Tuesday, January 6, 2009

[Myo Chit Myanmar | Dedicated for the people of Myanmar] 15 New Entries: ၆၁ နှစ်ပြည့်လွတ်လပ်ရေးနေ့

၆၁ နှစ်ပြည့်လွတ်လပ်ရေးနေ့

ဖေဖေသူတို့လို ၀တ်ပါလား

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်"
"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"
"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"
"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"
"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော်
ဖေဖေ၊ ဟုတ်လား"
"ဟုတ်တယ်ကွဲ့"
"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ"
"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊
သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့" တဲ့။

(ဆရာဂါမဏိရဲ့ ပြောပြချက်ကို ဆင့်ပွားခံစားတင်ပြပါသည်။)

ဂျင်ဂလိ

အနီးကပ်ဆုတောင်း

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,3rd,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )လောင်စာဆီဈေး ကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ

( 2 )US openly backs Burma democracy

( 3 )အဲန်စီဂျီယူဘီ စင်ပြိုင်အစိုးရအဖြစ် ဆက်ရှိနေအုံးမည်

( 4 )democracy for Myanmar

( 5 )မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရရဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ

( 6 ) Home at last, far from big cities and refugee camps

( 7 )US backs democracy in Myanmar ahead of anniversary

( 8 )CinePhillyist Reviews... Rambo

( 9 )Bush and Ban to hold farewell lunch at WHouse

( 10 )အမေရိကန် ခရစ်ယာန် ဘုရားကျောင်း ကရင်ဒုက္ခသည်တွေကြောင့် ဆက်လက်တည်မြဲ

( 11 )Myanmar terminates some publications for failure to register

( 12 )Burma refugees are welcomed by youths

( 13 )ရှိတ်ဟာစီနာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လိုလား

( 14 )တောင်ကုတ် အဖွဲ့ချုပ်ခေါင်းဆောင် ဦးမင်းအောင်ကို ထောင် ၁၅ နှစ်ထပ်ချ

( 15 )လာရှိုးထောင်မှာ အေးလွန်း၍ ကိုမင်းဇေယျာ ခါးရောဂါ ပြန်ခံစားနေရ

( 16 )The Diaries of SSSNY Students

( 17 )ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း

( 18 )Zagnar, Hold on, We know your alive

ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ

နှစ်သစ်ဆုတောင်း

ကရင်နှစ်သစ်ကူးနေ့ နအဖ၏ ဥပဒေမဲ့ စော်ကားမှုများ

 

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း

ရန်ကုန် မှ သတင်းတစ်ခု

၃၁.၁၂.၂၀၀၈ ညအချိန်တွင် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်မှာ ပြည်သူတို့ရဲ့လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့ ဟူသောစာတန်းပါစာရွက်များအားနေရာအနှံအပြားတွင်လိုက်လံကပ်ထားသည်များကိုတွေ့ရသည်။

ထို့အပြင်သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင့်(ဇ၀န)သုဝဏမြို့နယ်တ၀ိုက်တွင်လည်းထိုစာများအား အများအပြားကပ်ထားသည်ကိုတွေ့ရပါသည်။

ထိုအပြင် ( --------? လွတ်လပ်ရေး) ဟူသေားခေါင်းစီးစာတန်းဖြင့် ပြည်သူသို့လှုံ့ဆော်သော်စာသားများပါရှိသည့်အရှေ့မျက်နှာနှင့် နောက်ကျော စာမျက်နှာတွင် တောင်းဆိုချက်(၃)ချက်ပါဖြစ်သော

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး
(၂)စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးပေါ်ပေါက်ရေး
(၃)နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လွှတ်ပေးရေး
ဟူသည့်စာသားများပါသော စာရွက်များအား
အင်းယားကန် တံတားဖြူမှတ်တိုင်နားနှင့် ကန်တော်ကြီး ပုဂံလုံးကျွန်းနားတွင် နှစ်နေရာပေါင်း စာရွက်ရေ ၂၀၀၀ နီးပါးမျှနှင့် အခြားနေရာအတော် များများတွင်လည်း စာများအား ကားပေါင်းစုံပေါ်မှ ကျဲချသွားကြောင်း ကျွန်တော်သိသမျှ သတင်းအားဖြန့်ဝေပေးပါသည်

နိုင်ငံရေးစိတ်ဝင်စားသူအပေါင်းခင်ဗျား နိုင်ငံရေးသတိအမြဲရှိကြပါ။

မျိုးချစ်မြန်မာတစ်ဦး
(ရန်ကုန်)

မျောက်ဆရာများလုပ်စားခြင်းခံရသည့် ကိုယ်တွေ့ဖြစ်ရပ်

ကိုမျိုးချစ်မြန်မာ ဘလော့မှာ့  ပထမဆုံးပြုပြင်ပြောင်းလဲသင့်သည့် ဆောင်းပါးကိုဖတ်ရသည့် အတွက် အထူးကို ကျေးဇူးတင်ရှိပါသည်။ ဆောင်းပါးကိုရေးသားသည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကျောင်းသားများ ကိုလည်း အထူးကျေးဇူးတင်မိပါ သည်။ အခုလိုဆောင်းပါးများ၊ ရင်ဆိုင်တွေ့ကြုံရသည့် ခံစားချက်များကို မိမိအနေဖြင့် ပြည်ပရောက်မြန်မာများကို သိထားစေချင်သည့် စေတနာသတ်သတ်သာဖြစ်ပါသည်။ ပထမဆုံးပြောင်းလဲသင့်သည့် ဆောင်းပါးကိုဖတ်မိပြီး ၄င်းနှင့်သက်ဆိုင်သည့်မိမိကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို ဖော်ပြပေးချင်ပါသည်။ နိုင်ငံရေး လှုပ်ရှားမှုများနှင့်ပတ်သတ်သည့် အကြောင်းအရာတော့ မဟုတ်ပါ မိမိ အနေဖြင့် နိုင်ငံရေး လှုပ်ရှားသူများနှင့်ပတ်သတ်သည့် အတွေ့အကြုံ နည်းပါးလွန်းသည်ကို ၀န်ခံပါသည်။

၂၀၀၄ ဆူနာမီဖြစ်တုန်းက ကျွန်တော် ထိုင်းနိုင်ငံ၏နိုင်ငံခြားခရီးသွားများစိတ်ဝင်စားသည့် ဖူးခတ်မြို့ ပင်လယ်ကမ်းစပ် ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေထိုင်လျှက်ရှိသည်။ ဆူနာမီရေလှိုင်းတက်လာတော့ အဆောက်အဦးတော်တော် များများ ပျက်စီးပြီး ကျွန်တော်တို့နေထိုင်တဲ့ ဆောက်လုပ်ရေးတန်းလျှား တစ်ချို့တစ်ဝက် ရေလှိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်။ (ဆက်ဖတ်ရန်)

ကံကောင်းမည်ဟုပြောရမည် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အဆောက်အဦးများသာပျက်စီးကုန်ပြီး လူအသေအပျောက် နည်းပါးခဲ့သည်။ ပြောလိုသည်မှာ ဆူနာမီအကြောင်းတော့ မဟုတ်ပါ ဆူနာမီနှင့် ဆက်စပ်နေသည့် ပြုပြင်ပြောင်းလဲသင့်သည့် ဆောင်း ပါးပါ မျောက်ဆရာများ ဟု တင်စားထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်း နာမည်တပ်ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပွဲထုတ်ပြီး လုပ်စား နေသော မျောက်ဆရာများအကြောင်းဖြစ်ပါသည်။ ဆူနာမီဖြစ်ပြီးတစ်ပတ်လောက်အတွင်းတွင် နိုင်ငံခြားသားများအပါအ၀င် ထိုင်းလူ မျိုးများမှ ကယ်ဆယ်ရေးလုပ်ငန်းများကို အင်အားသုံးပြီးလုပ်ဆောင်လာကြသည်။ သို့သော်မြန်မာတွေကိုတော့ သိပ်အလေးမထား ကြပေ ယင်းအချိန်တွင် မြန်မာ့အလုပ်သမားများကို ကူညီမည့် မြန်မာအချို့ရောက်လာပြီး မိသားစုတစ်စုလျှင် ဆန် ငါးကီလိုထုတ် ဆီ အချို့ ရေသန့်ဘူးနှင့်မာမားခေါက်ဆွဲ အချို့ကို အခဲမဲ့ ဖြန့်ဝေပေးသည်။ ဘာမှ အလကားမရခဲ့ဘူးသည့် ကျွန်တော်တို့ရွှေ့ပြောင်း မြန်မာ အလုပ်သ မားများအတွက် ၄င်းလူများကို ကယ်တင်ရှင်များအလား ကျေးဇူးတင်မိပြန်သည်။ တော်တော်သဘောကောင်းတဲ့ လူတွေ ငွေကြေး လဲတတ်နိုင်ကြတယ် သဒါတရားလည်းထက်သန်ကြတယ် အလုပ်သမားတွေကို တွေ့ရင်လည်း ရယ်ပြုံးပြီး ဆက်ဆံတတ်တယ် ဘာအခက်ခဲရှိသလဲ မေးမြန်းတတ်ပြီး ဖုန်းနံပတ်တွေ ပေးတယ် ဓါတ်ပုံရိုက်တတ်ကြတယ်။ အဲဒီလို တစ်လနီး ပါး ၄င်းလူတွေ့ကို တွေ့နေရတယ် တွေ့ရတိုင်းလဲ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ကြီးတွေ ကယ်တင်ရှင်တွေအဖြစ် ကျွန်တော်တို့ ပွင့် လင်း ယဉ်ကျေးစွာ လေးစားမိတယ်။ နောက်ပိုင်းတော့ အဲဒီလူတွေမတွေ့ရတော့ဘူး ဆန်တို့ ၊ ဆီတို့ဆိုတာလည်း တစ်ခါရတဲ့ လူကို နောက်တစ်ခါလည်း ထပ်ပေးတာမဟုတ်ဘူး ဒါပေမေ့ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေကလည်း တစ်ခါမှ ကြုံဖူးတာ မဟုတ် တော့နောက်တစ်ခါ ဘယ်ထပ်တောင်းကြမလဲ မတောင်းကြပါဘူး တစ်ခါပေးရုံနှင့်လောက်တောင် ကျေးဇူးတွေ မဆုံးတော့ဘူး တင်နေ မိကြတာ။
 
