Monday, October 20, 2008

[Lu Lu] 1 New Entry: ငါးနီတူခြောက် ငပိချက်

ငါးနီတူခြောက် ငပိချက်

အားလုံးမင်္ဂလာပါရှင်။ ငါးနီတူခြောက်ကို ကြော်စား၊ လှော်ပြီး သုပ်စားတတ်သလို ငါးပိချက်လည်း ချက်စားတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ငါးနီတူခြောက် ခရမ်းချဉ်သီးလေးနဲ့ ငပိချက်လေး ချက်ကျွေးပါရ စေနော်။
ငါးနီတူခြောက်ငငပိချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါမယ်နော်။
ငါးနီတူခြောက်
ခရမ်းချဉ်သီး၊
ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊
ငရုတ်သီးအရောင်မှုန့်၊
ငရုတ်သီးစိမ်း၊
ငါးပိစိမ်းစား၊
ဆီ၊
ဆား၊
နနွင်းမှုန့်၊
အချိုမှုန့်အနည်းငယ်တို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: အသည်းကွဲသူများ အတွက် နေထိုင်နည်းလမ်းသစ်များ

အသည်းကွဲသူများ အတွက် နေထိုင်နည်းလမ်းသစ်များ


လောကတွင် ရည်းစားကြောင့် အသည်းကွဲသူများ အများအပြားရှိပါသည်။ အကယ်၍ သင်သည် တစုံတစ်ဦးဦးကြောင့် အသည်းကွဲခဲ့လျင် မည်သို့မည်ပုံ အသက်ဆက်လက်ရှင်သန်နေထိုင် အသက်ဆက်ရှင်နိုင်မည်နည်း။
တစ်စုံတစ်ဦးဦးဆိုသည်မှာ သင်နှင့်ပတ်သက်သော သင်၏ မိန်းကလေးရည်းစား၊ ယောင်္ကျားလေးရည်းစား အပြင်
အခြားသောနည်းဖြင့် ပတ်သက်သော သံယောဇဉ်အနွယ်ဝင်..(အချစ်ဆုံးသူငယ်ချင်း၊ ဘင်္ဂလားညီအစ်ကိုမောင်နှမ၊ အချစ်တော်၊အာဘွားဖော်.. စသည်) တို့ကြောင့် စိတ်ခံစားမှု၊ ဆုံးရှုံးမှု တစ်စုံတရာ ဖြစ်ပေါ်လာသောအခါ... သင်သည်
ဟိုဟာကိုင်ရမလို.. ဒီဟာကိုင်ရမလို.. ဟိုဟာလုပ်ရမလို..ဒီဟာလုပ်ရမလို.. ဟိုသွားချင်နိုးနိုး.. ဒီသွားချင်နိုးနိုး၊ ငိုချင်သလိုလို.. ရယ်ချင်သလိုလို စသဖြင့် စိတ်ကယောင်ခြောက်ခြားဖြစ်တတ်ပါသည်။ ထိုအရာကို အသည်းကွဲခြင်း ဟု ခေါ်ပါသည်။ (စာရေးသူ ကိုယ်တိုင်လည်း ဖြစ်ခဲ့ပါသည်။ စကားချပ်။)

အချို့သောအချက်အလက်များသည် မှန်ကန်ကောင်းမှန်ကန်နိုင်သလို၊ အချို့သောအချက်များသည် မှားယွင်းမှုများရှိနိုင်ပါသည်။
ထိုအချက်အလက်များအတွက် စာရေးသူတွင်သာ တာဝန်ရှိကြောင်း ... ၀န်ခံအပ်ပါသည်။

"အသည်းကွဲနည်းမျိုးစုံ"

အချို့သူများသည် အောက်ဖော်ပြပါနည်းများကြောင့် အသည်းကွဲကြပါသည်။ (ကျန်းမာရေးအရ အသည်းတွင်ဖြစ်ပေါ်သော ရောဂါအခြေအနေများကို မဆိုလိုပါ)

ရည်းစားမဖြစ်မီ အခြေအနေတွင် ကိုယ်နှစ်သက်နေသောသူသည် မိမိအား..
- အကြောင်းပြချက်မရှိ မချစ်မနှစ်သက်ခြင်း
- ရုပ်ရည်ရူပကာအရ မချစ်မနှစ်သက်ခြင်း
- မုန်းတီးရွံရှာခြင်း
- စိတ်မ၀င်စားခြင်း
- ရည်းစားရှိနေခြင်း
- ရည်းစားမထားလိုခြင်း စသောအခြေအနေများ

ရည်းစားသနာဖြစ်ပြီးမှ
- ကိုယ့်ရည်းစားက ကိုယ့်အပေါ် စိတ်ဝင်စားမှုလျော့နည်းခြင်း
- အခြားတစ်ယောက်အား ဘာညာသာရကာ ဖြစ်ပေါ်နေမှုကို သိရှိခြင်း
- အခြားတစ်ယောက်နှင့် ရည်းစားဖြစ်နေမှုများကို သိရှိရခြင်း
- မိဘမောင်ဘွား၊ သူငယ်ချင်းတို့၏ မနှစ်သက်မှုများကြောင့် မိမိအား ရှောင်ဖယ်ခြင်း
- မိဘမောင်ဘွား၊ သူငယ်ချင်းများ အကြောင်းပြကာ ရှောင်ဖယ်ခြင်း စသောအခြေအနေများ

ရည်းစားများခြင်း၊ သူငယ်ချင်းဖြစ်နေခြင်း၊ ရည်းစားစကားမပြောရဲသဖြင့် ကြိတ်ကာ ခံစားနေရခြင်း၊သူငယ်ချင်း၏ ရည်းစားဖြစ်နေခြင်း၊ အစက မချစ်- ကွဲကွာသွားမှ တကယ်ချစ်မိမှန်းသိခြင်း စသဖြင့် အခြားသောအခြေအနေမျိုးစုံ ရှိနိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေ ထိုအချက်များကြောင့် အသည်းကွဲရပါသည်။

ထို့ကြောင့်

သင်.. အသည်းကွဲ ပါသည်။

"အသည်းကွဲလျှင် ကုစားနိုင်သည့်နည်းလမ်းများ"

မည်သို့ပင် အသည်းကွဲပါစေ..သင်သည် ယခုနည်းလမ်းများဖြင့် ကြိုးစားကြည့်ပါလေ...။

ငိုခြင်း

(၁) တစ်ယောက်တည်းအားရပါးရ အော်ဟစ် ငိုယိုပါ။ (အိပ်ယာထဲ / ပန်းခြံထဲ / တစ်ညလုံး..စသဖြင့် နေရာရွေး၍ ငိုပါ)

(၂) ရှိသမျှ အပေါင်းအသင်းသူငယ်ချင်းများရှေ့တွင် တိုင်တည်ငိုယိုပါ။ (ရည်းစားအကြောင်း ကောင်းသည်၊ ဆိုးသည်ပါ ထည့်ပြော၍ ငိုပါ)

(၃) အသည်းကွဲခြင်းကြောင့် ငိုယိုခြင်းအပြင် အခြား ပြဿနာများအကြောင်းပါ ထည့်တွေးပြီး အားလုံးစုပေါင်းကာ ငိုပါ။
(အိမ်ကိစ္စ၊ မိသားစု၊ မောင်နှမအချင်းချင်း အဆင်မပြေခြင်း၊ စာမေးပွဲကျခြင်း၊ ပိုက်ဆံချေးတာ ပြန်မရခြင်း စသည့်ပြဿနာများ)

(၄) အခင်ဆုံးသူငယ်ချင်းအား ရင်ဖွင့် ငိုယိုပါ။

(၅) အတူသွားဖူး၊လာဖူး၊လည်ပတ်ခဲ့ဖူးတာမှန်သမျှ တွေး၍ ငိုပါ။

(၆) လူတကာ၊ လမ်းအလယ်၊ ဘက်စ်ကားပေါ်၊ ရှောပင်းမောအလယ်တွင် ငိုပါ။

စသည့်နည်းလမ်းများ သုံးကာငိုယိုပါ..။ အနည်းဆုံး တစ်ခါငိုလျှင် ၅နာရီနီးပါးမျှ သူ့အကြောင်းတွေး၊ သူ့အကြောင်းပြောကာ ငိုယိုပါ။အချိန်ရှိသမျှငိုပါ။ အားအားရှိ ငိုပါ။ မည်မျှကြာအောင် သင်ငိုနိုင်မည်နည်း။ထိုအခါ သင်သည် မျက်ရည်ပင် ကျစရာမရှိအောင်ဖြစ်လာပါလိမ့်မည်။

နေထိုင်မှု ပုံစံပြောင်းခြင်း

ယခင်က မည်သို့မည်ပုံ နေထိုင်ခဲ့သည်ဖြစ်ပါစေ ယခုအချိန်မှစ၍ လက်ရှိနေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ သွားပုံလာပုံ အလေ့အကျင့်များမှအစက အကုန်ပြောင်းလဲပစ်ပါ။

(၁) အိပ်ယာပြောင်းအိပ်ပါ။ အိပ်နေကျအခန်းမှ တစ်ခြားအခန်းပြောင်းအိပ်ပါ။ သို့မဟုတ် အခြားသူငယ်ချင်းအခန်းသို့ ပြောင်းအိပ်ပါ။ (အခန်းကျဉ်းပါက ရှေ့နောက်၊ အထက်အောက် ကုတင် ပြောင်းအိပ်ပါ)

(၂) ယခင်က သင်သည် အလွမ်းအဆွေးဝတ္ထုများဖတ်ပါက ယခု သင် ကာတွန်း (သို့) ဟာသ၀တ္ထုများဖတ်ပါ။ လွန်းထားထား ၀ထ္ထုများများများဖတ်ပေးပါ။(လွန်းထားထားဝတ္ထုများသည် အပြိုင်အဆိုင်ဖြစ်ခြင်း၊ သင်ဒီလိုလုပ်ပါက သင်က ဒီထက် နှစ်ဆ လုပ်မည်ဟူသော စိတ်ဓါတ်များပါသော ဇာတ်ကောင်စရိုက်များ ဖြစ်တတ်ကြပါသည်။)

(၃) ယခင်က သင်သည် အလွမ်းအဆွေး drama ရုပ်ရှင်ကားများ၊ Korea ဇာတ်လမ်းတွဲများ ကြည့်ပါက ယခု သင် action ကားများ၊ အတိုက်အခိုက်ကားများ၊ သရဲကားများ ကြည့်ပါ။ Korea ကားများမကြည့်ရန် အပြင်းအထန် တားမြစ်ပါသည်။ (korea ဇာတ်ကားများသည် အလွန် drama, rometic ဆန်လွန်းလှသောကြောင့်ဖြစ်သည်။)

(၄) လက်ရှိ သင် နားထောင်သည့် သီချင်းများအား နားမထောင်ဘဲ သင်နားမထောင်ဖူးသော သီချင်းများ အစားထိုး နားထောင်ပါ။ ဥပမာ - သင်သည် ယခု pop, hip-hip-hop များ ကြိုက်နှစ်သက်ပါက Rock, Pank ကဲ့သို့ သီချင်းများ နားထောင်ပါ။

(၅) သင်သည် အဆိုအက ၀ါသနာမပါက clubbin များသွားပါ...။ clubbin သွားနေကျ ဖြစ်ပါက မသွားဘဲနေပါ။

(၆) အ၀တ်အစားများများဝယ်ပါ။ တတ်နိုင်သမျှ တစ်ထည်၊ နှစ်ထည် မျှ ၀ယ်ဝတ်ပါ။

(၇) အစားအသောက်အပျက်မခံပါနှင့်။ များများစားပါ။ စားမ၀င်ပါက ၀င်အောင်စားပါ။ (စာရေးသူသည် မိသားစုနှင့် စိတ်ဆိုး၊ စိတ်ကောက်ပါက အိမ်ရှိ အစားအစာ၊ မုန့်မှန်သမျှ အကုန်စားတတ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပါ။)

(၈) အပေါင်းအသင်းများနှင့်သာ အချိန်ကုန်ပါ။ အပေါင်းအသင်းများများပေါင်းပါ။

(၉) အလှအပများ ပြင်ဆင်တတ်ပါစေ။ ယခင်ထက် ပိုလှအောင်နေပါ။ ပြင်ပြင်ဆင်ဆင်နေပါ။ အရောင်မှိန်မှိန်များ မ၀တ်ရပါ။ အရောင်တောက်တောက်များ ၀တ်ပါ။

(၉) အင်တာနက်အသုံးပြုသူများ chatting များများတတ်ပါ။ များများ chat ပါ။ (အချိန်ကုန်စေရန်အတွက်ဖြစ်သည်)

(၁၀) ညပိုင်း စောစောမအိပ်ပါနှင့်။ ညနောက်ကျတဲ့အထိ လုပ်စရာရှိသမျှ လုပ်ဆောင်ပါ။ အိပ်ချင်သည့်တိုင်အောင် မအိပ်ပါနှင့်။

(၁၁) တရားထိုင်ပါ။ (ဖြစ်နိုင်ပါက..ဘုရားကျောင်းကန်များ သွားခြင်းပြုလုပ်ပါ။ အလှူအတန်းလုပ်ပါ)

အနာဂတ်အတွက် ပြင်ဆင်ရန် နှင့် လုပ်ဆောင်ရန်။

(၁) ညအိပ်ညနေ ခရီးတစ်ခုခုထွက်ပါ။

(၂) ဖြစ်ပြီးသား ကိစ္စအား မေ့ပစ်ပါ။

(၃) အလုပ်အသစ်ရှာပါ။ အလုပ်အသစ်လျှောက်ပါ။

(၄) မိမိနှင့်သူ သွားလာခဲ့သမျှနေရာများ အမှတ်တမဲ့ရောက်ခဲ့သည်ဖြစ်စေ၊ အမှတ်တရသွားကြည့်သည်ဖြစ်စေ နောက်တစ်ကြိမ် ထပ်ကြည့်စရာမလိုအောင် တစ်သက်လုံးစာအတွက် (တစ်ခါပဲ) ကြည့်ခဲ့ပါ။

(၅) မိမိစိတ်အား ပြန်လည်တည့်မတ်နိုင်ရန် အချိန်ယူပါ။ အချိန်ယူခြင်းတွင် မိမိဘာသာ Target တစ်ခုထား၍(၁ လ / ၂ လ စသဖြင့်) သတ်မှတ်ပါ။

(၆) ဥပက္ခာပြုနိုင်အောင် လုပ်ပါ။

(၇) အကယ်၍ အမှတ်မထင် ပြန်တွေ့ခဲ့သည်ရှိသော်.. ပြုံးပြနိုင်အောင် မိမိဘက်က ပြင်ဆင်ပါ။

(၈) တစ်ယောက်တည်းနေနိုင်အောင်ကြိုးစားပါ။

(၉) မနေနိုင်ပါက နောက်တစ်ယောက်ရအောင် အမြန်ရှာပါ။

(၁၀) အားကစားတစ်ခုခုပြုလုပ်ပါ။ (ရေကူးခြင်း၊ ဘက်စ်ကက်ဘောကစားခြင်း၊ ဘောလုံးကန်ခြင်း စသည်.. )


အသည်းကွဲခြင်းသည် စိတ်ဓါတ်ရေးရာကို ချို့ယွင်းစေ၏။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေ၏။
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ပျက်ပြားစေ၏။ ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာများအတိုင်း
လိုက်လံကျင့်သုံး၍ မိမိ၏ စိတ်ဓါတ်၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူများကို ပြောင်းလဲပြင်ဆင်ပါ။ ထိုသို့ပြင်ဆင်ပြီးပါက
သင်သည် ဘ၀သစ်.. ခွန်အားသစ်.. နှင့်အတူ သင့်အနာဂတ် အလင်းရောင်ကို သင်မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

*ယခုရေးသောအချက်အလက်များသည် စာရေးသူ၏ အာဘော်မျှသာဖြစ်ပါသည်။
ဖြိုးစကီး

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 2 New Entries: UT_ EDX_08_1

UT_ EDX_08_1

ရင်ဖွင့်စာ

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ခြေမခိုင်ပဲ လမ်းလျှောက်သော်ငြား လဲတတ်ပါ၏

ခြေမခိုင်ပဲ လမ်းလျှောက်သော်ငြား လဲတတ်ပါ၏

ကြိုပြောပါတယ်။ စာအုပ်ဝေဖန်ချက်ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ဘယ်သူ့စာအုပ်တုန်းဆိုတော့
လှိုင်ဘွား ဘာသာပြန်ထားတဲ့ “ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီကျော် တူးလုစ်လောထရက် ဘ၀နှင့်လက်ရာ”
လို့ အမည်ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ကတော့ စာရေးဆရာ Udo Felbinger ရဲ့
Toulouse - Lautrec: Life and Work ဖြစ်ပါတယ်။

လှိုင်ဘွားဟာ ယဉ်ကျေးမှုကျောင်းဆင်းတစ်ယောက်ဖြစ်သလို ကဗျာရေးသူ( ကဗျာဆရာဟုမသုံးပါ)တစ်ယောက်
လည်းဖြစ်ပါတယ်။ အခြားထင်ရှားနိုင်လောက်တဲ့ ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုရှိနေသေးပေမယ့်
အဲတာနဲ့မသက်ဆိုင်လှတာကြောင့် ချန်လှပ်ထားခဲ့ပါတယ်။ ဒီစာအုပ်ကို စာအုပ်ဆိုင်မှာ စတွေ့တော့
ချက်ခြင်းမ၀ယ်ဖြစ်ဘူး။ ဂိုက်မကျ၊ ဆိုက်မကျဆိုက်နဲ့ ပန်းချီပုံတွေကိုလည်း ပြွတ်သိပ်ထည့်ထားထာကြောင့်၊
နောက်တစ်ခုက ဈေးသိပ်ကြီးနေတာကြောင့်၊ ၃၀၀၀ ဆိုတဲ့ငွေကြေးဟာ စာအုပ်ပုံမှန်ဝယ်ဖတ်သူအတွက်
အနည်းငယ်တော့ တွန့်သွားစေပါတယ်။

