Monday, November 17, 2008

[NYI LYNN SECK 18+ DEN] 2 New Entries: High Resolution Maps of Myanmar (7 States)

High Resolution Maps of Myanmar (7 States)

High Resolution Maps of Myanmar (7 States)

Kachin High Resolution Map

Kayah High Resolution Map

Karen High Resolution Map

Chin High Resolution Map

Mon High Resolution Map

Rakhine High Resolution Map

Shan High Resolution Map

Maps Dimension: 2048 x 2896
Size around (300K)

Creative Commons License

This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 3.0 Unported License.

ပထမ တင်ပေးလိုက်တဲ့ မြေပုံတွေမှာ လိုအပ်ချက်တွေ ရှိနေတာမို့ ပြန်ပြင်ထားပါတယ်။ အရင်ပုံတွေမှာ နာမည် ထင်ရှားတဲ့ မြို့တွေလောက်သာ ထည့်ထားခဲ့တော့ မပြည့်စုံပါဘူး။ ဒီတစ်ခေါက် ပုံတွေမှာတော့ တော်တော်လေး ပြည့်ပြည့်စုံစုံဖြစ်အောင် ဖြည့်ထားပါတယ်။ ပြည်ထဲရေးက ၂၀၀၈ ဖေဖော်ဝါရီ ရက်စွဲနဲ့ အတည်ပြုထားတဲ့ မြို့ရွာ စာရင်းထဲမှာ ပါတဲ့ မြို့နယ်၊ မြို့နယ်ခွဲတွေအထိ ထည့်ထားလိုက်တယ်။

ဒီမြေပုံတွေကို ကျွန်တော် အပင်ပန်းခံ ဆွဲထားတာ အကြောင်းရှိပါတယ်။ အရင် အင်တာနက်ပေါ်မှာ ရှိတဲ့ မြေပုံတွေက ရှုပ်ယှက်ခတ်နေတယ်။ ပြီးတော့ ဆိုဒ်သေးတယ်။ အခမဲ့ မဟုတ်ဘူး။ ဒီတော့ Research လုပ်သူတွေ၊ အကယ်ဒမစ်တွေ၊ ဝန်ထမ်းတွေအတွက် Plain Maps လေးတွေ ဆွဲမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီ Plain Map အပေါ်မှာ ကိုယ့်ပညာရပ်အလိုက် လိုအပ်တဲ့ ဒေတာတွေ အလွယ်တကူ ထည့်လို့ ရပါတယ်။ ဥပမာ သစ်တောကဆိုရင် မြန်မာပြည်မှာ ရှိတဲ့ သစ်တောတွေ တည်နေရာပေါ့၊ တကယ်လို့ လူဦးရေ ဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်တွေအလိုက် ကိန်းဂဏန်းလေးတွေ လိုက်ထည့်ရုံပေါ့။

ဒါပေမယ့် ဒီနေရာမှာ ချွင်းချက် တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဒီမြေပုံတွေဟာ အခမဲ့ ပေးထားတယ် ဆိုပေမယ့် Creative Common Lincese အရ စီးပွားရေးနဲ့ မပတ်သတ်တဲ့ နေရာတွေမှာသာ အသုံးပြုခွင့် ရှိပါတယ်။ ပြင်ခွင့် ရှိပါတယ်။ ဖြည့်စွက်ခွင့် ရှိပါတယ်။ ဖြန့်ဝေခွင့် ရှိပါတယ်။ စီးပွားရေးနဲ့ မပတ်သတ်တဲ့ ဘယ်နေရာမှာမဆို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ သူများ အပင်ပန်းခံ လုပ်ထားပြီး အခမဲ့ ပေးထားတာကိုတော့ လုပ်မစားပါနဲ့ အလွန်မုန်းပါတယ်။ ဒီပုံတွေကို ပြင်ဆင် မွမ်းမံပြီးရင်လည်း အခမဲ့ သုံးစွဲခွင့်၊ ဝေမျှခွင့်ပဲ ရှိပါတယ်။

မြေပုံမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဟိုဟာဒီဟာတွေ ထည့်မထားပါဘူး။ နယ်နိမိတ်၊ မြစ်ကြောင်းနဲ့၊ မြို့ တည်နေရာတွေပဲ ပါပါတယ်။ အထင်ကရ နေရာဆိုရင်တော့ သက်ဆိုင်ရာ အမှတ်အသား တစ်ခုခု ပြထားပါတယ်။ ဒီမြေပုံတွေထဲမှာ မှားနေတာ၊ လိုအပ်နေတာ ရှိခဲ့ရင် ထောက်ပြ အကြံပေးစေ လိုပါတယ်။ အခုကတော့ ပြည်နယ် ခုနစ်ခု ပုံပဲ တင်နိုင်ပါသေးတယ်။ တိုင်းတွေက ဆွဲနေဆဲပါ။ Mouse နဲ့ ဆွဲရတာက သိပ်အဆင်မပြေတာမို့ Wacom Tablet ဝယ်မလားလို့တော့ စဉ်းစားနေတယ်။ ပြောရရင်တော့ ဝယ်မယ် စဉ်းစားနေတာ ၃နှစ်လောက် ရှိပြီလေ။ :) ပျော်ရွှင်ပါစေ။

PS: အဆင်ပြေရင် တစ်ယောက်ယောက်က ဒီပုံလေးတွေကို .rar ဖိုင်တစ်ခု အနေနဲ့ စုပြီး တစ်နေရာရာမှာ တင်ထားပေးပါလားဗျာ။ တစ်စုတစ်ဝေးထဲ ယူလို့ရတာပေါ့။

ကဝါဘာတ

ကဝါဘာတ (Yasunari Kawabata) ကို ဂျွန်လ ၁၄ရက်၊ ၁၈၉၉ မှာ မွေးဖွားခဲ့တယ်။ ၁၉၆၈မှာ စာပေနိုဗယ်(လ်)ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံသား နာမည်ကျော် စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်စသိတာက ၂၀၀၄ ခုနှစ်ကျမှ ဖြစ်ပါတယ်။ မှတ်မှတ်ယယ ပုဂံဖိုရမ်မှာ သူရေးတဲ့ လက်တစ်ဖက် (One Arm) ဆိုတဲ့ ဝတ္ထုလေးကို အကိုကြီး ကိုရက်ကွန်ဒိုက်က တဝက်တပျက် မိတ်ဆက်ပေးခဲ့ရာက စပါတယ်။ သူတင်ပေးတဲ့ ဝတ္ထုဟာ အစလည်းမရှိ အဆုံးလည်း မရှိဘူးဆိုတာ မှတ်မိနေတယ်။ ဒါပေမယ့် ကျွန်တော် သိပ်စိတ်ဝင်စားခဲ့တယ်။ အဲဒီ ဝတ္ထုလေး ဖတ်မိတဲ့အချိန်မှာ ကျွန်တော်ဟာ ကြက်သီးတောင် ထမိတယ်။ အဲဒီကာလက ကျွန်တော်ဟာ စင်္ကာပူမှာ Art နဲ့ ပတ်သတ်ပြီး စာပေသီအိုရီတွေ၊ ပန်းချီသဘောတရားတွေကို သေအောင်လေ့လာနေရတဲ့ အချိန်လည်း ဖြစ်တော့ သူရေးထားတာကို ဖတ်လိုက်တာနဲ့ သူ့စာကို အတော်အတန် အကဲခတ်နိုင်ခဲ့တယ်။ 

ဒီဝတ္ထုကို ရေးသားတဲ့အချိန် ကြည့်လိုက်ပြန်တော့ ကျွန်တော်တို့ အာရှမှာ Surrealism သိပ်ခေတ်မစားသေးတဲ့အချိန် ဖြစ်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ဆရာကြီး ဦးခင်မောင်ရင်ရဲ့ နှမလက်လျော့ နေလေတော့ ဆိုတဲ့ ရုပ်ရှင်ကား ထွက်နေပြီနဲ့ တူပါတယ်။ ကံဆိုးချင်တော့ ဆရာကြီးရဲ့ ဂန္ထဝင်မြောက် ရုပ်ရှင်ကားဟာ အောင်မြင်မှု မရခဲ့ဘူး။ သူ့တန်ဖိုးကို သိတဲ့သူ သိပ်နည်းခဲ့ပြီး ဘာတွေရိုက်ပြမှန်း မသိဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ အဆုံးသတ်သွားခဲ့ရတယ်။ (စကားမစပ် အဲဒီ ဇာတ်ကား ဖလင်ထုပ် ရှိသေးလားလို့ ဆရာကြီးကို မေးခဲ့ဖူးတုန်းက လူတစ်ယောက်ဆီမှာ ရှိသေးတယ်လို့ သိရတယ်။ သိန်းသုံးဆယ်နဲ့ ဝယ်ထားတာဆိုလားပဲလို့ ဆရာကြီး ပြောတယ်။ ပိုက်ဆံတတ်နိုင်ခဲ့ရင် ဒီဇာတ်ကားကို ပြန်ဆေးကြောပြီး မြန်မာ့အနုပညာ သမိုင်းရဲ့ အထင်ကရ ဇာတ်ကား တစ်ခုအနေနဲ့ သိမ်းထားသင့်ပါတယ်) 

ကျွန်တော်ဟာ ဒီဝတ္ထုလေးကို စိတ်ဝင်စားတာနဲ့အမျှ စာရေးသူကိုပါ စိတ်ဝင်စားခဲ့တယ်။ သူ့အကြောင်းကို အင်တာနက်မှာ လိုက်လံ ရှာဖွေခဲ့တယ်။ ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်လောက်တုန်းက အခု ဒီနေ့လို Social Networking က အရမ်း ခေတ်စားသေးတာ မဟုတ်ပါဘူး။ က၀ါဘာတ အကြောင်းကို ဝီကီပိဒိယားမှာတောင် မတွေ့ခဲ့ဘူးထင်တယ်။ သတိရမိတာက သူနဲ့ ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ အချက်အလက် နည်းပါးနေသေးတယ် ဆိုတာပါပဲ။ သူရေးတဲ့ စာတွေ ဖတ်ချင်လို့ လိုက်ရှာလိုက်တာ ဂျပန် ဖိုရမ်တွေထဲလည်း ရောက်သွားခဲ့သေးတယ်။ ဂျပန်လို ရေးထားတာတွေ မဖတ်တတ်လို့ Babelfish နဲ့ ပြောင်းပြီး ဖတ်ကြည့်ရတယ်။ အင်္ဂလိပ် ဘာသာပြန် အီးဘွခ်တွေ လိုက်ရှာတယ်၊ မတွေ့ဘူး။ စင်္ကာပူ ကင်နိုကုနိယမှာ မွှေတယ်။ မတွေ့ဘူး။ ဒါနဲ့ အဲဒါလေးက ခိုးလိုးခုလု ရပ်တန့်နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ပေါ်လာတိုင်း သူနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို လိုက်ရှာကြည့်တယ်။ စာအုပ်ဟောင်း သမားတွေဆီမှာ လိုက်မေးတယ်။ 

