Tuesday, January 6, 2009

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၈)

ဦးနာအောက်၊ အောက် မအောက် (၈)

မှတ်တမ်းများအရ ၁၈၃၈ ခုနှစ်က ရန်ကုန်မြို့ မှာ အိန္ဒိယလူမျိုးစုစုပေါင်း ၁၉ ဦးသာရှိခဲ့ပါတယ်။ဒါပေမယ့် နောက်နှစ်ပေါင်း ၂၀ကျော် ခန့် အကြာ ၁၈၆၂ ခုနှစ်မှာ ရန်ကုန်မြို့ နဲ့ အောက်ဗမာပြည်မှာ အိန္ဒိယ လူမျိုးပေါင်းသိန်း နဲ့ ချီရှိခဲ့ပြီဖြစ်ပါတယ်။ (၁၉၃၇ ခုနှစ် ခွဲရေး-တွဲရေးအရေးမှာ အိန္ဒိယက ဗမာပြည် ခွဲထွက်ခဲ့ပီးတဲ့အချိန်အရောက်မှာ ဗမာနိုင်ငံအတွင်းအခြေချလာကြတဲ့ အိန္ဒိယ လူမျိုးပေါင်း လူဦးရေတစ်သန်းကျော်ရှိခဲ့ပါပြီ။)

ဦးနာအောက်အထုပ္ပတ္တိမှာတော့ဦးနာအောက်ဟာ မယ်ဟောင်စွန် သစ်တော ကြိုးဝိုင်းမှာ အောင်မြင်မှုများ စွာရပြီးမိမိနယ် ကော့နတ်ရွာကိုပြန်လာတဲ့အချိန်မှာ "ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။" လို့ ဆိုထားတာတွေ့ ရပါတယ်။
.
.

ဒီနေရာမှာကျွန်တော့်အနေနဲ့ တော့ ဦးနာအောက်ဟာချစ်တီးတွေကိုတိုက်ခိုက်ချင်ရုံသက်သက်နဲ့ စပါး ရောင်းဝယ်ရေး ထဲဝင်လာတယ်လို့ မယူဆ ချင်ပါ။ ဦးနာအောက်ဟာ ဆိုရရင်ကိုလိုနီခေတ် အရင်း ရှင်စီးပွားရေးမှာ စွန့် ဦးတီထွင်တိုင်းရင်းသားလုပ်ငန်းရှင်၊ ကိုယ်တိုင် အရင်းရှင် လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာပြီဖြစ်တဲ့အတွက်၊ကမ္ဘာမှာဆန်စပါးတင်ပို့ ရာနိုင်ငံ အဖြစ် နံပါတ်တစ်ဦးဆောင်ဖြစ်နေတဲ့ဗမာနိုင်ငံမှာ၊ ကမ္ဘာ့စပါးကျီခေါ် တဲ့မြစ်ဝ ကျွန်းပေါ်ဒေသကြီးမှာ အလျင်အမြန်ထွန်းကားလားတဲ့ ဒီ ဆန်စပါးရောင်းဝယ်ရေး ဈေးကွက်ကြီးကိုမမြင်ဘဲနေမှာမဟုတ်တာပါဘဲ။

နောက်တစ်ချက်က အဲဒိကာလမှာ စကော့တလန် နဲ့ ဥရောပကုန်သည်ကြီး တွေကိုယ်တိုင်ကန့်  သတ်မှု တွေများတဲ့ သစ်ထုတ်လုပ်ငန်းဘက်ကို ဦးစားမပေးတော့ပဲ ဆန်စပါးလုပ်ငန်းမှာ အပြိုင် ၀င်တိုးလုပ်ကိုင်နေတဲ့ အချိန်၊ အိန္ဒိယသားတွေဝင်ရောက်ဈေးကစားနေတဲ့ ဒီဆန်စပါးစီးပွားခွင်ထဲကို အဲဒိအချိန်မှာ တိုင်းရင်းသား စီးပွားရှင်တစ်ဦးအနေနဲ့ ခေတ်ပြောင်းလဲမှု၊ ဈေးကွက် တောင်းဆိုမှုတွေ အရဒီ ဆန်စပါး ရောင်းဝယ်ရေးထဲကို ၀င်ကိုဝင်နွှဲရမှာမလွဲပါ။ ဒီလိုဝင်နွဲတာနဲ့ တပြိုင်နက်အထက်က ဦးနာအောက် အရင်၁၀နှစ်ခန့် စောပြီး လက်ဦးမှုယူထားတဲ့ငွေပိုင်ရှင် ၊အရင်းရှင် ချစ်တီး စီးပွားရေးသမားတွေနဲ့ ထိပ်တိုက် တွေ့ ရတော့မှာလဲမလွဲပါဘူး။

ပထမပိုင်းမှာ ဦးနာအောက်ဟာချစ်တီးတွေနဲ့ စပါးပြိုင်ဝယ်ရာမှာ ၊အရှုံးပေါ်ခဲ့တယ်ဆိုပါတယ်။ သူ့ အထုပ္ပတ္တိမှာ တော့ "နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏ လုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံ ရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။" လို့ ဆိုပါတယ်။

ဒီနေရာမှာ ဦးနာအောက်လို တိုင်းရင်းသားအရင်းရှင်ပေါက်စလုပ်ငန်းရှင်တစ်ဦးဝင်လာတာ ကိုဈေးကွက်မှာ လက်ဦးမှုရထားတဲ့လူမျိုးခြား ချစ်တီးတွေက အပြုတ် ၀ိုင်း တိုက်ကြမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ အကြောင်းက ဦးနာအောက်ဟာ ဒေသခံ တစ်ဦးဖြစ်နေတဲ့ အတွက်တစ်ချိန်မှာ သူတို့ ထက် ပိုလက်သွက် လာနိုင်မယ့်  အန္တရာယ်ကိုနိုင်ငံတကာကူးသန်းရောင်းဝယ်မှုအတွေ့ အကြုံရှိနေတဲ့ချစ်တီးတွေက ကြိုမြင်နေတာကြောင့်ပါ။

ချစ်တီးတွေ ဆိုတာလဲ ဗမာပြည်ကို တိုးပွားရွှေ့ ပြောင်းလာလိုက်တာ ဦးနာအောက် ဆန်လုပ်ငန်း ၀င်တဲ့ကာလ၀န်းကျင်မှာ ရန်ကုန်အခြေစိုက် ချစ်တီးကုမဏီပေါင်း က ၁၆၅၀ ခန့် အထိကို ရှိခဲ့ပါတယ်။ တကယ့်ကို ဘဲအုပ်ကတစ်ရာ နှစ်ရာ၊ မဗေဒါကတစ်ယောက်ထဲဆိုသလိုပါ။

နောက်တစ်ချက်က ဦးနာအောက် ပထမပိုင်းမှာအရှုံးပေါ်ခဲ့တယ် ဆိုရာမှာလဲ ဘဏ်လုပ်ငန်း စနစ်ကို ကျွမ်းကျင်လွန်းတဲ့ ငွေတိုးချေးစားတဲ့ချစ်တီးတွေရဲ့  လုပ်ငန်း လည်ပတ်ပုံ သဘောတရားကို မသိကျွမ်း သေးတဲ့အချက်လဲပါမယ်လို့ သုံးသပ်ချင်ပါတယ်။ မိမိချို့  ယွင်းမှု၊လစ်ဟာမှုများကိုစနစ်တကျသုံးသပ်ပြင်ဆင်ပြီး နောက်ပိုင်းမှာဦးနာအောက် ဟာတကယ်ပဲချစ်တီးတွေကြိုတွက်ခဲ့သလို သူ တို့ ထက်ဆန်စပါးရောင်းဝယ်ရေး ဈေးကွက်မှာ စပါးတန်ချိန်ပေါင်းများစွာပိုမိုဝယ်နိုင်ပြီး လက်သွက်အောင်ပွဲခံလာတာကိုတွေ့ ရပါတယ်။ အောင်မြင်မှု အသေးစိတ်ကိုဦးနာအောက်အထုပ္ပတ္တိမှာပြန်လေ့လာနိုင်ပါတယ်။

အထက်ကပြောခဲ့ပြီးတဲ့အတိုင်း ၁၈၅၂ ခုနှစ်ထဲကပြဌာန်းခဲ့တဲ့ လယ်ယာ မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်ဥပဒေ ကြောင့် ဒီဆန်စပါးလုပ်ငန်းထဲဝင်လာတဲ့  ဦးနာအောက်အနေနဲ့ ကလဲ ချစ်တီးများနည်းတူ ငွေတိုးချ ပေးတဲ့၊စပါးစိုက်ဖို့  ငွေရင်းကြို ထုတ် ပေးတဲ့ စနစ်နဲ့ ဝင်ရောက်လုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဦးနာအောက်ဟာ တိုင်းရင်းသားလုပ်ငန်း၊ရှင်တစ်ဦး ဖြစ်တဲ့အပြင် ကိုယ်တိုင်လယ်သမား ဘ၀ကာလ တဲ့လူတစ်ဦးဖြစ်တဲ့အတွက် ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရ သည်ကို တွေ့မြင်ရသည့်အတွက်၊ ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်း သက်သက်သာသာဖြင့် လယ်သမားများအား ငွေချေးခဲ့တဲ့အပြင် လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့ပြီး ၎င်း၏ လုပ်ငန်း များတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေခဲ့ပါတယ် ဆိုပါတယ်။

ဒါကတော့အဲဒိခေတ်ကအိန္ဒိယနိုင်ငံက အလုပ်သမားကန်ထရိုက်တာတွေဟာ ကူလီခေါ်တဲ့ အိန္ဒိယ လုပ်သား တွေကိုတင်သွင်းလာခဲ့ပြီး ဒီ ချစ်တီး လယ်ယာမြေတွေမှာလုပ်သားတွေအဖြစ်ပြန်ငှားစားခဲ့တာ ပါ။ လယ်ကူလီ ယာကူလီ ဆိုတဲ့စကားလဲ ဒီကဆင်းသက်လာပုံရပါတယ်။ ဦးနာအောက် လယ်တွေ၊ လုပ်ငန်းတွေမှာ တိုင်းရင်းသား များသာ ၀င်ရောက် လုပ်ကိုင် စေတယ်ဆိုတဲ့အချက်ကတော့ ဂုဏ်ယူစရာ အမျိုးသားရေး စိတ်ဓာတ်ရှေ့ပြေးအဖြစ်မြင်မယ်ဆိုမြင် နိုင်ပါတယ်။ (တစ်ခုသတိပြုစေ လိုတာက တော့ဦးနာ အောက်ဟာ တော်လှန်ရေးလုပ်နေတာမဟုတ်တာပါဘဲ)

ဒီလယ်ယာလုပ်ငန်းတိုးချဲ့ ခဲ့တာကတော့ဦးနာအောက်တစ်ဦးတည်း သာမက ဒီလုပ်ငန်း လုပ်နေသူ အရင်းရှင်အား လုံးပါနေပါတယ်။ အကြောင်းကဗမာနိုင်ငံက ထွက်တဲ့ ဆန်စပါးကို ကမ္ဘာက၀ယ်လိုအားနဲ့အတူ့စပါးဈေးတွေ ပါ တက်လာခဲ့တာမို့  အဲဒိအချိန်က လယ်ယာလုပ်ငန်းတွေကို တိုးချဲ့ ခဲ့ရာမှာ အရင်က လယ်ယာ မြေမဟုတ်ခဲ့တဲ့  ဒေသ တွေ ဖြစ်တဲ့ရန်ကုန်တိုင်း ၀န်းကျင်၊ပဲခူးတိုင်းဝန်းကျင် တစ်ခွင်မြစ်ဝကျွန်းပေါ် အနီးတ၀ိုက် က မြေတွေ ကို လယ်ယာမြေတွေ အဖြစ်အသုံးပြုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ ရလို့ ပါပဲ။

ဆန်စပါးရောင်းဝယ်မှု၊လယ်ယာမြေလုပ်ငန်းမှာဝင်ရောက် လုပ်ကိုင်အောင်မြင်မှု ရလာခဲ့တဲ့ဦးနာအောက်ရဲ့  နောက်ဆုံး လုပ်ငန်းကြီးတစ်ခုကတော့ မီးသဘောင်္သူဌေးဖြစ်လာခြင်းဆိုတာပါပဲ။ ဒီမီးသဘောင်္ လုပ်ငန်းမှာ ဦးနာအောက်ဝင်ရောက်ရင်းနှီးမြုပ်နှံခြင်းအကြောင်းကလဲ တစ်ချို့ တွေးကြသလို လက်ဝါးကြီးဝင်အုပ်ချင်လို့ မဟုတ်ပါ။ အဓိကအကြောင်းကတော့ ဦးနာအောက် လုပ်ကိုင်အောင်မြင်ခဲ့တဲ့ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းနဲ့  ဆက်စပ်နေတာပါ။

ကာလကို ပြန်တွက်ကြည့်မိတော့ ၁၈၈၅ ခုနှစ် မြန်မာတစ်ပြည်လုံး တပါးလက် အောက် ရောက်သွားချိန်မှာ့ ဦးနာအောက် အသက် က ၅၂ နှစ်ရှိနေပါပြီ။

အဲဒိကာလမှာ ဦးနာအောက် စပါးသွားကောက်ခဲ့တဲ့ဒေသတွေကိုလေ့လာကြည့်မိတဲ့အခါ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူးဘက်၌ လည်းကောင်း၊ ခရမ်းသုံးခွတို့၌ လည်းကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌ လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင်တို့၌ လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌ လည်းကောင်း စပါးများ ၀ယ်ယူပြီးဆန်စပါးရောင်းဝယ်ရေးလုပ် ခဲ့တယ်ဆိုပါတယ်။ဒီစပါးတွေကို မည်သည့် နည်းလမ်းဖြင့် ဦးနာအောက် တစ်ယောက် သယ်ယူပါမည်နည်း။

(အပိုင်း ၉ ဆက်ပါမည်)
မောင်ရင်
..


You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မောင်နိုင်] 2 New Entries: သန့်စင်တဲ့ စိတ်ကလေးက လိုရာကိုပြည့်စေတာ ယုံမလား .. ?

သန့်စင်တဲ့ စိတ်ကလေးက လိုရာကိုပြည့်စေတာ ယုံမလား .. ?

Photobucket
အခု ကျွန်တော်တင်လိုက်တဲ့ ပို့စ်လေးကတော့ အွန်လိုင်းက ကျွန်တော် အစ်မ လို ခင်ရတဲ့ အစ်မတစ်ယောက် ပေးပို့တာ ဖြစ်ပါတယ် ။ အားလုံးကိုလည်း ဖတ်စေချင်လို့ စေတနာနဲ့ မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။ သူ့စေတနာနဲ့ သူ့ရဲ့  နည်းလမ်းကလေးကို ကျွန်တော် တို့ တွေ လေ့လာဖတ်ရှုပြီး လက်ကမ်းမှီသလောက် လိုက်နာ ကျင့်သုံးကြပါစို့ ခင်ဗျာ ။

သန့်စင်တဲ့ စိတ်ကလေးက လိုရာကိုပြည့်စေတာ ယုံမလား .. ?
( သို့မဟုတ် )
စိတ်ချမ်းသာချင်ရင်