နောက်နေ့ဆိုင်ရောက်သွားတော့ ထပ်လှန်ကြည့်တယ်။ အချိုးမကျတာတွေတွေ့ရတယ်။ ထားလိုက်တယ်။
တိုက်ဆိုက်ဆိုင်ဆိုင်ပဲ တူးလုစ်လောထရက်အကြောင်း ဆရာတစ်ယောက်နဲ့စကားပြောဖြစ်တယ်။
ကျွန်တော်တို့ခန့်မှန်းထားတာတွေ ဖြစ်နေမလားလို့ ပြောစရာရှိလာတာနဲ့ လှိုင်ဘွားရဲ့ ဘာသာပြန်စာအုပ်ကို
မျက်စိမှိတ်ဝယ်လိုက်တယ်။ဖတ်ကြည့်တယ်။ အရေးအသားချို့တဲ့တာတွေ့ရတယ်။၊ စာအရေးအသားဆွဲဆောင်မှု
မရှိတာကြောင့် တစ်အုပ်လုံးကုန်အောင် စိတ်ရှည်လက်ရှည်ထားပြီး ဖတ်လိုက်ရတယ်။
ဖတ်ပြီးသွားတော့ ပြောစရာရှိလာတယ်။

ဒီစာအုပ်အကြောင်းကို ဂျာနယ်တစ်ချို့မှာလည်း အားလုံးကောင်းပါ၏ဆိုပြီး
ရွှန်းရွှန်းဝေနေအောင် ကြောငြာအညွှန်းတွေ ရေးထားတာ မြင်တော့ ၊ ညွှန်းတဲ့သူတွေဟာ စာစုံဖတ်ဖူးသူတွေဖြစ်ဖို့ဝေးစွ၊
တူးလုစ်လောထရက် ဘာဆိုတာကိုရော အသေအချာသိရဲ့လား၊ ဒါမှမဟုတ် ကိုလှိုင်ဘွားရဲ့ စာအုပ်ကိုရော
ကုန်စင်အောင်ဖတ်ခဲ့ပြီးမှ ညွှန်းတာရော ဟုတ်ပါလေသလားလို့ သံသယဖြစ်မိတယ်။

စာအုပ်စီစဉ်သူက လင်းဝေးခက်လို့ဆိုတယ်။ လင်းဝေးခက်ကတော့ လွဲရှာပြီလို့ တွေးမိတယ်။ ဘာလို့ဆိုတော့
စာအုပ်လုပ်မယ်ဆိုရင် စာအုပ်ဆိုဒ်ကရွှေဆိုဒ်( Golden Ratio) ဖြစ်တယ်ဆို သတိထားရတယ်။လွဲသွားတာနဲ့
စာအုပ်ထွက်လာတဲ့အခါ ဂိုက်မကျ၊ ဆိုက်မကျနဲ့ ကျွန်တော်ဟာ စာအုပ်လုပ်တဲ့နေရာမှာ အတော်ကိုညံ့ပါတယ်
ဆိုတဲ့စကားကို အရပ်ထဲလည်ပြောစရာမလိုအောင် ကြေငြာပြီးသားဖြစ်သွားတတ်လိုပါ။ထားပါတော့။
အခုစာအုပ်ကို ရွှေဆိုဒ်နဲ့လုပ်တယ်။ အလုပ်မတတ်တော့ ကိုးရို့ကားယား စာမျက်နှာတွေ ဖြစ်သွားခဲ့တယ်။

ကိုယ့်ဖာသာကိုယ် လုပ်ချင်လွန်းလို့ စာအုပ်လုပ်ကြတဲ့သူတွေမှာ ဒီပြဿမျိုးကြုံတတ်တာကြောင့် နားလည်
ခွင့်လွှတ်ပေးလို့ရပါတယ်။ နားမလည်ပေးနိုင်တဲ့ အရာတွေ ထပ်လုပ်ထားတော့ ပြောစရာဖြစ်လာခဲ့တယ်။
ပြောချင်တာတွေအကုန်မပြောတော့ဘူး။ ပြောသင့်တာ တစ်ချို့တော့ ပြောရလိမ့်မယ်။

ဘာသာပြန်တဲ့လူတွေအနေနဲ့ ကိုယ်ဘာသာပြန်မယ့်စာအုပ်ဟာ ရှေ့မှာ ပြန်ထားပြီးရှိတယ်ဆိုရင်
ကိုယ့်အလှည့်ရောက်တဲ့အခါ့ ပိုပြီးတော့ သတိထားရပါတယ်။ အဲတာကို သတိမထားပဲ ဖြစ်ချင်တာတွေချည်းကိုပဲ
လုပ်လိုက်မယ်ဆိုရင်တော့ မမှားသင့်တဲ့အမှားတွေနဲ့ ကိုယ်ရေးတဲ့စာအုပ်ဟာ မြောင်းထဲရောက်သွားနိုင်တယ်ဆိုတာကို
သတိထားကြဖို့လိုပါတယ်။

လေရဟတ်နီဆိုတာကို သတိတရ ရှိကြလိမ့်မယ်လို့ထင်တယ်။ တူးလုစ်လောထရက် အကြောင်းပြောကြမယ်ဆို
လေရဟတ်နီဟာ မပါရင်မပြီးတဲ့ အရာဖြစ်နေတာကြောင့်ပါ။ ဒီနေရာမှာ ဘိုလိုသုံးကြည့်မယ်ဗျာ။
Moulin Rouge ၊ မှတ်မိကြမယ်ထင်ပါတယ်။ ဒီစာအုပ်ကို စာရေးဆရာ Pierre La Mure ကရေးသားခဲ့ပါတယ်။
အဲဒီစာအုပ်ကို မြန်မာပြန်ထားတဲ့လူ အထင်အရှားထဲကဆို နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ဆရာတင့်တယ်၊
နောက်တစ်ယောက်က တင်မောင်မြင့်၊ နှစ်အုပ်စလုံးကတော့ တူးလုစ်လောထရက်ရဲ့ ဘ၀အကြောင်းကို
နောက်ခံထားတဲ့ ဖြစ်ရပ်မှန် ၀တ္တုရှည်ကြီး Moulin Rouge ကိုဘာသာပြန်ခဲ့ကြတာပါပဲ။

ဆရာတင့်တယ်က စပြီးဘာသာပြန်ပါတယ်။ ၁၉၅၂ ခုနှစ်ထုတ် ရှု့မ၀၊ ဇွန်လနဲ့ဇူလိုင်လထုတ်တွေမှာ
အခန်းဆက် ဖော်ပြခဲ့တဲ့ ၀တ္တုရှည်ဖြစ်ပါတယ်။ သိပ်ဟောင်းတာတွေ လာမပြောနဲ့ကွာ၊ ရှာရခက်တယ်ဆိုပြီး
စောဒဂတက်ချင်တဲ့သူတွေအတွက် ပြောပါရစေ။ ရှု့မ၀မှာ ဖော်ပြခဲ့တဲ့ ဆရာတင့်တယ်ရဲ့ ဘာသာပြန်ဟာ
စာအုပ်အနေနဲ့ ပြန်ထွက်ခဲ့ပါသေးတယ်။ ၂၀၀၄ ခုနှစ်က ထုတ်ခဲ့ပါတယ်။ အောင်ပင်လယ်စာပေကဖြစ်ပါတယ်။
စာအုပ်ဈေးကွက်ထဲမှာ ပြန်ရှာရင် ရနိုင်ပါသေးတယ်။ လေရဟတ်နီလို့ ဆောင်းပါးကိုရော၊ စာအုပ်ကိုရော
နာမည်ပေးထားခဲ့ပါတယ်။

နောက် တစ်အုပ်ကတော့ တင်မောင်မြင့် ဘာသာပြန်ထားတဲ့စာအုပ်။ ဆရာတင့်တယ်ဘာသာပြန်ပြီးသား
မူရင်းစာအုပ်ကိုပဲ ဘာသာထပ်ပြန်ပါတယ်။ လေရဟတ်နီ လို့ပဲ နာမည်ပေးခဲ့ပါတယ်။ ဆရာတင့်တယ် ရေးထား
တဲ့စာအုပ်ထက် အကြောင်းအရာပိုစုံပြီး တစ်ချို့နေရာတွေမှာ အသေးစိတ်ရေးခဲ့တာ တွေ့ရပါတယ်။
ဝမ်းနည်းစရာက တင်မောင်မြင့်ဟာ ဒီစာအုပ်ကို ဆရာတင့်တယ် ဘာသာပြန်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း၊
သူ့စာအုပ်မှာ တစ်စွန်းတစ်စကိုမျှ ထည့်သွင်းဖော်ပြထားခဲ့ခြင်း မပြုခဲ့တာဖြစ်တယ်။
ဆရာမြသန်းတင့်ဟာ လေရူးသုန်သုန်ကိုဘာသာပြန်တော့ အဲဒီစာအုပ်ကို ဆရာနန္နက လေရူးသုန်သုန်
နာမည်နဲ့ပဲ ဘာသာပြန်ထားဖူးတဲ့အကြောင်း၊ အဲဒီနာမည်အတိုင်းပဲ သုံးစွဲခဲ့ကြောင်းပြောဆိုထားခဲ့ပါတယ်။
ပြည့်သောအိုးများ ရေမလျှံတတ်ကြောင်း သာဓက တစ်ခုပါ။ ဒီစာအုပ်ကို နန်းဒေ၀ီကနေ ၂၀၀၄ခုနှစ်
အတွင်းကပဲ ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်လည်း စာအုပ်ဈေးကွက်ထဲမှာ ရှိနေပါသေးတယ်။

ဆရာတင့်တယ်ရဲ့စာအုပ်ရော၊ တင်မောင်မြင့်ရဲ့ စာအုပ်ရော နှစ်အုပ်စလုံး ကောင်းပါတယ်။
ပြည့်စုံမှုလည်းရှိပါတယ်။တူးလုစ်လေထရစ်အကြောင်း စုံစုံလင်လင် သိခဲ့ရသလို သူဆွဲခဲ့တဲ့ ပန်းချီတွေကိုလည်း
ထိုက်သင့်သလောက် ခံစားလို့ရခဲ့ပါတယ်။ ဆရာတင့်တယ်ရဲ့စာအုပ်ကတော့ ရသဟန်ကဲပြီး
တင်မောင်မြင့်စာအုပ်ထက် ပိုလို့ဖတ်ကောင်းပါတယ်။

ဒါပေမယ့် အဲဒီစာအုပ်တွေအကြောင်းကို ကိုလှိုင်ဘွားက စာအုပ်အမှာစာမှာ တစ်လုံးတစ်ပါဒမျှ ပြောမထားခဲ့တာ
ဘာကြောင့်ပါလဲ။ ကိုလှိုင်ဘွားကိုယ်တိုင်က ဒီစာအုပ်တွေကို မဖတ်ဘူးခဲ့လို့လား၊ ရှိတယ်လို့တောင်
မသိခဲ့တာလား။ ဒါမှမဟုတ် ထည့်ပြောစရာမလိုဘူးလို့များ ထင်မြင်ယူဆခဲ့လေသလား။
ဒါမှမဟုတ် သူဘာသာပြန်ထားတဲ့ မူရင်းစာအုပ်က အရင်ဘာသာပြန်ထားတဲ့ မူရင်းစာအုပ်တွေနဲ့
မတူတာကြောင့် ပြောစရာမလိုဘူးလို့ယူဆခဲ့တာလား။ ကျွန်တော်မသိပါ။
သေချာတာကတော့ ရေးသူတွေဘယ်လိုကွဲကွဲ၊ တူးလုစ်လောထရက်နဲ့ သူ့ဘ၀ဆိုတာ
တစ်ခုပဲရှိနေခဲ့တာပါ။

တူးလုစ်လောထရက်အကြောင်း ထင်ရှားတာတစ်ခုရှိနေပါသေးတယ်။ ဟောလိဝုဒ်မင်းသမီး နီကိုးကစ်မင်းကို
မြန်မာတွေ တော်တော်ကြိုက်ကြပါတယ်။ ၂၀၀၁ တုန်းက နီကိုးကစ်မင်း တစ်ယောက်အော်စကာဆန်ကာတင်စာရင်းဝင်ပြီး
ရွှေကမ္ဘာလုံးရုပ်ရှင်ဆုရသွားတဲ့ဇာတ်ကားကို သတိတရ ရှိကြပါသလား။ နီကိုးကစ်မင်းဟာလည်း
Moulin Rouge ဇာတ်ကားနဲ့အော်စကာဆုဆန်ကာတင်စာရင်း ၀င်ခဲ့သလို ရွှေကမ္ဘာလုံးဆုလည်းရ
သွားခဲ့ပါတယ်။

တူးလုစ်လောထရက်နဲ့ ပတ်သက်ပြီး ဒီလိုထင်ရှားတဲ့ အကြောင်းအရာတွေရှိခဲ့တဲ့ အကြောင်း
ကိုလှိုင်ဘွားရဲ့ စာအုပ်မှာ မတွေ့ခဲ့ရတာကိုတော့ ကျွန်တော်စဉ်းစားမရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
မသိခဲ့လေသလားလို့တောင် ထင်မိတယ်။ ဒါမှမဟုတ် အဲလိုထည့်သွင်းလိုက်ရင် ဂုဏ်ငယ်စရာများဖြစ်သွားနိုင်
တာမို့ ချန်ထားခဲ့လေသလား။

အရေးအသားတွေ၊ စာအုပ်ပါအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေ ရှိပေမယ့် ကျွန်တော်
မပြောတော့ပါဘူး။ ဘာသာပြန်ပြန်စာပေခြေအနေတွေ ကျဆင်းနေတဲ့အချိန်မှာ လှိုင်ဘွားရဲ့
စာအုပ်တစ်အုပ်ဟာ အခုထက်ပိုကောင်းသင့်ပါတယ်။ လုပ်ခွင့်ရသလောက် မလုပ်နိုင်ခဲ့တာကတော့
စိတ်မကောင်းစရာပါ။

ကလေးတွေလမ်းစလျှောက်တဲ့အခါ ခြေမခိုင်သေးတော့ ခဏခဏ လဲတတ်ပါတယ်။
နောက်တော့လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လမ်းလျှောက်သွားနိုင်ကြတာပါပဲ။
ခြေမခိုင်လို့ လမ်းလျှောက်ရင်း ယိမ်းယိုင်ချော်လဲတတ်တဲ့အခါ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေက
ရယ်မောလို့ ကြည့်နေတတ်ကြပါတယ်။ ဒါဟာ သဘာဝတရား တစ်ရပ်ပါ။
မကြာခဏ လဲကျသွားတွေ နည်းသွားအောင်တော့ ကိုယ်တိုင်ပဲ လုပ်ရမှာပါ

ကိုလှိုင်ဘွားဟာ ဘာသာပြန်လောကထဲ ၀င်စမို့ ဒီလိုတော့ ဖြစ်မှာပေါ့၊ နားလည်ပေးပါ၊ဆိုပြီး
ပြောလာမယ့် သူတွေကိုတော့ မေလတုန်းက ထွက်ထားခဲ့တဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ကို
ဖတ်ကြည့်စေချင်ပါတယ်။ မိုးသက်ဟန်ရဲ့ “ဗလာမိုးကောင်းရဲ့အစွန်းတစ်ဖက်မှာ”ဆိုတဲ့ စာအုပ်
ဖြစ်ပါတယ်။ စာရေးဆရာ Ben Okri ရဲ့ Astonishing the Gods ကို ဘာသာပြန်ထားခဲ့ခြင်းဖြစ်ပါတယ်။
လိုအပ်တာတွေ၊ စာမချောတာတွေရှိနေပေမယ့် စာအုပ်ဖတ်ပြီးသွားတဲ့အခါမှာ မိုးသက်ဟန်
ကြိုးစားပမ်းစား လုပ်ထားခဲ့မှုကို ရှာတွေ့ခဲ့ရပါတယ်။ ဒီလောက်ပါပဲ။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 2 New Entries: အန္ဓသုတ်- (အကန်း)

အန္ဓသုတ်- (အကန်း)

အန္ဓသုတ်- (အကန်း)

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁။ ကန်းသော ပုဂ္ဂိုလ်၊
၂။ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်၊
၃။ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်တို့ဖြစ်ကြ၏။

သင်တို့ဘယ်ထဲမှာ ပါကြမည်.....?

