Tuesday, January 6, 2009

[Burmese IT Blogger] 1 New Entry: လူဖြစ်နေသော .... တချို့ ...

လူဖြစ်နေသော .... တချို့ ...

ကျွန်တော် ဘလော့ဂ်မှာ ပုဂ္ဂိုလ်ရေး၊ လှုမှုရေး စတဲ့ အကြောင်းအရာတွေကို ဘယ်တုန်းကမှ မရေးခဲ့ပါဘူး။ ကျွန်တော် သိသော၊ ဖတ်မိသော နည်းပညာ အချက်အလက်တွေကို ရေးသား ကူးယူဖေါ်ပြခဲ့ပါတယ်။ ဆိုလိုတာက လိုင်းမပူးချင်ဘူး၊ ရေးချင်ရင် တခြားတခု လုပ်ပြီးတော့သာ ရေးဖို့ စိတ်ရှိခဲ့တာမို့၊ အခုရေးလိုက်မိတဲ့ အကြောင်းက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်သလို၊ မည်သူ့ကိုမှ ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါဘူး ဆိုတာကို ကြိုတင် ပြောထားပါရစေ။


မင်္ဂလာနှစ်သစ် ၂၀၀၉ မှာ လူသားတိုင်း ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်သူတွေ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ တစ်နှစ် ကုန်လို့တစ်နှစ်ဟောင်း သွားပြီဖြစ်လို့၊ နှုတ်ခွန်းဆက်စကားတွေ လှိုင်လှိုင် ပြောနေချိန်မှာ တွေ့မြင်ခံစားရတာလေးတွေကို ကျွန်တော် ရေးပြချင်လို့ပါ။ ၂၀၀၉ ရဲ့ ပထမဆုံးဖြစ် ပိုစ့် ဖြစ်သလို့၊ ဦးဆုံးအကြိမ် သူတပါးတွေ အပေါ် ဝေဖန်တဲ့ အမြင်တခုပါ။





ကျွန်တော် အနေနဲ့ သူတပါးအပေါ် ဘယ်တုန်းကမှ အဆိုးမြင်ပြီး ပြောခဲ့တာကို အတတ်နိုင်ဆုံး ရှောင်ရှား ပြောဆိုတတ်တာကို သိသူရှိသလို၊ မသိသူတွေ ရှိနေမှာ ငြင်းစရာမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က သူများအမြင်တွေကို သိပ်ပြီးတော့ လက်ခံတဲ့ အယူအဆ မရှိလို့ဘဲ။ ဥပမာဗျာ ... အလှူတခုမှာ လှူတဲ့သူက လှူပေမယ့်၊ ဒါနမြောက်အောင် လက်ခံပေးမယ့် သူမရှိရင် ... အဲ အလှူဟာ .... အလှူပြီးမြောက်တယ်လို့ မယုံကြည်ရလို့ဘဲ။ အချုပ်ဆိုရရင် လူတွေက ကိုယ်အပေါ် အကောင်းမြင်မြင် အဆိုးမြင်မြင် ကိုယ်က နေပြီး ဂရုမပြု အလေးမထားရင် အဲတာဟာ သူ့မှုလပိုင်ရှင်ဆီကို ပြန်လည် ရောက်ရှိခံစားစေတယ် လို့ နားလည်တယ်။


တရားရစရာလို့ ပြောချင်တာက လူတွေက မိမိကိုယ်ကို လူအထင်ကြီးဖို့၊ နာမည်ကြီးဖို့၊ လူတယောက်ကို ပြန်လည် အသုံးချတတ်တယ်ဆိုတာ ပိုလို့ သိလာတယ်လို့ နားလည်လာလို့ ရာဇသင်္ကြန် အမတ်ကြီး ပြောခဲ့တဲ့ စကားလုံးတွေကို ပိုမိုလို အမှတ်ရစေခဲ့ တယ်။