ဒီလိုနဲ့ ပထမဆုံး ကျွန်တော် လက်ဝယ်ဖတ်ရတဲ့ စာအုပ်လေးက Snow Country လို့ခေါ်တဲ့ စာအုပ်လေး။ ဒီစာအုပ်ဟာ သူနိုဗယ်(လ်)ဆု ရစေခဲ့တဲ့ စာအုပ်သုံးအုပ်ထဲက တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ကျွန်တော့် ညီမလေးရဲ့ သူငယ်ချင်း ဂျပန်နိုင်ငံမှာ စာသင်နေတဲ့ မိုမိုက လက်ဆောင်ပေးတယ်။ ပြောရရင်တော့ ဒီစာအုပ်ဟာ ဝတ္ထုလတ် အမျိုးအစားလို့ ပြောလို့ရပါတယ်။ သိပ်အရှည်ကြီးလည်း မဟုတ်ဘူး။ ဘာသာပြန်သူကလည်း ကောင်းတာမို့ ကျွန်တော် တစ်ရက်ထဲနဲ့ အပြတ် ဖတ်ပစ်လိုက်တယ်။ နားမလည်တာတွေ ကျော်သွားတယ်။ ကျွန်တော်ဟာ သူ့ Art Sense ကို ရနေတာမို့ တချို့ဟာတွေမှာ ဘာသာစကား နားမလည်တာတောင် သူဆိုလိုချင်တာကို ကျွန်တော် ရနေခဲ့တယ်။ မရှေးမနှောင်းမှာပဲ ကျွန်တော် ကဝါဘာတ လိုက်ရှာနေတာသိတဲ့ စာအုပ်အဟောင်းသမား တစ်ဦးက အဲဒီ Snow Country ကို မြန်မာပြန်ထားတဲ့ ဆရာ နန္ဒသူရဲ့ နှင်းပွင့်တိုင်းပြည် ဆိုတဲ့ စာအုပ်လေး လာပေးတယ်။ ကျွန်တော့်မှာ ဝမ်းသာလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်အထိ "လက်တစ်ဖက်" ကို ကျွန်တော် မဖတ်ရသေးတာမို့ ဘဝင်က မကျနိုင်သေးဘူး။ ဟိုလူနဲ့ ရှာခိုင်းလိုက် ဒီလူနဲ့ ရှာခိုင်းလိုက်နဲ့ လည်နေခဲ့တယ်။ ဒီလိုနဲ့ ဒီနေ့တော့ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝလာခဲ့တယ်။ 

ဒီနေ့မနက် အဲဒီစာအုပ်လေး ရလာတော့ ပျော်လိုက်တာဆိုတာ။ ပါဆယ်ထုတ်လေးကို ဖောက်လိုက်တာနဲ့ ကျွန်တော် အနှစ်သက်ဆုံး ပန်းချီဆရာ Gustav Klimt ရဲ့ Wasserschlange ဆိုတဲ့ ပုံလေးကို မြင်လိုက်ရရင်ပဲ စာအုပ်ဒီဇိုင်းဆရာဟာ တော်လိုက်တာလို့ စိတ်ထဲက ချီးမွမ်းလိုက်မိတယ်။ ဟုတ်တယ်။ ကဝါဘာတရဲ့ စာတွေနဲ့ Klimt ပုံတွေနဲ့က သိပ်လိုက်ဖက်တယ်။ ဒီစာအုပ်ထဲမှာ ဝတ္ထု သုံးပုဒ်ပါတယ်။ 

  • House of the Sleeping Beauties 
  • One Arm
  • Of Birds and Beasts

စာအုပ် အချီးရေးသူကတော့ House of the Sleeping Beauties ကိုအရမ်း အမွှန်းတင်ထားတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့် အချစ်ဦး One Arm ကို စဖတ်တယ်။ တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ ကျွန်တော့် မျက်လုံးထဲမှာ မြင်ယောင်လာတဲ့အထိ။ ဇာတ်လမ်းက ဆာရီရယ်လ်ပါ။ ကောင်မလေးတစ်ယောက် သူမရဲ့ ညာဘက်လက်ကို လက်မောင်းရင်းကနေ ဖြုတ်ပြီး အိမ်ကို လက်ဆောင်ပေးလိုက်တဲ့ အကြောင်းလေးပါပဲ။ ဒါကို အစအဆုံး သေသေချာချာ ဖတ်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော့် မသိစိတ်မှာ ဒီဝတ္ထု အပိုင်းအစလေး ဘယ်လောက်တောင် စူးနစ်ဝင်နေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် အိုင်ဒီယာ မဂ္ဂဇင်းမှာ ရေးခဲ့ဖူးတဲ့ (အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်) ဆိုတဲ့ ဝတ္ထုလေးဟာ တကယ်တော့ ဒီစွဲလမ်းမှုရဲ့ အကျိုးဆက်ပဲဆိုတာ ကိုယ့်ကိုကိုယ် သိလိုက်ပါတော့တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် အရမ်းပဲ စိတ်ကျေနပ် သွားခဲ့ရတယ်။ နောင်တချိန် ကျွန်တော် အတ္ထုပ္ပတ္တိ ရေးတဲ့အခါ ဒီဝတ္ထုလေးကို ကဝါဘာတရဲ့ လက်တစ်ဖက် လွှမ်းမိုးမှုနဲ့ ရေးခဲ့တာလို့ ရေးဖို့ အချက်တစ်ချက် ခိုင်ခိုင်မာမာ ရသွားခဲ့ပြီ။ ကျွန်တော် နောက်နှစ်ပုဒ်ကို ဆက်မဖတ်သေးပါဘူး။ ဒီဖီလင်လေးကို အမှတ်တရ ထိန်းထားလိုက်ဦးမယ်။ လောလောဆယ် ကျွန်တော် ဝတ္ထုတစ်ပုဒ်လောက် သိပ်ရေးချင်နေမိတယ်။ ခေါင်းထဲမှာ စကားလုံးတွေ ခုန်ပေါက်နေတယ်။ ဒါပေမယ့် ကျွန်တော် မရေးနိုင်သေးပါဘူး။ အလုပ်တွေ လုပ်ရဦးမယ်လေ။ 

ဒီစာအုပ်လေး တကူးတကရှာပြီး လက်ဆောင်ပေးခဲ့တဲ့ အမ မဖြူအိသိမ်းကို အရမ်းအရမ်းပဲ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ကဝါဘာတကို စပြီး မိတ်ဆက်ပေးခဲ့တဲ့ ကိုဒိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ (ကိုဒိုက်ကို အွန်လိုင်းမှာ မတွေ့ရတာ အတော်ကြာခဲ့ပြီ)။ ကဝါဘာတရဲ့ စာအုပ်တွေကို Amazon[Link]မှာ ကြည့်လို့ရပါတယ်။  နောက်ပိုင်း အချိန်ရရင်လည်း ဒီဝတ္ထုလေးတွေ အကြောင်းကို ကျွန်တော် ခံစားမိသမျှ ရေးသားပါဦးမယ်။ လောလောဆယ်တော့ ညာလက်မောင်းလေး တစ်ဖက်နဲ့ ကျွန်တော် အိပ်စက်တော့မယ်။ 

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 2 New Entries: မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

ငါ့နှလုံးသားက
ခွဲထုတ်လင်းလတ်ချင်တာ
တိမ်မျှင်ပါးပါးလေးတစ်စ...
မြို့ရိုးတွေ ကျိုးပျက်
နန်းတော်ကြီး ပြိုလဲသွားတော့
ငါ့သွေးတွေလည်ပတ်ဖို့
ငါ့ရင်ထဲက
ဓါးတစ်စင်းက
တလတ်လတ် ၀င်းပရတော့မှာ...
ဒီတစ်ခါရှုံးပေမဲ့
ငါ့နှုတ်ခမ်းမှာ
ဓါးကွေးတစ်စင်းကို
ထက်ရှရှလေး တင်ထားလိုက်တယ်...

စူးရှတဲ့ မျက်ဝန်း အစုံမှာ
ယုံကြည်ချက်မြှားတစ်စင်းက
မီးတောက်တွေ တ၀င်းဝင်းနှင့်...
ဓါးဆိုတာ
ဓါးအိမ်ထဲ ထားရုံနှင့်
တုံးသွားရိုး ထုံးစံမရှိဘူး...

ငါ့စိတ်ဓါတ်တွေ မသုန်းသမျှ
ငါ့ မြို့ရိုး မကျဆုံးဘူး...
ငါလွတ်ကျခဲ့တဲ့
အဲဒီ မြို့တော်ထဲမှာပဲ
အမှန်တရားကို
ပြန်ကောက်ပစ်မယ်...
ငါ့နှလုံးသွေးတွေနှင့်
ငါ့မြို့ရိုး အသစ်ကို
ကြံခိုင်စေမယ်...
ငါ မျှော်လင့်တဲ့
သစ္စာတွေလင်းတဲ့ မြို့တော်ကို
ငါ့ကိုယ်အနှံ့ကသွေးတွေနှင့်
အသက်သွင်းမယ်...
တိမ်ညိုတွေ ပြိုကျပြီး
ကောင်းကင်တစ်ခုလုံး
အလင်းဖြာမဲ့နေ့...
လင်း...ဖြာ...မှိုင်း...ရီ...နေ....မဲ့....
ငါ့ အာရုံအတက်မနက်ခင်းမှာ
ရွှင်းပ ၀င်းမြနေမဲ့...
မင်းတို့ရဲ့မျက်နှာ တွေနှင့်အတူ...
ဆူးမငြိမဲ့ မင်းတို့ရဲ့
ခြေဖ၀ါးတွေ
နင်းချစေဖို့....
ငါ့ နှလုံးသားတစ်စုံကို..
မြို့အ၀င်တံခါးဝမှာ...
ခင်း...ချ...လို့...ထား...လိုက်...မယ်...။

လေးစားစွာ ခံစားရေးဖွဲ့ပါသည်
(ဖိုးမောင် HappyCloud)

လေးစားစွာခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ဒီမှာ လာတင်ထားခွင့်ပြုလို့ ကျေးဇူးပါ ဖိုးမောင် ရေ..

အီလက်ထရွန်းနစ်ဥပဒေဆိုတာ..

electronic ပုဒ်မဆိုတာ...0 နဲ့ 1 ပဲပါတယ်
0 လဲ on တယ်
1 လဲ on တယ်

တဲ့ အဲလိုတစ်ယောက်ကကွန့်မန့်မှာပြောတယ်

ဒါဆို ဒီလိုလား
01100110A
10011001R
00110011N
11001100A
01100110R
10011001Y
00110011U
11001100U

ဟားဟားဟား မိုက်တယ်

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် - Myanmar Astrology] 1 New Entry: မိတ်ဓာတ် နဲ့ ဘရိတ်ဒန့် စ် ဆွဲကြစို့ 

မိတ်ဓာတ် နဲ့ ဘရိတ်ဒန့် စ် ဆွဲကြစို့ 

no jargon

အိမ်ထောင်ရေး အဆင်ပြေစေရန် အကြံ့ပု အစီအရင်..

ငါ့ယောက်ျား မိတ်ဓာတ်က ကြာသပတေး + ရာဟု ....
ငါ့ မိတ်ဓာတ် က သောကြာ + စနေ ဆိုတော့

မိတ်ဓာတ် ဆိုတာ တစ်ဆက်တည်း မဟုတ်ပါ... မိတ် နဲ့ ဓာတ် ကို ပေါင်းစည်းထားတယ်လို့  မှတ်ယူပါ။ အောင်ပ ကုလား ဆွေသား တော်ရင်း ဆိုတဲ့ အိမ်တွင်းရေး မိတ် လင်္ကာနဲ့ အန္တော ၊ ဂဗ္ဘေ ၊ စရေ ၊ ၀ံသေ ဆို တဲ့ ဓာတ်ဖက် လင်္ကာ တွေကို ပေါင်းစည်းပြီ့း  ပညာရှင်တွေ ဖော်ထုတ်ထားတဲ့ ပညာခန်းပါ။

အိမ်ထောင်ရေးဗေဒင်ဆိုပြီး ဦးသာ-စိန်ပန်း-ဒန်းလှ-ကိုရှာ နဲ့ ဓမ္မာ-သောက-အင်းဝ-ရာဇာ ဆိုတဲ့ လင်္ကာတွေကို ကြားဖူးနားဝ ချရေးပြယုံနဲ့ ဗေဒင်လေ့လာဖူးတယ် လို့  အသံကောင်းဟစ်နေသူများ မမြင်ဖူး ၊ မကြားဖူး ၊ မသိဖူးရင် သေချာမှတ်ထားပါ..

