Monday, December 8, 2008

[စောလင်းနက်စ်] 7 New Entries: (၂၀၀၈)ခုနှစ် ပြည်နယ်နှင့် တိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကရင်ပြည်နယ်ဗိုလ်စွဲ

(၂၀၀၈)ခုနှစ် ပြည်နယ်နှင့် တိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကရင်ပြည်နယ်ဗိုလ်စွဲ

လူသားများ ကရုဏာထားတတ်စေချင်သည်

လူသားဆိုတာ အသိဉာဏ်နဲ့ယှဉ်တွဲပြီး လောကမှာ မွေးဖွားလာတဲ့ သတ္တ၀ါအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်မရှိတဲ့
အခြားသတ္တ၀ါများ (အန္တရာယ်မပြုနိုင်သော သတ္တ၀ါများ)ကို သနားကြင်နာပြီး စားသောက် သတ်ဖြတ်မှုတွေကို တတ်နိုင်သလောက်
ရှောင်ကြဉ်သင့်ပါသည်။ လူတိုင်း သက်သတ်လွတ်စားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ အလွန်အကျူးစားသောက် သတ်ဖြတ်ခြင်းမျိုး
ကို မလုပ်သင့်ဟု ရည်ညွန်းခြင်းဖြစ်ပါသည်။
အောက်ပါပုံများကို ကြည့်ပြီး လူသားများ အေးချမ်းစွာနေထိုင်တတ်သော လင်ပိုင်ငါးကများကို ရက်ရက်စက်စက်သတ်ဖြတ်နေပုံကို
တွေ့နိုင်ပါသည်။ ထိုလူများသည် ဒိမ်းမတ်နိုင်ငံရှိ ကျွန်းလေးတစ်ကျွန်းနေထိုင်သောလူများဖြစ်ပြီး သူတို့တွေဟာ လင်ပိုင်ငါးများကို
ရက်စက်စွာ သတ်ဖြတ်ကြပါသည်။ အထူးသဖြင့် ဗုဒ္ဒဘာသာဝင်များ ပိုပြီး ဂရုစိုက်သင့်ပါသည်။ ၀ဋ်မှာအမြဲ ငရဲမှာအပ - ဆိုတဲ့အတိုင်း
ယုံကြည်မယ်ဆိုရင် တတ်နိုင်သလောက်ရှောင်ကြဉ်သင့်ပါသည်။







Welcome to Karen State (ကရင်ပြည်နယ်မှ ကြိုဆိုပါတယ်)

အလင်းမဲ့ လမင်း

မိမိစာပေကို သင်ယူကြ ၊ မိမိဘာသာစကားကိုပြောဖို့ မမေ့ကြပါနဲ့

ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူသားတို့သည် နေ၏အလင်းရောင်ကြောင့် နေ့နှင့်ညဟု ခွဲခြား၍ သိနိုင်သည်။ နေ၏အလင်းရောင်မရှိလျှင် နေ့နှင့်ညဟူ၍ ခွဲခြားသိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့အနေဖြင့် အရှေ့က နေ၏အလင်းရောင်ကို မြင်ရသော အချိန်မှာ နေ့ဟု သတ်မှတ်ကာ အလုပ်လုပ်ခဲ့ကြသည်။ အနောက်သို့ နေ၀င်သွား၍ အမှောင်ကျလာလျှင် ညဟုသတ်မှတ်ကြသည်။ အလင်းရောင်သည် လူသားတို့အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်သည်။



လ၏သဘာဝသည် ကိုယ်ပိုင်အလင်းရောင် (ရောင်ပြန်ဟမှု) မရှိချေ။ သို့သော် နေ၏အလင်းရောင်
(ရောင်ပြန်ဟမှု)ကြေင့် မှောင်နေသောအချန်ကို လူသားတို့အတွက် လသည် ပြန်ပြီး လင်းလက်စေသည်။ အေးမြသော အလင်းရောင်ကြောင့် လူသားတို့ အနားယူအပန်းဖြေဖို့ အကောင်းဆုံးအချန်ဖြစ်လေသည်။ လသည် နေရောင်ကို မရသောအခါများမှာ ညသည် မှောင်မြဲ မှောင်နေပြန်တော့သည်။ ထို့ကြောင့် မှောင်နေသော ညအချိန်ကို အလင်းရောင်ပြန်ရအောင် လူသားတို့ ကြိုးစားအားထုတ်ခဲ့ရလေသည်။ ပညာတတ်မှသာလျှင် အလင်းရောင်ရပြီး တီထွင်နိုင်မည်ဖြစ်လေသည်။