ဆူနာမီဖြစ်ပြီးနောက်ပိုင်း ထိုင်းကိုနိုင်ငံခြားသားတွေ ၀င်လာတော့ ကျွန်တော်လည်း အဆက်အသွယ်ရပြီး ဆောက်လုပ် ရေးလုပ်သားဘ၀ကနေ ကျွန်းတစ်ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလိုတစ်ခုမှာ အလုပ်ရတယ် စားပွဲထိုး အဖြစ် နှင့်ပေါ့ ကျွန်တော်လည်း ဆောင်းပါးရှင်များရေးသလို ရွှေ့ပြောင်းအလုပ်သမားမြန်မာ့တဣသိုလ်ကျောင်းသားတစ်ယောက်ပဲလေ တစ်ခြားနိုင်ငံမှာတော့ တဣသိုလ်ကျောင်းသာရွှေ့ပြောင်းအလုပ်သမားဆိုတာရှိသလားမရှိဘူးလားတော့မသိဘူး ကျွန်တော်တို့ မြန်မာပြည်က ကျောင်းသားတွေကတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကုန်တာပေါ့ ရွှေ့ပြောင်းအလုပ်သမား ဖြစ် နိုင်အောင် ပညာရေး မြင့်မားစေတဲ့ မြန်မာ့စစ်အစိုးရပညာ ရေးကိုလည်း အထူးကျေးဇူးတင်မိတယ်။ ဒီလိုနှင့် ကျွန်းပေါ်က ဘန်ကလို ပေါ်မှာ စားပွဲထိုးလုပ်နေရင်း နိုင်ငံခြားသားတစ်ချို့နှင့် ရင်းနှီးပြန်တယ် အဲဒီလိုကနေ ရင်းနှီးတဲ့ နိုင်ငံခြားသား အသိတစ်ယောက် နှင့် အတွေ့အကြုံလေးတွေ ပြောပြကြရင်း ၂၀၀၄ မင်းသားချော ဆူနာမီကပါလာပြန်တယ် ထပ်ဆိုးသည်မှာ ၄င်းနိုင်ငံခြားသား မှာ အင်ဂျီအို တစ်ခု၏အရေးပါသော နေရာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဆူနာမီဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းဖူးခတ် အပါအ၀င် ဆူနာမီ ဒဏ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကူညီရန် လိုအပ်သည့်ငွေကြေးကို ထုတ်ပေးရာတွင် ပူးပေါင်းတင်ပြပြီး အတည်ပြုပေးသည့်ထဲတွင်သူပါဝင်ကြောင်း ပြောပြလာပြန်သည်။ အဲဒီမှာကျွန်တော်လည်း ဒါဆို မြန်မာပြည်သား တွေအတွက် ဘာတွေလုပ်ဆောင်ပေးမယ့်ဟာတွေပါသလဲ လို့မေးဖြစ်တယ် အဲဒီမှာ ကျွန်တော်လည်း အား ယား ယား.... ဖြစ်သွား တာကလွဲပြီး မျောက်ဆရာများ၏လုပ်ရပ်ကို မသိလိုက်ဟန်ဖြင့် ကျွန်တော်ရောက်တာ မကြာသေးဘူး အခုမှထိုင်းကိုရောက်လာတာ ဆူနာမီတုန်းက ကျွန်တော်မြန်မာပြည်မှာဖြစ်ကြောင်း အားရပါးရ လိမ်ပြောခဲ့ရသည်။ ၄င်းနိုင်ငံခြားသားပြောပြရာတွင် ၄င်းတို့ အဖွဲ့ မှ ဆူနာမည်ဖြစ်ပြီး ပထမ လေးလ ကိုအရေးပေါ် ထောက်ပံ့ပေးမှုအစီအစဉ်ဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် စားဝတ်နေရေး၊ လိုအပ်သလို အခန်းငှားပေးနိုင်၊ ကျမ်းမာရေး မြန်မာဆရာဝန်များခေါ်ယူပြီး ကျမ်းမာရေး ကိုစောင့်ရှောက်ရန် လိုအပ် ပါက ဆေးရုံး တက်ကုသ ရလျှင်လည်း ကုန်ကျငွေပေးချေရန်၊ အလုပ်သမားများကို အလုပ်သမားကဒ် အခမဲ့သက်တမ်းတိုးပေးရန်၊  လုပ်ငန်းအချို့ အတွက် အလုပ်သမားများ အလုပ်ပြန်လည်ရရှိစေရန် စက်ပစည်းအချို့ ၀ယ်ပေးရန်၊ သွားလာရေးအဆင်ပြေရန် ပို့ဆောင်ရေးလုပ် ငန်းများအပါအ၀င် မြောက်များစွာသော စီမံကိန်းများပါဝင်ပြီး မှတ်မိသလောက်သာ ရေးသားလိုက်ပါသည်။ ဤ သည်မှာပင် ကျွန်တော်တို့ကို ဆန်ငါးကီလိုနှင့် ဆီ၊ မာမား တို့ကို အခမဲ့ဝေငှပေးသော ကယ်တင်ချင်ကြီးများကို မြင်ယောင်လာ ကာ ဘာအခက်အခဲရှိလဲ မေးခွန်းများကို ပြန်လည်ကြားယောင်မိပြန်သည်။
 
ဆိုလိုချင်သည်မှာ ဦးဆောင်ပြီးဆောင်ရွက်ပေးလိုသည့် ဆရာကြီးများကို အိပ်ထဲမထည့်ပါနှင့်ဟုမပြောလိုပါ သို့သော် လည်း တစ်ရာမှာ ၄၅ ရာနှုန်းလောက် လုပ်ပေးပြီး ၅၅ ရာနှုန်းလောက် အိပ်ထဲထည့်သွားရင် မဆိုးလောက်သောအခြေအနေ ဟုပြော ရမည်ဖြစ်သော်လည်း အခုဟာက ၅% လောက်လုပ်ပြီး ၉၅% လောက် အိပ်ထဲထည့်သွားသော မျောက်ဆရာများအတွက် ဘာမှ နား မလည်သည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ လုပ်စားခံရခြင်းဖြစ်ပါသည်။ ကျွန်တော်ကြုံတွေ့ခဲ့သော မျောက်ဆရာမှာလည်း မြန် မာများဖြစ်ပါကြောင်း တစ်ခြားနိုင်ငံတွေမှာရောက်နေတဲ့ မြန်မာ့ အလုပ်သမားတွေ အခြေအနေကို ကျွန်တော်အနေနှင့် မပြော နိုင်သော်လည်း မြန်မာတွေကို ပြပြီး လုပ်စားနေ သော ထိုင်းနိုင်ငံထဲမှ မြန်မာ့မျောက်ဆရာများကို အကြောင်းကို မြန်မာ့အလုပ်သမား အားလုံးကို သိထားစေချင်ပါတယ်။

မှတ်ချက်။ ။ မြန်မာ့ အလုပ်သမားအရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ပေးနေသော အလုပ်သမားခေါင်းဆောင်အချို့ ကို လေးစားဂုဏ်ပြုပါသည်။ ဤဆောင်းပါးသည် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကျောင်းသားများ ရေးသားသည့် ဆောင်းပါးတွင် ပါရှိသည့် မျောက်ဆရာများ ကို ဖတ်ရှုမိ့ရင်းကိုယ်တိုင်ကြုံခဲ့ရသည့် အတွေ့အကြုံတစ်ခုကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။
   
                                                                                                                     လေးစားစွာဖြင့်
            ဇာနည်ဗို (ဖူးခတ်)

ဆောင်းပါးပါအချက်အလက်များသည် စာရေးသူ၏အာဘော်သက်သက်သာဖြစ်ပြီး မျိုးချစ်မြန်မာ နှင့် မည်သို့မျှပါတ်သက်ခြင်းမရှိပါ

2009 CAC မှ တိုက်တွန်းနှိုးဆော်ချက်

အလွမ်းသံစဉ် (၀တ္ထုတို)

အနောက်ဘက် မိုးကုတ်စက်ဝိုင်းတလျှောက် ကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်ခဲများ၊ တိမ်ခိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားနေကြ၏။ ကောင်းကင်မှ တိမ်များသည် ကြေကွဲနေသည့် မိန်းမပျိုလေး လမ်းလျှောက်နေသလို လွင့်မျှောနေ၏။ မကြာခင်မှာပဲ ကောင်းကင်ကြီး ကြေကွဲစွာ ငိုချလိုက်သည့် မျက်ရည်များသည် မိုးစက်များအဖြစ် တောင်တန်းတွေကို ရွှဲရွှဲစိုစေသည်။ 