မိတ်ဓာတ်ကို အိမ်တွင်းရေး ကိစ္စတွေမှာ ဘယ်လို သုံးမလဲ ။

လင်မယား ၂ ယောက် ရှိသတဲ့၊ ကိုစော်လမွှန် နဲ့ မအီစီကလီ .. အင်တာနက်ကနေ ချစ်ကြိုက်သွားလို့ ယူလိုက်တာ .. နေထိုင်ပေါင်းသင်းပြီး တစ်နှစ်လောက်လည်း ကြာရော ကိုစော်လမွှန် ခမျာ ဒုံရင်းက ဒုံရင်းဖြစ်တဲ့ အင်တာနက် ဆိုတဲ့ Virtual life ထဲကို ပြန်ဝင်သွားတော့ မအီစီကလီ တစ်ယောက် မခံချိမခံသာ ဖြစ်တာပေါ့ .. သူ့ အပေါ်မှာ ကိုယ်က ကောင်းခဲ့တာတွေ သူက အရေးတောင်မစိုက်ဘဲ မကျေနပ်ရင် အိမ်ပေါ်က ဆင်းမယ်.. နင်မဆင်းရင် ငါဆင်းမယ် လို့ ပြောပါများလာတော့ .. မိန်းမသားဖြစ်တဲ့ မအီစီကလီ တစ်ယောက် ကြံရာမရ ဖြစ်နေတဲ့ အချိန်မှာ မမျှော်လင့်ဘဲ အင်တာနက်မှာ မြန်မာ့ရိုးရာ ဗေဒင် ဆိုတဲ့ ဘလော့ကို သွားတွေ့ ပါလေရော..

အိမ်ထောင်ရေး အဆင်ပြေချင်သူများ ဆောင်းပါးအပြီးမှာ မိတ်ဓာတ်အစီအရင် ဆောင်းပါးကို သွားတွေ့ တော့ ဖတ်ရင်းဖတ်ရင်း နဲ့ သူ့ ကိုယ်သူ စဉ်းစားမိလိုက်တယ်။

ယောက်ျားက စော်လမွှန် ဆိုတော့ - အင်္ဂါအမည်
အင်္ဂါ ရဲ့ မိတ် ဖက် က စိန်ပန်း .. အင်္ဂါအမည်ပေါက်သူတွေအတွက် မိတ် က ကြာသပတေး
အင်္ဂါရဲ့  ဓာတ်ဖက် က စရေ .. အင်္ဂါအမည်ပေါက်သူတွေ အတွက် ဓာတ် က ရာဟု

ငါက အီစီကလီ ဆိုတော့ - တနင်္ဂနွေ အမည်
တနင်္ဂနွေ မိတ်ဖက် (ဦးသာ) - တနင်္ဂနွေ အမည်ပေါက်သူတွေ အတွက် မိတ်က သောကြာ
တနင်္ဂနွေ ဓာတ်ဖက် (အန္တော) - တနင်္ဂနွေအမည် ပေါက်သူတွေအတွက် ဓာတ်က စနေ

ဟုတ်တော့ဟုတ်နေပြီ.. အဟွင်း အဟွင်း..

လုပ်ရမဲ့ အစီအရင် ကလည်း မဆိုးဘူး ..
ဖန်ခွက်တစ်ခုထဲ ရေ မပြည့်ယုံ ထည့်ပြီး ဖန်ခွက် နှုတ်ခမ်းပေါ်ကို ယောက်ျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့  ရဲ့ မိတ်ဓာတ် အတွဲကျတဲ့ သစ်သား လက်တစ်ဝါး သာသာ အပြားလေး ကို မိန်းမ အပြားကို အောက်မှာထား .. အဲဒီအပေါ်ကမှ ယောကျာ်းဟာကို အဲလေ ယောက်ျားအပြားကို တင်ထားပါတဲ့..

အင်း ငါ့ယောက်ျား မိတ်ဓာတ်က ကြာသပတေး + ရာဟု ဆိုတော့ = ပရုပ် အသား
ငါ့ အတွက် မိတ်ဓာတ်က သောကြာ + စနေ ဆိုတော့ = သစ်ကနက် အသား ..

ပြီးတော့  သစ် အသားတွေကလည်း ပညတ်သဘောအရ ၀ပ်နေတဲ့ ပညတ်မျိုး မဖြစ်စေရဘူး ဆိုပါလား.. အဲဒါဆိုရင် ပရုပ် အသားဆိုရင်တော့ လုံးပါး ပါးမယ့်သဘောဖြစ်နေပြီ.. ဘာအသား ဆိုရင် ကောင်းမလဲ ???

အမယ်.. ဘုရားစင်မှာ အဲဒီအစီအရင်ကို ပြုလုပ်ခြင်ရင် ပြုလုပ်နိုင်သလို ဘုရားစင်နဲ့  ကင်းလွတ်တဲ့ တစ်နေရာရာမှာ ခုံအမြင့်လေး တစ်လုံးပေါ်မှာ လုပ်ရင်လည်း ဖြစ်တယ်ဆိုပါလား.. အဟင်း... ဘုရားစင်ပေါ်မှာ လုပ်ရင်လည်း ကိုယ့်ဘုရားစင်ကို ဘယ်သူတွေ ရှိခိုးဦးချနေသလဲ ကြည့်တဲ့ .. ကိုယ့်ထက် အသက်အရွယ်ကြီး ၊ ၀ါကြီးတဲ့ သူတွေ ၀တ်ပြုနေရင် သူတို့ ဝတ်ပြုတာနဲ့ လွတ်ကင်းတဲ့ ဘေးတစ်ဘက်တစ်ချက်မှာ ထားပါတဲ့.. အင်း.. ဟုတ်တာပေါ့.. ကိုယ့် မိတ်ဓာတ်တွေကို ရှိခိုးသလိုဖြစ်နေရင် ကိုယ်ပဲ ပြန်ထိမှာပေါ့ ..ဟုတ်သားပဲ ဆရာတေးရေ..

နောက်ပြီးတော့ ဘာရှိသေးလဲ.. အဲ.. အစီအရင်ကို လုပ်ရင် ဘုရားမှာ ဆီမီမထွန်းရဘူး တဲ့.. ဆီမီးမထွန်းရဘူးဆိုတာက အပူတွေ မတိုးစေခြင်တဲ့အတွက် ငြိမ်းအေးအောင် ဖန်ခွက်ထဲ ရေထည့်ပြီး လုပ်ရတာတဲ့.. အစီအရင် လုပ်နေတဲ့အချိန်မှာ မထွန်းခိုင်းတာသာ ဖြစ်ပြီး ကြည်ညိုခြင်သူများ အစီအရင်မလုပ်တဲ့ အချိန်မှာ မူလပြုလုပ်နေကျ ဘုရားရှင်ကို ဆီမီးပူဇော်တာမျိုး ပြုလုပ်နိုင်တယ်တဲ့ .. အင်း..အပြစ်လွတ်အောင် ပြောရတာလည်း ရင်မောတယ်..

ပြည်ပမှာ နေတဲ့ သူတွေ အတွက်ကျတော့ ဘယ်လိုလုပ်မလဲ ..အဲသလိုမျိုး အသားတွေက ရှာရတာမလွယ်ဘူး .. အဲ..အောက်မှာရေးထားသေးတယ်..သစ်အသား ရှာမရသူများ၊ ခက်ခဲသူများ မိတ်ဓာတ်မတွဲ တဲ့ အသားမျိုး ရှာပါတဲ့.. သောကြာ+ စနေ ဆိုရင် သောကြာ အသား နဲ့ စနေ အသားကို ရှာပါတဲ့။

နောက်ပြီးတော့ သတိပေးထားသေးတယ်.. ဘာလဲမသိဘူး.. မိတ်ဓာတ် ကို ဓာတ်မိတ်အဖြစ်မယူမိပါစေနဲ့ တဲ့..

အင်း.. အဲဒါတော့ နားမလည်ဘူး.. လောလောဆယ် သစ် အသား က ရှားတယ်.. ရှာလို့  မလွယ်ဘူး.. မေတ္တာပဲ နာနာပို့ တော့မယ်. အေးရော..

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 2 New Entries: မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

ငါ့နှလုံးသားက
ခွဲထုတ်လင်းလတ်ချင်တာ
တိမ်မျှင်ပါးပါးလေးတစ်စ...
မြို့ရိုးတွေ ကျိုးပျက်
နန်းတော်ကြီး ပြိုလဲသွားတော့
ငါ့သွေးတွေလည်ပတ်ဖို့
ငါ့ရင်ထဲက
ဓါးတစ်စင်းက
တလတ်လတ် ၀င်းပရတော့မှာ...
ဒီတစ်ခါရှုံးပေမဲ့
ငါ့နှုတ်ခမ်းမှာ
ဓါးကွေးတစ်စင်းကို
ထက်ရှရှလေး တင်ထားလိုက်တယ်...

စူးရှတဲ့ မျက်ဝန်း အစုံမှာ
ယုံကြည်ချက်မြှားတစ်စင်းက
မီးတောက်တွေ တ၀င်းဝင်းနှင့်...
ဓါးဆိုတာ
ဓါးအိမ်ထဲ ထားရုံနှင့်
တုံးသွားရိုး ထုံးစံမရှိဘူး...

ငါ့စိတ်ဓါတ်တွေ မသုန်းသမျှ
ငါ့ မြို့ရိုး မကျဆုံးဘူး...
ငါလွတ်ကျခဲ့တဲ့
အဲဒီ မြို့တော်ထဲမှာပဲ
အမှန်တရားကို
ပြန်ကောက်ပစ်မယ်...
ငါ့နှလုံးသွေးတွေနှင့်
ငါ့မြို့ရိုး အသစ်ကို
ကြံခိုင်စေမယ်...
ငါ မျှော်လင့်တဲ့
သစ္စာတွေလင်းတဲ့ မြို့တော်ကို
ငါ့ကိုယ်အနှံ့ကသွေးတွေနှင့်
အသက်သွင်းမယ်...
တိမ်ညိုတွေ ပြိုကျပြီး
ကောင်းကင်တစ်ခုလုံး
အလင်းဖြာမဲ့နေ့...
လင်း...ဖြာ...မှိုင်း...ရီ...နေ....မဲ့....
ငါ့ အာရုံအတက်မနက်ခင်းမှာ
ရွှင်းပ ၀င်းမြနေမဲ့...
မင်းတို့ရဲ့မျက်နှာ တွေနှင့်အတူ...
ဆူးမငြိမဲ့ မင်းတို့ရဲ့
ခြေဖ၀ါးတွေ
နင်းချစေဖို့....
ငါ့ နှလုံးသားတစ်စုံကို..
မြို့အ၀င်တံခါးဝမှာ...
ခင်း...ချ...လို့...ထား...လိုက်...မယ်...။

လေးစားစွာ ခံစားရေးဖွဲ့ပါသည်
(ဖိုးမောင် HappyCloud)

လေးစားစွာခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ဒီမှာ လာတင်ထားခွင့်ပြုလို့ ကျေးဇူးပါ ဖိုးမောင် ရေ..

