Monday, December 8, 2008

[နံနက်ခင်းကဗျာ] 1 New Entry: ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်

ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်


ထိုင်းဘုရင်မင်းမြတ်၏ အသက် (၈၁) မြောက်မွေးနေ့ ဖြစ်သည့် ၂၀၀၈.၁၂.၀၅ ရက်နေ့တွင် ဘုရင်မင်းမြတ်ကို ဂုဏ်ပြုပြီး၊ မြန်မာလူငယ်များ စည်းလုံးညီညွတ်မှု ရှိစေရန်နှင့် ခင်မင်ရင်းနှီးမှု များပြားလာစေရန် ရည်ရွယ်ပြီး အားကစား ဘော်လုံးပြိုင်ပွဲကို အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနဖြစ်သည့် G-hre မှ ဦးစီးပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်၊ ကော့ကလွိုင် မြို့နယ်တွင် ပြုလုပ်သွားပါကြောင်း သိရှိရပါသည်။
ထို အားကစား ဘော်လုံးပြိုင်ပွဲ ကျင်းပသည့် ဒေသတွင် ယခင်က မြန်မာလူမျိုးများ အနေနဲ့ အားကစား ပြိုင်ပွဲအခမ်းအနား ကျင်းပခြင်း မရရှိခဲ့ပါ၊ ယခုပြုလုပ်သော အားကစားပြိုင်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ နောင်ကိုလည်း အမြဲတမ်း ပြုလုပ်သွားစေချင်ကြောင်း ဒေသခံလူငယ်များက ပြောကြားပါသည်။ ၎င်း အားကစား ဘော်လုံးပြိုင်ပွဲကို ပြည်ပရောက် မြန်မာလူငယ်များစွာ ပါဝင်ပြီး အားကစားစိတ်ဓာတ် အပြည့်အ၀နှင့် ယှဉ်ပြိုင်သွားရာတွင် တပင်ရွှေထီး အသင်းမှ ပထမဆုကို ရရှိသွားကြောင်း သိရှိရပါသည်။

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.