ကျွန်တော် အသက် ၃၀ ပြည့်လို့ ၃၁ ထဲ ရောက်လာတဲ့ အချိန်မှာ နေရာဒေသ စုံက လူတွေ၊ ဘဝတွေ ကို တွေ့စုံ ခင်မင် ဖြတ်သန်း ကျော်ဖြတ် လှည့်စား အသုံးချခံခဲ့ရတယ်။ မှတ်မှတ်ရရ စပြောရရင် အဲလို ကြုံဆုံဖို့ ဖန်လာခဲ့တာ ကျွန်တော်ရဲ့ ၁၇ ပြည့်တဲ့ အောက်တိုဘာ မှာ မြန်မာနိုင်ငံရဲ့ ဝေးရာ ဒေသတခုက ဦးလေးဆီကို နိုင်ငံတကာအဆင့်မီ ပညာတွေသင်ဖို့ ထွက်ခွာလာတဲ့ အချိန်က စပြီးတော့ ပေါ့လေ။ ပေးဆပ်ခဲ့ရတာတွေ မနည်းလှဘူး၊ ပြန်လည် ရရှိခဲ့တာတွေက ဘာမှ မရှိခဲ့သလောက်ဘဲ။ ဒါပေမယ့် ကျွန်တော် အခုလက်ရှိ ရောက်နေတဲ့ ဘဝ ကို ကျေနပ်တယ်၊ ရောင့်ရဲတယ်၊ ကျွန်တော် ဒီကနေ့ မှာ ကျွန်တော်အတွက် သိပ်ပြီး ရလိုမှုတွေ မရှိတော့ဘူး၊ အတိုင်းအတာ တခုထိဘဲ ရှိတော့တယ်။ ကျွန်တော်နိုင်တာ သိတာ နားလည်တာ၊ ပေးနိုင်တာတွေကို လိုချင်ရင် ပေးမယ် မလိုချင်ရင် နေ ... လုပ်ချင် စရာတွေအများကြီး လုပ်ဖို့ ရှိတယ် ... ခွေးဟောင်တိုင်း ထကြည့်ဖို့ အချိန် မပေးနိုင်ဘူး ...


အဲလိုဘဲ ၂၀၀၉ မှာ နေတော့မယ် ... ဘာလို့လဲ


မြန်မာတွေအများစုဟာ

တယောက် ယောက်က တခုခုလုပ်တော့မယ် ... လုပ်နေပြီဆိုရင် ဘယ်တော့မှ အကောင်းမြင်တဲ့ဘက်က မကြည့်ဘဲ အဆိုးဘက်က မြင်တတ်ကျတယ်။ သူတပါးရဲ့ လုပ်ရပ်အပေါ်ကို ဆုံးဖြတ်ချက်တခု မပြီးခင်မှာ ချတတ်ကြတာ၊ လူများရင်၊ အင်အား ကြီးရင် မှန်တယ်လို့ ယူဆပြီး၊ အင်အားနည်းတဲ့သူအပေါ်ငြိမ်နေသူအပေါ်၊ အားနည်းချက်ရှိလို့ ငြိမ်နေသူအပေါ် မှာ ဖိပြီးပြောတတ်ကြတာ ...

လူမြင်ကွင်းမှာ သူ့ထက်သူ နိုင်ငံချစ်တဲ့သူ မရှိလောက်အောင် ပြောပြီး ... တကယ်တမ်းကျတော့ ကိုယ်ကျိုးရှာနေသူတွေ ဖြစ်နေတာ ...

လူမြင်ကွင်းမှာ ဟိုဟာဖြစ်တယ် ဘာဖြစ်တယ် ပြောပြီး နောက်ကွယ်မှာ တိတ်တိတ်ပုံး လုပ်နေတာ ...