အီလက်ထရွန်းနစ်ဥပဒေဆိုတာ..

electronic ပုဒ်မဆိုတာ...0 နဲ့ 1 ပဲပါတယ်
0 လဲ on တယ်
1 လဲ on တယ်

တဲ့ အဲလိုတစ်ယောက်ကကွန့်မန့်မှာပြောတယ်

ဒါဆို ဒီလိုလား
01100110A
10011001R
00110011N
11001100A
01100110R
10011001Y
00110011U
11001100U

ဟားဟားဟား မိုက်တယ်

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 7 New Entries: Did You Know

Did You Know

There are total of 14 really cool facts that you would love, Please click on Read More

၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (Japan)

ယုန်ထင်ကြောင်ထင်

သူတို့ပြန်လာကြမှာပါ

ရေးသူ- လူထုစိန်ဝင်း

'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီးဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။
ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်းလူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။
စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့ တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊ မြန်မာတွေပြန်လာကြပါ့မလားလို့လည်း သူကမေးပါတယ်။
ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့လည်းပြောပြီး အပြစ်တင်ပါတယ်။မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။
ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခုစတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာလူငယ်ပညာတတ်ကလေးတွေချည့်ပါ။
ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေက အများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။

ဟုမ်းဆွိဟုမ်း

အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။
ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်း ပတ်စပို့တို့ဗီဇာတို့ရဖို့မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့လေဆိပ်ကိုရောက်နေရတယ်။ အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။
ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ကဗျာလေးကို အမြဲသင်ပေးပြီးထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။
ဘရိန်းဒရိုင်းတောင်ဖြစ်နိုင် သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း လယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။
ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။ ပဋိရူပဒေသ ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။

နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြော တာဖြစ်တယ်။
ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။
မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။
ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်း မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာသူတို့အားလုံးသိနေကြလို့ပါဘဲ။ တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင် လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။
ငတ်လို့ထွက်တာမဟုတ်ဘူး နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။
တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ 'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း ပညာလောက်တော့တတ်ထားကြသူတွေဖြစ်တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။
ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီးအရှိဆုံးသူတစ်ယောက်အနေနဲ့ပြောရရင် အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာဖြစ်တယ်။
ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်းကျေးဇူးဆပ်ချင်လို့ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာဖြစ်တယ်။
ပညာသင်ချင်တာနဲ့မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။ မပူနဲ့စိတ်ချနေ ဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။

ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။

နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာပြန်လာကြမှာပါ။
မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။

'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။

တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။
 
ရည်ညွှန်း- Weekly Eleven News Journal No.4,Vol.3

====

ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …
လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊ ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ … လူတော်တွေဘယ်လောက်များလည်း မသိသေးလို့ပါ …။
တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ … ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှ မရှိသေးဘူး …။
အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။
ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။
ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။
ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။
အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ ..
India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..
ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ် … ၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် …
Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။ Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ … အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ …. ။
ကျွန်တော်တို့ ပြန်လာမှာပါ …..
သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။

( ဒေါင်းမန်ဟုန် မှ ကူးယူပါသည် )

အလုပ်များနေသူတစ်ဦး

Kaladan News

Army uses forced labor for trenches and bunkers
 
Maungdaw, Arakan State:  Battle preparations  by the Burmese Army has led to forced labor by villagers of Maungdaw Township in Arakan State, Burma since November first week, said a  local elder on condition of anonymity.  
 
Burma's border security forces (Nasaka) are summoning at least 20 villagers from every village from the northern side of Maungdaw Town daily. In every Nasaka camp, trench and bunkers are being dug by forced labor from villagers at the beginning of November.
 
Nasaka gives two kilograms  of rice to every villager who works at the site, but those who are unable to work in the Nasaka camp have to pay kyat 1,500 per day to laborers they send.
 
Burma continues with tits troop build up along the land border though tension has come down in the Bay of Bengal over its attempt to explore oil and gas in the disputed maritime zone.
 
Yesterday, many soldiers were brought to Maungdaw North, especially to Min Ga Hla Gyi (Pran Pru) village tract of Maungdaw Township by trucks, said a local trader from Maungdaw town.   
 
Burma has deployed forces in border areas by calling in troops from Kyak Taw Township in Arakan State and also called army battalions that were deployed in Karen State from Arakan State earlier to fight rebels.
 
The crisis in the Bay of Bengal ended following withdrawal of the rig by Korean company Daewoo on November 8.
 
Although Burma withdrew its warships and the rig from the spot in the Bay of Bengal, it continues amassing troops on the frontiers with Bangladesh.

Police beat a villager unconscious
 
Maungdaw, Burma:  A villager in Maungdaw Township was severely assaulted for cutting off branches of trees which have been growing near his paddy. He became unconscious and started vomiting blood on November 11, said a family member of the victim.   
 
The victim was identified as Maulvi Sayed Amin (28), son of Abdul Zabber, hailing from Kyat Chaung village under the Loung Don village tract of Maungdaw Township.
 
The victim is a farmer who grows paddy near a hill, which also has many kinds of trees in a garden maintained by villagers with the help of an NGO called CARE. The victim has been also growing paddy near the hill. Some of the branches of the trees were cut off by the victim to avoid shadow of the trees from falling on his paddy. Shadows, where sunlight is blocked, become an obstacle to the growth of paddy.
 
On November 11, one of the gardeners named Abdu Zabber of the same village went to the police out post of Loung Don village and told them about the cutting of branches of the trees by Sayed.
 
The, police went to the spot and arrested Moulvi Sayed Amin and tortured him severely and then brought him to their camp in an unconscious state. But, he was released after they took kyat 50,000 as bribe that night. The victim's elder brother accompanied by a village Peace and Development Council (VPDC) member went to the police camp to have the victim released.  Police told them that the victim would be beaten up until they got money, said a friend of the victim on condition of anonymity.   
 
At present, the victim is in a critical condition in Bawli Bazaar clinic, said a close relative from clinic.
--
KPN News Team
First News Agency dedicated for Rohingya Media
T: 8801714381110 / 880 181 990 7683 / 8801670311376

KNU အောင်ပွဲသတင်း ( victory news )

KNU အောင်ပွဲသတင်း

နိုဝင်ဘာ ၅ ရက်နေ့က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၁ (သထုံခရိုင်) က ဒီကေဘီအေ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၉ လက် သိမ်းပိုက်ရမိခဲ့ပြီးနောက် တဖက်ရန်သူတို့၏ ပြိုကွဲမှုသတင်းများကို အောက်ပါအတိုင်း နောက်ဆက်တွဲရရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒီကေဘီအေ နှုတ်ခမ်းမွှေးလက်အောက်ခံ ရင်း ၉၀၇ မှ စောဝင်းလှိုင်၊ ရောင်ပြာ၊ သာစိန်ထွန်းနှင့် ရန်ပိုင် တို့ (၄)ဦးသည် အေကေ (၃)လက် ၎င်းဘောက် ၄ ချပ် ၎င်းကျည် ၂၀၀၊ အမ်-၁၆ (၁)လက် ၎င်းဘောက် ၁ ချပ် ၎င်းကျည် ၅၀၊ အေကေစက်လတ် (၁)လက်၊ ၎င်းကျည်ခါးပတ် ၁ တွဲ၊ တလုံးထိုးပစ္စတို (၁)လက်၊ ဗွီအိတ်ခ်ျ-၁၅၀ လမ်းလျှောက်စကားပြောစက် (၁)လုံး၊ စုစုပေါင်းလက်နက်မျိုးစုံ (၆)လက်နှင့်အတူ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ ဌာနချုပ်စစ်ကြောင်းသို့ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် နအဖတပ် ခလရ ၂၀ မှ ဒုတပ်ကြပ်အောင်ကိုဦး၊ ဒုတပ်ကြပ်စိန်ကြာထွန်း၊ ဒုတပ်ကြပ်မောင်ဌေး တို့ (၃)ဦးသည် အမ်-၇၉ (၁)လက် ၎င်းကျည် ၉၊ အမ်အေ-၂ (၃)လက် ၎င်းဘောက် ၁၄ ချပ် ၎င်းကျည်   ၅၇၈၊ လက်ပစ်ဗုံး (၂)လုံး၊ ဒီ၆အမ် ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့်အတူ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၁၆ ထံ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ ရင်း ၈ နှင့် တပ်မဟာ ၂ ဌာနချုပ်စစ်ကြောင်း ပူးတွဲတပ်ဖွဲ့က နအဖ စကခ ၂၁ လက်အောက်ခံ စစ်ကြောင်းတကြောင်းကို ထန်းတပင်မြို့နယ် ဂမူလိုဂွင် ဘလောဒေးတွင် မိုင်းပဒေသာစစ်ဆင်တိုက်ခိုက်ရာ ရန်သူ (၁၂)ယောက်သေ၊ (၁၅)ယောက် ဒဏ်ရာရသွားသည်။

KNU victory news

After the Karen National Liberation Army (KNLA) Brigade 1 have raided and seized a base camp of DKBA in Thaton District on November 5 and captured 19 assorted arms, consequent news on disintegration of enemy forces are pouring in.

On November 11, Saw Win Hlaing, Yaung Pyur, Thur Sein Htun and Yan Paing from Battalion 907 under the command of Bo Hnut Khan Hmwe (Commander Mustachio) defected to KNLA Brigade 6 HQ column, bringing with them six assorted weapons and military equipment. These included 3 AK-47 automatic rifles with 4 magazines and 200 rounds, 1 M-16 automatic rifle with 1 magazine and 50 rounds, 1 AK Light Machine Gun with 1 chain, 1 sawed-off shotgun and 1 VH-150 Walkie-talkie.

Also on November 11, Lance Corporals Aung Ko Oo, Sein Kyar Htun and Maung Htay of SPDC Battalion 20 defected to KNLA Brigade 6 Battalion 16, bringing with them 1 M-79 grenade launcher with 9 rounds, 3 MA-3 automatic rifles with 14 magazines and 578 rounds, 2 hand grenades and 1 D6M Transceiver.

On November 8, a combined force of KNLA Brigade 3 Battalion 8 and Brigade 2 HQ column launched a multiple mine attack on SPDC troops under the command of MOC 21 in Toungoo District Htandabin Township Gamulo area Balorday, killing 12 enemies and wounding another 15.

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: အစိုးရရှေ နေ ရဲ ညွန့် ကိုယ်ကိုသတ်သေရန်ကြိုးစားခြင်း

အစိုးရရှေ နေ ရဲ ညွန့် ကိုယ်ကိုသတ်သေရန်ကြိုးစားခြင်း

မင်းကိုနိင် နှင့် ၈၈ မျိုးဆက်များ အား အမူ တင် စစ်ဆေးနေတဲ့  အစိုးရ ရှေ့ နေ ရဲညွန့် ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ က ကိုယ်ကိုကိုယ်သတ်သေရန် ကြိုးစားကြောင်းသတင်းရရှိပါတယ်။ ရဲ ညွန် ဟာ သူဗိုက်ကို ကပ်ကြေးနဲ့  ထိုးခွဲ ပြီး သတ်သေရန်ကြိုးစားတယ်။ မအောင်မြင်တဲ့အတွက် သူကို တံတာလေး စိတ်ရောဂါကုဆေးရုံးကို ပို့ လိုက်ကြောင်းသိရပါတယ်။ သူဟာ နေမအား ညမအား ၈၈ မျိုးဆက်များရဲ့ အမှု ကိုစစ်ဆေးရခြင်း၊ အမှုမှန်အတိုင်းမရပ်တည်ရပဲ အထက်မှ အမိန့် များ အတိုင်းဆောင်ရွက်ရခြင်းကြောင့် ကိုယ်ကိုကိုယ်သတ်သေရန်ကြိုးစားတဲ့အထိ စိတ်ကစဥ့်ကလဲ ဖြစ်သွားရခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက ပြောပါတယ်။
Rest of your post

၈လေး လုံးမျိုးဆက် သူရဲကောင်းများ ကြားဖြတ် သတင်း

၈ လေးလုံးမျိုးဆက်အဖွဲ့ မှာ ခေါင်းဆောင်တဦးဖြစ်သည့်  ကိုမင်းကိုနိင် နှင့်ကိုကိုကြီး တို့ အား ထောင်ဒဏ် ၆၅ နစ်အပြစ်ပေးလိုက်ကြောင်းသိရပါတယ်။ မင်းကိုနိင်နှင့် အခြားခေါင်းဆောင်များကို မအူပင်ထောင်မှာ အင်စိန် ထောင်သို့ ပြန်လည် ခေါ်ယူလာကြောင်းသိရပါတယ်။
Summary

Rest of your post

New approach in US Burma policy?

