Monday, December 8, 2008

[ဆောင်း] 2 New Entries: လည်လည်သွားတယ် - ပို့ စ်မောက် ဟာဗား

လည်လည်သွားတယ် - ပို့ စ်မောက် ဟာဗား

ဒီပို့စ်ဟာ ပြန်တင်ပေးတာပါ ရေးထားတာ ဇူလှိုင်လမှာရေးထားတာပါ။ ကျွန်မဘလော့ကို စမနသလ ကရေးနေတယ် ထင်နေကြလို့ ကျွန်မ စီဘောက်မှာ မေးတဲ့သူတွေအတွက် ပြန်ရေးပြတာပါ။ ကျွန်မရေးတဲ့ နောက်ဆုံးကော်မဲန့်ကို အသေချာ ဖတ်ပါ။ ကွန်မဲန့််တွေ မဖတ်မိမှာစိုးလို့ ကူးထဲ့ထားပေးပါတယ်။

................................................

07/07/08 မနေ့ က လည်လည်သွားတယ် သိလား။

၂၀၀၈ မေလ ထဲမှာ ဂျူလိုင်စတားဆိုတဲ့ အင်္ဂလန်က ဘလော့ကာက အဲဒီဖိနပ်တွေကို ဖိနပ်တခုချင်းကို အသေးစိတ် တံဆိပ် နံမည်နဲ့  တကွ ရေးပြထားတယ် ရတယ်။

ဖိနပ်အားလုံးက နံမည်ကြီးတံဆိပ်တွေဘဲ။ တရံကို တချို့ ဆိုရင် စတာလင်ပေါင်နဲ့  တင်
ထောင်ကျော်ပေးရတယ်။ အဲဒီမှာ ကြည့်နော်

ဖိနပ်နဲ့ ပတ်သက်လို့  မခင်ဦးမေက သူပိုင်တဲ့ ဖိနပ် တွေ အကြောင်း ထပ်ကြွားပြန်တယ်။

ဒါနဲ့ ဖက်ရှင်ကြိုက်တဲ့ မောင်နှမတွေ အတွက် ရှော့ပင်းစင်တာ ကြီးထဲက ဖိနပ်ဆိုင်ရောက်တုန်း တခုတ်တရ ရိုက်ပေးခဲ့တယ်။

ဘာရမလဲ ဒီကလည်း အားကျမခံ ပြန်တင်ပေးမယ်။
တရံကို အနဲဆုံး ရာကျော် ပေးရတဲ့ Duneဆိုတဲ့ ဖိနပ်ပေါ့။ အများကြီး ဘဲ သိလား စင်နဲ့  တောင် ထားရတာ...
ဝယ်စီးကြည့် သူငယ်ချင်းပြောတာက ဖိနပ် အောက်ခြေ လုံးဝမပွန်းဘူးတဲ့ ။

ဘလော့ကာ အကိုတွေ မောင်တွေ အတွက်ကတော့ ကယ်ဗင် ကလင်းလား ဘာလားဘဲ နံမည်တောင် မသိဘူး ဖိနပ်တရံဈေးက ရာကျော်တဲ့ ဖိနပ်တွေ..

ဘာဘဲ ဖြစ်ဖြစ် ဒီမှာလဲ ဖိနပ် တွေ အများကြီး ဘဲ ရှင့်.... ။

ဆောင်းကလဲ ကြွားလိုက်မှာဘဲ ...အပြင်သွားရင် ဒါဝတ်ပိုင်တံဆိပ် ရှုး ဖိနပ် တရံထဲကို နေ့ ရက်မတူအောင် တပတ်၇ရက် ရက်မထပ်အောင် (ရက်မတူတာ ပြောတာနော်) လှည့်ပတ် ၀တ်တယ်။ တခြား ၀ယ်ထားတဲ့ ကျန်တဲ့ ဖိနပ်တွေက ၀တ်ရတာ အဆင်မပြေတော့ တခါစီးပြီးရင် ချောင်ထဲ ထိုးထားလို့  စကားထဲ ထဲ့မပြောဘူး။

ဆောင်းဝယ်စီးတဲ့ ဖိနပ်ကလဲ ခိုင်တာမှ အနဲဆုံး၃နစ်၎နစ် မက ခံတယ်။ နေ့ တိုင်း ဒုန်းချစီး လုံးဝ မပြတ်ဘူး အတော်ခိုင်တဲ့ ဖိနပ်။ နောက်ဆုံး
သံယောဇဉ်ဖြတ်ပြီး အမှိုက်ပုံးထဲ ထဲ့မှသာ သို့ မဟုတ် ဖိနပ် အပေါ်က သားရေက ခြေသန်းလေး နေရာ က ပေါက်သွားမှသာ လွှင့်ပစ်ရတယ်။ အဲ... အိမ်ထဲမှာ စီးတာက သူငယ်ချင်းလက်ဆောင်ပေးသွားတဲ့ တရုတ်ပြည်စစ်စစ် ရာဘာဖိနပ် ၂နှစ်တောင်ကြာပေါ့။ အ၀ါရောင်လေး လှမှလှဘဲ။ စုစုပေါင်း တကယ်စီးတဲ့ဖိနပ်က ၂ရံထဲပါ။