လူ့လောကတွင် ပညာတတ် မတတ်ကို စာပေနှင့် တိုင်းတာကြသည်။ စာမတတ်လျှင် ပညာမတတ်ဟု သတမှတ်သော ခေတ်ကာလဖြစ်နေသည်။ ထိုခေတ်ကာလအတွင်းမှာ နေထိုင်ကြသော လူသားတို့သည် မိမိလူမျိုးနှင့် တိုင်းပြည်အတွက် အလင်းရောင်ရဖို့ စာပေကို အရင်သင်ယူကြရသည်။ စာတတ်မှာသာ စာပေမှာ လာသည့်အတိုင်း အလင်းရောင်ကို တီထွင် ပြုလုပ်နိုင်မည် ဖြစ်ပေသည်။ နေ၏ အလင်းရေင် မရှိသော ညအချိန်မှာ အလင်းရောင်ကို ဖြစ်စေနိုင်သော မီးစက်၊ စသည်ဖြင့် တီထွင်ကြရတော့သည်။ စာပေသည် လူသားများအတွက် အလင်းရောင်သဖယ်ဖြစ်နေပေသည်။ အမှား အမှန်ကိုလည်း ခွဲခြားသိနိုင်ခွင့် ရလေသည်။ စာပေမရှိလျှင် လူသားတို့၏ ဘ၀သည် အလင်းမဲ့သော ညကမ္ဘာကြီးထဲမှာ နေထိုင်ရသည့်နှင့် တူပါသည်။
ယနေ့ တိုးတက်သော နိုင်ငံများရှိ လူမျိုးတို့သည် သူတို့ရဲ့စာပေအဆင့်အတန်း တိုးတက် မြင့်သောကြောင့် ကမ္ဘာမှာ ထိပ်တန်းရောက်ခဲ့သည်။ ထိုလူမျိုးတို့သည် သူတို့၏စာပေကို တိုးတက်သည်နှင့်အညီ သိပ္ပံပညာကို ထွန်းကာလာအောင် ပြုလုပ်နိုင်ခဲ့သည်။ ဘယ်လို့မှ မဖြစ်နိုင်သောအရာကို ဖြစ်လာအောင် ထိုလူမျိုးများက လုပ်ပြနိုင်ခဲ့သည်။ ထိုလူမျိုးတို့၏ စာပေနှင့် နည်းစနစ်ကို ကရင်လူမျိုးများ အတုယူသင့်ပေသည်။
ကရင်လူမျိုးများသည် ဤကမ္ဘာပေါ်မှာ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုလူမျိုးများကဲ့သို့ ကရင်လူမျိုးများက ထိပ်တန်းရောက်အောင် မလုပ်နိုင်ခဲ့ကြချေ။ မလုပ်နိုင်ခြင်း၏ အကြောင်းမှာ ဟိုတုန်းက ကရင်လူမျိုးသာရှိခဲ့ပြီး ကရင်စာပေကို တီထွင်မည့်သူ မရှိသေးသောကြောင့် တိုးတက်မှု နှေးကွေးရခြင်းဖြစ်လေသည်။

ရှေးကရင်လူမျိုးတို့သည် ထိုအချိန်တုန်းက စာပေမသုံးသေးသောကြောင့် အလင်းမဲ့လမင်းကဲ့သို့ ဘ၀ကိုဖြတ်သန်းခဲ့ကြရသည်။ ကရင်ပညာရှိ ဖူ့ဒိုက်ကော် မှ ပိဋကသုံးပုံကို ကရင်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။ ပုဂံ - သထုံ မွန် - ဗမာအရေးအခင်းကြောင့် ကရင်စာပေတစ်ခေတ် မှေးမှိန်ခဲ့ရသည်။