၁...
ရဟန်းတို့ ကန်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိသည် မရှိ။ အကြင်သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း မရှိ။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကန်းသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း...
ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်အား အကြင်သို့ သဘောရှိသော မျက်စိ ဖြင့် မရသေးသော စည်းစိမ် ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကို လည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိသည် ရှိ၏။ အကြင် သို့သဘော ရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ် တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရား တို့ကို သိနိုင်ရာ၏၊ ထိုသို့ သဘော ရှိသော မျက်စိကား မရှိ။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း...
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင်သို့ သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ် ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိအမြင် သည်ရှိ၏။ အကြင်သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ် တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ်ဖြူစင်သော အဖို့ရှိသော တရားတို့ကို သိနိုင်ရာ ၏၊ ထိုသို့ သဘောရှိသော မျက်စိသည်လည်း ရှိ၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှစ်ဖက် အမြင်ရှိသော ပုဂ္ဂိုလ် ဟု ဆိုအပ်၏။

ရဟန်းတို့
ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

(ပညာ) မျက်စိ ပျက်၍ ကန်းသူအား ထိုသို့ သဘောရှိကုန်သော စည်းစိမ် တို့သည်လည်း မဖြစ်ကုန်၊ ကောင်းမှုတို့ကိုလည်း မပြုလုပ်နိုင်၊ ထိုသူသည် (ပစ္စုပ္ပန် တမလွန်) နှစ်တန်သော လောက၌ ဆုံးရှုံး ရလေ၏။ ထိုမှတစ်ပါး ကောက်ကျစ် သော ပုဂ္ဂိုလ်သည် ဓမ္မ အဓမ္မဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

အကြင် ပုဂ္ဂိုလ်သည် ခိုးဝှက်မှုဖြင့် လည်းကောင်း၊ ကောက်ကျစ် စဉ်းလဲမှုဖြင့် လည်းကောင်း၊ မဟုတ်မမှန် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ နှစ်ပါးစုံတို့ဖြင့် လည်းကောင်း ဥစ္စာ စည်းစိမ်တို့ကို စုဆောင်းခြင်းငှါ ကျွမ်းကျင်၏၊ ကာမဂုဏ် ခံစားသော တစ်ဖက် အမြင်သာရှိသော ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်မှ ငရဲသို့ ရောက်၍ ပင်ပန်းဆင်းရဲ ရ၏။

တရားသဖြင့် ရအပ်သော စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံသော နှစ်ဖက်အမြင်ရှိသူဟု ဆိုအပ်သော မြတ်သော အကြင် ပုဂ္ဂိုလ်သည် ထကြွလုံ့လဖြင့် ရအပ်သော ဥစ္စာကို
ပေးလှူ၏၊ ကောင်းမြတ်သော အကြံအစည် ရှိသော ယုံမှားသံသယကင်းသော ထိုပုဂ္ဂိုလ်သည် စိုးရိမ်သောက ကင်းရာ နတ်ပြည်သို့ ရောက်ရ၏။ ကန်းသော သူကို လည်းကောင်း၊ တစ်ဖက်အမြင် ရှိသောသူကို လည်းကောင်း ဝေးစွာ ရှောင်ကြဉ် ရာ၏၊ နှစ်ဖက်အမြင် ရှိသော မြတ်သော ပုဂ္ဂိုလ်ကိုသာ မှီဝဲရာ၏။

၉ - အန္ဓသုတ်၊ ပုဂ္ဂလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

တပနီယသုတ်- (ပူပန်စေတတ်သည်)

တပနီယသုတ်- (ပူပန်စေတတ်သည်)

ရဟန်းတို့ ပူပန်စေတတ်ကုန်သော တရားတို့သည် ဤနှစ်မျိုး တို့တည်း။

အဘယ် နှစ်မျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ...

ကာယ ဒုစရိုက်ကို ပြုကျင့်၏၊ ကာယ သုစရိုက်ကို မပြုကျင့်။
ဝစီ ဒုစရိုက်ကို ပြုကျင့်၏၊ ၀စီ သုစရိုက်ကို မပြုကျင့်။
မနော ဒုစရိုက်ကို ပြုကျင့်၏၊ မနော သုစရိုက်ကို မပြုကျင့်။

ထိုသူသည် ...
{{ငါသည် ကာယ ဒုစရိုက်ကို ပြုကျင့်မိပြီ}} ဟု ပူပန်၏။
{{ငါသည် ကာယ သုစရိုက်ကို မပြုကျင့်မိ}} ဟု ပူပန်၏။
{{ငါသည် ၀စီ ဒုစရိုက်ကို ပြုကျင့်မိပြီ}} ဟု ပူပန်၏။
{{ငါသည် ၀စီ သုစရိုက်ကို မပြုကျင့်မိ}} ဟု ပူပန်၏။
{{ငါသည် မနော ဒုစရိုက်ကို ပြုကျင့်မိပြီ}} ဟု ပူပန်၏
{{ငါသည် မနော သုစရိုက်ကို မပြုကျင့်မိ}} ဟု ပူပန်၏။
ရဟန်းတို့ ပူပန်စေတတ်သော တရားတို့သည် ဤနှစ်မျိုးတည်းဟု (မိန့်တော်မူ၏)။

၃ - တပနီယသုတ်၊ ကမ္မကရကဏ၀ဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: ရဲရင့်ကြယ် တင်မောင်ဦး

ရဲရင့်ကြယ် တင်မောင်ဦး

ကောင်းညို

"တိုက်ပွဲတွေက သူရဲကောင်းကို မွေးဖွားပေးတယ်။
သူရဲကောင်းဆိုတာ သမိုင်းခေတ်တွေရဲ့ မှတ်ကျောက်၊
ရွှေအစစ်ဆိုတာ ငရဲမီးကို မကြောက်ဘူး။
"

စစ်အာဏာရှင်စနစ်နဲ့ ကျောင်းသားဆိုတာ သမိုင်းစဉ်တလျှောက်မှာ တိုက်ပွဲတွေနဲ့သာ အစီအရီ ပြည့်လျှမ်းနေခဲ့တယ်။ ကျောင်းသားစိတ် ဓာတ်၊ ကျောင်းသားသမိုင်းဆိုတာ မြန်မာပြည်ရဲ့ မတရားမှု ဆန့်ကျင် တော်လှန်မှုလမ်းကြောင်းမှာ ထင်ရှားခဲ့တယ်။ ကျနော်တို့လက်ထဲက တိုက်ပွဲဝင်ခွပ်ဒေါင်းအလံက အစဉ်အလာအရ လက်ဆင့်ကမ်း သယ် လာခဲ့တဲ့အလံ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ ကျောင်းသားတို့ရဲ့ တိုက်ပွဲစဉ်တွေထဲက ၁၉၇၄ မှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းဟာ ကမ္ဘာ့အလယ်မှာ မြန်မာပြည် မျက်နှာမငယ်ရေးအတွက် ဆင်နွှဲခဲ့တဲ့ကျောင်းသားတိုက်ပွဲပါ။ ဦးသန့် ဆိုတာက ကျနော်တို့ မြန်မာအယူအဆအရ ပြောရရင် စင်္ကြာဝတေး မင်းပေါ့။ ခေတ်ပေါ်နိုင်ငံရေး အသုံးအနှုန်းအရပြောရင် ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တယ်။ ဦးသန့်ဟာ တစ်ကမ္ဘာလုံးက လေးစားရတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးလည်း ဖြစ်တယ်။ ဖြစ်ပွားလုဆဲဆဲ ကမ္ဘာစစ်ပွဲကြီးကို ဖယ်ရှားနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားကြီးလည်းဖြစ်တယ်။ ဦးသန့်ကွယ်လွန်တော့ သူရဲ့ရုပ်ကလာပ်ကို မြန်မာပြည်မှာ မြှုပ်နှံ ပေးဖို့ ဆန္ဒရှိခဲ့တယ်။ သူ့ရဲ့ ရုပ်ကလာပ်ကို လေယာဉ်နဲ့ အမိနိုင်ငံဆီ သယ်လာတဲ့အချိန်မှာ ဒီဈာပနလေ ယာဉ်ဖြတ်သန်းရာ လမ်းတလျှောက် နိုင်ငံတွေက အမြောက်ပစ်ဖောက် ဂုဏ်ပြုကြရတယ်။

ဒါပေမယ့် ဦးသန့်ရဲ့ရုပ်ကလာပ် မြန်မာပြည်ကိုရောက်လာတော့ မဆလအစိုးရက ဒီလိုတကမ္ဘာလုံးက လေးစား ရတဲ့ တန်းဖိုးထားတဲ့ ခေါင်းဆောင်ကြီးကို သာမာန် သူလိုငါလိုလူတွေလို သဘောထားပြီး အကြံပက်စက်စွာ ကြံတောသင်္ချိုင်းမှာ မြှုပ်နှံဖို့ စီစဉ်ခဲ့တယ်။ ဒါဟာ မဆလအစိုးရရဲ့ ခေါင်းဆောင်ကြီး ဦးနေ၀င်းရဲ့ သဘောထား သေးသိမ်မှုဖြစ်တယ်။ ဒါဟာ မြန်မာပြည် လူထုတရပ်လုံးကို စော်ကားရာလည်း ရောက်ခဲ့တဲ့အတွက် အစဉ်အ လာအရ မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ ရိုးသားပြီးတက်ကြွတဲ့ ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ ကြတယ်။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးနဲ့ ထိုက်တန်စွာ မြှုပ်နှံ သင်္ဂြုံဟ်ဖို့ ကျောင်းသားတွေက ကြိုးစားကြတယ်။ ဒီမှာတင် အစိုးရနဲ့ ကျောင်းသားတွေဟာ ထိပ်တိုက်တွေ့ခဲ့ ကြတယ်။ အစိုးရက လက်နက်မဲ့ကျောင်းသားတွေကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။

ဒီလို အကြမ်းဖက် သတ်ဖြတ်မှုကို တဖက်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရောက်ခဲ့ကြတာဟာ အင်မတန်မှ သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

အခုဆိုရင် (၂၆) နှစ်ရှိခဲ့ပါပြီ။ ကျနော်တို့ ကျောင်းသားတွေရဲ့ ရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ ခံစားနေရဆဲ ပါပဲ။ ဦးသန့်အရေး တော်ပုံကနေပြီး ထွက်ပေါ်လာခဲ့တဲ့ သူရဲကောင်းတစ်ဦးးကိုလည်း အမှတ်တရ ရှိနေဆဲပါပဲ။ ဒီသူရဲကောင်းကတော့ ကိုတင်မောင်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ ရှား ပါးခဲ့ပါတယ်။ ကျနော်က ကျောင်းသားစိတ်ကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ ကျောင်းသား တပ်မတော်ဝင် တစ်ယောက်အနေနဲ့ ဦးတင်မောင်ဦးအကြောင်းကို ပီပီပြင်ပြင် သိချင်နေခဲ့တာ ကြာပါပြီ။ ဒါပေ မယ့် အခြေအနေက မပေးဘူး ကျနော်ကလည်း သမိုင်းသုတေသီ တစ်ယောက် မဟုတ်တော့ စနစ်တကျ သု တေသန မလုပ်နိုင်ဘူး။ ကျနော်က ကျောင်းသားတပ်မတော်က ရွက်ကြမ်းရေကြို ရဲဘော်တစ်ယောက်မျှသာ။

တစ်ခါတစ်ရံမှာ အမှတ်မထင် အဖြစ်အပျက်တွေဟာ အမှတ်ထင်ထင် အကြောင်းအရာတွေကို ထုဆစ်တတ် တယ်။ အကြောင်းအရာ ခိုင်ခိုင်မာမာ သိပ်မရှိလှဘဲ ကျနော်ဟာ ပါလီမံဒီမိုအရေစီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦး ချစ်ဆွေနဲ့ သိကျွမ်းခဲ့ရတယ်။ သူက ကျနော်တို့ တစ်စုံတစ်ခုခေါင်းစဉ် သက်မှတ်မှုမရှိဘဲ အကြောင်းအရာပေါင်း များစွာ ပြောပြတယ်။ ဒီလိုပြောကြ ဆိုကြရင်း ကိုတင်မောင်ဦးအကြောင်းကို ရောက်သွားကြပါတယ်။

ကိုတင်မောင်ဦးရဲ့ ရုပ်ပုံလွှာကို အန်ကယ် ဦးချစ်ဆွေက သူမှတ်မိသလောက် ရေးချယ်ပြတာက …

ကိုတင်မောင်ဦးက အရပ်အမောင်းကောင်းပြီး လူချောတစ်ယောက် ဖြစ်တယ်။ သပ်သပ်ရပ်ရပ် နေတတ်ပြီး အ မြဲတမ်း ဆံပင်တိုတိုပဲ ထားတတ်တယ်။ စကားနည်းတယ်။ ပြောရင်လည်း တန်ဖိုးရှိတဲ့ စကားကိုသာ ပြောလေ့ ရှိတယ်။ တစ်ခုခုကို လုပ်ရင် စိုက်လိုက်မတ်တတ် လုပ်လေ့ရှိတယ်။ အားသွန်ခွန်စိုက်လုပ်တတ်တယ်။ အမြဲ တမ်း လန်းဆန်းတက်ကြွနေတတ်ပြီး ယုံကြည်ချက်ပြင်းထန်တယ်။

ကိုတင်မောင်ဦး၊ ရစ်ချတ် တင်မောင်ဦး၊ ကိုမြင့်ရွှေဆိုပြီး အမည်သုံးမျိုးရှိတယ်လို့ ဦးချစ်ဆွေက ပြောပြပါတယ်။ ကိုတင်မောင်ဦးနဲ့ စတင်သိကြွမ်းရပုံကို သိရပါစေဆိုတော့ အန်ကယ်ဦးချစ်ဆွေက …

ခင်ဗျားတို့လည်း သိတဲ့အတိုင်း (၁၉၇၄)မှာ ဦးသန့်ဈာပနာနဲ့ ပတ်သက်ပြီး အစိုးရက ကျောင်းသားတွေကို ရက် ရက်စက်စက် ဖြိုခွင်းနှိမ်နှင်းတယ်။ အဲဒီအချိန်မှာ ကျနော်တို့က တောထဲရောက်နေတာ ၄-၅ နှစ်လောက်ရှိပြီ။ မြို့ပြတိုက်ပွဲအကြောင်းတော့ ကျနော် မသိတာများတယ်။ အဲဒီမှာ ကျောင်းသားတွေက တောခိုလာကြတယ်။ တောခိုတယ်ဆိုတော့လည်း ဒီကျောင်းသားတွေဟာ သန်ရာသန်ရာ လက်ဝဲ လက်ယာ တော်လှန်ရေးအဖွဲ့အ စည်းတွေဆီကို သွားကြတယ်။ ဘယ်သူဘယ်သူတွေ ဆိုတာကိုတော့ အဲဒီအချိန်က ကျွန်တော်လည်း မသိ ဘူး။

ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်မောင်ဦးက ပြည်ပြေးတွေနဲ့ပေါင်းသွားပြီး ကိုမြင့်စိုးကတော့ ဗက ပတွေဆီ ရောက်သွားပြီလို့ ကြေညာကြတာတွေကိုတော့ ကြားနေရတယ်။ အဲဒီလိုကျောင်းသားတွေ တဖွဲဖွဲ ရောက်လာနေတဲ့ အချိန်မှာ ကျနော်က နောက်တန်းရုံးမှာ တပ်နားပြီး ရုံးလုပ်ငန်းတွေကို ကူညီနေတဲ့အချိန်၊ အဲ ဒီမှာ ကျနော်တို့ဆီက ဒုဗိုလ်မှူးကြီးက အရင်က တပ်မတော်ရဲ့ ဗြိတိသျှသံချပ်ကာ ယန္တာရားတပ်မှာ တပ်ကြပ် ကြီး၊ သူက ကျနော့်ကို ခေါ်တယ် စာတစ်စောင်ပေးတယ်။ (PDP) စာက ကျနော်တို့ရဲ့ အတွင်းရေးမှူးချုပ်ပါ။ (လပတ) စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်သွင်ရဲ့ စာ၊ စာထဲမှာ ရေးထားတာက အခုလွှတ်လိုက်တဲ့သူကို မေးမြန်းစုံစမ်းခြင်းမလုပ်ပါနဲ့ သူအကြောင်း သိစရာမလိုဘူး။ သူကို အခြေခံစစ်ပညာ၊ စစ်ကွပ်ကဲမှုပညာနဲ့ လက်နက်ကျွမ်းကျင်မှုတွေကို သင်ကြားပေးလိုက်ပါဆိုပြီးပါတယ်။ သင်တန်းဆရာတွေအဖြစ်နဲ့ ကျနော်ရယ်၊ ဆရာပေါကြွယ်၊ ဆရာဝင်းကြည်ရယ်ကို တာဝန်ပေးတယ်။ ဖောက်ခွဲရေးသင်တန်းကိုတော့ အဲဒီအချိန်က (PDP) ရဲ့ ဖောက်ခွဲရေးတာဝန်ခံဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီးတင်ထွန်းက သင်တန်းပေးတယ်လို့ သိရတယ်။ အဲဒီလူက ခင်ဗျားမေးတဲ့ ကိုတင်မောင်ဦးပါပဲ။

သင်တန်းက ( One Man Army) ဖြစ်ပေမယ့် တပ်ဖွဲ့ကြီးတစ်ဖွဲ့ကို သင်တန်းပေးသလိုမျိုး အတော်ပြင်းပြင်း ထန်ထန်ပေးတာ ဒီလိုပြင်းထန်ပင်ပန်းတဲ့ သင်တန်းကို ကိုတင်မောင်ဦင်္းဟာ မငြီးမငြူဘဲ ကြိုးစားခဲ့တယ်။ ဒီ (One Man Army) သင်တန်းဟာ (၁၅)ရက်လောက်ပဲကြာခဲ့ တယ်။ ( One Man Army) သင်တန်းတွေပြီးလို့ ကျောင်းသားခေါင်းဆောင်တွေဟာ သူတို့ချင်းဆုံတဲ့အခါ လွတ်လပ်တဲ့ ကျောင်းသားအဖွဲ့အစည်းတစ်ခု ထူ ထောင်ကြဖို့ ဆွေးနွေးကြတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဆိုပြီး ဖွဲ့စည်း ကြတယ်။ ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂကို ကျနော်တို့ရဲ့ (PDP) ပါတီက ထောက်ပံ့တယ်။ အကြံပေးတယ် ကူညီတယ် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အသိအမှတ်ပြုခဲ့တယ်။