(ဆောင်းဝတ်တာက ဒါဝတ်ပိုင်နံမည်ခေါ်တဲ့ Marks&Spencer တံဆိပ် ဖိနပ် ပါ။Sales ချတုန်းက ၀ယ်ထားတာ ၂ပေါင်ဘဲ ပေးရတာ။ ဆောင်းဆီမှာ ဆယ်ကျော်တန် ဖိနပ် မရှိဘူး ။ သိပ်ကြွားတာဘဲ ဆိုပြီး မနာလိုမရှိနဲ့  ဟင်း.. )

Blogger ၀ဿန်ဦး said...

ဈေးနှုန်းတွေက အဲလောက်တောင်ဆိုရင်တော့ သီချင်းလေအတိုင်းပဲပေါ့...

ဟူး~~ ဝေးပြီ ဘေဘီ အဝေးဆုံး~~~ :P

07 July 2008 11:02

Delete
Blogger khin oo may said...

ဆောင်းလဲ တို.လို သေထေး ပါဘဲ လား။

08 July 2008 08:19

Delete
Comment deleted

This post has been removed by the author.

08 July 2008 13:04

Delete
Blogger ပေဖူးလွှာ said...

ဖိနပ်တွေ ကြည့်ပြီး ရောဂါတက်သွားပြီ။ shopping သွားလိုက်ဦးမယ်။ ထုတ်ထားတဲ့ လခလေးတော့ ပြောင်ပါပြီ :(

08 July 2008 13:48

Delete
Blogger thit said...

SMNTL ကို အားကျလို့လားဟင် ? :P :D

08 July 2008 17:26

Delete
Blogger ဆောင်း said...

သစ်ရေ
ဆောင်းမှာ ၀ယ်ထားတဲ့ဖိနပ် တွေ အရံပေါင်း ၄၀ကျော်ရှိပါတယ်။ ၀ယ်ပြီး မကြိုက်လို့  ချောင်ထိုးထားတာနဲ့  ၀တ်လို့ အဆင်မပြေတာနဲ့  တကယ်ဝတ်ဖြစ်တာ ၂ရံထဲဘဲရှိတယ်။ နောက်တော့ အရမ်းကြိုက်တာလောက်ဘဲ(စက်ကူ၂ပုံးစာ) ချန်ပြီး ကျန်တာ သူများတွေကို ပေးပစ်လိုက်ပါတယ်။ (ရန်ကုန်အပြန်မှာ အမတွေ သူငယ်ချင်းတွေကိုပေါ့) ဆောင်းဘ၀မှာ သူများယောင်တိုင်း လိုက် မယောင်တတ်ဘူး SMTL သာမကဘူး ဘယ်သူ ဘယ်လောက် ကောင်းတာ ဈေးကြီးတာ ၀ယ်ဝတ်လဲ စိတ်ထဲ ဘာမှမဖြစ်ဘူး။ အဲဒီနေ့ က သူငယ်ချင်း မိသားစု ၀ယ်ခြမ်းတာ ပြောပြရရင် SMTL တို့ တောင် ဖျားကုန်မယ်။ အဲဒီမိသားစု ဒီကို လာလည်တာ ၃ပတ်ရှိပြီ နေ့ တိုင်း ဈေးဝယ် ထွက်တယ်။ ဆောင်းလိုက်တဲ့နေ့  တနေ့ ထဲမှာ ၀ယ်တာလေ. သောင်းဂဏန်း ရှိပါသတဲ့ ရှင်။ လာလည်တာ ၃ယောက် သုံးလိုက်တဲ့ငွေတွေ.. သူတို့ ပိုက်ဆံအိတ်က ငွေထုတ်တဲ့စက်လား အောင်းမေ့ရတယ်။
ကျိကျိတက် ချမ်းသာပေမဲ့ မမောက်မာဘူး။ မမော်ကြွားဘူး။ လူတကာ မနိမ်တတ်ဘူး။ ဘုရားတရား အလွန်ကြည်ညိုတဲ့သူတွေ။ သူတို့ စိတ်သဘောထားကောင်းလွန်းလို့  ထောင်ကျော်တန်တဲ့ ကင်မရာ ရထားပေါ်၊ လမ်းပေါ် ကျန်ခဲ့တာ ၃ခါ စလုံး ပြန်ရတယ်။ ပစည်းအသစ်တွေဝယ်ထားတဲ့ ရှော့ပင်ပစည်းတွေ ကျန်ခဲ့တာ ၂ခါ ပစည်းတခါမှ မပျောက်ဘူး။ ဒါဟာ လူ့ ရဲ့ စိတ်နေသဘောထား သမာဓိ ကို ပြတာဘဲ။