ဖူ့ကျိုက်တာမိုက် (အရှင်နန္ဒမာလာ)ခေတ်သို့ ရောက်သောအခါ ကရင်တိုင်းရင်းသားများ ဖိနှိပ်မမှု မခံရလေအောင် ကရင်စာပေကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။ ထိုအခါမှစ၍ ကရင်အမျိုးသား ရဟန်း ရှင် လူများ အဆင့်အဆင့်ထိန်းသိမ်းလာခဲ့ကြရာ ယနေ့ သုတရသ ရေးသားဖတ်ရှု စာစောင် ထုတ်ဝေနိုင်သည့်အထိ တိုးတက်လာခဲ့သည်ဟု ဆိုရပေမည်ဖြစ်သည်။ မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်း ဖေါ်ထုတ်ရန်သာ လိုအပ်ပါတော့သည်။
ထို့ကြောင့် ကရင်ဖြစ်နေလျှင် မိမိလူမျိုး၏ စာပေကို မဖြစ်မနေ တတ်မြောက်ဖို့လိုအပ်ပါသည်။ သို့သော် တိုးတက်မှုမရှိသေးသော ရွာတွေမှာ ကရင်စာပေကို ပို့ချသူနှင့် သင်ယူသူ အားနည်းနေသေးသည်ကို တွေ့ရပါသည်။

မြို့နေ ကရင်ဆိုလျှင် စာပေကို မသင်ယူသည်သာမက ကရင့်စကားကိုလည်း မပြောကြတော့ချေ။ ကြာလာသည့်နှင့်အမျှ မပြုပြင်နိုင်လျှင် မျိုးဆက်သစ်ကရင်လူငယ်များ၏ ဘ၀သည် ကရင်စာပေနှင့် ပတ်သက်လာလျှင် နေရောင်ခြည်မရေသော =အလင်းမဲ့လမင်းဘ၀=ဖြစ်နေပါလိမ့်မည်။

ဤကမ္ဘာမှာ မိမိတို့ကရင်လူမျိုးကို ကြာရှည်တည်တံ့နိုင်ဖို့ မိမိတို့၏မျိုးဆက်သစ် ကလေးများကို ကရင်စာပေနှင့် စကားကို သင်ပေးကြပါဟု တိုက်တွန်းလိုက်ရပေသည်။

လမင်း (ဇွဲကပင်)

ပညာရေးနဲ့ ကရင်လူမျိုး

ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ဓလေ့ရိုးရာရှိကြပါတယ်။ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုတွေဟာ ထိုလူမျိုးရဲ့ အသက်သွေးကြောသဖွယ် တည်ရှိနေပါတယ်။ဒါကြောင့် ကိုယ့်လူမျိုး ကိုယ်ဘာသာတွေကို တစ်ခြား လူမျိုးဘာသာထက် ပိုပြီးချစ်မြတ်နိုးတတ်ကြတယ်။ဒါဟာလည်း လူသားမျိုးနွယ်ရဲ့ သမိုင်းပေး သဘာဝဓလေ့တစ်ခုပါပဲ။

ကိုယ်ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကိုယ်က မချစ်မြတ်နိုးတတ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ကိုယ့်လူမျိုး အစစ်ရယ်လို့ မသတ်မှတ်တော့ပါဘူး။ဘယ်သူက လာပြီးတော့လည်း ကိုယ့်ဘာသာစကား၊ ထုံးတမ်းစဉ်လာတွေကို ဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။ကိုယ်တိုင်ပဲ ထိန်းသိမ်းချစ်မြတ်နိုးနိုင်ရပါမယ်။တစ်ချို့က ပြောတတ်ကြပါတယ်။ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာမှ၊ကိုယ့်ယဉ်ကျေးမှုမှ၊ အစွဲကြီးတယ်လို့ ကဲ့ရဲ့တတ်ပါတယ်။

ဒါဟာ သဘာဝမကျပါဘူး။တစ်ချို့ အစွန်းရောက်သမားတွေကတော့ သဘာဝကျပါလိမ့်မယ်။"တန်ဆေး လွန်ဘေး" ဆိုတဲ့ မြန်မာစကားပုံ အတိုင်း ဘယ်ဟာမှ လွန်ရင် မကောင်းသလို တစ်အားပျော့လွန်းပြန်ရင်လည်းမကောင်းပါဘူး။ သဘာဝကျကျတွေးတော့ ဆင်ခြင်တတ်ဖို့ပဲ အရေးကြီးပါတယ်။လူတိုင်းလတိုင်းဟာ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေး စတဲ့အရေးတွေကို သူတစ်ပါးထက် သာစေချင်၊ တိုးတက်စေချင်ကြတာချည်းပါပဲ။ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ၀ိုင်းဝန်းချီးမြင့်တာ အပြစ်မဆိုသာပါ။လုပ်သင့်လုပ်ထိုက်တဲ့ သမိုင်းပေး တာဝန်တစ်ခုပါ။