Dr. Sein Myint
Mizzima News
Saturday, 15 November 2008 17:44

The nomination by outgoing U.S. President George Bush of Michael Green as Special Envoy and Policy Chief for Burma will likely be swiftly confirmed without hindrance by Congress. The appointment is a long overdue action that should have taken place years ago after the bloody Depayin incident, not to mention following last year's 2007 Saffron Revolution.

However, instead of focusing attention on the need for the U.S. to appoint a Special Envoy to Burma, many Burma campaigners and lobbyists based in Washington, and supported by the NCGUB, lobbied and pushed the US State Department to include Burma on this year's UN Security Council agenda. But, as predicted by many UN experts, this strategy failed.

So, what could Dr. Green achieve regarding Burma before his current boss leaves office on January 20, 2009, and what will happen to his role and position after this deadline?

President elect Obama is likely to maintain a similar stance on Burma to that of his predecessor, taking advice from his senior foreign policy adviser and former Secretary of State, Madeline Albright, who happens to be a strong supporter of democracy in Burma and admirer of Aung San Suu Kyi.

In order, though, to map alternative policies and strategies on Burma , it may be prudent for Dr. Green to seek a wide range of opinions and views, from various leaders, individuals and representatives of the exile Burmese communities residing in the US and other countries, and not just from those lobbyists who are waiting at his doorsteps.

And it would also be prudent for him to directly meet with Burma's military leaders, Aung San Suu Kyi and ethnic leaders, taking the opportunity to make a personal assessment of the situation inside the country, and making recommendations to the new US President and Congress concerning any alternative policies that could bring positive change to Burma.

Of course, it would be scurrilous for him to advocate the normalization of relations between the US and Burma, especially after the recent spate of harsh prison terms handed down to democracy and human rights activists inside the country.

One of the key roles of the US Special Envoy for Burma will be to find out the reasons why pressure and selective economic sanctions currently imposed on the Burmese junta have so far failed to produce any positive results, including failing to persuade the recalcitrant SPDC leaders to enter into a dialogue with the democratic opposition.

His role could be similar to that of the Special Envoy for North Korea, Assistant Secretary of State Christopher Hill, the US's chief negotiator at the 'six party' talks on North Korea. However, in the case of Burma, it is uncertain what kind of format for talks could be achieved, considering the varied group of countries and organizations that would likely need to be included. Certainly, any proposed 'multi-party' effort should include the UN, US, EU, China, India, ASEAN, Japan, Australia and, of course, Burma's military government.

But, most importantly in this scenario, would be the acceptance by Burma's military leaders for the holding of talks on moving the country toward democracy, talks inclusive of all domestic stakeholders.

Therefore, it is vital for the US Special Envoy to find out what pressure buttons would either shock the junta to jump overboard, or to coax the junta to come on-board with the international community, in order for the new US administration to take serious initiatives toward resolving Burma's decades old problems, rather than the current course of political rhetoric and time wasting diplomatic charades.

Dr. Sein Myint serves as the director of Policy Development of Justice for Human Rights in Burma, located in Maryland, USA. He is an Honorary Member of Amnesty International Chapter 22 in Washington D.C.

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Mogok Media] 1 New Entry: တတိယအကြိမ်မြောက် သဟာယ စာပေဆု

တတိယအကြိမ်မြောက် သဟာယ စာပေဆု

မိုးကုတ်မြို့ ကျပ်ပြင်မြို့မရပ်ကွက်တွင် တည်ရှိသော သဟာယစာကြည့်တိုက် သဟာယစာပေဆု ကို ၂၀၀၇-ခုနှစ်တွင် စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၀၉-ခုနှစ်တွင် တတိယအကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ၂၀၀၇-ခု ပထမအကြိမ် သဟာယစာပေဆုကို စာရေးဆရာ ညီပုလေး၏ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်အားလည်းကောင်း၊ ၂၀၀၈-ခု ဒုတိယအကြိမ် သဟာယစာပေဆုကို The Waves မဂ္ဂဇင်းအား လည်းကောင်း ဆုရွေးချယ်ရေးကော်မတီအဖွဲ့က ရွေးချယ်ပြီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ လာမည့် ၂၀၀၉-ခုနှစ် တတိယအကြိမ်မြောက် သဟာယစာပေဆု ကိုတော့ အတွေးအမြင်စာစောင်၏ အယ်ဒီတာအဖွဲ့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ သဟာယစာပေဆုကို နှစ်စဉ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်န၀ါရီလ (၄)ရက်နေ့တွင် အစဉ်အလာအတိုင်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

အတွေးအမြင်စာစောင်၏ သမိုင်းကြောင်း
အတွေးအမြင် စာစဉ်များသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လစဉ်ထုတ် အတွေးအခေါ်စာစောင် ဖြစ်သည်။ အတွေးအမြင်စာစောင် အမှတ်(၁)ကို ၁၉၈၄-ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပါသည်။ အတွေးအမြင်ကို စတင် မွေးဖွားသန့်စင်ခဲ့ကြသူများမှာ မောင်ဝံသ နှင့် မောင်ကောင်းမြင့် တို့ ဖြစ်ကြသည်။ ထို့နောက် အယ်ဒီတာအဖွဲ့တွင် ကြည်သာဦး (မောင်မြင့်ဦး-ညောင်လေးပင်) ပါဝင်လာကာ အတွေးအမြင်ကို ဆက်လက်ထိန်းကျောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် သီရိဝံသ၊ ကျော်ကြီး၊ ရဲမြင့်၊ ဇော်ဝင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ပဲ့ကိုင်လာခဲ့ကြရာ ယခုလက်ရှိ အတွေးအမြင် အုပ်နှစ်ရာမြောက်တွင် အယ်ဒီတာအဖွဲ့ဝင်များမှာ ဦးသိန်းဝင်း၊ သီရိဝံသ၊ လွတ်လပ်စိုး၊ ဦးရဲမြင့်၊ နောင်နောင်စိုး ဟူ၍ စည်စည်ကားကား ပါရှိသည်။
အတွေးအမြင်စာအုပ် စတင် ထုတ်ဝေစဉ်ကတည်းက စီစဉ်သူများ၏ ဦးတည်ချက်တွင် မိမိဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက် ဟူ၍ ပါရှိခဲ့ပါသည်။ အတွေးအမြင်စာစောင်ကို ကနဦးကတည်းကပင် အရုပ်မပါ၊ ပန်းချီ ဓာတ်ပုံတွေမပါ၊ ၀တ္ထုမပါ၊ ကဗျာမပါပဲ အခြားသော ရုပ်စုံမဂ္ဂဇင်းများ စာစောင်များကြား ၀ယ် နှစ်ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့ပြီး သီးသန့်စာဖတ်ပရိသတ်များအတွက် သီးသန့်စာစောင်အဖြစ် ရှင်သန်ခဲ့ပါသည်။

အတွေးအမြင်သည် တာထွက်ကောင်းခဲ့ပါသည်။ သီးသန့်စာဖတ်ပရိသတ်ကြီး၏ တစိုက်မတ်မတ် အားပေးမှုကြောင့် အရှိန်ကောင်းလာခဲ့သည်။ အတွေးအမြင် အမှတ်(၂)ကို ပုံနှိပ်နေချိန်တွင် အမှတ်(၁)မှာ လက်ကျန်မရှိအောင် ကုန်သွားခဲ့ရသည်။ နယ်များမှ အမှာစာများ ထပ်မံရောက်ရှိလာ၍ အမှတ်(၁၃) ပုံနှိပ်ပြီးသည့်နောက် အမှတ်(၁)နှင့်(၂)ကို ဒုတိယအကြိမ် ထပ်မံ၍ပုံနှိပ်ခဲ့ရပါသည်။ လုံးချင်းစာအုပ်မဟုတ်သော စာစောင်တစ်ခုကို ဒုတိယအကြိမ်ပုံနှိပ်ရခြင်းမှာ ထိုခေတ် စာနယ်ဇင်းလောက၀ယ် မရှိသလောက်ရှားသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်။ အတွေးအမြင်စာစောင် အမှတ်(၁) ထွက်ရှိပြီးနောက် တုံ့ပြန်ရိုက်ခတ်လာသော ဂယက်များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

ထိပ်တန်းစာရေးဆရာကြီးများနှင့် ပညာရှင်ကြီးများ၏ ဆောင်းပါးများချည်းသာ သီးသီးသန့်သန့် ဖော်ပြထားခြင်း၊ ဆောင်းပါးများမှာလည်း ပညာတတ်အ၀န်းအ၀ိုင်းကသာ စိတ်ဝင်စားမည့် လေးလေးပင်ပင် အရေးအသားများက အများစုဖြစ်နေခြင်း၊ အရောင်အသွေး အဆင်တန်ဆာ လုံးဝမပါပဲ ဆောင်းပါးခေါင်းစီးများကိုပင် ခဲစာလုံးပွိုင့်များ ကစား၍ ဖော်ပြထားခြင်း၊ စာအုပ်အရွယ်မှာ ပုံမှန်မဂ္ဂဇင်းအရွယ်မဟုတ်ပဲ ၁၀ချိုးဆိုဒ်ဖြစ်ပြီး Reader's Digest ပုံစံအတိုင်း မျက်နှာဖုံးတွင် မာတိကာတင်ထားခြင်း၊ ပန်းချီဆရာကြီး ဦးဘရင်ကလေး ၏ နွဲ့ပျောင်းသော အတွေးအမြင် စာလုံးဒီဇိုင်းကအစ ဆန်းသစ်နေခြင်း စသည့် ထူးခြားချက်များကြောင့် အတွေးအမြင်ဟူသော စာစောင်သစ်ကလေးကို ဆရာမောင်စွမ်းရည် စသည့် စာပေဝေဖန်ရေးဆရာများကပင် ချီးကျူးကြိုဆိုကာ ရေးသားကြလေသည်။

ဆရာကြီးတက်တိုး ကလည်း ယခုလို အတွေးအမြင်စာစောင်မျိုး စောင်ရေ ငါးထောင်ကျော် ထုတ်ဝေဖြန့်ချီနိုင်ပြီဆိုလျှင် မြန်မာနိုင်ငံတွင် ခေတ်ကြီး ပြောင်းလဲတော့မည်ဟု ပြောဝံ့သည် ဟူ၍ စာအုပ်ထွက်ရှိပြီး ငါးအုပ်မြောက်အချိန်က မှတ်ချက်ပြုခဲ့သည်။
အတွေးအမြင်တွင် ဆောင်းပါးချည်းသက်သက်သာ ဖော်ပြခဲ့ရာ စာဖတ်ပရိသတ်အတွက် တခုပ်တရ သိမ်းဆည်းထားရမည့် အဖိုးတန်ဆောင်းပါးများ မြောက်မြားစွာ ပါရှိခဲ့သည်။ အတွေးအမြင်၏ ရှေ့ပိုင်း စာစောင်များတွင် တစ်လလျှင် ဆောင်းပါးပုဒ်ရေ (၃၀)ခန့် ပါရှိသည်။ နောက်ပိုင်းတွင် လစဉ်ဆောင်းပါးပုဒ်ရေ (၄၀)ခန့် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ယခုအုပ်ရေ (၂၀၀)မြောက်ပြည့်သည်အထိ ၂၄-နှစ်တာကာလအတောအတွင်း အတွေးအမြင်ဆောင်းပါးပေါင်း ၆၀၀၀မှ ၈၀၀၀ကြား ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အတွေးအမြင်စာစောင်သည် မူလက ခဲစာလုံး မှုံတိမှုံဝါး၊ စာရွက်စာသား ခပ်ညံ့ညံ့သာ ရှိခဲ့ရာမှ ၁၉၉၃-ခုနှစ် မေလထုတ် (စာစဉ်-၉၀)မှ စတင်၍ ကွန်ပျူတာစာလုံး၊ အော့ဖ်ဆက်ဖြင့် ပြောင်းလဲပုံနှိပ်ခဲ့ပါသည်။ စာရွက်စာသားမှာလည်း ယခင်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အနည်းငယ် ဖြူဖွေးလာခဲ့သည်။