ကလိမ်ကကျစ်စိတ်ရှိတဲ့သူဟာ စိန်တွေ ရွှေတွေမွှန်းထား ပါစေ အဆင့်တန်းမဲ့ပါတယ် ဆောင်း မုန်းပါတယ်။ လိမ်ပြောတဲ့သူကိုလည်း မုန်းတယ်။ ကိုယ်မလုပ်ဘဲ လုပ်တယ်လို့ ပြောတဲ့သူ ကလိမ်ကကျစ်လုပ်တဲ့သူ တွေကို အထင်သေး ပါတယ်။

ဒါ့ကြောင့် သစ်ရေ... ဆောင်းလေးစားတာ အားကျတာ ပြောရရင် ကိုယ်ပိုင် အရည်အချင်း ဖြောင့်မတ်တည်ကြည်ပြီး စိတ်နှလုံးသား ဖြူစင်သစ်စာ ရှိတာ၊ သဘောထား မှန်ကန်တာ၊ သစ်စာ သမာဓိ ရှိတာ ကိုဘဲ အားကျလေးစား တတ်ပါသတဲ့ရှင်

အရည်အတွက်ကို အားမကျပါဘူး

နားလည်ပါတယ်နော် ကျေးဇူးတင်စွာဖြင့်

ဆောင်း

လာလည်သူ ဘလော့ကာ မောင်နှမများသို့ 

ဒီပို့စ်က ၂၃ ဇူလိုင် ၂၀၀၈ မှာ ရေးထားတာပါ ပြန်တင်တာပါ။

အလည်လာသူ ဘလော့ကာ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပို့ စ်အတင် နောက်ကျတာကို ခွင့်လွှတ် စေချင်ပါတယ်ရှင်။ လောလောဆယ်ဆယ် မအားသေးတဲ့ အတွက် ပို့ စ်ဘက်ကို မလှည့်နိုင် စာမရေးနိုင်သေးတာကို လည်း ခွင့်ပြုစေလိုပါတယ်။

ကျွန်မ ဘလော့ရေးတာ ဟာ မိတ်ဆွေ သူငယ်ချင်း virtual sibling မမြင်ရတဲ့ မောင်နှမများ လိုချင်လို့ ပါ။ အခုထိ ကျွန်မ ဘလော့ကို ကူညီနေသူတွေ အားလုံးကို မမြင်ဘူးဘူး၊ မရင်းနှီးပါဘူး။ အခက်ခဲတွေ တွေ့ လို့  စီဘောက်ထဲ သွားမေးရင်းနဲ့  အကြံပေးလာသူ ကူညီပေးချင်သူ တွေ က တုန့် ပြန်ပေးတဲ့ အတွက် သူတို့ ကို မေးလ်နဲ့  အကူညီတောင်းပြီး ပို့ စ်မှာ ရှိတဲ့ အမှားတွေ ပြင်ရပါတယ်။ ဒီလိုနဲ့  စာဖတ်သူတွေ ဖတ်လို့  ကောင်း တဲ့ ပို့ စ်လေးတွေ ဖြစ်သွား ရတာပါ။ ကျွန်မရဲ့ ကိုယ်ပိုင် အရည်အချင်းကြောင့် မဟုတ်ပါဘူး။

ယခုအထိ ကျွန်မ ဘလော့မှာ အမှားတွေရှိရင် တွေ့ ခဲ့ရင် အကြံဥာဏ်လေးများ ပေးကြပါ ကူညီပေးကြပါလို့  မေတ္တာ ရပ်ခံလိုပါတယ်။

မိတ်ဆွေလိုချင်လို့  အချိန်ကုန်ခံ ဘလော့ရေးတဲ့ အတွက် ယဉ်ကျေးစွာပြောဆို နှတ်ဆက်တဲ့စကားလေး များသာ ဖတ်ရှု့ လိုပါတယ်ရှင်။ တကယ်လို့ များ ရိုင်းစိုင်းတဲ့ စကားများ ပြောချင်တဲ့သူတွေ အတွက် ဒီနေရာလေး ဟာ နေရာမှားဖြစ်လို့  ချမ်းသာပေးပါလို့ ပြောပါရစေ။

ဒီနေရာလေးဟာ မမြင်ဘူးကြတဲ့ မောင်နှမတွေ (မာရေးသျှင်ပြောသလို ကျွန်မတို့ ဟာ အဖေမတူ မအေကွဲ) မောင်နှမလေးတွေ ဆုံစည်းဆွေးနွေးတိုင်ပင်ရာ နေရာလေးသာ ဖြစ်ပါတယ်။


ကျေးဇူးတင်စွာဖြင့်

ဆောင်း

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.