လူသားဆိုတဲ့ သတ်မှတ်ထားတဲ့ လူ့ လောက လူသားအားလုံးဟာ စိတ်ချမ်းသာချင်ကြတယ်။ အခုစမ်းသပ် ၊ ခုစိတ်ချမ်းသာမှုရ တယ် ဆိုတာ အာမခံနိုင်တဲ့  အမှန်တရားပါ။ စိတ်ချမ်းသာချင်ရင်တော့ စိတ်ချမ်းသာမဲ့ အကြောင်း လုပ်မှ စိတ်ချမ်းသာမှု အကျိုးရမယ် မ ဟုတ်လား ။ စိတ်မှာ ဖြစ်သမျှကို လက်မခံဘဲ စွန့် လွှတ်ပေးနေတာဟာ ညစ်နွမ်းနေတဲ့ စိတ်လေးတွေကို လျှော်ဖွတ်သန့်စင်ခြင်း ဖြစ်ပါတယ် ။ အဲ့ဒီလို လက်မခံတာဟာ စိတ်ချမ်းသာမှု အကြောင်းကို လုပ်တာပါ ။ စိတ်ချမ်းသာမှု အကြောင်းလုပ်မှတော့ စိတ်ချမ်း သာတဲ့ အကျိုးရမှာပါ။ မိမိ၇ဲ့  လောဘ ဒေါသ မာန နဲ့ သူတပါးအပေါ် မသိမှု အ၀ိဇ္ဇာ ဖုံးပြီး အကုသိုလ် ကုသိုလ် မခွဲခြားတတ်ပဲ မလုပ်သင့်တာ လုပ်သင့်တာ မသိဘဲ လုပ်လို့ အမှားတွေလုပ်မိလို့ စိတ်ညစ်နွမ်းမှု ဖြစ်စေတာပါ ။ စိတ်သန့် ရှင်းစင်ကြယ်သွားရင်ဖြင့် စိတ်ဖြူစင်မှုတွေနဲ့ အေးချမ်းစွာနေနိုင်လာမှာပါ ။
တကယ်လို့ စိတ်ကို နေ့ စဉ်သန့် ရှင်းပေးနေရင် စိတ်ဖြူစင်မယ် ။ စိတ်ဖြူစင်ရင် စိတ်စွမ်းအားတက်လာပြီး စိတ်က တောင့်တသမျှ ပြည့်လာတယ် ။ စိတ်ဖြူစင်သန့် ရှင်းလာတာနဲ့ အမျှ လောကမှာ လိုအင်ပြည့်အောင်မြင်စေဖို့ ပါ ။ စိတ်ကလေးက ညစ်နွမ်းနေတာ၊ စိတ်ဆင်းရဲမှုတွေရဲ့ အရင်းခံက ဘာကြောင့်လဲ သိလား ? နေ့ စဉ်ဖြစ်နေတဲ့  လိုချင်မှု လောဘ ၊ မ၇တော့ မကျေနပ်တာ ပူလောင်မှု ဒေါသ ၊ စိတ် စေတသိတ် ရုပ်ပဲ ရှိတာကို မသိမှုက ဖုန်းထားတော့ ငါထင်လို့ ငါလောဘ တက် ဒေါသဖြစ်ရတာတွေ က မောဟ တွေ ကြောင့် ပါ ။
စိတ်ဓါတ်ကျမှု စိတ်အားငယ်မှု စိတ်ဆင်းရဲ မှုတွေက စိတ်အားနည်နေလို့ ဖြစ်ပေါ်လာတဲ့ ဒေါသအုပ်စုဝင် စိတ်တွေပါ ။ စိတ်အားကောင်းအောင်လုပ်ထား၇င် အဲ့ဒါတွေ မကြုံအောင် နေတတ်တယ် ။ ကြုံလာရင်ခံနိုင်တယ် ။ စိတ်အားမရှိရင်တော့ကတော့ မျက်ရည်တွေ ကျပေအုံးတော့ ။ သံသ၇ာ အဆက်ဆက်က ကျတဲ့မျက်ရည်က သမုဒ္ဒရာလေးစင်းမကဘူးတဲ့ ။ အဲ့ဒါကြောင့်မို့  စိတ်ကို စင်ကြယ်သန့် ရှင်းတဲ့ အသိဥာဏ်လေးတွေကို မပေါ်စေတဲ့  စိတ်ကို ညစ်နေအောင် လုပ်တဲ့ မာန်မာနတွေ အတ္တတွေ လောဘ ဒေါသကို ဘေးဖယ်ထားပြီးတော့ ယောင်္ကျားမိန်းမ ကြီးတယ် ငယ်တယ် သတ်မှတ်ချက်တွေကို လက်မခံဘဲနဲ့ အမှန်တရားသိဘို့  ကြိုးစားလေ့ကျင့်ကြည့်ပါ ။ ငါငယ်သေးတယ်ဆိုပြီး လုပ်ဖို့ အချိန်မတန်သေးဘူး မယူဆပါနဲ့ ။ အသက်အရွယ်ငယ်တဲ့  သူတွေ နေ့ စဉ်သေနေကြတာတွေ အခုခေတ်မှာ အရမ်းကို များနေပါတယ် ။ ငယ်ငယ်နဲ့ လည်း ဒုက္ခတွေ ရောက်နေတာ ဒုနဲ့ ဒေးပါ ။ ကိုယ့်မှာလည်း အဆင်မပြေမှုတခုခု ရှိနေတတ်ပါတယ် ။ မသိမှုက ဖုံးထားလို့ အဆင်ပြေနေတယ်ထင်၇တာပါ ။ လူတိုင်းမှာ အပူတစ်ခုတော့ ရှိတတ်ကြတယ်လေ ။ သံသ၇ာအဆက်ဆက်ကလည်း ကုသိုလ်အကျိုးပေးကုန်တဲ့ အချိန် ၊ အကုသိုလ် အကျိုးပေးနဲ့ လည်း ကြုံရော ကိုယ့်မှာ ခံနိုင်ရည်မရှိတော့မှာ စိုးလို့ အခုကတည်းက လေ့ကျင့်ထားမှ တကယ်လောကဓံနဲ့ ကြုံတဲ့ အခါမှာ စိတ်တည်ငြိမ်အေးချမ်းအောင် အပူအပင်မရှိနေလို့ ရမှာမို့ တိုက်တွန်းပါတယ် ။
စိတ်ထဲမှာ တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာ ရှိနေ၇င်ဘယ်တော့မှ မအေးချမ်းဘူး ။ ပူလောင်နေ၇မှာမို့ ဘာဆိုဘာမှမဟုတ်ဘူး ။ ဖြစ်ရုံလေး ဘဲ ဖြစ်နေတာ ဆိုပြီး ဆက်တိုက် လုပ်သမျှ သိသမျှစိတ်တွေကို အသိသွင်းဖြတ်ချနေရမယ် ။ ဘာလို့ ဖြတ်ချခိုင်းလဲ ဆိုတော့ ကိုယ်က အနတ္တဥာဏ်မ၇သေးလို့  ကိုယ်သိသမျှ လုပ်သမျှ ဟာ လောဘ ဒေါသ မောဟ အတ္တနဲ့ ချည်းလုပ်နေတာချည်းမို့ ပါ။ အတ္တနဲ့ သိသမျှ မဖြတ်ချနိုင်ရင် အနတ္တ ဆိုတဲ့ အလိုလိုသိတဲ့ ကိုယ်ပိုင် ထိုးထွင်းအသိဥာဏ်ဆိုတာ ဘယ်တော့မှ မဖြစ်လာနိုင်ပါဘူး ။ လောဘ ဒေါသ မောဟ ကို အချိန် အကြာကြီး မဟုတ်၇င်တောင်မှ ခဏတာ ဖြတ်ချနေတဲ့ စိတ်သန့်သန့် လေး ဖြစ်ဖို့ ပါ ။ ကျမတို့ က စိတ်သန့်စင်လည်း ခိုင်မြဲတဲ့ ဥာဏ်မ၇သေးတော့ ခဏတာဘဲ သန့် စင်မှာ ပါ ။ လောဘ ဒေါသ မောဟ ဆိုတဲ့ စိတ်ညစ်ပတ်လေးတွေ ဝင်နေသရွေ့ စိတ်က မသန့်စင်သေးဘူး ။
စိတ်ထဲ မှာ ဘာမှ မရှိအောင် ထားတာဟာ pure mind ပဲ ။ peaceful mind ဖြစ်ဖို့ စိတ်ထဲမှာ တစ်ခုခုမှ မရှိရဘူး ။ ဘုရားဖြစ်သွားတယ် ရဟန္တာ ဖြစ်သွားတယ်ဆိုတာဟာ သတ်မှတ်ချက်ပြောတာဘဲ ရှိတယ် ။ အမှန်တော့ စိတ် ထာဝရ သန့် စင် သွားပြီး စိတ်မရှိတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါ ။ တကယ်တမ်း လွတ်မြောက်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါ ။စိတ်သန့် စင်အောင် ဘယ်လိုလုပ်ကြမလဲ? ကျင့်နည်းလေးကတော့ အရမ်းလွယ်ပါတယ်။ ဘယ်နေ၇ာေ၇ာက်ေ၇ာက် ဘာတွေလုပ်နေနေ…. Even in Toilet ထဲမှာတောင် လေ့ကျင့်လို့ ရတဲ့ နည်းလေးပါ ။ (အချိန်မ၇ဘူးဆိုတဲ့ သူများအတွက်နော်)စိတ်ထဲက ကြားရုံ ၊ မြင်ရုံ ၊ နံရုံ ၊ စားရုံ ၊ ထိတွေ့ ရုံ ၊ စဉ်းစားတွေးတောရုံ ၊ ခံစားရုံ ၊ မှတ်သားရုံ ဘဲသိပါတဲ့ ။ ဘာဆိုဘာမှမသိချင်ဘဲ ပေါ်လာသမျှ စိတ်တွေ၊ ဘာကြားကြား... မြင်မြင်.. အနံ့ ရရ... အရသာရရ..ဘာထိတွေ့ ရ ထိတွေ့ရရ..ဘာစဉ်းစားစား...ဘာမှမဟုတ်ဘူး…ဘာမှဖြစ်နေတာမဟုတ်ဘူး ဖြစ်ရုံလေးဖြစ်သွားတာ သိရုံလေးသိသွားတာ ဆိုပြီး ဆက်တိုက် အသိသွင်း ၇င်းနဲ့ ဖြတ်ချရမှာပါ ။
ဘာတွေ ညာတွေ ဘယ်နေရာ ဘယ်အချိန်အခါတွေ မဟုတ်တာ အမှန်တရား။ အဲ့ဒီ အမှန်တရားတွေကို လက်ခံဘို့ ကြိုးစားတာ တရားအားထုတ်တာပါဘဲ။ ကြိုးစားလို့ ဘာမှမဟုတ်တာ၊ ဖြစ်ရုံလေး သိရုံလေး သိသွားတာကို ယုံကြည်ပြီးတော့မှ ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးလို့ သတိပေးပါများလို့ ၊ ငါမဟုတ်တဲ့ အမှန်တရားကို မပြတ်တရစပ် နှလုံးသွင်းပါများလို့  ငါလဲမဟုတ်ဘူး.. ဘာမှလဲမဟုတ်ဘူး .. ငါမဟုတ်လို့ သူများလဲမဟုတ်ဘူး… တခုခုကို မဟုတ်ဘူး.. ဘာမှကို မဟုတ်ဘူး.. သူ့ သဘောသူဖြစ်ပြီး မတည်မြဲတာ ပဲရှိတယ်။အဲ့ဒီ မတည်မြဲ ခြင်းဟာ အနိစ္စ၊ မတည်မြဲတာတွေချည်း ဆက်တိုက်ဖြစ် ဖြစ်နေတာ ဒုက္ခ၊ ကိုယ့်အလို ကိုယ့်အကြိုက်မလို က် သူ့ အလိုလို ဖြစ်ပြီး ပျက်သွားတာက အနိစ္စသဘောတ၇ားတွေ သိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်လဲ ဘယ်လိုမှ သဘောမထားနဲ့ ။ သူများကိုလဲ ဘာမှသဘောမထားနဲ့ ။ ဘာဘဲ ညာဘဲ မသိနဲ့  ။ ဘာမှမစဉ်းစားနဲ့  အဲ့ဒါ ဆရာတော်ဦးဥတ္တမသာရ၇ဲ့  အလွယ်ဆုံးလေ့ကျင့်နည်းလေး ကို ကျမသိခဲ့တဲ့ ခန္ဓာသိနဲ့ ပေါင်းပြီး လူသားအားလုံးစိတ်ချမ်းသာတဲ့ အလွယ်နည်းလေး၇ဘို့ ကို ပြန် share ပေးတဲ့ စေတနာကို တန်ဘိုးထားတဲ့ အနေနဲ့ ကျမနဲ့ ပတ်သက်သမျှအားလုံး လေ့ကျင့်ကြည့်ကြပါလားနော် ။
၃၁ဘုံမှာ ခန္ဓာ၇နေသေ၇ွ့  ဒုက္ခချည်းပါဘဲ။ မသိမှု အ၀ိဇ္ဇာဖုန်းနေလို့  အဲ့ဒုက္ခတွေကို မမြင်နိုင်ဖြစ်နေတာပါ။ လောဘ ဒေါသ မောဟနည်း၇င် နည်းသလောက် မြင်လာနိုင်ပါတယ်။ သံသ၇ာ အဆက်ဆက်က လုပ်လာတဲ့ အကုသိုလ် ၀ဋ်ကြွေးကိုတော့ ဘု၇ားရှင်တောင်မတားနိုင်ပါဘူး။ ပေးဆပ်ခဲ့၇ပါတယ်။ အဲ့ဒါက မိမိ၇ဲ့  လောဘ ဒေါသနဲ့ သူတပါးအပေါ် မသိမှု အ၀ိဇ္ဇာ ဖုံးပြီး အကုသိုလ် ကုသိုလ် မခွဲခြားတတ်ပဲ မလုပ်သင့်တာ လုပ်သင့်တာ မသိဘဲ လုပ်လို့ ဝဋ်ကြွေးပြန်ပေးဆပ်၇ပါတယ်။ဝဋ်မှာ အမြဲ ငရဲမှာ အပ ။ ခန္ဓာနဲ့ ဝဋ်ကြွေးပေးဆပ်နေမယ်ဆို၇င် သံသ၇ာဟာ ဘယ်တော့ ဆုံးမယ်ဆိုတာ မသိနိုင်ပေမဲ့ တ၇ားကို ကျင့်၇င် အဆုံးကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဝဋ်ကြွေးကို ကံနဲ့ မပေးဆပ်ပဲ ဥာဏ်နဲ့ ပေးဆပ်၇င် ဘ၀တိုတယ် ၀ဋ်ကြေနိုင်ပါတယ်။ ဘ၀တိုအောင် ၀ဋ်ကြေအောင်ဘာသက်သေ ပြနိုင်လဲ ဆို၇င် သောတာပန်အထိ ကျင့်ပြီး သူ ဟာ နောက်(၇) ဘ၀ဘဲ ၀ဋ်ကြွေးပေးဆပ်၇မယ်။ သကဒါဂါမ် အထိကျင့်ပြီး သူက နောက် (၆) ဘ၀၊ အနာဂါမ်ဖြစ်သွား၇င် နောက်ထပ်(၂)ဘ၀ နဲ့ ၇ဟန္တာဖြစ်သွား၇င် အခု (၁) ဘ၀ပဲ ၀ဋ်ကြွေးပေးဆပ်၇တော့ မှာပါ။ ၀ဋ်ကြေတာ ဒီတခုဘဲ ရှိတာပါ။
ကျမတို့ တတွေက ၀ဋ်ကြွေးကို ကံနဲ့ ပေးဆပ်တာ ဂေါင်းအမျိုးမျိုး ပြောင်းခဲ့ပါဘီ။ သံသ၇ာအစက နေ ခုထိ ၃၁ဘုံမှာ ဂေါင်းအမျိုးမျိုးနဲ့  ကျင်လည်နေခဲ့၇တယ်လေ။ ဘုရားတွေလည်း အဆူဆူပွင့်လို့ လွဲခဲ့ပြီးဘီ။ ဘု၇ားတဆူပွင့်ဘို့ သင်္ချေနဲ့ ချီကြာတာ။ ၁သင်္ချေမှာ ကမ္ဘာပေါင်း ၁ အနောက်မှာ ၀ အလုံး ၁၄၀ ရှိပါတယ်တဲ့ ။ ဂေါတမမြတ်စွာဘု၇ား သခင်တောင် ဘု၇ားဖြစ်ဖို့  ပါ၇မီဖြည့် ကျင့်၇တာ ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာခဲ့တယ်။ အဲ့တုန်းကလည်း ခန္ဓာမဆုံးတဲ့ မတ၇ားနဲ့ ဘဲ အချိန်ကုန်ခဲ့ကြ၇တယ်။ ကြည့်ပါအုံး ဘယ်လောက်ဒုက္ခတွေ ခံပြီးတဲ့ ဘ၀တွေလဲဆိုတာလေ။ တ၇ားနဲ့ မတွေ့ ခဲ့၇လို့ အခုဘ၀မှာလည်း လူ ဂေါင်းဆောင်းပြီး ဒုက္ခအမျိုးမျိုးထဲမှာ ပျော်နေကြတယ်။ အရိုးတွေ တောင်လို ပုံတာများ ကမ္ဘာတခု ပျက်ပြီးတိုင်း အရိုးမြေက ၁၃မိုင် တက်တက်လာတယ် တဲ့  ။ ခန္ဓာ့ဝန်ချခဲ့၇လွန်းလို့  ဂေါင်းအမျိုးမျိုး ခန္ဓာအမျိုးမျိုးနဲ့ သေခဲ့၇လွန်းလို့ နေ၇ာတိုင်း ကိုယ့်သင်္ချိုင်းဖြစ်ခဲ့တယ်။ မြေကြီးလက်ခပ်မလွဲကိုယ်သေခဲ့တဲ့ နေ၇ာချည်းပါဘဲတဲ့ ။
ကျမနဲ့ ပတ်သက်သမျှ ဘာသာမရွေး လူမျိုးမရွေး ၃၁ဘုံက သက်ရှိအားလုံး အခုပြောပြခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးနဲ့ စိတ်ချမ်းသာမှု၇အောင် လေ့ကျင့်နိုင်ပြီး ဒီနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ…. ဒီနှစ်သစ်က စပြီးလည်း အစစအ၇ာ၇ာ အဆင်ပြေစွာ အောင်မြင်မှု ၇နိုင်ကြပါစေ…. လို့ …..
မေတ္တာများဖြင့်
Globe9win
အပြည့်အစုံဖတ်လိုပါက အောက်ပါ ဆိုင်များတွေ သွားရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ ။

Happy New Year 2009

Photobucket
နှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ကြပါစေ ခင်ဗျာ ။
I wish you Health...
So you may enjoy each day in comfort.

I wish you the Love of friends and family.
And Peace within your heart.

I wish you the Beauty of nature..
That you may enjoy the work of God.

I wish you Wisdom to choose priorities...
For those things that really matter in life.

I wish you Generousity so you may share...
All good things that come to you.

I wish you Happiness and Joy...
And Blessings for the New Year.

I wish you the best of everything.
That you so well deserve.

Photobucket


မောင်နိုင် ( lovecreater )

You received this email because you are subscribed to the real_time feed for http://lovercreator.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[My TLMS] 2 New Entries: မနက်စာ

မနက်စာ

မနက်စာ အဖြစ် သတင်းတွေကို ကြည့်လိုက်ရင်...
ဂါဇာကမ်းမြောင်တိုက်ပွဲမှာ အရပ်သားတွေ သေကြတယ်တဲ့...
ကမ္ဘာ့စီးပွားရေး ကပ်ကြောင့် ကုမ္ပဏီတချို့မှာ ၀န်ထမ်းတွေ လျှော့ချလို့
ထမင်းအိုးစားကွဲ ကုန်ကြသတဲ့..
မတရားသိမ်းပိုက်ခံထားရသော ဘဂ္ဂဒက်မြို့မှာ အသေခံဗုံးကြောင့်
ကန်တပ်ဖွဲ့ဝင်တွေ ကျဆုံးကုန်သတဲ့...
စစ်ဒဏ်ကို ညက်ညက် ကြေအောင် ခံနေရတဲ့ နေရာတွေမှာ
ကလေးတွေဟာ မနက်စာတောင် မစားရပဲ ကျည်ဆန်ထိမှန် အနိစ္စရောက်ကြရတယ်..
အကျိုးမရှိတဲ့ အထိကရုဏ်းတွေကြားမှာ ဆားညပ်နေတဲ့ သူတွေလဲ
မျက်ကန်း ယုံကြည်ချက် အတွက် မနက်စာကို ၀အောင် မစားနိုင်ကြရှာဘူး..
မနက်စာကို ကျွန်တော်တို့က အေးချမ်းစွာ စားနေတဲ့ အချိန်မှာ..
တခြားသော နေရာမှာ အငတ်ဘေးတွေ ဆိုက်နေကြတယ်..
မနက်စာကို အပြေးအလွှားစားနေကြတဲ့သူတွေလဲ ရှိသလို..
မနက်စာကို တခမ်းတနားစားတဲ့ သူတွေလဲ ရှိတယ်...
မနက်စာအတွက် တောင်းရမ်းစားတဲ့ သူတွေရှိသလို...
မနက်စာအတွက် ခပ်တည်တည်နဲ့ လုစားတဲ့သူတွေလဲရှိတယ်...
တချို့ကတော့ ချို့တဲ့ရှာလို့ မနက်စာကို မစားတဲ့သူတွေလဲရှိရဲ့...
တချို့ကတော့ မနက်စာကို နာနာကျည်းကျည်းနဲ့ စားတဲ့သူရှိသလို..
တချို့ကတော့ မနက်စာကို မခွံ့ကျွေးရုံတမယ် ဇိမ်လုပ်စားကြသတဲ့..
ဘာပဲဖြစ်ဖြစ်ပေါ့...
လူကြီးမင်းတို့ရေ..
၂၀၀၉ခုနှစ်ရဲ့ မနက်စာကို ကမ္ဘာသူ ကမ္ဘာသားတွေ
ငြိမ်းငြိမ်းချမ်းချမ်း စားကြပါစေဗျာ။

နှစ်သစ်ကူးတဲ့ည

သူငယ်ချင်းတို့ရေ.. မနေ့က ကျွန်တော် အိပ်ယာကို နေမြင့်မှထ တယ်။ :) ပြီးတော့ ကျွန်တော် စက်မှုဇုံကို ပြေးရသေးတယ်။ အဲပြန်လာတော့ နက်ခဏတော့ သုံးရပါတယ်။ ဒါပေမယ့် အိမ်မှာ မီးလိုင်းတွေ ပြန်ဆင်မှာမို့ အိမ်ကိုပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ မီးလိုက်တွေ မီးသမားနဲ့ လိုက်ကူ လိုက်ဆင်ပေးလိုက်တာ ကျွန်တော့်ပို့စ်လေးတောင် မတင်နိုင်ခဲ့ဘူး ညမိုးချုပ်သွားတယ်။ ကဲ သူငယ်ချင်းတွေကို ဒီနေ့တော့ ကျွန်တော်တို့ အိမ်ရဲ့ နယူးရီးယားပါတီပွဲလေးကို ပြန်လည် ဝေမျှလိုက်ပြီနော်။
++++++++++++++++++++++++++++++++++++++++++
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ရဲ့ မနက်ခင်းလေး ဖြစ်ပါစေ။ သူငယ်ချင်းတို့ မနေ့က ဟက်ပီးနယူးရီးယား အော်ခဲ့ကြသေးလားဗျ။ ကျွန်တော်တို့ အိမ်မှာတော့ လူနဲနဲနဲ့ ပွဲစည်ခဲ့တယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ ပါတီလေးကို ည ၁၀နာရီလောက်မှာ ခြံထဲမှာ စတင် ပြင်ဆင်ကြပါတယ်။ ပြင်ဆင်တယ်ဆိုတော့ အကြီးအကျယ်တော့ မဟုတ်ဘူး လူက နည်းနည်းပဲ ရှိတာကိုး။ ကိုယ်စားပြီး ကိုယ်တွေပဲ ပြန်သိမ်းရမှာဆိုတော့ စားပွဲဝိုင်းလေး တခုခင်း၊ ပြီးတော့ မီးဖို နှစ်ဖို တည်။ တစ်ဖိုက အသားချောင်းလေးတွေ ကြော်စားဖို့၊ နောက်တဖိုက ဟော့ပေါ့ လုပ်စားဖို့ ဖြစ်ပါတယ်။


တယောက်တလှည့် ၀ိုင်းလို့ချက် (ဒီနှစ်တော့ ကျွန်တော့် အန်တီလေးက စာဖိုမှူးတာဝန်ယူ တယ် ) :)


ညီမလေးကတော့ အသားချောင်းတွေညှပ်၊ ဟော့ပေါ့လုပ်ဖို့ စီစဉ်နေတာပေါ့။


မကျက်သေးဘူးလား မသိဘူး စားချင်လိုက်တာဗျာ..။ :P (ဒီကောင်ရယ် ကျွန်တော်ရယ်ကတော့ ယောင်ဝါးပဲ ဟီး)


ဟိုလိုဒီလို ညွှန်ကြားဖို့ဆိုတာ လက်ညှိုးတချောင်းရှိရုံနဲ့ လုံလောက်တယ်။ ဘာမှ ပင်ပန်းစရာ မလိုဘူး ဟိဟိ။



မီးဖိုတဲ့သူ ဖို၊ အသားညှပ်တဲ့သူ ညှပ်၊ ကြော်တဲ့သူကကြော်၊ ဟိုလိုလို ဒီလိုလိုနဲ့ စားစရာတွေကို သာ ချောင်းနေတဲ့သူ (ဟီး ကျွန်တော်နဲ့ ကျွန်တော့် ညီပေါ့) စသည်ဖြင့် ကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း နာရီဝက်လောက် ချက်ပြုတ်ပြီးတော့ အားလုံး အပြီးအစီး ၀ိုင်ပုလင်းတွေဖောက်၊ မြန်မာတပုလင်းဖောက် အားလုံး ချီးယားစ်..။ အသားချောင်းကြော်တွေကလဲ စားလို့ ကောင်းမှကောင်း၊ ကျွန်တော်တို့ ၀ိုင်းကောင်းနေတုန်း အဘွားက သူဘယ်ချိန်တုန်းက ဖွက်ထားတဲ့ ၀ိုင်ပုလင်းမှန်းမသိ ကျွန်တော်တို့ကို လာပေးသွားတယ်။ ပုလင်းပုံစံကို ကြည့်ရတာ တော်တော်လေး နှစ်ချို့နေပြီ။ သူလဲ ဂွတ်ပဲ။ ဟီး။ ဟော့ပေါ့ကိုလဲ တယောက်တလှည့်ဝိုင်းချက်လိုက်တာ အရသာ တော်တော် စုံသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ရဲ့ အဓိက စာဖိုမှူးဖြစ်တဲ့ အန်တီတယောက်က တိုက်ကြီးမှာ နယူးရီးယား သွားလုပ်တာကိုး။ အဲ့တော့ ကျွန်တော်တို့ ကျန်တဲ့ လူငယ်တွေပဲ တတ်သလောက် မှတ် သလောက် ချက်ကြရတာပေါ့။


အငွေ့တလှိုင်းလှိုင်းနဲ့ မွှေးနေတာပဲ။ ဒါတောင် အစာပလာ တွေစုံအောင် မထည့်ရသေးဘူး။ :)


ကဲကျက်ပြီ ဂလု.. ဂလု..


သဘောင်္သီးထောင်း



မြန်မာဘီယာနဲ့ ၀ိုင် ဘာသောက်ရင်ကောင်းမလဲဟင်။


နောက်ကျတဲ့ လက် ငတ်မယ်တဲ့...


