Online journalist များ ထောင်အများဆုံးချခံနေရ။
ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) ၏ အဆိုအရ ကမ္ဘာတစ်လွှားတွင် အွန်လိုင်း ဂျာနယ်လစ်များမှာ အခြား medium ကို အသုံးပြုသော ဂျာနယ်လစ်များထက် ထောင်အချခံနေရကြောင်း သိရသည်။
နယူးယော့ခ်အခြေစိုက် မီဒီယာလေ့လာစောင့်ကြည့်ရေး အဖွဲ့၏ အဆိုအရ ဒီဇင်ဘာ (၁) ရက်နေ့အထိ ၂၀၀၈ အတွက် ထောင်ချခံရသော အွန်လိုင်းဂျာနယ်လစ် စုစုပေါင်း (၁၂၅) ယောက်ရှိနေပြီ ဖြစ်ပြီး ယမန်နှစ်ကလည်း ၁၂၃ ယောက်ရှိကြောင်း သိရသည်။ ပုံနှိပ်ထုတ်ဝေသော ဂျာနယ်လစ်များ၊ အယ်ဒီတာများ၊ သတင်းထောက်များနှင့် ဓါတ်ပုံဆရာများက ဒုတိယလိုက်နေသည်။
လွန်ခဲ့သော (၁၀) နှစ်တာကာလအတွင်း ကမ္ဘာပေါ်၌ ဂျာနယ်လစ်များကို ထောင်ချရာတွင် တရုတ်နိုင်ငံက အဆိုးဆုံးဖြစ်ပြီး ကျူးဘားနိုင်ငံက ဒုတိယလိုက်နေသည်။ မြန်မာပြည်က တတိယနေရာတွင်ရှိပြီး Eritrea နှင့် Uzbekistan တို့က စတုတ္ထနှင့် ပဉ္စမနေရာ အသီးသီးတွင် ရှိကြသည်။
တရုတ်နိုင်ငံတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၈) ယောက်ရှိသည့်အနက် (၂၄) ယောက်မှာ အွန်လိုင်း သမားများဖြစ်ကြပြီး Hua Jia ဆိုသူမှာ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင် ၃နှစ်ခွဲ ကျခံနေရသော ဘလော့ဂါတစ်ယောက် ဖြစ်သည်။
ကျူးဘားတွင် ထောင်ကျနေသော ဂျာနယ်လစ် (၂၁) ယောက်ရှိလျက် မြန်မာနိုင်ငံတွင် (၁၄) ယောက်ရှိပြီး ငါးဦးမှာ နာဂစ်မုန်တိုင်း သတင်းများ ဖြန့်ဝေမှုကြောင့် ထောင်ချခံရခြင်း ဖြစ်သည်။
Eritrea တွင် ဂျာနယ်လစ် ၁၃ ယောက်ထောင်ကျနေပြီး ယင်းသို့ ထောင်ကျခံနေရသော ဂျာနယ်လစ်တို့၏ ကျန်းမာရေးအခြေအနေ၊ မည်သည့်နေရာတွင် ရှိသည် အစရှိသည်တို့အားလည်း အာဏာပိုင်တို့က ထုတ်ဖေါ်ပြောကြားခြင်း မရှိကြောင်း သိရသည်။
"journalism ရဲ့အနာဂါတ်ဟာ online မှာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအခါမှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရပါတယ်ဟု CPJ ၏ အမှုဆောင်ဒါရိုက်တာ Joel Simon မှ ပြောကြားခဲ့သည်။
ကိုနစ်နေမန်း ဆီမှ ကူးယူတင်ပြပါသည်။
ဦးသန့် ရာပြည့်တံဆိပ်ခေါင်း ကုလသမဂ္ဂမှ ထုတ်ဝေမည်
ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးချုပ်ဖြစ်သည့် ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေသည့် တံဆိပ်ခေါင်း ယခင်က ထုတ်ဝေခဲ့ဖူးခြင်း မရှိဘဲ အတွင်းရေးမှူးချုပ်များ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းမှာလည်း ပထမဆုံး ဖြစ်သည် ဟု နယူးယောက်မြို့ရှိ တံဆိပ်ခေါင်း စုဆောင်းသူ မြန်မာတစ်ဦးက ပြောပြခဲ့သည်။ ဦးသန့် မတိုင်မီ ရာပြည့်ပုဂ္ဂိုလ်များဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းများမှာ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေနိုင်ငံသား ထရိဗီလီး (၁၈၉၆-၁၉၆၈) နှင့် ဒုတိယ အတွင်းရေးမှူးချုပ် ဆွီဒင်နိုင်ငံသား ဒက်ဟမ်းမားရှိုးလ် (၁၉ဝ၅-၁၉၆၁) တို့ဖြစ်သည်။
ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က ၁၉ဝ၉ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး အထက်တန်းပြ ကျောင်းဆရာ၊ ထိုမှ ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ အမျိုးသားပညာရေးကောင်စီ၊ ဗမာ့ သုတေသန အဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများဦးစီးအဖွဲ့ အမှုဆောင်၊ ဂျပန်ခေတ် ပညာရေး ပြန်လည် ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဖဆပလအဖွဲ့၏ လူထုရေးရာတာဝန်ခံ စသဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။
ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ယူခဲ့သော်လည်း ထိုစဉ်က မဆလ အစိုးရ၏ ဂရုတစိုက် မရှိမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အုံကြွကာ 'ဦးသန့် ဈာပနအရေးအခင်း' ပေါ်ပေါက်ခဲ့သည်။
ဦးသန့်၏ ရာပြည့် အထူးအစဉ်ကို မိုးမခ က တင်ဆက်သွားမည်ဖြစ်ပါ၍ ဦးသန့်နှင့်ပတ်သက်ပြီး တင်ပြလိုသော အကြောင်းအရာများ ရှိပါက မိုးမခ သို့ ဆက်သွယ်ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Rest of your post
You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.