀၀ ဈေးနဲ့ထွက်မယ်ဆိုရင် ဖုန်းအ၀င် လက်ခံရင် တစ်မိနစ်ကို ၆၀ကျပ်၊ ပြည်တွင်းဆက်ရင် ၃၆၀ကျပ် ကျတယ်။ အဲဒီ့ဖုန်းမျိုးကို တစ်လ၊ နှစ်လလောက် သုံးတာနဲ့ မွဲမှာသေချာတယ်။ ဖုန်းမကိုင်ရရင်လဲ နေပါစေတော့။ မရှိတာပဲ ပိုကောင်းပါတယ်။

မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေအတွက်တော့ ကိုက်တော့ကိုက်တယ်။ သူတို့ကတော့ ဈေးကြီးတယ်လို့ ထင်မှာမဟုတ်ဘူး။ မြန်မာပြည်ရောက်နေတုန်း ဟမ်းဖုန်းပြောနိုင်ရင်ပဲ ကျေနပ်နေကြမယ် ထင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[::Just Speaking Out Loud::] 2 New Entries: Writer/Blogger Wanted (Local Position)

Writer/Blogger Wanted (Local Position)


ကြေငြာလုပ်ငန်း၊ အိုင်တီလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းများအတွက် ဗဟုသုတကြွယ်ဝပြီး အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သော၊ အင်္ဂလိပ်စာ အရေးအသား အထူးကောင်းမွန်သော writer/blogger အလိုရှိပါသည်။ အလုပ်လျှောက်လိုသူများ CV ကို jobs@myanmars.net သို့မဟုတ် admin@myanmars.net သို့ ပေးပို့နိုင်ပါသည်။ ဖုန်း - ၆၅၂၂၅၀၊ ၆၅၂၃၂၃

ဒီအလုပ်နဲ့ ပတ်သတ်ပြီး သိရှိလိုတာများရှိရင် ကုမဏ္ဍီကိုပဲ တိုက်ရိုက်ဆက်သွယ်ကြပါ။

ဂျီအက်စ်အမ်ဖုန်း

ဂျီအက်စ်အမ်ဖုန်းကို အက်ဖ်အီးစီ ၁၀၊ ၂၀ နဲ့ ကိုင်လို့ရတော့မယ်ဆိုလို့ အစကတော့ ငါတော့ ဖုန်းကိုင်လို့ရပြီဆိုပြီး ပျော်နေတာ ဂျာနယ်ကို ဖတ်လိုက်တော့မှ တော်တော်လေးကို အကုန်အကျများမှန်း သိရတယ်။ အက်ဖ်အီးစီ ၁၀ တန်ကတ်ကို ၁၄ရက်ပဲ သုံးလို့ရပြီး ၂၀ တန်ကတော့ တစ်လသုံးလို့ရတယ်။ ဖုန်းနံပါတ်ကို ကတ်တစ်ခါဝယ်ရင် တစ်ခါပေးပြီး သက်တမ်းကုန်လို့ အသစ်ထပ်ဝယ်ရင် နောက်ထပ် နံပါတ်အသစ် သုံးရတယ်။ အရင် နံပါတ်သုံးလို့မရတော့ဘူး။ ဖုန်းအ၀င်ကို တစ်မိနစ်ကို ၀.၀၅ ယူနစ်၊ ပြည်တွင်းအထွက် ခေါ်ဆိုရင် တစ်မိနစ်ကို ၀.၃၀ ယူနစ်၊ ပြည်ပအထွက်ခေါ်ရင် မည်သည့်နိုင်ငံမဆို တစ်မိနစ်ကို ၁.၅ ယူနစ်၊ SMS တစ်ခါပို့ရင် ၀.၀၅ ယူနစ် ပေးရတယ်။ ဖုန်းအ၀င်ကို ပေးရတာ လုံးဝ မမိုက်ဘူး။ ပြီးတော့ ဖုန်းခေါ်ရတာထက် SMS ပို့တာကမှ ဈေးပိုသက်သာသေးတယ်။ ဖုန်းကတ်ကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အပြည့်မသုံးရသေးပေမယ့်လည်း ၁၄ ရက်ဆို ၁၄ရက်၊ တစ်လဆို တစ်လ ပြည့်သွားတာနဲ့ ဆက်သုံးလို့ မရတော့ဘူး။ လက်ရှိ အက်ဖ်အီးစီ ပေါက်ဈေးကို အတိအကျမသိပေမယ့် ၁၂၀၀ ဈေးနဲ့ထွက်မယ်ဆိုရင် ဖုန်းအ၀င် လက်ခံရင် တစ်မိနစ်ကို ၆၀ကျပ်၊ ပြည်တွင်းဆက်ရင် ၃၆၀ကျပ် ကျတယ်။ အဲဒီ့ဖုန်းမျိုးကို တစ်လ၊ နှစ်လလောက် သုံးတာနဲ့ မွဲမှာသေချာတယ်။ ဖုန်းမကိုင်ရရင်လဲ နေပါစေတော့။ မရှိတာပဲ ပိုကောင်းပါတယ်။

မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေအတွက်တော့ ကိုက်တော့ကိုက်တယ်။ သူတို့ကတော့ ဈေးကြီးတယ်လို့ ထင်မှာမဟုတ်ဘူး။ မြန်မာပြည်ရောက်နေတုန်း ဟမ်းဖုန်းပြောနိုင်ရင်ပဲ ကျေနပ်နေကြမယ် ထင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 2 New Entries: နိုင်ငံပြု ပညာ - အပိုင်း(၁)

နိုင်ငံပြု ပညာ - အပိုင်း(၁)

စာဖတ်သူများခင်ဗျား

စံပယ်ဖြူ မဂ္ဂဇင်းမှ စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ စာဖတ်သူများအတွက် ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal's၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy နဲ့ Encarta Reference 2007 တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဆောင်းပါးကို အပိုင်းလိုက် အလျဉ်းသင့်သလို ဖော်ပြသွားမှာ ဖြစ်ကြောင်းနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။

ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။

လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။

နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု

နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၈)

ဒီအပိုင်းမှာတော့ ကစထမှူး တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်အကြောင်းကို စစ်ဖက် နီးစပ်သူများက ပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ပြသွားပါမယ်။

ကာကွယ်ရေး ၀န်ကြီးဌာန အထူးစစ်ဆင်ရေး အဖွဲ့မှူး ရာထူးသာမက S2 နအဖအတွင်းရေးမှူး (၂) ရာထူး လိုချင်နေတဲ့ ဗိုလ်ရဲမြင့်ဟာ ၀န်ကြီးဌာနများရဲ့  စီမံကိန်းများကို စစ်ဆေးမှုဆိုင်ရာများ၊ ကစထမှူးရဲ့  လုပ်ငန်း တာဝန်ပိုင်းဆိုင်ရာတွေကို သူ့ရဲ့ အမိန့်တွေနဲ့ မတရားသုံးချင်တိုင်းသုံး၊ အာဏာရှင်တွေရဲ့  ဇာတိသရုပ် ပေါ်လွင်နေကြောင်း ဇာခန်းဆီ နောက်ကွယ်က ဇာတ်လမ်းများ အပိုင်း(၄)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ ဗိုလ်ရဲမြင့်ရဲ့  ကိုယ်ရေးရာဇ၀င်နဲ့ သူ့ရဲ့  အကျင့်စရိုက်ကို ခွဲခြားဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့်ဟာ ညောင်လေးပင် ဇာတိဖြစ်ပြီး ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၃၁) ကျောင်းဆင်းကာ တပ်မ (၁၀၁) တပ်မမှူး၊ လပခ တိုင်းမှူးမှတဆင့် ကစထမှူးသို့ တက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ ကစထမှူး မဖြစ်ခင်က သူဟာ စစ်တပ်ရဲ့  ထိပ်ပိုင်း ရာထူးဖြစ်တဲ့ စစ်ရေးချုပ် အဆင့်ကို အနည်းဆုံး မှန်းထားခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးနဲ့ ကစထမှူး ရာထူး ရလာတော့ အာဏာတွေ ယစ်မူးပြီး အတွင်းရေးမှူး(၂) ရာထူးအထိပါ မှန်းလာပါတယ်။

တီဗွီထဲမှာ ဗိုလ်သန်းရွှေ ကြည့်နေတာမို့ ဗိုလ်ရဲမြင့်ဟာ စာအုပ်ကြီးကို ဘေးမှာ ထားကာ ရေးမှတ်နေတာကို အလုပ်များနေသယောင် ပုံဖမ်းနေပေမဲ့ အကြောင်းသိ ဗိုလ်ချုပ်တွေကတော့ Commander ခေါင်းဆောင်လုပ်သူ တွေဟာ ခေါင်းကိုဘဲ သုံးရမှာမို့ ဗိုလ်ရဲမြင့်ရဲ့ စာအုပ်ရေးမှတ်တဲ့ ပုံစံကို ဘ၀င်မကျဘဲ မနာလို ရှုစိတ်နဲ့ တိုးတိုးတိတ်တိတ် ဝေဖန် နေကြပါတယ်။

တပ်ချုပ် ဗိုလ်သန်းရွှေ ရဲ့  ဇာတိဖြစ်တဲ့ ကျောက်ဆည်မြို့ မှာ အိမ်နဲ့ ခြံ ဆောက်လုပ်ကာ "ကျောက်ချပြီး" တိုင်းမှူးပီပီ အခွင့်အရေးကို အသုံးပြုလို့ ဗိုလ်သန်းရွှေရဲ့  ဆွေစဉ်မျိုးဆက်တွေကို `ဖား´ နေသူ ဖြစ်ပါတယ်။ သူရဲ့  မကြာမကြာ ပြောနေကြ စကားကတော့ "ငါ့ရဲ့ အကြီးအကဲဟာ ဗိုလ်သန်းရွှေ၊ င့ါရဲ့  ဖခင် ကျေးဇူးရှင်ကြီးသဖွယ် သူခိုင်းသမျှ အကုန်လုပ်ရမယ်၊ သစ္စာရှိရမယ်" ဆိုတဲ့ ကြွေးကြော်နေတာမို့ ကျန်တဲ့ စစ်အာဏာရှင်တွေရဲ့  ကြည့်မရသူ စာရင်းတွေထဲမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ မေမြို့  - မန္တလေး ကားလမ်းဖောက် စီမံကိန်းကို ဗိုလ်ရဲမြင့် ရဲ့သား အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန်ကုမ္ပဏီမှ တိုင်းပြည်ဘဏ္ဍာငွေတွေကို လာဘ်စားကာ တာဝန်ပျက်ကွက်မှုအပေါ် ဗိုလ်ရဲမြင့်အား စစ်အာဏာရှင် ထိပ်ပိုင်းက ငြိုငြင်မှု ခံရသူ ဖြစ်ပါတယ်။ ဒီအတွက် ဗိုလ်ခင်ညွှန့်ကို မဖမ်းခင် မန္တလေးမှာ အနီးကပ် စောင့်ကြည့်ဖို့ ဗိုလ်ရဲမြင့်က အမှတ်ယူပြီး ယုံကြည်စိတ်ချ ခံရသူအဖြစ် ဂုဏ်ယူကြွတက်စွာ လှုပ်ရှားပေးနေသူ ဖြစ်ပါတယ်။ သူဟာ ဒေါသကြီးသူ အဖြစ် နံမည်ကြီးပြီး တခါတုံးက စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဝင်း (ယခု ဒုရဲချုပ်မှ အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်) ဟာ သူ့အား တင်ပြရန် ရှိလို့ ဆက်သွယ်ရေး စက်ပေါ်ခွင့်တောင်းတာကို စစ်ဗျူဟာမှူး အဆင့်တောင် အားမနာဘဲ ဆဲဆိုကြိမ်းမောင်းတတ်သူ ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့်ဟာ ထောက်လှမ်းရေး အဖွဲ့ သြဇာထက်စဉ်က ဗိုလ်ခင်ညွှန့်ကို `ဖား´ တဲ့ အနေနဲ့ သူ့ရဲ့  ဇနီး ဒေါက်တာ တင်လင်းမြင့်ကို မိခင်နဲ့ကလေး အဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွေမှာ ထိုးဖောက် လုပ်ကိုင်ခိုင်းသူ ဖြစ်ပါတယ်။ ဗိုလ်ရဲမြင့် လပခတိုင်းမှာ အာဏာရှင် ပီပီ ဒေါသတကြီး သောင်းကျန်းနေတာကို တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ခင်အောင်က ၀င်ထိန်းဖို့ သတိပေးခဲ့တယ် လို့ သိရပါတယ်။ ဗိုလ်ရဲမြင့်ဟာ ဦးအောင်သောင်းနဲ့ တပတ်စဉ်ထဲမို့ အဂတိလိုက်စားမှုနဲ့ စီးပွားရေး သောင်းကျန်းရာမှာ ပူးပေါင်းရိုက်စားကြပြီး သူ့ရဲ့  ညီဖြစ်သူ ဗိုလ်မှူးကြီး စိုးရီအား စက်မှု (၁) ရှိ နေရာကောင်း မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် ကိုင်ခွင့်ပေးသူ ဖြစ်ပါတယ်။ တဖန် ကိုအောင်မင်းရဲ့  ဆောင်းပါးအရ ဗိုလ်မှူးကြီး စိုးရီရဲ့  အိမ်မှာ အိမ်ဖေါ်ကောင်မလေး သတ်ခံရမှုမှာ ဒေါက်တာ တင်လင်းမြင့်မှ မသိချင် ယောင်ဆောင်နေမှုနဲ့ ဦးအောင်သောင်းရဲ့  ဘက်လိုက်မှုများ ပေါ်လွင်နေပါတယ်။ ဗိုလ်ရဲမြင့်ဟာ လပခတိုင်းမှူး ဘ၀တုန်းက တိုင်းရဲ့  ကောင်းရာကောင်းကြောင်း လုပ်သည်ထက် သူ့နံမည် ပျက်တဲ့ ဖြစ်စဉ်နှစ်ခု ရှိခဲ့ပါတယ်။ မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရမှု ဖြစ်စဉ် မှာ ကြံရာပါ လူအဖြစ် လည်းကောင်း၊ ကျောက်ဆည်တွင် ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ၄င်း ဖြစ်စဉ်တွေမှာ တာဝန်ရှိခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ရဲမြင့်ရဲ့  သား အောင်ဇော်ရဲမြင့် မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းခံရမှုမှာ ဖခင်ဖြစ်သူ အား သိလျက်နဲ့ ထိမ်ချန်မှုဖြင့် ဗိုလ်ရဲမြင့်အား အရေးမယူသည်မှာ ဗိုလ်သန်းရွှေရဲ့  "င" လေးလုံးရှောင် မူဝါဒကို မလိုက်နာခဲ့တာမို့ လူခင်ရင် မူ ပြင်တဲ့ နအဖရဲ့ စရိုက်လို့ ပြောရမလို ဖြစ်ရပါတော့တယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်းခရမ်းပြာ] 2 New Entries: တန်ဘိုးရှိသော အချိန်နှင့် အိန္ဒိယ ရထားများ

တန်ဘိုးရှိသော အချိန်နှင့် အိန္ဒိယ ရထားများ

တနေကုန် မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ ဝမ်းစာရှာရတာ မလွယ်ပါဘူး။
မနက် ရုံးရောက်ကတည်းက ကြားနေရတာတွေ ….
Finished by 3pm. ….. သုံးနာရီမှာ အပြီးပေးပါ။
Latest by tomorrow. ….. မနက်ဖြန် နောက်ဆုံးထား ပြီးအောင် လုပ်ပါ။
I need it before luch. ….. မနက်စာ စားချိန် မတိုင်ခင် လိုချင်တယ်။