ဝူတယ်..ဂျ.. ၀ူတယ်.. (အမှန်အကန် ဟော့ပေါ့ သောက်နေတဲ့ ကျွန်တော့်ညီလေး :D)

ဒီကြားထဲ စားလို့သောက်လို့ ကောင်းတုန်း ဖုန်းမက်စိတွေ ၀င်၊ ကြိုးဖုန်းကို တဂွမ်ဂွမ်လာနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဒါပေမယ့် ဘယ်ရမလဲ ဒီအချိန်ဖုန်းလာတယ် ဆိုကတည်းက ကိုယ်က ဦးအောင် ဟက်ပီးနယူး ရီးယား အော်လိုက်တယ် ဟတ်ဟတ်။ အစားနှုန်းက မြန်နေတော့ ၁၁နာရီခွဲလောက်မှာတင် အကုန်ကုန် ကုန်နေပြီ။ ဒါနဲ့ မထူးပါဘူး ဆိုပြီး အကုန်လုံး တယောက် တလှည့် ပြန်သိမ်း၊ ဂီတာတီး သီချင်းဆို ပြီးတော့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နဲ့ ၁၂နာရီ အထိုးကို စောင့်နေရတယ်။ မီးကလဲ တချိန်လုံး ပျက်လိုက် လာလိုက် ဆပ်စလူးထနေသေးတယ်လေ။


ဒီ၂ယောက်ကလဲ ပုလင်းလုလို့..ဟေ့ဟေ့ လုပ်ရ၀ူးလေ...

ဒီဂျင်ဘာည အချူရောင် ညူနှင်းဂျားမှာ...:P

သားလဲ တီးအုံးမှာပေါ့...;)

ဝိုင်းတော်သားတွေ အစုံအလင်နဲ့ :D

ကဲ အားလုံးလဲ အပြီး အော်ခါနီးကျတော့ မူးနေတဲ့ ကလေးမလေးက ဟက်ပီးနယားအူးရီးလို့ အော်မယ်ဆိုတော့ တ၀ါးဝါး ရီလိုက်ရတာ။ သူ့ကို ၁၂နာရီ မထိုးခင် အသံထွက် မှန်အောင် တော်တော် နှုတ်တိုက် သင်ပေးလိုက်ရသေးတယ်။ :) ကဲ ၁၂နာရီ ထိုးပြီ.... 5, 4, 3, 2, 1 "Happy New Year...rrrrrrrrrrrrrrr" ဆိုပြီး အော်လိုက်တယ်။ အဟတ် ကျွန်တော်တို့ အိမ်က နာရီပဲ မြန်နေလို့လားတော့ မသိဘူး ကျွန်တော်တို့ အော်ပြီး မိနစ်ပိုင်းလောက်မှ တရပ်ကွက်လုံး နယူးရီးယား အော်သံတွေက အုန်းကနဲကို ညံနေတာပဲ။ အားလုံးလဲ ပြီးရော အဘွားအိမ်ရဲ့ အနောက်လမ်းက ကျွန်တော့် အိမ်ကို ဗိုက်လေးလေးနဲ့ ပြန်ခဲ့ပြီး အိမ်ရောက်တာနဲ့ တုန်းကနဲ အိပ်ပျော်သွားလေတော့ သတည်း။ ကဲ အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ လိုအင် ဆန္ဒတလုံးတ၀ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။ Happy New Year ပေါ့။ :D


Happy 2009!!!

You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burmese IT Blogger] 1 New Entry: လူဖြစ်နေသော .... တချို့ ...

လူဖြစ်နေသော .... တချို့ ...

ကျွန်တော် ဘလော့ဂ်မှာ ပုဂ္ဂိုလ်ရေး၊ လှုမှုရေး စတဲ့ အကြောင်းအရာတွေကို ဘယ်တုန်းကမှ မရေးခဲ့ပါဘူး။ ကျွန်တော် သိသော၊ ဖတ်မိသော နည်းပညာ အချက်အလက်တွေကို ရေးသား ကူးယူဖေါ်ပြခဲ့ပါတယ်။ ဆိုလိုတာက လိုင်းမပူးချင်ဘူး၊ ရေးချင်ရင် တခြားတခု လုပ်ပြီးတော့သာ ရေးဖို့ စိတ်ရှိခဲ့တာမို့၊ အခုရေးလိုက်မိတဲ့ အကြောင်းက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်သလို၊ မည်သူ့ကိုမှ ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါဘူး ဆိုတာကို ကြိုတင် ပြောထားပါရစေ။


မင်္ဂလာနှစ်သစ် ၂၀၀၉ မှာ လူသားတိုင်း ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်သူတွေ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ တစ်နှစ် ကုန်လို့တစ်နှစ်ဟောင်း သွားပြီဖြစ်လို့၊ နှုတ်ခွန်းဆက်စကားတွေ လှိုင်လှိုင် ပြောနေချိန်မှာ တွေ့မြင်ခံစားရတာလေးတွေကို ကျွန်တော် ရေးပြချင်လို့ပါ။ ၂၀၀၉ ရဲ့ ပထမဆုံးဖြစ် ပိုစ့် ဖြစ်သလို့၊ ဦးဆုံးအကြိမ် သူတပါးတွေ အပေါ် ဝေဖန်တဲ့ အမြင်တခုပါ။





ကျွန်တော် အနေနဲ့ သူတပါးအပေါ် ဘယ်တုန်းကမှ အဆိုးမြင်ပြီး ပြောခဲ့တာကို အတတ်နိုင်ဆုံး ရှောင်ရှား ပြောဆိုတတ်တာကို သိသူရှိသလို၊ မသိသူတွေ ရှိနေမှာ ငြင်းစရာမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က သူများအမြင်တွေကို သိပ်ပြီးတော့ လက်ခံတဲ့ အယူအဆ မရှိလို့ဘဲ။ ဥပမာဗျာ ... အလှူတခုမှာ လှူတဲ့သူက လှူပေမယ့်၊ ဒါနမြောက်အောင် လက်ခံပေးမယ့် သူမရှိရင် ... အဲ အလှူဟာ .... အလှူပြီးမြောက်တယ်လို့ မယုံကြည်ရလို့ဘဲ။ အချုပ်ဆိုရရင် လူတွေက ကိုယ်အပေါ် အကောင်းမြင်မြင် အဆိုးမြင်မြင် ကိုယ်က နေပြီး ဂရုမပြု အလေးမထားရင် အဲတာဟာ သူ့မှုလပိုင်ရှင်ဆီကို ပြန်လည် ရောက်ရှိခံစားစေတယ် လို့ နားလည်တယ်။


တရားရစရာလို့ ပြောချင်တာက လူတွေက မိမိကိုယ်ကို လူအထင်ကြီးဖို့၊ နာမည်ကြီးဖို့၊ လူတယောက်ကို ပြန်လည် အသုံးချတတ်တယ်ဆိုတာ ပိုလို့ သိလာတယ်လို့ နားလည်လာလို့ ရာဇသင်္ကြန် အမတ်ကြီး ပြောခဲ့တဲ့ စကားလုံးတွေကို ပိုမိုလို အမှတ်ရစေခဲ့ တယ်။


ကျွန်တော် အသက် ၃၀ ပြည့်လို့ ၃၁ ထဲ ရောက်လာတဲ့ အချိန်မှာ နေရာဒေသ စုံက လူတွေ၊ ဘဝတွေ ကို တွေ့စုံ ခင်မင် ဖြတ်သန်း ကျော်ဖြတ် လှည့်စား အသုံးချခံခဲ့ရတယ်။ မှတ်မှတ်ရရ စပြောရရင် အဲလို ကြုံဆုံဖို့ ဖန်လာခဲ့တာ ကျွန်တော်ရဲ့ ၁၇ ပြည့်တဲ့ အောက်တိုဘာ မှာ မြန်မာနိုင်ငံရဲ့ ဝေးရာ ဒေသတခုက ဦးလေးဆီကို နိုင်ငံတကာအဆင့်မီ ပညာတွေသင်ဖို့ ထွက်ခွာလာတဲ့ အချိန်က စပြီးတော့ ပေါ့လေ။ ပေးဆပ်ခဲ့ရတာတွေ မနည်းလှဘူး၊ ပြန်လည် ရရှိခဲ့တာတွေက ဘာမှ မရှိခဲ့သလောက်ဘဲ။ ဒါပေမယ့် ကျွန်တော် အခုလက်ရှိ ရောက်နေတဲ့ ဘဝ ကို ကျေနပ်တယ်၊ ရောင့်ရဲတယ်၊ ကျွန်တော် ဒီကနေ့ မှာ ကျွန်တော်အတွက် သိပ်ပြီး ရလိုမှုတွေ မရှိတော့ဘူး၊ အတိုင်းအတာ တခုထိဘဲ ရှိတော့တယ်။ ကျွန်တော်နိုင်တာ သိတာ နားလည်တာ၊ ပေးနိုင်တာတွေကို လိုချင်ရင် ပေးမယ် မလိုချင်ရင် နေ ... လုပ်ချင် စရာတွေအများကြီး လုပ်ဖို့ ရှိတယ် ... ခွေးဟောင်တိုင်း ထကြည့်ဖို့ အချိန် မပေးနိုင်ဘူး ...


အဲလိုဘဲ ၂၀၀၉ မှာ နေတော့မယ် ... ဘာလို့လဲ


မြန်မာတွေအများစုဟာ

တယောက် ယောက်က တခုခုလုပ်တော့မယ် ... လုပ်နေပြီဆိုရင် ဘယ်တော့မှ အကောင်းမြင်တဲ့ဘက်က မကြည့်ဘဲ အဆိုးဘက်က မြင်တတ်ကျတယ်။ သူတပါးရဲ့ လုပ်ရပ်အပေါ်ကို ဆုံးဖြတ်ချက်တခု မပြီးခင်မှာ ချတတ်ကြတာ၊ လူများရင်၊ အင်အား ကြီးရင် မှန်တယ်လို့ ယူဆပြီး၊ အင်အားနည်းတဲ့သူအပေါ်ငြိမ်နေသူအပေါ်၊ အားနည်းချက်ရှိလို့ ငြိမ်နေသူအပေါ် မှာ ဖိပြီးပြောတတ်ကြတာ ...

လူမြင်ကွင်းမှာ သူ့ထက်သူ နိုင်ငံချစ်တဲ့သူ မရှိလောက်အောင် ပြောပြီး ... တကယ်တမ်းကျတော့ ကိုယ်ကျိုးရှာနေသူတွေ ဖြစ်နေတာ ...

လူမြင်ကွင်းမှာ ဟိုဟာဖြစ်တယ် ဘာဖြစ်တယ် ပြောပြီး နောက်ကွယ်မှာ တိတ်တိတ်ပုံး လုပ်နေတာ ...

လေသံကြား တရားနာ ဆိုသလို၊ ဘယ်သူဘယ်ဝှာ ဖြူသလား၊ မဲသလားတောင် မသိတဲ့ သူတွေ၊ မှန် မမှန် ဦးနှောက် နဲ့ မစဉ်းစားတတ် တဲ့ ပညာတတ်ကြီးတွေ (ခွေးကိုလက်ပေးသင်ရင် လက်ပေး တတ်သလို၊ မျောက်ကို အုန်းသီးခူးခိုင်းသလို တတ် နေ တဲ့ သူ)၊ နိုင်ငံရေးသမားကြီးတွေလိုလို လူကြားကောင်းအောင် အော်နေသူတွေ၊

ဟုတ်/မဟုတ် သေချာ၊ မသေချာတာကို မသိဘဲ ရမ်းတုတ်၊ တုတ်ကိုခွေးချီးတို့ပြီး ရမ်းနေသူတွေ ...

တခါတလေ ဒေါသမဖြစ်မိအောင် သတိ ထားရတယ် ... လမ်းလျှောက်ရင် ခလုပ်တိုက်တာ မစမ်းဘူး၊ အဲတာကို မကောင်းမြင်ရင်လည်း မတတ်နိုင်ဘူး၊ တခုဘဲ ရှိတယ်။ ကိုယ် အမူအရာ ကြမ်းရင် အဖယုတ်လို့တဲ့၊ နှုတ် အမှုအရာ ကြမ်းရင် အမိယုတ်လိုတဲ့...

ကိုယ့်ကြောင့်တော့ အမိအဖတွေ ကို အဲလိုမဖြစ်စေချဘူး။ ယုတ်စေချင်သူတွေသာ ဆက်ပြီးတော့ မိုက်ကျစေတော့... ကျွန်တော် ကိုယ်တိုင်တော့ ဘာဘာ ဘာမှ မပြောတော့ပါ..........

ထပ်ပြော ရင်လည်း ပြီးတော့မယ် မထင်ဘူး။ သေချာတာတခုကတော့ အဲလိုပြောနေသူတွေဟာ မိမိ ဘယ်သူဘယ်မှာ ဆိုတာ ကိုတောင် လူကြားထဲမှာ မပြောရဲတဲ့သူ၊ ကာယံကံရှင်နဲ့ တိုက်ရိုက် ရင်ဆိုင် စကားမပြောဝံ့သူ၊ အသက်အရွယ် မပြည့်သေးတဲ့သူ အပေါ်မှာ မဟုတ်တရား လုပ်ထားတဲ့သူကို သူရဲကောင်းကြီးလို့ သတ်မှတ်ကိုးကွယ်နေသူ၊ ဘာမှ ကိုယ်ကိုင်က အဖြစ်မရှိဘဲ လူတကာကို အပြစ်လိုက်မြင်နေသူ၊ မိုးပြော ဂျိုးပြော လူတွေ၊ သူများက ဟိုဟာဆို လိုက်ပြီး၊ အပြစ်ပြော ... ပြီးတော့ ကိုယ်တိုင်က လုပ်နေသူ၊ သစ်ပင်မစိုက်ဘဲ အသီးစားချင်သူ၊ စားမိတဲ့ အသီးချဉ် တော့ အပင်ကို ပြန်ဆဲသူတွေပါပဲ …


ဪ ....... နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးသွားခဲ့ပြီ၊ ကျွန်တော်တို့ လူမျိုးရဲ့ မကောင်းတဲ့ အကျင့်တွေကို ဒီလိုသာ ဆက်လက် သယ်ပိုး ယူဆောင်နေကြမယ်ဆိုရင်ဖြင့်........ မြန်မာ နိုင်ငံမှာ ငြိမ်းအေးးချမ်းသာရဖို့၊ တိုးတတ်အောင်မြင်လာဖို့ ကို နောက်ထပ် မျိုးဆက်တွေ ၃ ဆက်လောက် ရင်းတာတောင် လောက်မယ် မထင် ...

You received this email because you are subscribed to the real_time feed for http://kminnkyaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Thet Htoo's] 1 New Entry: Guns N' Roses's Sorry (Chinese Democracy)

Guns N' Roses's Sorry (Chinese Democracy)




GNR ရဲ့ Chinese Democracy ထဲက Sorry ဆိုတဲ့ သီချင်းကို တော်တော် နားထောင်ဖြစ်နေတယ်။ ဒီသီချင်းက သူ့ရဲ့ တစ်ချိန်က အချစ်ဆုံး သူငယ်ချင်းကြီး Slash ကို ရည်ရွယ်တယ်လို့လည်း အများက ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိနိုင်ပါဘူး။ စာသားတွေ ဖတ်ကြည့်တော့လည်း ဟုတ်သလိုလို မဟုတ်သလိုလို။ ကိုယ်လည်း သူတို့ အကြောင်း သေချာသိတာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်မှာ ပြောစရာတွေ ဆိုစရာတွေ အများကြီး ရှိမှာပေါ့ဗျာ။ ကိုယ်ကြုံတွေ့ဘူးတာတွေနဲ့ နှိုင်းယှဉ်ခံစားကြည့်ရင် သူ့စာသားတွေ၊ သီချင်းသံစဉ်တွေ၊ အဆိုရယ်ကို နားလည်နိုင်မှာပါ။ နောက်ဆုံးတော့ ကျွန်တော့် ထုံးစံအတိုင်းပေါ့ဗျာ။ မိတ်ဆွေတို့ပဲ ဆက်လက်ခံစားကြည့်ပါ။ ကျွန်တော်ပြောချင်တာတွေက ပြောလည်း မပြောတတ်သလို ပြောလည်း မပြောချင်ဘူး။ စိတ်ထဲမှာ ခံစားပြီး ခံစားနားလည်သွားတာမျိုးလေးနဲ့ပဲ ကျေနပ်ချင်တာ။ စကားလုံးတွေက တခါတလေ သိပ်မုန်းဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် တယ်လီပသီနဲ့ ဘလော့ဂ်ရေးချင်တယ်။


Music



You like to hurt me
You know that you do
You like to think
In some way
That it's me
And not you
(But we know that isn't true)

You like to have me
Jump an' be good
But I… don't want to do it

You don't know why
I won't act the way
You think I should

You thought they'd make me
Behave and submit

What were you thinking
'Cause I don't forget

You don't know why
I won't give in
To hell with the pressure
I'm not cavin' in

You know that I
Got under your skin
You sold your soul
But I won't let you win

You talk too much
You say I do
Difference is nobody cares about you

You've got all the answers
You know everything
Why nobody asked you
It's a mystery to me

I'm sorry for you
Not sorry for me
You don't know who in the hell to
Or not to believe

I'm sorry for you
Not sorry for me
You don't know who you can trust now
Or you should believe
You should believe
You don't know who you can trust now
Or you should believe

You close your eyes
All well an' good
I'll kick you ass
Like I said that I would

You tell them stories they'd rather believe
Use and confuse them
They're numb and naïve

The truth is the truth hurts
Don't you agree?

It's harder to live
With the truth about you
Than to live with
The lies about me

Nobody owes you
Not one goddamn thing
You know where to put your
'Just shut up and sing'

I'm sorry for you
Not sorry for me
You don't know who in the hell to
Or not to believe
I'm sorry for you
Not sorry for me
You chose to hurt those that love you
An' won't set them free
Won't set them free
You chose to hurt those that love you
An' won't set them free

You don't need
Anyone else to be
Sorry for you
You've got no heart
You can't see
All that you've done for me
I know the reasons
You tear me apart

Lyric from http://chinesedemocracylyricsgnr.blogspot.com/2008/11/sorry-lyrics-chinese-democracy-guns-n.html

You received this email because you are subscribed to the real_time feed for http://myatlone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: NCUB ခေါင်းဆောင်များမှ ၂၀၀၉ ခုနှစ်တွင်ဆောင်ရွက်သွားမည့် နိုင်ငံရေးမူဝါဒများ၊

NCUB ခေါင်းဆောင်များမှ ၂၀၀၉ ခုနှစ်တွင်ဆောင်ရွက်သွားမည့် နိုင်ငံရေးမူဝါဒများ၊

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: အစ္စရေးက ဂါဇာ ကို တိုက်ခိုက်ရန် ပြင်ဆင်နေ ပြီ

အစ္စရေးက ဂါဇာ ကို တိုက်ခိုက်ရန် ပြင်ဆင်နေ ပြီ

( ဂါဇာ ဒေသကို အစ္စရေးလေယဉ်များ ဗုံးကြဲတိုက်ခိုက်နေစဉ်)

အစ္စရေး က ဂါဇာဒေသ ကို စစ်လေယဉ်တွေကို သုံးပြီးဗုံးကြဲတိုက်ခိုက်မှုကို တိုးမြင့်လျက်ရှိ နေတယ်။ ဂါဇာမှာရှိတဲ့ နိင်ငံခြား သားတွေ ကိုထွက်ခွာဖို့ အစ္စရေး က ကြေညာခဲ့ပါတယ်။ ဒီနိင်ငံခြားသားတွေက ပါလက်စတိုင်းတွေနဲ့ အိမ်ထောင်ကျနေတဲ့ နိင်ငံခြား သားတွေဖြစ် ပါတယ်။ လူတွေအားလုံးထိန်လှန့် တုန်လှုပ်ရှိကြတယ်။အစ္စရေးကတပတ်ကြာနေပြီဖြစ်တဲ့စစ်ဆင်ရေးကိုဆက်လျက်တိုးမြင့်လုပ်ဆောင်လာမဲ့အခြေအနေရှိတာကြောင့် လူတွေအားလုံး ထိန့် လှန့် တုန်လှုပ် လျက်ရှိ နေကြတယ်။


အခြေအနေတင်းမာမှုကအနောက်ဖက်ကမ်းခြေဒေသနဲ့ဂျေရုစလင်အထိပြန့်နှံနေပြီးဖြစ်ပါတယ်။ဒီနေရာမှာဟာမာစ်ကိုလိုလားတဲ့
ပါလက်စတိုင်းတွေအများဆုံးနေထိုင်လျက်ရှိပါတယ်။ ကုလသမဂ ကိုယ်စားလှယ်ရောဘတ် ဆာရီက
သူအနေနဲ့  အစ္စရေးက ဂါဇာကိုဝင်ရောက်တိုက်ခဲ့မဲ့အရိပ်အယောင်တွေကိုတွေ့ နေရ တဲ့အတွက် အထူးစိုးရိမ်မိတယ်လို့ထုတ်ဖေါ်ပြောဆိုပါတယ်။အရှေ့အလယ်အပိုင်းအရေးမှာလည်းကုလသမဂ္ဂရဲ့အခန်းကဏ္ဍဟာ မြန်မာ အရေး လိုပဲ အရာဝင်မှု မရှိသလောက်ဖြစ်ပါတယ်။ ဂါဇာ နယ်ခြားမှာတပ်စွဲထားတဲ့ အစ္စရေး တင့်ကားတွေ နောက်ကို ပြန်ဆုတ်ဖို့  တောင်းဆိုပေမဲ့ သိပ်ထိရောက်မှုတော့မရှိလှပါဘူး။

စစ်ဆင်ရေးခွဲခြမ်းစိတ်ဖြာသုံးသပ်သူပါရဂူတဦးဖြစ်တဲ့အဲလစ်ဖစ်ရှ်မန်းဆိုအစ္စရေးဗျူဟာကတော့သတ်ဖြတ်ခြင်း၊
ဖျက်ဆီးခြင်းတွေရည်မှန်းထားတဲ့စစ်ဆင်ရေးဖြစ်နေလေတော့မြေပြင်ထိုးစစ်ကတော့မြန်ရလိမ့်မယ်။ ရည်မှန်း
ချက်အတွက်တန်ဖိုးကြီးတော့ပေးဆပ်ရတော့မယ်လို့ဆိုတယ်။အစ္စရေးစစ်ဖက်ဆိုင်ရာတွေက တော့မြေပြင်
ထိုးစစ်ကတော့ အချိန်တိုမယ် ။ ဒါပေမဲ့  အလွန်ပြင်းထန်ပါလိမ့်မယ်လို့ ဆိုပါတယ်။