ဒါကြောင့် ကရင်လူမျိုးဟာ "ထီ့ဆေ၀်.မှေ်ယွာ" ဆိုတဲ့ ကရင်စကားပုံအရ ဟိုးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာတဲ့ လူမျိုးပါ။ယဉ်ကျေးမှု၊ ဘာသာစကား၊ရိုရာဓလေ့ သေသေချာချာ ရှိပါတယ်။တစ်ချို့က ဘာသာစကားကွဲပေမယ့် လူမျိုးစုကတော့ တစ်ခုတည်းပါ။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုတည်းသော တို့လူမျိုးစုဟာ မကွဲပြားသင့်တာ အမှန်ပါ။"နွားကွဲရင် ကျားစွဲ" ဆိုတာ အားလုံး သတိထားသင့်ပါတယ်။ တို့အချင်းချင်း မညီညွတ်ရင်၊ ကွဲပြားသွားရင်၊ အသိပညာ၊ အတတ်ပညာမရှိရင်အဲဒီလူမျိုးဟာ ဘယ်တော့မှ ကြီးပွါးနိုင်မယ် မဟုတ်ပါ။

စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် အချင်းချင်း ကူညီလိုစိတ် ရှိကြမယ် မဟုတ်ပါ။ကရင်လူမျိုးတို့ဟာ ပင်ကိုယ်စိတ်က အင်မတန်မှ ဖြူစင်ကြပါတယ်။ ရိုးသားကြိုးစာကြပါတယ်။ ဒါပေမယ့် လိုတာတစ်ခုက အသိပညာနဲ့ အတတ်ပညာပါ။လူမျိုး တစ်မျိုးရဲ့ တိုးတက်မှု စံနှုန်းဟာ ပညာရေးက ရေသောက်မြစ်ပါပဲ။ဒါကြောင့် ပညာသင်ဖို့က မပျင်းကြဖို့၊ ပညာရေးကို တန်ဖိုးထားဖို့ လိုပါလိမ့်မယ်။တို့ ကရင်လူမျိုးတွေဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့ သိပ်အလေးမထားကြပါဘူး။စာရေးသူ ကိုယ်တိုင်အတွေ့အကြုံအရ ဆိုရင် မိဘတွေကိုက ပညာရေးအတွေ့အကြုံ မရှိတော့ ကိုယ့်သားသ္မီးတွေကို ဘယ်လို အားပေးကြရမှန်းမသိကြပါ။မိမိကြီးပြင်းရာ ဒေသမှာလည်း ပညာရေးစံနှုန်း မတိုးတက်တဲ့အခါကျတော့ ဒါမှမဟုတ် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း မပြုနိုင်တဲ့ အခြေအနေကျတော့ ပညာရေးကို တန်ဖိုးထားရမှန်း မသိကြတော့ပါဘူး။

ဒါပေမယ့် အခုတိုးတက်လာတဲ့ခေတ်မှာ ပညာရေးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ တော်တော်များများ နားလည်လာကြပါပြီ။ဒါဟာ အကောင်းဘက်ကို ဦးတည်လာတဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် လယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပညာရေးကို ဦးစားပေးပါ၊ အလေးထား သင်ဖို့ မမေ့လျှော့သင့်ပါ။ပညာမရှီလျှင် အသိဥာဏ်လည်း မရှိနိုင်သလို ကိုယ့်လူမျိုးတိုးတက်အောင် မစွမ်းဆောင်နိုင်ပါ။အရာရာတိုင်းမှာ ဟုတ်မဟုတ်၊ ကောင်းမကောင်း၊ လုပ်သင့်မလုပ်သင့်၊ မှန်မမှန် မဆင်ခြင်မတွေးတောတတ်လျှင် ဆုတ်ယုတ်ဖို့သာ များနေတယ်။အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်ရင် အဖွဲ့အစည်း သို့မဟုတ် ပညာရှင်အသိုင်းအ၀ိုင်း ရှိဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် "အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ "ဆိုတဲ့ မြန်မှာ စကားပုံလို ခိုင်ခိုင်မာမာ ထောက်ပံ့မှု မရှိရင် ပရမ်းပတာ ဖြစ်နေမှာပဲ။တို့ကရင်တွေဟာ တစ်ချို့က ပိုက်ဆံရှိကြပါတယ်။ဒါပေမယ့် တန်ဖိုးရှိတဲ့ ပညာရေးထောက်ပံ့မှုမျိုးလို မသုံးကြပဲ ဘာမှ ဘ၀အတွက်အကျိုးမရှိတဲ့နေရာမျိုးမှာ သုံးလိုက်တာပဲ။