ထိုမျက်ရည်များနှင့် တောင်တန်းတွေကြားမှာ ကျမ ချစ်သူ ရှိပါသည်။ မောင့်ကိုတွေ့ဖို့ ရောက်ခဲ့သည့် ကျမသည် ပတ်ဝန်းကျင်ကို အဖော်ပြုခဲ့ရသည်။ ချစ်ခြင်းကြောင့် အားသစ်တွေ ဖြစ်ပေါ်ခဲ့သလို၊ ချစ်ခြင်းကြောင့်ပဲ မြင်သမျှ လွမ်းမောခဲ့ရသည်။( ဆက်ဖတ်ရန် ) မောင်ရှိသည့် နေရာကို ကျမ သွားရသည့်ခရီးသည် မိုင်ပေါင်းရာချီပါသည်။ ထိုခရီး၏ ပတ်ဝန်းကျင်ရှုခင်းက ကျမတို့ မြို့ပြလိုမဟုတ်။ ကျယ်ပြန့်သော ကောင်းကင်အောက်မှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းပင်ပန်းပွင့်များက အင်မတန်မှ လှပပါသည်။ လှပသော ရှုခင်းများကို ကြည့်ပြီး အိမ်မှာ အဖွားနှင့် ကျန်ခဲ့သည့် သားနှင့် မောင့်ကို တလှည့်စီ လွမ်းနေပါသည်။ ထိုအလွမ်းတွေကို ပုံထားလို့ရလျှင် ကျမ၏ အလွမ်းများသည် ချင်းတောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်းများထက် ပိုမိုမြင့်မားပါလိမ့်မည်။

မောင့်ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်က မှတ်မှတ်ရရ ဇူလိုင်မိုးဦးကျမှာ ဖြစ်သည်။ ထိုခရီးသည် ကျမအတွက် ပထမဦးဆုံး စွန့်စားရသည့် ခရီးဆိုလျှင် လွန်မည်မထင်ပါ။ သုံးညနှင့် လေးရက် သွားရသည့် ခရီးမှာ မြို့ပေါင်းများစွာ ဖြတ်ခဲ့ရ၏။ အထင်ကရ မြစ်နှစ်ခုကို ဖြတ်ခဲ့ရ၏။ မဟာမြိုင်တောကြီးကို တညလုံး ကားဖြင့် ဖြတ်ရသည့် အချိန်တွင်တော့ ကျမ လွန်စွာမှ အားငယ်ခဲ့ရတော့သည်။

ကျမတို့ စီးလာသည့်ကားသည် မောက္ကတော်သဲချောင်းမှာ မိုးလွတ်အောင် စောင့်ရသည်။ မိုးမရွာသေးသော်လည်း မိုးနံ့ကို ကားသမားက သိသည်။ သည်တော၊ သည်တောင်ကို ကျွမ်းဝင်နေသည်မို့ သဘာဝနှင့် ရင်းနှီးနေခြင်း ဖြစ်မည်။

ကောင်းကင်မှာ ထိုညက ကြယ်တွေ မရှိပါ။ တိမ်စိုင်တိမ်ခဲတို့ဖြင့် မဲမှောင်နေသည့် ကောင်းကင်အောက်မှာ ကျမတို့ ကားတန်းကြီးက ငြိမ်သက်နေသည်။ ကျမ၏ ပထမဆုံး ခရီးမှာ အခုလို တောနက်ထဲက သဲချောင်း ပြင်အကျယ်ကြီးထိပ်မှာ မိုးခိုရမည်ဟု မတွေးမိခဲ့။ မောက္ကတော်သဲချောင်းထဲကို ရေမလွမ်းခင်မှာပင် မိုးစက်တွေက ကားမှန်ပြတင်းကို ထိမှန်လာကြသည်။ ကားပေါ်မှာတော့ အိပ်ငိုက်သူငိုက်၊ တွေးသူကတွေးနှင့် ငြိမ်သက်နေ၏။ တောင်ကျရေကို ကြိုဆိုရန် မောက္ကတော်က အဆင်သင့်ဖြစ်နေပြီ။ မိုးနံ့နှင့်အတူ ကောက်သစ်စပါးနံ့၊ သစ်ခွပန်းရနံ့ကို ရှုရှိုက်ရင်း ညကို အထီးကျန်စွာ တဦးတည်း ဖြတ်သန်းရမယ်လို့ တွေးမထင်ခဲ့ဖူးပါ။ ထိုအချိန်မှာ ကားဆရာက သီချင်းဖွင့်ပြီး တိတ်ဆိတ်မှုကို အဖော်ပြုလိုက်သည်။

ထွန်းအိန္ဒြိာဗိုလ်၏ "မိုးလေးဖွဲတုန်း" သီချင်းသည် နေရာဒေသ၊ အချိန်နှင့် အင်မတန်မှ လိုက်ဖက်နေ၏။ သီချင်းရေးဆရာက မျိုးကျော့မြိုင် ဖြစ်သည်။ သီချင်းရေးဆရာ၏ နှလုံးသွေးထဲက ထွက်လာသည့် သီချင်းစာသားတွေက ကျွန်မကို မျှော်လင့်ခြင်းများနှင့် အလွမ်းကို ဖြစ်စေခဲ့သည်။

"မိုးလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ်။ ပြတင်းတံခါးဆီပဲ၊ သွားလို့မော့ကြည့် ပြောလိုက်ချိန်၊ တကိုယ်ရေထဲ မိုးစက်တွေအလည် … ၊ ဝေးပြီး တနေ့ ပြန်တွေ့ကြမယ် .. . ယုံကြည်ထားမိုးစက်တွေရယ် …" "တချိန်က သိတဲ့ ပျော်မြူးခြင်းတွေ ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ … ဘယ်လောက်ပဲ ဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်"

 သီချင်းစာသားထဲမှာ လွင့်မျောနေသည့် ကျမသည် မောင်နှင့်အတူရှိသည့် အချိန်တွေကို တွေးမိရုံဖြင့် နှလုံးသွေးတို့ နွေးထွေးသွားသည်။

++++

မောင်နှင့် ကျမသည် ပန်းတိုင်တခုကို အတူသွားခဲ့သူများဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ဖို့ မောင့်ဇွဲ၊ လုံ့လ၊ ၀ိရိယက ကျမထက် ပိုသည်။ မောင်က ရေစုန်ကိုမလိုက်၊ ရေဆန်ကိုသာ လျှောက်သည့်သူဖြစ်သည်။ မောင်က သူခံစားရသည့် အကောင်းဆုံးများကို သူ့ပတ်ဝန်းကျင်ကိုပါ ခံစားစေချင်သည်။ နိမ့်ပါးသည့် ဘ၀များကို ဖေးမကူညီချင်သူဖြစ်သည်။ ထိုသို့သော မောင်နှင့် ကျမတို့ အနာဂတ်ကို ယုံကြည်မှုများစွာနှင့် လက်တွဲလျှောက်ခဲ့သည်။ ဘ၀တခုလုံးပုံ၍ မောင့်ကို ယုံကြည်ခဲ့ပါသည်။

အခက်အခဲ အမျိုးမျိုးကြားထဲမှ အိမ်ထောင်သည် ဘ၀ထဲကို လက်တွဲခုန်ချခဲ့ကြသည်။ ကျမတို့ ခုန်ချခဲ့တာ ပန်းမွေ့ယာပေါ် မဟုတ်။ ဒုက္ခဆူးတွေထဲကို ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုဒုက္ခဆူးတွေကို အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေဖြင့် နှုတ်ခဲ့ကြသည်။ ကာယကို အားကိုးပြီး လုပ်ရသည့် ပါတိတ်လုပ်ငန်းမှာ နှစ်များစွာ ကြာခဲ့သည်။ မောင့်လက်မောင်းလက်ဖျံမှာ ဖယောင်းစက်တွေ၊ ကျမ၏ လက်မှာ ပန်းပွင့်တွေကို ဆေးခြယ်သည့် ဆေးစက်တွေ ….။ ထိုလက်တွေဖြင့် ကျမတို့ဘ၀၊ ကျမတို့ပတ်ဝန်းကျင်ကို အတ္တ၊ ပရ မျှစွာ ဖန်တီးခဲ့ကြသည်။ အလုပ်နားရသည့်အခါ မြို့သစ်လယ်ကွက်လပ်များမှာ မောင်က အိမ်နီးချင်းအဖော်တွေနှင့် ငါးမျှားသည်။

ရလာသည့် ငါးသံချိတ်၊ ငါးဇင်ရိုင်းလေးများကို ကြော်ပြီး အိမ်ရှေ့ကန်ဇွန်းခင်းက ကန်ဇွန်းရွက်တွေကို ပူပူနွေးနွေးဖြစ်အောင် စားခါနီးမှ ကြော်လိုက်သည်။ မောင် ဗိုက်ဆာသည့်အချိန်နှင့်အကိုက် ကြော်ထားသည့် ကန်ဇွန်းရွက်ကြော်၊ ငါးကြော်တို့သည် ကျမတို့အတွက် အမှတ်တရ ဟင်းပွဲများဖြစ်သည်။ ထိုထက်ပို၍ ကျမတို့ မချက်နိုင်ခဲ့။ သို့သော် ကျမတို့ ဘ၀ကို ပြည့်စုံသည်လို့ ရောင့်ရဲနိုင်ခဲ့သည်။ မောင်ပေးခဲ့သည့် ဆိတ်ဖလူးပန်းတွေကိုလည်း အမှတ်ရမိသည်။ မနက်စောစော ခြံထောင့်မှာ ဆိတ်ဖလူးပန်းတွေ တဖြုတ်ဖြုတ် ကြွေတတ်သည်။ ဆိတ်ဖလူးပန်းလေးများကို ကောက်ပြီး နှီးကြိုးလေးနှင့် မောင်သီကုံးပေးတော့ ကျမ ဆံပင်ကောက်ကောက်မှာ ပန်ရသည်။ ဆိတ်ဖလူးပန်းနံ့ သင်းသင်းလေးက တမ်းတလွမ်းဆွတ်ဖွယ်ရာ။

