Saturday, December 27, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: တွင်ရှိရာအရပ်၌ ရနံ့တို့ထုံသင်းလာတယ်

တွင်ရှိရာအရပ်၌ ရနံ့တို့ထုံသင်းလာတယ်

ထိုနေရာ၌ ရှိနေသည်မှာ အရာရာတိုင်းတွင်
အခိုက်အတန့် ကလေးဝယ် ကျန်သူတစ်ယောက်က
၌ မှာ တွင် ၀ယ် က ဟုခေါ်ဆို၏
ထိုစာသားများသည် A E I O U နှင့် သက်ဆိုင်မှု မရှိလှပါ
ရောက်ရှိလာခြင်း၌ ရောက်ရှိလာခြင်း တည်၏
ရောက်ရှိလာရာမှာ ရောက်ရှိလာရာ မည်၏
ရောက်ရှိလာခြင်းတွင် ရောက်ရှိလာခြင်း တွင်၏
ရောက်ရှိလာရာဝယ် ရောက်ရှိလာ ပါ၏
ရောက်ရှိလာခြင်းက ရောက်လာပါတယ်
မှုန်ခြယ်ကာ သပါတဲ့ အသုံးအနှုန်း လို့ဆိုတယ်
သင်ရိုးကို ထည့်မချက်ပါနှင့်၊ နွားကျွေးလိုက်ပါ
လက်တွင်ဖုန်ပေလိုပါက အဘိဓာန်လှန်နိုင်တယ်
၌ ဆိုသည်ကား
မှာ ဆိုသည်ကား
တွင် ဆိုသည်ကား
ဝယ် ဆိုသည်ကား
က ဆိုသည့်ကား
နှိုက်ခိုင်း၏၊ ဆန္ဒရှိရင်နှိုက်လိုက်ပါ
မှာခိုင်း၏၊ ဆန္ဒရှိရင်မှာလိုက်ပါ
တွင်ခိုင်း၏၊ တွင်မရ ထွင်လိုက်ပါ
တတွင်တွင်ကို တသွင်သွင်ဟု မသုံးရ
ဝယ်ခိုင်း၏၊ ဆန္ဒရှိရင်ဝယ်နိုင်တယ်
ကခိုင်း၏၊ ကလို့ရပါတယ်
အနှစ်ချုပ်သော် ကားသည် အရေးကြီးဆုံး
ကားမရှိပဲ သွားကြည့်လို့မရ
အနည်းငယ်မျှသော တစ်ကျပ်တန် ကားတစ်စီး
အိပ်ကပ်ထဲထည့်ထားပြီး ပါးစပ်က ၀ူးအော်မောင်း နိုင်တယ်
ထွက်မယ်နော်၊ကိုင်ထား၊ မီးပွိုင့်ဆိုဘရိတ် အုပ်မယ်၊
ယိုင်သွားရင်တော့ ဒိုင်စားမှာပဲ။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 2 New Entries: သောမနဿသုတ်- (၀မ်းမြောက်ပါသည်၊ နှစ်သက်ပါသည်)

သောမနဿသုတ်- (၀မ်းမြောက်ပါသည်၊ နှစ်သက်ပါသည်)

သောမနဿသုတ်- (၀မ်းမြောက်ပါသည်၊ နှစ်သက်ပါသည်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ကိုယ်ချမ်း သာခြင်း စိတ်ချမ်းသာခြင်းများလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ခြင်း၏ အကြောင်းကို အားထုတ်အပ်သည် ဖြစ်၏။

အဘယ် နှစ်ပါးတို့နည်း-

၁။ သံဝေဂဖြစ်စေတတ်သော အရာတို့၌ သံဝေဂဖြစ်ခြင်း၊
၂။ သံဝေဂဖြစ်သူအား အကြောင်းအားလျော်စွာ အားထုတ်ခြင်း။

ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ကိုယ် ချမ်းသာခြင်း စိတ်ချမ်းသာခြင်း များလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါ တရားတို့ ကုန်ခြင်း၏ အကြောင်းကိုအား ထုတ်အပ်သည် ဖြစ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို -
''ပညာရှိသော ကိလေသာကို ပူပန်စေတတ်သည့် လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ရဟန်းသည် သံဝေဂ ဖြစ်စေတတ်သော အရာတို့၌ ပညာဖြင့် ဆင်ခြင်၍ သံဝေဂ ဖြစ်သည်သာတည်း။
ဤသို့ ပြင်းထန်သော လုံ့လရှိလျက် မတုန်မလှုပ်မူ၍ ငြိမ်သက်စွာ ဖြစ်ခြင်းရှိသော စိတ်၏ တည်ကြည်မှုကို အားထုတ်၍ နေလေ့ရှိသော ရဟန်းသည် ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်နိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ဝ - သောမနဿသုတ်၊ ပဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

သုခဝိဟာရသုတ်- (ချမ်းသာစွာနေလေ့ရှိသူ)

သုခဝိဟာရသုတ်- (ချမ်းသာစွာနေလေ့ရှိသူ)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း မရှိမူ၍ ချမ်းသာစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ် ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။

အဘယ် တရား နှစ်ပါးတို့နည်း-

၁။ ဣနြေ္ဒတို့၌ ပိတ်ဆို့ထားသော တံခါးရှိသည်၏၊
၂။ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်၏။

ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း မရှိမူ၍ ချမ်းသာစွာနေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ် ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -
အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ကောင်းစွာ ပိတ်ဆို့ထား၏။ စားဖွယ် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ ဣနြေ္ဒတို့၌ စောင့်ရှောက်၏။

ထိုရဟန်းသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူသော ချမ်းသာကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌ လည်းကောင်း ညဥ့်၌ လည်းကောင်း မပူလောင်သော ကိုယ် မပူလောင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၂ - သုခဝိဟာရသုတ်၊ ပဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

မြေအောက်ရဲဘော် ဆောင်ရန်ရှောင်ရန်



နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့အစည်းတိုင်းမှာ သူ့အုပ်စုနဲ့သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ


ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။


စိတ်နေစိတ်ထား


ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။



အ၀တ်အစား


လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။


လှုပ်ရှားမှု


စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။


နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။


မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။


အစည်းအဝေး


တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။


မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။


ဆက်သွယ်ရေး


"လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့"။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။


ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။


ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။


ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့ အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။


စာရွက်စာတမ်း


တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။


စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။


မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။


တော်လှန်ရေးသစ္စာဖြင့်

ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပြောချင်လွန်းလို့] 1 New Entry: ပြည်သူ့သဘောထား

ပြည်သူ့သဘောထား

You received this email because you are subscribed to the real_time feed for http://www.koshershay.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: မျက်ဝန်းမှတဆင့် သို့မဟုတ် အချစ်ဆိုသည်မှာ

မျက်ဝန်းမှတဆင့် သို့မဟုတ် အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာတဲ့ ကိုရုပ်ရင့်ကြီး အော်..မှားလို့... ကိုရဲရင့်နီ တက်ဂ်ထားတာပါ။ တက်ဂ်ကြွေးတွေ မကြေသေးတော့ စိတ်ထဲမှာလည်း ပို့စ်အသစ်တင်ဖို့ မရဲပါဘူး.. အဟဲ..ဆင်ခြေပေးနေတာ..တကယ်တော့ လုံးဝကို မအားတာပါနော်။ အဲဒီ အချစ်ဆိုသည်မှာ ကို မက်မက်ရဲ့အဒေါ် တီတီဒွင်းက ရေးပေးထားပြီးပါပြီ။ :P ဒါပေမယ့် ထပ်တက်ဂ်တယ် ဆိုတော့လည်း ထပ်ရေးပေးပါမယ်။ အမယ်..ရေးပေးမယ်ဒါပြောတာ သူတို့တွေ ရေးထားတာတွေက တော်တော်လေး ပြည့်စုံနေတော့ မက်မက်တို့ ဖတ်ရတာနဲ့တင် ရေးစရာမကျန်တော့ဘူး.. အဟဲ... .. အချစ်ဆိုသည်မှာ ဘာလဲ ဆိုတော့ လူတိုင်းလူတိုင်း သိစိတ်က မသိပေမဲ့ မသိစိတ်က သိနေတဲ့အရာပါ ... အဟဲ..နဲနဲမြင့် သွားလား မသိဘူးနော်......အဟိ...အချစ်ဆိုတာ မတူညီတဲ့ လူနှစ်ဦးက တူညီအောင် ညှိပြီး အချစ်ပေါ် အချစ်ဆင့်ကာ မိသားစုဆိုတာ ဖြစ်လာပါတယ်၊ လူမှုအတိုင်းအ၀ိုင်း ဆိုတာတွေ ဖြစ်လာပါတယ်။ ပတ်ဝန်းကျင် ဆိုတာတွေ ဖြစ်လာတယ်။ မျိုးဆက်တွေ ပွားပြီးလာပါတယ်။ဒါကြောင့်
သူ+သူမ=အချစ်
သူ+သူမ+အချစ်=လက်ထပ်ခြင်း
သူ+သူမ+အချစ်+လက်ထပ်ခြင်း=သားသမီးရတနာ သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ=မိသားစု သူ+သူမ+အချစ်+လက်ထပ်ခြင်း+သားသမီးရတနာ+မိသားစု=ပြသနာ

ဆိုတာတွေ ဖြစ်လာတာပါ။ အကောင်းဆုံးကတော့ တဏှာဖက်မနွယ်တဲ့ အချစ်သည်သာ အေးမြတာပါ။ အချစ်ကြောင့် စွဲလမ်းမှု ဥပါဒါန် တွေ ဖြစ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေ ကင်းတဲ့ ဖြူစင်တဲ့ အချစ်သည်သာ အေးမြတယ်လို့ ထင်ပါတယ်။ များများချစ်ရင် များများခံစားရပြီး နဲနဲပဲ ချစ်ရင်နဲနဲ ပဲခံစားရတာပါ၊ အချစ်ကြီးရင် အမျက်ကြီးတဲ့ ဘုရားရှင်လက်ထက်က အကြောင်းလေးကို ပြောပြပါ့မယ်နော်။


ဘုရားရှင် လက်ထပ်က ၀ိနောဓ ဆိုတဲ့ဘုရင်တစ်ပါး ရှိပါတယ်။ သူ့မှာ အရမ်းချောမော လှပတဲ့ ဆန္ဒရလင်္ကာ ဆိုတဲ့ကချေသည်ရှိပါတယ်။ သူမဟာဘယ်လောက်ထိချောလဲဆိုရင် ဘုရင် အပါအ၀င် စစ်သူကြီး သူဌေးကြီး တွေကပါ သူမရဲ့ ဆိုဟန်၊ ကဟန်တွေနဲ့ သူမရဲ့ ရူပါကို စွဲမက်တမ်းတ နေရတာပါ။ နိုင်ငံရဲ့ အလှဂုဏ်ဆောင် ဘုရင့်ကို ဖြော်ဖြေကပြရတဲ့ ကချေသည် ဆိုတော့ တော်ရုံချောတာ မဟုတ်ဘူးနော် ။အလွန်တရာမှ ချောမော လှပတာပါတဲ့။

ဒါကြောင့်လည်း ဘုရင်က သူမကို အနားမရှိ၊ တံခါးမရှိ၊ ဓားမထိတဲ့ ဆုတံဆိပ်ချီးမြင့်ထားပါတယ်။ (တရုတ်ကားထဲက ပေါင်ချိန်ကို ဘုရင်က ရတနာကျောက်စီဓား ဆုပေးထားသလိုမျိုးပေါ့) နန်းတွင်းထဲကို ၀င်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်း ထွက်နိုင်တဲ့ မည်သူတစ်ဦး တစ်ယောက်မှ တားပိုင်ခွင့် မရှိတဲ့ ဆုပါ။ အပြစ်ရှိ ခဲ့ရင်တောင် ဘုရင့်လက်နက်နဲ့ မထိရမသေရ တဲ့ဆုဖြစ်ပါတယ်။

