Monday, October 20, 2008

[:: My Little World ::] 1 New Entry: သရက်သီးစားမလား

သရက်သီးစားမလား

အသီးမှာ သရက်၊ အသားမှာ ၀က်
သရက်သီးစိမ်း

သရက်သီးမှည့်


သရက်သီးစိမ်း ၊ နွယ်ချို၊ ငရုတ်သီးမှုန့် ၊ သကြား၊ ဆား

သရက်သီးစားချင်စိတ်ပေါ်တာ နဲ့  ဆိုင်မှာ သွားဝယ်ဖြစ်တယ်။ သရက်သီး အမှည့်၊ သရက်သီး အစိမ်း၊ သရက်သီး အကင်း ကြိုက်တာဝယ်လို့ ရတယ်။ အစိမ်းပဲ စားချင်တာ နဲ့  သရက်သီး အစိမ်း ၂ လုံး ၀ယ်လာခဲ့တယ်။ ပထမ သရက်သီးကို အစိတ်လေးတွေ စိတ်ပြီး စပ်ထားတဲ့ အမှုန့် နဲ့  တို့ စားတယ်။

အမှုန့် ကို ရသာချို လို အဆင်သင့် စပ်ထားပြီးသား အမှုန့် တွေ မကြိုက်ဘူး။ ကိုယ်ဘာသာ လုပ်ပြီး စားတယ်။ နွယ်ချိုမှု့န် နဲ့  ငရုတ်သီးအကျက် လှော်ထားတာကို ရန်ကုန်က အမြဲ ပို့ ပေးထားပါတယ်။ နွယ်ချို့ မှုန့် က ပရဆေးဆိုင်က ၀ယ်လေ့ရှိပြီ၊ ငရုတ်သီးမှုန့် ကိုတော့ အပြင်က ၀ယ်လေ့မရှိတဲ့ အိမ်မှာ လုပ်တာလို့  သိရတယ်။ ကျွန်မတို့ အိမ်မှာ လုပ်တာတော့ မဟုတ်လောက်ဘူး။ ကြီးတော်ကြီးတွေ အိမ်မှာ ဖြစ်မယ်။ အဲဒီအမှုန့် တွေကို ဆားနဲ့  သကြား ရောပြီး ကျွန်မ ကြိုက်တဲ့ အရသာ ရအောင် စပ်ပြီး စားလေ့ရှိတယ်။ ရန်ကုန် အိမ်တုန်းကဆို အဲဒီလို အမှုန့် တွေကို စပ်ပြီး ပုလင်းနဲ့  ထည့်သိမ်းထားတယ်။ အချဉ်စားချင်တဲ့ အခါ ရှိတဲ့ အသီး (ရာသီကို လိုက်ပြီး သရက်၊ မရမ်း၊ ရှောက်သီး) စတာတွေနဲ့  စားလေ့ရှိတယ်။ ကျွန်မ က အချဉ်ကြိုက်ပေမယ့် အပြင်မှာ ရောင်းတဲ့ အချဉ်ထုတ်တွေ သိပ်မစားတတ်ဘူး။ မကြိုက်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားတယ်။ မရမ်းသီး ပေါ်တဲ့ ရာသီဆို မရမ်းသီးစိမ်းကို သကြား၊ ဆားရည်၊ တခါတလေ အမေခွင့်ပြုရင် ဆေးသကြား တစ်ခဲလောက် ထည့်ပြီး ပုလင်းနဲ့  တည်၊ ကိုယ်ကြိုက်လောက်တဲ့ အနေရမှ စပ်ထားတဲ့ အမှုန့် တွေနဲ့ စားတယ်။ တခါတလေ လည်း ငံပြာရည်၊ ငရုတ်သီး စတာတွေနဲ့  သုတ်စားတယ်။
သရက်သီးသုတ်

ဒီနေ့ လည်း အဲဒီလို သုတ်စားချင်စိတ်ပေါ်တာနဲ့  ၀ယ်ထားတဲ့ သရက်သီးစိမ်းကို သေးသေးလေးတွေ ဖြစ်အောင် ပေါက်(လှီး)ပြီး စပ်စပ်လေး သုတ်စားတာ။ စားလို့ ကောင်းသား။ တခါတလေ စိတ်ကူးပေါက်ရင် ဒီလိုပဲ လုပ်စားပါတယ်။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.