Monday, December 8, 2008

[::Just Speaking Out Loud::] 2 New Entries: Writer/Blogger Wanted (Local Position)

Writer/Blogger Wanted (Local Position)


ကြေငြာလုပ်ငန်း၊ အိုင်တီလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းများအတွက် ဗဟုသုတကြွယ်ဝပြီး အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သော၊ အင်္ဂလိပ်စာ အရေးအသား အထူးကောင်းမွန်သော writer/blogger အလိုရှိပါသည်။ အလုပ်လျှောက်လိုသူများ CV ကို jobs@myanmars.net သို့မဟုတ် admin@myanmars.net သို့ ပေးပို့နိုင်ပါသည်။ ဖုန်း - ၆၅၂၂၅၀၊ ၆၅၂၃၂၃

ဒီအလုပ်နဲ့ ပတ်သတ်ပြီး သိရှိလိုတာများရှိရင် ကုမဏ္ဍီကိုပဲ တိုက်ရိုက်ဆက်သွယ်ကြပါ။

ဂျီအက်စ်အမ်ဖုန်း

ဂျီအက်စ်အမ်ဖုန်းကို အက်ဖ်အီးစီ ၁၀၊ ၂၀ နဲ့ ကိုင်လို့ရတော့မယ်ဆိုလို့ အစကတော့ ငါတော့ ဖုန်းကိုင်လို့ရပြီဆိုပြီး ပျော်နေတာ ဂျာနယ်ကို ဖတ်လိုက်တော့မှ တော်တော်လေးကို အကုန်အကျများမှန်း သိရတယ်။ အက်ဖ်အီးစီ ၁၀ တန်ကတ်ကို ၁၄ရက်ပဲ သုံးလို့ရပြီး ၂၀ တန်ကတော့ တစ်လသုံးလို့ရတယ်။ ဖုန်းနံပါတ်ကို ကတ်တစ်ခါဝယ်ရင် တစ်ခါပေးပြီး သက်တမ်းကုန်လို့ အသစ်ထပ်ဝယ်ရင် နောက်ထပ် နံပါတ်အသစ် သုံးရတယ်။ အရင် နံပါတ်သုံးလို့မရတော့ဘူး။ ဖုန်းအ၀င်ကို တစ်မိနစ်ကို ၀.၀၅ ယူနစ်၊ ပြည်တွင်းအထွက် ခေါ်ဆိုရင် တစ်မိနစ်ကို ၀.၃၀ ယူနစ်၊ ပြည်ပအထွက်ခေါ်ရင် မည်သည့်နိုင်ငံမဆို တစ်မိနစ်ကို ၁.၅ ယူနစ်၊ SMS တစ်ခါပို့ရင် ၀.၀၅ ယူနစ် ပေးရတယ်။ ဖုန်းအ၀င်ကို ပေးရတာ လုံးဝ မမိုက်ဘူး။ ပြီးတော့ ဖုန်းခေါ်ရတာထက် SMS ပို့တာကမှ ဈေးပိုသက်သာသေးတယ်။ ဖုန်းကတ်ကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အပြည့်မသုံးရသေးပေမယ့်လည်း ၁၄ ရက်ဆို ၁၄ရက်၊ တစ်လဆို တစ်လ ပြည့်သွားတာနဲ့ ဆက်သုံးလို့ မရတော့ဘူး။ လက်ရှိ အက်ဖ်အီးစီ ပေါက်ဈေးကို အတိအကျမသိပေမယ့် ၁၂၀၀ ဈေးနဲ့ထွက်မယ်ဆိုရင် ဖုန်းအ၀င် လက်ခံရင် တစ်မိနစ်ကို ၆၀ကျပ်၊ ပြည်တွင်းဆက်ရင် ၃၆၀ကျပ် ကျတယ်။ အဲဒီ့ဖုန်းမျိုးကို တစ်လ၊ နှစ်လလောက် သုံးတာနဲ့ မွဲမှာသေချာတယ်။ ဖုန်းမကိုင်ရရင်လဲ နေပါစေတော့။ မရှိတာပဲ ပိုကောင်းပါတယ်။

မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေအတွက်တော့ ကိုက်တော့ကိုက်တယ်။ သူတို့ကတော့ ဈေးကြီးတယ်လို့ ထင်မှာမဟုတ်ဘူး။ မြန်မာပြည်ရောက်နေတုန်း ဟမ်းဖုန်းပြောနိုင်ရင်ပဲ ကျေနပ်နေကြမယ် ထင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.