တစ်နေ့တော့ဘုရင်က သရက်တော ဥယျာဉ်က သူကိုးကွယ်တဲ့ အရိယာ ရဟန္တာ တစ်ဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဆိုတဲ့ ရဟန်းတော်ကို နန်းတွင်းထဲခေါ်ပြီး တရားနာပါတယ်။ တရားနာ တဲ့အခါ သမာဓိ ပျက်မှာစိုးလို့ နန်းတွင်းဆောင်ထဲ မည်သူမှ မ၀င်စေရလို့ မှာထားပါတယ်။ ဒီအချိန်မှာ အလှပဂေး ဆန္ဒရလင်္ကာလေး ရောက်လာပါတယ်။ နန်းဆောင်ထဲ ၀င်မယ်လုပ်တော့ တံခါးစောင့်ဗိုလ်မှုးလေးက တားမြစ်ပါတယ်။ ဒါကို ဆန္ဒရလင်္ကာလေးက သူ့ကိုတားရ ကောင်းလားဆိုပြီး အမျက်တော်ရှကာ ဘုရင်ပေးထားတဲ့ တခါးမရှိ ဓားမထိတဲ့ ဆုကို ထုတ်ပြကာ သူ့ကို ဘယ်သူမှ တားခွင့်မရှိကြောင်း ရန်တွေ့တာပေါ့။ ဒါကိုဘုရင်က ကြားတော့ သူမကို ၀င်လာဖို့ ခေါင်းညိတ်ပြလိုက်တယ် ဆိုရင်ပဲ ဆန္ဒရလင်္ကာ လေးက၀င်လာပြီး ဘုရင့်အနားမှာ ၀င်ထိုင်ပါတယ်။ ၀တ်ကောင်းစားလှတွေနဲ့ တောက်ပြောင်နေတော့ သူမ၀င်လာတာကို အရှင်ကောဏ္ဍည ကလည်းမြင်ပါတယ်။ အဲဒီမှာ ဆန္ဒရလင်္ကာလေး ကတော့ ရဟန္တာ ကိုမြင်ပြီး အင်မတန်အေးချမ်းတဲ့ ရဟန်းရှင်ရဲ့ မျက်နှာတော်နဲ့ တည်ငြိမ်တဲ့ မျက်ဝန်းတော်ကို တွေ့လိုက်ရတော့ အဲဒီရဟန်းကို ချစ်စိတ်တွေ ဖြစ်ပေါ်ပြီး၊ စွဲလမ်းစိတ်နဲ့ ပိုင်ဆိုင်ချင် စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ တဏှာကုန်ပြီး ပပဉ္စ တရားသုံးပါး (ဒိဋ္ဌိ၊ တဏှာ၊ မာန) တွေမရှိတဲ့ ရဟန္တာအရှင်မြတ် ကတော့ အေးဆေး တည်ငြိမ်စွာနဲ့ပဲ တရားဆက်လက် ဟောပါတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ဆန္ဒလင်္ကာလေးက ရဟန္တာ သီတင်းသုံးရာ သရက်တော ဥယျာဉ်တော်ကို ရောက်ရှိ လာပါတယ်။ ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဆံပင်နဲ့ ပတ်ကာ ၀ပ်ဆင်းပြီး အရှင်ဘုရား တပည့်တော်မကို အရှင့်ရဲ့ အပါးမှာ တဖ၀ါးမကွာ ပါရမီဖြည့်ခွင့် ပေးပါဘုရားတဲ့... ဒီတော့ အရှင်ကောဏ္ဍညက အကျွန်ုပ်မှာ ပြုစုလုပ်ကျွေးရန် ကပ္ပိယ ရှိတယ် ဒကာမ ၊ ကျွန်ုပ်အတွက် ဘာမှမလိုပါ လို့ ပြောတာပေါ့။ ဒီတော့ ကချေသည်လေးဟာ သရက်တော ဥယျာဉ်ကျောင်းကို နေ့တိုင်းနေ့တိုင်း လာပါတယ်။ အဲဒီအခါမှာ ရဟန္တာ ကလည်း တံခါးကိုပိတ်ကာ အတွေ့မခံတော့ပါဘူး။ ဒါပေမယ့် ဆန္ဓရလင်္ကာက အနုပီယ သရက်တော ဥယျာဉ်ကို သွားမြဲသွားပြီး ရဟန္တာရဲ့ မျက်နှာလေးကို တွေ့ရနိုး တွေ့ရနိုးနဲ့ တံခါး အပြင်ကနေပဲ နေ့တိုင်း စောင့်နေ ပါတယ်တဲ့။

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဖြစ်နေတော့ ကျန်းမာရေး တွေလည်းထိခိုက် လာပါတယ်။ ကကြိုးကကွက်တွေလည်း မမှန်ဖြစ်နေတာပေါ့၊ ဒါကိုချောင်းနေတဲ့ ဒုတိယ ကချေသည်မလေး ကုန္ဓရကေသာ ဆိုသူကလည်း ကုန်းချောဖို့ ချောင်းနေပါတယ်။ ပြီးတော့ ဘုရင်ဆီကို သွားလျောက်တင်ပါတယ်။သရက်ကိုင်းလေးကို ကိုင်ပြီး အရှင်မင်းကြီး ဒီသရက်ကိုင်းက ဆန္ဒရလင်္ကာရ လေးရဲ့ရထားလုံး ပေါ်ကရရှိတာပါ၊ ဆန္ဒရလင်္ကာလေးဟာ သရက်တောဥယျာဉ် ကျောင်းလေးကို နေ့တိုင်းသွားကြောင်း၊ အရှင်ကောဏ္ဍညနဲ့ ဆန္ဒရလင်္ကာလေးတို့ ဖောက်ပြားနေကြောင်း ချောက်ချပါတယ်။ ဒါကိုဘုရင်က မှူးမတ်တွေကို သွားစုံစမ်း စေပါတယ်။ မှူးမတ်တွေကလည်း ဆန္ဒရလင်္ကာလေးက မထေရ်ကြီးကို သူနဲ့ပေါင်းဖော်စေ လိုကြောင်းနဲ့ နေ့တိုင်း သရက်တော ဥယျာဉ်ကျောင်းရဲ့ အပြင်မှာ ရဟန်းကို မြင်ရရုံနှင့် ကျေနပ်ကာ စောင့်နေကြောင်းစသည်ဖြင့် ပြောကြား လိုက်ပါတယ်။ အဲဒီမှာ ဘုရင်က စဉ်းစားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရဟန္တာမထေရ်နဲ့ ကချေသည်တို့ ညားတယ်ဆိုတာ ပြောမကောင်း ဖြစ်မဲ့အစား၊ ငါကိုယ်တော်ပဲ အနစ်နာခံပြီး သာသနာကို အဖတ်ဆယ်ရမယ်၊အမျိုးမြင့်တဲ့ ဘုရင်နဲ့ ဇာတ်နိမ်တဲ့ ကချေသည်တို့ ဖြစ်တာက ငါတို့ပုထုဇဉ် တွေအတွက် ကိစ္စမရှိ ဒါကြောင့် သာသနာမှာ အပြောမခံရအောင် ငါကိုယ်တော်မြတ် ဆန္ဒရလင်္ကာလေးကို မိဖုရားခေါင်မြှောက်မှ သင့်တော်ပေမယ်။ ဒါဆို ဒုတိယကချေသည်လေး ကုန္ဓရကေသာ လည်းပထမကချေသည်လေး ဖြစ်သွားမယ်။ ဆန္ဒရလင်္ကာလေးလည်း မိဖုရားခေါင်ဖြစ်သွားမယ်။ ကဲ.. ရှင်ဘုရင်နဲ့ ကချေသည် အဆင့်က ကွာခြားနေတာနော်.. ဒါကိုတောင် မထောက်ထားပဲ သာသနာကို ထိခိုက်လာမှာကို မလိုလားလို့ အနစ်နာခံတဲ့ စိတ်လေးက ဘယ်လောက် မြင့်မြတ်လည်းနော်။

ဒီလိုနဲ့ မှုးမတ်တွေ ခေါ်ပြီး ရှင်ဘုရင်ကြီးက ကချေသည်မလေးရဲ့ အဆောင်ကို ကြွပါတယ်။ အရှင်မင်းကြီး ကြွလာတယ်၊ မကြွစဖူး ကြွလာတာ ဘာကိစ္စ များလဲပေါ့ ဆန္ဒရလင်္ကာရက မေးပါတယ်။ ဘုရင်ကလည်း မသိချင် ဟန်ဆောင်ပြီး နှမတော် ကျန်းမာရဲ့လား၊ နှမတော်ကျန်းမာရေး ကောင်းအောင်နေပါ၊ ကျန်းမာရေးကောင်းရင် နှမတော်ကို မိဖုရားမြောက်ချင်ကြောင်း ပြောပါတယ်။ သဘောတူရဲ့လား လို့မေးပါတယ်။ ဆန္ဒရလင်္ကာလေး ကလည်း သဘောတူကြောင်း ပြောပါတယ်။

အရှင် နှမတော် အရမ်းကြောက် နေပါတယ်။ ဘာကြောင့် ကြောက်ရတာလဲ၊ ငါကိုယ်တော် မြတ်လောက် သင်နှမမှာ ကြောက်ရမဲ့သူ ဘယ်သူရှိလို့လဲ မေးပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း ဘုရင်ချီးမြောက်တဲ့ ဖိဖုရား ရာထူးကို ယူတဲ့နေ့မှာ အဲဒီလူရဲ့ ခေါင်းကိုဖြတ်ပေးပါလို့ ကတိတောင်းပါတယ်။ဘုရင်ကလည်း နှမတော်လက်ညိုးသာ ထိုးလိုက် နှမတော်အလိုကျ ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။

ဒီလိုနဲ့ ဆန္ဒရလင်္ကာလေး နေကောင်းလာတော့ မိဖုရားမြှောက်တဲ့နေ့မှာ ဆန္ဒရလင်္ကာက အရှင်မင်းကြီး နှမတော်ကို ကတိပေးထားတာ နှမတော်ကြောက်တဲ့ လူကို ခေါင်းဖြတ်ပေး ပါတော့လို့ ပြောပါတယ်။ ဘုရင်က မေးပါတယ်၊ နှမတော်ပြောပါ နှမတော်ရဲ့ ရန်သူက ဘယ်သူလဲပေါ့။ အဲဒီမှာ သူမရဲ့ရန်သူဟာ ရှင်ကောဏ္ဍည ရဟန္တာ ဖြစ်တယ်ဆိုရော ဘုရင်က အံသြတာပေါ့။ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ခေါင်းကိုမရရင် အရှင်ဟာ တိုင်းပြည်အုပ်ချူပ် မင်းလုပ်ပြီး ကတိကိုမထိန်းသိမ်း သစ္စာတရား မရှိတဲ့ ဘုရင်ဖြစ်တယ် ဆိုပြီး အပြစ် တင်တာပေါ့။ ဒါနဲ့ ဘုရင်ကလည်း အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်နေပါတယ်။မိန်းမလိုချင် လို့တော့ မဟုတ်ဘူးနော်။ ဘုရင်ရဲ့ ရာဇပဝေဏီ ထွက်ပြီးသား ကတိစကားကို ထိန်းနေတော့ ချီတုံချတုံဖြစ်နေတာပါ။

ဒီလိုနဲ့ နန်းတွင်းမှာ အခြေအတင် ပဋ္ဋိပက္ခ ဖြစ်နေတုန်း ဒါတွေကို ရဟန္တာမြတ်က ဥာဏ်နဲ့ဆင်ခြင် လိုက်တော့ အော်..ငါ့ရဲ့အာယုဒီဂ သက်တမ်းက သိပ်မကျန် တော့ဘူးဆိုတာ သိနေပါတယ်။ ဒါကြောင့် အဘိဥာန်နဲ့ နန်းတွင်းကို ကြွလာပါတယ်။ ဒကာရေမြေ့ရှင် ဆရာတော်ရဲ့ သက်တမ်းက မရှိတော့ပါဘူး၊ ငါကိုယ်တော်၏ ခေါင်းကိုဖြတ်ရင် အရှင်မင်းကြီးလည်း ကတိမပျက် တော့ဘူး၊ ဆန္ဒရလင်္ကလဲ သူရဲ့ရန်သူမရှိရင် သူအေးအေး ချမ်းချမ်း နေလို့ရမယ်၊ ဒါကြောင့် ငါကိုယ်တော်မြတ်၏ ခေါင်းကိုဖြတ်ပါ၊ ငါလှူပါတယ် လို့ပြောပါတယ်။ ဘုရင်ရဲ့ စိတ်မှာလည်း တော်တော် တုန်လှုပ်သွားပါတယ်။ ဆန္ဒရလင်္ကာ လေးကလည်း အရှင်ဖြတ်ပါ တော့လို့ပြောပါတယ်၊ ဘုရင်ကလည်း ချီတုံချတုံဖြစ်ပြီး နှစ်ကြိမ်လုံးလုံး သန်လျက်ကို ထုတ်လိုက် သွင်းလိုက်နဲ့ ဖြစ်နေပါတယ်။ သုံးကြိမ်မြောက်လည်း ကျရော ဆန္ဒရလင်္ကာလေး အမြင်မှန်ရသွားပါတယ်။