သောကြာနေကတော့ ပါလစ်စတိုင်းလူငယ်တချို့ကလောင်ချာတွေနဲ့အစ္စရေးဖက်ကို တိုက်ခိုက်လျက်ရှိပါတယ်။ အတော်များများက ပင်လယ်ကမ်းခြေ မြို့  ဖြစ်တဲ့ ရှာကီလွန်ကို ကျရောက်ခဲ့တယ်။ အစ္စရေး အမျိုးသမီးနစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

အစ္စရေးကဂါဇာကိုဝင်ရောက်တိုက်ခိုက်လာရင်တော့မှေးမိန်နေတဲ့မြန်မာ့အရေးဟာနိင်ငံတကာသတင်းမီဒီယာက
ပျောက်တောင်သွားနိင်ပါတယ်။





ရဲရဲ တောက် ဆန့် ကျင်ကုန် ပြီ

ဗကသအဖွဲ့ဝင်"ကိုဗိုလ်မင်းယုကို" အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်
January 2, 2009 ·
သတင်း- ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကိုအားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေးအိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင် ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။ ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ကျောင်းသားထု အခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည် ထောင်ဒဏ်(၁၀၄)နှစ် ချမှတ် လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေကို နအဖစစ်အစိုးရမှချိုးဖေါက်ခြင်းဖြစ်ပါသည်။

ယခုလိုလူငယ်ကျောင်းသားတစ်ယောက်အပေါ်ချမှတ်သည့်ပြစ်ဒဏ်သည်မည်သည့်နိုင်ငံတကာတရားစီရင်ရေးစနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ် ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက် သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး မားဆုံးဖြစ်သည်။ ဗကသအထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင်ကျောင်းသားကိုညီညီအားလည်းမန္တလေးထောင်တွင်းတရားရုံးကပင်ထောင်ဒဏ်နှစ်(၅၀)ချလိုက်ပါသည်။


(ှsoruce: longwalktofreedom.blogspot.com )

လူရွင်တော် ဦးပါပါလေး မွေးသဖခင်ကြီးကွယ်လွန် ခြင်း

မန္တလေးအခြေစိုက်နှုတ်ခမ်းမွှေးညီနောင်ဟူနာမည်တွင်သည့်နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော်ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ဖြစ်သူလူရွှင်တော်ကြီး ဦးညိုဘန်း မှာ၁၃၇၀-ခု၊ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီအသက်၈၅နှစ်အရွယ်တွင်ကွယ်လွန်အနိစ္စရောက် ခဲ့သည်ဟု သတင်း ရရှိသည်။ စစ်အစိုးရအား အနုပညာဖြင့် ဝေဖန်ခဲ့ သည့် အတွက် လူရွှင်တော် ဦးပါပါလေးမှာ ၁၉၉၆ခုနှစ်တွင် ထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာနိုင်ငံ မြောက်ဖျားရှိ ကျိန်ခရမ်ခ ရဲဘက်စခန်း သို့ပို့ဆောင်ခြင်းခံရသည်။ လူရွှင်တော်ကြီး ဦးညိုဘန်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကိုမန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့(၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်ပို့ဆောင်မီးသဂြိုဟ် ခဲ့သည်ဟူသတင်းရရှိသည်။




Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 9 New Entries: ဟားမတ်စ်တို့၏တိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဂျော့ဘုရှ်စွပ်စွဲ

ဟားမတ်စ်တို့၏တိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဂျော့ဘုရှ်စွပ်စွဲ

အမေရိကန်သမ္မတ ဂျော့ဘုရှ်က ဟားမတ်စ်တို့၏ အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်နေမှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုအနေနှင့် အစ္စရေးဘက်မှသာ ရပ်တည်မည်ဟူသော သဘောထားကို ထုတ်ဖော်ပြသလိုက်သည်။ ဂါဇာဒေသတွင် ဖြစ်ပျက်နေသော သွေးထွက်သံယို မြင်ကွင်းများအတွက် အမေရိကန်နိုင်ငံအနေနှင့် မရှုမြင်ရက်ပါကြောင်း၊ သို့သော်လည်း ဖြစ်ခဲ့သမျှ ကိစ္စအ၀၀အတွက် ဟားမတ်စ်တို့တွင်သာ တာဝန်ရှိကြောင်း ဂျော့ဘုရှ်က ကြေငြာခဲ့သည်။ ဇန်န၀ါရီလ (၂)ရက်နေ့က ပြောကြားခဲ့သော အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ မိန့်ခွန်းအတွင်း ဘုရှ်က အဆိုပါစကားကို ထည့်သွင်းကြေညာခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင်နိုင်ငံများတွင် ဘုရှ်အား မကျေမနပ် ဆန္ဒပြမှုများ တိုးတက်များပြားလာခဲ့သည်။(အစ္စရေးကိုတိုက်ခိုက်နေသည့် ဟားမတ်စ်ပြောက်ကျားများ)

အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကို လိုလားပါကြောင်း၊ နိုင်ငံတောင်ပိုင်းဒေသ ပြည်သူများထံသို့ ဒုံးကျည်များနှင့် မော်တ
ာများ ကျရောက်ပေါက်ကွဲနေမှုကို တုန့်ပြန်တွန်းလှန်နေသည့် အစ္စရေးတပ်မတော်၏ တရားသောစစ်ပွဲအတွက် တားဆီးနိုင်မည့် အခွင့်အာဏာ ၎င်းတွင်မရှိကြောင်း ဘုရှ်ကဆိုသည်။ ထိုသတင်းကြေငြာချက်ကို ဇန်န၀ါရီလ (၃)ရက်နေ့တွင် ကမ္ဘာတ၀ှမ်းသို့ ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် အာဏာသက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်သော ဘုရှ်အနေနှင့် ၎င်း၏အိမ်ဖြူတော် နောက်ဆုံးနေ့ရက်များအတွင်း ပြတ်သားသော ရပ်တည်မှုတစ်ခုကို ပြသခဲ့ခြင်းလည်းဖြစ်သည်။ မကြာမီအချိန်တွင် အိုဘားမားတစ်ယောက် အမေရိကန် သမ္မတအဖြစ် လွှဲပြောင်းယူရာတွင်လည်း အစ္စရေးနိုင်ငံဘက်မှသာ ရပ်တည်ရဖွယ်ရှိကြောင်း ကမ္ဘာ့အရေး အကဲခတ်များက သုံးသပ်ထားကြသည်။(ပါလက်စတိုင်းဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသည့် အစ္စရေးစစ်သားများ)

ယခုအချိန်တွင် အကြမ်းဖက်သမား စစ်သွေးကြွများအပါအ၀င် ပါလ
က်စတိုင်းဦးရေ (၄၀၀)ကျော်မျှ အနည်းဆုံး သေဆုံးခဲ့ပြီးဖြစ်သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က သူမအနေနှင့် ဂါဇာဒေသသို့ အလျင်စလို သွားရောက်ရန် အစီအစဉ်မရှိကြောင်း ကြေငြာထားသည်။ ဂျော့ဘုရှ်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး ဝေဖန်ချက် တစုံတရာ မပေးခဲ့ဘဲ ကုလသမဂ္ဂအပါအ၀င် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကမှ အစ္စရေးအား စွက်ဖက်ခွင့် ရှိနိုင်မည်မဟုတ်ကြောင်း အရိပ်အမြွက်မျှ ပြောကြားသွားသည်။(ဂါဇာဒေသတွင် မြင်တွေ့ရသည့် တိုက်ခိုက်မှုမြင်ကွင်း)

http://www.planet.com.mm/news/index.cfm/linkpage/desc/id/11539

ရန်ကုန်မြို့တွင် Wifi Access Card စတင်ရောင်းချမည်

ရန်ကုန်မြို့တွင်းရှိ အဆင်မြင့်ဈေးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် စီးပွားရေးအဆောက်အဦများတွင် ဖုန်းလိုင်းမလိုဘဲ ကတ်ဝယ်ယူသုံးစွဲရုံဖြင့် ကြိုးမဲ့အင်တာနက်စနစ်(Wifi) သုံးစွဲနိုင်မည့်စနစ်အား လာမည့် (၂၀၀၉)ခုနှစ်ဆန်းပိုင်းတွင် Red Link ကုမ္ပဏီမှ စတင်ရောင်းချတော့မည်ဟု သိရသည်။ အဆိုပါစနစ်တွင် ရန်ကုန်မြို့ရှိ အချက်အချာ ကျသည့်နေရာများတွင် Wifi Hot Spot များကို Red Link ကုမ္ပဏီမှ တပ်ဆင်ပေးမည်ဖြစ်ပြီး ထိုနေရာများနှင့် အနီးတစ်ဝိုက်တွင် Access Card ဝယ်ယူ၍ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ Net Now Wifi ဟုခေါ်ဆိုသည့် ယခုကဲ့သို့ အင်တာနက်သုံးစွဲမှုအတွက် Access Cardများကို လာမည့် (၂၀၀၉)ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါကတ်ဖြင့် Wifi စနစ်ချိတ်ဆက်နိုင်မည့် နေရာအသေးစိတ်ကိုလည်း တစ်ပြိုင်တည်း ကြေညာသွားမည်ဖြစ်သည်။ Access Cardတစ်ခုလျင် ကျပ်တစ်သောင်းဝန်းကျင်နှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး User nameနှင့် Passwordတို့အသုံးပြုကာ မိမိ၏လက်ပ်တော့ဖြင့် ကြိုးမဲ့အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း၌ Wifiစနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်သည့် နေရာပေါင်း(၃၀)ခန့်ရှိသည်ဟု သိရသည်။

Ref: 7DayNews (Vol. 7, No. 40) (planet)

အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းမည်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လက်တွေ့ အကောင်အထည်ဖော် ကြိုးစားတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government-NUG) ကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ဇန်န၀ါရီ ၁ရက် မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေကို ကုစားနိုင်ဖို့ စစ်အစိုးရကို ဖယ်ရှားပြီး စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ နည်းလမ်းမှ တပါးအခြားမရှိလို့ NCUB က သုံးသပ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ပြောပါတယ်။

NCUB ရဲ့ ယာယီလွှတ်တော်နဲ့ စင်ပြိုင်အစိုးရသစ်တခု ဖွဲ့မဲ့ လုပ်ငန်းစဉ်တွေကို ပြည်ပမှာ အကောင်အထည်ဖော်ဖို့ အလားအလာ ဘယ်လောက်ထိ ရှိမလဲ၊ တခါ လက်ရှိ စစ်ပြိုင်အစိုးရဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ရဲ့ သဘောထား ဘယ်လိုရှိသလဲ ဆိုတာတွေကို အမျိုးသားကောင်စီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်သိန်းနဲ့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ၀န်ကြီး ဒေါက်တာတင့်ဆွေတို့ကို RFAမှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။( rfa)

မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသည်မှာ (၈) လ ပြည့်မြောက်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း ယခုချိန်ထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျေနပ်စရာမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက "ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး"ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ခံလိုက်ရသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးခဲ့ကြောင်း ပြောဆိုနေသော်လည်း ဘိုကလေးမြို့ပေါ်တွင် အမိုးအကာများပျက်စီးသွားသည့် ကျောင်းအနည်းငယ်ကိုသာ ပြန်လည်ပြုပြင်ထားသည်ဟု မြို့ခံက ပြောသည်။

"မြို့နယ်ပညာရေးမှူးရုံးရဲ့ ခေါင်းရင်းဘက်မှာရှိတဲ့ ကျောင်းတောင်မှ ဓနိမိုး ဓနိကာနဲ့ပဲ သင်နေရတယ်၊ မြင်းကကုန်းအနောက်ဘက်က ကွင်းကျောင်းဘက်မှာဆိုရင် ကျောင်းတွေက အကုန်ပြိုသွားတာ၊ အဲဒါတွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူး၊ ရွက်ဖျင်တဲတွေနဲ့ သင်နေရတယ်၊ မြင်းကကုန်းမှာဆိုရင် (၁၀) တန်းအပြင်ဖြေဖြေမဲ့ ကျောင်းသားတွေဆိုရင် မြို့မှာသွားဖြေရမယ်၊ အဲဒီမှာ ဖြေစရာကျောင်းက အခုထိမရှိဘူးဖြစ်နေတယ်"ဟု ပြောသည်။

ဘိုကလေးဒေသအတွင်း ပညာရေးပိုင်းဆိုင်ရာ တည်ဆောက်မှုများမှာ အလွန်နည်းပါပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ယူနီဆက်က ထောက်ပံ့ထားသည့် သွပ်အချပ် (၅,၈၀၀) ကျော်အား ယနေ့အထိ ဝေငှခြင်းမရှိဘဲ ဘိုကလေးမြို့ပေါ် အလက (၁) ကျောင်းစတိုခန်းတွင် သိမ်းဆည်းထားကြောင်း ပညာရေးဝန်ထမ်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရနှင့် နိုင်ငံတကာမှ ပေးလှူသည့် ထွန်စက်များမှာ ဒေသအတွင်း အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများထံ ရောက်ရှိခြင်းမရှိဘဲ မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ ရရှိကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

"နိုင်ငံတော်နဲ့ အလှူရှင်တွေပေးတဲ့ ထွန်စက်တွေကို လယ်မင်းသားတွေပဲ ရတယ်၊ အဲဒီလူတွေက မြို့က ပိုက်ဆံရှိသူတွေ၊ လယ်တွေကိုဝယ်ပြီး လူငှားနဲ့လုပ်တဲ့သူတွေ အဲဒီလူတွေက စက်ရတယ်၊ အခုလက်ရှိ မြို့ပေါ်က သူတို့အိမ်မှာပဲ စက်တွေကိုထားတာ"ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲ လာရောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်ဒေသများတွင် စပါးစိုက်ပျိုးမှုများမှာ ရာနှုန်းပြည့်မှီကြောင်း တင်ပြပြောဆိုခဲ့ကြသော်လည်း တကယ်တမ်း စိုက်ပျိုးနိုင်မှုမှာ ၃၅% နှင့် ၅၀% ကြားတွင်သာရှိကြောင်း အဆိုပါလယ်သမားက ပြောသည်။

"အောက်ခြေက လွဲမှားတဲ့ တင်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲအတွက်ရော ဒေသတွင်းက ပြည်သူတွေအတွက်ရော တခုမှ အကျိုးပြုတာမရှိပါဘူး၊ အဲလိုတင်ပြမှုကြောင့် မကြာခင်မှာ အားလုံး အခက်အခဲတွေ ကြုံတွေ့ရမှာပါ၊ အခုဆို ဧက (၅၀၀) လောက် စိုက်တဲ့သူက စပါးတင်း (၁,၅၀၀) လောက်ပဲ ရတယ်၊ တဧကကို (၄) တင်းကနေ (၁၇) တင်း ဝန်းကျင်လောက်ပဲ ထွက်တယ်၊ အထွက်နှုန်းက မမှီ၊ စပါးဈေးက ကျတာနဲ့ နွေစပါးစိုက်ဖို့ဆိုတာ မလွယ်တော့ဘူး"ဟု ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုတခုသာ ယခင်ကထက် ကောင်းမွန်လာကြောင်း မြို့ခံက ပြောသည်။

"နာဂစ်ဖြစ်ပြီး (၂) လကျော်ကြာတော့ ဘိုကလေးပြည်သူ့ဆေးရုံမှာ အရင်ကထက် နွေးထွေးမှုလေးတွေ တွေ့လာရတယ်၊ အဲလိုတွေ့ရတာကလဲ လှူဒါန်းထားတဲ့ ဆေးဝါးတွေက ဆေးရုံမှာ အများကြီးရှိနေတယ်၊ ဆရာမတွေကလဲ လူသားချင်းစာနာတတ်ပုံရတော့ အခမဲ့ကုသမှုတွေမှာ တော်တော်နူးညံ့သိမ်မွေ့လာတာကို တွေ့ရပါတယ်၊ NGO အဖွဲ့တွေကလဲ ဆေးကုသပေးတာတွေ ရှိတယ်၊ ဘိုကလေးမှာဆိုရင် ခရစ်ယာန်အသင်းတော်က အခမဲ့သွားစိုက်ပေးတာ၊ အခမဲ့ဆေးကုပေးတာတွေ ရှိတယ်"ဟု ပြောသည်။

ထို့အပြင် မကြာခင်ရက်ပိုင်းအတွင်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က လေးနှစ်စာအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် အဆိုးဆုံးမှာ လမ်းပျက်စီးမှုများကို သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ပြုပြင်ခြင်းလုံးဝမရှိကြောင်း ၎င်းက ပြောသည်။

"တမြို့လုံး လမ်းတွေပျက်နေတယ်၊ စည်ပင်သာယာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာမယ်ဆိုလို့ (၁၈) လမ်း ကားလမ်းတံတားထိပ်ကနေ ဆေးရုံထောင့်အထိပဲ ဟန်ပြလုပ်တာရှိတယ်၊ သူတို့က ကတ္တရာတို့ ကျောက်တို့ သဲတို့ထုတ်ပြီး ရောင်းစားတာလောက်ပဲ ရှိတယ်၊ ဘိုကလေးကို (၁၅) ရက်တကြိမ်လောက် ဗိုလ်ချုပ်မှူးကြီး လာမယ်ဆိုရင်တော့ လမ်းတွေကောင်းသွားနိုင်ပါတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲဖြစ်သူက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခဲ့ရာတွင် အောက်ခြေအဆင့် တာဝန်ရှိသူများက ပကတိအခြအနေမှန်များကို ဖုံးကွယ်ထားပြီး ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်။
ရိုးမ(၃)

မြန်မာနိုင်ငံအတွက် online ပေါ်ကနေ credit cardလို ပစ္စည်းဝယ်နိုင်စေမည့် နည်းလမ်းတခု စဉ်းစားခြင်း

Introduction

ယခုအခါမှာ ကမ္ဘာ့ နေရာအနှံ့အပြားမှာ online ပေါ်ကနေ အလုပ်လုပ်လာကြပါပြီ။ အဲလိုမျိုး အလုပ်လုပ်လို့ရလာတာနှင့် အညီ ငွေကြေးရွှေ့ပြောင်း လဲလှယ်မှုကလည်း အရေးပါလာတယ်။ နိုင်ငံတကာမှာ credit card, debit card စတာတွေကို သုံးစွဲပြီး online ပေါ်ကနေ ပစ္စည်းဝယ်ခြင်း ၊ ရောင်းချခြင်း နောက်ပြီး အလုပ်သမားများကို လစာပေးခြင်း အပြင် မြောက်မြားစွာသော အလုပ်များကို ဆောင်ရွက်လာနိုင်ပါတယ်။ နောက်ဆုံး ရထားလက်မှတ်ဖြစ်စေ ကားလက်မှတ်ဖြစ်စေ online payment system ကြောင့် အကြွေ ပြသနာတွေ ကင်းဝေးသွားပါတယ်။ အကြွေကြောင့် ဆိုင်တွေလည်း စိတ်ညစ်စရာ မလိုတော့ဘူးပေါ့။

သို့သော် မြန်မာနိုင်ငံမှာတော့ ယခုအချိန်ထိ online payment system ကို မရရှိသေးပါဘူး။ သို့သော်လည်းပဲ online ပေါ်က မြန်မာအားလုံးနီးပါး တောင့်တလိုချင်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာခါနီးမှ ဘဏ်စနစ်ပျက်စီးခြင်းနှင့်အတူ အိပ်မက်တွေကလည်း ရေစုံမျောခဲ့ရပါတယ်။ သို့သော်လည်းပဲ ယနေ့ ခေတ်လူငယ်တော်တော်များများက online ပေါ်က ငွေလဲလှယ်လို့ရအောင် ငွေဝင်အောင် အမျိုးမျိုး ကြံစည် အားထုတ်နေကြပါတယ်။

How To First setup for online payment in Myanmar ?

ကျွန်တော်တို့တွေ ဘာလုပ်နိုင်မလဲ။ သေချာတာကတော့ မြန်မာနိုင်ငံမှာ credit card system ပေါ်ပေါက်လာဖို့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်နေရအုံးမှာပါ။ ဘဏ်စနစ်ကို ယုံကြည်မှု ပျက်သုန်းခဲ့တဲ့အတွက်ကြောင့် ယုံကြည်မှုရတဲ့အတိုင်းအတာ တစ်ခုအထိ စောင့်ရပါအုံးမယ်။ ပြီးမှ ထပ်ဆင့် credit card, debit card တွေအပေါ် ယုံကြည်မှုကို တိုးမြှင့်ရပါလိမ့်မယ်။ ဒါဟာ အရမ်းကြာရှည်ပြီး မျှော်လင့်နေရတဲ့ ဆောင်းအိမ်မက်ရှည်လိုပါပဲ။

ကျွန်တော်ကတော့ virtual money နဲ့ လုပ်ချင်ပါတယ်။ Virtual money ဆိုတာ တကယ်ရှိတဲ့ ငွေမဟုတ်ဘူး။ ဒါပေမယ့် အသုံးကြတယ်။ နည်းနည်းတော့ ရှုပ်သွားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ game city ၊ အာလာဒင် စတဲ့နေရာမှာ အသုံးပြုနေတာကတော့ virutal money လို့ခေါ်လို့ရတယ်။ သူတို့ဆီကနေ အကြွေလေးတွေ ဝယ်။ ပြီးတော့ ဆော့။ ကိုယ်မြတ်လာရင် အခြင်းခြင်း လက်သိပ်ထိုးရောင်း။ စတာလေးတွေ လုပ်ဆောင်ကြတယ်လေ။ နောက်ပြီး မုန့်တွေဘာတွေ ဝယ်စားလို့ရတယ်။ အဲဒါ virtual moeny ပေါ့။

How To setup virtual money for Online Payment ?

မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများဟာ online ပေါ်ကနေ အချိန်ကုန်ဆုံးနေကြပါတယ်။ ကောင်လေးတော်တော်များများဟာ online game ကို အဓိက ကစားပြီး သူတို့ရဲ့ virtual world ထဲမှာ နေထိုင်ကြတယ်။ တနည်းပြောရရင် ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ virutal world ထဲကနေ စပြီးတော့ online payment system တစ်ခုကို တည်ဆောက်နိုင်ပါတယ်။ ဘယ်လိုတည်ဆောက်မှာလဲ ? ကျွန်တော့်အနေနဲ့ ဦးစွာ ပထမ မြန်မာ online game တစ်ခု တည်ဆောက်ပါမယ်။ register လုပ်ခွင့်က free ပေါ့။ ပြီးရင် virtual money 500 လောက်ဖြစ်ဖြစ် ထည့်ထားပေးမယ်။ virutal world ထဲမှာ လူမှု ဘဝတစ်ခုကို ဖန်တီးထားပေးမယ်။ အဲဒီ လူမှုဘဝ နေ့စဉ်လှုပ်ရှားမှုတွေကနေ သူတို့တွေ ဝင်ငွေတွေရလာနိုင်မှာပါ။ ဒါမှမဟုတ် စစ်တိုက်တဲ့ game လိုမျိုး ဖန်တီးပြီး နယ်မြေတွေချဲ့ထွင် ပစ္စည်းတွေ ရှာ။ စတာတွေကနေ သူတို့ရဲ့ ငွေဟာ တိုးတက်လာမှာပါ။ ငွေကြေး တိုးတက်လာတာနဲ့အညီ ကျွန်တော်တို့အနေနဲ့ ပစ္စည်းတွေ ဝယ်ခွင့် upgrade လုပ်ခွင့် စတာတွေကို ပေးထားမှာပါ။ ထားပါဆို့။ သင်က virtual world ထဲက manager တစ်ယောက်ဆိုပါစို့။ အဲဒီအခါမှာ သင့်ရဲ့ knowlegde တွေ ဒါမှမဟုတ် သင့်အရည်အချင်းတွေတိုးတက်စေဖို့ စာအုပ်ဖြစ်ဖြစ် computer ဖြစ်ဖြစ် ဝယ်ဖို့လိုလာပါပြီ။ အဲဒီအခါ ရရှိထားတဲ့ ငွေထဲကနေ သင့် virutal world အတွက် သင်သုံးစွဲရလိမ့်မယ်။ အဲလိုမျိုးပဲ သင့်အိမ်အတွက် သင် ထိုင်ခုံတွေ စားပွဲတွေ စတာတွေကို ရရှိဖို့ ငွေကို သုံးစွဲဖို့လိုမှာပဲ။ ဒါမှမဟုတ် လက်ဆောင်ပေးချင်တာပဲ ဖြစ်ဖြစ်ပေါ့။ သင့်အနေနဲကလည်း အခြားသူတွေလိုအပ်တာတွေကို virtual world ထဲမှာ ရောင်းချခြင်းဖြစ် သင့်ငွေတွေ တိုးတက်စေမှာပါ။ တကယ်လို့ စစ်တိုက်တဲ့ game ဆိုလည်း လက်နက်တွေ အဆင့်မြှင့်ဖို့ research တွေလုပ်ဖို့ သင့် ငွေကြေးကို သုံးစွဲရလိမ့်မယ်လေ။ အဲဒီအခါ virutal money က virutal world ထဲမှာ စတင်လည်ပတ်နေပြီ။

How to get money from real world ?

ကျွန်တော်တို့အနေနဲ့ ငွေ exchange တစ်ခုရှိဖို့် လိုလာလိမ့်မယ်။ သင့်အနေနဲ့ သင်ရှာထားတဲ့ ငွေကို ပြန်လဲလှယ်ခွင့်ပေါ့။ ထားပါစို့။ 1 virual world money (vwm ) = 10 kyats လို့ ဆိုပါစို့။ နောက်ပြီး 1000 (vwm) မှ ထုတ်ခွင့်ပေးထားမယ်။ အဲဒါဆို သင့်အနေနဲ့ 1000 ရအောင် ဆော့ကစားဖို့လိုလာပြီ။ သင့် 1000 ရပြီဆိုတာနဲ့ သင့်အနေနဲ့ ငွေထုတ်လို့ ရသလို အခြား ပစ္စည်းတွေ ဝယ်ခွင့်ရှိတော့မှာပါ။ ဒါမှမဟုတ် သင့်အနေနဲ့ 10 kyats ကို 1 vwm နဲ့ လဲလှယ်ခွင့်လည်း ကျွန်တော်တို့တွေ ပေးထားမှာပါ။ ကျွန်တော်တို့အနေနဲ့ vwm နဲ့ online ပေါ်မှာ ဈေးဝယ်လို့ရအောင် ဖန်တီးထားပေးမယ်လေ။ shipping ခတော့ ဝယ်တဲ့သူကပေးရမှာလေ။ MP3 , MP4 စတာတွေကို ရောင်းချပေးမယ်။ သီချင်းခွေတွေ VCD တွေရောင်းချပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ vwm 500 အထက်ရှိမှ ဝယ်ခွင့်ရှိမယ်လေ။ ငွေထုတ်ရင်လည်း လက်ကျန် vwm 500 ကိုချန်ထားခဲ့ရပါမယ်။ vwm ကို အသုံးပြုပြီး နိုင်ငံခြား site တွေကို ပစ္စည်းမှာတာတွေကို ဒီဘက်ကနေ paypal ဖြစ်ဖြစ် online credit card နဲ့ဖြစ်ဖြစ် တဆင့်မှာယူပေးပြီး သင့် vwm ကို ပြန်နှုတ်ယူသွားမှာပါ။ shipping ခကိုသာ သင်ပေးဆောင်ရမှာပါ။ တနည်းပြောရင် သင့်အနေနဲ့ online ပေါ်မှာ game ကစားရင်းကနေ လိုအပ်တဲ့ ပစ္စည်းတွေ စာအုပ်တွေ VCD တွေ ဝယ်ယူခွင့်ရှိလာအောင် ဖန်တီးပေးထားလိမ့်မယ်။

Just in Myanmar ?

နိုင်ငံတကာကလူတွေအနေနဲ့လည်း credit card နဲ့ vwm ကို ဝယ်ခွင့် ပြန်လဲလှယ်ခွင့်ရှိတယ်လေ။ နောက်ပြီး ရန်ကုန်ကလူတွေကို ပစ္စည်းတွေ လက်ဆောင်ပေးချင်တယ်။ ပို့ချင်တယ်။ စတာတွေအတွက် အဆင်ပြေတာပေါ့။ shipping ခ သက်သာသွားပြီလေ။ မြန်မာပြင်ပကလူတွေအတွက်တော့ credit card သုံးလို့ရတဲ့အတွက်ကြောင့် နိုင်ငံခြားက ပစ္စည်းတွေ လွယ်လင့်တကူ ဝယ်လို့ရတယ်လေ။ သို့သော်လည်းပဲ မြန်မာနိုင်ငံကလူကို ပန်းဖြစ်ဖြစ် လက်ဆောင်ဖြစ်ဖြစ် ဝယ်ပြီး ပေးချင်တယ်ဆိုရင် vwm ကို အသုံးပြုပြီး လုပ်ဆောင်လာနိုင်မှာပါ။

Abstract

ဒီ system ဟာ မြန်မာနိုင်ငံက လူငယ်တွေကို အခြေခံပြီး တည်ဆောက်ထားတာပါ။ နောက်ပြီးတော့ ကျွန်တော့် အမြင်လေးပါ။ online ငွေလဲလှယ်မှု အောင်မြင်ဖို့အတွက် ယုံကြည်မှု ရရှိဖို့လိုပါတယ်။ နောက်ပြီး security ပိုင်းကလည်း လွန်စွာ အရေးပါတယ်လေ။ ယုံကြည်မှုရရှိအောင်အတွက် လူငယ်တွေကို free account နဲ့ game ဆော့ကစားခွင့်ပေးထားပြီး system နဲ့ လူအကြား ယုံကြည်မှုကို တိုးပွားစေလာမှာပါ။ ယုံကြည်မှုရလာတဲ့အညီ ငွေလဲလှယ်ခြင်း ပစ္စည်းရောင်းခြင်း ဝယ်ခြင်းစတာတွေကို လုပ်ဆောင်လာလိမ့်မယ်။ နောက်ပိုင်းမှာတော့ vwm က ခိုင်မှာလာမှုရှိလာပြီး မြန်မာတွေအနေနဲ့ online မှာ သုံးစွဲလို့ရလာလိမ့်မယ်။ ဘာလို့လည်းဆိုတော့ vwm က သူတို့အနေနဲ့ online ပေါ်မှာ ရှာထားတာပဲလေ။ internet အသုံးပြုခလေးပဲ အကုန်ခံပြီး ရှာထားတာလေ။ system ကို သုံးစွဲတဲ့လူအနေနဲ့လည်း ပစ္စည်းရောင်းခြင်းက ဝင်ငွေရနိုင်သလို vw ထဲမှာလည်း အခြားလူများထက် သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိလာနိုင်ပါတယ်

ကိုစေတန် ( M .Z)

ကရင်နှစ်သစ်ကူးနေ့ နအဖ၏ ဥပဒေမဲ့ စော်ကားမှုများ



myochit myanmar

N.L.D( LA)J p၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင်သက်တမ်း၏ ပထမအကြိမ် ၆ လပတ်ညီလာခံ


photo by kopour

အကယ်ဒမီ ပေးတော့မည်။

အမိမြေသို့ (မာမာအေး)


အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။ ။
http://moemaka.com/index.php?option=com_content&task=blogcategory&id=39&Itemid=44

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Free In Mind] 2 New Entries: snap shot

snap shot

My friend told me to take her photo. But, I don’t have any idea and also I don’t want to take picture at that time. But, she told me again and again to take her photo. I tell her OK. So, make some post. I took this picture when she prepare her hair style. It’s snap shot. I like this picture. :P . You can see some hidden words from this picture and color. Welcome comments.

sun set

ဧရာဝတီမြစ်ဆိပ်သွားတုန်းက ရိုက်ထားတဲ့ပုံလေးတစ်ပုံပါ..။ နေ၀င်ခါနီးအချိန်မှာ ရိုက်ထားတာ..။ 80 x 200 tele lens နဲ့ရိုက်ပါတယ်..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 15 New Entries: ၆၁ နှစ်ပြည့်လွတ်လပ်ရေးနေ့

၆၁ နှစ်ပြည့်လွတ်လပ်ရေးနေ့

ဖေဖေသူတို့လို ၀တ်ပါလား

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်"
"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"
"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"
"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"
"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော်
ဖေဖေ၊ ဟုတ်လား"
"ဟုတ်တယ်ကွဲ့"
"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ"
"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊
သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့" တဲ့။

(ဆရာဂါမဏိရဲ့ ပြောပြချက်ကို ဆင့်ပွားခံစားတင်ပြပါသည်။)

ဂျင်ဂလိ

အနီးကပ်ဆုတောင်း

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,3rd,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )လောင်စာဆီဈေး ကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ

( 2 )US openly backs Burma democracy

( 3 )အဲန်စီဂျီယူဘီ စင်ပြိုင်အစိုးရအဖြစ် ဆက်ရှိနေအုံးမည်

( 4 )democracy for Myanmar

( 5 )မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရရဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ

( 6 ) Home at last, far from big cities and refugee camps

( 7 )US backs democracy in Myanmar ahead of anniversary

( 8 )CinePhillyist Reviews... Rambo

( 9 )Bush and Ban to hold farewell lunch at WHouse

( 10 )အမေရိကန် ခရစ်ယာန် ဘုရားကျောင်း ကရင်ဒုက္ခသည်တွေကြောင့် ဆက်လက်တည်မြဲ

( 11 )Myanmar terminates some publications for failure to register

( 12 )Burma refugees are welcomed by youths

( 13 )ရှိတ်ဟာစီနာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လိုလား

( 14 )တောင်ကုတ် အဖွဲ့ချုပ်ခေါင်းဆောင် ဦးမင်းအောင်ကို ထောင် ၁၅ နှစ်ထပ်ချ

( 15 )လာရှိုးထောင်မှာ အေးလွန်း၍ ကိုမင်းဇေယျာ ခါးရောဂါ ပြန်ခံစားနေရ

( 16 )The Diaries of SSSNY Students

( 17 )ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း

( 18 )Zagnar, Hold on, We know your alive

ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ

နှစ်သစ်ဆုတောင်း

ကရင်နှစ်သစ်ကူးနေ့ နအဖ၏ ဥပဒေမဲ့ စော်ကားမှုများ

 

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း

ရန်ကုန် မှ သတင်းတစ်ခု

၃၁.၁၂.၂၀၀၈ ညအချိန်တွင် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်မှာ ပြည်သူတို့ရဲ့လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့ ဟူသောစာတန်းပါစာရွက်များအားနေရာအနှံအပြားတွင်လိုက်လံကပ်ထားသည်များကိုတွေ့ရသည်။

ထို့အပြင်သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင့်(ဇ၀န)သုဝဏမြို့နယ်တ၀ိုက်တွင်လည်းထိုစာများအား အများအပြားကပ်ထားသည်ကိုတွေ့ရပါသည်။

ထိုအပြင် ( --------? လွတ်လပ်ရေး) ဟူသေားခေါင်းစီးစာတန်းဖြင့် ပြည်သူသို့လှုံ့ဆော်သော်စာသားများပါရှိသည့်အရှေ့မျက်နှာနှင့် နောက်ကျော စာမျက်နှာတွင် တောင်းဆိုချက်(၃)ချက်ပါဖြစ်သော

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး
(၂)စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးပေါ်ပေါက်ရေး
(၃)နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လွှတ်ပေးရေး
ဟူသည့်စာသားများပါသော စာရွက်များအား
အင်းယားကန် တံတားဖြူမှတ်တိုင်နားနှင့် ကန်တော်ကြီး ပုဂံလုံးကျွန်းနားတွင် နှစ်နေရာပေါင်း စာရွက်ရေ ၂၀၀၀ နီးပါးမျှနှင့် အခြားနေရာအတော် များများတွင်လည်း စာများအား ကားပေါင်းစုံပေါ်မှ ကျဲချသွားကြောင်း ကျွန်တော်သိသမျှ သတင်းအားဖြန့်ဝေပေးပါသည်

နိုင်ငံရေးစိတ်ဝင်စားသူအပေါင်းခင်ဗျား နိုင်ငံရေးသတိအမြဲရှိကြပါ။

မျိုးချစ်မြန်မာတစ်ဦး
(ရန်ကုန်)

မျောက်ဆရာများလုပ်စားခြင်းခံရသည့် ကိုယ်တွေ့ဖြစ်ရပ်

ကိုမျိုးချစ်မြန်မာ ဘလော့မှာ့  ပထမဆုံးပြုပြင်ပြောင်းလဲသင့်သည့် ဆောင်းပါးကိုဖတ်ရသည့် အတွက် အထူးကို ကျေးဇူးတင်ရှိပါသည်။ ဆောင်းပါးကိုရေးသားသည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကျောင်းသားများ ကိုလည်း အထူးကျေးဇူးတင်မိပါ သည်။ အခုလိုဆောင်းပါးများ၊ ရင်ဆိုင်တွေ့ကြုံရသည့် ခံစားချက်များကို မိမိအနေဖြင့် ပြည်ပရောက်မြန်မာများကို သိထားစေချင်သည့် စေတနာသတ်သတ်သာဖြစ်ပါသည်။ ပထမဆုံးပြောင်းလဲသင့်သည့် ဆောင်းပါးကိုဖတ်မိပြီး ၄င်းနှင့်သက်ဆိုင်သည့်မိမိကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို ဖော်ပြပေးချင်ပါသည်။ နိုင်ငံရေး လှုပ်ရှားမှုများနှင့်ပတ်သတ်သည့် အကြောင်းအရာတော့ မဟုတ်ပါ မိမိ အနေဖြင့် နိုင်ငံရေး လှုပ်ရှားသူများနှင့်ပတ်သတ်သည့် အတွေ့အကြုံ နည်းပါးလွန်းသည်ကို ၀န်ခံပါသည်။

၂၀၀၄ ဆူနာမီဖြစ်တုန်းက ကျွန်တော် ထိုင်းနိုင်ငံ၏နိုင်ငံခြားခရီးသွားများစိတ်ဝင်စားသည့် ဖူးခတ်မြို့ ပင်လယ်ကမ်းစပ် ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေထိုင်လျှက်ရှိသည်။ ဆူနာမီရေလှိုင်းတက်လာတော့ အဆောက်အဦးတော်တော် များများ ပျက်စီးပြီး ကျွန်တော်တို့နေထိုင်တဲ့ ဆောက်လုပ်ရေးတန်းလျှား တစ်ချို့တစ်ဝက် ရေလှိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်။ (ဆက်ဖတ်ရန်)

ကံကောင်းမည်ဟုပြောရမည် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အဆောက်အဦးများသာပျက်စီးကုန်ပြီး လူအသေအပျောက် နည်းပါးခဲ့သည်။ ပြောလိုသည်မှာ ဆူနာမီအကြောင်းတော့ မဟုတ်ပါ ဆူနာမီနှင့် ဆက်စပ်နေသည့် ပြုပြင်ပြောင်းလဲသင့်သည့် ဆောင်း ပါးပါ မျောက်ဆရာများ ဟု တင်စားထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်း နာမည်တပ်ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပွဲထုတ်ပြီး လုပ်စား နေသော မျောက်ဆရာများအကြောင်းဖြစ်ပါသည်။ ဆူနာမီဖြစ်ပြီးတစ်ပတ်လောက်အတွင်းတွင် နိုင်ငံခြားသားများအပါအ၀င် ထိုင်းလူ မျိုးများမှ ကယ်ဆယ်ရေးလုပ်ငန်းများကို အင်အားသုံးပြီးလုပ်ဆောင်လာကြသည်။ သို့သော်မြန်မာတွေကိုတော့ သိပ်အလေးမထား ကြပေ ယင်းအချိန်တွင် မြန်မာ့အလုပ်သမားများကို ကူညီမည့် မြန်မာအချို့ရောက်လာပြီး မိသားစုတစ်စုလျှင် ဆန် ငါးကီလိုထုတ် ဆီ အချို့ ရေသန့်ဘူးနှင့်မာမားခေါက်ဆွဲ အချို့ကို အခဲမဲ့ ဖြန့်ဝေပေးသည်။ ဘာမှ အလကားမရခဲ့ဘူးသည့် ကျွန်တော်တို့ရွှေ့ပြောင်း မြန်မာ အလုပ်သ မားများအတွက် ၄င်းလူများကို ကယ်တင်ရှင်များအလား ကျေးဇူးတင်မိပြန်သည်။ တော်တော်သဘောကောင်းတဲ့ လူတွေ ငွေကြေး လဲတတ်နိုင်ကြတယ် သဒါတရားလည်းထက်သန်ကြတယ် အလုပ်သမားတွေကို တွေ့ရင်လည်း ရယ်ပြုံးပြီး ဆက်ဆံတတ်တယ် ဘာအခက်ခဲရှိသလဲ မေးမြန်းတတ်ပြီး ဖုန်းနံပတ်တွေ ပေးတယ် ဓါတ်ပုံရိုက်တတ်ကြတယ်။ အဲဒီလို တစ်လနီး ပါး ၄င်းလူတွေ့ကို တွေ့နေရတယ် တွေ့ရတိုင်းလဲ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ကြီးတွေ ကယ်တင်ရှင်တွေအဖြစ် ကျွန်တော်တို့ ပွင့် လင်း ယဉ်ကျေးစွာ လေးစားမိတယ်။ နောက်ပိုင်းတော့ အဲဒီလူတွေမတွေ့ရတော့ဘူး ဆန်တို့ ၊ ဆီတို့ဆိုတာလည်း တစ်ခါရတဲ့ လူကို နောက်တစ်ခါလည်း ထပ်ပေးတာမဟုတ်ဘူး ဒါပေမေ့ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေကလည်း တစ်ခါမှ ကြုံဖူးတာ မဟုတ် တော့နောက်တစ်ခါ ဘယ်ထပ်တောင်းကြမလဲ မတောင်းကြပါဘူး တစ်ခါပေးရုံနှင့်လောက်တောင် ကျေးဇူးတွေ မဆုံးတော့ဘူး တင်နေ မိကြတာ။
 