အိုး … အချိန်တွေ … အချိန်တွေ … သတ်မှတ်ထား လိုက်ကြတာ။
ကိုယ်လည်း အားကျမခံ ပြောလို့ ရတာပေါ့ ….။ အိမ်က မီးဖို အတွက် Gas ကုန်လို့ ဖုန်းဆက်မှာရင် ….
Within 15 minitue …. ၁၅မိနစ်အတွင်း ရောက်အောင်လာပို့လို့ … မှတ်ကရော … အဟင်း ဟင်း …။


အချိန်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို ရယ်စရာ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတယ်။ ဂျပန်လူမျိုးတွေက အချိန်သိပ်တိကျတယ် ဆိုပဲ။ ချိန်းတဲ့ အချိန်ကို ၁၅မိနစ် နောက်ကျ ရောက်သွားလို့ အရမ်း စိတ်ဆိုးသွားတယ်တဲ့။ အိန္ဒိယ နိုင်ငံသားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါတဲ့ …။

လေးနက်တဲ့ အကြောင်း အရာကို ဟာသတချို့နဲ့ ရောနှေတင်ပြထားတာ။ အရမ်း သဘောကျမိတယ်။ စာဖတ်သူ မိတ်ဆွေများကို ဝေမျှချင်လို့ ရဲမြလွင် ရေးထားတဲ့ "အချိန်မှန်တဲ့ ဂျပန်တွေ" ဆောင်းပါးထဲက ကောက်နှုတ် ကူးယူ တင်ပြလိုက်ပါတယ်။
ကဲ …. ဖတ်ကြည့်ပြီး ရယ်လိုက်ကြပါဦး ….။
*******************
အိန္ဒိယပြည်မှ ရထားများ

ထိုကဲ့သို့ အချိန်နှင့် ပတ်သက်ပြီး အကဲဆတ်နေကြသော ဂျပန်များကို ကြည့်ပြီး ကျွန်တော့် သူငယ်ချင်း အိန္ဒိယ ကျောင်းသားက ရယ်လေသည်။ ထိုကဲ့သို့ ၁၀ မိနစ်ခန့် နောက်ကျပြီး ရထားဆိုက်လာမည် ဆိုပါက အိန္ဒိယ နိုင်ငံသားများက ဝမ်းသာလွန်းသဖြင့် လက်ခုပ် လက်ဝါးတီးကာ ကြိုဆိုကြလေသည်ဟု ဆိုလေသည်။

အိန္ဒိယပြည်တွင် ရထားနောက်ကျသည်မှာ ရိုးနေပြီ ဖြစ်သောကြောင့် ခရီးသည်များ သည်းခံနှိုင်ကြလေသည်။ ရထားမလာမီ မုန့်ပဲ သွားရည်စာ စားပြီး တစ်နာရီ နှစ်နာရီ နောက်ကျပြီး လာမည့် ရထားအား စိတ်ရှည် လက်ရှည် စောင့်ရင်း အချိန်ဖြုန်း နေတတ်ကြသည်။

တစ်နေ့တွင် ရထားသည် သတ်မှတ်ထားသော အချိန်အတိုင်း ကွက်တိ ဆိုက်ရောက်ကာ ခရီးသည်များကို တင်ဆောင်သွားလေသည်။ အချိန်နောက်ကျမှ ရောက်လာသော ခရီးသည်များက ခါတိုင်းကဲ့သို့ နောက်မကျပဲ အချိန်မှန် ရထားဆိုက်လာသည့် အတွက် မိမိတို့ ရထားမမီ ဖြစ်ရသည်ကို ရုံပိုင်ကြီး၏ ရုံးခန်းတွင် လာရောက်ကန့်ကွက် ပြောဆိုလေတော့သည်။ ထိုအခါ ရုံပိုင်ကြီးက အေးအေးဆေးဆေးပင် ယခုကဲ့သို့ ပြန်ပြောလိုက်လေသည်။

"သိပ်လည်း မစိုးရိမ်ကြပါနဲ့ဗျာ။ ဒီရထားက မနေ့က ဆိုက်ရမဲ့ ရထားပါ။ ခင်ဗျားတို့ စီးရမဲ့ ရထားက မလာသေးပါဘူး။ နောက်ထပ် အကြာကြီး စောင့်ရဦးမှပါ။"

ရဲမြလွင်
ရယ်စရာ မဂ္ဂဇင်း
ဇူလိုင်လ၊ ၁၀၀၈
*******************
အားလုံး ရယ်မောနှိုင်ကြပါစေ။

မွေးနေ့ရှင်များ

ကြံကြံ ဖန်ဖန် ရှာတွေ့တာလေး တစ်ခုပါ။

မွေးနေ့တူတဲ့သူ၊ တနည်းအားဖြင့် တစ်ရက်တည်းမှာ မွေးဖွားခဲ့တဲ့သူတွေဟာ ဘဝ တလျှောက်လုံး အဖြစ် အပျက်တွေ၊ အမူ အကျင့်တွေ တူညီမှု ရှိကြပါသတဲ့။ နက္ခတ် ဗေဒင်ပညာ အရကြောင့်လား၊ ဒါမှမဟုတ် သာမန် တိုက်ဆိုင်မှုမျိုးလား ဆိုတာကိုတော့ မသိနှိုင်ပါဘူး။

တစ်ရက်တည်း တစ်နေ့တည်းမှာ မွေးဖွားသူ ဆယ်စုံကို ယှဉ်တွဲပြီး နမူနာ ပြထားတယ်။ အားလုံးက ထင်ပေါ် ကြော်ကြားသူတွေချည်း ဆိုပဲ။ ကိုယ်သိတဲ့ သူအချို့ကို ရွေးထုတ်လိုက်ဦးမယ်။

Charles Darwin and Abraham Lincoln (February 12, 1809)
၁၉ရာစုမှာ ထင်ရှား ကြော်ကြားခဲ့ သူတွေပါ။
လူဆိုတာ မျောက်က စတယ်ဆိုတာ ဒါဝင်ရဲ့ သီအိုရီလို့ ပြာလောင် ကာတွန်းတွေမှာ ဖတ်ဘူးတာပဲ။


Princess Diana and Carl Lewis (July 1, 1961)
မင်းသမီး ဒိုင်ယာနာကတော့ လူတိုင်း သိပြီးသား ဖြစ်မှာပါ။ Carl Lewis ကတော့ အိုလံပစ်ရွှေတံဆိပ်ဆု ကိုးကြိမ်ရ အားကစား သမား ဖြစ်ပါတယ်။ လူမှုရေး လုပ်ငန်းတွေမှာ ဒိုင်ယာနာ ကဲ့သို့ နာမည်ရတဲ့သူ တစ်ယောက်ပါတဲ့။

စိတ်ဝင်စား စရာ အကောင်းဆုံး ဇာတ်လိုက်လာပါပြီ…။

President George W. Bush and Sylvester Stallone (July 6, 1946)
အမေရိကန် သမတ ဂျော့ဘု့ရှ်နဲ့ ရမ်ဘိုမင်းသား စတားလုံး တို့ရဲ့ မွေးနေ့တွေဟာ တူပါသတဲ့။
သူတို့နှစ်ယောက်ရဲ့ အမူအကျင့် အတွေး အခေါ်တွေ တူယုံ မက၊ သူတို့ ကြုံတွေ့ဖြတ်သန်းလာခဲ့တဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေ တူညီတယ်လို့ ဆိုပဲ။

နမူနာအဖြစ် မွေးနေ့တူတဲ့ သူဆယ်စုံရဲ့ တူညီတဲ့ အမူအကျင့်၊ အဖြစ်အပျက်၊ အောင်မြင်မှုတွေ အပြည့် အစုံကို mental_floss magazine မှာ ဖတ်ရှုနိုင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နတ်ပျိုမ] 2 New Entries: သူစိမ်းနှစ်ယောက်

သူစိမ်းနှစ်ယောက်

ချစ်သူနှစ်ယောက်ဆိုတာ (တကယ်တမ်း ၀န်ခံရရင်)
အရင်က သူစိမ်းတွေပဲလေ ။       ။

ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဟာ
မတူညီတဲ့ အမြင်၊ မတူညီတဲ့ အတွေးတွေနဲ့.....
မတူညီတဲ့ အသိုင်းအ၀ိုင်း အသီးသီးက သက်ဆင်းလာခဲ့ရတာ။

အဲဒီ မတူညီမှုတွေကို ညှိနှိုင်းပေးမယ့်
အချစ်ဆိုတဲ့ အရာတစ်ခုသာ
ချစ်သူနှစ်ဦး ရင်ထဲမှာ အစစ်အမှန်ရှိနေခဲ့ပါလျှင်
"ဘွဲ့" တစ်ခုဆိုတာတောင် မလိုအပ်ပါဘူး...

(နားလည်ပေးတတ်မှုအလိုလိုရောက်ရှိလာပြီး)
အရာရာဟာ သာယာအေးချမ်းပီး...
အသက်ထက်ဆုံး ချစ်ခင်သွားနိုင်ကြမှာပါ။         ။

ခေါင်းစဉ် "ဘွဲ့"

အတားအဆီးမဲ့တဲ့ နွေလေပွေလို
စိတ်အစဉ်ရဲ့ အစအဆုံးကို
မှော်ဝင် အပြုံးတစ်ခုနဲ့ ဦးဆောင်သူရေ
မင်းရက်စက်ပုံကတော့
ပန်းနဲ့လိပ်ပြာ ငိုတယ်။
မြေနီလမ်းပေါ်က ကျောက်စရစ်ခဲကိုနင်းမှ
ငါ့တို့အိမ်ငယ်လေး ရောက်မှာပါ
အချိန်တိုင်လို့ ဘွဲ့တစ်ခုမရခဲ့တော့
နှုတ်ဆတ်တေးတောင် လက်ကမ်းဆိုခဲ့ရတယ်။
နောင်တချိန်....
မင်းရဲ့ဆင်ခြင်တုံးတရားကို
ကျောပိုးအိတ်ထဲထားခဲ့ပါ...
င့ါတို့ မြတ်ခင်းလွင်ပြင်က ကျဉ်းတယ်လေ။

စာကြွင်း(ဘွဲ့ချစ်ကြီးအတွက် အမှတ်တရ)

You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 2 New Entries: Erised and Desire

Erised and Desire


ဟယ်ရီပေါ်တာ စာအုပ်ကို မူရင်းကော၊ မြန်မာဘာသာပြန်ကော ကျွန်မ မဖတ်ဖူးသလို သူ့ရုပ်ရှင်ကိုလည်း နံပါတ်(၁) ကြည့်ပြီးနောက်ပိုင်း ကျန်တဲ့အပိုင်းတွေကို ဆက်မကြည့်ဖြစ်ခဲ့ပါဘူး။ အခုဖတ်မိတာလေး တစ်ခုက ဟယ်ရီပေါ်တာရဲ့ စာအုပ်တစ်အုပ်မှာ "Erised stra ehru oyt ube cafru oyt on wohsi" ဆိုပြီး မှော်မှန်ပေါ်မှာ ထွင်းထားပါသတဲ့။

ဒီစာကို
တရုတ်ဘာသာပြန်တွေက စာလုံးအသံထွက်အတိုင်း " Erised stra.... " ဆိုပြီး ဘာသာပြန်ထားပါတယ်။ ကျိန်စာလိုလို ဂါထာလိုလို ဒီစာကြောင်းမှာ လျှို့ဝှက်ချက်တွေပါ ပါသတဲ့။ ဒါကို ဘာသာပြန်ဆရာတွေက သေချာဂရုစိုက် ဘာသာမပြန်ဘဲ မူရင်းစာရေးသူရဲ့ အတွေးကို ချန်လှပ်ခဲ့တယ်လို့ ဆိုပါတယ်။

Erised ဆိုတဲ့စလုံးက Desire ကနေ လာတယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က "လိုအင်ဆန္ဒ၊ ရမ္မက်" ဖြစ်ပါတယ်။ Desire စာလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ပြီး မှန်ပေါ်မှာ Erised လို့ ထွင်းထားတာဖြစ်တယ်။

"Erised stra ehru oyt ube cafru oyt on wohsi" စာကြောင်းအားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ကြည့်တဲ့အခါ " Ishow no tyo urfac ebu tyo urhe arts desire" ဆိုပြီး ရပါတယ်။ စာလုံးပေါင်းတွေကို သေချာစီကြည့်တာ့ "I show not your face but your hearts desire!" လို့ ရပြန်တယ်။ ဒါကို အဓိပ္ပါယ် ပြန်ရရင် "ကျွန်တော့်အပေါ်မှာ ခင်ဗျားရဲ့မျက်နှာကို ပြရုံသာမက ခင်ဗျားအသဲနှလုံးရဲ့ ရမ္မက်ကိုပါ ပြနေပါတယ်" လို့ ဆိုပါတယ်။

ဒါကြောင့်
Dumbledore က ဟယ်ရီပေါ်တာကို " ကမ္ဘာပေါ်က အပျော်ဆုံးလူသားသာလျှင် ဒီမှော်မှန်ကို သာမန်မှန်အဖြစ် အသုံးပြုနိုင်မယ်" လို့ ပြောခဲ့ပါတယ်။

လှပတဲ့ ကိုယ့်အပြင်ပန်း သဏ္ဍာန်ကို မှန်ထဲကြည့်တတ်ကြသလို ရမ္မက်လောဘကင်းတဲ့ ကိုယ့်အသဲနှလုံးကိုလည်း မှန်ထဲ မြင်တတ်ကြဖို့ဖြစ်တယ်။

မြန်မာက ဒီစာကြောင်းကို ဘယ်လို ဘာသာပြန်ထားသလဲ မသိဘူး။ ဖတ်ဖူးသူတွေရှိရင် ရှယ်ကြပါအုန်းလို့.. ကျေးဇူးးးး)

နိုင်းနိုင်းစနေ

လွမ်းမောမိတယ်...