အော်..တကယ်တော့ လူတိုင်းလူတိုင်း ငါက ငါလိုချင်စိတ် တစ်ခုထဲနဲ့ ဒီရဟန်းကို ငါမှမရရင် တခြားလူလည်း မရစေရဘူး၊ ငါမှ မချစ်ရရင် တခြားမိန်းမလည်း မချစ်ရဘူးဆိုတဲ့ စိတ်နဲ့ သတ်မှတ်လိုက်တယ်။ တကယ်တော့ ရဟန်းက တခြားမိန်းမကို ချစ်ဖို့ပေါင်းဖို့မှ မဟုတ်ပဲ၊ ငါနဲ့ ဘုရင့်အတွက် အဆင်ပြေ စေအောင် လာပြီး အသက်စွန့်တယ်၊ လူတွေဟာ ငါဆိုတဲ့ အတ္တ တစ်ခုတွက် အလုပ်လုပ်တယ်၊ အရှင်ကောဏ္ဍည ကတော့ အတ္တကိုစွန့်၍ ငါတို့အတွက် လာပေးဆပ်တယ်၊ ဘာကြောင့်မို့ သူဒီလို လုပ်နိုင်တာလဲ၊ ပါရမီရင့် နေတာပါနော်၊ တကယ်တော့ ငါတို့နှစ်ယောက်လုံးကို ချစ်တာပါလား၊ ယောင်္ကျားကောင်း တို့ ရဲ့ချစ်တဲ့ အချစ်က ဒါကိုခေါ်တာလား မသိပါဘူး၊ စဉ်းစားတာပေါ့၊ လင်ချစ်မယားချစ် စိတ်ကနေ လောကကြီးကို စွန့်လွတ်တတ်တဲ့ အချစ်ကို သူဘယ်လို ကျင့်ခဲ့လည်း မသိဘူး အဲဒီလို အချစ်မျိုးကို ဘယ်လိုပိုင်နိုင် အောင်ခဲ့လည်း စဉ်းစားပါတယ်။ ငါသိချင် လိုက်တာလို့ တွေးလိုက်ပါတယ်။

ဒီအခါမှာ ဘုရင်ကလည်း သုံးကြိမ်မြောက် သန်လျက်နဲ့ အရှင်ကောဏ္ဍည ရဟန္တာရဲ့ ဦးခေါင်းကို ရွယ်လိုက်တဲ့ အခါမှာ ဆန္ဒရလင်္ကာလေးက အရှင်မင်းကြီး တော်ပြီ မဖြတ်ပါနဲ့တော့။ အရှင်ကောဏ္ဍည ကလည်း ရန်သူမဟုတ် တော့ပါဘူးဆိုပြီး တားပါတယ်။အရှင်ကေဏ္ဍည ရဟန္တာက အခြားတစ်ယောက်ကို ချစ်ဖို့ပေါင်းဖို့မဟုတ်ဘူး၊ အရှင်ဘုရား တပည့်တော်မတို့ နှစ်ယောက်အတွက် ဦးခေါင်းကို စွန့်လွတ်ရဲတာက အရှင်ဘုရားရဲ့ စိတ်သန္တာန်မှာ ဘာတွေရှိပါသနည်း လို့မေးပါတယ်။ နှမ ဓမ္မတွေ ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ နှမ ဆန္ဒရလင်္ကာ အရိယာတွေသည် ဥာဏ်မှာ စံကြပါတယ်၊ ပုတုဇဉ်တွေသည် ကံမှာ စံကြပါတယ်။

ပုတုဇဉ်တွေက ကံတိုးအောင်နေသည်၊ အရိယာတွေက ဥာဏ်တိုးအောင်နေသည်၊ ကံတိုးရင် ခန္ဓာတိုးတယ်၊ (ကံတိုးတယ်ဆိုတာ သံသရာချဲ့တဲ့ သဘောပါ။) အရိယာတို့သည် ကံတွေကုန်သွားတာ ဖြစ်သည့်အတွက်ကြောင့် ငါ့မှာ အကုသိုလ်ရော ကုသိုလ်ရော ကုန်သွားပါပြီ၊ မရှိတော့ပါ၊ နှမရဲ့ စိတ်သန္တာန် မှာတော့ နှမရဲ့ စိတ်သန္တာန် မှာတော့ အရိယာ မဟုတ်တဲ့ အဓမ္မ တွေရှိတယ်၊ အဲဒီတရားတွေက နှမရဲ့စိတ်သန္တာန်ကို ပူလောင်အောင် ဆင်းရဲအောင် လုပ်နေတာပါ၊ ဒါကြောင့် ရဟန်းကို ရဟန်းမှန်း မသိဘဲ ဖြစ်နေတာပါ။ တကယ်တော့ ဖြတ်ရမဲ့ ဦးခေါင်းက အပြင်မှာမရှိပါဘူး၊ နှမရဲ့ စိတ်သန္တာန်မှာ ရှိတဲ့ အ၀ိဇ္ဇာနဲ့ တဏှာ ကိုသာဖြတ် ရမှာပါ။ အဲဒီတရားတွေဖြစ်တဲ့ အ၀ိဇ္ဇာတွေသည် နှမရဲ့ ရင်ထဲ၌သာ ရှိပါတယ်၊ ငါ့ရဲ့ ဦးခေါင်းကို မဟုတ်ပါဘူး၊ အဲဒီ မင်းရင်ထဲ မှာရှိတဲ့ အ၀ိဇ္ဇာ တဏှာဆိုတဲ့ ဦးခေါင်းကို ဖြတ်နိုင်ရင် အလိုလိုပြတ်ပြီး သွားမှာပါ နှမရယ်လို့ ပြောတဲ့အခါ ဆန္ဒရလင်္ကာမှာ ရှိတဲ့ဒေါသဟာ အလိုလို ပြာကျသွားပါတယ်။

ပြီးတော့ မထေရ်ရဲ့ ခြေတော်အစုံကို သူမဦးခေါင်းနဲ့ ဆံပင်နဲ့ပတ်ပြီး ရှိသမျှအပြစ်တွေ ၀န်ချ တောင်းပန်ပါတယ်၊ ပထမတခါ ခြေတော် ၀ပ်ဆင်းတဲ့ အကြိမ်နဲ့ မတူတော့ပါဘူး အခုတော့ တရားရခဲ့ပြီး အရှင်ဘုရား စံမြန်းတဲ့ အရိယာ စံအိမ်မှာ တပည့်တော်မ နေချင်ပါသည်၊ အရှင်ဘုရားတို့ ကျင့်သုံးတဲ့ အရိယာတွေရဲ့ ဓမ္မတွေကို ကျင့်သုံး ချင်ပါသည်၊ အရှင်ဘုရားတို့ ဖြတ်တောက်ခဲ့တဲ့ အ၀ိဇ္ဇာ တဏှာတို့ကို တပည့်တော်မ ဖြတ်တောက် ချင်ပါသည်လို့ အရှင်ကောဏ္ဍည မထေရ်ကြီးကို လျှောက်ထားပါတယ်။ ဒီလိုနဲ့ ရှင်ကောဏ္ဍည မထေရ်ရဲ့နောက်ကို လိုက်ပြီး တရားကျင့်ကြံ တဲ့အတွက် နောက်ဆုံး ရဟန္တာထေရ်ရီမ ကြီးဖြစ်သွား ပါတယ်နော်။

အခြေခံကတော့ တဏှာကြောင့် ဖြစ်လာတဲ့အကြောင်းကို အရင်းခံတာပါ။အချစ်ကြီးတော့ အမျက်ကြီးသွားတဲ့ ဆန္ဒရလင်္ကာလေးကို ရေးလိုက်ရတာက အချစ်ဆိုသည်မှာ ပိုစ့်လေးကိုရေးဖို့ စဉ်းစားနေစဉ်မှာ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ (ဦးကော) ရဲ့တရားတော်ကို နာကြားမိတာနဲ့ ဘုန်းဘုန်းဦးကောရဲ့ တရားတွေကို ပြန်လည် ရေးသား ပေးလိုက်တာပါ၊

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရဲရင့်နီလည်း ကျေနပ်နိုင် လိမ့်မယ်ထင်ပါတယ်။ တက်ဂ်တဲ့ အတွက်လည်း ကျေးဇူးပါ။

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: ချစ်သူ့ လက်ဆောင်

ချစ်သူ့ လက်ဆောင်

ငယ်ငယ်တုန်းက ကြားဖူးခဲ့ပြီး ခုထက်တိုင် ကြိုက်နေတဲ့ ၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်ပါ...။
မှတ်မှတ်ရရ ဒီသီချင်းကို ရှစ်တန်း အစိုးရစစ် တုန်းက သူငယ်ချင်းတွေ စာစုကျက်တော့ ကြားမိတဲ့ သီချင်း ထင်တာပဲ။ ဆောင်းနှင်းဖုန်ဖုန် ကျတဲ့ နတ်တော်၊ ပြာသိုညချမ်းတွေမှာ ဒီသီချင်းကို စာစုကျက်တဲ့ နေရာကို မသွားခင် ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်ရာကနေ ကြားမိပြီး ကြိုက်သွားတာ...။

ထူးအိမ်သင် သီချင်းတွေကတော့ အကုန်ကြိုက်တယ်...။ အနှစ်တွေချည်းပဲ...။ အခု သီချင်းလေးကတော့ "အတ္တပုံဆောင်ခဲများ" အခွေထဲက ဖြစ်ပါတယ်။ "ချစ်သူ့လက်ဆောင်" လို့ အမည်ရပါတယ်။



Credit to : အိပ်မက် Youtube

ဒီသီချင်းရဲ့ အမ်ပီသရီး ဗားရှင်းကိုတော့ မြန်မာ အမ်ပီသရီးဒေါ့နက် မှာ သွားရောက် နားဆင်နိုင်ပါတယ်။

(သီချင်းအကြောင်း ရေးရင်းနဲ့ ကိုယ်နဲ့ သီချင်းတွေ အကြိုက်တူတဲ့ မမေကို သတိတောင် ရနေပါသေးတယ်။ မတွေ့တာ ကြာလို့ နေကောင်းလား၊ အဆင်ပြေလားလို့ တွေးနေမိတယ်။ သီချင်းချိုချိုအေးအေး လေးတွေကို ရှာလာတတ်ပြီး မျှဝေတတ်တဲ့ မမေကို လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကြားတိုင်း သတိရနေတယ်...။)

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရွှေပြည်သူ] 1 New Entry: ခပ်တိုးတိုးဒဏ်ရာ

ခပ်တိုးတိုးဒဏ်ရာ

သူတည်ငြိမ်အေးဆေးစွာ ခပ်မတ်မတ် ထိုင်နေသည်။ အရက်မူးနေသည်တဲ့...။ ယုံနိုင်စရာမရှိပါ။ ခါတိုင်း အညိုဘက်လုတယ်လို့ ထင်ရတဲ့ သူ့မျက်နှာအသားအရည်က ဒီညနေကျမှ ဖြူသယောင်ယောင်တောင်ဖြစ်ပြီး ရှင်းသန့်လို့နေသည်။ နှုတ်ခမ်းတို့ကလည်း အိနြေ္ဒရစွာ နီစွေးစွေးနဲ့ ခပ်တင်းတင်းစေ့လို့။ "ကိုယ်အရက်မူးနေတယ်" တဲ့... သူခပ်တည်တည်နဲ့ ဘယ်သူကမှ မမေးဘဲ ၀န်ခံသလိုပြောလိုက်ပြီး အေးဆေးစွာပြုံးသည်။ ဒါဆို သူသည် သူမတသက်တွင် နီးကပ်စွာ ပထမဆုံးတွေ့ဖူးသော အရက်မူးနေတဲ့ယောက်ျားလေး ပဲပေါ့။ သူမ ထင်ထားခဲ့သလို ပါးစပ်ထဲတွေ့ကရာပြောပြီး ရစ်တာမျိုးတွေ ရုပ်ပျက်ဆင်းပျက်အပြုအမူတွေလည်း သူ့မှာ ရှိမနေခဲ့ပါ။ ရုပ်ရှင်ထဲက အရက်မူးသမားများကိုသာ ပုံသေအရက်သမားပုံစံ အဖြစ်မြင်ထားပြီး အရက်မူးနေသူတွေကို ကြောက်စရာလို့ မြင်ထားတဲ့ သူမ သူ့ကိုတော့ ကြောက်ဖို့ကိုမေ့ပြီး တအံ့တသြသာ ငေးနေမိသည်။