ကျနော်တို့ပါတီလိုပဲ (KNU) ကလည်း အသိအမှတ်ပြုခဲ့တယ်။ (PDP) နဲ့ (KNU) ဆွေးနွေးတိုင်ပင်ပြီး တပ်မ ဟာ (၆) နယ်မြေထဲမှာရှိတဲ့ ဖလူးဧရိယာထဲမှာ တစ်နေရာ၊ အဲဒီဖလူး တစ်ဘက်ကမ်းမှာ တစ်နေရာ အဲဒီ (၂) နေရာမှာ ဒီလက်နက်ကိုင်ကျောင်းသားသမဂ္ဂရဲ့ ရုံးတွေ ဖွင့်ခွင့်ပေးခဲ့တယ်။ ဒါတင် မဟုတ်သေးဘူး ရန်ပုံငွေရရှိ ရေးအတွက် ဖလူးဈေးတန်းမှာ ဆိုင်တစ်ဆိုင် တည်ပေးတယ်။ မတည်ငွေအဖြစ် (PDP) က ငွေသုံးသောင်း ထုတ်ပေးခဲ့တယ်။ အဲဒီဆိုင်ကို ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမောင်ဆန်းက တာဝန်ခံအ ဖြစ် တာဝန်ယူရတယ်။

ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂကိုဖွဲ့တော့ ကျနော်တို့ပါတီမှာ အရင်ရှိနေကြ တဲ့ အစဉ်အလာ ကျောင်းသားတွေကလည်း ဒီသမဂ္ဂထဲကို ကူးပြောင်းသွားကြတယ်။ ဒါကို ပါတီကလည်း ခွင့် ပြုတယ်။ သမဂ္ဂဖွဲ့စည်းကြတော့ ဥက္ကဌက အာဇာနည်သူရဲကောင်းကြီးဖြစ်တဲ့ ကိုတင်မောင်ဦးပါပဲ။ ဒု-ဥက္ကဌက မုဒုံကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုသန့်ဇင် အတွင်းရေးမှူးက ကိုရဲမြင့်စိုး၊ ဒီကိုရဲမြင့်စိုးဆိုတာက ဗကပ တွေနဲ့ ပူးပေါင်းသွားတယ်လို့ အစိုးရက ကြေညာထားတဲ့ ကိုရဲမြင့်စိုးပါပဲ။ အမှန်က ကိုမြင့်စိုးဟာ ဗကပတွေနဲ့ ပူးပေါင်းသွားတာမဟုတ်ပါဘူး၊ ကျနော်တို့ (PDP) ကို ရောက်လာတာပါ။ ယခုထက်တိုင် သက်ရှိထင်ရှားရှိနေ ပြီး တော်လှန်ရေးတာဝန်တွေကို သူ့နည်းသူ့ဟန်နဲ့ ဆက်လက်ထမ်းဆောင်နေဆဲပါ၊ တွဲဘက်အတွင်းရေးမှူးအ ဖြစ်နဲ့ ကိုစိန်မြင့်၊ သူကတော့ (၁၉၇၀) တက္ကသိုလ်ရွှေရတုအထိမ်းအမှတ် ဆန္ဒပြပွဲမှာ မော်လမြိုင်တက္ကသိုလ်က နေ ရာသက်ပန် ကျောင်းထုတ်ခံထားရတဲ့သူ ဖြစ်တယ်။

ဒီလိုသမဂ္ဂဖွဲ့ပြီးတော့ အပိုင်း (၂) ပိုင်း ခွဲလိုက်တယ်။ ကိုတင်မောင်ဦးနဲ့ တချို့ခေါင်းဆောင်တွေက မြို့ပြလုပ် ငန်းတွေကို လုပ်ကြတယ်။ ကျန်တဲ့ခေါင်းဆောင်တွေက တောတွင်းလက်နက်ကိုင်တော်လှန်ရေးကို လုပ်ကြ တယ်။

မြို့ပြလုပ်ငန်းတွေအဖြစ်နဲ့ ကိုတင်မောင်ဦး အပါအ၀င် ကျနော်တို့ပါတီက ( One Man Army) သင်တန်းပေး ထားတဲ့ ကျောင်းသားတွေဟာ မြို့ပြက ကျောင်းသားတွေနဲ့ သူတို့ကို ထောက်ခံသူတွေနဲ့ ဆက်သွယ်ပြီး မြို့ပြ တိုက်ပွဲတွေ ဆင်နွှဲကြိုးစားကြတယ်။ အစိုးရရဲ့ အချက်အချာကျတဲ့ နေရာတွေကို မိုင်းခွဲဖျက်စီးဖို့ လုပ်ဆောင် ကြရတယ်။

ဒီမြို့ပြလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ အုပ်စုထဲမှာ ကျနော်အနေနဲ့ မှတ်မှတ်ရရရှိနေတဲ့ ကျောင်းသားနှစ်ယောက် ရှိတယ်၊ တစ်ယောက်ကတော့ မဆလအစိုးရက ကြိုးမိန့်ပေးကွပ်မျက်တာခံခဲ့ရတဲ့ ကျနော်ကိုယ်တိုင် သင်တန်း ပေးလိုက်ရတဲ့ ကိုတင်မောင်ဦး၊ နောက်တစ်ယောက်ကတော့ အင်း … နှစ်တွေကြာတော့ နာမည်တွေ မေ့ကုန် ပြီ ဆရာတပ်မတော် မင်းရဲထွန်းရဲ့သားလို့ ပြောတယ်။ သူကတော့ မြို့ပြလုပ်ငန်းတွေလုပ်ရင်းနဲ့ ကျုံဒိုးချောင်း မှာ ရေနစ်တယ်။ ရေနစ်တော့ အစိုးရစစ်တပ်က လူအုပ်နဲ့ ကယ်ဖို့ ကြိုးစားတယ်။ တော်လှန်ရေးသမားမှန်း သိဟန် မတူပါဘူး။

ဒါပေမယ့် ဒီကျောင်းသားက မင်းတို့ရဲ့ သွေးပေနေတဲ့ လက်ကို ငါမကိုင်ဘူးလို့ပြောပြီး အသေခံတယ်လို့ ကျ နော်တို့ရဲ့ (PDP) လျှို့ဝှက်ရဲဘော်တွေနဲ့ ကုန်သည်တွေက ပြန်ပြောကြတယ်။ အင်မတန် လေးစားစရာကောင်း တဲ့ ကျောင်းသားတွေပါ။

ဒီလိုပဲ တောတွင်းလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲတွေမှာလည်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေရှိခဲ့တယ်။ ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂက ကျနော်တို့ ပါတီရဲ့ အကောင်းဆုံး ကွန်မန် ဒိုတပ်ဖြစ်တဲ့ ပေါက်ကြိုင်းတပ်ဖွဲ့နဲ့တွဲပြီး လှုပ်ရှားတယ်။ ဒီပေါက်ကြိုင်းကွန်မန်ဒိုတပ်ဖွဲ့ရဲ့ တပ်မှူးက စစ်အာ ဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဖွဲ့တော့ ကျနော်တို့ ပါတီကနေ ကူးပြောင်းသွားပြီး ဒီသ မဂ္ဂရဲ့ တွဲဘက်အတွင်းရေးမှူး တာဝန်ကိုယူနေတဲ့ ကိုစိန်မြင့်ပါပဲ။

တောတွင်းတိုက်ပွဲတွေမှာလည်း ကျောင်းသားတွေဟာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ ယာယီမြို့သိမ်း တိုက်ပွဲတွေ ဖေါ်နိုင်ခဲ့တယ်။ ဒီတိုက်ပွဲတွေထဲမှာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုအောင်နိုင် (၀န်ကြီး ဦးကျော်ငြိမ်းရဲ့တူ) ဟာ ကျဆုံးခဲ့ရတယ်။ ကိုအောင်နိုင်ဆိုတာ မြို့ပြလုပ်ငန်းတွေလုပ်ရင်း ကိုတင် မောင်ဦးကို မဆလက ဖမ်းမိသွားတဲ့အချိန်မှာ ဒီလက်နက်ကိုင်ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌတာဝန်ကို ဆက် လက်ယူခဲ့တဲ့သူ ဖြစ်တယ်။ ကိုအောင်နိုင်ကျဆုံးတော့ သမဂ္ဂရဲ့ ဥက္ကဌတာဝန်ကို ကိုရဲမြင့်စိုးက ဆက်လက်တာ ၀န်ယူရတယ်။ ကိုရဲမြင့်စိုးကတော့ ယခုတိုင် အသက်ရှင်လျက်ရှိနေပါတယ်။

ဒါတွေက ကိုတင်မောင်ဦး အကြောင်းပြောရင်း ဆက်စပ်လာတဲ့ ကိစ္စတွေ ဒီမှာပြောဖို့ရှိတာက အခုကျနော်တို့ ပြောနေတဲ့ ကိုတင်မောင်ဦးဆိုတာကို ကျနော်သူ့ကို သင်တန်းပေးတဲ့ ကာလမှာရော သင်တန်းပြီးသွားတဲ့ ကာ လတစ်ခုအထိ ကိုတင်မောင်ဦးမှန်းမသိခဲ့ဘူး။ ကျွန်တော်ရဲ့ အားသစ်စာစောင်က သူရဲကောင်းပွဲတွေကို သ တင်းထုတ်ပြန်တော့မှ သိရတာ။ သတင်းထုတ်ပြန်တဲ့အချိန်မှာ သူဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေကို မလုပ် ဖို့ (PDP)ရဲ့ လူကြီးတွေက ဆွေးနွေးတယ်။ နောက်ထပ်မသွားနိုင်အောင် သတင်းထုတ်ပြန်ချက်တွေ လုပ်လိုက် တဲ့သဘောလည်း ပါမယ်ထင်ပါတယ်။

ဒါပေမယ့် သူတို့က အရမ်း စိတ်အားထက်သန်နေတယ်။ မြို့ပြလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ လုံးဝလုပ်လို့ မရတော့မှ တောတွင်းတိုက်ပွဲတွေ ၀င်ချင်တဲ့ ဆန္ဒရှိတယ်။ နောက်တစ်ခေါက်ထပ် သွားမယ်ဆိုပြီး ထွက်သွား တယ်၊ ဘာမှတော့ မဖြစ်သေးဘူး၊ ဒီမှာအတင့်ရဲပြီး လေးကြိမ်မြောက်ဖြစ်တဲ့ (၁၉၇၆) မှိုင်းရာပြည့်မှာ မဆလ အစိုးရက သူကိုဖမ်းသွားခဲ့တယ်။ ကိုတင်မောင်ဦးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်စေတဲ့ ဖြစ်ရပ်ရှိသလား ဆို ရင်တော့ အထက်မှာ ကျွန်တော်ပြောခဲ့သလို အားသစ်စာစောင်က သူရဲ့ (၂) ကြိမ်မြောက် လုပ်ငန်းအောင်မြင် တော့ သတင်းထုတ်ပြန်မှုတွေလုပ်တယ်။ နောက်ပြီး ကျွန်တော်တို့ပါတီနဲ့ သူတို့သမဂ္ဂပေါင်းပြီး ရဲသီဟစခန်းမှာ ကိုတင်မောင်ဦးကို ဂုဏ်ပြုပွဲတစ်ခုလုပ်ပေးတယ်။ ဒီတော့မှ ကျနော်တို့ဟာ ပြန်တွေ့ရတာ၊ ဒီဂုဏ်ပြုပွဲမှာ ကျ နော်တို့က သူရဲ့လှုပ်ရှားမှု အတွေ့အကြုံတွေနဲ့ သူရဲ့တော်လှန်ရေးအပေါ် သဘောထားကို မေးမြန်းကြတယ်။

ဒီပွဲမှာ ကိုတင်မောင်ဦး ပြောသွားတာကို မှတ်မိသလောက်ပြောရရင် အဓိကအချက်ကတော့ (၃)ချက်ပဲဗျ။ ဘာလဲဆိုတော့ တော်လှန်ရေးဆိုတာ ဆင်းရဲပင်ပန်းမယ်၊ တော်လှန်ရေးသမားကတော့ ဒီဆင်းရဲပင်ပန်းမှုဒဏ် ကို ခံနိုင်ရည်ရှိရမယ်ဆိုတာရယ်၊ လူတစ်ရာလောက်ပဲ ရှိနေပါစေ၊ ဒါမှမဟုတ် ဒီထက် နည်းချင်နည်းပါစေ တော်လှန်ရေးအဖွဲ့အစည်းဆိုတာ မတရားမှုတွေ ရှိနေသမျှကတော့ ရှိနေမှာပဲ။ ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူး။ အချိန်အခါအရ တိမ်မြုပ်ကောင်း တိမ်မြုပ်နိုင်တယ်။

ဒါပေမယ့် ရှိနေမှာပဲ၊ ပြန်ပေါ်လာရမှာပဲဆိုတဲ့ သဘောရယ်၊ နောက်ဆုံးအချက်အနေနဲ့ ကျောင်းသားတွေ လက် နက်ကိုင်တယ် အကြမ်းဖက်ကြတယ်ဆိုတာလည်း သွေးကြွနေကြလို့ မဟုတ်ဘူး၊ စစ်အာဏာရှင်တွေက ကျောင်းသားအပါအ၀င် လက်နက်မဲ့ လူထုကို ရက်စက်စွာ ဓားမိုးအုပ်ချုပ်နေတယ်၊ ကျနော်တို့ဟာ အဆင့်တစ် ခုမှာ မြို့ပြတိုက်ပွဲတွေအဖြစ်နဲ့ သပိတ်တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပြီး လက်ရှိအနေအထားမှာ ကျောင်းသားတွေ ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အဆင့်တစ်ခုဆီကို မြှင့်တင်ဖို့ လိုလာတယ်။ ဒါကြောင့် လက်နက်ကိုင်ရတာဖြစ်တယ်။ မြို့ပြလုပ်ငန်းတွေကို ထိထိရောက်ရောက် ဦးဆောင်လှုပ်ရှားမယ်။ ပီပြင်တဲ့ ကျောင်းသားတပ်မတော်တရပ် ပေါ်လာအောင်ကြိုးစားမယ်။ (PDP) ကလည်း ၀ိုင်းဝန်းကူညီကြဖို့ဆိုပြီး ပြောသွားတယ်။

ဒါပေမယ့် ကျောင်းသားတပ်မတော်ကို သူဖွဲ့စည်းခွင့် မသာခဲ့ဘူး။ သူကိုယ်တိုင် ဦးဆောင်တည်ထောင်ထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဟာလည်း (၁၉၇၈) ခုနှစ်မှာ ကျနော်တို့ (PDP) နဲ့အတူ အားနည်း ပျက်ပြယ်သွားခဲ့ရတယ်။ သူကိုယ်တိုင်ကတော့ မဆလရဲ့ ကြိုးစင်မှာ သူရဲကောင်းပီသစွာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်သွားခဲ့တယ်။

မှတ်မှတ်ရရပေါ့ဗျာ၊ ကျနော်တို့ပါတီရယ် (KNU) ရယ် သူတို့သမဂ္ဂရယ်ပေါင်းပြီး ဖလူးတို့ ၀မ်းခါတို့မှာ 7th July အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်။ သူတို့သမဂ္ဂကပဲ ဦးဆောင်ပြီး ကျင်းပခဲ့ကြတာပါ။ အခါအားလျော် စွာ ပြုလုပ်တတ်တဲ့ ကျနော်တို့ပါတီရဲ့ နိုင်ငံရေး အခမ်းအနားတွေကိုလည်း သူတို့သမဂ္ဂက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သ၀ဏ်လွှာပို့တာတို့ ဘာတို့ လုပ်ကြပါတယ်။ တစ်ကြိမ်မှာ … အင်း … အားသစ်စာ စောင် (၆) နှစ်ပြည့် အခမ်းအနားမှာ သူတို့သမဂ္ဂကပေးပို့တဲ့ သ၀ဏ်လွှာကို အခမ်းအနားမှူးလုပ်တဲ့ ဗိုလ်အောင် မျိုးက ဖတ်ခိုင်းလို့ ကျွန်တော်ကိုယ်တိုင် ဖတ်ပေးခဲ့ရဘူးပါတယ်။

အင်း … သူတို့သမဂ္ဂရဲ့ အလံက အခု ခင်ဗျားတို့ရဲ့ အလံလိုပဲဗျ၊ မှတ်မိသလောက် ဒီသမဂ္ဂမှာ ဦးဆောင်ပါဝင် ကြတဲ့ ကျောင်းသားတွေက ကိုတင်မောင်ဦး၊ ကိုစိန်မြင့်၊ ကိုအောင်နိုင်၊ ကိုရဲမြင့်စိုး၊ ကိုမောင်ဆန်း၊ ကိုအောင် မြင့်၊ ဒေါက်ကလပ်ခေါ် ကိုသိမ်ဦး နောက် ခင်ဗျားတို့ (ABSDF) ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ ထွန်းအောင်ကျော် လည်း ဒီသမဂ္ဂအဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့တယ်။

ကျနော်တို့ (PDP) က ထုတ်ဝေတဲ့ အားသစ်စာစောင်မှာ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိ တယ်။ တချို့ လူတွေဆီမှာတော့ ကျန်နိုင်ပါသေးတယ်။

ဒါတွေကတော့ ပါလီမန်ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးချစ်ဆွေပြောပြတဲ့ ကိုတင်မောင်ဦးနဲ့ သူရဲ့ ပတ်ဝန်းကျင် အနေအထားတွေပါပဲ၊ ဒီရုပ်ပုံလွှာကားချပ်ထဲက ထွက်ပေါ်လာတဲ့ အတွေးအတွေ့ကတော့ (၁၉၇၄) ဦးသန့်အရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်း သားသမဂ္ဂရဲ့ ဥက္ကဌတွေဟာ လက်နက်ကိုင်တိုက်ပွဲပဲဖြစ်ဖြစ် မြို့ပြတိုက်ပွဲတွေကိုပဲဖြစ်ဖြစ် ထိထိရောက်ရောက် နဲ့ အသက်ပေး တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ ကိုတင်မောင်ဦးဟာ ကျနော်ရဲ့ ထာဝရခေါင်းဆောင် ဖြစ်နေမယ့်သူပါပဲ။ မည်သို့ပင်ဖြစ်စေ အောင်ပွဲသည် တိုက်ရဲသူတို့၏ လက်ထဲတွင် ရှိသည်ဟု နားလည်ရတော့ မှာပါပဲ။ ။

