Monday, December 8, 2008

[တင့်ထူးရွှေ] 1 New Entry: အတု အစစ်များ

အတု အစစ်များ

ဇတ်ကွက်က ကံကြမ္မာစေစားရာ
အရပ်က ဟိုဘက်နဲနဲတိုးနေရတဲ့ခေတ်
ကျွန်တော်နဲ့ မျှော်လင့်ခြင်းက
တစ်ဖက်အသင်းရဲ့ကံကြမ္မာဂိုးပေါက်ကို
အကြိမ်ကြိမ်သွင်း
လွဲပြီးရင်း လွဲရင်း
ဒီလိုနဲ့ အချိန်တွေစေ့ခဲ့
များမကြာမီ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက်
ရွှေရည်ငွေရည်တွေလောင်းလို့
နာပြီးသားဇတ်မို့
နာနာနဲ့ပဲ ဆက်က မိ
မီးတွေလဲမှိတ်ကုန်ပြီ
အော်ခေါ်နေတဲ့အသံတွေကလဲ
တဖြည်းဖြည်းနဲ့တိမ်ဝင်သွား
တကယ်ပဲ ငါတို့
ပြတ်စဲသွားကြတော့မှာလား
ဘယ်မေးခွန်းကိုမဆို အကြောက်အကန်ငြင်းဆန်ရန်
ကျွန်တော့်တွင် အဖြေမရှိပါ ။ ။

You received this email because you are subscribed to the real_time feed for http://tinthtooshwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.