အတွေးအမြင်၏ မူဝါဒ
ရှုထောင့်အသီးသီးမှ အတွေးအမြင်အသီးသီးကို ဖော်ထုတ်ရန်

အတွေးအမြင်၏ ရည်ရွယ်ချက်
တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်

အတွေးအမြင်၏ အမှတ်တံဆိပ်
အတွေးအမြင်စာစောင်၏ အမှတ်တံဆိပ်လိုဂိုအဖြစ် ကမ္ဘာကျော် ပန်းပုဆရာကြီး Rodin ၏ အတွေးရှင် The Thinker ပန်းပုရုပ်ပုံကို ရွေးချယ်ခဲ့သည်။

အတွေးအမြင်၏ စာလုံးဒီဇိုင်း
အတွေးအမြင်စာစောင်၏ မျက်နှာဖုံးခေါင်းစီး စာလုံးဒီဇိုင်းကို ပန်းချီဆရာကြီး ဦးဘရင်ကလေးက ရေးဆွဲခဲ့သည်။

အတွေးအမြင်နှင့် မှတ်တိုင်များ
အတွေးအမြင် အမှတ်(၁) စာစောင်ကို ၁၉၈၄-ခု အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၅) ငွေရတုစာစောင်ကို ၁၉၈၇-ခု ဇွန်လတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၅၀) ရွှေရတုစာစောင်ကို ၁၉၈၉-ခု ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၇၅) စိန်ရတုစာစောင်ကို ၁၉၉၂-ခု ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၁၀၀) ရာပြည့်စာစောင်ကို ၁၉၉၄-ခု မေလတွင် ထုတ်ဝေခဲ့
အတွေးအမြင် အမှတ်(၂၀၀)ကို ၂၀၀၈-ခု နိုဝင်ဘာလတွင် ထုတ်ဝေခဲ့

အတွေးအမြင် ရာပြည့်စကား
အတွေးချင်း အမြင်ချင်း တူတာတွေ ရှိကြမည်။ မတူတာတွေ ရှိကြမည်။ ကိုယ့်အတွေး ကိုယ့်အမြင်ကို ဖြောင့်မှန်စွာ တင်ပြခွင့် ရှိရပေမည်။ မတူတာတွေကို ညှိနှိုင်းပြီး အဖြေရှာဖို့ ကြိုးစားကြရပေမည်။ ကမ္ဘာကြီးသည် ဗဟုဝါဒခေတ်သို့ ရောက်နေပေပြီ။ အတွေးအမြင်အသီးသီးကို အပြန်အလှန် လေးစားသမှုဖြင့် ညှိနှိုင်းအဖြေထုတ်သော တိုင်းနိုင်ငံများသည် ငြိမ်းချမ်းသာယာ တိုးတက် စည်ပင်နေကြပေပြီ…. ဟူ၍လည်း အတွေးအမြင်စာစောင်၏ မာလိန်မှူးကြီး ဆရာမောင်ဝံသက အတွေးအမြင်အုပ်တစ်ရာမြောက် စာစောင်တွင် အမှတ်တရ ရေးသားခဲ့သည်။

အတွေးအမြင် အုပ်နှစ်ရာမြောက် ဥဒါန်း
စဉ်းစားဆင်ခြင်ခြင်းသည် လူ၏တန်ဘိုးတစ်ခု ဖြစ်သည်။ လူ၏အရည်အသွေးလည်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အကြား အဓိက ကွာခြားချက်မှာ လူက စဉ်းစားဆင်ခြင်တတ်ခြင်းဖြစ်သည်။ သို့စဉ်လျှက် စဉ်းစားခြင်းကို အလေ့အကျင့်မလုပ်သော လူမည်ကာမတ္တများစွာ ရှိနေသေးရာ ထိုသူများအား အတွေးအမြင် အပါအ၀င် စာအုပ်စာပေများက စဉ်းစားကြပါ၊ တွေးခေါ်ကြပါ၊ ဆင်ခြင်ကြပါ ဟု အခါမလပ် နှိုးဆော်နေရပေသည်။
လူသည် မစဉ်းစားပဲနေသည့်အကျင့် ကြာမြင့်လာသောအခါ မစဉ်းစားတတ်တော့ချေ။ စဉ်းစားခြင်းသည် မိမိတို့အလုပ်မဟုတ် ဟူ၍ပင် ထင်မြင်လာတတ်ကြသည်။ အချို့ကမူ စဉ်းစားလျှင် ဦးနှောက်ခြောက်လာသည်ဟု ဆိုသည်အထိ လူ၏ အရည်အသွေးများ ပျောက်ပျက်ကုန်တော့သည်။ အတွေးအမြင်စာစောင်သည် အမှတ်(၂၀၀) ပြည့်မြောက်ခဲ့လေပြီ။ အတွေးအမြင်အနေဖြင့် ပိတ်ထားသော အသိဥာဏ်တံခါးများကို အကြိမ်(၂၀၀) ဖွင့်ခဲ့လေပြီ။

အတွေးအမြင်နှင့် ပရိသတ်
တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် ခံယူနှလုံးသွင်းလျှက် စာဖတ်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် စဉ်းစားဥာဏ် ရင့်သန်လိုသူများ၏ အစဉ်တစိုက် အားပေးချီးမြှောက်မှုကြောင့် အတွေးအမြင်သည်ကား အရှိန်အဟုန်မပျက် ခရီးဆက်လျှက် ရှိနေပေပြီ။
အတွေးအမြင် စတင်ထုတ်ဝေခဲ့ချိန်မှစ၍ စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ တွေးခြင်းကို အလုပ်တစ်ခုအနေဖြင့် လုပ်သည့်အကျင့်ကို အားပေးရန်ဖြစ်သည်။ အတွေးအမြင်သည် အပျင်းပြေ၊ အပျော်ဖတ်စာပေများနှင့် အရောင်အသွေး၊ အမွမ်းအမံ၊ အခြယ်အသများကို နေရာမပေးပဲ စာကောင်းပေမွန်သန့်သန့်ချည်း ဖော်ပြသော စာစောင်အဖြစ် ရပ်တည်နိုင်သည်မှာ အတွေးအမြင်စာစောင်၏ ဦးတည်ချက်ဖြစ်သော စာကို အလေးအနက် ဖတ်၍ အတွေးနက်နက် ဖြန့်ကြက်လိုသူများအတွက် ဆိုသည့် ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်ခြင်းပင် ဖြစ်သည်ဟု မိုးကုတ်မီဒီယာကလည်း ယုံကြည်သည်။
သို့သော်ငြားလည်း အတွေးအမြင်ကို လေးလေးစားစား တန်ဘိုးထားပြီး ဖတ်ရှုအားပေးသူများ ရှိသလို မြန်မာနိုင်ငံတွင် အတွေးအမြင်ဟူသော စာစောင် ထုတ်ဝေခဲ့သည်မှာ သက်တမ်းအားဖြင့် (၂၅)နှစ် တိုင်တော့မည် ဆိုသည့်တိုင် လုံးဝမသိ၊ ကြားတောင် မကြားဖူးဘူး ဆိုသူတွေများကလည်း ဒုနှင့်ဒေးပင်။
အတွေးအမြင်ဟူသော လှေကြီးသည်ကား အတွေးအခေါ်အယူအဆများစွာကို တင်ဆောင်လျှက် လှိုင်းလုံးကြီးများကြားဝယ် မလွန့်မလူး၊ မနစ်မမြုပ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲ…

အတွေးအမြင်အတွက် မုဒိတာစကား
အတွေးအမြင်သည်ကား အုပ်(၂၀၀)မြောက်ခဲ့လေပြီ။ အတွေးအမြင်၏ တံခါးမှူးကြီးများက အသိဥာဏ်တံခါး အကြိမ်(၂၀၀) ဖွင့်နိုင်ခဲ့ပြီ။ သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်နီးပါး တိုင်ခဲ့ပေပြီ။ အတွေးအမြင်၏ ဖွားဖက်တော် ကလေးငယ်တစ်ယောက်သည်ပင်လျှင် ယခုအချိန်တွင် သမ္မတ လုပ်နိုင်လောက်သည့် အရွယ်ပင် ရောက်နေရော့ပြီ။ ယခုလို ထူးခြားသော အခါသမယ၀ယ် အတွေးအမြင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့ကြသည့် ဥယျာဉ်မှူးကြီးများ၊ အတွေးအမြင်ကို လှိုင်းထန်လေဒဏ် အကြား မလွန့်မလူး မနစ်မမြှုပ်ရလေအောင် ပဲ့ကိုင်မောင်းနှင်ခဲ့ကြသော မာလိန်မှူးကြီးများ၊ အတွေးအမြင်၏ မူဝါဒများ၊ ရည်ရွယ်ချက်များကို မတိမ်းမစောင်း မယိမ်းမယိုင်ရလေအောင် တည်ဆောက်ခဲ့ကြသော ဗိသုကာကြီးများအား မိုးကုတ်မြို့မှနေ၍ သဟာယစာပေဆုကို ဂုဏ်ယူအပ်နှင်း ချီးမြှင့်ခြင်းခံရသည် ဖြစ်သည့်အတွက် မိုးကုတ်မီဒီယာကလည်း ဤနေရာမှနေ၍ မုဒိတာစကားကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မြွက်ကြား ဖော်ပြအပ်လေသတည်း။

S.T.A

You received this email because you are subscribed to the real_time feed for http://mogokmedia.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Moehmaung] 1 New Entry: ဘာကြောင့် Blog တယ်

ဘာကြောင့် Blog တယ်

ကျွန်တော့်ကို ညီငယ်တစ်ယောက်က မေးတယ်။ ဘာလို့ Blog ရေးတာလဲ။ Blog ရေးတော့ဘာတွေရလဲတဲ့။ သူမေးတော့မှ ကျွန်တော်လည်း စဉ်းစားမိတော့တယ်။ သူမေးတုန်းကတော့ အကောင်းဆုံး အဖြေကိုမပြောနိုင်လို့ အခုမှပဲ ပို့စ်အနေနဲ့ ရေးလိုက်ရတယ်။

ဒါတွေကြောင့် Blog ရေးတယ်…

ကျွန်တော်က စာရေးတာ ကဗျာရေးတာကို ၀ါသနာပါတယ်။ ဒါပေမယ့် Professional အနေနဲ့ ဘ၀ကိုရင်းပြီး စာရေးဆရာ လုပ်ဖို့ကလဲ မလုပ်နိုင်ဘူး။ (အဲ့လောက် အရည်အချင်း မရှိတာလဲ ပါတယ်ပေါ့) အဲ့ဒီတော့ ကိုယ်ရေးချင်တာရှိရင် Blog မှာ ရေးတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ၀ါသနာရှင်တွေအနေနဲ့ စာတွေရေးပြီး မဂ္ဂဇင်းတိုက်တွေ ပို့ရင်လည်း အပယ်ခံရတာက များတယ်လေ။ ကိုယ်ရေးတဲ့စာကိုတော့ ကိုယ့်ဘာသာ အကောင်းဆုံးမှတ်တာကိုး။ အဲ့ဒီတော့ အပယ်ခံလည်း မဖြစ်ချင်ဘူး။ Blog မှာရေးရင်တော့ အဲ့ဒီပြဿနာလုံးဝမရှိဘူး။ ကွန်နက်ရှင်ကောင်းတဲ့အခါ Publish Post ဆိုတာနဲ့ အဆင်ပြေပြီ။ ဘယ်သူမှ မပယ်ဘူး။ ကိုယ်ရေးတဲ့စာကိုတော့ ကိုယ်တာဝန်ယူရတယ်ပေါ့။

