10 Things I hate about myself
ဇူလိုင်ဒရမ်း က ကိုယ့်ဟာကိုယ် မုန်းတဲ့ အချက် ၁၀ ချက်လောက်များမရှိဘူးလားလို့ တစ်ရက်က gtalk မှာ မေးလာတယ်။ အဲ့ဒီနေ့က Tuas, Jurong area မှာ မိုးတွေ ရွာနေတဲ့နေ့လားမသိပါဘူး။ မိုးတွေရွာပြီဆို လုပ်ငန်းခွင် နေရာ သိပ်မကွာတဲ့ သူ့ gtalk status မှာ မိုးကြောင့် လွမ်းကြောင်း၊ ဆွေးကြောင်း၊ ချစ်ကြောင်း ဘယ်သို့ဘယ်ပုံတွေ တွေ့နေရတတ်ပြီး ကျွန်မရဲ့ status မှာတော့ မိုးရွာလို့ နေမကောင်းတဲ့အတွက် မုန်းကြောင်း၊ အမြင်ကပ်ကြောင်း၊ ဘယ်လိုဘယ်ပုံ မကြိုက်ကြောင်း တွေ တွေ့ရတတ်ပါတယ်။
ဆိုလိုချင်တဲ့စကားပြန်ကောက်ရရင် သူက အဲ့လို မေးလာတော့ ဟဲ့.. ၁၀ ချက်ထဲလား ငါတော့ က တောင်မကဘူး အများကြီးလို့ ပြောမိတော့.. အားရင် အဲ့သဟာလေး ရေးစမ်းပါလို့ ဆိုထားပါတယ်။ ခုကတော့ sunshine acre game လေး သွားမကစားခင်.. အပြေးအလွှား ချရေးကြည့်လိုက်ပါစမ်းမယ်။ လာလေရော့..
၁။ ဒေါသကြီးတယ်။
စိတ်ကထောင်းကနည်းဆို -င်က ဟောင်းကနည်း ဆိုတဲ့အထဲကပါပဲ။ စနေသမီးမို့ စိတ်ကြီးတယ် ပြောလည်း ရမယ်ထင်တယ် .. ဟဲဟဲ။ ဒေါသထွက်နေရင်တော့ အဲ့အချိန် ဘယ်သူမှ မတားနဲ့ပဲ။
ငယ်တုန်းက

၂။ သူများကို နာအောင် ပြောစရာ စကားလုံး တွေ အများကြီးတတ်တယ်။
ပုံမှန်ဆို အင်မတန် သည်းခံ ညှိနှိုင်းတတ်ပေမယ့် ဒေါသထွက်နေရင်၊ စိတ်တို၊ စိတ်ဆိုး၊ စိတ်နာ လာပြီဆိုရင် အဲ့ဒီတစ်ဘက်သားကို မျက်ရည်တောက် တောက်ကျအောင်၊ ဒါမှမဟုတ် တနုံ့နုံ့နာကျင်အောင် လုပ်ဖို့ စကားလုံးတွေ အများကြီးကို ဘယ်ကမှ သင်မထားဘဲ .. ထောင့်စေ့ ချောင်ပိတ်နေအောင် ပြောတတ်တယ်။ ဘယ်က ဘယ်လို ပါရမီပါလာတယ်မသိဘူး။ တော်တော် စိတ် ကုန်တယ်။
ပုံမှန်ဆို အင်မတန် သည်းခံ ညှိနှိုင်းတတ်ပေမယ့် ဒေါသထွက်နေရင်၊ စိတ်တို၊ စိတ်ဆိုး၊ စိတ်နာ လာပြီဆိုရင် အဲ့ဒီတစ်ဘက်သားကို မျက်ရည်တောက် တောက်ကျအောင်၊ ဒါမှမဟုတ် တနုံ့နုံ့နာကျင်အောင် လုပ်ဖို့ စကားလုံးတွေ အများကြီးကို ဘယ်ကမှ သင်မထားဘဲ .. ထောင့်စေ့ ချောင်ပိတ်နေအောင် ပြောတတ်တယ်။ ဘယ်က ဘယ်လို ပါရမီပါလာတယ်မသိဘူး။ တော်တော် စိတ် ကုန်တယ်။