ကောင်းညို
(ဤမှတ်တမ်းအတွက် ပါလီမန်ဒီမိုကရေစီပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ချစ်ဆွေအား ကျေးဇူးအထူးတင်ရှိပါသည်။ )

မိတ္တူလမ်းကလေးများ

မိတ္တူလမ်းကလေးများ
ဒေါက်တာလွဏ်းဆွေ

နံနက် (၇) နာရီခန့်ဆိုလျှင် ကျနော် အိပ်ရာနိုးလေ့ရှိပါသည်။ တစ်ယောက်တည်းသမားမို့ မျက်နှာသစ် ကိုယ် လက်သန့်စင်ပြီးသည်နှင့် အပြင်ထွက်ပြီး နံနက်စာ စားလေ့ရှိပါသည်။ ကျနော်နေထိုင်သော လမ်းကလေးသည် ရန်ကုန်အနောက်ပိုင်း မြို့နယ်တစ်ခုရှိ လမ်းကျယ်တစ်လမ်း ဖြစ်ပါသည်။ ထိုလမ်းထဲသို့ ကျနော် ပြောင်းရွှေ့ လာသည်မှာ လပိုင်းမျှသာ ရှိပါသေးသည်။ ထိုမျှအချိန်အတွင်း လမ်းထဲတွင် မြန်မာအများစုနေထိုင်ပြီး မြစ်ဝ ကျွန်းပေါ် မြို့ကလေးများမှ ပြောင်းရွှေ့အခြေချလာကြသူများ ဖြစ်သည်ကို သတိထားမိလာပါသည်။ လမ်းက လေးထဲတွင် နံနက်စာစားဖို့အတွက် အိမ်ဆိုင်ကလေးတွေ တော်တော်များများ ရှိပါသည်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်း ခါးဆိုင်၊ ရှမ်းအစားအစာဆိုင်၊ အကြော်ဆိုင်၊ ထမင်းကြော်ဆိုင်၊ လက်သုပ်ဆိုင်၊ ရခိုင်မုန့်တီဆိုင်၊ ဘိန်း မုန့်ဆိုင် ... စသည်ဖြင့် ရွေးချယ်စရာ ပေါများလှပါသည်။

ကျနော်ငှားနေသည့် ပထမထပ်တိုက်ခန်းမှ ဆင်းလာသည်နှင့် လမ်းထဲတွင် ဈေးသွားဈေးပြန်များ၊ ရုံးသွားသူ များ၊ နံနက်စာ ထွက်စားသူများနှင့် စည်ကားနေသည်ကို တွေ့ရမြဲ ဖြစ်ပါသည်။ ကျနော်က များသောအားဖြင့် လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျှင်ထိုင်၊ မထိုင်လျှင် မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါး စားလေ့ရှိပါ သည်။ ထိုဆိုင်များသို့ အသွားတွင် လမ်းထဲမှလူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နှုတ်ဆက်သံများကို နေ့တ ဓူဝ ကြားလာရသည့်အခါ နားရည်ဝပြီး သူတို့၏ ယဉ်ကျေးမှုအသစ်နှင့် ယဉ်ပါးလာပါသည်။

အမျိုးသားများအချင်းချင်း နှုတ်ခွန်းဆက်သံများတွင် 'ညက ပွဲဘယ်လိုလဲ' 'အထက်ကြေးတွေတော့ ကွဲပြီ' 'ဂိုး ပေါင်း မလောင်းလိုက်ရတာ နာတယ်' 'ဒီနေ့တော့ အောက်က ထိုင်ရမယ်' 'မန်ယူ နှိပ်စက်တာများပြီ' 'လီဗာပူး နဲ့ အေစီ ဘယ်လိုပေါက်လဲ' 'ဘာပဲဖြစ်ဖြစ် ချယ်ဆီးကသာထိုင် သေချာတယ်' 'ရီးရဲက ဘာကာကို အပြတ်နှိပ် ကွပ်လိုက်တယ်' 'အာဆင်နယ်က အိမ်ကွင်းမှာ စွာတယ်' 'အင်တာ - ဂျူဗီပွဲ ဘယ်ကထိုင်မလဲ' စသည့် ဘော လုံးပွဲနှင့် ပတ်သက်သည့် နှုတ်ခွန်းဆက်သံများကို ကြားရလေ့ရှိပြီး သူတို့၏ လက်ထဲတွင်လည်း ဘောလုံးဂျာ နယ်များ အသီးသီး အသကအသက ကိုင်ဆောင်ထားကြသည်ကို တွေ့ရလေသည်။

အမျိုးသမီးများအချင်းချင်း နှုတ်ဆက်ကြသည့် အခါတွင်လည်း 'မနေ့က ဘယ်လိုလဲ၊ ရလား' 'ဘုန်ကြီးပေးတဲ့ နံပါတ်ကတော့ ကွဲတယ်' 'ဘိုးတော်တစ်ယောက် နာမည်ကြီးနေတယ်၊ နံပါတ်သွားတောင်းရဦးမယ်' 'သုံးလုံး ကော ဘာကောင်းလဲ' 'နှစ်လုံးနောက်ထိုင် ဘာရလဲ' 'ဒီနေ့တော့ ရမှဖြစ်တော့မယ်' 'မောင်းပြန်တင်ရမယ်' 'ရွှေ ဘုန်းပွင့်ဘုရားမှာ ပုတီးစိပ်ကြည့်ပါလား' 'သက်သတ်လွတ်အဓိဌာန် ၀င်ကြည့်ပါလား' စသည့် နှစ်လုံးထီ၊ သုံး လုံးထီအကြောင်း နှုတ်ခွန်းဆက်သံများဖြင့် ဆူညံနေလေ့ ရှိပါသည်။

ကျနော်ထိုင်သည့် လက်ဖက်ရည်ဆိုင်ဘေးတွင် ဗန်းကလေးခင်းကာ ချရောင်းသည့် ဂျာနယ်အရောင်းဆိုင်က လေး ရှိပါသည်။ ဂျာနယ်ရောင်းသည့် အမျိုသမီးကိုမေးကြည့်ရာ ဂမ္ဘီရ ဗေဒင်ဂျာနယ်များ၊ ဘောလုံးဂျာနယ်များ အထူးရောင်းကောင်းသည်ဟု သိရပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်သည့် လူများတွင် တချို့က ဘောလုံးအ ကြောင်း အဘောင်အာရင်းသန်သန်နှင့် ဆွေးနွေးနေကြပြီး တချို့က နှစ်လုံးထီ သုံးလုံးထီအကြောင်း ခေါင်း ချင်းဆိုင် ဆွေးနွေးနေကြသည်ကို အမြဲလိုလို တွေ့ရကြားရပါသည်။ ထိုသို့ တွေ့ရကြားရခြင်းသည် ကျနော် ထိုင်သည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲတွင်သာမဟုတ်ဘဲ လမ်းထဲရှိ မုန့်ဟင်းခါးဆိုင်၊ အကြော်ဆိုင်၊ ကွမ်း ယာဆိုင် စသည့် လူစုစု စုစု ရှိသည့်နေရာတိုင်းတွင် တွေ့ရကြားရလေ့ရှိပါသည်။

နေ့ခင်းနေ့လည် နေပူသည့်အချိန်များတွင် လမ်းထဲရှိလူများသည် အိမ်တွင်းအောင်းနေလေ့ရှိကြပြီး ညနေ (၃) နာရီ ၀န်းကျင်ခန့်တွင် လမ်းထဲ၌ စုရုံးစုရုံးနှင့် ပြန်ဖြစ်နေကြသည်ကို တွေ့ရပါသည်။ ထိုအချိန်သည် နှစ်လုံးထီ သုံးလုံးထီနံပါတ် ထွက်တော့မည့် အချိန်ဖြစ်ပါသည်။ လူများသည် လမ်းထဲတွင် တီးတိုးပြောဆိုနေကြရာမှ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တဖွဲဖွဲ ချီတက်သွားကြပါသည်။ လူရည်သန့်များ၊ ကလေးခါးထစ်ခွင် ချီထား သည့် အမျိုသမီးများ၊ စွပ်ကျယ်ချိုင်းပြတ်နှင့် အမျိုးသားများ၊ အင်္ကျီအ၀တ်အစား ဘိုသီဘတ်သီနှင့် ယောင်္ကျား မိန်းမများ၊ ပျိုပျိုအိုအို ကျားမအရွယ်စုံများ၊ ကလေးများ စသည်ဖြင့် စုံစုံလင်လင် တွေ့ရပါသည်။

နံပါတ်ထွက်တော့မည့်အချိန် နီးလာချိန်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ ဖြတ်လျှောက်မိပါက လက်ဖက်ရည် ဆိုင်ထဲမှ တီဗီဖန်သားပြင်ကို မမှိတ်မသုန် စိုက်ကြည့်နေသော မျက်လုံးများနှင့် လူအုပ်ကြီးကို တွေ့ရပါသည်။ တချို့က ထိုင်လျက်၊ တချိုက မတ်တပ်ရပ်လျက် မျှော်လင့်ချက်ကိုယ်စီနှင့် ရင်တဖိုဖို စောင့်ကြည့်နေကြပါ သည်။ သူတို့သည် ထိုင်းနိုင်ငံ တီဗွီလိုင်းတစ်ခုမှ လွှင့်ထုတ်သည့် စတော့ဈေးကွက်ပိတ်ချိန် နောက်ဆုံးနံပါတ် ကို အသက်မရှူ မျက်တောင်မခတ်ဘဲ စောင့်မျှော်နေကြတာ ဖြစ်သည်ဟု သိရပါသည်။

နောက်ဆုံးပိတ်နံပါတ် ထွက်လာသည်နှင့် 'ဟာ' 'ဟင်' ဟူသော အသံများ ကျယ်လောင်စွာ တညီတည်း ထွက် ပေါ်လာပါသည်။ ပြီးလျှင် ပုရွက်ဆိတ်များ တွင်းထဲမှ အစုလိုက်အပြုံလိုက် ထွက်လာသလို လက်ဖက်ရည်ဆိုင် ထဲမှ လူအုပ်ကြီးသည် လမ်းထဲသို့ ဝေါခနဲ ထွက်ကျလာပါတော့သည်။ သူတို့ထိုးထားသော နံပါတ်များနှင့် ထွက်ပေါ်လာသော နံပါတ်၏ မကိုက်ညီမှုများကို တတွတ်တွတ် စားမြုံ့ပြန်ရင်း ကိုယ်စီကိုယ်စီ အိမ်ထဲသို့ အ လျှိုလျှို ၀င်သွားကြလေသည်။ ထိုးထားသည့်နံပါတ် ပေါက်သည့်သူများကတော့ လမ်းထဲတွင် အော်ဟစ်ဆူညံ ရင်း ကျန်ရစ်ခဲ့လေသည်။ ထို့နောက် လမ်းကလေးသည် တဒင်္ဂ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

မှောင်ရီပျိုးစ ညနေချိန်လောက်တွင် လမ်းကလေးသည် ပြန်လည်အသက်ဝင် လာပါသည်။ လမ်းထဲရှိ အရက် ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် သောက်သုံးသူ အမျိုးသားများနှင့် ပြည့်နှက်နေပါသည်။ သူတို့ သည် သောက်ရင်းစားရင်း ဂြိုလ်တုစလောင်းမှ ထုတ်လွှင့်ပြသမည့် အင်္ဂလိပ်ပရီးမီးယားလိဂ်၊ အီတလီစီးရီး အေ၊ စပိန်လာလီဂါ၊ ဂျာမန်ဘွန်းဒစ်လီဂါ၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ ဘောလုံးပြိုင်ပွဲများကို ကြည့်ရှုဖို့ စောင့်မျှော်နေကြခြင်း ဖြစ်ပါသည်။ လက်ထဲရှိ ဘောလုံးဂျာနယ်များထဲမှ ခန့်မှန်းဆောင်းပါးများကို ဖတ်ရင်း လက် ကိုင်တယ်လီဖုန်းများဖြင့် လောင်းကစားဒိုင်များဆီသို့ လောင်းကြေး လှမ်းတင်နေကြသည်ကို တွေ့ရပါ သည်။ ဘောလုံးပွဲမလာသေးမီ အချိန်တွင် ဆိုင်ထဲ၌ နိုင်ငံရပ်ခြားမှ ဘောလုံးသမားများအကြောင်း၊ ဘောလုံး အသင်းနည်းပြများအကြောင်း၊ ဘောလုံးသမား အပြောင်းအရွှေ့များအကြောင်း၊ ကလပ်အသင်းများအ ကြောင်း ဘောလုံးပါရဂူများသဖွယ် ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်နေပါသည်။

ဘောလုံးပွဲ စတင်ထုတ်လွှင့်သည်နှင့် ဆူညံသံများ ငြိမ်သက်သွားပြီး စိတ်ဝင်တစား ကြည့်ရှုနေကြပါတော့ သည်။ ကြည့်ရှုနေစဉ်မှာပင် ဟာခနဲ ဟင်ခနဲ အားမလိုအားမရဖြစ်သည့်အသံများ၊ ဂိုးဝင်သွားသည့်အခါ ဟေးခ နဲ အော်ဟစ် အားပေးသံများ၊ ပိတ်ကားပေါ်မှ ဘောလုံးသမားများအပေါ် နင်ပဲငဆ အော်ဟစ်ဆဲဆိုသံများ ဆိုင် ထဲမှ ထွက်ပေါ်လာတတ်ပါသည်။ ပွဲပြီးသည်နှင့် လမ်းထဲတွင် ဘောလုံးပွဲမှ ပြန်လာကြသည့်လူများ၊ ဘောလုံးပွဲ အကြောင်း စားမြုံ့ပြန်သံများနှင့် ရှုပ်ထွေးညံစီနေပြီး ခဏအကြာတွင် လမ်းကလေးသည် ငြိမ်သက်တိတ်ဆိတ် သွားပြန်ပါသည်။

ညအိပ်ခါနီး လူခြေတိတ်ချိန်တွင် ကျနော်နေသည့် တိုက်ခန်း၏ အောက်ထပ် မြေညီထပ်အခန်းမှ ထွက်ပေါ်လာ သော ငိုယိုပြောဆိုသံများ၊ အော်ဟစ် ကြိမ်းမောင်းသံများ၊ တောင်းပန် တိုးလျှိုးသံများကြောင့် လမ်းကလေး သည် ပြန်လည်သက်ဝင် လှုပ်ရှားလာပြန်ပါသည်။ ထိုအသံများသည် အောက်ထပ်အခန်းမှ ငွေတိုးချေးစားသူ အမျိုးသမီးနှင့် သူမထံ ငွေလာချေးသူများ၏ အပြန်အလှန် ပြောဆိုနေကြသံများ ဖြစ်ပါသည်။

ဆူညံသံများကြောင့် ၀ရန်တာမှ ကျနော် ထွက်ကြည့်မိသည့်အခါ နံနက်ခင်း၊ ညနေခင်း၊ ညခင်းများတွင် လမ်း ထဲ၌ ဘောလုံးအကြောင်း၊ နှစ်လုံးထီ သုံးလုံးထီ အကြောင်း၊ ချဲနံပါတ်ပေးသည့် ဘုန်းကြီးအကြောင်း၊ ပေါက်ဂ ဏန်းပေးသည့် ဘိုးတော်အကြောင်း ပြောဆိုဆွေးနွေး နေကြသော ကျနော် မျက်မှန်းတန်းမိနေသည့် အမျိုး သား အမျိုးသမီးများ ဖြစ်နေကြသည်ကို တွေ့ရလေသည်။ ဤသည်မှာ ကျနော်နေထိုင်သော လမ်းကလေးထဲ တွင် နေ့တဓူဝ မြင်တွေ့နေရသည့် ပုံရိပ်များပင် ဖြစ်ပါသည်။

ကျနော်သည် ခရီးသွားဝါသနာပါသူ စာနယ်ဇင်းသမားတစ်ယောက် ဖြစ်သည်နှင့်အညီ အခွင့်သာတိုင်း အချိန် အားရတိုင်း မြန်မာပြည်အနှံ့ ခရီးဆန့်လေ့ရှိပါသည်။ ရောက်လေရာ မြို့တိုင်းနယ်တိုင်း၌ ကျနော်၏နား၊ မျက်စိ များကို အတတ်နိုင်ဆုံး ဖွင့်ထားပြီး စူးစမ်းကြည့်ရာတွင် အံ့သြဖွယ်ရာ ထူးခြားတူညီမှုတစ်ခုကို တွေ့ရှိရပါသည်။ ယခုအချိန်အခါတွင် မြန်မာပြည်အနှံ့အပြားရှိ မြို့တိုင်းမြို့တိုင်း၌ ကျနော်နေထိုင်သော လမ်းကလေးနှင့် ပုံစံတူ မိတ္တူလမ်းကလေးများ မြောက်မြားစွာ ဖြစ်တည်နေပြီး ထိုလမ်းကလေးများ၏ ပုံရိပ်များသည်ပင် ယနေ့မြန်မာ ပြည်၏ လူနေမှုပုံစံ ဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရခြင်း ဖြစ်ပါသည်။

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)

Photocopy Streets
Dr Lun Swe (Hmyar-nat-maung)

I usually wake up at seven in the morning. As a single, I go outside to have breakfast after relieving myself and cleansing. The little street I'm living in is a wide lane in a township at the western part of Rangoon. I have moved here only few months ago. I noticed in this short time that most of the residents here are Burmese who have migrated from small towns of Irrawaddy Delta. There are quite a number of home eateries in the little street serving breakfast. Café, rice noodle shop, Shan food shop, fries shop, fried rice shop, salad shop, Arakanese noodle shop and pancake shop and so on—lots of food shops to choose.