ကျမနှင့် မောင် ပိုင်ဆိုင်ဖူးသော အရာများသည် ကျမအတွက် မြတ်နိုးဖွယ်ရာများ ဖြစ်ပါသည်။ ထိုအရာများကို သတိရတိုင်း မောင့်အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးသွားတတ်သည်။ မောင့်ဘ၀၏ တ၀က်တပိုင်းသည် ကျမဖြစ်၍၊ ကျန်တပိုင်းသည် သားဖြစ်ပါသည်။ သားကို မမွေးခင်တည်းက မောင်သည် "သားလေးမွေးမှာကွ" ဟု ယတိပြတ်ပြောသည်။ ကျမ ကိုယ်ဝန်ဆောင်စဉ် မောင်နှင့် အလုပ်မလိုက်ရတော့ဘဲ အိမ်မှာ ကျန်ခဲ့ရသည်။

အလုပ်သွားခါနီးတိုင်း မောင်သည် ကျမ ဗိုက်ကို လက်ဖ၀ါးကြမ်းကြမ်းနှင့် ကပ်ပြီး သားကို နှုတ်ဆက်တတ်သည်။

"သားလေးရေ၊ ဖေကြီး အစာရှာထွက်လိုက်ဦးမယ်။ သားအတွက် ပိုပြီးရှာရမှာဆိုတော့၊ ဖေကြီး ပိုအလုပ်လုပ်ရမှာပေါ့။ သားကြီးလာရင် သားက ကိုယ့်ကိုယ်ကိုပဲ ချစ်မှာလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ချစ်မှာလား၊ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ဖေကြီး ပြောပြမှာပေါ့"

မောင့်စကား ဆုံးသည့်အချိန်မှာပဲ သားတံတောင်ဆစ်နုနုလေးက မောင့်ကို ထိလိုက်သည်။

"ကြည့်စမ်း။ စမ်း ကြည့်စမ်း ပန်း .. ။ ဒါ သားတံတောင်ဆစ်လေး မဟုတ်လား။ သားက အထဲကနေပြီး မောင့်ကို နှုတ်ဆက်လိုက်တာ"

ကျမ မပြုံးဘဲ မနေနိုင်တော့ပါ။

"ကလေးက သိလို့ ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့၊ လှည့်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ပါ။ လရင့်ရင် ဒီအတိုင်းပဲလို့ ပြောကြတယ်" မောင်က သားကို ချစ်စိတ်ဖြင့် သူ့ကို နှုတ်ဆက်တာ၊ ထောက်ခံတာဟု ပြောသည်။

မောင်သည် အရာရာကို ရိုးရိုးရှင်းရှင်း တွေးတတ်သည်။ သားကိုမွေးတော့ မောင်ပျော်ရွှင်နေ၏။ သားဦးမွေးတာ သားဖြစ်သည်မို့ ဖခင်တယောက် ပျော်ရွှင်နေတာ အဆန်းမဟုတ်ပေမယ့် ကျမရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ မောင်သည် ကျမနှင့် သားအပေါ် ကျမတို့က ချစ်မြတ်နိုးသည်ထက်ပို၍ ချစ်မြတ်နိုးသူဖြစ်သည်။

"သားက မောင့်ရဲ့ အောက်ဆီဂျင်ပါ ပန်းရယ်" မောင်အလုပ်မသွားခင် သားအနှီးတွေကို လျှော်သည်။

သွက်လက်တက်ကြွနေသည့် မောင့်ကို ကြည့်ပြီး ကျမပါ ပျော်ရသည်။ သား သုံးလေးနှစ်အရွယ်ထိ အိမ်သာတက်ရင် အိမ်သာရှေ့မှာ ထိုင်စောင့်တတ်သည့် မောင့်ကို ပိုတယ်ဟု အမြင်ကတ်မိသည်။

သားကတော့ မေးစေ့ကို လက်ဖနောင့်နှင့် ထောက်ပြီး ဆောင့်ကြောင့် ထိုင်ကာ အိမ်သာတက်ရင်း ဖအေကို စကားတွေ ပြောတတ်သည်။

"ဖေကြီး အလုပ်သွားလို့ သားက တာ့တာလို့ ပြောရင်၊ ငှက်လေးတွေကလည်း ကျိကျိလို့ လိုက်ပြောတယ်"

"ဒါပေါ့၊ သားကို သူတို့က ထောက်ခံတာ" "ငှက်ကလေးတွေက အိမ်တွေအများကြီးနော် ဖေကြီး"

"သားတို့ကိုလည်း သဘာဝက ပေးတာပဲလား။ သဘာဝဆိုတာ ဘိုးဘိုးကြီးရဲ့ နာမည်လား။

ဘိုးဘိုးကြီး နာမည်လည်း မဟုတ်ပါဘူး။" "သဘာဝအကြောင်းကို သားကြီးလာတော့ ဖေကြီး ရှင်းပြမှာပေါ့သားရဲ့"

"ခု ရှင်းပြ" မောင့်အကျပ်အတည်းကို ကျမ ၀င်ရှင်းရသည်။ "ကဲ.. ကဲ.. သားကို မေကြီးမေးမယ်။ သား ဖေကြီးနဲ့ မေကြီးကို သား ဘယ်သူ့ကို ပိုချစ်သလဲ" "အမှန်အတိုင်းပြောရင် သားကို မေကြီးရိုက်မှာပေါ့"

ထိုသို့သော သားနှင့် ကျမကို မောင် ထားရစ်ခဲ့သည်။ အေးချမ်းသာယာ၍ အပြစ်ကင်းစင်သော ကျွန်မတို့ မိသားစုဘ၀ထဲကို မမျှော်လင့်သောကာလတွင် မုန်တိုင်းထန်ခဲ့သည်။ မုန်တိုင်းအရှိန်နှင့် လွင့်ပါးသွားသော မောင်သည် တောင်တန်းနှင့် မြို့လေးကို ရောက်သွားသည်။ တောင်တန်းတွေနှင့် မြို့လေး၏ ရာသီက ဧည့်သည် မောင့်ကို ကောင်းကောင်းကြိုဆိုနိုင်မယ် မထင်ခဲ့။ "ပူစရာရှိရင် အရမ်းပူ၊ အေးစရာရှိရင် အရမ်းအေးသည့် ရာသီနှင့် မာယာကို ကာကွယ်နိုင်ဖို့ မောင် ဘယ်လောက်ကြိုးစားနေမလဲ" လို့ တွေးပြီး ကျမ စိတ်ပူရသည်။ သဘာဝတရားနှင့် ရင်ဆိုင်တိုက်နေရသည့် မောင့်နောက်ကို ကျမ လိုက်ခဲ့သည်။

မိုး ဘယ်အချိန်က တိတ်သွားသလဲ ကျမ မသိလိုက်။ ကျမ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့ သဲချောင်းမှာ ရေခန်းနေသည့် စပယ်ယာလေးက ကားဆရာကို "ကားသွားလို့ရပြီ" ဟု အတည်ပြုသည်။ မိုးရေထိတွေ့ထားသည့် သဲချောင်းကို ဖြတ်တော့ ခရီးသည်တွေက ရင်တမမ။ သဲချောင်းကို ကျော်တော့ အားလုံး ၀မ်းသာသွားကြသည်။ ရှေ့လမ်းခရီးအတွက် စိတ်ပူစရာ မလိုတော့။ အဆိုးဆုံးလမ်းကို ကျမတို့ ကျော်နိုင်ခဲ့ပြီ။ ကားဆရာက အမောပြေ သီချင်းဖွင့်လိုက်သည်။

ထွန်းအိန္ဒြာဗိုလ်၏ "ကိုယ်တို့ ဝေးနေ မိုင်ပေါင်းကုဋေ" သီချင်းသည် ခရီးသည်များကို အမောပြေစေသည်။

ကားပေါ်ပါ ခရီးသည်အားလုံးသည် ချစ်သူတွေနှင့် ခေတ္တခွဲနေရသူများဖြစ်ပါလိမ့်မည်။ ထွန်းအိန္ဒြာဗိုလ်က သီချင်းရာဇ၀င်ကို ရှင်းပြသည်။ ထိုသီချင်းကို မဆိုခင်က ထွန်းအိန္ဒြာဗိုလ်နှင့် သူ့ချစ်သူ ကိုအောင်မင်းထွန်းတို့ တယောက်တနေရာစီ။ "ဘယ်သူ့ဆီမှာနေမယ်လို့ ဆုံးဖြတ်လို့ မရသေးတဲ့အချိန်၊ ထွန်းအိန္ဒြာဗိုလ်က စိတ်ကောက်ပြီး ဖုန်းမဆက်ဘဲ နေသတဲ့။ "ကိုယ်တို့ဝေးနေ မိုင်းပေါင်းကုဋေ" သီချင်းကိုဆိုတော့မှာ ချစ်သူက နိုင်ငံရပ်ခြားကနေ မြန်မာပြည် အပြေးလာခဲ့တယ်" လို့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်ကို ရှင်းပြသည်။ ချစ်သူနှစ်ဦးကို ပေါင်းစပ်စေသည့် သီချင်းရေးဆရာက မျိုးကျော့မြိုင်။

ထွန်းအိန္ဒြာဗိုလ်၏ ရင်တွင်းခံစားချက်ကို ထွင်းဖောက်မြင်နိုင်သူ။ "ဒီကမ္ဘာကြီးရဲ့ အဆုံးကို … ကိုယ်သွားမယ် … ပင်လယ်ကြီး ကိုယ်ဖြတ်သန်း၊ အကြင်နာခွန်အားတွေ … တောင်စွယ်များ ၀န်းရံကာရံထား .. ကိုယ်အတွေးနဲ့ ၀င်ရောက်ခဲ့မယ် … ကိုယ်မမောဘူး အချစ်ကလေးရယ် ... ကာရံနဲ့ သီချင်းလေးများစွာ သူ့အတွက်ဆိုညည်းကာ .. ကိုယ်လာခဲ့မယ် တို့မဝေးဘူး .." သီချင်းသံစဉ်တွေနှင့်အတူ မောင်ရှိရာအရပ်သို့ ကျမ ရောက်ခဲ့သည်။ ထိုသီချင်းကို ကျမဆိုလို့ မောင်ပြန်လာနိုင်ရင် ကျမ အချိန်နှင့်အမျှ ဆိုလိုက်ချင်ပါသည်။