"တ... တကယ်မူးနေတာလား"



သူ စူးလက်သောမျက်ဝန်းများနဲ့ သူမကို တချက်လှမ်းကြည့်သည်။ မျက်လုံးတွေ... သူမူးတဲ့အခါ မျက်လုံးတွေ ပိုလို့တောင် တောက်ပလာသေးတာပဲ။ သူမ သူ့ကို ဆက်မကြည့်ရဲသလိုဖြစ်လာပြီး သူမတို့ ထိုင်နေရာနဲ့ ခပ်လှမ်းလှမ်းမြစ်ကမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတွေကို လှမ်းငေးနေမိသည်။ သူမမျက်လုံးတွေ သူ့ဆီပြန်ပို့တဲ့အထိ သူက သူမကို စူးစိုက်ကြည့်ဆဲ။ သူမပြောမိပြောရာ ပြောချလိုက်သည်။

"မူးနေမှန်းသိရင် မလာပါဘူး။ အဲလိုသောက်တာ သုရာမေရယကံထိုက်တယ်နော်...။ အရက်ကို တော်တော်ပဲ ကြိုက်လား"

စကားတွေက အဆက်အစပ်မရှိလှ...

"အင်း စိတ်ညစ်ရင် သောက်တယ်"
"အဲဒါ မခိုင်လုံတဲ့အကြောင်းပြချက်ပါ။ ကျွန်မလည်း စိတ်ညစ်ဖူးတာပဲ။ အရက်မသောက်ဘဲ ဖြတ်ကျော်ခဲ့တာပဲ"

သူ ပါးလေးခွက်ဝင်သွားတဲ့အထိ ပြုံးလိုက်သည်။

"အဲဒါ မင်းက တော်လို့ပေါ့..."
"မဟုတ်သေးပါဘူး။ ကဲ ပြော... ပြောစရာရှိလို့ဆို"
"မင်းကို ချစ်တယ်။ နောက်ပြီး... ကိုယ်မနက်ဖြန် တခြားမြို့ကို ပြောင်းရတော့မယ်"
"အို..."

သူမစိတ်ထဲမှာ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။ ပထမစိတ်လှုပ်ရှားခြင်း... နောက်ရှက်ခြင်း... နောက်ဆုံးတော့ ဒေါသ...

"သြော်... ကျွန်မက မူးနေတဲ့လူဆီလာပြီး အဲဒီစကား နားထောင်ရတာပေါ့။ မူးမူးနဲ့ ရှေ့ရောက်လာတဲ့သူကို ဒီလိုပဲ ကြုံလို့ရည်းစားစကား ပြောလိုက်တာပဲလား..."

မဟုတ်မှန်းသိသိနဲ့ အဲဒီစကားကို ပြောချလိုက်တဲ့အချိန် သူမစိတ်ထဲမှာ ၀မ်းနည်းမှုတွေသာ တဖွားဖွား ပေါ်လာတော့သည်...

"မင်း ထင်ချင်သလို ထင်ပါတော့။ ကိုယ်ဒီနေ့မင်းကို ပြောမှဖြစ်မယ်... ဒါကြောင့်..."
"သြော် ဒါကြောင့် မူးမူးနဲ့ပြောတဲ့ ရည်းစားစကားကို ကျွန်မက ဒီအထိလာပြီး တလေးတစား နားထောင်ရတယ်ပေါ့"
"အဲဒီလိုမျိုး ဖြစ်သွားပေမယ့်... ကိုယ်မရည်ရွယ်ပါဘူး။ ပြောဖို့ ခုလေးတင်ဆုံးဖြတ်လိုက်တာ"
"မူးမူးရူးရူး ဆုံးဖြတ်ချက်ပေါ့လေ"
"ကျွတ်... မင်းနဲ့ကိုယ်ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ထင်ခဲ့တာ... မှားသွားတယ်"
"ရှင် အတ္တကြီးလွန်းတယ်"
"လူတိုင်း အတ္တနဲ့မှ မကင်းတာ"
"ရှင့်အတ္တက ပိုကြီးတယ်... ကျွန်မကို အဲဒီစကားတစ်ခွန်းနဲ့ တသက်စာချည်ပစ်ခဲ့ပြီး ရှင်ဟိုမြို့မှာ လက်ထပ်တော့မှာလေ"
"မင်းတွေးတာတွေ များလွန်းနေပြီ။ မင်းကို မချည်ပါဘူး။ မင်းဘက်က သဘောထားကိုတောင် ကိုယ်မေးလို့လား။ ကိုယ့်ခံစားချက်ကို နောက်ဆုံးအနေနဲ့ ပြောချင်လို့ ဖွင့်ပြောခဲ့တာပဲ။ ဟိုမှာ မင်္ဂလာဆောင်မှာလည်း ဟုတ်တယ်။ ကိုယ့်တသက်မှာ လုပ်သင့်တာကို လုပ်ခဲ့တာချည်းပဲ။"
"ဒါဆို ကျွန်မနဲ့ပေါင်းစပ်ဖို့ကတော့ မလုပ်သင့်တာကြီးပေါ့လေ..."

သူ အံ့သြတကြီး ဖျတ်ကနဲကြည့်သည်။

"မင်းကိုယ်နဲ့ ဘယ်တုန်းကမှ လက်မထပ်ချင်ဘူးလို့ ထင်ခဲ့တာ"

သူမ စိတ်ပျက်နာကျင်စွာ သူ့ကိုပြန်ကြည့်ရင်း

"ရှင်ပြောသလိုပဲ... ကျွန်မနဲ့ရှင်နဲ့ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ကျွန်မလည်း ထင်ခဲ့တယ်။ သိပ်မှားတယ်။ ကျွန်မတို့တွေ သိပ်မှားခဲ့တယ်..."

ဒီတခါတော့ မြစ်ကမ်းဘေးက လူတွေကို လှမ်းငေးနေတာ သူဖြစ်နေသည်။ သူ မပီမပြင် တချက်ပြုံးရင်း...

"အရာရာကို ဒီတညနေထဲနဲ့ ဖြေရှင်းအဆုံးသတ်လို့ရမယ်လို့ ကိုယ်ထင်ခဲ့တယ်။ ကိုယ်သိပ်ညံ့တယ်။ မင်းနဲ့ကိုယ့်ရဲ့ကြားက အရာရာကို ကိုယ်လျော့တွက်ခဲ့မိတယ်။"

သူမက ခေါင်းကို သွက်သွက်ခါရင်း...

"ပြီးပြီ... အားလုံးပြီးသွားပြီပဲ။ ကျွန်မ ပြန်တော့မယ်..."

ခုံတစ်လုံးကို ဖရိုဖရဲပိတ်တိုက်ရင်း သူမ ခြေလှမ်းကျဲကျဲနဲ့ ထထွက်လာတော့...

"ကိုယ် အရက်မူးမနေပါဘူး... အဲဒါကိုတော့ မင်းသိစေချင်တယ်။ တကယ်တော့ ကိုယ့်လက်ထဲက ဖန်ခွက်ထဲမှာ..."

အနောက်ကနေ မရမက လှမ်းအော်ပြောနေတဲ့ သူ့အသံက တဖြည်းဖြည်းနဲ့ တိုးတိတ်ဝေးလွင့်ပြီး ကျန်ခဲ့သည်။ အမှောင်လွှမ်းစပြုနေတဲ့ ကောင်းကင်ဆီမော့ပြီး အသက်ကို အားရပါးရရှုဖို့ ကြိုးစားပေမယ့် အသက်ရှုက ဘယ်လိုမှ မ၀။ ဘယ်အချိန်က ကျဖို့ စောင့်နေလဲမသိတဲ့ မျက်ရည်တွေသာ အလုအယက်ကျလာသည်။ သူမူးနေနေ မနေနေ ဘာများထူးဦးမှာ မို့လို့လည်း။ အဲဒီညနေက သူမတို့နှစ်ယောက်လုံး အရှုံးနဲ့အကုသိုလ်တွေ တပွေ့ကြီးရခဲ့ကြပြီပဲ။ တကယ်တော့ သူရော သူမပါ သူမတို့ကြားက အရာအားလုံးကို အထင်တသေးလျော့တွက်ရင်း အပြန်အလှန် နာကျင်စေခဲ့ပြီ။ ပြင်လို့မရတဲ့ အဆုံးသတ်နဲ့ သူမတို့ရဲ့ ဇာတ်လမ်းရယ်လို့ မပီပြင်ခဲ့တဲ့ ဇာတ်လမ်းဆန်ဆန်လေးကလည်း တကယ်ပြီးဆုံးခဲ့ပြီ။

တခါတရံမှာ ထုထည်ကြီးမားခမ်းနားတယ်လို့ ထင်ရတဲ့ တချို့သော အချစ်တွေဟာလည်း ဘယ်သူမှမသိလိုက်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ သေဆုံးသွားတတ်ကြမှန်း သေသေချာချာ နားလည်ချိန်မှာတော့
သူနဲ့သူမတို့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ကိုသာ ကမူးရှုးထိုး ကြိုးစားနေကြတော့သည်...

ရွှေပြည်သူ
(မနက် ၁း၂၉ နာရီ ~ ၂၆.၁၂.၂၀၀၈)

ဝတ္ထုတိုပုံစံလေး အရမ်းရေးချင်စိတ်ပေါက်လာလို့ ချရေးလိုက်မိတာလေးပါ။ အမှန်အတိုင်းပြောရရင် အကြောင်းအရာပိုင်းကို တော်တော်လေး အားမရပါဘူး။ ဖတ်ရှုဝေဖန်ပေးကြပါဦးရှင်...