လူကြီးတစ်ယောက်က ပြောလာပါတယ်။ ကောင်မလေးတစ်ယောက် အဆော့လွန်ပြီး အိမ်အပြန်နောက်ကျလို့ အိမ်ရှေ့မှာ အမွှေးတိုင်ထွန်း ဒူးထောက်ပြီး အပြစ်ပေးခံနေရတယ်တဲ့။ ကောင်မလေးက အပြစ်ပေးခံရတာတောင် မျက်နှာက စပ်ဖြီးဖြီးနဲ့ ..... ကောင်မလေးရဲ့ မနီးမဝေးမှာ ကောင်လေးနှစ်ယောက် အပင်ကွယ်ပြီး ချောင်းကြည့်နေသတဲ့။ အဲလူကြီးစကား နားထောင်ပြီး ငယ်ငယ်က ကျွန်မအဖြစ်နဲ့ တူလှချည်လားပေါ့။ နောက် အဲဒီအကြောင်း အစ်မကိုပြောပြပြီး ရီစရာ ဘာမှမယ်မယ်ရရ မရှိဘဲ ညီအစ်မနှစ်ယောက် တစ်ညနေလုံး ရီနေမိတယ်။

နောက်တော့ အီးမေးလ်ကနေ ဒီပုံရတော့ ညီအစ်မနှစ်ယောက်လုံး ဝါးလုံးကွဲမတတ် ရီမိတော့တယ်။ ဟီး.. ဟီး ငယ်ငယ်က ဆိုးခဲ့သမျှ ဂျာနယ်ပေါ် ရောက်လိမ့်မယ်လို့ မထင်မိလို့ ကျွန်မ ရှက်မိပါတယ်။ ပုံထဲမှာ ဒူးထောက်အပြစ်ပေး ခံနေရတဲ့ ကလေးမက ကျွန်မငယ်ငယ်က ဆံပင်ပုံနဲ့ တူနေပြန်တော့ ပိုရီမိတယ်။ အစ်မက ကျွန်မနဲ့ အရမ်းတူတယ် ဆိုပြီး တစ်နေ့ကုန် ရီနေရော့... :x (ရွာကလူတွေ ဖတ်မိရင် ဘယ်လိုနေမယ် မသိဘူး)

ဘာရယ်မဟုတ်ပါဘူး... ဘလော့ရေးစက ကိုယ့်ငယ်ဘဝအကြောင်းကို မှတ်မိသလောက် ချရေးကြည့်တာ မမျှော်လင့်ဘဲ မန္တလေးတိုင်းမ် ဂျာနယ်ပေါ် ရောက်သွားခဲ့တယ်။

"အိမ်ရှေ့ မျက်နှာစာမှာ ဒူးထောက် လက်မြှောက်ပြီး အမွေးတိုင်တတိုင် မကုန်မချင်း မထရတော့ဘူး။ အဲဒီလို အပြစ်ပေး ခံနေရတဲ့အချိန် သူငယ်ချင်းတွေက ၀ိုင်းကြည့်ပြီး ရယ်နေကြရင် ကျွန်မလည်း ရှက်ရမှန်း မသိ၊ ငိုရမှန်းမသိ ရောယောင်ပြီး လိုက်ရယ်မိတယ်။ ကလေးဘ၀ ဘယ်လောက် အပြစ် ကင်းစင်လိုက်သလဲကွယ်.... " ကျွန်မနဲ့ရွာ[click]
ဒီလိုအရေးကြောင့် ထင်တယ်။ အဲလို သရုပ်ဖော်ပုံကြီး ထွက်လာတယ်။ အစ်မက စာဖတ်လိုက် ပုံကြည့်လိုက်နဲ့ နင်နဲ့တူလိုက်တာဆိုပြီး ရီနေရော။ အဲဒီလိုပါပဲ... ငယ်ဘဝ အဖြစ်တွေက ဘယ်လိုရေးရေး၊ ဘယ်လိုနေခဲ့နေခဲ့ ပြန်ပြောင်း အောင်းမေ့ကြည့်ရုံနဲ့တင် ပျော်စရာနဲ့ လွမ်းစရာတွေကအတိ။ အပူအပင်ကင်းတဲ့ ကလေးဘဝ ဘာနဲ့မှ ထပ်အစားထိုး မရနိုင်တော့ပါဘူးလေ။

ဒီတစ်ခေါက် ရွာပြန်ရောက်တော့ ရွာက လူဦးရေတွေသာ တိုးလာတယ် လူတွေရဲ့ စားဝတ်နေရေးက အရင်အတိုင်းပဲ။ ခြံက ရေခလောက်လဲ ခြုံတွေကြားမှာ ပျောက်သွားခဲ့ပါပြီ။ အဘိုးရဲ့ ငါးကန်တစ်ချို့ကိုလည်း မြေဖို့ပြီး ခြံလုပ်လိုက်ကြပြီ။ ကျွန်မနဲ့အတူ ဆော့ကစားခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေလည်း အိမ်ထောင်ပြုသူပြု၊ သေသူသေနဲ့ တစ်ချို့လည်း ရွာကနေတောင် ပြောင်းသွားကြပြီ။ နှစ်တွေပြောင်း၊ လူတွေ ဟောင်းခဲ့ကြပေမယ့် ကျွန်မတို့ရင်ထဲမှာ မပြောင်းလဲဘဲ ကျန်နေခဲ့မှာက သူငယ်ချင်းတွေကြားက ခင်မင်မှုရယ်၊ အတူဆော့ကစားဖူးတဲ့ အမှတ်တရတွေဆိုတာ ကျွန်မရဲရဲကြီး ပြောရဲပါတယ်။

"ကျွန်မနဲ့ရွာ" ကို ဖတ်ခဲ့ရင် စာလုံးပေါင်းတွေ သည်းခံပေးပါလို့.. ဘလော့ဂ်ရေးစတုန်းက အမှားများစွာနဲ့ ကျွန်မ စခဲ့ပါတယ်။ ရေးရင်း သင်ရင်း၊ သင်ရင်း ရေးရင်းဆိုပေမယ့် ခုထိလည်း မှားနေဆဲပါပဲ...း)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[A Splendid Rose's . . .] 1 New Entry: 10 Things I hate about myself

10 Things I hate about myself

ဇူလိုင်ဒရမ်း က ကိုယ့်ဟာကိုယ် မုန်းတဲ့ အချက် ၁၀ ချက်လောက်များမရှိဘူးလားလို့ တစ်ရက်က gtalk မှာ မေးလာတယ်။ အဲ့ဒီနေ့က Tuas, Jurong area မှာ မိုးတွေ ရွာနေတဲ့နေ့လားမသိပါဘူး။ မိုးတွေရွာပြီဆို လုပ်ငန်းခွင် နေရာ သိပ်မကွာတဲ့ သူ့ gtalk status မှာ မိုးကြောင့် လွမ်းကြောင်း၊ ဆွေးကြောင်း၊ ချစ်ကြောင်း ဘယ်သို့ဘယ်ပုံတွေ တွေ့နေရတတ်ပြီး ကျွန်မရဲ့ status မှာတော့ မိုးရွာလို့ နေမကောင်းတဲ့အတွက် မုန်းကြောင်း၊ အမြင်ကပ်ကြောင်း၊ ဘယ်လိုဘယ်ပုံ မကြိုက်ကြောင်း တွေ တွေ့ရတတ်ပါတယ်။


ဆိုလိုချင်တဲ့စကားပြန်ကောက်ရရင် သူက အဲ့လို မေးလာတော့ ဟဲ့.. ၁၀ ချက်ထဲလား ငါတော့ က တောင်မကဘူး အများကြီးလို့ ပြောမိတော့.. အားရင် အဲ့သဟာလေး ရေးစမ်းပါလို့ ဆိုထားပါတယ်။ ခုကတော့ sunshine acre game လေး သွားမကစားခင်.. အပြေးအလွှား ချရေးကြည့်လိုက်ပါစမ်းမယ်။ လာလေရော့..

၁။ ဒေါသကြီးတယ်။
စိတ်ကထောင်းကနည်းဆို -င်က ဟောင်းကနည်း ဆိုတဲ့အထဲကပါပဲ။ စနေသမီးမို့ စိတ်ကြီးတယ် ပြောလည်း ရမယ်ထင်တယ် .. ဟဲဟဲ။ ဒေါသထွက်နေရင်တော့ အဲ့အချိန် ဘယ်သူမှ မတားနဲ့ပဲ။
ငယ်တုန်းကတော့ စိတ်ကြီးပြီး ခဏခဏ ဖျား ယူ ရပါတယ်။

၂။ သူများကို နာအောင် ပြောစရာ စကားလုံး တွေ အများကြီးတတ်တယ်။
ပုံမှန်ဆို အင်မတန် သည်းခံ ညှိနှိုင်းတတ်ပေမယ့် ဒေါသထွက်နေရင်၊ စိတ်တို၊ စိတ်ဆိုး၊ စိတ်နာ လာပြီဆိုရင် အဲ့ဒီတစ်ဘက်သားကို မျက်ရည်တောက် တောက်ကျအောင်၊ ဒါမှမဟုတ် တနုံ့နုံ့နာကျင်အောင် လုပ်ဖို့ စကားလုံးတွေ အများကြီးကို ဘယ်ကမှ သင်မထားဘဲ .. ထောင့်စေ့ ချောင်ပိတ်နေအောင် ပြောတတ်တယ်။ ဘယ်က ဘယ်လို ပါရမီပါလာတယ်မသိဘူး။ တော်တော် စိတ် ကုန်တယ်။

၃။ ၀ါသနာမပါတဲ့ accounting/finance profession နဲ့စာသင်၊ အကြံပေး၊ အလုပ်လုပ်စားနေရတယ်။
ပိုက်ဆံဆို ကိုယ့်ပိုက်ဆံကိုတောင် ကိုယ် ဘယ်လောက်ကျန်လို့ ဘယ်လောက်သုံးမှန်း မှတ်ထားတာမဟုတ်ဘူး စိတ်မပါလို့။ ခုတော့.. ဟင့်ဟင့်...ဟင့်.. ဖြစ်သမျှကံအကြောင်းရယ်.. အင်းလျားကန်စောင်းဝယ်.. အင်းလျားဆိုတာ အီကိုရှေ့မှာ မဟုတ်ပါလား။ အီကို ဆိုလို့ အီကိုနဲ့ကျောင်းပီးတာ မဟုတ်ရပါဘူး။ အဲ့မှာ လယ်စီစီအိုင် ဆိုတာလေး တစ်ခါလား သွားတက်ဘူးတာရယ်။ ဘ၀များ အံဝင်ခွင်ကျချက်..။

၎။ ပါးစပ်ကပြောသလောက် လက်က သိပ်မလုပ်နိုင်ဘူး
လေပဲ များပါတယ်။
တိုက်ကြီးပဲ ဆောက်တော့မလို ကားကြီးပဲ ၀ယ်တော့မလို၊ တိုင်းပြည်ကောင်းစားရေးပဲ လုပ်တော့မလို လူတန်းစားတိုက်ပွဲပဲ ၀င်တော့မလိုနဲ့ နီသလို နက်သလို လက်ဝဲလိုလက်ယာလိုနဲ့ တစ်ကယ်တော့ ကိုယ့်ဟာကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး မြန်မာပြည်မှာတောင် မနေနိုင်ဘဲ ကျွန်းစုတ်လေး လာနေတာသာကြည့်တော့။ အဟက်..အဟက်..။

၅။ ၀ိတ်သာချချင်တာ အစားမလျော့ချင်ဘူး။
မင်္ဂလာပွဲအတွက် ဒင်နာအတွက် ဂါဝန်တွေ ၀တ်ကြည့်တိုင်း နောင်တတွေ ရပါတယ်။ ဒါပေမယ့် စားတာကတော့ စားလျက်ပဲ။ စိတ်နာချက်တော့..

။ မပြတ်သားဘူး။
ဘယ
်တော့မှ ကိုယ်လုပ်ချင်တာကို ဇွတ်မလုပ်ဖြစ်ဘူး။ မပြတ်မသားတွေဝေနဲ့ ရောယိမ်းလိုက် ဘသားယိမ်းလိုက်တွေ လုပ်နေမိတာများတယ်။

၇။ သူများအမြင်ကို ဂရုစိုက်တယ်။
ကိုယ့်လုပ်ချင်တာထက် ကိုယ့်ကိုယ် သူများဘယ်လိုမြင်မလဲ ဆိုတာကို ဂရုစိုက်ပြီး နေထိုင်လာရတာ ဆယ်စုနှစ် ၂ ခုစာလောက်ဖြစ်လာတော့ လူက ခေါက်ရိုးကျိုးချင်လာတယ်။ Be what you want to be not what other want to see you ဆိုတာကို လက်တွေ့ကျင့်သုံးနိုင်အောင်ကြိုးစားတော့မယ် လို့ စဉ်းစားထားတယ်။ လူမုန်းမှာ မကြောက်အောင်ပေါ့။ အိုအေ.. ပြောစရာရှိတာတော့ ဘွင်းဘွင်းပဲ ဆိုတာမျိုး လုပ်ရတော့မယ်။ ဒါက ၂၀၀၉ resolution ပဲ။

၈။ စာကို လေးလေးနက်နက် မလုပ်ချင်ဘူး။
ကျောင်းသူနဲ့မတူဘူးပေါ့။ စာမေးပွဲနီးမှ ကပ်လုပ်တယ်။. ဒီတော့ စာမေးပွဲကျတာများတယ်။

၉။ ပိုက်ဆံသုံးတာ စည်းကမ်းမရှိဘူး။
ဒါတော့ ဘယ်တုန်းကမှ ပြုပြင်လို့မရဘူးဖြစ်နေတာ။ ခုယောက်ျားရပြီဆို တန်သင့်သလောက် အထိမ်းအကွပ်ရှိကောင်းပါရဲ့။

၁၀။ ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုပ်ချင်တယ်။ ဘယ်နေရာမှ မထူးချွန်ဘူး
ဟိဟိ ဒါကတော့ ပါရမီပါတယ်ထင်တယ်။ ပြင်လို့လည်း ရမှာမဟုတ်တော့ဘူး။ တစ်သက်လုံးလဲ ကိုယ့်ကိုယ်ကိုယ် အဲ့သဟာ အမြင်ကပ်ဆုံးပဲ။
ကဲကဲ ထပ်ရေးရင် ရှိသေးတယ်။ ကိုဇူလိုင်ကြီး ဘာသိချင်သေးလည်း...။ နင် ငါ့ကို မတ်တပ် မီးပူတိုက်လို့ရတာလေး လက်ဖွဲ့မယ်ပြောထားတယ်နော် မေ့ရဘူး။ ဟဲဟဲ..။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နတ်ပျိုမ] 2 New Entries: သူစိမ်းနှစ်ယောက်

သူစိမ်းနှစ်ယောက်

ချစ်သူနှစ်ယောက်ဆိုတာ (တကယ်တမ်း ၀န်ခံရရင်)
အရင်က သူစိမ်းတွေပဲလေ ။       ။

ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဟာ
မတူညီတဲ့ အမြင်၊ မတူညီတဲ့ အတွေးတွေနဲ့.....
မတူညီတဲ့ အသိုင်းအ၀ိုင်း အသီးသီးက သက်ဆင်းလာခဲ့ရတာ။

အဲဒီ မတူညီမှုတွေကို ညှိနှိုင်းပေးမယ့်
အချစ်ဆိုတဲ့ အရာတစ်ခုသာ
ချစ်သူနှစ်ဦး ရင်ထဲမှာ အစစ်အမှန်ရှိနေခဲ့ပါလျှင်
"ဘွဲ့" တစ်ခုဆိုတာတောင် မလိုအပ်ပါဘူး...

(နားလည်ပေးတတ်မှုအလိုလိုရောက်ရှိလာပြီး)
အရာရာဟာ သာယာအေးချမ်းပီး...
အသက်ထက်ဆုံး ချစ်ခင်သွားနိုင်ကြမှာပါ။         ။

ခေါင်းစဉ် "ဘွဲ့"

အတားအဆီးမဲ့တဲ့ နွေလေပွေလို
စိတ်အစဉ်ရဲ့ အစအဆုံးကို
မှော်ဝင် အပြုံးတစ်ခုနဲ့ ဦးဆောင်သူရေ
မင်းရက်စက်ပုံကတော့
ပန်းနဲ့လိပ်ပြာ ငိုတယ်။
မြေနီလမ်းပေါ်က ကျောက်စရစ်ခဲကိုနင်းမှ
ငါ့တို့အိမ်ငယ်လေး ရောက်မှာပါ
အချိန်တိုင်လို့ ဘွဲ့တစ်ခုမရခဲ့တော့
နှုတ်ဆတ်တေးတောင် လက်ကမ်းဆိုခဲ့ရတယ်။
နောင်တချိန်....
မင်းရဲ့ဆင်ခြင်တုံးတရားကို
ကျောပိုးအိတ်ထဲထားခဲ့ပါ...
င့ါတို့ မြတ်ခင်းလွင်ပြင်က ကျဉ်းတယ်လေ။

စာကြွင်း(ဘွဲ့ချစ်ကြီးအတွက် အမှတ်တရ)

You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[A Splendid Rose's . . .] 1 New Entry: 10 Things I hate about myself

10 Things I hate about myself

ဇူလိုင်ဒရမ်း က ကိုယ့်ဟာကိုယ် မုန်းတဲ့ အချက် ၁၀ ချက်လောက်များမရှိဘူးလားလို့ တစ်ရက်က gtalk မှာ မေးလာတယ်။ အဲ့ဒီနေ့က Tuas, Jurong area မှာ မိုးတွေ ရွာနေတဲ့နေ့လားမသိပါဘူး။ မိုးတွေရွာပြီဆို လုပ်ငန်းခွင် နေရာ သိပ်မကွာတဲ့ သူ့ gtalk status မှာ မိုးကြောင့် လွမ်းကြောင်း၊ ဆွေးကြောင်း၊ ချစ်ကြောင်း ဘယ်သို့ဘယ်ပုံတွေ တွေ့နေရတတ်ပြီး ကျွန်မရဲ့ status မှာတော့ မိုးရွာလို့ နေမကောင်းတဲ့အတွက် မုန်းကြောင်း၊ အမြင်ကပ်ကြောင်း၊ ဘယ်လိုဘယ်ပုံ မကြိုက်ကြောင်း တွေ တွေ့ရတတ်ပါတယ်။


ဆိုလိုချင်တဲ့စကားပြန်ကောက်ရရင် သူက အဲ့လို မေးလာတော့ ဟဲ့.. ၁၀ ချက်ထဲလား ငါတော့ က တောင်မကဘူး အများကြီးလို့ ပြောမိတော့.. အားရင် အဲ့သဟာလေး ရေးစမ်းပါလို့ ဆိုထားပါတယ်။ ခုကတော့ sunshine acre game လေး သွားမကစားခင်.. အပြေးအလွှား ချရေးကြည့်လိုက်ပါစမ်းမယ်။ လာလေရော့..