++++

ဝေးတော့ ပိုလို့လွမ်းရသည့် မောင်နှင့် ကျမ တွေ့ဆုံမှုကို ရာသီကလည်း ၀မ်းနည်းကြေကွဲခဲ့သည်။ မိုးကောင်းကင်၏ မျက်ရည်စက်တွေက မိုးရေတွေဖြစ်သွားပြီး ကြေကွဲလိုက်တာမှ တောင်တန်းတွေ ရွှဲရွှဲစိုသွားသည်။ တွေ့ဆုံချိန် စက္ကန့် ၁၂၀၀ မှာ မောင်က သားမွေးနေ့အတွက် သူစပ်သည့် ကဗျာကို နှုတ်တိုက်ရွတ်ပြခဲ့သည်။

ဒီဇင်ဘာ ၁၅ အေးမြမြချမ်းကမ္ဗလာမှာ မွှေးလှလှပန်းသခင်မရယ်က သင်းရနံ့နဲ့ အတူဆောင်ကျဉ်း အောက်ဆီဂျင်လေညှင်းကို ပိန်ချုံးနေတဲ့ ငါ့ဖားဖိုထဲ ကြင်နာစွာနဲ့ သွန်းလောင်းစေခဲ့တယ်။ လတ်ဆတ်တဲ့လေနုအေးကြောင့် ခန်းခြောက်စရေအလျင် စမ်းချောင်းတွေကလည်း စီးဆင်းနိုင်ခဲ့တယ်။ မဲမှောင်တိမ်လွာဖုံးနေတဲ့ တစုံသော ကြယ်အမွှာကလည်း သဘာဝအလှတရားတွေကို ခံစားနိုင်ခဲ့ပြီ။

ငါ့ဦးခွံရိုးအောက်က သံချေးတက်လုနီးဓားဟာလည်း သံချေးကွာကျ ရွှေရောင်မြခဲ့ပြီ …. ။ ။ မောင့်အသံလှိုင်းတွေက လောကမြေပြင်ကို တိုက်ခိုက်လို့ ကောင်းကင်ပြာပြာပေါ်က တိမ်တွေ၊ တောင်တန်းတွေ၊ ကျေးငှက်ကလေးတွေက ၀ိုင်းဝန်းထောက်ခံအားပေးလို့ တေးသီနေကြသည်။

တစစီပြန့်ကျဲနေသည့် ကျမတို့ဘ၀၊ ကျမတို့ သောကအလွမ်းတွေကို ချိုးငှက်ကလေးတွေက နှုတ်သီးလေးတွေနဲ့ ကောက်ပြီး၊ အချစ်နှင့် သီကုံးလိုက်သည့် အလွမ်းသံစဉ်တွေက ကမ္ဘာမြေတခွင်လုံးကို ပြန့်နှံ့စီးဝင်သွားတော့သည်။

နှင်းပန်းအိမ်

သဘာဝကျေးရွာများ ဖြစ်လာစေဖို့တဲ့..................

ကန္တာရ၀တီတိုင်း( မ် )

"ရှင်းရှင်းပြောမယ်ဆိုရင် ငါးဘတ်တောင်မတန်ဘူး။ သဘောရှိတယ်။ ဒါပေမဲ့သူ (နိုင်ငံခြားသား) များက ငါးဆယ်နဲ့ လာဝယ်လိုက်တယ်။"

ဂီတာသံစဉ်များကဲ့သို့ အသံများ ထွက်ပေါ်လာနိုင်စွမ်းရှိပြီး စက်ကရိယာတို့ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ လက်ဖြင့် သဘာဝကျကျ ပြုလုပ်ထားတဲ့ ၀ါးဂီတာကို နိုင်ငံခြားသား ဧည့်သည်တဦးက သဘောကျလို့ (၅၀)ဘတ်ဖြင့် ပေးပြီး ၀ယ်ယူသွားတဲ့ အကြောင်းကို အသက်(၄၀)ရွယ်ရှိတဲ့ ခွန်းလဒူဆိုသူ ကရှင်းပြသွားတာ ဖြစ်ပါတယ်။သူဆိုလိုချင်တဲ့အဓိပ္ပါယ်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကြေးကွင်းပတ် ကယန်းတို့နေထိုင်တဲ့ ကယန်းသာယာရွာကို နေ့စဉ်ရက်ဆက် အလည်လာတဲ့ နိုင်ငံခြားဧည့်သည်များက စက်ဖြင့် တီထွင်ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေထက် ကယန်းတို့ရဲ့ ရိုးရာဓလေ့အတိုင်း လက်ဖြင့်ပြုလုပ်ပြီး သဘာဝကျကျလှပနေတဲ့ အသုံးအဆောင်တွေကို ပိုပြီးဝယ်ယူအားပေးခြင်းကို ဆိုလိုတာဘဲဖြစ်ပါတယ်။( ဆက်ဖတ်ရန် ) မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာရှိတဲ့ ကယန်းသာယာရွာ၊ ဟွေ့ပူးကဲရွာနဲ့ ဟွေ့စူထောက်ကျေးရွာတွေဆီ ကမ္ဘာလည့်ခရီးသည်များက စဉ်ဆက်မပြတ် အလည်အပတ် လာရောက်ရှုစားကြတဲ့အတွက် စီးပွားရေးဆန်ဆန် စက်မှုလက်မှုတို့ဖြင့် ပြုလုပ်ထားတဲ့ အပြင်က အသုံးအဆောင်တွေကို ထိုကျေးရွားသုံးရွာမှာ ကျယ်ကျယ်ပြန့်ပြန့် ချရောင်းတဲ့အတွက် ကယန်းကျေးရွာက သဘာဝကျေးရွားလေးလို မထင်ရှားတော့ဘဲ စီးပွားရေးဆန်ဆန် ထင်ဟနေတဲ့အတွက် နောက်ပိုင်း သဘာဝတရားကို ကြိုက်နှစ်သက်ကြတဲ့ နိုင်ငံခြားသားများ အလည်အပတ်ကျဆင်းမည့် အနေထားမှာ ရှိနိုင်တယ်လို့ ကယန်းတို့က ဆိုပါတယ်။ ထို့ကြောင့် ကယန်းကျေးရွာများ၌ ပြင်ပမှ တင်သွင်းထားသော အသုံးအဆောင်များကို တဖြေးဖြေး လျော့ချသွားမှာဖြစ်ပြီး သဘာဝကျကျ ကယန်းတို့ ကိုယ်တိုင်လက်ဖြင့် ပြုလုပ်ထားတဲ့ အသုံးဆောင်များကို ဦးစားပေး ရောင်းချသွားမှာ ဖြစ်တယ်လို့ ခွန်းလဒူက ဆိုပါတယ်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ကယန်းကျေးရွာများအား နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးလုပ်နေကြတဲ့ ကျေးရွာအဖြစ် မမြင်တော့ သဘာဝကျေးရွာများအဖြစ် ရှုကောင်းမြင်ကောင်း ဖြစ်လာနိုင်မယ်လို့လဲ ပြောပါတယ်။ ရိုးရာအရ မိမိ ယဉ်ကျေးမှုဝတ်စုံနှင့် မိမိ၊ အိမ်တိုင်းတွင်လည်း ကိုယ်တိုင် ယက်လုပ်၊ ထုလုပ်သည့် ပစ္စည်းများ၊ နေထိုင်ပုံများကိုလဲ သဘာဝအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကယန်းကျေးကွင်းပတ် ကျေးရွာသုံးရွာအနက် ကယန်းသာယာရွာမှ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။

သဘာဝကျေးရွာ ဖြစ်လာနိုင်ရေးအတွက် ကယန်းသာယာရွာမှ စတင်အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ယယန်းရွာများသို့ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ကူညီပေးသော မယ်ဟောင်ဆောင်ဒေသ တာဝန်ရှိသူများနှင့် ဒေသခံအာဏာပိုင်များလည်း သဘောတူကြောင်း သိရပါတယ်။ ထိုအာဏာပိုင်များမှ ယခုနိုဝင်ဘာလ အစောပိုင်းပိုင်းက ကယန်းသာယာရွာသို့ အလည်အပတ်လာရောက်၍ သွပ်နှင့်အုတ်တို့ဖြင့် ပြုလုပ်ထားတဲ့ အိမ်များအား သဘာဝအတိုင်း ကြည့်လို့ကောင်းအောင် ဖက်တို့ဖြင့် ပြန်လည်ပြုပြင်နိုင်လျှင် ပိုမိုသာယာလှပလာမှာဖြစ်ပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း ပိုမိုစိတ်ဝင်တစား ဖြစ်လာနိုင်မှာဖြစ်တယ်လို့ ရွာသူရွာသားများကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ "နိုင်ငံခြားဧည့်သည်တွေလဲ ပိုကြိုက်တယ်။ သူများပိုသနားတယ်၊ သွပ်မိုးနဲ့ လုပ်အုတ်နဲ့ လုပ်တော့ သူများနိုင်ငံမှာ ကိုယ့်ထက်ကောင်း အများကြီးရှိတာပေါ့။

