Monday, October 20, 2008

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 1 New Entry: ဗရုတ်သုတ်ခ ကျတဲ့ နေ့တစ်နေ့ ...

ဗရုတ်သုတ်ခ ကျတဲ့ နေ့တစ်နေ့ ...

မင်္ဂလာပါဗျာ။ ခင်မင်ရပါတဲ့ မမဝါ ရဲ့ ဒုတိယမြောက် တက်ဂ်ထားတာလေးပါ။ ဒီတစ်ခေါက် မမဝါ လက်စွမ်းပြထားတာ ၂၂ ယောက်တောင်ဖြစ်နေပါတယ်။ ဟီး... ကံထူးရှင်တွေ အများကြီးပဲနော်... အခုတလော ဘလော့ဂ်တွေမှာ တက်ဂ်ဂိမ်းလေးတွေ ခေတ်စားနေပါတယ်။ အဟေးဟေး... သူကတက်ဂ်လိုက်၊ ကိုယ်ကပြန်တက်ဂ်လိုက်နဲ့ ပျော်စရာကြီးနော်... တက်ဂ်ကြွေးပိနေတဲ့ သူတွေကတော့ ခေါင်းမဖော်တမ်း အပြတ်ရေးနေကြရတော့တာပေါ့။ လူချစ်လူခင် များတဲ့သူတွေဆိုရင်... အင်း... မတွေးရဲစရာ... ဟီး....

ဗရုတ်သုတ်ခ အကျဆုံးနေ့ တဲ့။ ဗရုတ်သုတ်ခ ကျတဲ့နေ့လေးတွေ များလွန်းလို့ ဘာရေးရင်ကောင်းမလဲ ဆိုတာ စဉ်းစားရင်းနဲ့ ဆံပင်တောင် တော်တော်ဖြူသွားတယ်။ အဟဲ...
နောက်ဆုံးတော့ အခုလောလောလတ်လတ် ဗရုတ်သုတ်ခ ကျတဲ့နေ့လေးတစ်နေ့ကို အမှတ်တရ ပို့စ်တင်လိုက်ပါတယ်ဗျာ။

အောက်တိုဘာလ-၁၀ ရက်နေ့။ 雙十節 လို့အမည်ရတဲ့ Double Ten(th) Day မှာပါ။ ရုံးပိတ်ရက်ဖြစ်တာကြောင့် ပူတူတူးလေးရဲ့ အစ်မနဲ့ ခင်ပွန်းလဲ အိမ်ကို အလည် ရောက်လာပါတယ်။ အဲဒီနေ့က နေသာပြီး ရာသီဥတု အရမ်းသာယာပါတယ်။ ဒါနဲ့ပဲ ကျွန်တော် မရောက်ဖူးသေးတဲ့ ကျီးလုံမြို့ ( 基隆 )လေးက ကျုံးကျင့် ဥယျာဉ်လေး ( 中正公園 ) ကို အလည်သွားဖို့ စိတ်ကူးရသွားပါတယ်။



အပေါ်ပုံလေးက ကျွန်တော်ရဲ့ စီးတော်ယာဉ်လေးပါ။ ရှုစားကြပါကုန် ။ ဟီး... ကျွန်တော်နဲ့ ပူတူတူးလေးက တစ်စီး၊ သူတို့ စုံတွဲက တစ်စီး ဆိုင်ကယ်နဲ့ ပျော်ပျော်ပါးပါးသွားကြပါတယ်။ ဇာတ်လမ်းကအခုမှ စပါတယ်။ ဒန် တန့် တန့်.....

မြို့ထဲမှာ မြေအောက်လှိုဏ်ခေါင်းလမ်းတွေ အများကြီးရှိပါတယ်။ သွားရမဲ့လမ်းမသိတော့ နောက်ကပဲ follow လိုက်ပါတယ်။ ဟီး... မြေအောက်လှိုဏ်ခေါင်းကအထွက်မှာ သူတို့က ညာကွေ့သွားတော့ တားတားလဲ လိုက်ကွေ့တာပေါ့။ ဆိုင်ကယ် သုံးလေးစီး၊ ရဲဆိုင်ကယ် အပါအဝင် လမ်းဘေးမှာ ရပ်ထားတာ တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး နှလုံးခုန်တာ တဒိန်းဒိန်းဒိန်း နဲ့ပေါ့။ သူတို့ဆိုင်ကယ်ကို ရဲကအရင်တားပါတယ်။ ဘုရား၊ ဘုရား... ရဲဖမ်းပြီ ဆိုတာသိလိုက်ပါတယ်။ ဟီးဟီး... တားတားလဲ မမြင်ချင်ယောင်ဆောင်ပြီး ဆက်မောင်းမလို့ ။ ... မရပါဘူး။ အတင်းတားပါတယ်... ဒါနဲ့ပဲ သဘောကောင်းတဲ့ရဲကြီးနဲ့ အချေအတင်ဆွေးနွေးရင်း အတူတူသွားမှန်းသိလို့ နှစ်စီးစာ ဒဏ်မရိုက်ပဲ Discount တစ်စီးစာပဲ ရိုက်လိုက်လို့ $ *** ထွက်သွားပါတော့တယ်။ ပလုံ ပလုံ ပလုံ.....