၁။ ဒေါသကြီးတယ်။
စိတ်ကထောင်းကနည်းဆို -င်က ဟောင်းကနည်း ဆိုတဲ့အထဲကပါပဲ။ စနေသမီးမို့ စိတ်ကြီးတယ် ပြောလည်း ရမယ်ထင်တယ် .. ဟဲဟဲ။ ဒေါသထွက်နေရင်တော့ အဲ့အချိန် ဘယ်သူမှ မတားနဲ့ပဲ။
ငယ်တုန်းကတော့ စိတ်ကြီးပြီး ခဏခဏ ဖျား ယူ ရပါတယ်။

၂။ သူများကို နာအောင် ပြောစရာ စကားလုံး တွေ အများကြီးတတ်တယ်။
ပုံမှန်ဆို အင်မတန် သည်းခံ ညှိနှိုင်းတတ်ပေမယ့် ဒေါသထွက်နေရင်၊ စိတ်တို၊ စိတ်ဆိုး၊ စိတ်နာ လာပြီဆိုရင် အဲ့ဒီတစ်ဘက်သားကို မျက်ရည်တောက် တောက်ကျအောင်၊ ဒါမှမဟုတ် တနုံ့နုံ့နာကျင်အောင် လုပ်ဖို့ စကားလုံးတွေ အများကြီးကို ဘယ်ကမှ သင်မထားဘဲ .. ထောင့်စေ့ ချောင်ပိတ်နေအောင် ပြောတတ်တယ်။ ဘယ်က ဘယ်လို ပါရမီပါလာတယ်မသိဘူး။ တော်တော် စိတ် ကုန်တယ်။

၃။ ၀ါသနာမပါတဲ့ accounting/finance profession နဲ့စာသင်၊ အကြံပေး၊ အလုပ်လုပ်စားနေရတယ်။
ပိုက်ဆံဆို ကိုယ့်ပိုက်ဆံကိုတောင် ကိုယ် ဘယ်လောက်ကျန်လို့ ဘယ်လောက်သုံးမှန်း မှတ်ထားတာမဟုတ်ဘူး စိတ်မပါလို့။ ခုတော့.. ဟင့်ဟင့်...ဟင့်.. ဖြစ်သမျှကံအကြောင်းရယ်.. အင်းလျားကန်စောင်းဝယ်.. အင်းလျားဆိုတာ အီကိုရှေ့မှာ မဟုတ်ပါလား။ အီကို ဆိုလို့ အီကိုနဲ့ကျောင်းပီးတာ မဟုတ်ရပါဘူး။ အဲ့မှာ လယ်စီစီအိုင် ဆိုတာလေး တစ်ခါလား သွားတက်ဘူးတာရယ်။ ဘ၀များ အံဝင်ခွင်ကျချက်..။

၎။ ပါးစပ်ကပြောသလောက် လက်က သိပ်မလုပ်နိုင်ဘူး
လေပဲ များပါတယ်။
တိုက်ကြီးပဲ ဆောက်တော့မလို ကားကြီးပဲ ၀ယ်တော့မလို၊ တိုင်းပြည်ကောင်းစားရေးပဲ လုပ်တော့မလို လူတန်းစားတိုက်ပွဲပဲ ၀င်တော့မလိုနဲ့ နီသလို နက်သလို လက်ဝဲလိုလက်ယာလိုနဲ့ တစ်ကယ်တော့ ကိုယ့်ဟာကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး မြန်မာပြည်မှာတောင် မနေနိုင်ဘဲ ကျွန်းစုတ်လေး လာနေတာသာကြည့်တော့။ အဟက်..အဟက်..။

၅။ ၀ိတ်သာချချင်တာ အစားမလျော့ချင်ဘူး။
မင်္ဂလာပွဲအတွက် ဒင်နာအတွက် ဂါဝန်တွေ ၀တ်ကြည့်တိုင်း နောင်တတွေ ရပါတယ်။ ဒါပေမယ့် စားတာကတော့ စားလျက်ပဲ။ စိတ်နာချက်တော့..

။ မပြတ်သားဘူး။
ဘယ
်တော့မှ ကိုယ်လုပ်ချင်တာကို ဇွတ်မလုပ်ဖြစ်ဘူး။ မပြတ်မသားတွေဝေနဲ့ ရောယိမ်းလိုက် ဘသားယိမ်းလိုက်တွေ လုပ်နေမိတာများတယ်။

၇။ သူများအမြင်ကို ဂရုစိုက်တယ်။
ကိုယ့်လုပ်ချင်တာထက် ကိုယ့်ကိုယ် သူများဘယ်လိုမြင်မလဲ ဆိုတာကို ဂရုစိုက်ပြီး နေထိုင်လာရတာ ဆယ်စုနှစ် ၂ ခုစာလောက်ဖြစ်လာတော့ လူက ခေါက်ရိုးကျိုးချင်လာတယ်။ Be what you want to be not what other want to see you ဆိုတာကို လက်တွေ့ကျင့်သုံးနိုင်အောင်ကြိုးစားတော့မယ် လို့ စဉ်းစားထားတယ်။ လူမုန်းမှာ မကြောက်အောင်ပေါ့။ အိုအေ.. ပြောစရာရှိတာတော့ ဘွင်းဘွင်းပဲ ဆိုတာမျိုး လုပ်ရတော့မယ်။ ဒါက ၂၀၀၉ resolution ပဲ။

၈။ စာကို လေးလေးနက်နက် မလုပ်ချင်ဘူး။
ကျောင်းသူနဲ့မတူဘူးပေါ့။ စာမေးပွဲနီးမှ ကပ်လုပ်တယ်။. ဒီတော့ စာမေးပွဲကျတာများတယ်။

၉။ ပိုက်ဆံသုံးတာ စည်းကမ်းမရှိဘူး။
ဒါတော့ ဘယ်တုန်းကမှ ပြုပြင်လို့မရဘူးဖြစ်နေတာ။ ခုယောက်ျားရပြီဆို တန်သင့်သလောက် အထိမ်းအကွပ်ရှိကောင်းပါရဲ့။

၁၀။ ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုပ်ချင်တယ်။ ဘယ်နေရာမှ မထူးချွန်ဘူး
ဟိဟိ ဒါကတော့ ပါရမီပါတယ်ထင်တယ်။ ပြင်လို့လည်း ရမှာမဟုတ်တော့ဘူး။ တစ်သက်လုံးလဲ ကိုယ့်ကိုယ်ကိုယ် အဲ့သဟာ အမြင်ကပ်ဆုံးပဲ။
ကဲကဲ ထပ်ရေးရင် ရှိသေးတယ်။ ကိုဇူလိုင်ကြီး ဘာသိချင်သေးလည်း...။ နင် ငါ့ကို မတ်တပ် မီးပူတိုက်လို့ရတာလေး လက်ဖွဲ့မယ်ပြောထားတယ်နော် မေ့ရဘူး။ ဟဲဟဲ..။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 2 New Entries: Erised and Desire

Erised and Desire


ဟယ်ရီပေါ်တာ စာအုပ်ကို မူရင်းကော၊ မြန်မာဘာသာပြန်ကော ကျွန်မ မဖတ်ဖူးသလို သူ့ရုပ်ရှင်ကိုလည်း နံပါတ်(၁) ကြည့်ပြီးနောက်ပိုင်း ကျန်တဲ့အပိုင်းတွေကို ဆက်မကြည့်ဖြစ်ခဲ့ပါဘူး။ အခုဖတ်မိတာလေး တစ်ခုက ဟယ်ရီပေါ်တာရဲ့ စာအုပ်တစ်အုပ်မှာ "Erised stra ehru oyt ube cafru oyt on wohsi" ဆိုပြီး မှော်မှန်ပေါ်မှာ ထွင်းထားပါသတဲ့။

ဒီစာကို
တရုတ်ဘာသာပြန်တွေက စာလုံးအသံထွက်အတိုင်း " Erised stra.... " ဆိုပြီး ဘာသာပြန်ထားပါတယ်။ ကျိန်စာလိုလို ဂါထာလိုလို ဒီစာကြောင်းမှာ လျှို့ဝှက်ချက်တွေပါ ပါသတဲ့။ ဒါကို ဘာသာပြန်ဆရာတွေက သေချာဂရုစိုက် ဘာသာမပြန်ဘဲ မူရင်းစာရေးသူရဲ့ အတွေးကို ချန်လှပ်ခဲ့တယ်လို့ ဆိုပါတယ်။

Erised ဆိုတဲ့စလုံးက Desire ကနေ လာတယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က "လိုအင်ဆန္ဒ၊ ရမ္မက်" ဖြစ်ပါတယ်။ Desire စာလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ပြီး မှန်ပေါ်မှာ Erised လို့ ထွင်းထားတာဖြစ်တယ်။

"Erised stra ehru oyt ube cafru oyt on wohsi" စာကြောင်းအားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ကြည့်တဲ့အခါ " Ishow no tyo urfac ebu tyo urhe arts desire" ဆိုပြီး ရပါတယ်။ စာလုံးပေါင်းတွေကို သေချာစီကြည့်တာ့ "I show not your face but your hearts desire!" လို့ ရပြန်တယ်။ ဒါကို အဓိပ္ပါယ် ပြန်ရရင် "ကျွန်တော့်အပေါ်မှာ ခင်ဗျားရဲ့မျက်နှာကို ပြရုံသာမက ခင်ဗျားအသဲနှလုံးရဲ့ ရမ္မက်ကိုပါ ပြနေပါတယ်" လို့ ဆိုပါတယ်။

ဒါကြောင့်
Dumbledore က ဟယ်ရီပေါ်တာကို " ကမ္ဘာပေါ်က အပျော်ဆုံးလူသားသာလျှင် ဒီမှော်မှန်ကို သာမန်မှန်အဖြစ် အသုံးပြုနိုင်မယ်" လို့ ပြောခဲ့ပါတယ်။

လှပတဲ့ ကိုယ့်အပြင်ပန်း သဏ္ဍာန်ကို မှန်ထဲကြည့်တတ်ကြသလို ရမ္မက်လောဘကင်းတဲ့ ကိုယ့်အသဲနှလုံးကိုလည်း မှန်ထဲ မြင်တတ်ကြဖို့ဖြစ်တယ်။

မြန်မာက ဒီစာကြောင်းကို ဘယ်လို ဘာသာပြန်ထားသလဲ မသိဘူး။ ဖတ်ဖူးသူတွေရှိရင် ရှယ်ကြပါအုန်းလို့.. ကျေးဇူးးးး)

နိုင်းနိုင်းစနေ

လွမ်းမောမိတယ်...


လူကြီးတစ်ယောက်က ပြောလာပါတယ်။ ကောင်မလေးတစ်ယောက် အဆော့လွန်ပြီး အိမ်အပြန်နောက်ကျလို့ အိမ်ရှေ့မှာ အမွှေးတိုင်ထွန်း ဒူးထောက်ပြီး အပြစ်ပေးခံနေရတယ်တဲ့။ ကောင်မလေးက အပြစ်ပေးခံရတာတောင် မျက်နှာက စပ်ဖြီးဖြီးနဲ့ ..... ကောင်မလေးရဲ့ မနီးမဝေးမှာ ကောင်လေးနှစ်ယောက် အပင်ကွယ်ပြီး ချောင်းကြည့်နေသတဲ့။ အဲလူကြီးစကား နားထောင်ပြီး ငယ်ငယ်က ကျွန်မအဖြစ်နဲ့ တူလှချည်လားပေါ့။ နောက် အဲဒီအကြောင်း အစ်မကိုပြောပြပြီး ရီစရာ ဘာမှမယ်မယ်ရရ မရှိဘဲ ညီအစ်မနှစ်ယောက် တစ်ညနေလုံး ရီနေမိတယ်။

နောက်တော့ အီးမေးလ်ကနေ ဒီပုံရတော့ ညီအစ်မနှစ်ယောက်လုံး ဝါးလုံးကွဲမတတ် ရီမိတော့တယ်။ ဟီး.. ဟီး ငယ်ငယ်က ဆိုးခဲ့သမျှ ဂျာနယ်ပေါ် ရောက်လိမ့်မယ်လို့ မထင်မိလို့ ကျွန်မ ရှက်မိပါတယ်။ ပုံထဲမှာ ဒူးထောက်အပြစ်ပေး ခံနေရတဲ့ ကလေးမက ကျွန်မငယ်ငယ်က ဆံပင်ပုံနဲ့ တူနေပြန်တော့ ပိုရီမိတယ်။ အစ်မက ကျွန်မနဲ့ အရမ်းတူတယ် ဆိုပြီး တစ်နေ့ကုန် ရီနေရော့... :x (ရွာကလူတွေ ဖတ်မိရင် ဘယ်လိုနေမယ် မသိဘူး)

ဘာရယ်မဟုတ်ပါဘူး... ဘလော့ရေးစက ကိုယ့်ငယ်ဘဝအကြောင်းကို မှတ်မိသလောက် ချရေးကြည့်တာ မမျှော်လင့်ဘဲ မန္တလေးတိုင်းမ် ဂျာနယ်ပေါ် ရောက်သွားခဲ့တယ်။

"အိမ်ရှေ့ မျက်နှာစာမှာ ဒူးထောက် လက်မြှောက်ပြီး အမွေးတိုင်တတိုင် မကုန်မချင်း မထရတော့ဘူး။ အဲဒီလို အပြစ်ပေး ခံနေရတဲ့အချိန် သူငယ်ချင်းတွေက ၀ိုင်းကြည့်ပြီး ရယ်နေကြရင် ကျွန်မလည်း ရှက်ရမှန်း မသိ၊ ငိုရမှန်းမသိ ရောယောင်ပြီး လိုက်ရယ်မိတယ်။ ကလေးဘ၀ ဘယ်လောက် အပြစ် ကင်းစင်လိုက်သလဲကွယ်.... " ကျွန်မနဲ့ရွာ[click]
ဒီလိုအရေးကြောင့် ထင်တယ်။ အဲလို သရုပ်ဖော်ပုံကြီး ထွက်လာတယ်။ အစ်မက စာဖတ်လိုက် ပုံကြည့်လိုက်နဲ့ နင်နဲ့တူလိုက်တာဆိုပြီး ရီနေရော။ အဲဒီလိုပါပဲ... ငယ်ဘဝ အဖြစ်တွေက ဘယ်လိုရေးရေး၊ ဘယ်လိုနေခဲ့နေခဲ့ ပြန်ပြောင်း အောင်းမေ့ကြည့်ရုံနဲ့တင် ပျော်စရာနဲ့ လွမ်းစရာတွေကအတိ။ အပူအပင်ကင်းတဲ့ ကလေးဘဝ ဘာနဲ့မှ ထပ်အစားထိုး မရနိုင်တော့ပါဘူးလေ။