အဲဒီဟာကတော့ ခင်ဗျားတို့က အဲဒီလိုမျိုးလုပ်မယ်ဆိုတော့ ကျနော်တို့လဲ ဗီဒီယိုလာရိုက်ပြီးတော့မှ သူများနဲ့ တစ်ခါပြန်ကြော်ငြာမယ်" လို့ ဒေသခံအာဏာပိုင်များရဲ့ ပြောကြားချက်တွေကို ကယန်းသာယာရွာခံတဦးက ပြန်လည်၍ ပြောပြပါတယ်။ ကယန်းသာယာရွာ သဘာဝကျေးရွာအဖြစ် ပြောင်းလဲရေးကို အာဏာပိုင်များက သဘောတူသည့်အပြင် ကယန်းတို့အနေဖြင့် ရေရှည်စားဝတ်နေရေးကို နိုင်ငံခြားအလည်အပတ် ခရီးသည်များထံမှ ရရှိသော ၀င်ငွေများဖြင့် အားကိုးအားထားမပြုဘဲ ကိုယ်ထူကိုယ်ထ စွမ်းအားဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဏာပိုင်တို့ဘက်မှ နည်းလမ်းများ ရှာဖွေကူညီပေးမည်ဟုလည်း ဆိုပါတယ်။ ယခုရှိရင်ဆဲကျေးရွာကို သဘာဝကျေးရွာအဖြစ် ပြန်လည်တည်ဆောက်မယ်ဆိုရင် သွပ်ဖြင့်မိုးထားတဲ့ အိမ်တွေကို ပြန်ဖြုတ်ရမှာဖြစ်တဲ့အတွက် ဖက်ဖြင့်ပြန်လည်မိုးမည်ဆိုပါက ရေရှည်အတွက် ကုန်ကျစရိတ်ပိုများလိမ့်မယ်လို့ ရွာသားအချို့က ဆိုပါတယ်။

ထိုအကြောင်းနဲ့ပတ်သက်ပြီး ကယန်းသာယာရွာသားတဦးဖြစ်တဲ့ မောင်ထွေက "တစ်ဖက်ကိုပြန်ကြည့်ရင် သံဖြူမိုးတာနဲ့ ဖက်မိုးတာကလဲ ကွာခြားမှုရှိတယ်။ ဖက်မိုးတာ ပိုက်ဆံတအားကုန်တယ်၊ ၂ နှစ်တစ်ခါ ၂ နှစ်တစ်ခါ၊ နောက်တစ်ခါထဲ သံဖြူဝယ်ပြီးတော့ မိုးလို့ရှိရင် ပိုက်ဆံတစ်ခါပဲကုန်တယ်။ ဖက် ၂ နှစ်စာ နှစ်ခါဝယ်လို့ရှိရင် အဲဒါသံဖြူတစ်ခါစာလောက်ပဲရှိတယ်။ နောက်သံဖြူက အနည်းဆုံး ၁၀ နှစ်လောက်ခံတယ်" လို့ ဆိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒုက္ခသည်များအဖြစ် တတိယနိုင်ငံတွေမှာ မလျှောက်ထားဘဲ ထိုင်းနိုင်ငံတွင်ပင် ဆက်လက်နေထိုင်သွားမယ်ဆိုတဲ့ သူတွေအတွက်တော့ ရေရှည်ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်မည့် နည်းလမ်းတွေကို စတင်ရှာထားရမှဖြစ်ပါတယ်။

ယခုလို တတိယနိုင်ငံကိုလဲ မသွားဘဲ ထိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်မယ်ဆိုတဲ့ ကယန်းတွေက ရေရှည်ဘ၀ ရပ်တည်နိုင်ရန်အတွက် ယခုလို သဘာဝကျေးရွာကို ပြန်လည်ထူထောင်မယ်ဆိုတဲ့ အတွေးအခေါ်ကတော့ သဘာဝကျတဲ့ အတွေးအခေါ်တခုလို့ ဆိုရမှာပါ။ သဘာဝကျေးရွာ ဖြစ်ပေါ်လာနိုင်ရန်အတွက် အိမ်ရှင်နိုင်ငံမှ တာဝန်ရှိသူတွေကလဲ ပထမခြေလမ်းအနေဖြင့် ကယန်းကျေးရွာနံဘေးမှာရှိတဲ့ မြေကွက်လပ်များကို စိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် မကြာခင်မှာ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့လုပ်ပေးခြင်းဟာ ကယန်းတို့အနေဖြင့် ပြည်တွင်း၌ ကိုယ့်ရပ်ကိုယ့်ရွာနေထိုင်စဉ် သီးနှံများ စိုက်ပျိုးခဲ့သလို စိုက်ပျိုးခြင်းအားဖြင့် ရှည်ရှည်တွင် ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နေနိုင်မှာဖြစ်တယ်လို့လဲ ဆိုပါတယ်။

 ထိုအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခွန်လာဒူက "အေဟုတ်တယ် ပြောတာလည်းမှန်တယ် အားလုံးအဲလိုမျိုး ပြောကြတာပဲလေ။ သူတို့ပြောတဲ့အတိုင်းဆိုလည် ငါ့တို့အတွက်ပဲဖြစ်တယ်၊ သူတို့အတွက်လဲ ဖြစ်တယ် ဘာဖြစ်လဲဆို သူတို့အတွက်မှာလဲ ဟို့မှာ ဧည့်သည်ဖက်မှာလဲ သူကပြောအားရှိအောင်၊ ငါတို့မှာလဲ ကြာလာလို့ရှိရင် အဆင်ပြေအောင် အဲပုံစံပေါ့" ဟု ပြောသွားပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,2nd,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို မြန်မာကတဆင့် ထိုင်းဘက်ပို့

( 2 ) Suu Kyi is allowed visit by her doctor

( 3 )The ongoing tragedy next door

( 4 )U.S. Allots Quota from East Asian Refugees

( 5 )Myanmar releases North Korean defectors

( 6 )New Year's Resolutions for the NLD

( 7 )ရေနံချောင်းမှာ ရေရှားပါးမှုကြောင့် ဒေသခံတွေ မီးဘေး အထူးစိုးရိမ်

( 8 )နာဂစ်ဒေသမှာ ပညာရေး အခြေအနေ ဆုတ်ယုတ်လာ

( 9 )Burma releases 19 N Korean refugees

( 10 )ထိုင်းနိုင်ငံ ဖူးကပ်တွင် ပြုလုပ်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက်

( 11 )ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို

( 12 )၂၀၀၈ ခုနှစ် နိုင်ငံရေး နှစ်ချုပ်

( 13 )Sheikh Hasina seeks Suu Kyi's release

( 14 )စစ်တပ် အရာရှိတစ်ဦးကြောင့် ရွာခံများ အခက်တွေ့နေ

( 15 )မေလတွင် ဒေါ်စုကို ပြန်လွှတ်ရန် မိတ္ထီလာခရိုင် အဖွဲ့ချုပ်တောင်းဆို

( 16 )Restless Souls of the Irrawaddy Delta

( 17 )၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

( 18 )Burmese Censor Board tightens grip on films for festivals

( 19 )မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

( 20 )ပစ္စည်းပျောက်မှုကို ဆိုင်ရာ ရဲစခန်းက အရေးတယူ ဆောင်ရွက်ခြင်း မရှိ

ဆေးဖြတ်ချိန်

မာတင် ဂျယ်လ်စမာ ဘိန်းပြောင်းဖြင့် ဘိန်းရှုရှိုက် ခဲ့ကြရသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပေပြီ။ ယနေ့ ကာလတွင်မူ မြန်မာနိုင်ငံရှိ ဘိန်းသုံးစွဲသူ အများစု က ဘိန်းဖြူ (ဟီးရိုးအင်း) ကို အကြောတွင်း ထိုးသွင်း နေကြပြီး လူငယ်များက မက်သာအဖက်တမင်း စိတ်ကြွဆေးပြားများကို ပို၍ သုံးစွဲလာကြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တောင်တန်းများပေါ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုက သိသိသာသာ ကျဆင်းသွားခဲ့သည်။( ဆက်ဖတ်ရန် ) ဤသို့ဖြစ်ရသည့်အကြောင်းမှာ တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲရေးအဖွဲ့ အာဏာပိုင်များကို ဖိအား ပေးခဲ့ခြင်းကြောင့် ဖြစ်သလို မြန်မာစစ်အစိုးရကလည်း အာဆီယံအဖွဲ့ ရည်မှန်းချက်ထားသည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် ရွှေတြိဂံဒေသကို မူးယစ်ဆေး ကင်းရှင်းဇုန်ဖြစ်စေရန် ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဘိန်းအထွက်ကျဆင်းသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှု အလိုအလျောက် ကျဆင်း သွားမည်ဟု မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။ ဤသို့ဖြစ်ရမည့်အစား ဘိန်းနှင့် ဘိန်းဖြူ ရှားပါးလာခြင်းအတွက် မူးယစ်ဆေး သုံးသူများက အခြားအရာဝတ္ထုများ ပြောင်း၍ သုံးစွဲလာကြပါသည်။

ဘိန်းစိုက်ပျိုးမှု နည်းပါးသွားခြင်းကြောင့် ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းများ မြင့်တက်ကုန်သည်။ သို့အတွက်ကြောင့် ဘိန်းနှင့် ဘိန်းဖြူကို ရှုနေကြရာမှ ဘိန်းဖြူကို အကြောတွင်း ထိုးသွင်းသည့် ပုံစံက ပို၍များပြားလာသည်ကို တွေ့လာရသည်။ ဘိန်းအထွက် ကျဆင်းလာမှုကြောင့် ဘိန်းနှင့် ဘိန်းဖြူ သုံးစွဲသူ အရေအတွက် ကျဆင်းသွားဖွယ် ရှိသော်လည်း မူးယစ် ဆေးသုံးစွဲသူ လူသစ်များက ပို၍ ပြဿနာကြီးမားစေနိုင်သည့် ဘိန်းထွက်ပစ္စည်းများအား အကြောတွင်း ထိုးသွင်းခြင်းကို ပြုလာကြသည်။ ဤသို့ သွေးကြောတွင်းထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက် ခြင်း အပါအ၀င် တခြား သွေးမှတဆင့် ကူးစက်နိုင်သည့် ရောဂါများလည်း ဖြစ်စေနိုင်ပါသည်။

ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းက ဒေသအလိုက် ကွာခြားသလို ရာသီအလိုက်လည်း ကွာခြားကြသည်။ ဆိုလိုသည်မှာ ဈေး ကွက်က ပြိုကွဲကာ ပြန့်ကျဲနေခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်အတွင်း ကချင်ပြည်နယ်တွင် ဘိန်းဈေးနှုန်းက ပျမ်းမျှအားဖြင့် နှစ်ဆခန့် တိုးလာခဲ့သည်။ ဘိန်း အစိမ်းကို ရံဖန်ရံခါ တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ အောက် ရောင်းဝယ်နေကြပြီး အကောင်းဆုံး အရည်အသွေး ရှိသည့် ဘိန်းအခြောက် တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၁၆၀၀ အထိ အရောင်းအ၀ယ် ဖြစ်နေကြသည်။ သို့သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ဘိန်းအထွက်က သိသိသာသာ တိုးတက်လာနေပြန်သည်။ ဘိန်းအစိမ်းအတွက် ခြံထွက်ပေါက်ဈေးက တသမတ်တည်း တည်ငြိမ်နေခဲ့ပြီး ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ သာ ရှိသည်။ ထိုအချိန်တွင် ထိုင်းနယ်စပ်ဈေးကွက်ဈေးက တကီလိုလျှင် အမေရိကန် ၆၅၀ ဒေါ်လာမျှ ရှိနေသည်။ ဈေးနှုန်း မြင့်တက်လာစဉ်တွင် ဘိန်းဖြူများ၏ သန့်စင်မှု ရာခိုင်နှုန်းက လျော့ကျလာသည်။

 ရောင်းချသူများက ဘိန်းဖြူတွင် အခြားဈေးချိုသည့် ဓာတ်ပစ္စည်းများနှင့် ရောနှောလာကြသည်။ "အရင်တုန်းကတော့ ဘိန်းဖြူရှုဖို့ တနေ့ကို ၅ ယွမ်လောက် (၁၀၀၀ ကျပ်) လောက်ဆိုရင် လုံလောက်တယ်။ အခုတော့ အနည်းဆုံး တနေ့ကို ၁၅ ယွမ်လောက် (၃၀၀၀ ကျပ်) သုံးနေရတယ်" တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့ရှိ မူးယစ်ဆေး သုံးစွဲသူ တဦးက ပြောသည်။ "လူတွေက ဆေးထိုးတာ စပြီး လုပ်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံမရှိကြဘူး။ လူအများစုက ဘိန်းဖြူကို ရှုတာနဲ့စကြပေမယ့် ဆေးထိုးသွင်းတာက ဈေးပိုချိုပြီး ပိုထိရောက်တာကို သဘောပေါက်လာကြတယ်။ ပမာဏနည်းနည်းနဲ့ ပိုပြင်းတဲ့ အာနိသင်ကို ရနိုင်တယ်" ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်) ဖြစ်ပွားစေသည့် ပင်မအကြောင်းတခုမှာ မူးယစ် ဆေးသုံးစွဲသူများက ပိုးမွှားရှိနေသည့် ဆေးထိုးအပ်တခုကို အတူတကွမျှဝေ သုံးစွဲနေသောကြောင့် ဖြစ်သည်။ တချို့သော အန်ဂျီအိုများက ဤကိစ္စအပေါ်တွင် ဆောင်ရွက်ကူညီနေကြသော်လည်း မူးယစ်ဆေးစွဲနေသူ အများစုမှာ အန္တရာယ် နည်းသည့် ဆေးသုံးစွဲမှုအတွက်နှင့် အန္တရာယ်ကင်းသည့် လိင်ဆက်ဆံမှုအတွက် နည်းနာ အကြံပေးမှုများ မရရှိကြပါ။

သူတို့၏ မူးယစ်ဆေးစွဲနေမှု ပြတ်စေရန်၊ ကုသနိုင်ရန်အတွက်လည်း အခွင့်အလမ်း အနည်းအကျဉ်းမျှသာ ရှိနေသည်။ မူးယစ်ဆေးစွဲသူများကို ကူညီနိုင်ရန်အတွက်ဆိုလျှင် ပထမအဆင့် လိုအပ်ချက်မှာ ကွန်ဒုံများ၊ ပိုးသတ်ပြီး ဆေး ထိုးအပ်များနှင့် ဆေးထိုးပြွန်များ အလွယ်တကူရရှိနိုင်ရန်နှင့် အစားထိုး ကုသရန်ဆေးများအဖြစ် သုံးနိုင်မည့် မီသာဒုံး၊ ဗျူပရီနိုဖင်း စသည့် ဆေးဝါးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်တိုင် ဥပဒေအရ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ ထောက်ပံ့ပေးခြင်း၊ ပိုင်ဆိုင် လက်ဝယ်ထားရှိခြင်းကို တားမြစ်ထားပါသည်။ သို့သော်လည်း လက်တွေ့တွင် ဆေးထိုးအပ်များ ထောက်ပံ့ပေးမှုက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံရှိ နေရာ ၂၄ ခုတွင် ဆောင်ရွက်နေပါသည်။ မီသာဒုံးဖြင့် ကုသခြင်း ပဏာမ စီမံ ကိန်းကို ၂၀၀၆ ခုနှစ်မှစတင်ဆောင်ရွက်နေပြီး အနည်းဆုံး ကုသရေးဌာန ၆ ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးထုတ်ပြန်သည့် ကုလသမဂ္ဂ ကိုယ်ခံအားကျရောဂါဆိုင်ရာ (UNAIDS) အဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ အရှေ့ တောင်အာရှဒေသရှိ မူးယစ်ဆေး ထိုးသွင်းနေကြသော သုံးစွဲသူ ၃ ရာခိုင်နှုန်းတွင်သာ အလားတူ အန္တရာယ်နည်းသည့် ၀န်ဆောင်မှုမျိုး ရရှိသုံးစွဲနိုင်ကြသည်ဟု ဆိုပါသည်။

နိုင်ငံတကာအန်ဂျီအိုအဖွဲ့တခု၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အကြောတွင်း ထိုးသွင်းနေသူများ၏ ၄၀ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသည်ဟု ဆိုပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူ အနည်းငယ်မျှသာ အေအိုင်ဒီအက်စ်ရောဂါအတွက် ဗိုင်းရပ်စ်ပိုး ကာကွယ် ကုသပေးမည့်ဆေး (အေအာရ်တီ) သောက်သုံးနိုင်ခွင့် ရှိကြသည်။ "မူးယစ်ဆေးသုံးသူတွေကို အေအာရ်တီ ဆေး မပေးရဘူး။ တချို့ကိစ္စ နည်းနည်းက လွဲလို့ သူတို့ကို ဖယ်ထားတယ်။ လူ ၂၀ လောက်ပဲ ဆေးသောက်နိုင်တယ်" ဟု အန်ဂျီအိုအဖွဲ့တခု၏ ကိုယ်စားလှယ်က ပြောသည်။ မြန်မာဘန်းစကားဖြင့် ရာမ သို့မဟုတ် မြင်းဆေးဟု ခေါ်ဆိုနေကြသည့် မက်သာအဖက်တမင်း ဆေးပြားများကို နောက်ထပ် မျိုးဆက်သစ်လူငယ်များက အလွယ်တကူ ရွေးချယ်သုံးစွဲလာနေကြသည်။ "ရန်ကုန်မှာ ဘိန်းဖြူသုံးတဲ့သူက မရှိသလောက်နည်းလာတယ် ရှာရတာလည်း မလွယ်ဘူး။ ဈေးကလည်း မြင့်လွန်းတယ်။ အခုတော့ လူတွေက ရာမပဲ ပိုသုံးစွဲလာကြတယ်။ အဲဒါက လွယ်လွယ်ရပြီး သိမ်းထားလို့ရတယ်။ လူတွေက ဘိန်းဖြူမရ နိုင်တာကြောင့် အခြားဆေးသစ်တွေကို စမ်းသုံးလာကြတယ်။ တချို့လူငယ်တွေဆိုရင် ကော်ရှုတာတွေ၊ ဒီဇယ်ရှုတာတွေ ရှိလာတယ်" ဟု ပြည်တွင်းရှိ အပြန်အလှန်ကူညီရေး အဖွဲ့တခုတွင် အလုပ်လုပ်နေသည့် မူးယစ်ဆေးဝါး သုံးစွဲသူတဦးက ပြောပြသည်။