ဆူနာမီဖြစ်ပြီးနောက်ပိုင်း ထိုင်းကိုနိုင်ငံခြားသားတွေ ၀င်လာတော့ ကျွန်တော်လည်း အဆက်အသွယ်ရပြီး ဆောက်လုပ် ရေးလုပ်သားဘ၀ကနေ ကျွန်းတစ်ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလိုတစ်ခုမှာ အလုပ်ရတယ် စားပွဲထိုး အဖြစ် နှင့်ပေါ့ ကျွန်တော်လည်း ဆောင်းပါးရှင်များရေးသလို ရွှေ့ပြောင်းအလုပ်သမားမြန်မာ့တဣသိုလ်ကျောင်းသားတစ်ယောက်ပဲလေ တစ်ခြားနိုင်ငံမှာတော့ တဣသိုလ်ကျောင်းသာရွှေ့ပြောင်းအလုပ်သမားဆိုတာရှိသလားမရှိဘူးလားတော့မသိဘူး ကျွန်တော်တို့ မြန်မာပြည်က ကျောင်းသားတွေကတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကုန်တာပေါ့ ရွှေ့ပြောင်းအလုပ်သမား ဖြစ် နိုင်အောင် ပညာရေး မြင့်မားစေတဲ့ မြန်မာ့စစ်အစိုးရပညာ ရေးကိုလည်း အထူးကျေးဇူးတင်မိတယ်။ ဒီလိုနှင့် ကျွန်းပေါ်က ဘန်ကလို ပေါ်မှာ စားပွဲထိုးလုပ်နေရင်း နိုင်ငံခြားသားတစ်ချို့နှင့် ရင်းနှီးပြန်တယ် အဲဒီလိုကနေ ရင်းနှီးတဲ့ နိုင်ငံခြားသား အသိတစ်ယောက် နှင့် အတွေ့အကြုံလေးတွေ ပြောပြကြရင်း ၂၀၀၄ မင်းသားချော ဆူနာမီကပါလာပြန်တယ် ထပ်ဆိုးသည်မှာ ၄င်းနိုင်ငံခြားသား မှာ အင်ဂျီအို တစ်ခု၏အရေးပါသော နေရာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဆူနာမီဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းဖူးခတ် အပါအ၀င် ဆူနာမီ ဒဏ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကူညီရန် လိုအပ်သည့်ငွေကြေးကို ထုတ်ပေးရာတွင် ပူးပေါင်းတင်ပြပြီး အတည်ပြုပေးသည့်ထဲတွင်သူပါဝင်ကြောင်း ပြောပြလာပြန်သည်။ အဲဒီမှာကျွန်တော်လည်း ဒါဆို မြန်မာပြည်သား တွေအတွက် ဘာတွေလုပ်ဆောင်ပေးမယ့်ဟာတွေပါသလဲ လို့မေးဖြစ်တယ် အဲဒီမှာ ကျွန်တော်လည်း အား ယား ယား.... ဖြစ်သွား တာကလွဲပြီး မျောက်ဆရာများ၏လုပ်ရပ်ကို မသိလိုက်ဟန်ဖြင့် ကျွန်တော်ရောက်တာ မကြာသေးဘူး အခုမှထိုင်းကိုရောက်လာတာ ဆူနာမီတုန်းက ကျွန်တော်မြန်မာပြည်မှာဖြစ်ကြောင်း အားရပါးရ လိမ်ပြောခဲ့ရသည်။ ၄င်းနိုင်ငံခြားသားပြောပြရာတွင် ၄င်းတို့ အဖွဲ့ မှ ဆူနာမည်ဖြစ်ပြီး ပထမ လေးလ ကိုအရေးပေါ် ထောက်ပံ့ပေးမှုအစီအစဉ်ဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် စားဝတ်နေရေး၊ လိုအပ်သလို အခန်းငှားပေးနိုင်၊ ကျမ်းမာရေး မြန်မာဆရာဝန်များခေါ်ယူပြီး ကျမ်းမာရေး ကိုစောင့်ရှောက်ရန် လိုအပ် ပါက ဆေးရုံး တက်ကုသ ရလျှင်လည်း ကုန်ကျငွေပေးချေရန်၊ အလုပ်သမားများကို အလုပ်သမားကဒ် အခမဲ့သက်တမ်းတိုးပေးရန်၊  လုပ်ငန်းအချို့ အတွက် အလုပ်သမားများ အလုပ်ပြန်လည်ရရှိစေရန် စက်ပစည်းအချို့ ၀ယ်ပေးရန်၊ သွားလာရေးအဆင်ပြေရန် ပို့ဆောင်ရေးလုပ် ငန်းများအပါအ၀င် မြောက်များစွာသော စီမံကိန်းများပါဝင်ပြီး မှတ်မိသလောက်သာ ရေးသားလိုက်ပါသည်။ ဤ သည်မှာပင် ကျွန်တော်တို့ကို ဆန်ငါးကီလိုနှင့် ဆီ၊ မာမား တို့ကို အခမဲ့ဝေငှပေးသော ကယ်တင်ချင်ကြီးများကို မြင်ယောင်လာ ကာ ဘာအခက်အခဲရှိလဲ မေးခွန်းများကို ပြန်လည်ကြားယောင်မိပြန်သည်။
 
ဆိုလိုချင်သည်မှာ ဦးဆောင်ပြီးဆောင်ရွက်ပေးလိုသည့် ဆရာကြီးများကို အိပ်ထဲမထည့်ပါနှင့်ဟုမပြောလိုပါ သို့သော် လည်း တစ်ရာမှာ ၄၅ ရာနှုန်းလောက် လုပ်ပေးပြီး ၅၅ ရာနှုန်းလောက် အိပ်ထဲထည့်သွားရင် မဆိုးလောက်သောအခြေအနေ ဟုပြော ရမည်ဖြစ်သော်လည်း အခုဟာက ၅% လောက်လုပ်ပြီး ၉၅% လောက် အိပ်ထဲထည့်သွားသော မျောက်ဆရာများအတွက် ဘာမှ နား မလည်သည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ လုပ်စားခံရခြင်းဖြစ်ပါသည်။ ကျွန်တော်ကြုံတွေ့ခဲ့သော မျောက်ဆရာမှာလည်း မြန် မာများဖြစ်ပါကြောင်း တစ်ခြားနိုင်ငံတွေမှာရောက်နေတဲ့ မြန်မာ့ အလုပ်သမားတွေ အခြေအနေကို ကျွန်တော်အနေနှင့် မပြော နိုင်သော်လည်း မြန်မာတွေကို ပြပြီး လုပ်စားနေ သော ထိုင်းနိုင်ငံထဲမှ မြန်မာ့မျောက်ဆရာများကို အကြောင်းကို မြန်မာ့အလုပ်သမား အားလုံးကို သိထားစေချင်ပါတယ်။

မှတ်ချက်။ ။ မြန်မာ့ အလုပ်သမားအရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ပေးနေသော အလုပ်သမားခေါင်းဆောင်အချို့ ကို လေးစားဂုဏ်ပြုပါသည်။ ဤဆောင်းပါးသည် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကျောင်းသားများ ရေးသားသည့် ဆောင်းပါးတွင် ပါရှိသည့် မျောက်ဆရာများ ကို ဖတ်ရှုမိ့ရင်းကိုယ်တိုင်ကြုံခဲ့ရသည့် အတွေ့အကြုံတစ်ခုကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။
   
                                                                                                                     လေးစားစွာဖြင့်
            ဇာနည်ဗို (ဖူးခတ်)

ဆောင်းပါးပါအချက်အလက်များသည် စာရေးသူ၏အာဘော်သက်သက်သာဖြစ်ပြီး မျိုးချစ်မြန်မာ နှင့် မည်သို့မျှပါတ်သက်ခြင်းမရှိပါ

2009 CAC မှ တိုက်တွန်းနှိုးဆော်ချက်

အလွမ်းသံစဉ် (၀တ္ထုတို)

အနောက်ဘက် မိုးကုတ်စက်ဝိုင်းတလျှောက် ကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်ခဲများ၊ တိမ်ခိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားနေကြ၏။ ကောင်းကင်မှ တိမ်များသည် ကြေကွဲနေသည့် မိန်းမပျိုလေး လမ်းလျှောက်နေသလို လွင့်မျှောနေ၏။ မကြာခင်မှာပဲ ကောင်းကင်ကြီး ကြေကွဲစွာ ငိုချလိုက်သည့် မျက်ရည်များသည် မိုးစက်များအဖြစ် တောင်တန်းတွေကို ရွှဲရွှဲစိုစေသည်။ 

ထိုမျက်ရည်များနှင့် တောင်တန်းတွေကြားမှာ ကျမ ချစ်သူ ရှိပါသည်။ မောင့်ကိုတွေ့ဖို့ ရောက်ခဲ့သည့် ကျမသည် ပတ်ဝန်းကျင်ကို အဖော်ပြုခဲ့ရသည်။ ချစ်ခြင်းကြောင့် အားသစ်တွေ ဖြစ်ပေါ်ခဲ့သလို၊ ချစ်ခြင်းကြောင့်ပဲ မြင်သမျှ လွမ်းမောခဲ့ရသည်။( ဆက်ဖတ်ရန် ) မောင်ရှိသည့် နေရာကို ကျမ သွားရသည့်ခရီးသည် မိုင်ပေါင်းရာချီပါသည်။ ထိုခရီး၏ ပတ်ဝန်းကျင်ရှုခင်းက ကျမတို့ မြို့ပြလိုမဟုတ်။ ကျယ်ပြန့်သော ကောင်းကင်အောက်မှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းပင်ပန်းပွင့်များက အင်မတန်မှ လှပပါသည်။ လှပသော ရှုခင်းများကို ကြည့်ပြီး အိမ်မှာ အဖွားနှင့် ကျန်ခဲ့သည့် သားနှင့် မောင့်ကို တလှည့်စီ လွမ်းနေပါသည်။ ထိုအလွမ်းတွေကို ပုံထားလို့ရလျှင် ကျမ၏ အလွမ်းများသည် ချင်းတောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်းများထက် ပိုမိုမြင့်မားပါလိမ့်မည်။

မောင့်ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်က မှတ်မှတ်ရရ ဇူလိုင်မိုးဦးကျမှာ ဖြစ်သည်။ ထိုခရီးသည် ကျမအတွက် ပထမဦးဆုံး စွန့်စားရသည့် ခရီးဆိုလျှင် လွန်မည်မထင်ပါ။ သုံးညနှင့် လေးရက် သွားရသည့် ခရီးမှာ မြို့ပေါင်းများစွာ ဖြတ်ခဲ့ရ၏။ အထင်ကရ မြစ်နှစ်ခုကို ဖြတ်ခဲ့ရ၏။ မဟာမြိုင်တောကြီးကို တညလုံး ကားဖြင့် ဖြတ်ရသည့် အချိန်တွင်တော့ ကျမ လွန်စွာမှ အားငယ်ခဲ့ရတော့သည်။

ကျမတို့ စီးလာသည့်ကားသည် မောက္ကတော်သဲချောင်းမှာ မိုးလွတ်အောင် စောင့်ရသည်။ မိုးမရွာသေးသော်လည်း မိုးနံ့ကို ကားသမားက သိသည်။ သည်တော၊ သည်တောင်ကို ကျွမ်းဝင်နေသည်မို့ သဘာဝနှင့် ရင်းနှီးနေခြင်း ဖြစ်မည်။

ကောင်းကင်မှာ ထိုညက ကြယ်တွေ မရှိပါ။ တိမ်စိုင်တိမ်ခဲတို့ဖြင့် မဲမှောင်နေသည့် ကောင်းကင်အောက်မှာ ကျမတို့ ကားတန်းကြီးက ငြိမ်သက်နေသည်။ ကျမ၏ ပထမဆုံး ခရီးမှာ အခုလို တောနက်ထဲက သဲချောင်း ပြင်အကျယ်ကြီးထိပ်မှာ မိုးခိုရမည်ဟု မတွေးမိခဲ့။ မောက္ကတော်သဲချောင်းထဲကို ရေမလွမ်းခင်မှာပင် မိုးစက်တွေက ကားမှန်ပြတင်းကို ထိမှန်လာကြသည်။ ကားပေါ်မှာတော့ အိပ်ငိုက်သူငိုက်၊ တွေးသူကတွေးနှင့် ငြိမ်သက်နေ၏။ တောင်ကျရေကို ကြိုဆိုရန် မောက္ကတော်က အဆင်သင့်ဖြစ်နေပြီ။ မိုးနံ့နှင့်အတူ ကောက်သစ်စပါးနံ့၊ သစ်ခွပန်းရနံ့ကို ရှုရှိုက်ရင်း ညကို အထီးကျန်စွာ တဦးတည်း ဖြတ်သန်းရမယ်လို့ တွေးမထင်ခဲ့ဖူးပါ။ ထိုအချိန်မှာ ကားဆရာက သီချင်းဖွင့်ပြီး တိတ်ဆိတ်မှုကို အဖော်ပြုလိုက်သည်။

ထွန်းအိန္ဒြိာဗိုလ်၏ "မိုးလေးဖွဲတုန်း" သီချင်းသည် နေရာဒေသ၊ အချိန်နှင့် အင်မတန်မှ လိုက်ဖက်နေ၏။ သီချင်းရေးဆရာက မျိုးကျော့မြိုင် ဖြစ်သည်။ သီချင်းရေးဆရာ၏ နှလုံးသွေးထဲက ထွက်လာသည့် သီချင်းစာသားတွေက ကျွန်မကို မျှော်လင့်ခြင်းများနှင့် အလွမ်းကို ဖြစ်စေခဲ့သည်။

"မိုးလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ်။ ပြတင်းတံခါးဆီပဲ၊ သွားလို့မော့ကြည့် ပြောလိုက်ချိန်၊ တကိုယ်ရေထဲ မိုးစက်တွေအလည် … ၊ ဝေးပြီး တနေ့ ပြန်တွေ့ကြမယ် .. . ယုံကြည်ထားမိုးစက်တွေရယ် …" "တချိန်က သိတဲ့ ပျော်မြူးခြင်းတွေ ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ … ဘယ်လောက်ပဲ ဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်"

 သီချင်းစာသားထဲမှာ လွင့်မျောနေသည့် ကျမသည် မောင်နှင့်အတူရှိသည့် အချိန်တွေကို တွေးမိရုံဖြင့် နှလုံးသွေးတို့ နွေးထွေးသွားသည်။

++++

မောင်နှင့် ကျမသည် ပန်းတိုင်တခုကို အတူသွားခဲ့သူများဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ဖို့ မောင့်ဇွဲ၊ လုံ့လ၊ ၀ိရိယက ကျမထက် ပိုသည်။ မောင်က ရေစုန်ကိုမလိုက်၊ ရေဆန်ကိုသာ လျှောက်သည့်သူဖြစ်သည်။ မောင်က သူခံစားရသည့် အကောင်းဆုံးများကို သူ့ပတ်ဝန်းကျင်ကိုပါ ခံစားစေချင်သည်။ နိမ့်ပါးသည့် ဘ၀များကို ဖေးမကူညီချင်သူဖြစ်သည်။ ထိုသို့သော မောင်နှင့် ကျမတို့ အနာဂတ်ကို ယုံကြည်မှုများစွာနှင့် လက်တွဲလျှောက်ခဲ့သည်။ ဘ၀တခုလုံးပုံ၍ မောင့်ကို ယုံကြည်ခဲ့ပါသည်။

အခက်အခဲ အမျိုးမျိုးကြားထဲမှ အိမ်ထောင်သည် ဘ၀ထဲကို လက်တွဲခုန်ချခဲ့ကြသည်။ ကျမတို့ ခုန်ချခဲ့တာ ပန်းမွေ့ယာပေါ် မဟုတ်။ ဒုက္ခဆူးတွေထဲကို ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုဒုက္ခဆူးတွေကို အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေဖြင့် နှုတ်ခဲ့ကြသည်။ ကာယကို အားကိုးပြီး လုပ်ရသည့် ပါတိတ်လုပ်ငန်းမှာ နှစ်များစွာ ကြာခဲ့သည်။ မောင့်လက်မောင်းလက်ဖျံမှာ ဖယောင်းစက်တွေ၊ ကျမ၏ လက်မှာ ပန်းပွင့်တွေကို ဆေးခြယ်သည့် ဆေးစက်တွေ ….။ ထိုလက်တွေဖြင့် ကျမတို့ဘ၀၊ ကျမတို့ပတ်ဝန်းကျင်ကို အတ္တ၊ ပရ မျှစွာ ဖန်တီးခဲ့ကြသည်။ အလုပ်နားရသည့်အခါ မြို့သစ်လယ်ကွက်လပ်များမှာ မောင်က အိမ်နီးချင်းအဖော်တွေနှင့် ငါးမျှားသည်။

ရလာသည့် ငါးသံချိတ်၊ ငါးဇင်ရိုင်းလေးများကို ကြော်ပြီး အိမ်ရှေ့ကန်ဇွန်းခင်းက ကန်ဇွန်းရွက်တွေကို ပူပူနွေးနွေးဖြစ်အောင် စားခါနီးမှ ကြော်လိုက်သည်။ မောင် ဗိုက်ဆာသည့်အချိန်နှင့်အကိုက် ကြော်ထားသည့် ကန်ဇွန်းရွက်ကြော်၊ ငါးကြော်တို့သည် ကျမတို့အတွက် အမှတ်တရ ဟင်းပွဲများဖြစ်သည်။ ထိုထက်ပို၍ ကျမတို့ မချက်နိုင်ခဲ့။ သို့သော် ကျမတို့ ဘ၀ကို ပြည့်စုံသည်လို့ ရောင့်ရဲနိုင်ခဲ့သည်။ မောင်ပေးခဲ့သည့် ဆိတ်ဖလူးပန်းတွေကိုလည်း အမှတ်ရမိသည်။ မနက်စောစော ခြံထောင့်မှာ ဆိတ်ဖလူးပန်းတွေ တဖြုတ်ဖြုတ် ကြွေတတ်သည်။ ဆိတ်ဖလူးပန်းလေးများကို ကောက်ပြီး နှီးကြိုးလေးနှင့် မောင်သီကုံးပေးတော့ ကျမ ဆံပင်ကောက်ကောက်မှာ ပန်ရသည်။ ဆိတ်ဖလူးပန်းနံ့ သင်းသင်းလေးက တမ်းတလွမ်းဆွတ်ဖွယ်ရာ။

ကျမနှင့် မောင် ပိုင်ဆိုင်ဖူးသော အရာများသည် ကျမအတွက် မြတ်နိုးဖွယ်ရာများ ဖြစ်ပါသည်။ ထိုအရာများကို သတိရတိုင်း မောင့်အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးသွားတတ်သည်။ မောင့်ဘ၀၏ တ၀က်တပိုင်းသည် ကျမဖြစ်၍၊ ကျန်တပိုင်းသည် သားဖြစ်ပါသည်။ သားကို မမွေးခင်တည်းက မောင်သည် "သားလေးမွေးမှာကွ" ဟု ယတိပြတ်ပြောသည်။ ကျမ ကိုယ်ဝန်ဆောင်စဉ် မောင်နှင့် အလုပ်မလိုက်ရတော့ဘဲ အိမ်မှာ ကျန်ခဲ့ရသည်။

အလုပ်သွားခါနီးတိုင်း မောင်သည် ကျမ ဗိုက်ကို လက်ဖ၀ါးကြမ်းကြမ်းနှင့် ကပ်ပြီး သားကို နှုတ်ဆက်တတ်သည်။

"သားလေးရေ၊ ဖေကြီး အစာရှာထွက်လိုက်ဦးမယ်။ သားအတွက် ပိုပြီးရှာရမှာဆိုတော့၊ ဖေကြီး ပိုအလုပ်လုပ်ရမှာပေါ့။ သားကြီးလာရင် သားက ကိုယ့်ကိုယ်ကိုပဲ ချစ်မှာလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ချစ်မှာလား၊ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ဖေကြီး ပြောပြမှာပေါ့"

မောင့်စကား ဆုံးသည့်အချိန်မှာပဲ သားတံတောင်ဆစ်နုနုလေးက မောင့်ကို ထိလိုက်သည်။

"ကြည့်စမ်း။ စမ်း ကြည့်စမ်း ပန်း .. ။ ဒါ သားတံတောင်ဆစ်လေး မဟုတ်လား။ သားက အထဲကနေပြီး မောင့်ကို နှုတ်ဆက်လိုက်တာ"

ကျမ မပြုံးဘဲ မနေနိုင်တော့ပါ။

"ကလေးက သိလို့ ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့၊ လှည့်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ပါ။ လရင့်ရင် ဒီအတိုင်းပဲလို့ ပြောကြတယ်" မောင်က သားကို ချစ်စိတ်ဖြင့် သူ့ကို နှုတ်ဆက်တာ၊ ထောက်ခံတာဟု ပြောသည်။

မောင်သည် အရာရာကို ရိုးရိုးရှင်းရှင်း တွေးတတ်သည်။ သားကိုမွေးတော့ မောင်ပျော်ရွှင်နေ၏။ သားဦးမွေးတာ သားဖြစ်သည်မို့ ဖခင်တယောက် ပျော်ရွှင်နေတာ အဆန်းမဟုတ်ပေမယ့် ကျမရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ မောင်သည် ကျမနှင့် သားအပေါ် ကျမတို့က ချစ်မြတ်နိုးသည်ထက်ပို၍ ချစ်မြတ်နိုးသူဖြစ်သည်။

"သားက မောင့်ရဲ့ အောက်ဆီဂျင်ပါ ပန်းရယ်" မောင်အလုပ်မသွားခင် သားအနှီးတွေကို လျှော်သည်။

သွက်လက်တက်ကြွနေသည့် မောင့်ကို ကြည့်ပြီး ကျမပါ ပျော်ရသည်။ သား သုံးလေးနှစ်အရွယ်ထိ အိမ်သာတက်ရင် အိမ်သာရှေ့မှာ ထိုင်စောင့်တတ်သည့် မောင့်ကို ပိုတယ်ဟု အမြင်ကတ်မိသည်။

သားကတော့ မေးစေ့ကို လက်ဖနောင့်နှင့် ထောက်ပြီး ဆောင့်ကြောင့် ထိုင်ကာ အိမ်သာတက်ရင်း ဖအေကို စကားတွေ ပြောတတ်သည်။

"ဖေကြီး အလုပ်သွားလို့ သားက တာ့တာလို့ ပြောရင်၊ ငှက်လေးတွေကလည်း ကျိကျိလို့ လိုက်ပြောတယ်"

"ဒါပေါ့၊ သားကို သူတို့က ထောက်ခံတာ" "ငှက်ကလေးတွေက အိမ်တွေအများကြီးနော် ဖေကြီး"