ဒီတစ်ခေါက် ရွာပြန်ရောက်တော့ ရွာက လူဦးရေတွေသာ တိုးလာတယ် လူတွေရဲ့ စားဝတ်နေရေးက အရင်အတိုင်းပဲ။ ခြံက ရေခလောက်လဲ ခြုံတွေကြားမှာ ပျောက်သွားခဲ့ပါပြီ။ အဘိုးရဲ့ ငါးကန်တစ်ချို့ကိုလည်း မြေဖို့ပြီး ခြံလုပ်လိုက်ကြပြီ။ ကျွန်မနဲ့အတူ ဆော့ကစားခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေလည်း အိမ်ထောင်ပြုသူပြု၊ သေသူသေနဲ့ တစ်ချို့လည်း ရွာကနေတောင် ပြောင်းသွားကြပြီ။ နှစ်တွေပြောင်း၊ လူတွေ ဟောင်းခဲ့ကြပေမယ့် ကျွန်မတို့ရင်ထဲမှာ မပြောင်းလဲဘဲ ကျန်နေခဲ့မှာက သူငယ်ချင်းတွေကြားက ခင်မင်မှုရယ်၊ အတူဆော့ကစားဖူးတဲ့ အမှတ်တရတွေဆိုတာ ကျွန်မရဲရဲကြီး ပြောရဲပါတယ်။

"ကျွန်မနဲ့ရွာ" ကို ဖတ်ခဲ့ရင် စာလုံးပေါင်းတွေ သည်းခံပေးပါလို့.. ဘလော့ဂ်ရေးစတုန်းက အမှားများစွာနဲ့ ကျွန်မ စခဲ့ပါတယ်။ ရေးရင်း သင်ရင်း၊ သင်ရင်း ရေးရင်းဆိုပေမယ့် ခုထိလည်း မှားနေဆဲပါပဲ...း)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 8 New Entries: RSF Award to Zagana & Nay Phone Latt (VOA Burmese)

RSF Award to Zagana & Nay Phone Latt (VOA Burmese)

ဦးသန့် ရာပြည့်တံဆိပ်ခေါင်း ကုလသမဂ္ဂမှ ထုတ်ဝေမည်

မိုးမခအထောက်တော် ၀၀၅
ဒီဇင်ဘာ ၅၊ ၂၀၀၈
http://moemaka.com/index.php?option=com_content&task=view&id=2918&Itemid=1လာမည့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အသက် ၁ဝဝ ပြည့်မည့် မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရာပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုး ကုလသမဂ္ဂက ထုတ်ဝေမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေမည့် အမေရိကန် ဝ.၉၄ ဒေါ်လာ (၉၄ ပြား)တန်၊ ဆွစ်ဇာလန်ငွေကြေး ၁.၃ဝ ဆွစ်ဖရန့်စ်တန်၊ ဥရောပသမဂ္ဂ ငွေကြေး ၁.၁၅ ယူရို တန် တံဆိပ်ခေါင်းများကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဝေမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးချုပ်ဖြစ်သည့် ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေသည့် တံဆိပ်ခေါင်း ယခင်က ထုတ်ဝေခဲ့ဖူးခြင်း မရှိဘဲ အတွင်းရေးမှူးချုပ်များ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းမှာလည်း ပထမဆုံး ဖြစ်သည် ဟု နယူးယောက်မြို့ရှိ တံဆိပ်ခေါင်း စုဆောင်းသူ မြန်မာတစ်ဦးက ပြောပြခဲ့သည်။ ဦးသန့် မတိုင်မီ ရာပြည့်ပုဂ္ဂိုလ်များဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းများမှာ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေနိုင်ငံသား ထရိဗီလီး (၁၈၉၆-၁၉၆၈) နှင့် ဒုတိယ အတွင်းရေးမှူးချုပ် ဆွီဒင်နိုင်ငံသား ဒက်ဟမ်းမားရှိုးလ် (၁၉ဝ၅-၁၉၆၁) တို့ဖြစ်သည်။
ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က ၁၉ဝ၉ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး အထက်တန်းပြ ကျောင်းဆရာ၊ ထိုမှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ အမျိုးသားပညာရေးကောင်စီ၊ ဗမာ့သုတေသနအဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများဦးစီးအဖွဲ့ အမှုဆောင်၊ ဂျပန်ခေတ် ပညာရေးပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဖဆပလအဖွဲ့၏ လူထုရေးရာတာဝန်ခံ စသဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။
ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ယူခဲ့သော်လည်း ထိုစဉ်က မဆလ အစိုးရ၏ ဂရုတစိုက် မရှိမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အုံကြွကာ 'ဦးသန့် ဈာပနအရေးအခင်း' ပေါ်ပေါက်ခဲ့သည်။
ဦးသန့်၏ ရာပြည့် အထူးအစဉ်ကို မိုးမခ က တင်ဆက်သွားမည်ဖြစ်ပါ၍ ဦးသန့်နှင့်ပတ်သက်ပြီး တင်ပြလိုသော အကြောင်းအရာများ ရှိပါက မိုးမခ သို့ ဆက်သွယ်ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။

အမေရိကန်သမ္မတကတော် လောရာဘုရှ် က နိုင်ငံရေး အကျဉ်းသား များလွတ်မြောက်ဖို့တောင်းဆို


၂၀၀၈ခုနစ် အတွက် ခရစ်ယာန် လွတ်မြောက်ရေး နိုင်ငံတကာ အဖွဲ့က ပေးတဲ့ ဆုကို ကျမ ၀မ်မြောက်ဝမ်းသာ လက်ခံ ပါတယ်ရှင်။

ဒီအဖွဲ့ဟာ လူသားချင်း စာနာတဲ့ အကူညီတွေကို မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အစွမ်းကုန် ကူညီနေတယ်။ စစ်အစိုးရရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် ခံစားနေရတဲ့ မြန်မာပြည်က အမျိုးသားတွေ၊ အမျိုးသမီးတွေ ၊ကလေးသူငယ်တွေ ကို အကူအညီ ပေးနေပါတယ်။ ထောင်ပေါင်းများစွာသော မြန်မာပြည်သူတွေဟာ နေရပ်ကနေ မောင်းထုတ်ခံနေရတယ်။ ထောင်ပေါင်းများစွာ ဟာ အသက်ရှင်သန်ဖို့ တောတောင်တွေထဲ မှာရုန်းကန်နေရတယ်။ ကျမတို့ဟာ လုံလောက်တဲ့ အစားသောက်တွေ နေထိုင်စရာတွေ ဆေးဝါးတွေ ကို ကူညီနေပါတယ်။ ဒီအခြေအနေတွေကို ကျမကိုယ်တိုင် ဒုက္ခသည်စခန်းတွေ ကိုသွားခဲ့စဉ်က မျက်မြင် ကြုံတွေ့ ခဲ့ရတာပါ။ ဒီပြသနာကြီးဟာ ကျမတို့ရဲ့ အကူညီတွေကို လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ နိင်ငံတကာမိသားစု၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု က စစ်အစိုးရကို အကြမ်းဖက်မှု တွေ ရပ်တန်းက ရပ်ဖို့ ပြောဖို့လိုနေပါပြီ။ လူမျိုးစုတွေကို သတ်ဖြတ်နေတာ တွေကို ရပ်တော့လို့ပြောဖို့လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့ ပြောဖို့လိုနေပြီ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ကျမတို့ ရဲ့ လွတ်လပ်မှု ကို အသုံးပြု ပြီး မြန်မာ ပြည်လွတ်မြောက်ရေးအတွက် စွမ်းစွမ်တမံလုပ်ကြပါဆိုတဲ့ တိုက်တွန်းချက် တာဝန်ကို ကျမတို့ လုပ်ကြဖို့လိုနေပါပြီ။ ကျမတို့ရဲ့ ညီညွတ်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ မျော်လင့်ချက်ကင်းမဲ့နေတဲ့ မြန်မာပြည်သူတွေအတွက် မျော်လင့်ချက် တွေကို ယူဆောင်ကြပါစို့ ။

ကျမတို့ လုပ်ဆောင်နိင်ခဲ့မှု ကို ဂုဏ်ယူပါတယ်။ အောင်မြင်မှု အတွက်
ခရစ်ယာန် လွတ်မြောက်ရေး အဖွဲ့ စီအက်ဖ်ဖိုင် နဲ့အတူ့ ဝေမျှ လုပ်ဆောင် ပါမယ်။ ဆုချီးမြင့်တဲ့ အတွက် ကျေးဇူး ဥပကာရ အထူးတင်ရှိပါတယ်ရှင်။


လောရာဘုရှ်က အမေရိကန် ပြည်ထောင်စု သမ္မတ ရဲ့  ကတော်- First Lady - ဖြစ်ပါတယ်။ သူမခင်ပွန်းဟာ အတိုက်အခံများသလောက် သူမကိုတော့ လူတိုင်းက ချစ်ခင်နှစ်လိုကြပါတယ်။ သူမရဲ့  ရိုးသား ဖေါ်ရွေမှု နဲ့ နစ်လိုဖွယ်အပြုံးများက လူတိုင်းကို စိတ်ကြည်နူးစေပါတယ်။ သူမဟာ မြန်မာ အရေး ကို အထူး ကူညီပေးခဲ့သူဖြစ်ပါတယ်။

သူမဟာ သူမခင်ပွန်း ဂျော့ရှ်ဘုရှ် အာဏာရကတည်းက အီရတ် အရေးကိုလုပ်မဲ့အစား မြန်မာပြည် လွတ်မြောက်ရေး အတွက်လုပ်ဖို့ သူခင်ပွန်းကို တိုက်တွန်းခဲ့တယ်။ ဒီလိုပြောဆိုမှုကို သမ္မတဘုရှ်က လူ့အခွင့်အရေးနှင့်တရားမျှတရေးအဖွဲ့ (Justice for Human Rights in Burma – JHB) ) ဒါရိုက်တာ တဦးဖြစ်သူ ဒေါ်စန္ဒာခင် နဲ့ ၀ါရှင်တန်မှာ တွေ့ ဆုံစဉ်က၊ "လောရာ ပြောသလို ငါလုပ်လိုက်ရင်ကောင်းမှာ လို့ " ဆိုပြီး ပြောပြခဲ့တယ် လို့ သိရပါတယ်။
ကိုမိုးသီး

To Army ( အာမီတဲ့)








ပြည်တွင်းက လူငယ်များဖန်တီးထားတဲ့ Hiphop သီချင်းတပုဒ်ဖြစ်ပါတယ်။

မတရားနှစ်ရှည်ထောင်ချ၊ဝေးလံထောင်ပို့ခံရသူများအတွက် nld မှပြောကြားချက်


burma today မှ ရယူဖော်ပြပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း

လျို့ဝှက်ပေါက်ကြားလာခဲ့သော သဘောထား တင်းမာသော နအဖအဖွဲ့ဝင်တဦးဟု ကျော်ကြားသော ပြည်ထဲရေးဝန်ကြီး၏ ဌာနတွင်း မိန့်ခွန်းကို မဇ္ဈိမက လက်ခံရရှိခဲ့ရာ ပြန်လည် ဖော်ပြလိုက်ရပါသည်။

ပြည်ထဲရေးဝန်ကြီး ပြောကြားသည့် မိန့်ခွန်း
စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဘာလုပ်သလဲဆိုလျှင် ဖြစ်လာသည့် Riot အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းခြင်းသည် International Law အရ တရားမဝင်ဟု ကမ္ဘာ့ အသိုင်းအဝိုင်းက ထောက်လာခြင်း ဖြစ်ကြောင်း၊ International တွင် ယခင်က တပ်မတော်က အုပ်ချုပ်နေသည်မှာ ပါကစ္စတန်၊ ဆူဒန်၊ မြန်မာ စသည့် (၃) နိုင်ငံသာ ကျန်တော့သည့် အနေအထားမှ ယနေ့အခြေအနေတွင် မြန်မာနိုင်ငံတစ်ခုသာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း၊ ထိုအနေအထား အခြေအနေတွင် Riot ကြောင့် နိုင်ငံတွင်းမှာ ဆူပူမှုအားလုံးကို တရားဥပဒေစိုးမိုးမှု လုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် တာဝန်ယူပြီး ရှင်းရမည်ဆိုသည့် အနေအထားကြောင့် ရဲတပ်ရင်းများကို ပြန်လည် ဖွဲ့စည်းရသည့် အနေအထားနှင့် လက်နက်များ ပြန်လည်တပ်ဆင်ခြင်း၊ လိုအပ်သည့် အကြမ်းဖက်ဆိုင်ရာ ပစ္စည်းများ၊ လက်နက်ခဲယမ်းများက အစ ပြင်ဆင်၍ စက်ပစ်ကွင်းသို့ မိမိကိုယ်တိုင်သွားရောက်ပြီး ပြင်ဆင်လုပ်ကိုင်ရသည့် အနေအထားဖြစ်ကြောင်း

ဆက်လက်၍ ပြောကြားရာတွင် နောက်အနာဂတ်မကြာမီ ရောက်တော့မည့် (၂) နှစ်ကာလအတွင်းတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည့် အပိုင်းတွင် မိမိဝန်ကြီးဌာနအနေဖြင့် မိမိတို့ ရှေ့တန်းရောက်လာပြီဟု ပြော၍ရကြောင်း၊ ထို့အတူ တာဝန်ပိုင်းနှင့် ပတ်သက်ပြီး အရာရာသည် တရားဥပဒေစိုးမိုးရေး အပိုင်းကို ရဲ၊ ထွေ/အုပ်တို့ဖြင့် ဖြေရှင်း၍ တရားဥပဒေကြောင်းအရ စီးပွားရေးအပိုင်းတွင် တစစဖြင့် ရှင်းပြီး အကျဉ်းပိုင်းတွင် ဥပဒေကြောင်း အရ ဖြစ်အောင် လုပ်မည်ဆိုသည့် ဥပဒေလမ်းကြောင်းကို ရှေ့ကတင်ပြီး လုပ်မည် ဆိုသည့် အနေအထား အခြေအနေမျိုးဖြစ်ကြောင်း

ဌာနကြီး (၄) ခုက လုပ်သည့် လုပ်ငန်းအားလုံးတို့သည် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီရမည် ဖြစ်ကြောင်း၊ အစွန်းထွက်၍ မရသည်ကို ဌာနမှူးများက သိကြောင်း၊ ဌာနမှာရှိသည့် အမျိုးသမီးများက မသိကြောင်း

မိမိသည်ပင်လျှင် ရုံးခန်းထဲမှာနေပြီး တစ်ပတ်အတွင်း လုပ်ခဲ့သည့် လုပ်ငန်းတစ်ခုကို ပြန်ပြီး ပြောရလျှင် မနက် (၅) နာရီခွဲခန့်ထပြီး ဝင်လာသည့် စာများကို ပြတ်အောင် ရှင်းရကြောင်း၊ မြန်မာပြည်ကို တစ်ခုလုံး ဘာထူးသည်ကို ကြည့်ရကြောင်း၊ ပြီးလျှင် Briefing သွားလုပ်ရကြောင်း၊ (၁) နာရီခွဲ (၂) နာရီခန့်မှ ပြန်လာရကြောင်း၊ နေ့ခင်းပိုင်း Briefing ပြန်လုပ်ပြီး စာများ ရှင်းရကြောင်း၊ ထိုကြားထဲ အစည်းအဝေးခေါ်လျှင် သွားရကြောင်း၊ Cabinet တွင်လည်း (၁၂) နာရီခွဲ၊ (၁) နာရီ ပုံမှန်ဖြစ်နေကြောင်း။