When I get down from the rented first floor apartment where I live, it is usual to see the street thronging with market-goers, office-goers or breakfast-enjoyers. I have breakfast mostly at the café at the street's one end. Or sometimes, I have mohinga (rice noodles) at the mohinga shop. While on my way to those eateries, I daily hear the sounds of greetings between the residents of the street imprinting on my mind which becomes familiar to their new custom. When men greet each other, I often hear, "How's the night match?" "Upper hands got busted!" "Too bad failing to bet in total goals!" "Must bet on underdog!" "Man U 's tormenting us a lot!" "How's the state of Liverpool and AC ?" "Anyway, just sit on the side of Chelsea. It's surefire." "Real has totally pounded Barca !" "Arsenal's high on home ground" and "Which side are you on in Inter -Juve match?"—greetings concerned with soccer matches. I also find sports journals or soccer journals in their hands.

When women greet each other, it was animated with "How's yesterday? You won?" "Number given by the monk got busted!" "An occultist is getting famous. Must visit him to seek the winning number." "Which number is good for three-digit?" "Which one do you get for two-digit's second number?" "Have to win today!" "Must go in arithmetic progression" "Try telling the beads at Shwe Hpone-pwint Pagoda" and "Try vegetarian vow"—greetings concerned with two- and three-digit lotteries.

Beside the café I frequent is a journal shop selling periodicals on a tray. When I ask the girl selling journals, I learnt that occult and astrology journals and soccer journals are top-selling. Of the people sitting in the café, I always found some talking loudly about soccer and some conversing confidentially about two- or three-digit lottery. Such scenes and voices are not limited to the café I hang around but ubiquitous in all teeming places like mohinga shop, fries shop or betel nut shop.

In the afternoon when the temperature is high, people of the street usually stay indoors but at about three in the evening, they are found to be flocking around again. It is the time when the winning numbers for two- and three-digit lotteries are about to come up. The people who have been whispering in the street proceed to the café flock after flock. All kinds of people are found there—clean-shaven pleasant-looking men, women carrying child on their hips, men with sleeveless undershirts, sloppily-dressed men and women, young and old, thin and fat, short and tall, even children too. If you passed in front of the café at the time when the number is about to be revealed, you would find the throng looking intently at the TV screen in the café. Some are sitting, some are standing, but all are eagerly awaiting with fast-beating hearts and high hopes. In fact, they are waiting holding their breath and unblinking for the appearance of the closing index number of the Stock Exchange which is aired on a Thai TV channel. At last when the closing index appears, loud exclamations and sighs come out all at once. After that, the throng bursts out of the café onto the street like ants charging out of an ant hole. While on their way home, they incessantly hark back to the discrepancy between the numbers they have betted on and the actual lucky number that comes out, and then enter their homes. However, those who have betted on the right number remain in the street noisily. After some time, the little street returned to momentary calmness.

At the end of day, at dusk, the little street comes back to life. Liquor shops, beer pubs and cafes in the street are now crowded with enjoying men. While eating and drinking, they are waiting to see the football games that would be aired through satellite dish—English Premier League, Italy Series A, Spanish La Liga, German Bundesliga, Champions League and UEFA. Men are found to be reading forecast commentaries from soccer journals in their hands and betting through mobile phones at bookies. Before soccer game comes up on air, the shop is boisterous with noisy talks about foreign footballers, coaches, transfers of footballers and football clubs, analyzing and reviewing these like experts.

All voices become silent as soon as football match is aired with everybody viewing the TV screen absorbedly. Sounds of frustration or disappointment, cheers at the goal, strong verbal abuses at the footballers on the TV screen come up while viewing. After the match or show, the little street is bubbly with men returning home from the match, musing over the game. After a while, the little street returns to silence.

Out of stillness, as I am about to sleep, voices burst out from the ground-floor apartment, sounds of crying and sobbing, yelling and scolding, and imploring and pleading, which enliven the little street again. Those voices belong to the money-lender who lives there and her clients who have borrowed money from her. When I look out from the verandah to find out about the noise, I found the familiar faces of men and women who have been talking about soccer, two- and three-digit lottery, or the monk or the occultist who foretells the winning number, in the mornings, late afternoons and evenings. These images are of daily occurrence in the little street where I live in.

Since I am a journalist who prefers traveling, I occasionally tour around the whole country whenever opportunity arises. Wherever I arrive, in every town or country, I explore with open eyes and ears as much as I can and found to my surprise a unique resemblance. That is the discovery in all towns and cities all over Burma at present of duplicate streets which are identical to the little street where I live. Indeed, I astonishingly found that the images of those little streets are the social outline of Burma today.

Dr Lun Swe (Hmyar-nat-maung)
Translated by Gamanii

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ကြက်မောင်းကောင်းတဲ့ ကျနော်

ကြက်မောင်းကောင်းတဲ့ ကျနော်

ကျနော့်ဘ၀မှာ သူများကြက်ကို ခိုးစားဖူးတာ ဒီတစ်ခါပဲရှိဖူးတယ်။ တကယ်တော့ အဲ့ဒီကြက်ကို ကျနော် ခိုးစားတာ မဟုတ်ပါဘူး။ ကြက်ကို၌က ကျွတ်ချိန်တန်လို့ထင်ပါရဲ့။ ကျနော့်ဟာ ကျနော်အိမ်ပေါ်မှာ စာအုပ်ဖတ်နေတာ ကြက်ကိုက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကျနော့် အိမ်ပေါ်တက်လာပြီး ဟိုနိုက်ဒီနိုက်လုပ်တော့ ကျနော် ပေါက်ကွဲတာပေါ့။

ပြီးတော့ တခါတလေ အီအီးပါ ထားခဲ့သေးတယ်။ ကျနော် စိတ်မဆိုးပဲ နေပါ့မလား။ တကယ်တော့ ကျနော့်စိတ်ဆိုးလို့ လုပ်တာမဟုတ်ပါဘူး။ ချောက်ရုံလေး ချောက်လိုက်တာပါ။

အဲ့ဒီနေ့က နေကလည်းပူ ၊ လူကလည်း ပျင်းနေတာကြောင့် အပြင်မသွားပဲ စာကြည့်တိုက်က ငှားထားတဲ့ စာအုပ်လေးကို ကော်ဖီလေး တစ်ခွက်လောက် သောက်ပြီး နှပ်နေတာပါ။ ပါပီလွန် ဗင်ဂို စာအုပ်ကို ဖတ်ဖြစ်တာ လေးကြိမ်လောက်ရှိပြီ။ ဖတ်တိုင်းလည်း ထောင်ကျချင်နေတုန်း။ ကိုလန်ဗီယာကိုလည်း ရောက်ချင်နေတုန်း ၊ လူရိုင်းတွေနှင့် ပုလဲငုပ်ချင်နေတုန်းပဲ။

စာအုပ်က ကျနော့်ကို ထောင်ထဲခေါ်သွားလိုက် ပင်လယ်ထဲခေါ်သွားလိုက် ၊ လေမုန်တိုင်းထဲကို တွန်းပို့လိုက်နဲ့။ အနူတွေနှင့် အရောင်းအ၀ယ် လုပ်ကောင်းနေတုန်း အိမ်ပေါ်ကို ကြက်တစ်ကောက်တက်လာပါသည်။

ကြက် ကျနော့်အိမ်ပေါ်ကို တက်တက်ခြင်း ကျနော့်သူ့ကို မသိချင်ယောင်ဆောင်ပြီး စာအုပ်ဆက်ဖတ်ပါတယ်။ တအောက်လောက်ကြာတော့  ကျနော့် ဆန်အိတ်ပေါ်ကို ကြက်က ရောက်နေသည်။ ကျနော်နဲနဲတော့ စိတ်တိုသွားသည်။ အရင်တခါတုန်းကလည်း ဆန်ပေါ်ကို အီးပါခဲ့လို့ ကျနော့်မှာ အီးပေနေတဲ့ ဆန်တွေကို လွှတ်ပစ်လိုက်ရသည်။ စားလို့မှ မရတာ။

ဒီတခါတော့ အရင်တစ်ခေါက်လို အဖြစ်မခံနိုင်တော့ပါ။ ''ရှုး'' ''ရှုး'' လို့ အသံပေးပြီး ကျနော် ချောက်လွှတ်လိုက်သည်။ ကြက်ထွက်သွားတော့ စာအုပ်လေးကို ပြန်ကောက်ကိုင်ရင်း ကော်ဖီလေး တစ်ငုံ ကောက်ငုံလိုက်သည်။

ကျနော့် ကော်ဖီခွက်တောင် လက်ကမကျသေး ဟိုကြက်စုတ်မ အိမ်ပေါ်ပြန်ရောက်နေပြီ။ ကျနော့်သူ့ကို ဘာလုပ်မလဲ ဘယ်သွားမလဲလို့ အသာစောင့်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကြက်စုတ်မ ဆန်အိပ်ပေါ်ထပ်တက်သည်။ ကျနော်စဉ်းစားတယ်။ ဒီကြက်ကို ကောင်းကောင်းမောင်းထုတ်လို့ ရမည်မဟုတ်။ ကြမ်းကြမ်းမောင်းထုတ်မှ နောင်တခါ အိမ်ပေါ်မတက်ရဲတော့မှာ။ 

ကြက်ကိုမောင်းထုတ်ဖို့အတွက် လက်နက်တစ်ခုခုလောက်ရှိမလားလို့ ကျနော့်အနီးအနားကို ကြည့်လိုက်သည်။ အနီးအနားမှာလည်း မောင်းထုတ်စရာဆိုလို့ သစ်သားတစ်ပိုင်းပဲ ရှိသည်။ ကျနော် သစ်သားအပိုင်းလေးကို အသာကောက်ကိုင်လိုက်သည်။ ကြက်ကိုကြည့်လိုက်တော့ သူ ဆန်အိတ်ကို နှိုက်ဖို့ချောင်းနေသည်။ ကျနော်လည်း သစ်သားပိုင်းကို အသံကျယ်မယ့် သံပုံးလေးကို ချိန်ပြီး ပစ်လိုက်သည်။

လွဲသွားပါသည်။ ကြက်မလေး ဆန့်ငင် ဆန့်ငင်နဲ့ လဲသွားသည်။ ကျနော် သူ့ကို ချောက်လိုက်ကာမှ တည့်တည့်ကို မှန်သွားသည်။ ကျနော် စိတ်မကောင်း ဖြစ်သွားသည်။ ပြီးတော့ သူ့ပိုင်ရှင်ကိုလည်း ကျနော်မသိဘူး။ ကျနော်ထင်တာ ကျနော့်တို့ အိမ်အနောက်က ကျနော်တို့နှင့် အစေးမကပ်သော လင်မယားရဲ့ကြက်ဖြစ်နိုင်သည်။ တလောက သူတို့ လင်မယား ကြက်လေးတွေကို အစာကြွေးတာ မြင်ဖူးတယ်။

ပိုင်ရှင်ကို သွားပြောပြီး ကြက်သေကို လျော်ပေးရမှာလား (ဒါမှမဟုတ်) ချက်တုတ်လိုက်ရမလား ဘာလုပ်ရင်ကောင်းမလဲလို့ ကျနော်စဉ်းစားတယ်။ အမှန်တော့ ကျနော် သူတို့ကို စကားမပြောချင်ပါ။ နောက်ထပ်ဘာမှ မစဉ်းစားတော့ဘဲ ရေနွေးအိုး  ကျိုလိုက်သည်။ ပြီးတော့ ကြက်လေးကို အသာလေး အမွှေးနူတ်ပြီး ငရုတ်သီး စပ်စပ်လေး ကြော်လိုက်သည်။ ကြက်လေးက ကြက်ပိန်လေးဗျ။

ကြက်က ကြော်လိုက်မှ ဘာမှမရပါဘူး။ ဒီလောက်အရိုးများတဲ့ကြက် သေတာပဲကောင်းတယ်လို့ ကြော်နေရင်း စဉ်းစားမိတယ်။

အဲ့ဒီညက ကျနော်တို့ကြက်ကြော်လေးကို  အရက်တွေ တစ်လုံးပြီး တစ်လုံး မြည်းရင်း ကြက်အကြောင်းလေးပြောလိုက် နေ့လည်က အဖြစ်အပျက်လေးကိုပြောလိုက် သောက်လိုက်နဲ့ တော်တော်လေးရီဝေသွားကြသည်။ တကယ်ပါဗျာ ခိုးစားတဲ့ ကြက်မို့လို့လားမသိဘူး။ တော်တော်လေးကို ကောင်းတယ်။  

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: စင်္ကာပူနိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်းသို့ တခေါက်

စင်္ကာပူနိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်းသို့ တခေါက်


မြန်မာဘုန်းကြီးကျောင်းသို့ အ၀င်


လေးထပ်ဆောင်မှ စေတီတော်မြတ်


ပထမထပ်မှာရှိတဲ့ ဥာဏ်တော်၇တောင်၁မိုက်ရှိတဲ့ ဘုရားဆင်းတုတော်


အလွန်တရာသပ္ပါယ်လှတဲ့ မြတ်စွာဘုရားရုပ်ပွားတော်


ဘုန်းကြီးကျောင်းမှနှစ်ထပ်မှ မြင်တွေ့ရပုံ


နှစ်ထပ်မှာရှိတဲ့ ဘုရားဆင်းတုတော်


သုံးထပ်မှာရှိတဲ့ မတ်တပ်ရပ်ဘုရားရုပ်ပွားတော်


ဘုရားဖူးလာတဲ့သူကို ဆရာတော်ကြီးမှ မေတ္တာရေးဖျန်းနေပုံ :)


မေတ္တာရေဖျန်း ပြီးပါက အန္တရယ်ကင်း ပရိတ်ကြိုးချည်ပေးတယ်လေ : )


ဘုရားဒယကာကြီး အဘဦးကျော်ဂေါင်


အပတ်စဉ် ဓမ္မစကြာတရား ရွတ်ဖတ်နေပုံ


ဒုတိယထပ်မှာလည်း ပရိသတ်အပြည့် နဲ့ ဓမ္မစင်္ကြာ ရွတ်နေကြတယ် :)


ဘုန်းကြီးကျောင်း အပြင်ဘက်မှာရှိတဲ့ ညောင်ရေသွန်းဘုရား


စင်္ကာပူကျွန်းစောင့် နတ်ကွန်း


ကျွန်းစောင့်ဘိုးဘိုးကြီး

Dream တစ်ယောက် အခုတစ်လော အလုပ်နဲနဲ ရှုပ်နေတာနဲ့ (အကြောင်းပြ နေတာ :P ) ဘလော့မှာ ပို့စ်အသစ် တင်ဖို့ အချိန်မရခဲ့ဘူး။ အမှန်က ရေးချင်တာတွေက စိတ်ထဲမှာအများကြီး ၊ဒါပေမယ့် ဘာရေးရမှန်းလည်း မသိဖြစ်နေတာ။ဟီးဟီး... ဒါကြောင့် လောလောဆယ်တော့ အမှတ်၁၄၊ တိုင်ဂျင်းလမ်း၊ စင်္ကာပူနိုင်ငံ မှာရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း အကြောင်းလေးကို ရေးချင်လာတဲ့ စိတ်လေး ဖြစ်ပေါ်လာလို့ ပို့စ်အသစ်အနေနဲ့ တင်လိုက်ပါတယ်။ စင်ကာပူက မြန်မာတွေ သိပြီးသား သူတွေဖြစ်နေပေမယ့် တခြားမသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ထားတာပါနော်။ :) :D

ယခုတွေ့မြင်ခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်းအသစ်ကို နိုင်ငံခြားသာသနာပြုအကျော် အဂ္ဂမဟာ ပဏ္ဏတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ စင်္ကာပူနိုင်ငံ မြန်မာကျောင်းသစ်ကြီး၏ ပဓာန နာယက ဆရာတော်ဘုရားကြီး ဦးပညာဝံသ ဦးစီးဦးဆောင်၍ ၁၉၈၄ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ် ဧပြီလ၆ရက် နေ့မှာစင်္ကာပူနိုင်ငံရဲ့ တရားဝင် အသိအမှတ်ပြု ခံရပါတယ် ။ဘုန်းကြီးကျောင်းက လေးထပ်ရှိပါတယ်။ လေးထပ်မြောက်မှာ စေတီလေးရှိတယ်။ ပြီးတော့ သံဃာတွေအတွက် သိမ်ကျောင်းရှိတယ်။ ဘုန်းကြီးကျောင်း အပြင်ဖက် အ၀င်ဝ မှာတော့ ခြင်္သေ့ကြီး နှစ်ကောင် ရှိတယ်လေ။ ဘုန်းကြီးကျောင်းရဲ့ ညာဖက်မှာတော့ မြန်မာတို့ရဲ့ ဓလေ့ ကဆုန်ညောင်ရေသွန်း ပြုလုပ်နိုင်တဲ့ ညောင်ပင်နဲ့ ဘုရားရှိပါတယ်။ ဘုန်းကြီးကျောင်းရဲ့ ဘယ်ဘက်မှာတော့ ခေါင်းလောင်းကြီးနဲ့ ကျွန်းစောင့် နတ်ကွန်းရှိပါတယ်။ တချို့အဲဒီနတ်ကွန်းမှာ အလုပ်ရှာဖွေလို့ အခက်အခဲဖြစ်နေရင် အဓိဠာန် ပြုလုပ်ကြပါတယ်။ ဘုန်းကြီးကျောင်းမှာ အပတ်စဉ် စနေနေ့တိုင်း ဓမ္မစင်္ကြာ ၀တ်ရွတ်တာ လည်းရှိပါတယ်။ တနင်္ဂနွေနေ့ဆိုရင် ကလေးတွေအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုလေး တွေကိုသင်ပေးပြီး ကလေးတွေ အတွက်လည်း အာနာပါန တရားထိုင် ခြင်းတွေရှိပါတယ်။