"သားတို့ကိုလည်း သဘာဝက ပေးတာပဲလား။ သဘာဝဆိုတာ ဘိုးဘိုးကြီးရဲ့ နာမည်လား။

ဘိုးဘိုးကြီး နာမည်လည်း မဟုတ်ပါဘူး။" "သဘာဝအကြောင်းကို သားကြီးလာတော့ ဖေကြီး ရှင်းပြမှာပေါ့သားရဲ့"

"ခု ရှင်းပြ" မောင့်အကျပ်အတည်းကို ကျမ ၀င်ရှင်းရသည်။ "ကဲ.. ကဲ.. သားကို မေကြီးမေးမယ်။ သား ဖေကြီးနဲ့ မေကြီးကို သား ဘယ်သူ့ကို ပိုချစ်သလဲ" "အမှန်အတိုင်းပြောရင် သားကို မေကြီးရိုက်မှာပေါ့"

ထိုသို့သော သားနှင့် ကျမကို မောင် ထားရစ်ခဲ့သည်။ အေးချမ်းသာယာ၍ အပြစ်ကင်းစင်သော ကျွန်မတို့ မိသားစုဘ၀ထဲကို မမျှော်လင့်သောကာလတွင် မုန်တိုင်းထန်ခဲ့သည်။ မုန်တိုင်းအရှိန်နှင့် လွင့်ပါးသွားသော မောင်သည် တောင်တန်းနှင့် မြို့လေးကို ရောက်သွားသည်။ တောင်တန်းတွေနှင့် မြို့လေး၏ ရာသီက ဧည့်သည် မောင့်ကို ကောင်းကောင်းကြိုဆိုနိုင်မယ် မထင်ခဲ့။ "ပူစရာရှိရင် အရမ်းပူ၊ အေးစရာရှိရင် အရမ်းအေးသည့် ရာသီနှင့် မာယာကို ကာကွယ်နိုင်ဖို့ မောင် ဘယ်လောက်ကြိုးစားနေမလဲ" လို့ တွေးပြီး ကျမ စိတ်ပူရသည်။ သဘာဝတရားနှင့် ရင်ဆိုင်တိုက်နေရသည့် မောင့်နောက်ကို ကျမ လိုက်ခဲ့သည်။

မိုး ဘယ်အချိန်က တိတ်သွားသလဲ ကျမ မသိလိုက်။ ကျမ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့ သဲချောင်းမှာ ရေခန်းနေသည့် စပယ်ယာလေးက ကားဆရာကို "ကားသွားလို့ရပြီ" ဟု အတည်ပြုသည်။ မိုးရေထိတွေ့ထားသည့် သဲချောင်းကို ဖြတ်တော့ ခရီးသည်တွေက ရင်တမမ။ သဲချောင်းကို ကျော်တော့ အားလုံး ၀မ်းသာသွားကြသည်။ ရှေ့လမ်းခရီးအတွက် စိတ်ပူစရာ မလိုတော့။ အဆိုးဆုံးလမ်းကို ကျမတို့ ကျော်နိုင်ခဲ့ပြီ။ ကားဆရာက အမောပြေ သီချင်းဖွင့်လိုက်သည်။

ထွန်းအိန္ဒြာဗိုလ်၏ "ကိုယ်တို့ ဝေးနေ မိုင်ပေါင်းကုဋေ" သီချင်းသည် ခရီးသည်များကို အမောပြေစေသည်။

ကားပေါ်ပါ ခရီးသည်အားလုံးသည် ချစ်သူတွေနှင့် ခေတ္တခွဲနေရသူများဖြစ်ပါလိမ့်မည်။ ထွန်းအိန္ဒြာဗိုလ်က သီချင်းရာဇ၀င်ကို ရှင်းပြသည်။ ထိုသီချင်းကို မဆိုခင်က ထွန်းအိန္ဒြာဗိုလ်နှင့် သူ့ချစ်သူ ကိုအောင်မင်းထွန်းတို့ တယောက်တနေရာစီ။ "ဘယ်သူ့ဆီမှာနေမယ်လို့ ဆုံးဖြတ်လို့ မရသေးတဲ့အချိန်၊ ထွန်းအိန္ဒြာဗိုလ်က စိတ်ကောက်ပြီး ဖုန်းမဆက်ဘဲ နေသတဲ့။ "ကိုယ်တို့ဝေးနေ မိုင်းပေါင်းကုဋေ" သီချင်းကိုဆိုတော့မှာ ချစ်သူက နိုင်ငံရပ်ခြားကနေ မြန်မာပြည် အပြေးလာခဲ့တယ်" လို့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်ကို ရှင်းပြသည်။ ချစ်သူနှစ်ဦးကို ပေါင်းစပ်စေသည့် သီချင်းရေးဆရာက မျိုးကျော့မြိုင်။

ထွန်းအိန္ဒြာဗိုလ်၏ ရင်တွင်းခံစားချက်ကို ထွင်းဖောက်မြင်နိုင်သူ။ "ဒီကမ္ဘာကြီးရဲ့ အဆုံးကို … ကိုယ်သွားမယ် … ပင်လယ်ကြီး ကိုယ်ဖြတ်သန်း၊ အကြင်နာခွန်အားတွေ … တောင်စွယ်များ ၀န်းရံကာရံထား .. ကိုယ်အတွေးနဲ့ ၀င်ရောက်ခဲ့မယ် … ကိုယ်မမောဘူး အချစ်ကလေးရယ် ... ကာရံနဲ့ သီချင်းလေးများစွာ သူ့အတွက်ဆိုညည်းကာ .. ကိုယ်လာခဲ့မယ် တို့မဝေးဘူး .." သီချင်းသံစဉ်တွေနှင့်အတူ မောင်ရှိရာအရပ်သို့ ကျမ ရောက်ခဲ့သည်။ ထိုသီချင်းကို ကျမဆိုလို့ မောင်ပြန်လာနိုင်ရင် ကျမ အချိန်နှင့်အမျှ ဆိုလိုက်ချင်ပါသည်။

++++

ဝေးတော့ ပိုလို့လွမ်းရသည့် မောင်နှင့် ကျမ တွေ့ဆုံမှုကို ရာသီကလည်း ၀မ်းနည်းကြေကွဲခဲ့သည်။ မိုးကောင်းကင်၏ မျက်ရည်စက်တွေက မိုးရေတွေဖြစ်သွားပြီး ကြေကွဲလိုက်တာမှ တောင်တန်းတွေ ရွှဲရွှဲစိုသွားသည်။ တွေ့ဆုံချိန် စက္ကန့် ၁၂၀၀ မှာ မောင်က သားမွေးနေ့အတွက် သူစပ်သည့် ကဗျာကို နှုတ်တိုက်ရွတ်ပြခဲ့သည်။

ဒီဇင်ဘာ ၁၅ အေးမြမြချမ်းကမ္ဗလာမှာ မွှေးလှလှပန်းသခင်မရယ်က သင်းရနံ့နဲ့ အတူဆောင်ကျဉ်း အောက်ဆီဂျင်လေညှင်းကို ပိန်ချုံးနေတဲ့ ငါ့ဖားဖိုထဲ ကြင်နာစွာနဲ့ သွန်းလောင်းစေခဲ့တယ်။ လတ်ဆတ်တဲ့လေနုအေးကြောင့် ခန်းခြောက်စရေအလျင် စမ်းချောင်းတွေကလည်း စီးဆင်းနိုင်ခဲ့တယ်။ မဲမှောင်တိမ်လွာဖုံးနေတဲ့ တစုံသော ကြယ်အမွှာကလည်း သဘာဝအလှတရားတွေကို ခံစားနိုင်ခဲ့ပြီ။

ငါ့ဦးခွံရိုးအောက်က သံချေးတက်လုနီးဓားဟာလည်း သံချေးကွာကျ ရွှေရောင်မြခဲ့ပြီ …. ။ ။ မောင့်အသံလှိုင်းတွေက လောကမြေပြင်ကို တိုက်ခိုက်လို့ ကောင်းကင်ပြာပြာပေါ်က တိမ်တွေ၊ တောင်တန်းတွေ၊ ကျေးငှက်ကလေးတွေက ၀ိုင်းဝန်းထောက်ခံအားပေးလို့ တေးသီနေကြသည်။

တစစီပြန့်ကျဲနေသည့် ကျမတို့ဘ၀၊ ကျမတို့ သောကအလွမ်းတွေကို ချိုးငှက်ကလေးတွေက နှုတ်သီးလေးတွေနဲ့ ကောက်ပြီး၊ အချစ်နှင့် သီကုံးလိုက်သည့် အလွမ်းသံစဉ်တွေက ကမ္ဘာမြေတခွင်လုံးကို ပြန့်နှံ့စီးဝင်သွားတော့သည်။

နှင်းပန်းအိမ်

သဘာဝကျေးရွာများ ဖြစ်လာစေဖို့တဲ့..................

ကန္တာရ၀တီတိုင်း( မ် )

"ရှင်းရှင်းပြောမယ်ဆိုရင် ငါးဘတ်တောင်မတန်ဘူး။ သဘောရှိတယ်။ ဒါပေမဲ့သူ (နိုင်ငံခြားသား) များက ငါးဆယ်နဲ့ လာဝယ်လိုက်တယ်။"

ဂီတာသံစဉ်များကဲ့သို့ အသံများ ထွက်ပေါ်လာနိုင်စွမ်းရှိပြီး စက်ကရိယာတို့ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ လက်ဖြင့် သဘာဝကျကျ ပြုလုပ်ထားတဲ့ ၀ါးဂီတာကို နိုင်ငံခြားသား ဧည့်သည်တဦးက သဘောကျလို့ (၅၀)ဘတ်ဖြင့် ပေးပြီး ၀ယ်ယူသွားတဲ့ အကြောင်းကို အသက်(၄၀)ရွယ်ရှိတဲ့ ခွန်းလဒူဆိုသူ ကရှင်းပြသွားတာ ဖြစ်ပါတယ်။သူဆိုလိုချင်တဲ့အဓိပ္ပါယ်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကြေးကွင်းပတ် ကယန်းတို့နေထိုင်တဲ့ ကယန်းသာယာရွာကို နေ့စဉ်ရက်ဆက် အလည်လာတဲ့ နိုင်ငံခြားဧည့်သည်များက စက်ဖြင့် တီထွင်ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေထက် ကယန်းတို့ရဲ့ ရိုးရာဓလေ့အတိုင်း လက်ဖြင့်ပြုလုပ်ပြီး သဘာဝကျကျလှပနေတဲ့ အသုံးအဆောင်တွေကို ပိုပြီးဝယ်ယူအားပေးခြင်းကို ဆိုလိုတာဘဲဖြစ်ပါတယ်။( ဆက်ဖတ်ရန် ) မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာရှိတဲ့ ကယန်းသာယာရွာ၊ ဟွေ့ပူးကဲရွာနဲ့ ဟွေ့စူထောက်ကျေးရွာတွေဆီ ကမ္ဘာလည့်ခရီးသည်များက စဉ်ဆက်မပြတ် အလည်အပတ် လာရောက်ရှုစားကြတဲ့အတွက် စီးပွားရေးဆန်ဆန် စက်မှုလက်မှုတို့ဖြင့် ပြုလုပ်ထားတဲ့ အပြင်က အသုံးအဆောင်တွေကို ထိုကျေးရွားသုံးရွာမှာ ကျယ်ကျယ်ပြန့်ပြန့် ချရောင်းတဲ့အတွက် ကယန်းကျေးရွာက သဘာဝကျေးရွားလေးလို မထင်ရှားတော့ဘဲ စီးပွားရေးဆန်ဆန် ထင်ဟနေတဲ့အတွက် နောက်ပိုင်း သဘာဝတရားကို ကြိုက်နှစ်သက်ကြတဲ့ နိုင်ငံခြားသားများ အလည်အပတ်ကျဆင်းမည့် အနေထားမှာ ရှိနိုင်တယ်လို့ ကယန်းတို့က ဆိုပါတယ်။ ထို့ကြောင့် ကယန်းကျေးရွာများ၌ ပြင်ပမှ တင်သွင်းထားသော အသုံးအဆောင်များကို တဖြေးဖြေး လျော့ချသွားမှာဖြစ်ပြီး သဘာဝကျကျ ကယန်းတို့ ကိုယ်တိုင်လက်ဖြင့် ပြုလုပ်ထားတဲ့ အသုံးဆောင်များကို ဦးစားပေး ရောင်းချသွားမှာ ဖြစ်တယ်လို့ ခွန်းလဒူက ဆိုပါတယ်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ကယန်းကျေးရွာများအား နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးလုပ်နေကြတဲ့ ကျေးရွာအဖြစ် မမြင်တော့ သဘာဝကျေးရွာများအဖြစ် ရှုကောင်းမြင်ကောင်း ဖြစ်လာနိုင်မယ်လို့လဲ ပြောပါတယ်။ ရိုးရာအရ မိမိ ယဉ်ကျေးမှုဝတ်စုံနှင့် မိမိ၊ အိမ်တိုင်းတွင်လည်း ကိုယ်တိုင် ယက်လုပ်၊ ထုလုပ်သည့် ပစ္စည်းများ၊ နေထိုင်ပုံများကိုလဲ သဘာဝအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကယန်းကျေးကွင်းပတ် ကျေးရွာသုံးရွာအနက် ကယန်းသာယာရွာမှ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။

သဘာဝကျေးရွာ ဖြစ်လာနိုင်ရေးအတွက် ကယန်းသာယာရွာမှ စတင်အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ယယန်းရွာများသို့ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ကူညီပေးသော မယ်ဟောင်ဆောင်ဒေသ တာဝန်ရှိသူများနှင့် ဒေသခံအာဏာပိုင်များလည်း သဘောတူကြောင်း သိရပါတယ်။ ထိုအာဏာပိုင်များမှ ယခုနိုဝင်ဘာလ အစောပိုင်းပိုင်းက ကယန်းသာယာရွာသို့ အလည်အပတ်လာရောက်၍ သွပ်နှင့်အုတ်တို့ဖြင့် ပြုလုပ်ထားတဲ့ အိမ်များအား သဘာဝအတိုင်း ကြည့်လို့ကောင်းအောင် ဖက်တို့ဖြင့် ပြန်လည်ပြုပြင်နိုင်လျှင် ပိုမိုသာယာလှပလာမှာဖြစ်ပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း ပိုမိုစိတ်ဝင်တစား ဖြစ်လာနိုင်မှာဖြစ်တယ်လို့ ရွာသူရွာသားများကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ "နိုင်ငံခြားဧည့်သည်တွေလဲ ပိုကြိုက်တယ်။ သူများပိုသနားတယ်၊ သွပ်မိုးနဲ့ လုပ်အုတ်နဲ့ လုပ်တော့ သူများနိုင်ငံမှာ ကိုယ့်ထက်ကောင်း အများကြီးရှိတာပေါ့။

အဲဒီဟာကတော့ ခင်ဗျားတို့က အဲဒီလိုမျိုးလုပ်မယ်ဆိုတော့ ကျနော်တို့လဲ ဗီဒီယိုလာရိုက်ပြီးတော့မှ သူများနဲ့ တစ်ခါပြန်ကြော်ငြာမယ်" လို့ ဒေသခံအာဏာပိုင်များရဲ့ ပြောကြားချက်တွေကို ကယန်းသာယာရွာခံတဦးက ပြန်လည်၍ ပြောပြပါတယ်။ ကယန်းသာယာရွာ သဘာဝကျေးရွာအဖြစ် ပြောင်းလဲရေးကို အာဏာပိုင်များက သဘောတူသည့်အပြင် ကယန်းတို့အနေဖြင့် ရေရှည်စားဝတ်နေရေးကို နိုင်ငံခြားအလည်အပတ် ခရီးသည်များထံမှ ရရှိသော ၀င်ငွေများဖြင့် အားကိုးအားထားမပြုဘဲ ကိုယ်ထူကိုယ်ထ စွမ်းအားဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဏာပိုင်တို့ဘက်မှ နည်းလမ်းများ ရှာဖွေကူညီပေးမည်ဟုလည်း ဆိုပါတယ်။ ယခုရှိရင်ဆဲကျေးရွာကို သဘာဝကျေးရွာအဖြစ် ပြန်လည်တည်ဆောက်မယ်ဆိုရင် သွပ်ဖြင့်မိုးထားတဲ့ အိမ်တွေကို ပြန်ဖြုတ်ရမှာဖြစ်တဲ့အတွက် ဖက်ဖြင့်ပြန်လည်မိုးမည်ဆိုပါက ရေရှည်အတွက် ကုန်ကျစရိတ်ပိုများလိမ့်မယ်လို့ ရွာသားအချို့က ဆိုပါတယ်။

ထိုအကြောင်းနဲ့ပတ်သက်ပြီး ကယန်းသာယာရွာသားတဦးဖြစ်တဲ့ မောင်ထွေက "တစ်ဖက်ကိုပြန်ကြည့်ရင် သံဖြူမိုးတာနဲ့ ဖက်မိုးတာကလဲ ကွာခြားမှုရှိတယ်။ ဖက်မိုးတာ ပိုက်ဆံတအားကုန်တယ်၊ ၂ နှစ်တစ်ခါ ၂ နှစ်တစ်ခါ၊ နောက်တစ်ခါထဲ သံဖြူဝယ်ပြီးတော့ မိုးလို့ရှိရင် ပိုက်ဆံတစ်ခါပဲကုန်တယ်။ ဖက် ၂ နှစ်စာ နှစ်ခါဝယ်လို့ရှိရင် အဲဒါသံဖြူတစ်ခါစာလောက်ပဲရှိတယ်။ နောက်သံဖြူက အနည်းဆုံး ၁၀ နှစ်လောက်ခံတယ်" လို့ ဆိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒုက္ခသည်များအဖြစ် တတိယနိုင်ငံတွေမှာ မလျှောက်ထားဘဲ ထိုင်းနိုင်ငံတွင်ပင် ဆက်လက်နေထိုင်သွားမယ်ဆိုတဲ့ သူတွေအတွက်တော့ ရေရှည်ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်မည့် နည်းလမ်းတွေကို စတင်ရှာထားရမှဖြစ်ပါတယ်။

ယခုလို တတိယနိုင်ငံကိုလဲ မသွားဘဲ ထိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်မယ်ဆိုတဲ့ ကယန်းတွေက ရေရှည်ဘ၀ ရပ်တည်နိုင်ရန်အတွက် ယခုလို သဘာဝကျေးရွာကို ပြန်လည်ထူထောင်မယ်ဆိုတဲ့ အတွေးအခေါ်ကတော့ သဘာဝကျတဲ့ အတွေးအခေါ်တခုလို့ ဆိုရမှာပါ။ သဘာဝကျေးရွာ ဖြစ်ပေါ်လာနိုင်ရန်အတွက် အိမ်ရှင်နိုင်ငံမှ တာဝန်ရှိသူတွေကလဲ ပထမခြေလမ်းအနေဖြင့် ကယန်းကျေးရွာနံဘေးမှာရှိတဲ့ မြေကွက်လပ်များကို စိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် မကြာခင်မှာ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့လုပ်ပေးခြင်းဟာ ကယန်းတို့အနေဖြင့် ပြည်တွင်း၌ ကိုယ့်ရပ်ကိုယ့်ရွာနေထိုင်စဉ် သီးနှံများ စိုက်ပျိုးခဲ့သလို စိုက်ပျိုးခြင်းအားဖြင့် ရှည်ရှည်တွင် ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နေနိုင်မှာဖြစ်တယ်လို့လဲ ဆိုပါတယ်။

 ထိုအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခွန်လာဒူက "အေဟုတ်တယ် ပြောတာလည်းမှန်တယ် အားလုံးအဲလိုမျိုး ပြောကြတာပဲလေ။ သူတို့ပြောတဲ့အတိုင်းဆိုလည် ငါ့တို့အတွက်ပဲဖြစ်တယ်၊ သူတို့အတွက်လဲ ဖြစ်တယ် ဘာဖြစ်လဲဆို သူတို့အတွက်မှာလဲ ဟို့မှာ ဧည့်သည်ဖက်မှာလဲ သူကပြောအားရှိအောင်၊ ငါတို့မှာလဲ ကြာလာလို့ရှိရင် အဆင်ပြေအောင် အဲပုံစံပေါ့" ဟု ပြောသွားပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,2nd,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို မြန်မာကတဆင့် ထိုင်းဘက်ပို့

( 2 ) Suu Kyi is allowed visit by her doctor

( 3 )The ongoing tragedy next door

( 4 )U.S. Allots Quota from East Asian Refugees

( 5 )Myanmar releases North Korean defectors

( 6 )New Year's Resolutions for the NLD

( 7 )ရေနံချောင်းမှာ ရေရှားပါးမှုကြောင့် ဒေသခံတွေ မီးဘေး အထူးစိုးရိမ်

( 8 )နာဂစ်ဒေသမှာ ပညာရေး အခြေအနေ ဆုတ်ယုတ်လာ

( 9 )Burma releases 19 N Korean refugees

( 10 )ထိုင်းနိုင်ငံ ဖူးကပ်တွင် ပြုလုပ်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက်