ယနေ့ နိုင်ငံတကာ အခြေအနေ ဆက်ဆံမှု အားလုံးသည် ပြည်တွင်းသို့ ရောက်လာကြောင်း၊ ပြည်တွင်းမှာ လှုပ်ရှားဆက်ဆံမှု အားလုံးသည် နိုင်ငံရေးအရ လှုပ်ရှားမှု၊ စီးပွားရေးအရ လှုပ်ရှားမှု၊ လူမှုရေးအရ လှုပ်ရှားမှု၊ အုပ်ချုပ်ရေးအရ လှုပ်ရှားမှု၊ အားကစားရေးအရ လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများအားလုံးသည် ပြည်တွင်းကိုလာပြီး နိုင်ငံတကာ၏ Idea, Philosophy နိုင်ငံတကာ၏ စွပ်စွဲချက်အားလုံးသည် ပြည်တွင်းသို့ ရောက်လာသည့်အခါ အရပ်သားအားလုံးသည် ထိုအတိုင်းစီ၍ လှုပ်ရှားလာကြခြင်း ဖြစ်ကြောင်း၊ အရပ်သားဟု ဆိုရာတွင် သာမာန်ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ မယ်သီလ၊ အလုပ်သမားများ ပါကြောင်း၊ မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် လူဦးရေ ၅၄ သန်းလုံးသည် ၎င်းကိုမှီပြီး လှုပ်ရှားလာသည့် အတွက်ကြောင့် နိုင်ငံတကာ အခြေအနေ မည်သို့ရှိသည်ကို အကြမ်းဖျင်းသိရန် လိုအပ်ကြောင်း

ယနေ့ကမ္ဘာကိုကြည့်လျှင် အမေရိကန် ကြီးစိုးရေးဝါဒသည် အမြဲတမ်း ရှိနေကြောင်း၊ ၎င်း၏ ပေါင်းထားသည်မှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် ဖြစ်လာသည့် အခြေအနေဖြစ်ကြောင်း၊ ယခင်က အမေရိကန်၊ အင်္ဂလိပ်၊ သြစတြေးလျှ ဦးစီးသည့် အနောက်အုပ်စု ဂျာမနီ စသည်ဖြင့် ဦးစီးခြင်းမျိုး ရှိနေသကဲ့သို့ EU ကလည်း သတ်သတ်ရှိကြောင်း၊ ယနေ့ EU သည် ထိုပုံစုံမျိုး မဟုတ်ဘဲ ၂၇ နိုင်ငံသည် ဥရောပတွင် Union ခေါ်သည့် ၂၇ နိုင်ငံမှ ၎င်းသွားကပ်ကြောင်းကို နားလည်ရန် လိုအပ်ကြောင်း၊ ယနေ့ နိုင်ငံများကို ပြန်ကြည့်ပါက အမေရိကန် ဦးစီးသည့် အနောက်အုပ်စု၊ ရုရှအုပ်စု၊ ကျန်သည့် ၁၅ ပြည်နယ် အုပ်စု၊ ရုရှထဲက တစ်ပိုင်းကွဲပြီး NATO Series ထဲဝင်သွားပြီးတော့မှ EU ခေါ်သည့် အုပ်စုဆိုပြီး ဥရောပ Union နှင့် ပေါင်းသွားသည့် နိုင်ငံများ၊ အာဖရိကနိုင်ငံတွင်လည်း အာဖရိကယူနီယံဆိုပြီး တစ်ဖွဲ့ရှိကြောင်း၊ ထို့အပြင် အရှေ့အလယ်ပိုင်းအာရပ်များဖြစ်သော အနောက်ကုလားအုပ်စုတစ်စုရှိကြောင်း၊ ဒီဘက်မှ ပြန်ကြည့်ပါက အန္ဒိယ၊ တရုတ်၊ ရုရှား၊ စသည့်ဖြင့် အုပ်စုတစ်စုရှိကြောင်း၊ ဂျပန်သည် အမေရိကန် အုပ်စုဖြစ်ကြောင်း ၎င်းတို့မှာ အုပ်စုအနေအထား အကြမ်းဖျင်းဖြစ်ကြောင်း၊ အမေရိကန် အုပ်စုအပြင် EU အုပ်စုက သွားပြီးပေါင်းနေသည့် အနေအထားဖြစ်ကြောင်း သူ့ဟာသူ ပေါင်းနေခြင်းသည် အကြောင်းမဟုတ်သော်လည်း မြန်မာနိုင်ငံသည် ပစ်မှတ်ဖြစ်နေကြောင်း၊ တစ်အချက်သည် စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံဖြစ်ခြင်းနှင့် မြန်မာသည် တွန်းလှည်းလေးကဲ့သို့ သူတို့အနေဖြင့် မြင်နေကြကြောင်း Issue တင်လိုက်ပါက လူအားလုံးသည် စိတ်ဝင်စားနေကြကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကို အကြောင်းပြပြီး International မှာ လူများနိုင်ငံကို လုပ်စားလာကြသည့် အနေအထားဖြစ်ကြောင်း၊ အာဆီယံ၊ တရုတ်၊ အန္ဒိယ တို့၏ အနေအထားတွင် တစ်ပိုင်းက ပြန်ကြည့်ပါက အမေရိကန်သည် အားကြီးလာသဖြင့် စီးပွားရေးအရ စစ်ရေးအရ အားကြီးလာသည့် နိုင်ငံဖြစ်သဖြင့် ယနေ့အနေအထားအရ ရုရှား ကလည်း သီးခြားမယှဉ်နိုင်၊ တရုတ်ကလည်းသီးခြားမယှဉ်နိုင်၊ ကုလားကလည်း သီးခြားမယှဉ်နိုင်ကြသည့် အနေအထားဖြစ်သဖြင့် အမေရိကန်ကို ယှဉ်ရန် ရုရှား၊ တရုတ်၊ အန္ဒိယပေါင်းပြီး အမေရိကန်၏ လွမ်းမိုးမှုကို ပြန်ပြီး ယှဉ်နိုင်အောင် လုပ်ရသည့်ကာလဖြစ်ကြောင်း၊ အမေရိကန် အပိုင်းကို ပြန်ကြည့်ပါက ၎င်းသည် အမေရိကန်အုပ်စု၊ EU အုပ်စု၊ ဂျပန်အုပ်စု၊ ကိုရီးယားအုပ်စု စသည်ဖြင့် အမေရိကန် အုပ်စုဖြစ်ကြကြောင်း၊ ပတ်ဝန်းကျင်ကြည့်သည့်အခါ အမေရိကန်ဘက်လိုက်သားများ ဖြစ်နေကြသည်ကို မြင်အောင် ကြည့်တတ်ဖို့ ဖြစ်ကြောင်း၊ နားလည်အောင် ပြန်ကြည့်လိုက်ပါက အာဆီယံ အုပ်စုထဲတွင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဒီဘက်က ကြားထဲက လွတ်နေတာက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံလောက်သာ မြန်မာနိုင်ငံနှင့် In Line ဖြစ်သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ကို ကပ်ရမှာဖြစ်ကြောင်း၊ တရုတ်ကို ကပ်ရသည့် အကြောင်းရင်းမှာ လက်ရှိ အစိုးရအနေဖြင့်လည်း တရုတ်က မျက်နှာသာပေးနေလို့၊ တရုတ်နှင့် ပေါင်းစည်းနေလို့ တရုတ်ကို Back ကစ လုပ်ပြီးတော့ ဝန်ကြီးကပြောသည်ဟု ခင်ဗျားတို့ စိတ်ထဲမှာ ထင်ကောင်း ထင်ကြလိမ့်မည် ဖြစ်ကြောင်း၊ အမှန်မှာ မဟုတ်ကြောင်း၊ လက်ရှိ ယနေ့ ကမ္ဘာတွင် တစ်ဦးတည်း ရပ်တည်၍ မရတော့ကြောင်း၊ တစ်ပိုင်းက လုပ်လာသည့် Plan ကို ပြန်ပြောရမည်ဆိုပါက အမေရိကန်သည် မြန်မာနိုင်ငံကို ထိမ်းချုပ်ရန်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာမှာ တစ်နိုင်ငံတည်း ရပ်တည်၍ မရသည့်အတွက် ASEAN Group, EU Group နောက် ရုရှား Group ဟိုဘက်က အမေရိကန် Group တွင် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စသည့် နိုင်ငံများပါကြောင်း၊ ထိုကဲ့သို့ အုပ်စုများကွဲနေကြရာ မြန်မာနိုင်ငံသည် မည်သည့်အတွက်ကြောင့် တရုတ်ကို ကပ်ရသနည်းဆိုသည်ကို အနည်းငယ် ရှင်းပြလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင်ငယ်ငယ်၊ မည်မျှပင်ချမ်းသာ ချမ်းသာ တိုက်ရိုက် ကျူးကျော်ချင်သလို ကျူးကျော်၍ မရကြောင်း၊ ၎င်းကို မည်သို့ ချုပ်သည်ဆိုလျှင် ယနေ့ ကုလသမဂ္ဂနှင့် ကုစားရမည်ဖြစ်ကြောင်း၊ UN တွင် ၁၉၂ နိုင်ငံရှိရာ ထိုအထဲတွင် ကော်မတီအလိုက်၊ ကဏ္ဍအလိုက် လုံခြုံရေးကို ကိုင်သည့် UN လုံခြုံရေး ကောင်စီရှိကြောင်း၊ လူမှုရေးကို ကိုင်သည့် ကောင်စီရှိကြောင်း၊ အလုပ်သမားကို ကိုင်သည့် ကောင်စီရှိကြောင်း၊ ပညာရေးကို ကိုင်သည် UNESCO ရှိကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ယနေ့ International တွင် သုံးခုသာရှိကြောင်း၊ တစ်အချက်က နိုင်ငံရေးနှင့် လုံခြုံရေးကို ကိုင်သည့် Motion တစ်ခု၊ စီးပွားရေး ကိုင်သည့် Motion တစ်ခု၊ လူမှုရေးကိုင်သည့် Motion တစ်ခု ရှိလာကြပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကဏ္ဍ (၃) ရပ်နှင့် ကိုင်သည့်အပိုင်းတွင် အမေရိကန်သည် မြန်မာနိုင်ငံကို တိုက်ရိုက် တက်လာသည်မှာ ဘာလဲဆိုလျှင် လေ့လာသည့် လူများ သိလိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့မြေပုံကို ကြည့်သည့်အခါ တရုတ်နိုင်ငံ လွတ်လပ်ရေးရချိန်မှ ချန်ကေရှိတ် အစိုးရ ခိုင်ရန်အတွက် ယနေ့ တရုတ်ဘေးတွင် တရုတ်ဖြူ စိုက်ထားသည့် ထိုင်ဝမ်ဆိုတာ ရှိကြောင်း ပြောကြား။

ထိုင်ဝမ်သည် အမေရိကန်ရေတပ် Base ထားပြီးလျှင် တရုတ်ကို ပိတ်ထားသည့် အနေအထား ဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းသည် ယနေ့ တရုတ်ပြည်မကြီး၏ ယနေ့ အနေအထားအရ နှစ်နိုင်ငံမရှိပဲ One China ဖြစ်ရမည်ဟု မြန်မာကလည်း ထောက်ခံထားကြောင်း၊ ၎င်းက ပင်မသည်လည်း ထိုအရာပင်ဖြစ်ကြောင်း၊ ထို Issue သည် အမြဲရှိနေမည့် Issue ဖြစ်ကြောင်း၊ နောက် သူ့ဘေးကို ပြန်ကြည့်လျှင် ဂျပန်သည် အမေရိကန် ရေတပ်ခံထားကြောင်း၊ Pro အမေရိကန် ဖြစ်ကြောင်း၊ အမေရိကန်က ဖြူလျှင်ဖြူပြီး အမေရိကန်က မဲလျှင် မဲသည် ဆိုသည့် အနေအထားဖြစ်ကြောင်း၊ အောက်ဖက်ကို ပြန်ဆင်းလာလျှင် တရုတ်ပြည်နှင် ဆက်နွယ်သည့် မြောက်ကိုရီးယား၊ တောင်ကိုရီးယားရှိကြောင်း၊ တောင်ကိုရီးယားတွင် မြို့လယ်တွင် Base လုပ်ပြီး အမေရိကန်စခန်း ဌာနချုပ်ကြီး ဖွင့်ထားသည့် အခြေအနေဖြစ်ကြောင်း၊ ၎င်းနောက်ပြန်လည့်လျှင် စင်္ကာပူကို တွေ့ရမည်ဖြစ်ကြောင်း၊ စင်္ကာပူကလည်း အမေရိကန်၏ တပည့်ပင်ဖြစ်ကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစသည့် နိုင်ငံများအားလုံးသည် အမေရိကန်နှင့် ပတ်သက်ပြီး Base လုပ်ထားသည့် နိုင်ငံများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်သွားပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် ရေတပ်၏ ထောက်ပံ့မှု၊ အမေရိကန်၏ ပံ့ပိုးမှုဖြင့် နေလာသည့် နိုင်ငံဖြစ်ကြောင်း၊ ဒုက္ခသည်နိုင်ငံဆိုပြီး မြန်မာနိုင်ငံကို ၂ဝ၁ သန်းပြီးခဲ့သည့် နာဂစ် ကိစ္စအတွက် EU က ပေးရန် လုပ်နေသည်မှာ မနေ့က သတင်းစာတွင် ဒေါ်လာ ၈၁ သန်း၊ ၆၆ ရာခိုင်နှုန်း ရသွားပြီဖြစ်ကြောင်း၊ သူတို့နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ် ရေဘေးဖြစ်စဉ်က သန်း ၂ဝဝ၊ သန်း ၄ဝဝ ကို အမေရိကန် နိုင်ငံအနေဖြင့် ပေးချင်လျှင် ပေး၍ရသည့် အနေအထားဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အန္ဒိယနိုင်ငံသည် လက်ဝဲလည်းမဟုတ်၊ လက်ယာလည်းမဟုတ်သည့် နိုင်ငံဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း မည်သည့် NGO အဖွဲ့မှ မရှိကြောင်း၊ အိန္ဒိယပြီးလျှင် ပါကစ္စတန်နိုင်ငံသည်လည်း လုံးဝ အမေရိကန်တပည့် ဖြစ်ကြောင်း၊ အနုမြူလက်နက် ပိုင်ကြသည့် အနေအထား အခြေအနေမျိုး ဖြစ်ကြောင်း၊ အာဖကန် နစ္စတန် နိုင်ငံသည် စစ်ရေးကို အကြောင်းပြုပြီး အမေရိကန် ခြေကုတ်ရရှိသွားသည့် နိုင်ငံဖြစ်ကြောင်း၊ ထိုအနားတွင် ဆက်နေသည့် တိဘက်သည်လည်း တရုတ်က ခေါင်းဆောင် ဒလိုင်းလားမား ထွက်ပြေးသွားသည့် အတွက်ကြောင့် လက်ရှိတရုတ်က အုပ်ချုပ်မှုယူထားပြီး အမေရိကန်က လက်ရှိ အမြဲတမ်းထိုးဖောက်နေသည့် အနေအထားဖြစ်ကြောင်း၊ တရုတ်ကို ပတ်ထားသည့် မွန်ဂိုလီးယားတွင် ဆန္ဒပြမှု လက်ရှိဖြစ်နေပြီ ဖြစ်ကြောင်း၊ CIA ဝင်နေသည့် အနေအထား အခြေအနေမျိုး ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ China Containment Policy စီးပွားရေးအရ၊ နိုင်ငံရေးအရ တရုတ်ကို ထိန်းချုပ်ရမည်ဆိုသည့်အခါမှာ လွတ်ပေါက်သည် မြန်မာနိုင်ငံ တခုတည်းသာ ရှိကြောင်း၊ ထို့ကြောင့် Gas ဝယ်ယူနေခြင်းများမှာလည်း အလကား ဝယ်နေခြင်း မဟုတ်ကြောင်း၊ မိမိတို့ဘက်ကို ယူနန်-မန္တလေး၊ အန္ဒိယကို ဖောက်မည်၊ ကျောက်ထုဆိပ်ကမ်းကို ဖောက်မည်ဆိုသည့် ကိစ္စများမှာ ထိုပင်လယ်ထွက်ပေါက်ကို လာနေကြသည့် အနေအထားဖြစ်ကြောင်း၊ ထိုင်းကနေ ဖောက်ပြီးလျှင် ထားဝယ် ရေတပ်ဆိပ်ကမ်းကို ဖောက်ရန်အတွက် ဆင်ဖြူတိုင်၊ မင်းသမီးကို ဖောက်ပြီး ဆိပ်ကမ်းကြီး လုပ်ရန်အတွက် သဘောတူ လိုက်ပြီဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ပင်လယ်ထွက်ပေါက် ရှိနေခြင်း၊ သဘာဝဓာတ်ငွေ့ ထွက်နေခြင်းများသည် ၎င်းတို့အတွက် ပစ်မှတ်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် လောင်စာဆီ Crisis ဖြစ်ကြသည့် အနေအထားဖြစ်ကြောင်း၊ လောင်စာဆီ Crisis ဖြစ်နေခြင်းမှာ အမေရိကန်ကြောင့် ဖြစ်နေခြင်းဖြစ်ကြောင်း၊ အာရှ အရှေ့အလယ်ပိုင်းက အိုပက်တို့ မည်မျှပင်ထွက်ထွက် ရေနံနှင့် ပတ်သက်လာလျှင် ရေနံကို ရှာသည်မှာလည်း အမေရိကန်ပင်ဖြစ်ကြောင်း၊ ရေနံထုတ်ခြင်းနှင့် ချက်ခြင်းမှာလည်း အမေရိကန် ကုမ္ပဏီများမှပင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ရောင်းသည့် ကုမ္ပဏီများအားလုံးသည် အမေရိကန် ကုမ္ပဏီများက ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း၊ ရှင်းရှင်း ပြောရလျှင် ၎င်းတို့ ဈေးကစားနေခြင်း ဖြစ်ကြောင်း၊ ထို Crisis ကိုယူပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးကိုပါ အဖွဲ့ဖွဲ့ပြီးမှ လုပ်နေကြသည့် အနေအထားဖြစ်ကြောင်း၊ ယနေ့ အမေရိကန် ကျင့်သုံးနေသည်မှာ ဘာလဲဆိုလျှင် Humanitarian သည် လူတစ်ဦးချင်းကို ပြောခြင်း ဖြစ်ကြောင်း၊ လူတစ်ဦးချင်းကို ၎င်းတို့၏ သဘောထားနှင့် ပြောသည့်အခါမှာ လူ့အခွင့်အရေးကို ရှေ့တန်းတင်ရန်အတွက် လုပ်လာသည့် ကာလမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည် အဓိကမှာ နိုင်ငံတကာမှာ ရှိနေသည့် ၎င်းတို့မကြိုက်သည့် အစိုးရကို ဆန့်ကျင့်သည့် အဖွဲ့အစည်း၊ တရားဝင်မြောက်ပေး၍ ရအောင် လုပ်ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း

