Monday, December 8, 2008

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: ဗလာ

ဗလာ

ရေးကြီးသုတ်မပြာ
ဗျာကရာနဲ့ လောက်ကြီးထဲကိုလာ
ဗလာသက်သက်
ဖွားဖက်တော် ။

ဟော
ရုတ်တရက်
နှုတ်မဆက်ပဲ သွားကြ
ရှေ့ကလူတွေ ။

ရာထူး
ရွှေငွေ
ဆွေမျိုး
ချစ်ခြင်းမေတ္တာ
ဘယ်သူယူသွားကြတာ
မြင်ဖူးလဲ ။

ဝမ်းနည်းပါရဲ့
အနာဂတ လက်မဆက်ခဲ့ရ
သူတွေ ။

ကဲ
ဆက်သွားကြ
ခေါင်းတွဲမပါတဲ့ "လား" တွေ
မဖြစ်ကြစေနဲ့ ။

ဗလာာသက်သက်
မထွက်ခွါမှီ ။ ။

တိုးသစ်

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.