၃။ ၀ါသနာမပါတဲ့ accounting/finance profession နဲ့စာသင်၊ အကြံပေး၊ အလုပ်လုပ်စားနေရတယ်။
ပိုက်ဆံဆို ကိုယ့်ပိုက်ဆံကိုတောင် ကိုယ် ဘယ်လောက်ကျန်လို့ ဘယ်လောက်သုံးမှန်း မှတ်ထားတာမဟုတ်ဘူး စိတ်မပါလို့။ ခုတော့.. ဟင့်ဟင့်...ဟင့်.. ဖြစ်သမျှကံအကြောင်းရယ်.. အင်းလျားကန်စောင်းဝယ်.. အင်းလျားဆိုတာ အီကိုရှေ့မှာ မဟုတ်ပါလား။ အီကို ဆိုလို့ အီကိုနဲ့ကျောင်းပီးတာ မဟုတ်ရပါဘူး။ အဲ့မှာ လယ်စီစီအိုင် ဆိုတာလေး တစ်ခါလား သွားတက်ဘူးတာရယ်။ ဘ၀များ အံဝင်ခွင်ကျချက်..။

လေပဲ များပါတယ်။ တိုက်ကြီးပဲ ဆောက်တော့မလို ကားကြီးပဲ ၀ယ်တော့မလို၊ တိုင်းပြည်ကောင်းစားရေးပဲ လုပ်တော့မလို လူတန်းစားတိုက်ပွဲပဲ ၀င်တော့မလိုနဲ့ နီသလို နက်သလို လက်ဝဲလိုလက်ယာလိုနဲ့ တစ်ကယ်တော့ ကိုယ့်ဟာကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး မြန်မာပြည်မှာတောင် မနေနိုင်ဘဲ ကျွန်းစုတ်လေး လာနေတာသာကြည့်တော့။ အဟက်..အဟက်..။

၅။ ၀ိတ်သာချချင်တာ အစားမလျော့ချင်ဘူး။
မင်္ဂလာပွဲအတွက် ဒင်နာအတွက် ဂါဝန်တွေ ၀တ်ကြည့်တိုင်း နောင်တတွေ ရပါတယ်။ ဒါပေမယ့် စားတာကတော့ စားလျက်ပဲ။ စိတ်နာချက်တော့..

ဘယ်တော့မှ ကိုယ်လုပ်ချင်တာကို ဇွတ်မလုပ်ဖြစ်ဘူး။ မပြတ်မသားတွေဝေနဲ့ ရောယိမ်းလိုက် ဘသားယိမ်းလိုက်တွေ လုပ်နေမိတာများတယ်။
၇။ သူများအမြင်ကို ဂရုစိုက်တယ်။

ကိုယ့်လုပ်ချင်တာထက် ကိုယ့်ကိုယ် သူများဘယ်လိုမြင်မလဲ ဆိုတာကို ဂရုစိုက်ပြီး နေထိုင်လာရတာ ဆယ်စုနှစ် ၂ ခုစာလောက်ဖြစ်လာတော့ လူက ခေါက်ရိုးကျိုးချင်လာတယ်။ Be what you want to be not what other want to see you ဆိုတာကို လက်တွေ့ကျင့်သုံးနိုင်အောင်ကြိုးစားတော့မယ် လို့ စဉ်းစားထားတယ်။ လူမုန်းမှာ မကြောက်အောင်ပေါ့။ အိုအေ.. ပြောစရာရှိတာတော့ ဘွင်းဘွင်းပဲ ဆိုတာမျိုး လုပ်ရတော့မယ်။ ဒါက ၂၀၀၉ resolution ပဲ။

ကျောင်းသူနဲ့မတူဘူးပေါ့။ စာမေးပွဲနီးမှ ကပ်လုပ်တယ်။. ဒီတော့ စာမေးပွဲကျတာများတယ်။
၉။ ပိုက်ဆံသုံးတာ စည်းကမ်းမရှိဘူး။
ဒါတော့ ဘယ်တုန်းကမှ ပြုပြင်လို့မရဘူးဖြစ်နေတာ။ ခုယောက်ျားရပြီဆို တန်သင့်သလောက် အထိမ်းအကွပ်ရှိကောင်းပါရဲ့။
၁၀။ ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုပ်ချင်တယ်။ ဘယ်နေရာမှ မထူးချွန်ဘူး
ဟိဟိ ဒါကတော့ ပါရမီပါတယ်ထင်တယ်။ ပြင်လို့လည်း ရမှာမဟုတ်တော့ဘူး။ တစ်သက်လုံးလဲ ကိုယ့်ကိုယ်ကိုယ် အဲ့သဟာ အမြင်ကပ်ဆုံးပဲ။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.