Monday, October 20, 2008

[Moon Thet Pan] 1 New Entry: အစာအိမ်အောင့်တဲ့အခါ

အစာအိမ်အောင့်တဲ့အခါ

လူအတော်များများဟာ အစာအိမ်အောင့်တဲ့ ရောဂါလက္ခဏာကို ခံစား ဖူးကြမယ်လို့ထင်ပါတယ်။ ယေဘူယျအားဖြင့် ၎င်းရောဂါဟာ လက္ခဏာ အသေးစားလောက်သာဖြစ်ပြီး အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်းအားဖြင့် သက်သာသွားတတ်ကြပါတယ်။

ဒါပေမယ့်တခါတလေမှာတော့ အစာအိမ်မှ အက်ဆစ်ရည်များ လည်ချောင်းထဲကို တက်လာတဲ့အခါ အတော်လေးကို အနေရထိုင်ရခက်တာကို ခံစားကြရမှာပါ။

အစာအိမ်မှ အက်ဆစ်များ အပေါ်သို့လျှံတက်လာခြင်း (Gasteroesophageal reflux disease) GERD ကြောင့် အစာအိမ်အောင့်တတ်သော လက္ခဏဟာ ဆရာဝန်ရော ဝေဒနာရှင်များအတွက်ပါ သတိထားသင့်တဲ့အထဲမှာပါပြီး အချိန်မှီ စစ်ဆေး ကုသမှုများပြုလုပ်ရန် လိုအပ်ပါတယ်။

အစာအိမ်နာကြောင့် အစာအိမ်အောင့်ခြင်း၊ အက်ဆစ် များအစာအိမ်မှ လျှံထွက်လာခြင်းကြောင့် အစာအိမ်အောင့်ခြင်းဟာ ဂရုစိုက်ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ရောဂါများဖြစ်ပါတယ်။ GERD ကိုမကုသပဲထားမယ်ဆိုရင်တော့ အစာမျိုပြွန်လမ်းကြောင်းကို ပျက်စီးစေရုံသာ မက အစာမျိုပြွန်ကင်ဆာ oesophagus cancer ဖြစ်စေနိုင်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်။ တကယ်လို့များ သင့်မှာ အစာအိမ်အောင့်ခြင်းအပါအ၀င် အခြားသော အောက်ပါ ရောဂါလက္ခဏာများ ခံစားနေရမယ်ဆိုရင် သင့်မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး ကုသသင့်ပါတယ်။ အဲဒါတွေကတော့…

  • သင်ခံစားနေရတဲ့ အစာအိမ်အောင့်ခြင်းဟာ ပိုဆိုးရွားလာမယ် အကြိမ် ပိုစိတ်လာမယ်ဆိုရင်
  • အက်ဆစ် ထွက်တာများစေမယ့် အစားအသောက်များကို ရှောင်ရှားခြင်း၊ ညဘက်မှာ အစာပြေစားခြင်း တို့ကို ရှောင်ရှားပြီး သင့်ရဲ့ နေထိုင်မှုပုံစံအတော်များကို သင့်လျော်တဲ့ပုံစံတွေနဲ့ နေတယ်ဆိုရင်တောင် အစာအိမ်အောင့်နေတုန်းပဲ ဆိုရင်
  • အစာမျိုရတာအထူးသဖြင့် အစာမာမာတွေကို မျိုရတာ ခက်နေမယ် မျိုချရင်နာနေမယ်ဆိုရင်
  • သင့်လည်ချောင်းထဲမှာ တခုခုကပ်နေတယ်လို့ ခံစားနေရတယ်ဆိုရင်
  • ခဏခဏ လေချဉ်တက်နေမယ် ပျို့အန်ချင်နေမယ်ဆိုရင်
  • အစာအိမ်အောင့်တာနဲ့အတူ သင့်ခန္ဓာကိုယ် အလေးချိန်ကျသွားမယ်ဆိုရင်
  • သင်ဟာ တပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ထက်ပိုပြီး လေဆေးတွေကို သုံးစွဲနေရမယ်ဆိုရင်
  • အဲဒီလေဆေးတွေက သင့်ကို ဘယ်လိုမှ မကျိုးမသက်ရောက်စေဘူးဆိုရင်
  • သင့်အသံတွေ သြလာတာ၊ အသက်ရှုရင် အသံဆူဆူညံညံမည်လာတာ၊ သင်ရဲ့ပန်းနာရင်ကျပ်ရောဂါ ဟာ ပိုဆိုးရွားလာတာကို သတိထားမိမယ်ဆိုရင်
  • လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ရဲ့ အစာအိမ်အောင့်ခြင်းဟာ ပိုဆိုးရွားလာမယ်ဆိုရင် တို့ဖြစ်ပါတယ်။

တကယ်လို့ အောက်ပါ လက္ခတွေ ဖြစ်လာပြီဆိုရင်တော အချိန်မဆွဲပဲ ဆရာဝန်ဆီကို အမြန်ပြသင့်ပါတယ်။ အဲဒါတွေကတော့

၁။ အစာအိမ်အောင့်တာဟာ အတော်ကလေးကို ဆိုးရွားလာမယ်ဆိုရင် ဒါမှမဟုတ် သွေးအန်မယ်ဆိုရင်

၂။ သွေးဝမ်းသွားမယ်ဆိုရင်

၃။ ရင်ဘတ်အောင့်တာ ၊ ဗိုက်အောင့်တာ၊ မေးရိုးနဲ့ ဂုတ်နားကအောင့်တာ၊ အသက်ရှုကျပ်တာ၊ သွေးခုန်နှုန်းမမှန်တော့တာတွေဟာ တေဖြစ်မယ်ဆိုရင် (တကယ်တော့ အဲဒီလို ရောဂါလက္ခဏာတွေဟာ အရေးပေါ်ဖြစ်တတ်တဲ့ နှလုံးရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ )

Reference: 2008 EverydayHealth.com.

http://www.everydayhealth.com/gerd/diagnosing-GERD/Seeing-the-Doctor-About-Heartburn.aspx?xid=nl_EverydayHealthDigestiveHealth_20080906

မွန်းသက်ပန် (ဆေး-၁)

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.