လေသံကြား တရားနာ ဆိုသလို၊ ဘယ်သူဘယ်ဝှာ ဖြူသလား၊ မဲသလားတောင် မသိတဲ့ သူတွေ၊ မှန် မမှန် ဦးနှောက် နဲ့ မစဉ်းစားတတ် တဲ့ ပညာတတ်ကြီးတွေ (ခွေးကိုလက်ပေးသင်ရင် လက်ပေး တတ်သလို၊ မျောက်ကို အုန်းသီးခူးခိုင်းသလို တတ် နေ တဲ့ သူ)၊ နိုင်ငံရေးသမားကြီးတွေလိုလို လူကြားကောင်းအောင် အော်နေသူတွေ၊

ဟုတ်/မဟုတ် သေချာ၊ မသေချာတာကို မသိဘဲ ရမ်းတုတ်၊ တုတ်ကိုခွေးချီးတို့ပြီး ရမ်းနေသူတွေ ...

တခါတလေ ဒေါသမဖြစ်မိအောင် သတိ ထားရတယ် ... လမ်းလျှောက်ရင် ခလုပ်တိုက်တာ မစမ်းဘူး၊ အဲတာကို မကောင်းမြင်ရင်လည်း မတတ်နိုင်ဘူး၊ တခုဘဲ ရှိတယ်။ ကိုယ် အမူအရာ ကြမ်းရင် အဖယုတ်လို့တဲ့၊ နှုတ် အမှုအရာ ကြမ်းရင် အမိယုတ်လိုတဲ့...

ကိုယ့်ကြောင့်တော့ အမိအဖတွေ ကို အဲလိုမဖြစ်စေချဘူး။ ယုတ်စေချင်သူတွေသာ ဆက်ပြီးတော့ မိုက်ကျစေတော့... ကျွန်တော် ကိုယ်တိုင်တော့ ဘာဘာ ဘာမှ မပြောတော့ပါ..........

ထပ်ပြော ရင်လည်း ပြီးတော့မယ် မထင်ဘူး။ သေချာတာတခုကတော့ အဲလိုပြောနေသူတွေဟာ မိမိ ဘယ်သူဘယ်မှာ ဆိုတာ ကိုတောင် လူကြားထဲမှာ မပြောရဲတဲ့သူ၊ ကာယံကံရှင်နဲ့ တိုက်ရိုက် ရင်ဆိုင် စကားမပြောဝံ့သူ၊ အသက်အရွယ် မပြည့်သေးတဲ့သူ အပေါ်မှာ မဟုတ်တရား လုပ်ထားတဲ့သူကို သူရဲကောင်းကြီးလို့ သတ်မှတ်ကိုးကွယ်နေသူ၊ ဘာမှ ကိုယ်ကိုင်က အဖြစ်မရှိဘဲ လူတကာကို အပြစ်လိုက်မြင်နေသူ၊ မိုးပြော ဂျိုးပြော လူတွေ၊ သူများက ဟိုဟာဆို လိုက်ပြီး၊ အပြစ်ပြော ... ပြီးတော့ ကိုယ်တိုင်က လုပ်နေသူ၊ သစ်ပင်မစိုက်ဘဲ အသီးစားချင်သူ၊ စားမိတဲ့ အသီးချဉ် တော့ အပင်ကို ပြန်ဆဲသူတွေပါပဲ …


ဪ ....... နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးသွားခဲ့ပြီ၊ ကျွန်တော်တို့ လူမျိုးရဲ့ မကောင်းတဲ့ အကျင့်တွေကို ဒီလိုသာ ဆက်လက် သယ်ပိုး ယူဆောင်နေကြမယ်ဆိုရင်ဖြင့်........ မြန်မာ နိုင်ငံမှာ ငြိမ်းအေးးချမ်းသာရဖို့၊ တိုးတတ်အောင်မြင်လာဖို့ ကို နောက်ထပ် မျိုးဆက်တွေ ၃ ဆက်လောက် ရင်းတာတောင် လောက်မယ် မထင် ...

You received this email because you are subscribed to the real_time feed for http://kminnkyaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.