လမ်းတစ်ဝက်လောက်လဲ ရောက်ရော ချစ်ချစ်တောက်ပူနေတဲ့ နေမင်းကြီး ဘယ်ရောက် သွားမှန်းမသိတော့ပါ။ ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံး မှောင်မဲပြီး မိုးသဲသဲမဲမဲ ရွာပါတော့တယ်ဗျာ။ ဒုက္ခော.. ကိုယ်ကျိုးတော့နဲပြီ ။ ဒါနဲ့ပဲ မိုးကာအင်္ကျီ အမြန်အမြန်ဝတ်၊ မိုးထဲရေထဲမှာ ဇွဲနပဲ ကြီးစွာနဲ့ ခရီးဆက်ရပါတော့တယ်။ ဘရူး.. ဘရူး.... မိုးအရမ်းသဲတော့ ဆိုင်ကယ်ဦးထုပ် လေကာမှန်ကနေမြင်ရတဲ့ မြင်ကွင်းကလဲ ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ ဗရုတ်သုတ်ခကျလိုက်တာ မပြောပါနဲ့တော့။ မမြင်မစမ်းနဲ့ တစ်နာရီကျော်မောင်းလိုက်တာ နောက်ဆုံးတော့ ဥယျာဉ်ကို ဘုရားမလို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတော့တယ်။ ဟူး....

သွားချင်တဲ့နေရာက တောင်ပေါ်မှာပါ။ မသွားခင်က ရာသီဥတု အရမ်း သာယာနေတော့ ထီးမယူလာမိကြဘူးလေ။ အနီးအနားမှာ ထီးရောင်းတာ မတွေ့တာနဲ့ မထူးပါဘူးဆိုပြီး လေးယောက်သား မိုးကာအင်္ကျီ၊ ဆိုင်ကယ်ဦးထုပ်ကိုယ်စီဆောင်းပြီး ကိုးရိုးကားရားနဲ့ တောင်စတက်ပါတော့တယ်။ ဟီးဟီး... ဒန် တန်တန်...


ဒီပို့စ်လေးထဲက ပုံတချို့ကို အင်တာနက်က ဒေါင်းလုဒ် လုပ်ထားတာပါ။ မိုးအရမ်းရွာနေတော့ ကင်မရာ လက်စွမ်းပြခွင့်မရလိုက်ပါဘူး။ ဟီး.. တောင်ပေါ်ကနေ အပေါ်စီးမြင်ရတဲ့ မြင်ကွင်းလေးပါ။





အဓိကကတော့ တောင်ထိပ်က ကွမ်းရင်းမယ်တော် (觀音) ရုပ်တုကို ဖူးမျှော်ဖို့ပါ။ ရုပ်တုကတော်တော်လေးကို ကြီးမားပါတယ်။ ရုပ်တု အတွင်းဘက်မှာ စင်ကာပူ စင်တိုဇာက မာလိုင်းယင်းလို အခေါင်းပေါက်ပါ။ အပေါ်အထိလှေကားနဲ့ တက်လို့ရပါတယ်။ အောက်ပုံလေးက ရုပ်တု အတွင်းဘက်မှာ ရိုက်ထားတာပါဗျာ။





တောင်ပေါ်ရောက်တော့ လူတွေက မိုးကာအင်္ကျီဖိုးရိုးဖားရားနဲ့ ကျွန်တော်တို့လေးယောက်ကို အထူးအဆန်း ဝိုင်းကြည့်... ဟီးဟီး... မော်ဒယ်ဘွိုင်း၊ မော်ဒယ်ဂဲလ်လေး တွေဆိုတော့လဲ ကြည့်ပါစေပေါ့... နောက်မှ ဈေးဆိုင်တွေ့လို့ ထီးကို ၃ ဆ ဈေးကြီးပေးပြီး ဝယ်ဆောင်းလိုက်ရပါတော့တယ်။ ပလုံ ပလုံ ပလုံ....




မိုးဖွဲဖွဲလေးအောက်မှာ စတိုင်လ်အသစ်၊ ထီးအသစ်လေးနဲ့ပေါ့။


ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မတက်ဂ်တော့ပါဘူး။ စိတ်ကောင်းတွေဝင်နေတာ။ ဟီးဟီး... အားလုံးသော ဘလော့ဂါ မောင်နှမတွေလဲ ရေးပြီးလောက်ပြီထင်လို့ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.