တချို့ဆို ဒီဘုန်းကြီးကျောင်းမှာပဲ မွေးနေ့ပွဲ၊ မင်္ဂလာဆောင် ပွဲတွေကျင်းပကျပါတယ်။ မြန်မာတို့ရဲ့ ဆုံစည်းရာ သာသနာပြု ဘုရားအရိပ်လေးပေါ့။ ဘုန်းကြီးကျောင်းကို မြန်မာလူမျိုး တွေနှင့်တကွ တရုတ်လူမျိုး များပါမကျန် လာရောက်ကိုးကွယ် ကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ဘုရားဝတ်ပြု ပြီးပြီဆိုတာနဲ့ ညာဖက်မှာရှိတဲ့ ဘုန်းဘုန်းတွေဆီမှာ မေတ္တာဓာတ်ခံ ယူလို့ရကြပါတယ်။ အဲလိုခံယူလို့ ပြီးသွားရင် ဘုန်းဘုန်းဘုရားမှ အန္တရယ်ကင်း ပရိတ်ကြိုးဝါလေးကို လက်မှာချည် ပေးလိုက်ပါတယ်။ စင်္ကာပူမှာေ ရွှဝါရောင် လက်ပတ်လေးတွေနဲ့ တွေ့ရင်တော့ ရွှေတော်မျိုးတော် တွေဖြစ်တဲ့ တို့ရွှေမြန်မာ ပဲဆိုတာ မြန်မာတိုင်း သိထားကြပါတယ်။ ဟီးဟီး... :)

ဟိုးအရင်တုန်းက မြန်မာတွေ ဒီနိုင်ငံကို အရောက်အပေါက်နည်းတဲ့ ကာလတုန်းကပေါ့ စင်္ကာပူနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ မြန်မာကျောင်းဆိုတာ မရှိသေးပါဘူးတဲ့။ ဒီလိုသပ္ပါယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့ တင့်တယ်စွာ တည်ထားကိုးကွယ် ပေးတာကတော့ ဘုရားဒကာကြီး အဘဦးကျော်ဂေါင်ပဲ ဖြစ်ပါတယ်။

အဘရဲ့ အထုတ္ထုပတ္တိ တွေကတော့ အဘဦးကျော်ဂေါင်ကို ၁၈၆၆ခုနှစ် ကမန္တလေးမှာ မွေးဖွားခဲ့ပါတယ်။ အဘက ငယ်စဉ်ကတည်းက စင်္ကာပူနိုင်ငံ သို့ရောက်ရှိခဲ့ပြီး ဆေးပညာနဲ့ အသက်မွေး ၀မ်းကျောင်းပြုခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာအမျိုးသမီး ဒေါ်ခင်မဲနှင့် မေတ္တာသက်ဝင် အကြောင်းပါပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ ဒါနဲ့သားသမီး သုံးဦး ထွန်းကားခဲ့တယ်လေ။ သားအကြီး နာမည်က ဦးဘသိန်း၊ သမီးလတ် ဒေါ်မြရင်နဲ့သမီးငယ် ဒေါ်မြစန်း တို့ပဲဖြစ်ပါတယ်။

အဘဦးကျော်ဂေါင် ကထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံက မွေးဖွားလာသူပီပီ စင်္ကာပူနိုင်ငံ တွင်လည်း ဒီသာသနာ ပြန့်ပွားရှင်သန် စေလိုတဲ့ ဆန္ဒကြီးမားစွားဖြင့် သာသနာရေး ကိစ္စများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်နေစဉ်မှာ ၁၉၀၇ခုနှစ်မှာ အဘကို စင်ကာပူနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ဂေါပကလူကြီး အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီမြန်မာကျောင်းကို ၁၈၇၅ခုနှစ် ကတည်းက ဦးသာဦး ခေါင်းဆောင်တဲ့ မြန်မာများ ကတည်ထောင် ထားခဲ့တာပါ။ အဲဒီလို တာဝန်ထမ်းဆောင် နေစဉ်မှာ တနေ့တော့ ဦးကျော်ဂေါင် အိပ်မက် မက်ပါတယ်။ သူ့အိပ်မက်ထဲမှာ အရမ်းကြည်ညိုဖွယ် ကောင်းတဲ့ ဗုဒ္ဓဆင်းတုတော် တစ်ဆူ စင်ကပူနိုင်ငံသို့ ကြွရောက် သီတင်းသုံးတယ်လို့ ခဏခဏ အိပ်မက် မက်ပါတယ်။ဒါကြောင့် အဘက သူကိုယ်တိုင် ရှာဖွေစုဆောင်း ထားတဲ့ ချွေးနဲစာများနဲ့ မတည်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ထံမှလည်း အလှူငွေ ကောက်ခံရမှု များကိုပါ ဖြည့်စွက်ပြီး ဆင်းတုတော် ရှာဖွေခန်း ထွက်ခဲ့ပါတယ်။

မြန်မာပြည်ကို အခေါက်ခေါက် သွားရောက် ခဲ့ပြီးနောက် မန္တလေးမြို့ မြောက်ဘက် ကီလိုမီတာ ၅၀ခန့်အကွာရှိ စကျင်ကျောက်တောင် ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီစကျင်ကျောက်တောင်မှာ အလေးချိန် ၁၀တန်ပိုတဲ့ ကျောက်ဖြူတုန်း ကိုတွေ့ရှိဝယ်ယူ လိုက် နိုင်ခဲ့ပါတယ်။ အဲဒီကျောက်တုံးကို ကျောက်ဆစ်ပညာရှင်တွေ စုဝေးရာ မန္တလေးမြို့တော် သို့သယ်ယူခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် ထုလုပ်စေခဲ့တယ်။၁၉၁၈ခုနှစ်မှာ ဥာဏ်တော် ၁၁ပေ ခန့်ရှိတဲ့ သပ္ပါယ်လှတဲ့ ရုပ်ပွားတော်မြတ် တစ်ဆူကို ထုလုပ်ရရှိခဲ့ပါတယ်။

အဲဒီဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မန္တလေးမှ ရန်ကုန်၊ ရန်ကုန်မှ စင်ကာပူသို့ စုစုပေါင်းကီလိုမီတာ ၂၅၀၀ခန့် ခရီးကို သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးများ၊ ၀န်ချီစက်ကြီးများ မရှိသေးတဲ့ ခေတ်ကာလ အခြေအနေမှာ အခက်အခဲ ပေါင်းများစွာဖြင့် ကုန်းတစ်တန် ရေတစ်တန်ဖြင့်သယ်ယူ လာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၂၁ခုနှစ်မှာ ရုပ်ပွားတော်မြတ်ကြီးမှာ အပွန်းအပဲ့ တစ်စုံတစ်ရာ မရှိပဲ စင်္ကာပူနို င်ငံသို့ ရောက်ရှိလာခဲ့တာပါ။

ဒီလိုဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား စင်္ကာပူနိုင်ငံသို့ ပင့်ဆောင် ပူဇော်နိုင်ခြင်းဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ထူးခြားတဲ့ အောင်မြင်မှုကြီး ပဲဖြစ်ပါတယ်။ အဘဦးကျော်ဂေါင်ရဲ့ မြတ်ဗုဒ္ဓအပေါ် မမှတ်မသုန် ယုံကြည်ခြင်း စိတ်အားထက်သန်ခြင်းနဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ဇွဲလုံ့လ၀ီရိယ စိုက်ထုတ် ကြိုးပမ်းလုပ်ဆောင် နိုင်ခြင်းတို့မှာ ဤအောင်မြင်မှု့၏ အကြောင်းရင်းခံ ပဲဖြစ်ပါတယ်။ အဘဦးကျော်ဂေါင်ရဲ့ ကျေးဇူးကြောင့် ယခုလိုမျိုး အဝေးမြေရပ်မှာ မြန်မာတွေအတွက် ဘုရားရိပ် တရားရိပ်လေး နဲ့ ကိုယ့်ရဲ့ ထေရ၀ါဒ အမိမြန်မာနိုင်ငံ မှာလိုမျိုး ငြိမ်းငြိမ်းချမ်ချမ်းနဲ့ ပူဇော်ခွင့်၊ဖူးမြော်ခွင့် ရနေတာ မဟုတ်လား ပါလားရှင်။ ဒါကြောင့် အဘရဲ့ ဂုဏ်ကျေးဇူးတွေကိုဒီ DREAM BLOG နေရာက နေပြီး ပူဇော်လိုက်ပါတယ်။

အဘဦးကျော်ဂေါင်ရဲ့ မြင့်မြတ်တဲ့ သာသနာပြု
လုပ်ငန်းတွေကိုလည်း သာဓုခေါ်ပါတယ်။

၁၉၃၅ခုနှစ်မှာ ဘုရားဒကာကြီး အဘဦးကျော်ဂေါင် အသက်၆၉နှစ်မှာ ဘ၀တပါးသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဘဦးကျော်ဂေါင်ရဲ့ အထုပ္ပတ္တိကို ဖတ်ချင်ရင် ဘုန်းကြီးကျောင်းရဲ့ ဒုတိယထပ်မှာ အဘဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းကို ရေးသားထားပါတယ်။

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စကင်ဒီနေးဗီးယား] 2 New Entries: VOB680

VOB680

VOB679

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We She Me] 1 New Entry: ကင်ဘာရာ ခရီးစဉ် - Parliamentary Triangle

ကင်ဘာရာ ခရီးစဉ် - Parliamentary Triangle

ပါလီမန် အဆောက်အဦးကနေ ထွက်ပြီးတော့ Questacon ကို သွားတယ်။ Questacon ဆိုတာ Science Centre ပါ။ စင်္ကာပူက Science Center လိုပါပဲ။ အထဲမှာ ထူးထူးဆန်းဆန်းလေးတွေ ရှိတယ်။ ကင်ဘာရာ မှာ လျှောက်လည်သမျှမှ ဒီတစ်နေရာမှာတော့ ၀င်ကြေးပေးရတယ်။ ကလေးတွေ အတွက် လုပ်ထားတယ် ဆိုပေမည့် လူကြီးတွေ အတွက်လည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ သွားလည်ကြတဲ့ ကလေးတွေက အကုန် ငယ်သေးတော့ သူတို့ အတွက်တော့ စိတ်ဝင်စားစရာ ကောင်းပေမယ့် နားလည်တယ်တော့ မဟုတ်ဘူးပေါ့။ တခြားကလေးတွေ ဆော့နေတာတွေ့ရတော့ သူတို့ အတွက် ပျော်စရာ ကောင်းပါတယ်။

ပြီးတော့ Australian War Memorial ကို သွားကြတယ်။ ရန်ကုန်က စစ်သမိုင်း ပြတိုက်လိုပေါ့။ အထဲမှာ အတော့်ကို စုံလင်ပြီး ကြည့်မဆုံးနိုင်အောင် ရှိလှပါတယ်။ ပြကွက်တွေကလည်း စိတ်ဝင်စားစရာ ကောင်းပြီး တကယ် လေ့လာသူတွေ အတွက်ဆိုရင် အင်မတန်ကောင်းပါတယ်။ တကယ်တော့ ဒီအဆောက်အဦးဟာ သြစတြေလျ စစ်သမိုင်း အောက်မေ့ဖွယ် အတွက်ပါ။ ပြတိုက်က စုံလင်ပြီး ကြည့်လို့ ကောင်းပေမယ် ပြတိုက်ဟာ အဓိက ရည်ရွယ်ချက် မဟုတ်ပါဘူး။ အဆောက်အဦး ပုံစံကြီးကိုက ကြည့်လိုက်ရင် ဂူဗိမ္မာန် အကြီးစားလိုပါပဲ။ အရောင်ကလည်း မှိုင်းပြပြနဲ့ အောက်မေ့ဖွယ် ကောင်းလှပါတယ်။ ဒီအဆောက်အဦးရယ်၊ ပါလီမန်ရယ်က တတန်းတည်း ရှိနေပါတယ်။ ပါလီမန်ကနေ လှမ်းကြည့်လိုက်ရင် တောင်ခြေမှာ မှိုင်းပြပြနဲ့ မြင်နေရသလို၊ ဒီဘက်ကနေ လှမ်းကြည့်လိုက်ရင်လည်း ပါလီမန်ကို ၀င့်ဝင့်ကြွားကြွား မြင်နေရပါတယ်။ အဆောက်အဦးတွေ ပုံစံကို ကြည့်ရုံနဲ့ အတိတ်နဲ့ မျက်မှောက်ကာလကို ပီပီပြင်ပြင် ခံစားရနိုင်ပါတယ်။

 
ဒီအဆောက်အဦးတွေက တတန်းတည်း ပေမယ့် တကယ် နာမည်ကြီးတာကတော့ `ပါလီမန် တြိဂံ´ (Parliamentary Triangle) ပါ။ ပါလီမန် တြိဂံ ဆိုတာ ပါလီမန် အပါအ၀င် အဆောက်အဦး ၃ ခုက (ဖိုခုံလောက်) ဖိုခုံနောက်ဆိုင်သလို တည်ရှိ တည်ဆောက်ထားတာပါ။ ပါလီမန် အဆောက်အဦးက ကြိဂံ ထိပ်မှာ ရှိပြီး အခြေမှာ မြို့တော်ခန်းမနဲ့ စစ်ဦးစီချုပ်ရုံးက တည်ရှိနေတာပါ။
 
အဓိပ္ပါယ်ကတော့ အထွေအထူး ရှင်းပြစရာ မလိုပါဘူး။ `တပ်မတော်သာ အမိ တပ်မတော်သာ အဖ´ ဆိုပြီး စစ်တပ်ကို ဦးထိပ်တင်စေတာ စစ်အစိုးရ ဖြစ်နေတာ မဆန်းသလို၊ စစ်တပ်၊ ပြည်သူနဲ့ အစိုးရဟာ ဖိုခုံနောက်တွေလို နိုင်ငံ တစ်နိုင်ငံလုံးကို ပင့်ထောက် မတင်စေတယ် ဆိုပြီး သြစတြေလျ အစိုးရ ရုံးစိုက်ရာ ကင်ဘာရာမှာ ပါလီမန် တြိဂံကို အကွက်ချထားတာပါ။  ဒီပုံမှာ အညိုရောင်လိုင်းဟာ Land Axis (ကုန်းမြေ ၀င်ရိုးတန်း)ပါ။ ကုန်းမြေ ၀င်ရိုးတန်း တလျှောက်မှာ စစ်သမိုင်း အောက်မေ့ဖွယ်ရာ ပြတိုက် ရှိရာ Mount Ainslie ၊ ပါလီမန် အဆောက်အဦး ရှိရာ Capital Hill နဲ့ သူ့နောက်က Red Hill နဲ့ Mount Bimberi တို့ တတန်းတည်း တည်ရှိနေပါတယ်။ အပြာရောင် လိုင်းကတော့ Water Axis ပါ။ ရေပြင် ၀င်ရိုးတန်း တလျှောက်မှာတော့ Lake Burley Griffin ရှိပါတယ်။ ဒီရေကန်ရဲ့ နာမည်က ကင်ဘာရာ မြို့ကို အကွက်ချ တည်ပေးခဲ့တဲ့ အမေရိကန် ဗိသုကာရဲ့ နာမည်ကို ဂုဏ်ပြုပြီး ပေးထားတာပါ။ ကင်ဘာရာက ပါလီမန် တြိဂံဟာ ၀ါရှင်တန် ဒီစီကို အမှတ်ရစေပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန် ဒီစီကို ကျွန်တော် ၂ ခေါက် သွားလည် ဖြစ်ပါတယ်။ အင်မတန်ကြိုက်ပြီး တစ်သက် မမေ့စရာ ခရီးတစ်ခုပါပဲ။ Smithsonian Station ကနေ တက်လိုက်တာနဲ့ Capitol အဆောက်အအုံကြီးကို ဘွားကနဲ့ တွေ့လိုက်ရတာကို မှတ်မိပါသေးတယ်။ မရောက်ဖူးခဲ့ပေမယ့် ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ ကြည့်ပြီး ရင်းနှီးနေတဲ့ Capitol အဆောက်အဦးကြီးကို ပထမဆုံး အကြိမ်ဆိုတော့ အတော့်ကို ကြီးကျယ်ခမ်းနားတာပါ။ ကြည့်နေလို့ မပြီးသေးဘူး အနောက်ကို လှည့်ကြည့်လိုက်ပါဦး ဆိုလို သမင်လည်ပြန် လှည့်ကြည့်လိုက်တော့ ၀ါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်ကြီးကို တွေ့လိုက်ရ ပြန်ရော။ နောက်တော့ မြေပုံ ကြည့်လိုက်မှ အဆောက်အဦးတွေ တည်ရှိနေပုံကို အသေအချာ တွေ့လိုက်ရတာပါ။