အမေရိကန်က သတ်မှတ်သည့် ဥပဒေက မိမိတို့ နိုင်ငံခြားမသွားရ၊ ဘဏ်များတွင် ဒေါ်လာမရှိ၊ Section မရှိ၊ ဒေါ်လာ ဖြတ်ပိုင်ခွင့်မရှိ၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်ထုတ်ကုန်များ ပိတ်ကြောင်း၊ မည်မျှပိတ်ပိတ်၊ ၎င်းနိုင်ငံတစ်ခု၏ ဥပဒေနှင့် လုပ်တာ ဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ ဒေါ်လာဖြတ်ပိုင်ခွင့် မရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်/ထုတ်ကုန်များ ပိတ်တာတွေရှိကြောင်း၊ မည်မျှပိတ်ပိတ် ၎င်းနိုင်ငံ၏ ဥပဒေနှင့် လုပ်တာဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ သို့သော် UN ကို ၎င်း ၂ ခု Issue တင်တဲ့ အချိန်မှာ တစ်ပိုင်းက လုံခြုံရေးကောင်စီမှာ လေ့လာသူများ သိလိမ့်မည် ဖြစ်ကြောင်း၊ Presidential Statement လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံရှိကြောင်း၊ ကျန်သည့် (၁ဝ) နိုင်ငံသည် နိုင်ငံသေးသေးကြီးကြီး ၁၉၂ အနုတ် ၅ ထဲက နိုင်ငံများသည် အလှည့်ကျ၊ အနှစ် (၅ဝ) ကို တစ်ကြိမ် ပါဝင်နိုင်အောင် သက်တမ်း (၂) နှစ်ရှိသည့် Non Permanence ၎င်းတို့က ပါမစ်နစ် (၅) နိုင်ငံ၊ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ တရုတ် ဟူ၍ရှိကြောင်း၊ Non Permanence (၁ဝ) နိုင်ငံရှိကြောင်း၊ ၎င်း (၁၅) နိုင်ငံတို့သည် ဥက္ကဌ တစ်လ တာဝန်ယူရကြောင်း၊ ၎င်း တစ်လ Timing ယူပြီးမှ အဆိုတင်ရကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ ILO/UNESCO တို့နှင့် ချိတ်ပြီး သွင်းကြောင်း၊ Presidential Statement သည် ယူခုနှစ်ကြိမ်ထုတ်ပြီးကြောင်း၊ Presidential Statent သည် Non Binding သည် ဘာမျှမလုပ်လည်းရကြောင်း ပုံစံအားဖြင့်ရှိကြောင်း၊ ၎င်းတွင် တိုက်တွန်းချက်၊ နှိုးဆော်ချက်၊ သတိပေးချက်များရှိကြောင်း၊

ယခုလုပ်နေသည်မှာ မပြင်းထန်သော်လည်း နောက်တွင် မြန်မာကို သိုးမည်းလေး တစ်ကောင်လို လုပ်ရန် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံမှာ UN ၏ အားကိုးယူ၍ လုပ်တော့မည့် အနေအထား ဖြစ်ကြောင်း၊ မိမိတို့သွားမည့် Seven Step သည် ၂ဝ၁ဝ နှစ်စမှာ ဖြစ်ကြောင်း၊ တစ်နှစ်ခွဲခန့် အချိန်သာ ကျန်တော့ကြောင်း၊ ၎င်းအချိန်အတွင်း အရပ်သားအစိုးရကို အာဏာလွဲရမည် ဖြစ်ကြောင်း၊ UN Site နှင့်လာပြီး ၎င်းကိစ္စကို လုပ်ကိုလုပ်တော့မည့် အနေအထား အခြေအနေမျိုး ကြုံနေရပြီးဖြစ်ကြောင်း၊ International ပတ်သက်၍ ယနေ့လုပ်ကြမည် ဆိုတာ မည်သို့ဖြစ်မလဲဟု ပြောကြရရင် နိုင်ငံတော်အစိုးရမှာလဲ အကြပ်အတည်း ဆိုသည်မှာရှိကြောင်း၊ မိမိတို့သည် ယနေ့လုပ်နေကြသည့် ရည်မှန်းချက်မှာ မီးစင်ကြည့် 'က' ကြရမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူကိုတော့ မပြောင်းနိုင်ကြောင်း

ပထမဆုံး အခြေခံယူသည်မှာ အင်ဒိုနီးရှားနှင့် ပတ်သက်၍ နိုင်ငံတော်တွင် သံတမန်တစ်ယောက်၊ သံတမန်ဆိုသည်မှာ အဆင့်မမြင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို လက်ခံလိုက်ပြီး ဆိုကတည်းက နိုင်ငံ၏ ကိုယ်စား အခြေပြုထားသည့် အခွင့်အရေး International Rights အရ ရသင့်ရနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အင်ဒိုနီးရှားမှာလည်း သံအမတ်ကြီး ရုတ်သွားကြောင်း၊ သံအမတ်ကြီးသည် သက်တမ်းကုန်၍ ခေါ်သွားခြင်းဖြစ်ကြောင်း၊ မြန်မာကလည်း သက်တမ်းကုန်၍ ခေါ်လာသည့် အပိုင်းဖြစ်ကြောင်း၊ EU မြန်မာက အင်ဒိုနီးရှားသံအမတ်ကို လက်ခံလိုက်ပြီ ဆိုသည်ကို မြန်မာ နယက က ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ပြီး လက်ခံလိုက်လျှင် ပြတ်ကြောင်း၊ ၎င်းတို့က မပြတ်ကြောင်း၊ အစိုးရက ဦးဥာဏ်လင်းကို Nominate လုပ်ပြီး အစိုးက သဘောတူသော်လည်း လွတ်တော်က သဘောမတူကြောင်းဟု ပယ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးဥာဏ်လင်းကို သံအမတ်အနေဖြင့် မခန့်အပ်ဘဲ အာဆီယံ ကိုယ်စားလှယ်ဟူ၍ ဖြစ်သွားကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကနေပြီး မြန်မာနိုင်ငံက အင်ဒိုနီးရှားသံအမတ်ကို လက်ခံလိုက်မှ ဦးဥာဏ်လင်းကို သံအမတ်အဖြစ် လက်ခံလိုက်ကြောင်း၊ EU

နာဂစ်နှင့်ပတ်သက်၍ ပြည်တွင်းကို စကူးတော့မည်ဆိုပါက 'နာဂစ်' ကိစ္စပေါ်လာသည့်အခါတွင် အမေရိကန် သင်္ဘောက (၃) စင်း၊ ဗြိတိန်က (၂) စင်း၊ သင်္ဘော ငါးစင်း အုပ်စု၊ ဟယ်လီကော်ပတာ ၃၆ စီးနှင့် ရိက္ခာများနှင့် ရောက်နေကြောင်း၊ အဝတွင် စောင့်နေကြောင်း၊ ဝင်ခွင့်မပေးဘူး၊ လူတွေသေတော့မည်၊ လူတွေသေရန် အလားအလာရှိနေကြောင်း၊ မိန်းမများ၊ ကလေးများ ဘာဖြစ်နေကြောင်း၊ လူများသည် ရေမသန့်၍ အဆိပ်ဖြစ် သေတော့မည် ဖြစ်ကြောင်း၊ ကတ်ဘေးတစ်ခု ထပ်ကြုံတော့မည်၊ နောက်ထပ်တစ်ခါ မုန်တိုင်းတစ်ခုထပ်လာပြီး တိုက်တော့မည်ဆိုသည့် Weather တွေနှင့် ခြိမ်းခြောက်ပြီး လာနေကြသည့် အနေအထားဖြစ်ကြောင်း၊ ဝင်ခွင့်မပေးကြခြင်းသည် အင်ဒိုနီးရှား ဆူနာမီဖြစ်သည့်အချိန်မှာ အမေရိကန်က Pro American ၎င်းတို့၏ ဆရာ ဆူနာမီဘေးကို အမေရိကန်သင်္ဘောက ဝင်ကူပါမည်ဟု နှစ်လလည်း မထွက် သုံးလလဲ မထွက်၊ နောက်ဆုံး (၇) လကြာမှ ထွက်သွားသည့် အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း၊ မလိုအပ်တော့ဘူး ထွက်ပါတော့ဆိုပြီး UN ကို တက်ပြီး အကြောင်းကြားမှ ထွက်သွားရသည့် အခြေအနေမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အဝင်လာသည့် ကာလအတွင်းမှာ အဝင်ခံလိုက်လျှင် သင်္ဘောကပ်ပြီး ရှပ်ပြေးယာဉ်၊ ရဟတ်ယာဉ်နှင့် လူအင်အား (၂ဝဝဝ) ခန့်နှင့် ၎င်းတို့ Facelity နှင့် ဝင်ပြီး ချပေးသွားမှာ ဖြစ်ကြောင်း၊ မထွက်တော့ဘဲ လုပ်စရာ လုပ်ငန်းတွေလုပ်ဖို့ ကျန်သေးကြောင်း၊ Humanitarian လူသားများတွက် ခံစားခွင့်လုပ်ပေးရန် ၎င်းတွင် တာဝန်ရှိပါသည်စု ခြေကုန်ရသွားပြီး မထွက်ဘူးဆိုလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဘာလုပ်မလဲ၊ ၎င်းရွေးကောက်ပွဲတွင် နေဖို့အတွက် အကွက်ချောင်းနေကြကြောင်း

ကမ္ဘောဒီးယား ဟွန်ဆွန်က ပြောသည်မှာ ၎င်းတို့နိုင်ငံမှာ NGO များဝင်လာသည်ကို ခံလိုက်ရသည့်အခါ ၎င်းတို့ယူလာသည့် ပိုက်ဆံ ၎င်းတို့ဖာသာသုံး၍ ပြန်သွားသည့်အခါ ၎င်းတို့နိုင်ငံတွင် အမှိုက်ပုံပဲ ကျန်ခဲ့ကြောင်း၊ တစ်ပိုင်းက UN ၏ ပြယုဒ်ပဲ ခံလိုက်ရကြောင်း၊ တကယ် အကျိုးအမြတ်က ဘာမှ မရှိကြောင်း၊ ရုရှားတွင် INGO နှင့် ပတ်သက်သည့် ဥပဒေကို လေ့လာနေကြောင်း၊ တကယ်တော့ ၎င်းတို့ အားလုံးသည် အမေရိကန်၏ တပည့်များဖြစ်ကြောင်း၊ CIA ၏ တပည့်များဖြစ်ကြောင်း၊ ပြည်တွင်းမှာလဲ ရှိကြောင်း၊ ဆက်စပ်နေသည့် ထိုင်းနယ်စပ်တွင်လည်း ရှိကြောင်း၊ တရုတ်နှင့် ဆက်စပ်နေသည့် ယူနန်နယ်ထဲမှာလဲ UNH ဟူ၍ အဖွဲ့တစ်ဖွဲ့ စတွေ့ကြောင်း၊ ဝင်လို့ရအောင်လည်း ဝင်လာကြကြောင်း၊ ဝင်လာသည့် အချိန်တွင် ၎င်းတို့၏ အထောက်အပံ့သည် နိုင်ငံတော်အစိုးရကို ပေးသည်မဟုတ်ကြောင်း၊ UN အဖွဲ့အစည်းကို ပေးသည်ဖြစ်ပြီး UN ၏ Command အရ ပေးချင်သည်ကို ပေးမည်၊ သုံးချင်သည်ကို သုံးမည်၊ လုပ်ချင်သည်ကို လုပ်မည်ဟု Concept ရှိနေကြောင်း