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 2 New Entries:

http://komoethee.blogspot.com/feeds/115535081584629262/comments/default

မီး ၁ ရက် ၂ ရက် မလာရင် အစိုးရမှာ တာဝန်ရှိတယ်။ နစ်ပေါင်းများစွာ ( ၁၉၆၂ ခုနစ်ကထည်းက ဒီေ န့အထိ) မီးကို မှန်မှန် လာအောင် အစိုးရက မလုပ်နိင်ရင်တော့ အစိုးရ မှာ တာဝန်မရှိတော့ ဘူး။ ပြည်သူလူထုမှာပဲ တာဝန် ရှိတော့တယ်။ မီးလာအောင်မ လုပ်နိင်တဲ့ အစိုးရကို မီးလာ အောင်လုပ်ပေးနိင်တဲ့ အစိုးရနဲ့  အစား ထိုး ဖို့ တာဝန် ဖြစ်တယ်။ -- မိုးသီးဇွန် -




အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဖော်ထုတ်ခြင်း



Transitional Justice


"အတိတ်မှာဖြစ်ခဲ့တာတွေကို ခွင့်လွတ်နားလည်လို့ ရပါတယ်။ ဒါပေမယ့် မေ့လို့မရပါဘူး။ အမှန်တရားဟာ ကာလတခုမှာ ခေါင်းငုံနေတတ်ပါတယ်။ ဒါပေမယ့် ခေါင်းမကျိုးပါဘူး။ သမိုင်းဆိုတာလည်း အချိန်တခု ယူရတတ်ပါတယ်။"


နိုင်ငံတွေ လူ့အဖွဲ့အစည်းတွေ ဒီမိုကရေစီစနစ်တရပ်ကို အသွင်ကူးပြောင်းတော့မယ်ဆိုရင် ပြီးခဲ့တဲ့ တရားမဲ့မှုတွေ လူမဆန်မှုတွေ အကြမ်းဖက်မှုတွေ - ဒါတွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာ ရင်ဆိုင်ရပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ လူ့အဖွဲ့အစည်းတရပ်အတွက် စိန်ခေါ်ချက်ပါ။ ဒိမိုကရေစီအသွင်ကူးပြောင်းရေးကာလတရပ်မှာ အသွင်ကူးပြောင်းရေးအာဏာပိုင်/အစိုးရ တရပ်အနေနဲ့ နိုင်ငံရေးတည်ငြိမ်မှု တရားဥပဒေစိုးမိုးမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးကိစ္စရပ်တွေကို အလေးပေးရပါတယ်။ အခုလို ပြီးခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေကို ပြန်လှည့်ကြည့်တာဟာ တည်ငြိမ်မှုနဲ့ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စရာရှိတယ်လို့ ယူဆ စရာတော့ ရှိပါတယ်။ ဒါ့အပြင် ယခင်အုပ်ချုပ်သူဟောင်းမှာ အာဏာတစုံတရာ သြဇာတစုံတရာရှိနေတုန်းပဲဆိုရင်လည်း အာဏာသိမ်းမှုလိုမျိုး အခြားအကြမ်းဖက်မှုတွေ ထပ်ဖြစ်လာတတ်ပါတယ်။

ဒါပေမယ့်လည်း ဒီကြေကွဲစရာဖြစ်ရပ်တွေကို ပစ်ပယ်ထားဦးမယ်ဆိုရင်တော့ နောင်မှာ ဥပဒေစိုးမိုးရေးကို ထိခိုက်လာစရာရှိပါတယ်။ မတရားမှုတွေ လုပ်လို့ရတယ် - မေ့ပစ်လို့ရတဲ့ - ဖုံးကွယ်ပစ်လို့ရတယ်ဆိုတဲ့ အစဉ်အလာတရပ်ကို အဆုံးမသတ်နိုင်သရွေ့ ဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေဦးမှာပါ။ ဒါ့အပြင် နစ်နာခံစားခဲ့ရသူတွေ ကျန်ရစ်သူတွေကို တစုံတရာ ကျေနပ်နိုင်တဲ့အတိုင်းအတာတခုအထိ နိုင်ငံတော်က မဖြေရှင်းပေးသရွေ့ - ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ပြန်လည်သင့်မြတ်ရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ပြီးခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတော်က တာဝန်ယူမဖြေရှင်းပေးနိုင်သရွှေ့တော့ - လာမယ့် ဒီမိုကရေစီလူဘောင်ဟာ ခိုင်ခံမှာမဟုတ်ပါဘူး လူ့အခွင့်အရေးတွေကို အပြန်အလှန်လေးစားလိုက်နာတဲ့ လူ့ဘောင်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ တရားမျှတမှုတွေ ပြန်လည်ဖော်ထုတ်တာဟာ - ဥပဒေစိုးမိုးရေးဆောင်ရွက်ချက်ဖြစ်ပါတယ် အမျိုးသားရင်ကြားစေ့နိုင်ရေးအတွက်ဖြစ်ပါတယ် ပြဿနာကို အကြမ်းဖက်ဖြေရှင်းရင် မှန်တယ်ဆိုတဲ့ အယူအဆ နိုင်ငံရေးအစဉ်အလာကို ဖြတ်တောက်တာဖြစ်ပါတယ်၊ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အစဉ်အလာတွေ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်မှာ ထွန်းပလာစေဖို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလာရင် ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုး အကာအကွယ်ယူတာလို့လည်း ပြောနိုင်ပါတယ်။

ပြီးခဲ့တာတွေကို သင်ပုန်းချေပါတယ်၊ ခွင့်လွှတ်နိုင်ပါတယ်ဆိုပါစေဦး။ မေ့လို့မရနိုင်ပါဘူး။ မေ့ဖျောက်ခံလိုက်ရတယ်ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းအတွင်း တပြန်လည် အကြမ်းဖက်မှုတွေ လက်စားချေမှုတွေ ရှိနေဦးမှာပါ။ ဒါတွေကို ဘယ်လိုသင်ခန်းစာထုတ်မလဲ နိဂုံးချုပ်မလဲ အဖြေထုတ်မလဲ။ တရားဥပဒေအရ နိုင်ငံရေးအရ လူ့ကျင့်ဝတ်အရ အသွင်ကူးပြောင်းရေးအစိုးရက တာဝန်ယူရပါမယ်။

တရားမျှတမှုဖော်ထုတ်ကြတဲ့နေရာမှာ နည်းနာအမျိုးမျိုးသုံးပါတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူတာကနေ - အရေးယူတာမဟုတ်ပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာအထိ ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာကိုက အပြစ်ရှိတယ်ဆိုတာကို လူ့အဖွဲ့အစည်းက သတ်မှတ်တာပါ။ ပြီးတော့ ဖုံးကွယ်ထားခံရတဲ့ အမှန်တရားတွေ ဖော်ထုတ်တာ လုပ်ကြပါတယ်။ နစ်နာခဲ့သူတွေ ကျန်ရစ်သူတွေအတွက် ကျေနပ်လောက်တဲ့ပုံစံ နိုင်ငံတော်က စီစဉ်ပေးတာတွေရှိပါတယ်။ နိုင်ငံတော်ရဲ့ တရားစီရင်ရေးစနစ် အုပ်ချုပ်ရေးစနစ်တွေကို ပြုပြင် ပြောင်းလဲတာမျိုးတွေရှိပါတယ်။ ဒီနည်းနာပိုင်းမှာတော့ နိုင်ငံရေး ယဉ်ကျေးမှု နောက်ခံတွေ၊ လက်ရှိနိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေနဲ့ လိုက်လျော်ညီထွေအောင် ဖန်တီးကြပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတရပ် ကူးပြောင်းမှုတိုင်းမှာ အခက်အခဲရှိပါတယ် စိန်ခေါ်ချက်ရှိပါတယ် သိမ်မွေ့ပါတယ်။ ဒါပေမယ့် စိန်ခေါ်ချက်တွေကြောင့် ကြန့်ကြာမှုတွေရှိတယ်ဆိုပြီး ရှောင်သွားလို့မရပါဘူး။ ကျနော်တို့ မြန်မာ့နိုင်ငံရေးမှာလည်း တွေ့ဆုံဆွေးနွေးပြီး အသွင်ကူးပြောင်းကြမယ်ဆိုရင် တရားမျှတမှုဖော်ထုတ်ရေးဟာ မဖြစ်မနေ ပါဝင်သင့်တယ်လို့ ယူဆပါတယ်။

ဇိုးဇက်
အောက်တိုဘာ ၂၊ ၂၀၀၈။

(အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ကြတဲ့ အခြားနိုင်ငံတကာအတွေ့အကြုံတွေ၊ ဒီအတွက် မူဝါဒတွေ ဘယ်လိုချမှတ်ကြတယ်ဆိုတာနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေ့လာထားသမျှကို အလျဉ်းသင့်ရင် ရေးပါဦးမယ်။ အကြမ်းဖျဉ်းလေ့လာချင်ရင်တော့ http://www.ictj.org/en/tj/ ကို ဖတ်ပါ။)


Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့ ၏ နျူကလီးယား ဇာတ်လမ်း

စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့ ၏ နျူကလီးယား ဇာတ်လမ်း

ဆောင်းပါးရှင် - အောင်ခိုင် (လူထုအသံ)

လူထုအသံ အွန်လိုင်းဂျာနယ် ၀က်ဘ်ဆိုဒ်မှ အောင်ခိုင်ရေးသားတဲ့ စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့ ၏ နျူကလီးယား ဇာတ်လမ်း ကို စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်မှ လူထုအသံ ၀က်ဘ်ဆိုဒ်မှ တဆင့် စစ်ဖက်နီးစပ်သူများရဲ့  ဖြည့်စွက်ချက် တချို့ နဲ့အတူ ထပ်မံ ကူးယူတင်ပြပေးလိုက်ပါတယ်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်မှာ လက်ရှိအချိန်တွင် ဖြစ်နိုင်ခြေ နည်းနေသေးသော်လည်း လျှော့တွက်ထား၍ မရနိုင်ကြောင်း နိုင်ငံတကာ နျူကလီးယား လက်နက်ဆိုင်ရာ ပညာရှင်များက သတိပြု ပြောဆိုလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ မတရား ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် (၂၀၀၇) စက်တင်ဘာလတွင် ဆန္ဒပြခဲ့ကြသည့် ရဟန်းတော်များအပေါ် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့မှုများအား တစ်ကမ္ဘာလုံးမှ ၀ိုင်းဝန်းရှုတ်ချနေသည့် ဖိအားများကြောင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရေးတွင် ပိုမို အာရုံစိုက်ပြီး ဆောင်ရွက်လာဖွယ် ရှိသည်။ ကုလသမဂ္ဂ အအပါအ၀င် နိုင်ငံတကာ တောင်းဆိုမှုများအား နျူကလီးယား ခြိမ်းခြောက်မှုဖြင့် တုန့်ုပြန်နိုင်ရန် အာဏာရူး မြန်မာစစ်အစိုးရက ရည်ရွယ်ထားဟန် ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ရုရှား၏အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် စီစဉ်ပြီးဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသော အဆိုပါ ဓာတ်ပေါင်းဖိုတွင် လက်နက် ထုတ်လုပ်နိုင်ခြင်း လုံးဝမရှိသော ယူရေနီယမ်(၂၃၅)ကို အသုံးပြုမည် ဖြစ်သည်။ ထိုပမာဏသည် လက်နက်များ ထုတ်လုပ်နိုင်မည့် ယူရေနီယမ် သန့်စင်မှု၏ (၂၀)ရာခိုင်နှုန်းမျှသာ ရှိသည်ဟု သိရသည်။

ထို့ကြောင့် ထိုဓာတ်ပေါင်းဖိုသည် မြန်မာအစိုးရ၏ နျူကလီးယား လက်နက်ဆန်းများ ပြုလုပ်သွားနိုင်ရေး ရည်ရွယ်ချက်အပေါ် တိုက်ရိုက် အကျိုးပြုမည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း နျူကလီးယား စွမ်းအင်အား ရင်းရင်းနှီးနှီး အသုံးပြုခွင့် ရလာမှုသည် မြန်မာစစ်အစိုးရ လက်အောက်ခံ နျူကလီးယား ပညာရှင်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်လာစေမည့် လက်တွေ့နယ်ပယ် တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

တိုင်းပြည်ဝင်ငွေ အများစုကို လက်နက်များ ၀ယ်ယူ တပ်ဆင်ရေးအတွက် အစဉ်တစိုက် အသုံးချခဲ့သည့် မြန်မာ စစ်အစိုးရ အနေနှင့် လက်နက်များထဲတွင် ဖျက်ဆီးအား အကြီးမားဆုံးဖြစ်သော နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေးအတွက် လွန်ခဲ့သော (၁၀)နှစ်ကျော်ကတည်းက စတင်လှုပ်ရှားလာခဲ့သည်။

(၁၉၉၇)တွင် DSA အပါတ်စဉ် (၄၂)ကျောင်းဆင်း အရာရှိများအား အိန္ဒိယသို့ စေလွှတ်ပြီး နျူကလီးယား ပညာရပ်များ သင်ယူနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ဆုံးတွင်မူ အိန္ဒိယနိုင်ငံ အနေနှင့်လည်း နည်းပညာ အားနည်းနေကြောင်း ရိပ်မိခဲ့သော စစ်အစိုးရက သဘောတူညီမှုအား ပြန်လည် ပယ်ဖျက်လိုက်သည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ သြဇာအာဏာ ဆက်လက် တည်တံ့ရေးအတွက် နျူကလီးယား ပိုင်ဆိုင်မှုသည်သာ အကောင်းဆုံး အဖြေဖြစ်သည်ဟု တရားသေ ယုံကြည်ထားသောကြောင့် နောက်ထပ် အစီအစဉ်တစ်ခုအား ဖန်တီးရန် ကြံစည်ကြပြန်သည်။ နောက်ဆုံးတွင်မူ လက်နက်အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သော ရုရှားနိုင်ငံနှင့် ဆက်သွယ်မိလေတော့သည်။