ဒီပုံမှာ နာရီ လက်တံလို ကြည့်မယ်ဆိုရင် ဗဟိုမှာ Washington Monument ကျောက်တိုင် ရှိပါတယ်။ ၁၂ နာရီမှာ အိမ်ဖြူတော် ရှိပြီး ၃ နာရီမှာ Capitol အဆော်အအုံကြီး တည်ရှိပါတယ်။ အောက်ခြေမှာတော့ Jefferson Memorial တည်ရှိပါတယ်။ မြစ်ဝှမ်းတစ်ခုက ရေအိုင်လိုမျိုး ဖြစ်နေပြီး အဲဒီနား တ၀ိုက်က သာသာယာယာ ရှိလှပါတယ်။ တဖက်မှာတော့ ပိုတိုမက် မြစ်ကမ်းမှာ Lincoln National Memorial က ခန့်ခန့်ညားညား တည်ရှိပါတယ်။
...AND THAT GOVERNMENT OF THE PEOPLE, BY THE PEOPLE, OF THE PEOPLE SHALL NOT PERISH FROM THE EARTH.
ဆိုပြီး အဆုံးသပ်တဲ့ လင်ကွန်းရဲ့ မိန့်ခွန်းကို ကျောက်ပြားမှာ ရေးထိုးထားပါတယ်။ Lincoln Memorial နဲ့ ဗဟိုက Washington Memorial ကြားမှာ Reflecting Pool ရှိပြီး ကန်ထဲမှာ ကျောက်တိုင် အရိပ်ကို လှမ်းမြင်နေရပါတယ်။ Forrest Gump ထဲမှာ ဗီယက်နမ် စစ် ဆန့်ကျင်ရေး တရားဟောနေတုန်း သူ့ကောင်မလေး Jenny ရေထဲကနေ တက်လာတဲ့ နေရာပေါ့။ Google Maps မှာ "Washington D.C" ဆိုပြီး ရှာကြည့်ပြီး Virtual Tour လုပ်ကြည့်မယ်ဆိုရင် အသေအချာ မြင်ရပါတယ်။ တစ်ခါတည်း အနားမှာ ရှိတဲ့ Pentagon အဆောက်အဦးကို ရှာကြည့်လိုက်ပါဦး။ အဆောက်အဦးက ဘာပုံစံ ရှိတယ်၊ ဘယ်နားမှာလည်း ဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းအောင် ထိန်ချန်ထားလိုက်ပါမယ်။

PutraJaya Square
ကင်ဘာရာလို Planned City တစ်ခုကတော့ မလေးရှားနိုင်ငံက Putra Jaya ဆိုတဲ့ အစိုးရ ရုံးစိုက်ရာ မြို့ပါ။ ငွေကို သောက်သောက်လဲ အကုန်ခံပြီး ဆောက်ထားတာပါ။ လူလုပ် ရေကန်တွေနဲ့ ကြည့်ကောင်းပါတယ်။ ကွာလာလမ်ပူနဲ့ နီးနီးနားနားမှာ တည်ရှိတာ ကောင်းတဲ့ အချက်ပါ။ သူကလည်း Australia Capital Territory တို့လို၊ Washington DC တို့လို ပြည်နယ်တစ်ခု သပ်သပ်ပါပဲ။ မလေးထုံးစံ အငွေ့အသက်တွေနဲ့ အဆောက်အဦးတွေကို အသေအချာ ဒီဇိုင်းထုတ် ဆောက်လုပ်ထားတာ တွေ့မိပါတယ်။ ကျွန်တော်တို့ (ကလေးတွေ မရှိတုန်းက လွတ်လွတ်လပ်လပ် အဟဲ) သွားလည်တုန်းက ရောက်ဖူးတယ် ဆိုရုံပဲ ရောက်ခဲ့ပါတယ်။ အသေအချာ လည်ပတ်လိုက်ဖို့ အခွင့်အရေး မရလို့ စုံနှံ့အောင်တော့ မရောက်လိုက်ပါဘူး။ ကြည့်လိုက်ရုံနဲ့တော့ ကြိုက်ပါတယ်။ တလောကတော့ အဲဒီက အဆောက်အဦးတွေမှာ မျက်နှာကျက် ပြိုကျတာတို့ ရေယိုတာတို့ ဖြစ်လို့ မျက်နှာပျက်ရတဲ့ သတင်းတွေတော့ ကြားမိပါတယ်။ ဘာလိုပဲဖြစ်ဖြစ် အဲဒီမြို့ကိုလည်း ကြိုက်ပါတယ်။

မြို့ကွက်တွေ အကြောင်း ပြောရာမှာကိုယ့်နိုင်ငံ အကြောင်းလည်း ချန်ထားလို့ မဖြစ်ချေဘူး။ မြန်မာပြည်မှာလည်း မကောင်းသည် ဖြစ်စေ အသုံးမကျသည် ဖြစ်စေ တကယ့် အစိုးရဆိုတာ ရှိတုန်းက အမတ်တွေ လွှတ်တော်တက်တဲ့ ပြည်သူ့လွှတ်တော်ကို တီဗွီမှာ ကြည့်ဖူးတာ ရေးရေး မှတ်မိပါတယ်။ နောက်ပိုင်းမှာတော့ အနည်းဆုံးတော့ ပြည်ထောင်စုနေ့ ညစာစားပွဲတို့၊ ကျောင်းသားတွေကို စာစီစာကုံး ဆုပေးပွဲ လုပ်တဲ့ အခါမှာတော့ လွှတ်တော် ခန်းမကို မမြင်ရပေမယ့် ပြည်သူ့ လွှတ်တော်ကိုတော့ အနည်းအကျဉ်း မြင်ရပါသေးတယ်။ ဗိသုကာ ကျောင်းသူတစ်ယောက်ရဲ့ ဆုရ လက်ရာ ပြည်သူ့လွှတ်တော်ဟာ ဂန္ဓ၀င်အဆောက်အအုံ ဒီဇိုင်း မမည်လောက်ပေမည့် သူ့ဟာနဲ့ သူတော့ မဆိုးလှပါဘူး။ အမိနိုင်ငံကို ကိုယ်စားပြု နတ်သမီးပုံ ရုပ်ထုနဲ့ အတွင်းဘက် ဒီဇိုင်းတွေဟာ ထိပ်ဆုံး မရောက်ပေမည့် စံတော့ မီပါတယ်။


မြန်မာပြည်က (ယခင်) ပြည်သူ့ လွှတ်တော် အဆောက်အဦးကလည်း ဗုဒ္ဓဘာသာ တိုင်းပြည်ပီပီ ရွှေတိဂုံ ဘုရားနဲ့ တတန်းတည်းမှာ ရှိနေပါတယ်။ ဒါကတော့ ဗိသုကာဆိုင်ရာ လက်ရာပါ။ဘုရား ရှေ့ထားပြီး လွှတ်တော် ခေါ်တိုင်း ထောက်ခံမဲတွေ အုံးအုံးကျွက်ကျွက် လိမ်ညာ ပေးခဲ့ကြတာကတော့ နိုင်ငံရေးပါ။ အခုလည်း စစ်အစိုးရက မြို့တော်ကို ပျဉ်းမနားအနီး ပြောင်းရွှေ့ပြီး မြို့သစ်တည်တာ ဘာကြောင့်မှန်း နားမလည်လောက်ပေမည့် ကုန်ကျသမျှ ပိုက်ဆံတွေဟာ အကျိုးရှိရှိ အဓိပ္ပါယ်ရှိရှိ အဆင့်အတန်း ရှိရှိတော့ ဖြစ်သင့်ပါတယ်။

ဒါတွေဟာ ကျွန်တော်ကြုံဖူးတဲ့ စိတ်ဝင်စားပြီး နှစ်သက်ခဲ့တဲ့ အဆောက်အဦးတွေ တည်ရှိပုံပါ။ ကင်ဘာရာ ခရီးမှာ ပန်းတွေဟာ သူမတို့ အဘွား၊ အမေ၊ သမီးတွေအတွက် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်ခဲ့သလို မြို့တည်ထားပုံ၊ အဆောက်အဦးတွေဟာလည်း ကျွန်တော်အတွက် စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ ကင်ဘာရာမှာ တခြားလည်စရာတွေ အများကြီး ကျန်သေးပေမယ့် ကလေးတွေနဲ့ သွားတာဆိုတော့ အချိန်မပေးနိုင်လို့ နောက်အခေါက်တွေ သွားလည်ရပါဦမယ်။

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: တစ်နေ့တာ အလွဲ(3)

တစ်နေ့တာ အလွဲ(3)

တစ်နေ့တာ အလွဲ(1)ဖတ်ချင်ပါက :z
တစ်နေ့တာ အလွဲ(2)ဖတ်ချင်ပါက :z

ဒီလိုနဲ့ပဲ စာကြည့်ရင်းနဲ့ ခရီးသွားဧည့်လမ်းညွှန်သင်တန်းကျောင်းရှိရာကို ရောက်လာခဲ့တယ်။ ;) နာရီကြည့်လိုက်တော့ စာမေးပွဲဖြေရမယ့် အချိန်ကို မိနစ်နှစ်ဆယ်ကျော်နေပြီ။ အမြန်လွယ်အိတ်ကောက်ယူ၊ မေမေ့ကို နှုတ်ဆက်ပြီး စာမေးပွဲဖြေရမယ့် အဆောက်အဦးထဲလည်း ဝင်ရော၊ လုံခြုံရေးအစောင့်က သိပ်ပေးမဝင်ချင်ဘူး။ သင်တန်းသားကဒ်ပြပြီး "ကျောင်းအုပ်ဆရာကြီးကို အကျိုးအကြောင်းပြောထားပါတယ်။ ဒါကြောင့် ဝင်ခွင့်ပေးပါနော်" လို့ လေသံပျော့ပျော့နဲ့ ပြောမှ အင်တင်တင်နဲ့ ဝင်ခွင့်ပေးတယ်သိလား။ :y စာမေးပွဲက သုံးထပ်မှာ ဖြေရတာပါ။ အစောင့်က ခွင့်ပြုတာနဲ့ လှေကားကို အမြန်ပြေးတက်ရသေးတယ်။ ဟူး ...........မောမှ မော။ စာမေးပွဲခန်းကလည်း (3)ခန်းတောင်ရှိတာ၊ ဘယ်အခန်းမှန်းမသိလို့ အပြင်မှာ စောင့်နေတဲ့ ဆရာမကို မေးရသေးတယ်။ :p အခန်းရှာတွေ့လို့ ဝင်သွားတော့ သူများတွေက ဖြေနေပြီ။ ဆရာမကို မချိပြုံးလေးပြုံးပြပြီး မေးခွန်းစာရွက်လှမ်းတောင်းရသေးတယ်။ အချိန်နောက်ကျလို့ မပေးချင် ပေးချင်နဲ့ပေမယ့် ကျောင်းအုပ်ကြီး က ပြောထားပေးတော့ စာရွက်လာဝေပေးပါတယ်။ သူငယ်ချင်းတွေက အခုမှ ရောက်လာလို့ ပြူးကြောင်ကြောင်နဲ့ ကြည့်တယ်သိလား။ :d သူတို့က နောက်ကျနေတော့ လာမဖြေတော့ဘူးလို့ ထင်နေတာ။ ;) သူတို့ကိုလည်း မျက်လုံးနဲ့ နှုတ်ဆက်လိုက်တယ်။ ဟိ ဟိ၊စကားပြောလို့ မရလို့လေ ။ :z

စာမေးပွဲစဖြေပါပြီ။ :z လူတစ်ယောက်ကို တစ်ခုံထိုင်ရတာလေ။ တစ်ယောက်က ဘယ်ဆို၊ နောက်တစ်ယောက်က ညာပေါ့နော်။ ကျမက ညာဘက်ခြမ်းမှာ ကျတယ်သိလား။ တော်တော်စိတ်ညစ်ဖို့ကောင်းလိုက်တာ။ မှန်ကနေတစ်ဆင့် နေအရမ်းထိုးလို့လေ။ စာရွက်က အဖြုကို နေထိုးတော့ ခေါင်းငုံ့ပြီး ဖြေနေရတဲ့ ကျမမှာ မျက်စိစူးလွန်းလို့ မေးခွန်းတောင် သေချာမမြင်။ ခဏတော့ သည်းငြီးခံပြီး ဖြေသေးတယ်။ ကြာလာတော့ မခံနိုင်တာနဲ့ ဆရာမကို ခေါ်ပြီး နေရာနည်းနည်း ရွှေ့ခွင့်တောင်းလိုက်တယ်။ ဆရာမက အစထဲက သိပ်မကြည်ပါဘူးဆို အခုလို ဂဂျီဂဂျောင်ကျတော့ ပိုတောင်မကြည်တော့ဘူး။ ဘုကြည့်ကြည့်တယ်သိလား။ ဟိ ဟိ၊ ကံကောင်းချင်တော့ နောက်ဆရာမတစ်ယောက်က အခုနက ဆရာမအစား "ရွှေ့ရွှေ့" လို့ ဝင်ပြောပေးတယ်။ ကျမလည်း ခွင့်ပြုချက်ရရချင်းပဲ ထိုင်ခုံအလယ်လောက်ကို ပြောင်းဖြေလိုက်တော့တယ်။ :z စာတွေကလည်း ခက်လိုက်တာ။ ဘာတွေမှန်းကို မသိ၊ ခေါင်းကလည်း မူးနေပြီ။ ဒီကြားထဲ ၊ ဝတ်ထားတဲ့ ပါတိတ်ဝမ်းဆက်က တော်တော်ဒုက္ခပေးတယ်သိလား။ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ။ မြန်မာဝတ်စုံဆိုတာ ပွဲလမ်းသဘင်တို့ ဘာတို့သွားရင်သာ ကျက်သရေရှိရှိ လှတာ။ စာမေးပွဲလို နေရာကြီးမှာ မြန်မာဝတ်စုံနဲ့ ဆိုတော့ ဟင့် ဟင့်။ လက်ကလက်ရှည်နဲ့ စာရေးရတာ မလွတ်လပ်၊ စာတွေကလည်း အများကြီးနဲ့ ။ :c

အဲဒီ၊ ခရီးသွားဧည့်လမ်းညွှန်သင်တန်းကြီးပေါ့။ စတက်ကတည်းက ဝတ်လိုက်ရတဲ့ မြန်မာဝတ်စုံ၊ သင်တန်းပြီးခါနီးလို့ စာမေးပွဲ ဖြေတဲ့အချိန်ထိ ဒီမြန်မာဝတ်စုံပဲ။ ပူက ပူ၊ အိုက်က အိုက်နဲ့၊ စာမေးပွဲဖြေရတဲ့အထဲ ဒီဝတ်စုံ ကျဉ်းကျဉ်းကျပ်ကျပ်ကြီးနဲ့ စာမေးပွဲဖြေနေရတဲ့ သင်တန်းသူတွေအဖြစ်ကို ကြည့်ကြပါအုန်းရှင်။ အမျိုးသားတွေဆို ပိုဆိုးသေး။ တိုက်ပုံကြီးဝတ်ပြီး စာမေးပွဲဖြေရတယ်။ ပိုတောင် သနားဖို့ကောင်းတယ်နော်။ ;)

ရေးဖြေစာမေးပွဲပြီးတော့ နှုတ်ဖြေစာမေးပွဲလည်း ဖြေရသေးတယ်ရှင့်။ အဲဒီနေ့ပဲလား။ နောက်တစ်နေ့လား သေချာမမှတ်မိတော့လို့ ထည့်မရေးတော့ဘူးနော်။ ဘာလိုလိုနဲ့ စာမေးပွဲကြီးနှစ်ခုကို ဖြေဆိုနိုင်ခဲ့ပါတယ်။ အဲ၊ စာမေးပွဲလည်း ပြီးရော ဘယ်အချိန်ထဲက ဆာနေမှန်းမသိတဲ့ အစာအိမ်က ဆန္ဒပြတော့တယ်သိလား။ ဟိ ဟိ။ အဲဒါနဲ့ Million Coin မှာ ကြေးအိုးဆီချက်စား၊ Melon Soda သောက်လိုက်ရတော့တယ်။ :z

စကားမစပ်၊ ဗရုတ်သုခနေ့တစ်နေ့အကြောင်းကို TAG ထားသော ကိုပုလုကွေး နဲ့ ကိုဖြိုးဝေတိုးတို့ရေ။
TAG post ကို အရှည်ကြီး ရေးပေးလိုက်တယ်နော်။ ;)

ရေးပြီးပြီဆိုတော့ ထုံးစံအတိုင်း TAG ရအုန်းမယ်လေ။ :z :z ဒီတစ်ခါတော့ နည်းနည်းပဲ TAG တော့မယ်။ အရင်TAG ကိုတောင် မရေးပေးတဲ့လူတွေ အများကြီးဆိုတော့၊
မမဆောင်းက ရေးပေးမယ်လို့ ကတိပေးထား၊
ကိုRepulic လေးက မသိချင်ယောင်ဆောင်နေ၊
မမမြတ်နိုးက မအားသေး၊
ကိုဝေက ဘယ်ရောက်နေမှန်းမသိ။

ဟိ ဟိ။ ပြောရင်းပြောရင်းနဲ့ အတင်းတုတ်သလိုဖြစ်နေပြီ။ ;) အဲလိုမျိုးဆိုတော့ အခု ဒီPost ကို မရေးရသေးဘူးလို့ ထင်တဲ့ သုံးယောက်ကိုပဲ TAG တော့မယ်။ :z

ကံဆိုးသူမောင်ရှင်(အဲလေ၊ ဟုတ်ပါဘူး)ကံကောင်းသူအစ်ကိုကြီးများကတော့
ကိုမိုးပြေး၊
ကိုဝင်းဇော်၊
ကိုရှင်ရဲထွတ် တို့ ပဲဖြစ်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်။ ဒူ......ဝေ......ဝေ။ :z


:z မနေ့က နေမကောင်းလို့ စာဆက်မရေးနိုင်လို့ ဒီနေ့မှ ရေးလိုက်ရတာ စိတ်ဆိုးရဘူးနော်။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.