( 11 )ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို

( 12 )၂၀၀၈ ခုနှစ် နိုင်ငံရေး နှစ်ချုပ်

( 13 )Sheikh Hasina seeks Suu Kyi's release

( 14 )စစ်တပ် အရာရှိတစ်ဦးကြောင့် ရွာခံများ အခက်တွေ့နေ

( 15 )မေလတွင် ဒေါ်စုကို ပြန်လွှတ်ရန် မိတ္ထီလာခရိုင် အဖွဲ့ချုပ်တောင်းဆို

( 16 )Restless Souls of the Irrawaddy Delta

( 17 )၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

( 18 )Burmese Censor Board tightens grip on films for festivals

( 19 )မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

( 20 )ပစ္စည်းပျောက်မှုကို ဆိုင်ရာ ရဲစခန်းက အရေးတယူ ဆောင်ရွက်ခြင်း မရှိ

ဆေးဖြတ်ချိန်

မာတင် ဂျယ်လ်စမာ ဘိန်းပြောင်းဖြင့် ဘိန်းရှုရှိုက် ခဲ့ကြရသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပေပြီ။ ယနေ့ ကာလတွင်မူ မြန်မာနိုင်ငံရှိ ဘိန်းသုံးစွဲသူ အများစု က ဘိန်းဖြူ (ဟီးရိုးအင်း) ကို အကြောတွင်း ထိုးသွင်း နေကြပြီး လူငယ်များက မက်သာအဖက်တမင်း စိတ်ကြွဆေးပြားများကို ပို၍ သုံးစွဲလာကြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တောင်တန်းများပေါ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုက သိသိသာသာ ကျဆင်းသွားခဲ့သည်။( ဆက်ဖတ်ရန် ) ဤသို့ဖြစ်ရသည့်အကြောင်းမှာ တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲရေးအဖွဲ့ အာဏာပိုင်များကို ဖိအား ပေးခဲ့ခြင်းကြောင့် ဖြစ်သလို မြန်မာစစ်အစိုးရကလည်း အာဆီယံအဖွဲ့ ရည်မှန်းချက်ထားသည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် ရွှေတြိဂံဒေသကို မူးယစ်ဆေး ကင်းရှင်းဇုန်ဖြစ်စေရန် ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဘိန်းအထွက်ကျဆင်းသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှု အလိုအလျောက် ကျဆင်း သွားမည်ဟု မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။ ဤသို့ဖြစ်ရမည့်အစား ဘိန်းနှင့် ဘိန်းဖြူ ရှားပါးလာခြင်းအတွက် မူးယစ်ဆေး သုံးသူများက အခြားအရာဝတ္ထုများ ပြောင်း၍ သုံးစွဲလာကြပါသည်။

ဘိန်းစိုက်ပျိုးမှု နည်းပါးသွားခြင်းကြောင့် ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းများ မြင့်တက်ကုန်သည်။ သို့အတွက်ကြောင့် ဘိန်းနှင့် ဘိန်းဖြူကို ရှုနေကြရာမှ ဘိန်းဖြူကို အကြောတွင်း ထိုးသွင်းသည့် ပုံစံက ပို၍များပြားလာသည်ကို တွေ့လာရသည်။ ဘိန်းအထွက် ကျဆင်းလာမှုကြောင့် ဘိန်းနှင့် ဘိန်းဖြူ သုံးစွဲသူ အရေအတွက် ကျဆင်းသွားဖွယ် ရှိသော်လည်း မူးယစ် ဆေးသုံးစွဲသူ လူသစ်များက ပို၍ ပြဿနာကြီးမားစေနိုင်သည့် ဘိန်းထွက်ပစ္စည်းများအား အကြောတွင်း ထိုးသွင်းခြင်းကို ပြုလာကြသည်။ ဤသို့ သွေးကြောတွင်းထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက် ခြင်း အပါအ၀င် တခြား သွေးမှတဆင့် ကူးစက်နိုင်သည့် ရောဂါများလည်း ဖြစ်စေနိုင်ပါသည်။

ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းက ဒေသအလိုက် ကွာခြားသလို ရာသီအလိုက်လည်း ကွာခြားကြသည်။ ဆိုလိုသည်မှာ ဈေး ကွက်က ပြိုကွဲကာ ပြန့်ကျဲနေခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်အတွင်း ကချင်ပြည်နယ်တွင် ဘိန်းဈေးနှုန်းက ပျမ်းမျှအားဖြင့် နှစ်ဆခန့် တိုးလာခဲ့သည်။ ဘိန်း အစိမ်းကို ရံဖန်ရံခါ တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ အောက် ရောင်းဝယ်နေကြပြီး အကောင်းဆုံး အရည်အသွေး ရှိသည့် ဘိန်းအခြောက် တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၁၆၀၀ အထိ အရောင်းအ၀ယ် ဖြစ်နေကြသည်။ သို့သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ဘိန်းအထွက်က သိသိသာသာ တိုးတက်လာနေပြန်သည်။ ဘိန်းအစိမ်းအတွက် ခြံထွက်ပေါက်ဈေးက တသမတ်တည်း တည်ငြိမ်နေခဲ့ပြီး ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ သာ ရှိသည်။ ထိုအချိန်တွင် ထိုင်းနယ်စပ်ဈေးကွက်ဈေးက တကီလိုလျှင် အမေရိကန် ၆၅၀ ဒေါ်လာမျှ ရှိနေသည်။ ဈေးနှုန်း မြင့်တက်လာစဉ်တွင် ဘိန်းဖြူများ၏ သန့်စင်မှု ရာခိုင်နှုန်းက လျော့ကျလာသည်။

 ရောင်းချသူများက ဘိန်းဖြူတွင် အခြားဈေးချိုသည့် ဓာတ်ပစ္စည်းများနှင့် ရောနှောလာကြသည်။ "အရင်တုန်းကတော့ ဘိန်းဖြူရှုဖို့ တနေ့ကို ၅ ယွမ်လောက် (၁၀၀၀ ကျပ်) လောက်ဆိုရင် လုံလောက်တယ်။ အခုတော့ အနည်းဆုံး တနေ့ကို ၁၅ ယွမ်လောက် (၃၀၀၀ ကျပ်) သုံးနေရတယ်" တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့ရှိ မူးယစ်ဆေး သုံးစွဲသူ တဦးက ပြောသည်။ "လူတွေက ဆေးထိုးတာ စပြီး လုပ်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံမရှိကြဘူး။ လူအများစုက ဘိန်းဖြူကို ရှုတာနဲ့စကြပေမယ့် ဆေးထိုးသွင်းတာက ဈေးပိုချိုပြီး ပိုထိရောက်တာကို သဘောပေါက်လာကြတယ်။ ပမာဏနည်းနည်းနဲ့ ပိုပြင်းတဲ့ အာနိသင်ကို ရနိုင်တယ်" ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်) ဖြစ်ပွားစေသည့် ပင်မအကြောင်းတခုမှာ မူးယစ် ဆေးသုံးစွဲသူများက ပိုးမွှားရှိနေသည့် ဆေးထိုးအပ်တခုကို အတူတကွမျှဝေ သုံးစွဲနေသောကြောင့် ဖြစ်သည်။ တချို့သော အန်ဂျီအိုများက ဤကိစ္စအပေါ်တွင် ဆောင်ရွက်ကူညီနေကြသော်လည်း မူးယစ်ဆေးစွဲနေသူ အများစုမှာ အန္တရာယ် နည်းသည့် ဆေးသုံးစွဲမှုအတွက်နှင့် အန္တရာယ်ကင်းသည့် လိင်ဆက်ဆံမှုအတွက် နည်းနာ အကြံပေးမှုများ မရရှိကြပါ။

သူတို့၏ မူးယစ်ဆေးစွဲနေမှု ပြတ်စေရန်၊ ကုသနိုင်ရန်အတွက်လည်း အခွင့်အလမ်း အနည်းအကျဉ်းမျှသာ ရှိနေသည်။ မူးယစ်ဆေးစွဲသူများကို ကူညီနိုင်ရန်အတွက်ဆိုလျှင် ပထမအဆင့် လိုအပ်ချက်မှာ ကွန်ဒုံများ၊ ပိုးသတ်ပြီး ဆေး ထိုးအပ်များနှင့် ဆေးထိုးပြွန်များ အလွယ်တကူရရှိနိုင်ရန်နှင့် အစားထိုး ကုသရန်ဆေးများအဖြစ် သုံးနိုင်မည့် မီသာဒုံး၊ ဗျူပရီနိုဖင်း စသည့် ဆေးဝါးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်တိုင် ဥပဒေအရ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ ထောက်ပံ့ပေးခြင်း၊ ပိုင်ဆိုင် လက်ဝယ်ထားရှိခြင်းကို တားမြစ်ထားပါသည်။ သို့သော်လည်း လက်တွေ့တွင် ဆေးထိုးအပ်များ ထောက်ပံ့ပေးမှုက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံရှိ နေရာ ၂၄ ခုတွင် ဆောင်ရွက်နေပါသည်။ မီသာဒုံးဖြင့် ကုသခြင်း ပဏာမ စီမံ ကိန်းကို ၂၀၀၆ ခုနှစ်မှစတင်ဆောင်ရွက်နေပြီး အနည်းဆုံး ကုသရေးဌာန ၆ ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးထုတ်ပြန်သည့် ကုလသမဂ္ဂ ကိုယ်ခံအားကျရောဂါဆိုင်ရာ (UNAIDS) အဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ အရှေ့ တောင်အာရှဒေသရှိ မူးယစ်ဆေး ထိုးသွင်းနေကြသော သုံးစွဲသူ ၃ ရာခိုင်နှုန်းတွင်သာ အလားတူ အန္တရာယ်နည်းသည့် ၀န်ဆောင်မှုမျိုး ရရှိသုံးစွဲနိုင်ကြသည်ဟု ဆိုပါသည်။

နိုင်ငံတကာအန်ဂျီအိုအဖွဲ့တခု၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အကြောတွင်း ထိုးသွင်းနေသူများ၏ ၄၀ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသည်ဟု ဆိုပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူ အနည်းငယ်မျှသာ အေအိုင်ဒီအက်စ်ရောဂါအတွက် ဗိုင်းရပ်စ်ပိုး ကာကွယ် ကုသပေးမည့်ဆေး (အေအာရ်တီ) သောက်သုံးနိုင်ခွင့် ရှိကြသည်။ "မူးယစ်ဆေးသုံးသူတွေကို အေအာရ်တီ ဆေး မပေးရဘူး။ တချို့ကိစ္စ နည်းနည်းက လွဲလို့ သူတို့ကို ဖယ်ထားတယ်။ လူ ၂၀ လောက်ပဲ ဆေးသောက်နိုင်တယ်" ဟု အန်ဂျီအိုအဖွဲ့တခု၏ ကိုယ်စားလှယ်က ပြောသည်။ မြန်မာဘန်းစကားဖြင့် ရာမ သို့မဟုတ် မြင်းဆေးဟု ခေါ်ဆိုနေကြသည့် မက်သာအဖက်တမင်း ဆေးပြားများကို နောက်ထပ် မျိုးဆက်သစ်လူငယ်များက အလွယ်တကူ ရွေးချယ်သုံးစွဲလာနေကြသည်။ "ရန်ကုန်မှာ ဘိန်းဖြူသုံးတဲ့သူက မရှိသလောက်နည်းလာတယ် ရှာရတာလည်း မလွယ်ဘူး။ ဈေးကလည်း မြင့်လွန်းတယ်။ အခုတော့ လူတွေက ရာမပဲ ပိုသုံးစွဲလာကြတယ်။ အဲဒါက လွယ်လွယ်ရပြီး သိမ်းထားလို့ရတယ်။ လူတွေက ဘိန်းဖြူမရ နိုင်တာကြောင့် အခြားဆေးသစ်တွေကို စမ်းသုံးလာကြတယ်။ တချို့လူငယ်တွေဆိုရင် ကော်ရှုတာတွေ၊ ဒီဇယ်ရှုတာတွေ ရှိလာတယ်" ဟု ပြည်တွင်းရှိ အပြန်အလှန်ကူညီရေး အဖွဲ့တခုတွင် အလုပ်လုပ်နေသည့် မူးယစ်ဆေးဝါး သုံးစွဲသူတဦးက ပြောပြသည်။

စိတ်ကြွဆေးအမျိုးအစားဖြစ်သည့် အဖက်တမင်းဆေးပြားများကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရန်ကုန်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ဟု သူက ဆက်ပြောသည်။ "အဲဒီတုန်းကတော့ ဆေးပြားတွေက အရမ်းဈေးပေါတယ်။ လူငယ်တွေက ဆေးပြားတွေကို နိုက်ကလပ်တွေမှာ သုံးကြတယ်။ စီးပွားရေးသမားတွေ၊ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားတွေ၊ ကုန်ကား မောင်းတဲ့သူတွေလည်း သုံးကြတယ်" ဟု သူက ဖြည့်စွက်သည်။ ရွှေလီရှိ အသက် ၂၅ နှစ်အရွယ် လိင်အလုပ်သမ တဦးက တခါတရံ တရက်လျှင် ဆေးလုံး ၂၀ ခန့်အထိ သုံးစွဲသည် ဟုဆိုသည်။ "ကျမ ဘ၀က ကြမ်းတမ်းလွန်းလို့ ရာမ သုံးမိတာ မနက်မှာ ကျမ ၅ လုံးသုံးတယ်။ ဖောက်သည်ရှိရင် ပိုသုံးတယ်။ အရမ်းပင်ပန်းလွန်းလို့ပါ။ ဆေးသောက်ပြီးရင်တော့ လန်းဆန်းလာတယ်။ ဖောက်သည် တွေနဲ့တွေ့ရင်လည်း ပိုပြီးသည်းညည်းခံနိုင်လာတယ်" ဟု သူကပြောသည် တချို့သော မူးယစ်ဆေးသုံးသူများက ဘိန်းထွက်ကုန်များမှ စိတ်ကြွဆေးဘက်သို့ ကူးပြောင်းလာကြသော်လည်း ဘိန်းဖြူ သုံးစွဲနေသူ အများစုကမူ စိတ်ကြွဆေးအာနိသင်ထက် ဘိန်းအာနိသင်နှင့် ပိုတူသည့် တခြားဆေးဝါးများကို ရွေးချယ် သုံးစွဲကြသည်။ မူးယစ်ဆေးစွဲနေသူများက ဆေးရှားပါးလာမှုနှင့် ဘိန်းဖြူဈေးနှုန်း မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လာမှုကို ဖြေရှင်းရန် ဗျူဟာမျိုးစုံသုံးကြသည်။

 စက်ရုံထုတ်ဆေးပြားများ၊ ချောင်းဆိုးပျောက်ဆေးရည်နှင့် ထိုးဆေးများကို ရောစပ်၍ သုံးစွဲကြသည်။ တချို့ကလည်း အဆိပ်ဖြေဆေးပြားများ (detoxification) ကို အဆမတန်သုံးစွဲ၍လည်းကောင်း၊ ဆေးရုံများတွင် မေ့ဆေးအဖြစ်သုံးသည့် ဆေးများကို စမ်းသပ်သုံးစွဲ၍လည်းကောင်း မူးယစ်ဆေးကို အစားထိုးဖြေရှင်းနေကြသည်။ ဤသို့ ဖြင့် ဆေးအတိုင်းအဆလွန်၍ ဒုက္ခသင့်ရသူများလည်း ရှိနေသည်။ တချို့ကလည်း ၀မ်းပိတ်ဆေး သို့မဟုတ် တခြားသော ဖျားနာမှုများအတွက် သုံးသည့် ဘိန်းဆီအနည်းငယ်ပါရှိသော ဆေးများကို သုံး၍ စိတ်ဖြေနေကြပါသည်။ "သူတို့က တခါတည်း ဆေးပြား ၄၀ သုံးတာ။ ဒီဆေးတွေက ဆေးဆိုင်မှာ ၀ယ်ရင်လည်း ရနိုင်တယ်" ဟု မူးယစ်ဆေးသုံးစွဲသူ တဦးက ပြောပြသည်။ မူးယစ်ဆေးစွဲမှုကြောင့် ဖြစ်ရသည့် ထင်ရှားသော ကျန်းမာရေးနှင့် လူမှုရေးပြဿနာများအပြင် သူတို့ကို ရာဇ၀တ်သားများ သဖွယ် သဘောထားသည့် ဖိနှိပ်ရေးဥပဒေများကြောင့်လည်း ဆေးစွဲနေသူများက ကျန်းမာရေး စောင့်ရှောက်မှုများ မခံစား ကြရသည်များ ရှိသည်။

ဒေသအတွင်း ကျင့်သုံးနေသော မူးယစ်ဆေးဝါးဥပဒေများ မှာ အထူးပြင်းထန်လွန်းပြီး ချမှတ်သောပြစ်ဒဏ်များမှာလည်း ပြစ်မှုနှင့် မမျှလောက်အောင် ကြီးလေးနေသည်။ မြန်မာစစ်အစိုးရထိန်းချုပ်ရာ နယ်မြေများတွင် ဆရာဝန် ဆေးညွှန်းမရှိဘဲ လက်တဆုပ်စာမျှသော စက်ရုံထုတ်ဆေးဝါးများ လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မျှအထိ ကျခံရ နိုင်သည်။ အကယ်၍ လူတဦးကို ဘိန်းဖြူ ၀. ၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိပါက ထောင်ဒဏ် ၁၅ နှစ်မျှ အပြစ်ပေးခံရဖွယ်ရှိပြီး စိတ်ကြွဆေး ၅ လုံးမျှ သို့မဟုတ် ဆေးခြောက် ၅ ဂရမ်မျှ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိပါက ထောင်ဒဏ် အနှစ် ၂၀ မျှ ကျခံရဖွယ် ရှိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် မူးယစ်ဆေး သုံးစွဲ ခြင်းကြောင့် အဖမ်းခံရသူများ၊ မိမိသုံးစွဲရန် မူးယစ်ဆေးအနည်းငယ် သိမ်းဆည်းထားမိ၍ အဖမ်းခံရသူများကို ယေဘုယျ အားဖြင့် ထောင်ချလေ့ရှိပြီး လအနည်းငယ်အကြာ အစိမ်းဖြတ် ဆေးဖြတ်ပြီးချိန်၌ ပြန်လွှတ်ပေးတတ်သည်။

"ကျနော်တို့က မူးယစ်ဆေးသုံးစွဲသူတွေကို ပထမဦးဆုံးဖမ်းမိရင် ၃ လ ထောင်ဒဏ်ချတယ်။ နောက်တကြိမ် ထပ် ဖမ်းမိရင်တော့ ထောင်ဒဏ် ၆ လကနေ ၁၂ လအထိ အပြစ်ပေးတယ်။ နေ့လယ်ပိုင်းမှာ အလုပ်လုပ်ခိုင်းပြီး ညပိုင်းထောင်ထဲမှာ အိပ်ရတယ်။ အလုပ်ဆိုတာကတော့ လမ်းဖောက်တာတွေ၊ ရာဘာခင်းနဲ့ ကြံခင်းတွေမှာ ခိုင်းတဲ့ အလုပ်ကြမ်းမျိုးပေါ့" ဟုကိုးကန့် အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။ အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုဖြစ်သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ - ကေ) မှ အရာရှိတဦးကလည်း ၎င်းတို့၏ ပန်ဝါဒေသတွင် မူးယစ်ဆေးရောင်းသူနှင့် သုံးစွဲသူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပြသည်။ "ဆေးရောင်းတဲ့သူတွေလည်း ဆင်းရဲတာပါပဲ။ သူတို့က ရာမ ရယ်၊ ဘိန်းဖြူရယ်ကို နေ့စဉ် လိုအပ်ချက်တွေအတွက် ရောင်းနေကြတာလေ။ အဲလို ရောင်းသူ၊ ၀ယ်သူတွေကို ဖမ်းလိုက်တော့ သူတို့မိသားစုတွေ ကြပ်တည်း ဒုက္ခရောက် ကုန်တာပေါ့" ဟုသူက ဆိုသည်။

အန်ဒီအေ - ကေ အဖွဲ့ အရာရှိ၏ အဆိုအရ မြို့ပြများတွင် မူးယစ်ဆေးသုံးသူများက ဘိန်းဖြူနှင့် ရာမကို ပိုသုံးစွဲလာကြ သော်လည်း ယခုတိုင် ကျေးရွာအများစုတွင် ဘိန်းကိုသာ အများစု ဆက်လက်သုံးစွဲနေသည်ဟု သိရသည်။ "ကျနော်တို့မှာ အဲလို မူးယစ်ဆေးသုံးနေတဲ့သူတွေအတွက် ကုပေးဖို့ ဆေးတွေလိုတယ်။ အစီအစဉ်တွေလိုတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသက သိပ်ပြီးခေတ်နောက်ကျတယ်။ ဗဟိုအစိုးရကလည်း ဘာမှထောက်ပံ့ပေးတာ မရှိဘူး" ဟု သူက ဆက်ပြောသည်။ လူသားတို့၏ ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးနစ်နာနေရမှုကို တရုတ် - မြန်မာနယ်စပ်ဒေသများတွင် အထင်အရှား တွေ့ရှိနေရ သည်။

မူးယစ်ဆေးသုံးစွဲနေသူများအတွက် ပြဿနာ အများအပြားရှိနေပြီး ဆင်းရဲမွဲတေမှု၊ လူမှုရေးအရ ဖယ်ကျဉ်ထားမှု အပြင် ရောဂါဘယများကလည်း အကျယ်အပြန့် တည်ရှိနေသေးသည်။ မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် အခြေအနေမှာ မူးယစ်ဆေးစွဲသူများအာ ကုသပေးမှု အစီအစဉ်များကို အရည် အသွေးမြှင့်တင်ပေးရန်နှင့် မူးယစ်ဆေးသုံးရာ၌ အန္တရာယ်နည်းစွာ သုံးနိုင်ရေး အစီအစဉ်များ ပံ့ပိုးပေးရန် ဖြစ်သည်။ ထို့အပြင် ဥပဒေများကိုလည်း ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုပါလိမ့်မည်။ မူးယစ်ဆေးသုံးစွဲနေသူများကို ရာဇ၀တ်သား များအဖြစ် မမြင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိသည့် လူသားတဦးအဖြစ် ရှုမြင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။ မူဝါဒချမှတ်ရာတွင်လည်း မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ငန်းများတွင် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ပြစ်ဒဏ်များ၏ အတိုင်းအဆကိုလည်း ပြန်၍ ချိန်ညှိရပေလိမ့်မည်။

Martin Jelsma ရေးသားသည့် Withdrawal Symptoms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.