မြန်မာစစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် တရုတ်အစိုးရက ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်းသစ်၊ ပတ္တမြား စသည်တို့အပါအ၀င် မြန်မာ့သယံဇာတများအား မျက်စိကျနေသော ရုရှားအစိုးရက နည်းပညာပိုင်း အကူအညီပေးရန် သဘောတူလိုက်သည်။ ထိုအခါတွင် နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာများအား အာသာငမ်းငမ်း လိုချင်မက်မောနေသည့် မြန်မာစစ်အစိုးရအဖို့ ဖိုးကျိုင်းတုတ် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံမှ စစ်အရာရှိများအား နျူကလီးယား သင်တန်းများ ပို့ချသွားရန် ရုရှားအစိုးရက သဘောတူ လိုက်ပြီးနောက် မြန်မာအစိုးရတွင် ရုရှားသို့ ပညာတော်သင် စစ်သည်များ နှစ်စဉ် ပို့ဆောင်ပေးခဲ့သည်။ ပထမအသုတ်အဖြစ် (၂၀၀၁)တွင် အရာရှိ (၁၅၀)အား ရုရှားသို့ ပို့လွှတ်သည်။ မြန်မာအနေနှင့် နျူကလီးယား နည်းပညာများ ရရှိလာခြင်းကြောင့် စစ်အစိုးရ မျှော်မှန်းထားသည့် လက်နက် ထုတ်လုပ်ရေး အစီအစဉ်နှင့် ပိုမိုနီးစပ်လာသော်လည်း နျူကလီးယား လက်နက်များ ထုတ်လုပ်သွားရန် လိုအပ်နေသည့် စွမ်းအင်များ ရရှိနိုင်ရန်မူ များစွာခက်ခဲနေဆဲ ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် နျူကလီးယား ပိုင်ဆိုင်ပြီးသော နိုင်ငံများဖြစ်သော်လည်း အမေရိကန်နှင့် အနောက်အုပ်စု၏ အငြိုအငြင်ကို မခံလိုပေ။ ထို့အတူ ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အစိုးရ အဖွဲ့တစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များအနေနှင့် ယူရေနီယမ် အပါအ၀င် နျူကလီးယား လက်နက် ထုတ်လုပ်ရေး လိုအပ်သော ပစ္စည်းများ ထောက်ပံ့သွားရန် စဉ်းစားထားပုံ မရချေ။

ထိုအခြေအနေအပေါ် နားလည်ထားသည့် မြန်မာအစိုးရအနေနှင့် ၎င်း၏ မျှော်မှန်းချက်များ အောင်မြင်အောင် ဖြည့်ဆည်းပေးမည့် လက်တွဲဖော်သစ်အား ထပ်မံရှာဖွေရပြန်သည်။ ထိုအခါ မြောက်ကိုရီးယားသည် မြန်မာ စစ်အစိုးရ ရိုက်ကူးတင်ဆက်နေသည့် နျူကလီးယား ဇာတ်လမ်းတွဲကြီးတွင် အဓိက ဇာတ်ဆောင်ကြီး ဖြစ်လာလေတော့သည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့တွင် တူညီမှု များစွာရှိကြသည်။ နှစ်နိုင်ငံလုံးတွင် အပေါများဆုံး ပိုင်ဆိုင်သည့် အရာများမှာ စစ်လက်နက်များ ဖြစ်ကြသည်။ နှစ်နိုင်ငံလုံးမှ ပြည်သူများသည် လူ့အခွင့်အရေး ဆိုသည်ကို လုံးသလား၊ ပြားသလားဟု ကွဲပြားအောင် မသိကြချေ။ မြောက်ကိုးရီးယားမှာလည်း အမေရိကန်ကို အနျူမြူကိစ္စ အဆုံးသတ်ရေး (၆) နိုင်ငံ မဟာမိတ် တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်အရ ညှိနှိုင်းထားရာ ၄င်းတို့ ဖျက်ဆီးပစ်မည့် နျူကလီးယား ပစ္စည်းတချို့ ကို မြန်မာနိုင်ငံသို့ လျှို့ ဝှက်စွာ ရောင်းချခြင်းဖြင့် အမေရိကန် အကူအညီနှင့် မြန်မာနိုင်ငံမှ စားနပ်ရိက္ခာများ၊ သယံဇာတများ ရရှိမှု (နှစ်ကောင်စား) သွားနိုင်မည့် အစီအစဉ်ကို ကြံစည်ထားဟန် တူပါတယ်။

မြောက်ကိုရီးယား နိင်ငံခြားရေးဝန်ကြီး ပတ်ရီချန်း ( Pak Ui Chun ) နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံနေစဉ်

ထို့ပြင် နှစ်နိုင်ငံ အစိုးရများသည် ငတ်မွတ်ခေါင်းပါးနေသော ပြည်သူများအတွက် သနားဂရုဏာသက်စွာ သေနတ်နှင့်ချိန်ပြီး စောင့်ရှောက်နေသည့် အစိုးရများ ဖြစ်ကြသည်။ ယခုအခါတွင်တော့ ကမ္ဘာပေါ်တွင် နာမည်အပျက်ဆုံး အစိုးရအချင်းချင်း ပေါင်းဆုံမိကြသည်။ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများအား ခံနေရသည့် အထီးကျန်၊ အပယ်ခံနိုင်ငံ အချင်းချင်း လက်တွဲမိကြသည်။ ထိုအခါတွင်တော့ အရှေ့တောင်အာရှ လူသတ်အစိုးရသည် ၎င်း၏ နျူကလီးယား အိပ်မက်အား လက်တွေ့ဘ၀တွင် ပိုင်ဆိုင်နိုင်ရန် အလွန် နီးစပ်လာတော့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင်ထားသည့် ကွန်မြုနစ် နိုင်ငံတော်ဖြစ်သည်။ စစ်လက်နက် တောင့်တင်းသည်။ စစ်သည်အင်အား များပြားသည်။ စစ်နည်းပညာ မြင့်မားသည်။ ထိုသို့သော နိုင်ငံတစ်ခုသည် ၎င်း၏ ရန်ဘက် အမေရိကန်နှင့် အကြီးအကျယ် အတိုက်အခံ ဖြစ်နေသော မြန်မာ စစ်အစိုးရအား ကူညီသွားရန် ဆုံးဖြတ်လိုက်သည်။ (၂၀၀၃)မှစပြီး မြန်မာတပ်မတော် အရာရှိများ မြောက်ကိုရီးယားသို့ သွားရောက်ကာ နျူကလီးယား ပညာရပ်များ သင်ယူကြသည်။

(၂၀၀၆) ခုနှစ်တွင်မူ နျုကလီးယား ဓာတ်ခွဲခန်းများ တည်ထောင်နိုင်ရန် လိုအပ်သော ကိရိယာများကို မြောက်ကိုရီးယားထံမှ ၀ယ်ယူသည်။ ထိုအတောအတွင်း နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးကိုလည်း မြန်မာ စစ်အစိုးရက ပိုမိုအားထည့်လာခဲ့သည်။ မူလက ယခုထက် ပိုစောပြီး ဆောက်လုပ်လိုသော်လည်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း(၅၀၀)မျှရှိမည့် စီမံကိန်းအတွက် ရန်ပုံငွေ မလုံလောက်မှုကြောင့် ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် မြောက်ကိုရီးယား၏ အကူအညီကြောင့် ပိုမိုအဆင်ပြေသော နည်းလမ်းသစ်များကို သိရှိလာပြီဖြစ်ရာ ဓာတ်ပေါင်းဖို စီမံကိန်းကိုလည်း အသက်သွင်းရန် ကြံစည်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံထွက် သယံဇာတများကို ရုရှားနိုင်ငံသို့ ဈေးပေါပေါဖြင့် ထုတ်လုပ်ရောင်းချနေသလို ယခုထိ ပညာတော်သင် (၄၆၀၀)ကျော်ကို ရုရှားသို့ ပို့လွှတ်ပြီး ဖြစ်သည်။ ပြည်သူများ ရရှိခံစားသင့်သည့် နိုင်ငံပိုင် ငွေကြေးများအားလုံးကို နျူကလီးယား စမ်းသပ်မှုအတွက် ပုံအော အသုံးချခဲ့သည်။ အတိတ်က သမ္မတ ချန်ဒူးဝမ်ကိစ္စနှင့် ပတ်သတ်ပြီး သံတမန်ဆက်သွယ်မှုပင် ဖြတ်တောက်ထားခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး အရှိန်မြှင့် ဆောင်ရွက်သည်။

ထိုအခြေအနေများ အားလုံးတို့သည် မြန်မာစစ်အစိုးရ အနေနှင့် နျူကလီးယား လက်နက်များအား မည်မျှ တောင့်တနေကြောင်း ဆက်စပ် ခန့်မှန်းနိုင်ပေသည်။ မြန်မာအဖို့ ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားတို့အပေါ် အားကိုးအားထား ပြုပြီး လက်နက် ထုတ်လုပ်ရေး ကြံဆနေဆဲ ဖြစ်သည်။ နျူကလီးယားအတွက် အဓိက လိုအပ်သော ယူရေနီယမ် မိုင်းတွင်းများမှာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ရှိနိုင်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ ကျောက်ပြုန်း၊ ဖောင်းပြင်နှင့် ကျောက်ဆင် ဒေသများတွင် ယူရေနီယမ် ထွက်ရှိနိုင်သည်ဟု ပညာရှင်များက ပြောဆိုခဲ့ကြသည်။

ထိုဒေသများတွင် ထွက်ရှိသည့် ယူရေနီယမ် ဓာတ်သတ္တုများအား တူးဖော်ထုတ်လုပ်နိုင်ရန် မြန်မာ စစ်အာဏာရှင်များက စီစဉ်လျက် ရှိကြသည်။

(၂၀၀၂)အတွင်း MIG-29 ခေတ်မီ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုနှင့်အတူ ရုရှားနိုင်ငံသည် မြန်မာ စစ်အစိုးရအပေါ် လက်နက်အကူအညီများ ယခုထိ ပေးနေဆဲဖြစ်သည်။ နျူကလီးယားနှင့် ပတ်သတ်သမျှ တိုက်ရိုက် အကူအညီများ ပေးမည် မဟုတ်လျင်တောင် ထိရောက်သော အထောက်အကူများ ပေးနေဖွယ် ရှိနေသေးသည်။ မြောက်ကိုရီးယားကမူ မည်သည့်နိုင်ငံ၏ မျက်နှာကိုမှ ကြည့်ရန်မလိုပေ။

မြန်မာ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်အား ၎င်းတို့စိတ်ကြိုက် အလိုရှိသလို ပံ့ပိုးသွားဖွယ်ရှိသည်။ ကမ္ဘာ့ Major Power အသစ် ဖြစ်လာသည့် တရုတ်နိုင်ငံကလည်း အရှေ့တောင် အာရှဒေသအတွင်း ၎င်းတို့၏ သြဇာအာဏာကို အမေရိကန်နှင့်အပြိုင် တိုးချဲ့နိုင်ရန် မျှော်လင့်လျက်ရှိရာ မဟာမိတ်ဖြစ်သည့် မြန်မာအစိုးရအား ထောက်ခံသွားမည်မှာ မလွဲနိုင်ချေ။ အထူးသဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်လာမည့် မြန်မာနိုင်ငံအနေနှင့် အရှေ့တောင်အာရှတွင် အင်အားအကြီးမားဆုံး လက်နက်နိုင်ငံတော်အဖြစ် သြဇာကြီးမား လာမည်ဖြစ်ရာ တရုတ်အဖို့ အကောင်းဆုံး စစ်ရေး မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ရရှိသွားမည် ဖြစ်သည်။

တရုတ် အစိုးရမှ (၂၀၂၀)ခုနှစ် မတိုင်မီ မြန်မာ စစ်အစိုးရအနေနှင့် နျူကလီးယား ပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားကြောင်း သတင်းများပင် ထွက်ပေါ်လျက် ရှိသည်။