ဒီလိုပြောတာက မနာလိုလို့ ပြောတာမဟုတ်ပါ။ သူတစ်ပါးလည်း အကျိုးရှိ၊ မိမိမှာလည်း အကျိုးရှိတဲ့ နေရာမျိုးမှာ ရွေးချယ်တတ်တဲ့ အမြင်ရှိစေချင်လို့ပါ။တစ်ချို့ကျတော့လည်း အသက်ကြီးလာမှ၊ ဒါမှမဟုတ် သူတစ်နိုင်ငံတိုးတက်မှုတွေဟာ ပညာရေးနဲ့တည်ဆောက်ထားပါလားလို့ သိလာကြတယ်။ဘာပဲဖြစ်ဖြစ် တို့ကရင်တွေဟာ တို့လူမျိုးရဲ့စာပေ၊ အနုပညာ အတတ်ပညာ၊ ယဉ်ကျေးမှု စတဲ့ ဓလေ့တွေကို ပညာရေးနဲ့ အဆင့်မှီအောင် တည်ဆောက်နိုင်ရမယ်။ ကရင်လူမျိုးအားလုံး ပညာသင်ဖို့ မပျင်းပါနဲ့။ ကိုယ့်လူမျိုးတွေကို ချစ်ခင်မြတ်နိုးတတ်ပါစေ။ ကိုယ့်စာပေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်ပါစေ။

ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား
ပျင်းပြေနှစ်ခြိုက် တစ်ပုဒ်တစ်လေ၊ ပါငြားပေမူ
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ။
စာဖတ်သူ့ပေါ် ခေါင်းကိုကျောက်၍
ငါသော်ဆရာ မလုပ်ပါတည်း။

တက္ကလိုလ် ဘုန်းနိုင်ရဲ့ စာပေအဓိဌာန်နဲ့ နိဂုံးချုပ်လိုက်ပါရစေ။

စောအောင်ဟိန်း (ဘားအံ-ကိုကူး)

ဖံႜုယှင်ဖေါဟ် ဏိင်းထင်းသင့်

ဆူ့ကေ၀်- ခွဲါက႟င် ကျဝ်လေး

ဏိင်းထင်းသင့် ဖံႜုဖေါဟ်ဍေယှင် သၞ၀့်ဃှူ့ဃှင်
ဏိင်းလီလုက်ဟှံင် အင်းလယ်ထင်း ဏိင်းထင်းသင့်

ထါင်ခုဂ်ဖေါဟ်လါ ဆင်ခူးလင်အွါ ဖႜုံအင်းလင်္ဘူးသင့်
(ဍောဟ်ထင်းဍေကေႜါဟ် အူးပျဍေခုဦ)၂
ဟှယ့်ထါင်ကုံ ဖႜုံဏိင်းထင်းသင့်

(အိုဝ်း … ဖံႜုယှင်ခေါဟ်လံင် မါဃှုက်အေၟဟှံင် ဟှယ့်ထါင်ဏိင်းထင်းသင့်
ဟှေး … ဖႜုံလ်ုဆုဍာ မါဆိက်မါဏါ ဟှယ့်ထါင်ဏိင်းထင်းသင့်)၂
ဖံႜုလ်ုမူၟထင်း ဖႜုံဟှင်းခေါဟ်္ဘင်း မူၟလ်ုဏီယိုဝ်
(ေဍဖူၟေဍ၀ဲါ ႓ုဂ္ထိင္ၟဆိက္ဆါၟ ဟွယ့္ထါင္ကံု ဖံႜုဏိင်းထင်းသင့်)၂

posted by Zwekabin (Saw Lin Kyaw)