နောက်ပြီးတော့ Blog မှာ စာလာဖတ်တဲ့သူတွေက မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်း၊ ကြိုက်ရင်လည်း ကြိုက်တဲ့အကြောင်း Comment လေးတွေ ချန်သွားနိုင်သေးတယ်။ စာဖတ်သူတွေထားသွားတဲ့ Comment လေးတွေကလည်း Blog မှာ စာရေးသူတွေ အတွက်တော့ ပီတိပဲ။ Blog မှာ စာရေးရတာကို နှစ်သက်ရတဲ့ အဓိက အကြောင်းကတော့ လွတ်လပ်မှုရှိတာကိုပဲ။ ကိုယ်ရေးချင်တာရေး ဘယ်သူမှ ဖြတ်တာတောက်တာ မရှိဘူး။ စာဖတ်သူတွေ အနေနဲ့ကလည်း မကြိုက်ရင် ကျော်ဖတ်သွား၊ ရောက်လာပြီး လုံးဝမဖတ်ပဲ ပြန်သွားတာ၊ နောက်လုံးဝမလာတော့တာ၊ ဆန္ဒရှိသလို လုပ်ခွင့်ရှိတယ်။ မကျေနပ်ရင်လည်း Cbox မှာ မကျေနပ်တာကို ပြောသွားနိုင်သေးတယ်။ ဘယ်လောက်လွတ်လပ်လဲ။ ကိုယ့်က မကျေနပ်ရင်လည်း (သူ့မှာ Blog လိပ်စာရှိရင်) ပြန်လိုက်သွားပြီး ချေပနိုင်သေးတယ်ဗျာ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ Blog တွေဟာ လွပ်လပ်သေးတယ်လို့ ထင်တယ်။ ဘယ်သူကမှ ထိန်းချုပ်ထားတာ မရှိဘူးလေ။

တစ်ချို့ကိစ္စတွေနဲ့တော့ ကျွန်တော့ကို မငြင်းကြနဲ့ပေါ့ဗျာ။ ကျွန်တော်ဆိုလိုတာက ကိုယ်ရေးချင်တာကို လွတ်လွတ်လပ်လပ် ရေးခွင့်ရနေတာကို ပြောပါတယ်။ ရေးနေကြလို့လဲ Blog တွေပေါ်မှာ စာအစုံ ကျွန်တော်တို့ဖတ်နေရတာပေါ့။ နောက်ပိုင်းဖြစ်လာတဲ့ ပြဿနာကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မူအတိုင်းပေါ့ဗျာ။ အဓိက ပြောချင်တာကတော့ ကျွန်တော်ဘာကြောင့် Blog ရေးလဲဆိုရင် လွတ်လွတ်လပ်လပ် ရေးချင်တာရေးလို့ ရလို့ပါလို့ပဲ ဆိုချင်ပါတယ်။

Blog ရေးတာဘာတွေရလဲ…

Blog ရေးတာ ဘာတွေရလဲ ဆိုရင်တော့ ပီတိတွေရတယ်ဗျာ။ နည်းပညာ အကျိုးအမြတ်ရတယ်ဗျာ။ ဥပမာ Blog ရေးသူတစ်ယောက်ဟာ အရင်က ဘာမှမတတ်ပေမယ့် Blog ရေးသားလာတာကြာရင် Web Design နဲ့ပတ်သက်ပြီး နည်းနည်းအမြင်ရှိလာတယ်ဗျာ။ ကျွန်တော့အမြင်ပေါ့လေ။ ကိုယ့် Blog လေးကို လူလာလည်ချင်စိတ် ပေါ်အောင် ပြင်ဆင်ရင်းနဲ့ ကိုယ့် Blog မှာတော့ Web Designer ဖြစ်မှန်းမသိ ဖြစ်လာတယ်ဗျာ။ ပြီးတော့ HTML တို့ Java Script တို့နဲ့လည်း ရင်းနှီးလာတယ်။ ပြီးတော့ အင်တာနက်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရတယ်ဗျာ။ စာတွေအစုံဖတ်ဖြစ်တယ်။ ကိုယ့် Blog ကို လူလာအောင် သူများ Blog တွေ လျှောက်သွားရတာကိုး။

ပြီးတော့ လက်ရှိလူငယ်တွေရဲ့ ခံစားချက်တွေ သိရတယ်။ (Blog ကို လူငယ်အများစု ရေးနေကြလို့ပါ။) တကယ်တော့ ဒီအချက်ဟာ ယူတတ်မယ်ဆိုရင် အဖိုးတန်ပါတယ်။ ဆိုလိုချင်တာကတော့ လူငယ်တွေရဲ့ ခံစားချက်ဟာ ပြည်သူတွေရဲ့ ခံစားချက်ပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့ဆက်သွားမယ့်မူအရ (၂၀၁၀) မှာ ရွေးကောက်ပွဲ လုပ်ကြတဲ့အခါ နိုင်ငံရေးပါတီတွေ ကုန်ကျစရိတ် နည်းနည်းနဲ့ မဲဆွယ်ဖို့ အခွင့်အရေးတွေ Blog တွေပေါ်မှာ ရနိုင်တယ်ဗျာ။ ဒါကတော့ ကြိုတွေးကြည့်တာပေါ့လေ။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပညာပေးချင်ရင်လည်း Blog တွေကနေ ပေးနိုင်တယ် ထင်ပါတယ်။ Web Site တွေထက်စာရင် Blog တွေက ကုန်ကျစရိတ်လည်း သက်သာတယ်ဗျာ။

အရာရာတိုင်းကတော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပေါ့လေ။ ယူတတ်ရင်တော့ အဆိုးတွေပယ်ပြီး အကောင်းတွေ ယူလို့ရတာပေါ့။ ဒါကတော့ Blog ရေးတာနဲ့ ပတ်သက်တဲ့ ကျွန်တော့အမြင်ပါ။

You received this email because you are subscribed to the real_time feed for http://moehmaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 2 New Entries: ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)

ဗိုလ်သန်းရွှေရဲ့  ကိုယ်ရံတော်တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့) အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ - အပိုင်း(၁)

ဆောင်းပါးရှင် - Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

စာဖတ်သူများခင်ဗျား

ယနေ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့  လုံခြုံရေးကို ကြောက်ရွံ့ကြတဲ့နေရာမှာ ရန်သူတွေထက် မိမိအချင်းချင်း နောက်ကျော ဓားနဲ့ ထိုးခံရမှာကို ပိုမိုပြီးသေမလောက် ကြောက်နေကြပါတယ်။ တပ်မတော်သားချင်း တူရင်တောင် တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးတို့က စစ်သည်များကို အတွင်းစည်းထိ ကပ်ခွင့်ပေးပေမဲ့ အနီးကပ် ကိုတော့ မရရှိသေးတာမို့ ဗိုလ်သန်းရွှေက ယုံကြည်မှု နည်းနေသေးကြောင်းထင်ရှားနေပါတယ်။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို သနက (၄)ကဲ့သို့အနီးကပ်တပ်မျိုး မထားပေမဲ့ စိတ်ကြိုက် ရွေးချယ် လေ့ကျင့်ထားတဲ့ ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ ထားရှိကြောင်းကို သင်တန်းတွေမှာ ထူးချွန်စွာ ဆင်းလာခဲ့တဲ့ ပင်တိုင် ဆောင်းပါးရှင် တပ်မတော် အရာရှိ Lt.Comet က ကျွန်တော် ကိုဖိုးတရုတ် ထံ ရေးသားပေးပို့လာပါတယ်။ ယခုလို ဆောင်းပါး ပေးပို့လာတဲ့ Lt.Comet အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ဒီဆောင်းပါးကို အခန်းဆက် အထူးကဏ္ဍအနေနဲ့ ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

မြန်မာနိုင်ငံမှာ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေတို့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်သော အကြမ်းဖက် နှိမ်နင်းရေး လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပုံဟာ ဗိုလ်ခင်ညွှန့်ကနေ စရမယ်လို့ ပြောရပါမယ်။ န၀တ စဖွဲ့ခါစမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားလာရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က ဖွဲ့စည်းဖို့ အမိန့်ပေးလာခဲ့ပါတယ်။အဲဒီအခါ ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေး အကူ(၁) မှ ဗိုလ်မှူးသူရ တင့်ရွှေအား ဦးစီးခိုင်းကာ ရဲမွန်တပ်မြို့ မှာ အခြေပြုပြီး ပထမဦးဆုံး အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တပ်ဖွဲ့ဝင်များကို ကျည်ကာ အင်္ကျီများ ၀တ်ဆင်စေပြီး ဆက်သွယ်ရေး အိုင်ကွန်စက်များ၊ လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင်စေကာ အသေခံ ကွန်မန်ဒို တပ်ဖွဲ့များ သဖွယ် လှုပ်ရှားဆောင်ရွက် စေခဲ့ပါတယ်။ ယနေ့အခါမှာ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ အဓိက တာဝန်ကတော့ ဗိုလ်သန်းရွှေရဲ့  အနီးကပ် လုံခြုံရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ခရီးစဉ်များတွင်ပါ လိုက်ပါ ဆောင်ရွက်သွားစေရေးဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့်ရှိစဉ်ကသူ့ရဲ့  အနီးကပ် လုံခြုံရေးကိုလည်း သွယ်ဝိုက် ဆောင်ရွက် စေခဲ့ပါတယ်။အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီးမှာ လည်းပါဝင် လေ့ကျင့်စေခဲ့ပါတယ်။ ကျွန်း တစ်ကျွန်းမှာ ပြန်ပေးဆွဲ အနုကြမ်း စီးခံရတဲ့ အရေးကြီး ပုဂ္ဂိုလ်များ ကို ရဟတ်ယာဉ်ဖြင့် ဆိုင်းကြိုးများနဲ့ ဆင်းကာ ကယ်ထုတ်ရတဲ့ နိုင်ငံတကာ အဆင့်မှီ အကြမ်းဖက် ခံရမှု မှ ကယ်တင်ရေး စစ်ဆင်ရေး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဒီတော့ကာ အဲဒီတပ်ဖွဲ့ပါ အရာရှိထဲမှာ ဗိုလ်ခင်ညွှန့်ရဲ့ သား ဗိုလ်မှူးတစ်ဦး အပါအ၀င် ထောက်လှမ်းရေး အများစု ပါရှိ ခဲ့တာမို့ ဗိုလ်သန်းရွှေ သွားတဲ့နေရာ မှန်သမျှ ၊လုပ်ဆောင်မှု မှန်သမျှကိုနောက်ယောင်ခံ လိုက်ပြီးသား ဖြစ်နေတာမို့ ဗိုလ်သန်းရွှေ အနေနဲ့ လက်မခံတော့ဘဲ ပြင်ဆင်ဖွဲ့စည်းခိုင်းပါတော့တယ်။ ဟိုအရင် ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေးအဖွဲ့ကို အသုံးပြုပြီး မိမိရာထူး တည်တန့်ရေးကို လုပ်ဆောင်ခဲ့ပေမဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့် ရဲ့ အကွက်ကို ကြိုမြင်တော့ ဗိုလ်သန်းရွှေက မင်းတို့ လိုချင်တဲ့ အရာတော့ မရဘူး မင်းတို့ မသွားချင်တဲ့ အင်းစိန်တော့ ပို့မယ်ဆိုပြီးတော့ အင်းစိန်ကိုပို့လိုက်ပါတယ်။ ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်သန်းရွှေက စဉ်းစားမိလာပါတယ်။ ငါသာ ဗိုလ်ခင်ညွှန့်လို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားရင် ဘယ်လိုနေမလဲ ဆိုတဲ့ စဉ်းစားချက်နဲ့အတူ အကောင်အထည် ဖော်လာခဲ့ပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး သင်တန်းဆိုတာကို တက်ချင်တိုင်းတက်လို့မရပါဘူး။ အကြမ်းဖက် နှိမ်နင်းရေး သင်တန်း တက်ချင်ပါက စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းနှင့် တန်ပြန်ထောက်လှမ်းရေး သင်တန်းများကို တက်ရောက်ပြီးစီးပြီးဖြစ်ရမဲ့အပြင် ထူးချွန်သူ သင်တန်းသားများ ကိုသာ ရွေးချယ်ခေါ်ယူသော သင်တန်းဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို တက်ရောက်ဖို့ မပြောပါနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းကိုပင် တက်ရောက်ဖို့ အတွက် ပိုက်ဆံတွေ အမြောက်အမြား အကုန်ခံပြီး တက်ရောက်ခွင့် ရဖို့ကို လုပ်နေကြသူတွေ အများကြီးဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ခက်ခက်ခဲခဲတက်ရတဲ့သင်တန်းများတွင်လည်း အထူးချွန်ဆုံးဖြစ်မှသာ အကြမ်းဖက်နှိမ်နင်းရေး သင်တန်းကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအ၀န်းတွင် တပ်ခွဲမှူးသင်တန်းမှာ အရေးကြီးသော သင်တန်းဟုအများက လက်ခံထားပြီး တပ်ခွဲမှူး သင်တန်း ခေါ်ယူကြောင်း သိရှိရသည်နှင့် အခြားမည်သည့် သင်တန်းကိုမှ တက်ရောက်ခွင့်မရှိဘဲ တပ်ခွဲမှူး သင်တန်း ဖွင့်တဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ တကယ်လို့ အခြားသင်တန်းနဲ့ တိုက်ဆိုင်နေရင် အခြား သင်တန်းများကို ဖျက်ပြီး တပ်ခွဲမှူး သင်တန်းကိုသာ ဦးစားပေး တက်ရောက်ကြရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်ခွဲမှူးသင်တန်းမှာ ကက(ကြည်း) ညွှန်ကြားချက်နဲ့ ခေါ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူး သင်တန်းတက်ရောက်ဖို့အတွက် ဗထူးမြို့သို့ ရောက်ရှိပြီး ဖြစ်ပေမဲ့ အကြမ်းဖက် သင်တန်းမှာ ထပ်မံ အရွေးခံရရင်တော့ အကြမ်းဖက်သင်တန်းကို သွားရောက်တက်ဖို့ ပြန်လည် စေလွှတ်ခြင်းများလည်း ရှိပါတယ်။ ဒါကိုကြည့်ရင် အကြမ်းဖက်သင်တန်းမှာ သင်တန်းအားလုံးထက် အရမ်းကို အရေးကြီးကြောင်း သိရှိနိုင်ပြီး ဦးသန်းရွှေ ကို်ယ်တိုင်ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီ ထူးထူးရှယ် သင်တန်းအကြောင်းကို မနက်ဖန် စောင့်မျှော် ဖတ်ရှူနိုင်ကြပါတယ်ခင်ဗျား။