နျူကလီးယား လက်နက်ဟူသည် စွမ်းအား အလွန် ထက်မြက်ကြောင်း လူတိုင်း သဘောပေါက်ပြီး ဖြစ်သည်။ ဟီရိုရှီးမား ဖြစ်ရပ်ကြီးသည် နျူကလီးယား စွမ်းအင်၏ ကြောက်စရာ အကောင်းဆုံး ပြယုဂ်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများသည် နျူကလီးယား လက်နက်များ ပြန့်ပွားသွားမည်ကို အလွန်စိုးရိမ်ကြပြီး လိုက်လံ ကာကွယ် တားဆီးနေခြင်း ဖြစ်သည်။ စစ်ရေးမူဝါဒ ပြင်းထန်သော၊ ရက်စက်ကြမ်းကြုတ်သော အစိုးရအဖွဲ့ တစ်ဖွဲ့၏ လက်ထဲသို့သာ အဆိုပါ နျူကလီးယား လက်နက်များ ရောက်ရှိသွားမည်ဆိုပါက မည်မျှ အန္တရာယ် ကြီးလာနိုင်ကြောင်း လူတိုင်း နားလည်နိုင်ပါလိမ့်မည်။

မြန်မာ စစ်အစိုးရသည် မည်သို့သော အစိုးရ ဖြစ်သည်ကို အထူး ပြောစရာ မလိုတော့ပါ။ ထိုသို့သော အာဏာရူး၊ စစ်ဘီလူးများလက်သို့ နျူကလီးယား လက်နက်များ အမှန်တကယ် ရောက်ရှိသွားမည်ဆိုပါမူ ……… ဆက်မတွေး ရဲတော့သလို၊ ဆက်မရေးရဲတော့သောကြောင့် ယခုဆောင်းပါးအား ဤနေရာတွင် အဆုံးသတ်လိုက်ပါသည်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မြင်သမျှတွေ.သမျှ] 1 New Entry: သို. ........၂၀၀၉

သို. ........၂၀၀၉

မိုးလင်းတိုင်း ရှင်သန်ခြင်းကိုထမ်းပိုး
ခပ်တည်တည်နဲ. ကဲ.ရဲ.ခြင်းတသီကြီးပြော
အပေါစား စကားတွေနဲ. မိုးမွန်အောင် ချီးမွန်းရင်း
လုံးခြာလိုက်နေတဲ. ဒီလောကကြီး ..... တညသစ်ပြန်ပြီ ...
အာရုံဦးမှာ အလင်းတွေလာလာတွန်နေတယ် ။
ညက အအေးဒဏ် ဆောင်းတွင်းခံပေါ. ။
မြောက်လေ ၂ခြမ်းကွဲတာ ငါနဲ.မဆိုင်ပါဘူး
မသိခြင်း ၊ ဒေါသတွေ ၊ အမှန်တရားဆိုတာ မင်းလိုပဲ
စောင်ခြုံထားလို.ရလဲမဆိုးပါဘူး ....
အော် သက်ပြင်း သက်ပြင်း မင်းလဲ
ငါမခေါ်ပဲ ရောက်ရောက်တတ်နေပြီကိုး .....
မနက်ဖြန်ဆိုတာ နေမ၀င်သေးသ၍ ...
ငါ...
ငါ ....

ငါ ....
အင်း ...
အားတင်းပြရတာ ကြာလာတော.လဲ
ကွယ်ရာမှာ ချောင်ထိုးအိပ်လိုက်ချင်တော.တယ် ..
ပုံစံခွက်ထဲက ရူန်းထွက် ... အနှစ်မရှိတဲ. ခံစားမူတွေ
တခုစွန်.လွတ်လိုက်တိုင်း ... ဆဲသံတွေမိုးမွန်လို.
လူဆိုတဲ.အသိုင်းအ၀ိုင်း ... မရိုင်းစိုင်းအောင်
နုံခြာခြာ ပြန်ရီပြရအုန်းမှာပေါ. ။။။

You received this email because you are subscribed to the real_time feed for http://poutkaya80.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 1 New Entry: ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ယခုလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ရှုတ်ချဖော်ပြလိုက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကို အမေရိကန်၊ အစ္စရေးတို့ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၈၀) ၊ ကန့်ကွက် (၂၅) နှင့် ကြားနေ (၄၅) မဲအသီးသီးဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အခွင့်အာဏာ ပိုရှိသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မဟုတ်သော်လည်း အထွေထွေညီလာခံဖြစ်သောကြောင့် ကုလအဖွဲ့ဝင် (၁၉၂) နိုင်ငံ၏ အမြင်များကို ကိုယ်စားပြုနိုင်သဖြင့် ခိုင်မာသည့် အင်အားတခုပင်ဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ အဆိုပါ ဆုံးဖြတ်ချက်သည် "မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၀င်ရောက် စွက်ဖက်ခြင်း" သာဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့၏ အစီအစဉ်များ ရပ်တန့်သွားမည်မဟုတ် ကြောင်း ပြောသည်။ ထို့အပြင် ကုလညီလာခံတက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်တဦးကလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အစီအစဉ်အပါအ၀င် ချမှတ်ထားသည့် နိုင်ငံရေး အစီစဉ် (၇) ဆင့်အရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချောမွေ့စွာပြောင်းလဲနေပြီဖြစ်သည်ဟု ညီလာခံသို့ ပြောသည်။

သို့သော် ကုလဆုံးဖြတ်ချက်အတွင်း၌မှု မြန်မာဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်သည် ရှုပ်ထွေးနေပြီး အန်အယ်လ်ဒီပါတီဝင်များအပါအ၀င် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ စသည့် သက်ဆိုင်သူ များ အားလုံးပါဝင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအသစ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီမဟုတ်ဘဲ နာဂစ်ကာလအတွင်းက အလျင်အမြန် အတည်ပြုခဲ့သောကြောင့် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ယခင်နှစ် သြဂုတ်-စက်တင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားဦးရေသည် အရေအတွက် (၂) ဆခန့် တိုးလာကာ လက်ရှိတွင် (၂,၁၀၀) ဦးကျော်ရှိကြောင်း ကုလကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညိမ်းညို] 1 New Entry: အိုးခြမ်းပဲ့ မှတ်စု

အိုးခြမ်းပဲ့ မှတ်စု

အလှူတစ်ခုတွင် ဖြစ်သည်။ လူငယ်တစ်ဦးက နောက်ဖေးမီးဖိုချောင်တွင် စားသောက်ပြီးသော ပန်းကန်ခွက်ယောက်များကို သိမ်းကြုံးဆေးကြောနေသည်။ ထိုစဉ် အရပ်လူကြီးတစ်ဦး ရောက်လာကာ

"အေး..အေး..၊ ကောင်းတယ်ကွာ။ ဒီလို သူများမလုပ်ချင်တဲ့ အလုပ်ကိုလုပ်တော့ သူများတွေထက် ကုသိုလ်ပိုရတာပေါ့"

အရပ်လူကြီး စကားမဆုံးခင် လူငယ်က ပန်းကန်များဆေးကြောနေရာမှ ထထွက်သွားသည်။ လူငယ်လေး စိတ်ဝင်စားသည်မှာ ကုသိုလ်ပိုရတာ မရတာထက်၊ ဘယ်နေရာမှာ ၀ိုင်းကူဖို့လိုအပ်သလဲ ဆိုတာဖြစ်ကြောင်း အံ့သြစွာကျန်ရစ်ခဲ့သော အရပ်လူကြီး သိကောင်းမှသိပေလိမ့်မည်။

+++

အိမ်တစ်အိမ်တွင် သားဖြစ်သူ ဆယ်တန်းကျောင်းသားကို ဂစ်တာဝယ်ပေးသောကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက-

"မင်းကွာ..၊ ငါသေသေချာချာမှာထားရဲ့နဲ့။ သားကို ဆယ်တန်းအောင်ပီးမှ ဂစ်တာဝယ်ပေးပါလို့။ ချစ်တာလဲ ချစ်တာပေါ့ကွာ။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ ချစ်တတ်ရတယ်ကွ"

ထိုအခါ မိခင်ဖြစ်သူက ခပ်ပြုံးပြုံးပင် ပြောလေသည်။

"အမလေး၊ ကိုစည်းကမ်းကြီးရယ်..။ စည်းနဲ့ကမ်းနဲ့ချစ်တာလဲ ချစ်တာပေါ့ရှင်။ တစ်ခါတစ်ခါတော့ ကလေးကို နှလုံးသားနဲ့လဲ ချစ်တတ်ရသေးတယ်ရှင့်"

+++

မောင်ကကြီးစိတ်ထဲမှာ ကိုယ့်ကိုယ်ကို ဘ၀င်မကျသလိုဖြစ်နေတာ အတော်ကြာပြီ။ သူတို့သူငယ်ချင်းတွေ အရက်ပိုင်းဖွဲ့မိလို့ နဲနဲလေး အရှိန်ရလာပြီဆိုရင် ဦးတည်မိသည့်အရာ နှစ်ခုသာရှိနေတတ်သည်။ ထိုအရာနှစ်ခုကား ဘာသာရေးနှင့် နိုင်ငံရေး။ ဒါကို မောင်ကကြီး ဘ၀င်မကျဖြစ်နေခြင်းပင်။ သူတွေးကြည့်မိသည်။ သူတို့တတွေသည် ရဲဆေးမတင်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် မဆိုဝံ့ကြပြီလော။

+++

သွားရိုးသွားစဉ်အတိုင်း ဘယ်ဘက်ချိုးရမည်ကို မချိုးဘဲ၊ ညာဘက်သို့ ကွေ့ထွက်သွားသော လူငယ်လေးကိုကြည့်၍ လမ်းဆုံလမ်းခွမှ လူကြီးနှစ်ဦး စကားဆိုနေကြသည်။

"ဒီကောင်လေးတော့ လမ်းလွဲသွားပြီ၊ ဒုက္ခရောက်တော့မယ်ဗျို့"
"အမှန်ပဲဗျ၊ သူကွေ့ထွက်သွားတဲ့လမ်းက ဘယ်သူမှ သုံးကြတာမဟုတ်ဘူး"

ထိုစဉ် လူငယ်လေးရှေ့မှ ဆူးညှောင့်ခလုတ်များ ဘွားခနဲပေါ်ထွက်လာရာ လူကြီးနှစ်ဦးသည် စုပ်တသပ်သပ်နှင့် မျက်နှာလွှဲ ကျောခိုင်းသွားကြလေသည်။ ဆူးညှောင့်ခလုတ်များကို ကျော်လွှားပြီးသွားသော လူငယ်လေးရှေ့မှ ရောင်သွေးစုံလင် ရှုတိုင်းယဉ်လှသော ပန်းဥယျာဉ်ကြီး ပေါ်ထွက်လာသည်ကိုမူ ထိုလူကြီးနှစ်ဦး တွေ့မသွားရှာချေ။

+++

"ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။ ဟုတ်တယ်မို့လား "

လိုင်စင်ခပ်များများ ပိုင်ဆိုင်ထားသော သူဌေးကြီးက ကားသော့ကို လက်တွင်ဝှေ့ယမ်း၍ သူ့မိတ်ဆွေများကို စကားဆိုသည်။ သူတို့ ဘီယာဆိုင်သို့ သွားကြမည်ဖြစ်သည်။ ထမင်းမစားခဲ့ရသေးသော ထွန်တုံးပေါ်မှ လယ်သမားတစ်ဦးအဖို့မူ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု ထိုသူဌေးကြီးကဲ့သို့ လွယ်လွယ်နှင့် နှလုံးသွင်းနိုင်အံ့မထင်။

+++

"ခင်ဗျားတို့က အသက်မရှိတော့တဲ့ အလောင်းကိုတောင် ဘာဖြစ်လို့ ခဲရာခဲဆစ် တက်ဆွဲနေကြတာလဲဗျ။ ထားခဲ့လိုက်လို့ မရဘူးလား"

လူတစ်ယောက်က စစ်သားတစ်ယောက်ကို မေးနေခြင်းဖြစ်သည်။ စစ်သားက ဖြေးဖြေးဆေးဆေး ပြန်ပြောသည်။

"အသက်ပဲ မရှိတော့တာပါဗျာ။ သူလုပ်ခဲ့တဲ့ အရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့လေ လူကောင်းသူကောင်းတွေကိုတော့ အလွယ်တကူ စွန့်မပစ်ထိုက်ပါဘူးဗျာ"

+++

"ခင်ဗျားတို့ ကဗျာအသစ်အဆန်းတွေကို ကျနော်နားမလည်ဘူးဗျ။ စကားလုံးတွေကလဲ ရှုပ်ရှက်ခတ်နေတာပဲ။ အယုံအကြည်လဲ မရှိဘူး"

ရူပဗေဒပညာရှင်တစ်ဦးက ပြောသည်။ ထိုအခါ ကဗျာဆရာကလည်း-

"အက္ခရာတွေ၊ သင်္ကေတတွေ၊ ကိန်းဂဏန်းတွေနဲ့ ပြွတ်သိပ်နေတဲ့ ရူပဗေဒ အီကွေးရှင်းတွေကို ကျနော်လဲ နားမလည်ပါဘူး။ ဒါပေမဲ့ ဆရာရဲ့ပညာရပ်အပေါ် ကျနော် ယုံကြည်ပါတယ်။ ကျနော်က မယုံကြည်ဘူးဆိုရုံနဲ့လည်း ရူပဗေဒ အမှန်တရားဟာ ပျောက်ပျက်သွားမယ် မထင်ပါဘူး" ဟု ဆိုလေသည်။

+++

မေး။ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ။
ဖြေ။ ဘာဖြစ်လို့မှ မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးနေတာပါ။

မေး။ ကဗျာတွေကို ဘာအတွက်ရည်ရွယ်ပြီး ရေးပါသလဲ။
ဖြေ။ ဘာအတွက်တွေ၊ ညာအတွက်တွေက ကိုယ်ပြောရမဲ့အလုပ်မဟုတ်ဘူး၊ ကိုယ်ရေးလိုက်တဲ့ကဗျာတွေက သူ့အလိုလို ပြောသွားမဲ့အလုပ်လို့ ထင်ပါတယ်။

+++

မေး ။ အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။

(၁) …………….
(၂) …………….
(၃) …………….
(၄) …………….