သမ္မတဘုရှ်နဲ့ အရွေးကောက်ခံသမ္မတ အိုဘားမား ပထမအကြိမ် တွေ့ဆုံ

အမေရိကန်သမ္မတ ဂျော့ခ်ျ ဘုရှ် (George Bush)နဲ့  သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတာ လတ်လတ်ဆတ်ဆတ်လေးပဲရှိသေးတဲ့ဘရက်ခ် အိုဘားမား (Barack Obama) ဟာအင်္ဂါနေ့က အိမ်ဖြူတော် သမ္မတရုံးခန်းမှာ ပထမ
ဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီး တိုင်းပြည်မှာလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုခေါင်းချင်းဆိုင်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ကြပါ
တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (PaulaWolfson) သတင်းပေးပို့ထားတာကို နော်ရှိုးက
တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၃ ယောက်မြောက် သမ္မတဖြစ်သူ ဂျော့ခ်ျဘုရှ်က ၄၄ ယောက်မြောက် သမ္မတဖြစ်မယ့်သူ ဘရက်ခ် အိုဘားမားကို အပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ သူတို့ရဲ့ ဇနီးသည်တွေနဲ့အတူ သမိုင်းဝင် အိမ်ဖြူတော်ထဲက ၄ ဦးသားသက်သက်တွေ့ဆုံဖို့ Oval ရုံးခေါ် သမ္မတရုံးခန်းထဲ လျှောက်သွားခဲ့ကြပါတယ်။ ဒါဟာအမေရိကန်နိုင်ငံ စတင်တည်ထောင်ကတည်းက သမ္မတအပြောင်းအလဲကာလမှာ
ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သရေရှိရှိနဲ့ အာဏာကို လွှဲပြောင်းယူရာမှာ လုပ်ရိုးလုပ်စဉ်အစဉ်အလာဖြစ်ပါတယ်။

ခုလို ခက်ခဲရှည်လျားလှတဲ့ မဲဆွယ်စည်းရုံးမှုကာလ အပြီးသပ်ချိန်မှာတော့ လက်ရှိအိမ်ဖြူတော်က ရီပတ်ဘလီကန်သမ္မတနဲ့ ဒီမိုကရက်ပါတီက သမ္မတသစ်ဖြစ်လာမယ့်သူနှစ်ဦးဟာ အာဏာအလွှဲအပြောင်းအတွက် လာမယ့်အပတ်တွေအတွင်းမှာ အနီးကပ်ဆွေးနွေးလုပ်ကိုင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ မစ္စတာအိုဘားမားအနေနဲ့ သမ္မတအဖြစ် တရားဝင် ပခုံးပြောင်း ထမ်းဆောင်ရတဲ့နေ့မှာပဲ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စတွေကို ချက်ချင်း စတင်ဆောင်ရွက်နိုင်ဖို့အတွက် လမ်းခင်းတာလည်း ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မစ္စ ဒေနာ ပရီနို (Ms. Dana Perino) က ဒီတခါအမေရိကန်နိုင်ငံရဲ့ သမ္မတ အပြောင်းအလဲဟာ အင်မတန်မှ အရေးကြီးတဲ့အချိန်မှာကျရောက်နေတာဖြစ်တယ်။ တိုင်းပြည်မှာ ကြီးမားတဲ့ စီးပွားရေးပြဿနာ ရင်ဆိုင်ရချိန်ဖြစ်တဲ့အပြင် မိမိတိုင်းပြည်က တခြားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားစဉ် သမ္မတအပြောင်းအလဲဖြစ်တာ နှစ် ၄၀ အတွင်း ပထမဦးဆုံးဖြစ်တယ်လို့ အခုလိုဆိုပါတယ်။

"လက်ရှိသမ္မတရော သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူရော တိုင်းပြည်ကိုရှေ့ဆက်သွားနိုင်ဖို့ဆိုတဲ့ တသဘောထဲနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ သူတို့ဆီမှာ မတူညီတဲ့ မူဝါဒတွေ ရှိတာကတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံး တိုင်းပြည်ကိုချစ်တဲ့နေရာမှာကတော့ သာတူညီမျှပါပဲ။ သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို ရှေ့တန်းတင်ပြီး ဒီကာလမှာ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းစားရေးအတွက်အရာအားလုံးကို တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။"

သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက အထက်လွှတ်တော်အမတ်ဖြစ်သူ ဘရက်ခ် အိုဘားမားက သူ့ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်းဂျွန်မက်ကိန်း (John McCain) ကို ဝေဖန်ပြောဆိုခဲ့သလို သမ္မတဘုရှ် အစိုးရကိုလည်းမကြာခဏဆိုသလို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သမ္မတဘုရှ်နဲ့ဘရက်ခ် အိုဘားမားဟာ ပြန်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံနေကြပါတယ်။ အမေရိကန်သမ္မတ အဆက်ဆက်ကို မှတ်တမ်းတင်တဲ့ သမိုင်းသုတေသီ ဒေါက်ဂလတ်စ်ဘရင်က်လေ (Doughlass Brinkley) က အခုလို မှတ်ချက်ချပါတယ်။

"ကျနော့်အမြင်မှာတော့ ဒီတခေါက် သမ္မတအကူးအပြောင်းဟာ ရင်းနှီးပျူငှာမှု အပြည့်ရှိတာကြောင့် ထင်ရှားကျော်ကြားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ သမိုင်းတွင်တဲ့ ဖြစ်ရပ်ကြောင့်မို့ပါပဲ။"

မစ္စတာအိုဘားမားရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ မစ္စတာအိုဘားမားဟာ Ovalသမ္မတရုံးခန်းကို မနေ့ကမှ ပထမဆုံးအကြိမ် ရောက်ခဲ့တာလို့ ဆိုပါတယ်။ အလားတူမစ္စတာအိုဘားမားရဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမား (Michelle Obama) ကလည်းအိမ်ဖြူတော်ရဲ့ အပေါ်ဆုံးထပ်ဖြစ်တဲ့ မိသားစုအခန်းကို ပထမဆုံးအကြိမ် မနေ့ကသွားရောက်ခွင့်ရခဲ့ပါတယ်။ မစ်ရှဲလ် အိုဘားမားကို လက်ရှိသမ္မတကတော် လော်ရာ
ဘုရှ်က အိမ်ဖြူတော်ထဲမှာ ဧည့်ခံလမ်းပြခဲ့ပါတယ်။ သမ္မတကတော် လော်ရာဘုရှ်ရဲ့လုပ်ငန်းတွေကို ကူညီတာဝန်ယူရတဲ့ အကြီးအကဲဖြစ်သူ မစ္စ အနီတာ မက်ဘရိုက်(Anita McBride) ရဲ့အဆိုအရ မစ္စတာအိုဘားမားရဲ့ မိသားစုတခုလုံးအတွက် အခုလိုကမ္ဘာကျော်အိမ်တော်ကြီးမှာ ပြောင်းရွှေ့နေထိုင်ရမယ့်ကိစ္စဟာ ကြီးမားနဲ့ပြောင်းလဲမှုဖြစ်တယ်ဆိုတာကို မစ္စဘုရှ်က နားလည်သဘောပေါက်ပါတယ်လို့ ဆိုပါတယ်။

"ဒီအိမ်ဖြူတော်ကို ဘယ်နှစ်ခေါက်လာလာ သတိထားမိကြမှာကတော့ ကိုယ့်ထက်အရင်ဟိုး သမိုင်းတလျှောက်မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို တွေးမိမှာမလွဲဖြစ်လို့ သမိုင်းဝင်နေရာတခုကို ရောက်နေတာပါလားဆိုတာကို ချက်ချင်းပဲ ထူးထူးခြားခြား
ခံစားမိကြမှာပါ။ ဒါဟာ အင်မတန် ကြည်နူးနှစ်သက်စရာ ကောင်းပါတယ်။"လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ဘရက်ခ် အိုဘားမားအနေနဲ့ အမေရိကန်နိုင်ငံရဲ့သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ မစ္စတာအိုဘားမားရဲ့မိသားစုဟာ သမ္မတအိမ်ဖြူတော်ကို စတင်ပြောင်းရွှေ့ နေထိုင်မှာဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.