နအဖရဲ့ နျူကလီးယားအိပ်မက်

ဘာသာပြန်ဆိုသူ - ဆရာဂါမဏိ

ဒီနေ့ နိုင်ငံတကာက ဒီမိုကရေစီ အင်အားကြီး နိုင်ငံ တချို့ က ခေတ်မှီ စက်ကိရိယာ၊ ဂြိုလ်တု နည်းပညာ၊ ဓာနငွေကြေး အင်အား တိုးတက်ကြွယ်ဝမှုကို အားကိုးအားထား ပြုပြီး ဗမာနိုင်ငံရဲ့  လျှို့ ဝှက်ချက်များကို စုံစမ်းထောက်လှမ်းရာမှာ နျူကလီးယား လက်နက်မရှိနိုင်ဘူးလို့ သုံးသပ်နေတာ သိရပါတယ်။ နအဖရဲ့  လှည့်ကွက်များကြားမှာ သုံးသပ်ချက် မှားနေကြောင်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်ရဲ့  ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယား ထောက်လှမ်းချက် အစီရင်ခံစာ ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ဘာသာပြန်ကာ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ်။

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်

ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာစစ် အစိုးရရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင် ထမြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင် အာရှမှာ စစ်အင်အား အတောင့်ဆုံးနိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထ မြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းရှိလာပါလိမ့်မယ်။

ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေပြီ ဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသန လုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာ ဟာ လိမ်ညာမှုသက်သက်သာဖြစ်ပါတယ်။

စီမံကိန်းနောက်ခံ

နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတဟာ နျူကလီးယား နည်းပညာဖော်ထုတ် ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖိုတည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြပါတယ်။

ကျနော်တို့ သတင်းအရင်းအမြစ်ရတာက စစ်အုပ်စုဟာ နျူကလီးယား နည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင် ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်း ဖိုလည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယကတောင်းဆိုလာလို့ နအဖက ဒီချဉ်းကပ်မှုကို ရပ်နားပစ်လိုက် ပါတယ်။

နအဖဟာ တရုတ်နိုင်ငံအကူအညီနဲ့ ရုရှားနဲ့သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖ စစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည်မှန်း သတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေး ခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက်(၃၀)စေလွှတ်ပြီး နျူကလီးယား နည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့သတင်းတရပ်အရ ရုရှားတနိုင်ငံတည်းမှာတင် ယခုအခါ ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေးပျက်ပြားသွားလို့ နျူကလီးယားစီမံကိန်း ရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာဖြစ်ပါတယ်။

နအဖဟာ နိုင်ငံခြားပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာရနိုင်ဖို့အတွက် သဘာဝ သယံဇာတ တွေကို ရောင်းထုတ်ခဲ့ပါတယ်။ သယံဇာတတွေ ရောင်းထုတ်တဲ့အထဲမှာ ကချင်ပြည် ဖားကန့်ဒေသ ကသိုင်းတောင် က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေးပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလိုကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာ အစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)

နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ်ရခဲ့ ပါတယ်။ ဒီသတင်းက တခြားသတင်း အရင်းအမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖို ကိုင်တွယ်ရေးဆိုင်ရာ ပါရဂူ အဆင့်ပညာသင်ဖို့ ပညာတော်သင်တွေ စတင် လက်ခံပေးခဲ့ပါတယ်။ ဂျပန်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ် တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ပြင်ဦးလွင်ရှိ DSA ကျောင်း အပတ်စဉ် (၄၈) ကျောင်းဆင်းပွဲသို့ တက်ရောက်နေတဲ့ ဗိုလ်သန်းရွှေ

ရုရှားရောက်ပညာတော်သင်

၂၀၀၁ ခုမှာ ပထမအသုတ်ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင်မယ့် ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့ တက္ကသိုလ်နဲ့သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --

မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။
MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေး နည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင် လှိုင်ခေါင်းတူးဘာသာရပ်၊ ယူရေနီယမ် သတ္တုတူးဖော်ရေးဘာသာရပ် နဲ့ ယူရေနီယမ် သတ္တုရိုင်း သန့်စင်ရေးဘာသာရပ် တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။

ဒီပညာတော်သင် ဗမာ့တပ်မတော် အရာရှိ အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြု သတင်းရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ်အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာသံရုံးကိုသွားပြီး တိုင်တန်း တင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ အဲဒီအချိန်က ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင်တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ရည်မှန်းချက် (ဝါ) နျူကလီးယား လက်နက်ထုတ်လုပ်ရေးကို ဖြည့်ဆီးဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တစ်ခါတော့ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင် စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမ တယောက်ကိုလက်ထပ်ပြီး ဗမာပြည် ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆု ချီးမြှင့် ဂုဏ်ပြုမယ် ဆိုတဲ့ ဒုတပ်ချုပ် မောင်အေးရဲ့အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။

၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေး ဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည်ပြန် မောင်းလာဖို့အတွက် နအဖ လေတပ် လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လေယာဉ်တင် သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်း ပညာဝန်ကြီး ဦးသောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူ စာချုပ် လက်မှတ်ထိုးခဲ့ပါတော့တယ်။

ဓာတ်ပေါင်းဖိုတည်နေရာ

ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖို တည်နေရာကို သပိတ် ကျဉ်းနားက ကျောက်ပုထိုး လို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြု နိုင်သေးပေမဲ့ နအဖက တည်နေရာလျှို့ဝှက်ထားဖို့ ကြိုးစားတဲ့ အကြောင်း နောက်ထပ် သတင်းတွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပညာရပ်သင်တန်းတက်ထားတဲ့ ပညာရှင် တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှုတခု ဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့ အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့ အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာရှင်တွေ တွေ့ခဲ့တယ်လို့ သတင်း ရေးခဲ့လို့ဖြစ်ပါတယ်။

အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။

ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ် နဲ့ ကျောက်ပုထိုး တို့ဘဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီ မဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ် ပြောင်းလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့ တော့ အင်မတန်အလားအလာများနေပါတယ်။

ယူရေနီယမ်လှုပ်ရှားမှုများ

ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ် အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ် သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီ တောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်း နဲ့ ရှမ်းပြည် တောင်ကြီး အနောက်ဖက် တွေမှာလည်း ယူရေနီယမ် စမ်းသပ် ရှာဖွေနေပါတယ်။ ယူရေနီယမ် သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်) ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီ လို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာအားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့် ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ်ထုတ်လုပ်ရာမှာပါသုံးဖို့ နျူကလီးယား ဓာတ်လှုံ့ကရိယာတွေ ဝယ်ယူ ခဲ့ပါတယ်။

Time and Date : 06:33 September 14, 1954 (GMT)
Location : Totask, Orenberg Region, Russia
Height : 1120 Feet
Type : Air Burst - Air Drop
Predicted Yield : ----
Actual Yield : 40 Kilotons

ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့ တခြားသတင်း အချက်အလက် တွေအရ အများကြီးဖြစ်နိုင် တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)တွေ ပါဝင် ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ် နေပါတယ်။

နောက်ထပ် အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေသနဌာနတခု ဖွင့်ထား ပါတယ်။ မေမြို့မှာလည်း ရုရှားနျူကလီးယားပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး

နအဖဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင် တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီးအကျယ် ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြားဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ် -

၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်း စက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေလုံခြုံရေး အတွက်လည်း ဧရာဝတီတိုင်း ထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံးရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။

နအဖဟာ ရေတပ်ကစစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘော ပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ်သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈)ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေ ကို အသုတ်လိုက်ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။

၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ် အမြောက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘဲရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။

စစ်ရုံးချုပ်ကို ပျဉ်းမနား ရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်းဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေး စည်းကြောင်း၊ ရန်ကုန်တိုင်း ကရေဒါ စခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။

ဒါ့အပြင် ပျဉ်းမနား ကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ ပျဉ်းမနား တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်းတရင်းထားပြီး နောက်လေယာဉ် ပစ်တပ်ရင်း တရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိ အရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည် တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက် ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်း လုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂)ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး - ဘုရားကြီးဒေသမှာ ချထားပါတယ်။

အချက်ပြ ဆက်သွယ်မှုလုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေး စနစ်တွေ ဖော် ထုတ်နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေးစက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော်ပင်မဆက်သွယ်ရေးအလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မဆက်သွယ်ရေးအလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင်ချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင် ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ်စနစ်တွေအတွက် ဆော့ဝဲသုတေသန ကိုလည်း ဆောင်ရွက်နေပါတယ်။

ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထား ပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုးလဲလှယ်ဖို့လိုတဲ့ နာမည်ပျက် ရှိပြီး အပူပိုင်း ရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီးယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ် ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယားပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင်မွမ်းမံ ခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ် ထုတ်လုပ်နေပြီလို့ ယူဆရပါ တယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး

နအဖအနေနဲ့ နျူကလီးယားလက်နက်တွေကို သဲကြီးမဲကြီးကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေလည်း ရှိသေး တယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ်ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန် လှန်ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီးဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ် ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေး ကောင်စီဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့အတွက် တခြားရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင် တာက အမေရိကန်တခုဘဲရှိပြီး သူ့တနိုင်ငံတည်းက ဖြစ်စေ သို့မဟုတ် တခြားစိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ်မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.