စာဖြေကျောင်းသားတို့ကား ၁ မှ ၄ အထိသာ ဘောင်ခတ်၍ စဉ်းစားကြကုန်၏။ အကယ်၍ ဆရာသည် မည်သည့်နံပါတ်ကိုမျှ အဖြေမှန် ထည့်မထားခဲ့သည်ရှိသော်….။

ညိမ်းညို

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မာ့ခ်၏ ကိုယ်ပိုင် အတ္တများ] 1 New Entry: Javascript & Bookmarks

Javascript & Bookmarks

ဝက်ဘ်ပေ့ခ်ျ ထဲမှာ Javascript ကို ထည့်ဖို့အတွက် Firefox Extensions တွေပါတွေသုံးကြရတယ်။

တကယ်တော့ Javascript ကို Inject လုပ်လို့ရတဲ့ နည်းမျိုးစုံးရှိတယ်။

တရားဝင်နည်းထဲမှာတော့ Bookmarks ကနေ Inject လုပ်လို့ရတယ်။

ဟော့ဒီ Script Inject from Bookmark ကို right click လုပ်ပြီး Bookmark လုပ်ကြည့်။
ပြီးရင် တခြားပေ့ခ်ျ ကြည့်နေရင်းနဲ့ ပြန်ခေါ်လိုက်ရင် javascript ကို အဲဒီပေ့ခ်ျထဲမှာ inject လုပ်ပေးတယ်။

ကောင်းတဲ့ နေရာတွေမှာ သုံးလို့ရတယ်။
- ဥပမာ ဇော်ဂျီဖွန့်ကနေ ပရပိုက်ဖွန့်ကို ပြောင်းရင် ရလိမ့်မယ်။
- ဝင်းမြန်မာဖွန့်ကနေ ဇော်ဂျီကို ပြောင်းရင်လဲ ရလိမ့်မယ်။
- Zawgyi စာရိုက်စနစ်ကို ပေ့ခ်ျထဲကို ထည့်ပေးနိုင်လိမ့်မယ်။
- Burglish Input Systems ကိုလည်း ထည့်ပေးနိုင်လိမ့်မယ်။

ps# It does not mean I am doing these, Its just My Idea.

You received this email because you are subscribed to the real_time feed for http://soemin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: Tree - Welcome New Year

Tree - Welcome New Year

ဘော်ဒါကြီး ဦးကမ္ဘာမကြေ က ပိုက်ပိုက် သစ်ပင်ပေးလို့ ကျေးဇူးပုံလှသည်။ ထို့ကြောင့် အားလုံးအတွက် သစ်ပင် လက်ဆောင်ပေးမည်။

ခြောက်သွေ့နေတဲ့ သစ်ပင်တွေကို အနုပညာ နဲ့ လှအောင် ပြောင်းလဲ ထားတဲ့ သစ်ပင်များ နဲ့အတူ နစ်သစ်မှာ မင်္ဂလာအပေါင်းခညောင်းတဲ့ ငွေပေါ မေချော မောင်ချော များဖြစ်စေသတည်း။

(အသေးစိတ်ကို ဖတ်လိုသူများ အတွက် သတင်းကို ကူးထဲ့ပေးထားပါသည်)

စာမှီး ဒေးလီးမေးလ်













Weaving into the scenery these amazing sculptures look like a mythical setting from a fairy tale.

Sculptor Patrick Dougherty combines his carpentry skills with his love for nature to weave tree saplings into massive installations.

Taking anywhere from a few weeks to a month to complete in the last two decades he has built over 150 works throughout the United States, Europe and Asia.

Patrick's work begins after identifying a provocative site where his work can be seen a large pool of potential viewers.

Willow saplings and creosote at the Desert Botanic Gardens in Phoenix Arizona

Just Around the Corner is made from mixed hardwood. New Harmony Gallery, New Harmony, Indiana

'The site visit is the key to a successful sculpture,' explains the 63-year-old from Chapel Hill in North Carolina.

'I make word associations with the chosen location, then make small thumbnail sketches and I also try to remember how I feel when I first approach a space.

'One of the advantages of working on site, line by line and stick by stick, is the ability to adjust the scale of the work to fit the site.

'Ultimately I develop a plan of attack and lay out a footprint for the sculpture.

'As the work proceeds, I navigate by my impromptu reactions. As a working method, I start with a structural layer of sticks and then use that as a canvas on which to build a drawn surface.

Toad Hall is made of willow saplings. Santa Barbara Botanic Garden, Santa Barbara, California

Willow and maple saplings as part of Copenhagen European Cultural Capital 1996, Tickon Sculpture Park

'I imagine sticks as not only a familiar backyard material, but piles of lines with which to draw.

'I use full body motion as others use a pencil and employ all the drawing conventions which one learns in school such as X-ing, hatch marks, provocative diagonal lines, the whole works.'

Patrick's primary medium is willow, but he likes to work with a variety of materials.

'The choice is often dictated by the location and what is available,' he explains.

'The main requirement is that the saplings must be supple and have good colour.

'I have used maple, dogwood, elm, and gum to name a few. I have also used a few exotic things like strawberry guava while working on a sculpture at The Contemporary Art Museum in Honolulu, Hawaii.'

Just for Looks. Willow saplings Max Azria Melrose Avenue Boutique, Los Angeles

Close Ties. Willow saplings at the Scottish Basketmakers Circle, Dingwall, Scotland

Patrick will dedicate three weeks to each installation, producing one a month on average.

He intertwines the saplings until they hold themselves in place without using glue or wire or connectors.

'Each project has its unique challenges,' he says.

'Sometimes it is finding the right material, which can be particularly challenging in tropical settings.

'Sometimes, it is weather, though we have not often been stopped, even by snow. 'Sometimes, it is the site and problems with city zoning and other requirements that enmesh us in paperwork before the real work can begin.

'However, despite these and sometimes sticks that refuse to bend, an occasional lack of assistants, I have always finished the work on time.

Sortie de Cave. Free At Last at the Jardin des Arts, Chateaubourg, France

Na Hale Eo Waiawi strawberry guava and rose apple saplings. The Contemporary Art Museum, Honolulu, Hawaii

'I imagine myself to be a problem solver and face all kinds of snags everyday with that mindset.

'It is fun to work with gardens and arboretums because their staffs are specialists in solving the kind of problems which sculptors often have; that is, how to harvest materials, haul something, or correctly set up the scaffolding for work.'

After an initial career in hospital administration, Patrick decided the pull of making was too strong and found myself at the University of North Carolina Art Department in the early 1980's, enrolling in sculpture courses and art history.

The day I walked through that door had to be the best day of my life,' he says.

'After all the experimentation with clay, metal and wood that is characteristic of student work, I began seriously exploring saplings and sticks as a way of making sculpture.

Just Around the Corner is in mixed hardwood. New Harmony Gallery, New Harmony

Dougherty uses tree saplings as his construction material. He began with small pieces on pedestals and his work eventually grew massive installations

'After working with this material for a while I begin to see I had a deeper resonance with it. I begin to see it as mankind's first building material and explore that deep association.'

In February, Patrick will construct a piece in a row of sycamore trees which line the plaza directly across from San Francisco City Hall.

However the sculptor one day hopes to take his work to the Guggenheim Museum.

'That would be a real challenge,' he says.

'Seriously though, the life of an itinerant sculptor is one of growth and change.

'Every month brings another unfamiliar bed to sleep in. It brings a new work site and a provocative challenge. I enjoy the surge of people and new places.

'There is always a fresh drama, a struggle that makes for a very interesting story line. 'I feel that I live and work within the world of ideas, and I thoroughly enjoy it.'

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: စေရာ...

စေရာ...

လလေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက်ပြေးဆော့လို့... ဒီညကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေတာ သေချာ ရည်ကြည့်မယ်ဆိုရင် အားလုံးကိုးလုံးတိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ်တုတ်တုတ်... ဆောင်းရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်းခနဲ... စိတ်တွေက လေးလံလွန်းနေဆဲ...။

တစ်စုံတစ်ရာပေါ်မှာ စီးမျောနေတဲ့ တစ်စုံတစ်ရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်းဟာ ဘာအရောင်ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည်တတ်ရလောက်အောင်အထိ ကျွန်မဟာ စိတ်ရှည်သူမဟုတ်...။ လနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ်တစ်ပွင့်ကို ငေးမောဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်းဖြစ်လိမ့်မယ်...။

ကျွန်မဘေးမှာ သီချင်းတစ်ပိုဒ်ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာနှစ်ကြောင်းလောက်လဲ ရှိနေနိုင်တယ်.... ဒါမှမဟုတ်.... ရနံ့လေးတစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာသေချာတယ်... ခါးသက်သက် အနံ့ဟုတ်မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မအတွေးတွေ ခါးနေတာတော့ အမှန်ဘဲ...။ အာခေါင်တွေက ခြောက်ကပ်လို့.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်... လေနဲ့အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးနေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်းက စူးစူးလို့လာနေပေါ့...။

စိတ်တွေကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ်ရနေဖို့ လုံလောက်တဲ့ ဦးနှောက်တွေနဲ့ အမှတ်တရ ရှိနေပြန်ရော... တမ်းတလွမ်းဆွတ်ခြင်းကို ခူးဆွတ်ဖို့ ရူးနေတဲ့အရာဟာ အထစ်ထစ်အငေါ့ငေါ့ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ်တဲ့ ညနဲ့ လကွေးကွေးဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ်ကိုတလို့ ရသတစ်ပိုဒ် ဖြစ်နိုင်ချေမရှိတာလည်း အမှန်တရား..။ ဒါဟာ... အသက်မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ အဓိပ္ပါယ်ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ...။

အဲ့ဒီကြယ်ပေါ့.... ကျွန်မကိုငေးစေခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ခုတော့ စူးရှရှ အလင်းတွေနဲ့ ရသတစ်မျိုးဖြစ်အောင် သိမ်းသွင်းနေပြန်ပြီ...။ ဘယ်လိုဘဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေမိဆဲ... တွေးနေမိဆဲ... မျောလွင့်နေမြဲ...။ အမုန်းတရားတွေနဲ့ နာကြည်းပိုင်နိုင်စွာ မျက်လုံးတွေပိတ်ပြစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! သွေးတောင့်လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!

ကောင်းကင်ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း "ဝုန်း"ကနဲ ကြယ်ကကြွေကျ... မိန်းမတစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်းခါတဲ့ခေါင်းနဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်းတစ်ခုက ပါးပြင်ပေါ်မှာနွေးခနဲ...!! လက်သွားတဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။


(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.