စိတ်ကြွဆေးအမျိုးအစားဖြစ်သည့် အဖက်တမင်းဆေးပြားများကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရန်ကုန်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ဟု သူက ဆက်ပြောသည်။ "အဲဒီတုန်းကတော့ ဆေးပြားတွေက အရမ်းဈေးပေါတယ်။ လူငယ်တွေက ဆေးပြားတွေကို နိုက်ကလပ်တွေမှာ သုံးကြတယ်။ စီးပွားရေးသမားတွေ၊ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားတွေ၊ ကုန်ကား မောင်းတဲ့သူတွေလည်း သုံးကြတယ်" ဟု သူက ဖြည့်စွက်သည်။ ရွှေလီရှိ အသက် ၂၅ နှစ်အရွယ် လိင်အလုပ်သမ တဦးက တခါတရံ တရက်လျှင် ဆေးလုံး ၂၀ ခန့်အထိ သုံးစွဲသည် ဟုဆိုသည်။ "ကျမ ဘ၀က ကြမ်းတမ်းလွန်းလို့ ရာမ သုံးမိတာ မနက်မှာ ကျမ ၅ လုံးသုံးတယ်။ ဖောက်သည်ရှိရင် ပိုသုံးတယ်။ အရမ်းပင်ပန်းလွန်းလို့ပါ။ ဆေးသောက်ပြီးရင်တော့ လန်းဆန်းလာတယ်။ ဖောက်သည် တွေနဲ့တွေ့ရင်လည်း ပိုပြီးသည်းညည်းခံနိုင်လာတယ်" ဟု သူကပြောသည် တချို့သော မူးယစ်ဆေးသုံးသူများက ဘိန်းထွက်ကုန်များမှ စိတ်ကြွဆေးဘက်သို့ ကူးပြောင်းလာကြသော်လည်း ဘိန်းဖြူ သုံးစွဲနေသူ အများစုကမူ စိတ်ကြွဆေးအာနိသင်ထက် ဘိန်းအာနိသင်နှင့် ပိုတူသည့် တခြားဆေးဝါးများကို ရွေးချယ် သုံးစွဲကြသည်။ မူးယစ်ဆေးစွဲနေသူများက ဆေးရှားပါးလာမှုနှင့် ဘိန်းဖြူဈေးနှုန်း မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လာမှုကို ဖြေရှင်းရန် ဗျူဟာမျိုးစုံသုံးကြသည်။

 စက်ရုံထုတ်ဆေးပြားများ၊ ချောင်းဆိုးပျောက်ဆေးရည်နှင့် ထိုးဆေးများကို ရောစပ်၍ သုံးစွဲကြသည်။ တချို့ကလည်း အဆိပ်ဖြေဆေးပြားများ (detoxification) ကို အဆမတန်သုံးစွဲ၍လည်းကောင်း၊ ဆေးရုံများတွင် မေ့ဆေးအဖြစ်သုံးသည့် ဆေးများကို စမ်းသပ်သုံးစွဲ၍လည်းကောင်း မူးယစ်ဆေးကို အစားထိုးဖြေရှင်းနေကြသည်။ ဤသို့ ဖြင့် ဆေးအတိုင်းအဆလွန်၍ ဒုက္ခသင့်ရသူများလည်း ရှိနေသည်။ တချို့ကလည်း ၀မ်းပိတ်ဆေး သို့မဟုတ် တခြားသော ဖျားနာမှုများအတွက် သုံးသည့် ဘိန်းဆီအနည်းငယ်ပါရှိသော ဆေးများကို သုံး၍ စိတ်ဖြေနေကြပါသည်။ "သူတို့က တခါတည်း ဆေးပြား ၄၀ သုံးတာ။ ဒီဆေးတွေက ဆေးဆိုင်မှာ ၀ယ်ရင်လည်း ရနိုင်တယ်" ဟု မူးယစ်ဆေးသုံးစွဲသူ တဦးက ပြောပြသည်။ မူးယစ်ဆေးစွဲမှုကြောင့် ဖြစ်ရသည့် ထင်ရှားသော ကျန်းမာရေးနှင့် လူမှုရေးပြဿနာများအပြင် သူတို့ကို ရာဇ၀တ်သားများ သဖွယ် သဘောထားသည့် ဖိနှိပ်ရေးဥပဒေများကြောင့်လည်း ဆေးစွဲနေသူများက ကျန်းမာရေး စောင့်ရှောက်မှုများ မခံစား ကြရသည်များ ရှိသည်။

ဒေသအတွင်း ကျင့်သုံးနေသော မူးယစ်ဆေးဝါးဥပဒေများ မှာ အထူးပြင်းထန်လွန်းပြီး ချမှတ်သောပြစ်ဒဏ်များမှာလည်း ပြစ်မှုနှင့် မမျှလောက်အောင် ကြီးလေးနေသည်။ မြန်မာစစ်အစိုးရထိန်းချုပ်ရာ နယ်မြေများတွင် ဆရာဝန် ဆေးညွှန်းမရှိဘဲ လက်တဆုပ်စာမျှသော စက်ရုံထုတ်ဆေးဝါးများ လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မျှအထိ ကျခံရ နိုင်သည်။ အကယ်၍ လူတဦးကို ဘိန်းဖြူ ၀. ၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိပါက ထောင်ဒဏ် ၁၅ နှစ်မျှ အပြစ်ပေးခံရဖွယ်ရှိပြီး စိတ်ကြွဆေး ၅ လုံးမျှ သို့မဟုတ် ဆေးခြောက် ၅ ဂရမ်မျှ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိပါက ထောင်ဒဏ် အနှစ် ၂၀ မျှ ကျခံရဖွယ် ရှိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် မူးယစ်ဆေး သုံးစွဲ ခြင်းကြောင့် အဖမ်းခံရသူများ၊ မိမိသုံးစွဲရန် မူးယစ်ဆေးအနည်းငယ် သိမ်းဆည်းထားမိ၍ အဖမ်းခံရသူများကို ယေဘုယျ အားဖြင့် ထောင်ချလေ့ရှိပြီး လအနည်းငယ်အကြာ အစိမ်းဖြတ် ဆေးဖြတ်ပြီးချိန်၌ ပြန်လွှတ်ပေးတတ်သည်။

"ကျနော်တို့က မူးယစ်ဆေးသုံးစွဲသူတွေကို ပထမဦးဆုံးဖမ်းမိရင် ၃ လ ထောင်ဒဏ်ချတယ်။ နောက်တကြိမ် ထပ် ဖမ်းမိရင်တော့ ထောင်ဒဏ် ၆ လကနေ ၁၂ လအထိ အပြစ်ပေးတယ်။ နေ့လယ်ပိုင်းမှာ အလုပ်လုပ်ခိုင်းပြီး ညပိုင်းထောင်ထဲမှာ အိပ်ရတယ်။ အလုပ်ဆိုတာကတော့ လမ်းဖောက်တာတွေ၊ ရာဘာခင်းနဲ့ ကြံခင်းတွေမှာ ခိုင်းတဲ့ အလုပ်ကြမ်းမျိုးပေါ့" ဟုကိုးကန့် အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။ အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုဖြစ်သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ - ကေ) မှ အရာရှိတဦးကလည်း ၎င်းတို့၏ ပန်ဝါဒေသတွင် မူးယစ်ဆေးရောင်းသူနှင့် သုံးစွဲသူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပြသည်။ "ဆေးရောင်းတဲ့သူတွေလည်း ဆင်းရဲတာပါပဲ။ သူတို့က ရာမ ရယ်၊ ဘိန်းဖြူရယ်ကို နေ့စဉ် လိုအပ်ချက်တွေအတွက် ရောင်းနေကြတာလေ။ အဲလို ရောင်းသူ၊ ၀ယ်သူတွေကို ဖမ်းလိုက်တော့ သူတို့မိသားစုတွေ ကြပ်တည်း ဒုက္ခရောက် ကုန်တာပေါ့" ဟုသူက ဆိုသည်။

အန်ဒီအေ - ကေ အဖွဲ့ အရာရှိ၏ အဆိုအရ မြို့ပြများတွင် မူးယစ်ဆေးသုံးသူများက ဘိန်းဖြူနှင့် ရာမကို ပိုသုံးစွဲလာကြ သော်လည်း ယခုတိုင် ကျေးရွာအများစုတွင် ဘိန်းကိုသာ အများစု ဆက်လက်သုံးစွဲနေသည်ဟု သိရသည်။ "ကျနော်တို့မှာ အဲလို မူးယစ်ဆေးသုံးနေတဲ့သူတွေအတွက် ကုပေးဖို့ ဆေးတွေလိုတယ်။ အစီအစဉ်တွေလိုတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသက သိပ်ပြီးခေတ်နောက်ကျတယ်။ ဗဟိုအစိုးရကလည်း ဘာမှထောက်ပံ့ပေးတာ မရှိဘူး" ဟု သူက ဆက်ပြောသည်။ လူသားတို့၏ ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးနစ်နာနေရမှုကို တရုတ် - မြန်မာနယ်စပ်ဒေသများတွင် အထင်အရှား တွေ့ရှိနေရ သည်။

မူးယစ်ဆေးသုံးစွဲနေသူများအတွက် ပြဿနာ အများအပြားရှိနေပြီး ဆင်းရဲမွဲတေမှု၊ လူမှုရေးအရ ဖယ်ကျဉ်ထားမှု အပြင် ရောဂါဘယများကလည်း အကျယ်အပြန့် တည်ရှိနေသေးသည်။ မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် အခြေအနေမှာ မူးယစ်ဆေးစွဲသူများအာ ကုသပေးမှု အစီအစဉ်များကို အရည် အသွေးမြှင့်တင်ပေးရန်နှင့် မူးယစ်ဆေးသုံးရာ၌ အန္တရာယ်နည်းစွာ သုံးနိုင်ရေး အစီအစဉ်များ ပံ့ပိုးပေးရန် ဖြစ်သည်။ ထို့အပြင် ဥပဒေများကိုလည်း ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုပါလိမ့်မည်။ မူးယစ်ဆေးသုံးစွဲနေသူများကို ရာဇ၀တ်သား များအဖြစ် မမြင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိသည့် လူသားတဦးအဖြစ် ရှုမြင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။ မူဝါဒချမှတ်ရာတွင်လည်း မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ငန်းများတွင် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ပြစ်ဒဏ်များ၏ အတိုင်းအဆကိုလည်း ပြန်၍ ချိန်ညှိရပေလိမ့်မည်။

Martin Jelsma ရေးသားသည့် Withdrawal Symptoms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.