ယနေ့ မြန်မာနိုင်ငံတွင် NGO အဖွဲ့ စုစုပေါင်း အားလုံး ၄၂ ဖွဲ့ခန့်ရှိကြောင်း၊ မည်သည့် ပစ္စည်းများကို သုံးမှန်းမသိကြောင်း၊ ထိုပစ္စည်းများ သွင်းလာသည့်အခါ မည်သူမျှ မသိလိုက်ကြောင်း၊ လင်ခရုဇာကဲ့သို့ ကား (၆) စီးပါလာကြောင်း၊ မည်သည်က ရသည့် ငွေဖြင့် သွင်းမှန်းလည်း မသိကြောင်း၊ ပိုဆိုးသည်မှာ နိုင်ငံတကာမှာ ဆက်သွယ်ရန်အတွက် ဆက်သွယ်ရေး ပစ္စည်းများ သုံးလာကြောင်း၊ ဆက်သွယ်ရေး ပစ္စည်းဆိုသည်ကို အသိမခံကြောင်း၊ TC ဖြတ်ရမည် ဖြစ်ကြောင်း၊ TC ဆိုသည်မှာ နိုင်ငံတော် အစိုးရက ခွင့်ပြုမှသာ ဖြတ်ရမှာဖြစ်ကြောင်း၊ ကားများ၊ ဆက်သွယ်ရေး ပစ္စည်းများ ပါလာကြောင်း၊ အကုန်လုံးသိမ်းသည့်အခါ မပေးပဲ အကုန် ပြန်ယူသွားကြကြောင်း၊ Diplomer ဆိုသည့် လူများသည် နိုင်ငံတော်အနေဖြင့် တာပေါ်လင်လိပ်များ သွင်းရန် လုပ်သည့်အခါ TC မတင်သည်များလည်း ရှိကြောင်း၊ တင်သည်များလည်း ရှိကြောင်း၊ လာသည့် ပစ္စည်းများ အားလုံးကို ကိုယ့်သဘောနှင့်ကိုယ် ထုတ်သွားပြီး ဝေသည်များလည်းရှိကြောင်း၊ အပြင်သို့ ရောင်းစားသည်များလည်း ရှိကြောင်း ထိုကဲ့သို့ ရောင်းစားသည်များကို အစိုးရ ရောင်းစားသည်ဟု လေသံဖြင့် စပြီး ပစ်ထိုးလိုက်ကြောင်း၊ တကယ်တမ်း လက်ရှိ နောက်ဆုံးအခြေအနေမှာ မိမိတို့သည် ပြည်တွင်း ဆန်လုံလောက်ကြောင်း၊ မိမိစာရင်းအရ အောက်မှ တက်သည့် စာရင်းအရ လူဦးရေ ၆၁၆၉၉ ဦး လူဦးရေ ၆ သောင်းကျော်ကို နိုင်ငံတော်အစိုးရက နေ့စဉ် ဆန်ကျွေးနေကြောင်း၊ ထိုကိစ္စများကို ၎င်းတို့ အသိအမှတ်မပြုကြောင်း၊ Instant Food များ၊ ဘီစကွပ်များ မပေးရန်နှင့် သောက်ရေသန့်များ လုံလောက်ပြီဆိုသော်လည်း မရကြောင်း၊ လိုချင်သည့် အိမ်ဆောက်ပစ္စည်းများ ပေးပါဆိုသည့်အခါမှာ မည်သူမျှ မလာကြောင်း၊ အားလုံးသည် ၎င်းတို့ NGO နှင့်သူ့သဘောနှင့် သူ သုံးပြီး စာရင်းပြသွားသည့် သဘောဖြစ်ကြောင်း၊ တကယ် လိုအပ်နေသည်ကို နိုင်ငံတော် အစိုးရမှ အိမ်ဆောက်ပစ္စည်း လိုသည်ဆိုသည့်အခါ တာပေါ်လင်များသာ ပေးကြောင်း ပြောကြားသွားသည်

လိုအပ်ချက်အားလုံးတွင် အိမ်ခြေအားလုံး အပျက်အစီး (၈) သိန်းခန့်ရှိကြောင်း၊ ဆောက်ပေးရမည့် အိမ်ခြေအားလုံး (၆) သောင်းကျော်ရှိကြောင်း၊ တစ်ပြိုင်တည်း မဆောက်နိုင်သည့် ကာလအတွင်းမှာ ပထမအဆင့် Target အနေဖြင့် (၄) သောင်းထားကြောင်း၊ Target (၄) သောင်းက တစ်လနှစ်လအတွင်းတွင် အိမ်ခြေ (၄) ထောင်ကို ပြီးအောင်ဆောက်ဆိုပြီး ပူးတွဲဆောက်နေသည့် အနေအထားဖြစ်ကြောင်း၊ အိမ်တစ်လုံး၏ တန်ဖိုးနိုင်ငံတော် အစိုးရ သတ်မှတ်ချက်သည် (၆) သိန်းဖြစ်ကြောင်း၊ ယခုဆောက်နေသည့် အချိန်မှာ (၁ဝ) သိန်းဖြစ်ကြောင်း၊ အိမ်တစ်လုံး (၁ဝ) သိန်းတန် ဆောက်နိုင်ရန် အတွက် သစ်များအားလုံးကို ရန်ကုန်ကိုသွင်းပြီး စက်ရုံများတွင် Cutting လုပ်၊ Ready made Cutting ဖြင့် သွားဆောက်ခြင်းဖြစ်ကြောင်း၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ အုတ်ဖိနပ်ခံ ဆောက်ခြင်း ဖြစ်ကြောင်း။

ICRC ကတောင်ငူ၊ ပဲခူး (အရှေ့) ခြမ်း သို့လာပြီး တောထဲက အိမ်တစ်အိမ်ကို ထောက်ပံ့ကြေးဆိုပြီး တစ်အိမ်ကို ၂၃ဝဝဝ ကျပ်၊ လူ (၅) ဦးခန့် လာပေးသွားကြောင်း၊ မည်သည့် ပိုက်ဆံနှင့် ပေးသနည်းဟု စိစစ်ရာ ICRC မှပေးသည်ဆို၍ ကရင်က လာပေးကြောင်း၊ UNHCR က ၎င်းတို့စာရင်းအရ စခန်း (၉) ခုတွင် လူဦးရေ ၁၄ဝဝဝ ကနေပြီးလူ ၈ဝဝဝ ကို ထုတ်ပေးပြီး ယခု တတိယ နိုင်ငံသို့ ထုတ်ရန် အကြောင်းပြ၍ NGO နောက်ပိုင်းက ကူညီနေသည်မှာ အမေရိကန်ဖြစ်ကြောင်း၊ ထို့အတူ ထိုအနားတွင် အဖွဲ့ (၂ဝ) ကျော်ခန့်သည် နိုင်ငံတော်ကို ဆန့်ကျင်နေသော အဖွဲ့အစည်းအားလုံးသည် မေးတင်ပြီး စောင့်နေကြခြင်းဖြစ်ကြောင်း၊ ရှေ့နေဆိုင်ရာ အဖွဲ့၊ NLD-LA အဖွဲ့၊ DAB အဖွဲ့၊ FDB အဖွဲ့၊ စသည့် အဖွဲ့များရှိကြောင်း၊ ၎င်းတို့က မည်သည့်အတွက်ကြောင့် လုပ်သည်ဆိုလျှင် ထို NGO ဆိုသည့်လူများဆီက ပိုက်ဆံယူပြီး မြန်မာပြည်က လူများကို ထောက်ပံ့သည် ဆိုသည့် အနေအထား ဖြတ်စားလတ်စား လုပ်နေသည့် အဖွဲ့များဖြစ်ကြောင်း။

KNU ကို တပ်မတော်ဖွဲ့ပါက အချိန်မရွေး ရှိနိုင်သည့် အနေအထားဖြစ်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံကို ခိုးပြီးဆွဲထားပြီးဖြစ်ကြောင်း၊ တရားဝင်ကြေငြာပြီး ဖက်ဒရယ်မူကြီး ထုတ်ပြီး အင်တာနက်က တင်ထားသည့် ဖက်ဒရယ်မူကို ဆွဲထားပြီး ဖြစ်ကြောင်း၊ အဝေးရောက် အစိုးရဆိုပြီး ပြည်ပြေးစိန်ဝင်းတို့ အဖွဲ့နှင့် ဆွဲထားခြင်းရှိကြောင်း၊ သူတို့တွင် မရှိသည်မှာ နယ်မြေတစ်ခုသာဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေး အင်အားတက်အောင် လုပ်နေခြင်းဖြစ်ကြောင်း

ယနေ့ ဖြစ်လာသည့်အခါ နောက်ဆုံး ပြန်ကြည့်ပါက CIA နှင့် နဂိုကတည်းက ဆက်နေပြီးလျှင် ယနေ့ ဟိုဘက်ကို ပြောင်းသွားကြောင်း၊ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်ကိုင်ပြီးလျှင် သူရယ်၊ အေးမြင့်ရယ် ပေါင်းစပ်ပြီး တပ်မတော်ပြိုကွဲရေးကို သွားနေကြကြောင်း၊ Sector တစ်ခုဖြစ်ကြောင်း၊ ယနေ့ နိုင်ငံရေး အဖွဲ့များကို ပြန်ကြည့်သည့်အခါ လူအချင်းချင်းက မကျေနပ်မှု၊ ထိုအထဲတွင် မိမိတို့ရှေ့က သွားနေကြသည့် ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ်ကြီး ကျော်ဘ၊ ဗိုလ်ချုပ်ကြီး မြင့်အောင် တို့သည် ပုဂ္ဂိလိက ဖောက်ဖျက်မှုက နည်းနည်းပါးပါးသာရှိကြောင်း၊ အားလုံးစင်းသည်ဟု မိမိ မပြောလိုကြောင်း၊ သို့သော် သက်သေကို ဆွဲတင်လိုက်သည့် အတွက်ကြောင့် တပ်မတော် အချင်းချင်းပြိုကွဲရေးကို အဓိကထားပြီး လုပ်သွားသည့် အနေအထားကို တွေ့ရကြောင်း၊ မိမိတို့လက်ထက်တွင် မိမိတို့လုပ်၍ မရကြောင်း၊ မိမိတို့ သတင်းကိုတင်လျှင်လည်း မှန်သလား မှားသလား ဘေးမှ စရဖကကြည့်နေကြောင်း၊ ကြံ့ခိုင်ရေးလည်း ရှိကြောင်း၊ ထို့ကြောင့် ဘာလုပ်လုပ် မလွတ်နိုင်ကြောင်း၊ ဘေးမှ စောင့်ကြည့်နေသည်ဟူသော စကားတစ်ခွန်းကို မှာလိုက်လိုကြောင်း၊ ထို့အပြင် ထောက်လှမ်းရေး Source (၄) ခုအပြင် ကုန်သည်ပွဲစားအားလုံးသည်လည်း မကင်းရာ မကင်းကြောင်းများ ရှိနေကြမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရာ ဆက်သွယ်ကြောင်းများ ရှိနေကြမည်ဖြစ်ကြောင်း၊ Cover ယူရာယူကြောင်းများ ရှိနေကြမည် ဖြစ်ကြောင်း၊ ထိုမှ သတင်းများလည်း ပေးနေကြမည် ဖြစ်ကြောင်း

ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် အနေအထားအခြေအနေ ထပ်ပြီး ပြောရလျှင် လက်ရှိ လုပ်ပေးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘူးဟု ဆန့်ကျင်ဘက် နိုင်ငံရေးပါတီဖြစ်သည့် NLD က ကိုင်စွဲနေခြင်းဖြစ်ကြောင်း၊ NLD ကို ကြောက်စရာ မရှိသော်လည်း ၎င်းတို့ နောက်ကွယ်တွင် အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် သံရုံး သုံးရုံးရှိကြောင်း၊ သင်တန်းများပေးခြင်း၊ ငွေများ ထောက်ပံ့ခြင်း၊ လိုချင်သည့် သတင်းများပေးခြင်း၊ UN နှင့် ဆက်သွယ်၍ရအောင် လုပ်ပေးနေကြောင်း၊ ထို့ကြောင်း ၎င်းတို့သည် စင်ပြိုင်ပါတီထောင်ရန်နှင့် ၁၉၉ဝ ခုနှစ် ဥပဒေကို လက်ရှိစည်းမျဉ်းနှင့်အညီ ပါတီထောင်မည်ဆိုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်အညီ ပါတီထောင်မည် ဆိုသည်က တစ်အုပ်စု၊ ၁၉၉ဝ ခုနှစ် ၎င်းတို့ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားပြီး မြွေမသေ ဒုတ်မကျိုး၊ ဆန့်ကျင်ဘက်အတိုင်း ရပ်တည်မည့် အုပ်စုက တစ်အုပ်စု၊ ဘာမှ မဆက်သွယ်ဘဲ အမြဲတမ်း တစ်သက်လုံး Anti လုပ်မည့်သူက တစ်အုပ်စု၊ ဘာများဖြစ်လာမည်ဆိုသည်ကို နောက်တစ်နှစ်ခွဲပဲ ကျန်ကြောင်း၊ နိုင်ငံရေးသမားသက်သက် အစိုးရဖြစ်လာမည့် အချိန်မှာ မကြိုက်သူများကို ဖြုတ်မည်ဖြစ်ကြောင်း၊ မကြိုသည့်သူ အနားပေးမည် ဖြစ်ကြောင်း
Mizzima News

ဒေါ်အောင်ဆန်းစုကြည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၅ ရက် ၂၀၀၈

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စီကို ကြာသာပတေးနေ့က သူ့ရဲ့ မိသားစု ဆရာဝန် လာသွားတယ်လို့ မျက်မြင်တွေက ပြောကြောင်း အေအက်ပီ သတင်းက ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ သူ့လက်ထောက်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝန်းထဲမှာ မနေ့က မွန်းလွဲပိုင်းမှာ ၀င်ရောက်ခဲ့ပြီး လေးနာရီကြာမှာ ပြန်ထွက်လာတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တလတခါ ပုံမှန် ကျန်းမာရေး စစ်ဆေးခံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ကို အစားအသောက် ပို့ပေးတာလက်မခံဘူးလို့ ငြင်းဆိုပြီး တလလောက်အကြာ စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါက်တာ တင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆေးသွင်းပေးခဲ့ရတာပါ။ ဆေးသွင်းပြီး ရက်အနည်းငယ်အကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အစားအစာလာပို့တာကို ပြန်လက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် ၂၀အတွင်း အချိန်အတော်များများမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး တခါတလေမှသာ သူ့ဆရာဝန် သူ့ရှေ့နေတို့နဲ့ တွေ့ဆုံခွင့်ရတာ ဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 1 New Entry: New Idea Machine

New Idea Machine


You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 2 New Entries: မီးတော့.....မီးပဲ ဒါပေမယ့်

မီးတော့.....မီးပဲ ဒါပေမယ့်




" တူ.......................တူ.....................တူ................. ဟယ်လို "

" ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ "

" ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် "

" အမေလား....."

" အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ "

" အော် "

" အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် "

" အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား "

" အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ "

" အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော "

" ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး "

" ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် "

" အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ "

" အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး "

" အဖေ....အဖေလား "

" အေး...သား ၊ အဖေပါကွ "

" အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား "

" လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် "

" သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား "

" ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် "

" အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် "

" ဂလောက်......."


ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။



ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။



ခင်ဗျား နဲ့ ကျွန်တော်


ပိုက်ဆံမပေးရလို့ မက်ချင်တိုင်းမက်နေတဲ့ အနာဂတ်ရဲ့ ၊ အိမ်မက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မပြည့်စုံသေးတဲ့ ဘ၀ရဲ့ ၊ မျှော်လင့်ချက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မကျေနပ်နိင်သေးတဲ့ စိတ်ရဲ့ ၊ ခံစားမှုတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

ရည်ရွယ်ချက်တွေ တူပေမယ့်.....အသက်ရှုပုံတွေ ကွဲပြားတဲ့ အခါ
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်
ကိုယ့်ပေးဆပ်မှု့နဲ့ ကိုယ်
ကိုယ့်ဘ၀နဲ့ ကိုယ်

ဒီအတွက်....... ဒါဟာ ၀မ်းနည်းစရာလည်း မဟုတ်ဘူး
ဝမ်းသာ စရာလည်း မမည်ဘူး
အနာဂတ်ဟာ လက်ထဲမှာ မရှိသေးတာကြောင့်
ခင်ဗျားနဲ့ ကျွန်တော် တစိမ်းတွေလို ပဲမြင်နေကြဦးမယ်

ဒီကဗျာကို ဖတ်တဲ့အခါ
ပြောချင်စရာတွေ ရှိလာလိမ့်မယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.