Tuesday, January 6, 2009

[We Fight We Win. -- " More than Media "] 3 New Entries: အစ္စရေးက ဂါဇာ ကို တိုက်ခိုက်ရန် ပြင်ဆင်နေ ပြီ

အစ္စရေးက ဂါဇာ ကို တိုက်ခိုက်ရန် ပြင်ဆင်နေ ပြီ

( ဂါဇာ ဒေသကို အစ္စရေးလေယဉ်များ ဗုံးကြဲတိုက်ခိုက်နေစဉ်)

အစ္စရေး က ဂါဇာဒေသ ကို စစ်လေယဉ်တွေကို သုံးပြီးဗုံးကြဲတိုက်ခိုက်မှုကို တိုးမြင့်လျက်ရှိ နေတယ်။ ဂါဇာမှာရှိတဲ့ နိင်ငံခြား သားတွေ ကိုထွက်ခွာဖို့ အစ္စရေး က ကြေညာခဲ့ပါတယ်။ ဒီနိင်ငံခြားသားတွေက ပါလက်စတိုင်းတွေနဲ့ အိမ်ထောင်ကျနေတဲ့ နိင်ငံခြား သားတွေဖြစ် ပါတယ်။ လူတွေအားလုံးထိန်လှန့် တုန်လှုပ်ရှိကြတယ်။အစ္စရေးကတပတ်ကြာနေပြီဖြစ်တဲ့စစ်ဆင်ရေးကိုဆက်လျက်တိုးမြင့်လုပ်ဆောင်လာမဲ့အခြေအနေရှိတာကြောင့် လူတွေအားလုံး ထိန့် လှန့် တုန်လှုပ် လျက်ရှိ နေကြတယ်။


အခြေအနေတင်းမာမှုကအနောက်ဖက်ကမ်းခြေဒေသနဲ့ဂျေရုစလင်အထိပြန့်နှံနေပြီးဖြစ်ပါတယ်။ဒီနေရာမှာဟာမာစ်ကိုလိုလားတဲ့
ပါလက်စတိုင်းတွေအများဆုံးနေထိုင်လျက်ရှိပါတယ်။ ကုလသမဂ ကိုယ်စားလှယ်ရောဘတ် ဆာရီက
သူအနေနဲ့  အစ္စရေးက ဂါဇာကိုဝင်ရောက်တိုက်ခဲ့မဲ့အရိပ်အယောင်တွေကိုတွေ့ နေရ တဲ့အတွက် အထူးစိုးရိမ်မိတယ်လို့ထုတ်ဖေါ်ပြောဆိုပါတယ်။အရှေ့အလယ်အပိုင်းအရေးမှာလည်းကုလသမဂ္ဂရဲ့အခန်းကဏ္ဍဟာ မြန်မာ အရေး လိုပဲ အရာဝင်မှု မရှိသလောက်ဖြစ်ပါတယ်။ ဂါဇာ နယ်ခြားမှာတပ်စွဲထားတဲ့ အစ္စရေး တင့်ကားတွေ နောက်ကို ပြန်ဆုတ်ဖို့  တောင်းဆိုပေမဲ့ သိပ်ထိရောက်မှုတော့မရှိလှပါဘူး။

စစ်ဆင်ရေးခွဲခြမ်းစိတ်ဖြာသုံးသပ်သူပါရဂူတဦးဖြစ်တဲ့အဲလစ်ဖစ်ရှ်မန်းဆိုအစ္စရေးဗျူဟာကတော့သတ်ဖြတ်ခြင်း၊
ဖျက်ဆီးခြင်းတွေရည်မှန်းထားတဲ့စစ်ဆင်ရေးဖြစ်နေလေတော့မြေပြင်ထိုးစစ်ကတော့မြန်ရလိမ့်မယ်။ ရည်မှန်း
ချက်အတွက်တန်ဖိုးကြီးတော့ပေးဆပ်ရတော့မယ်လို့ဆိုတယ်။အစ္စရေးစစ်ဖက်ဆိုင်ရာတွေက တော့မြေပြင်
ထိုးစစ်ကတော့ အချိန်တိုမယ် ။ ဒါပေမဲ့  အလွန်ပြင်းထန်ပါလိမ့်မယ်လို့ ဆိုပါတယ်။


သောကြာနေကတော့ ပါလစ်စတိုင်းလူငယ်တချို့ကလောင်ချာတွေနဲ့အစ္စရေးဖက်ကို တိုက်ခိုက်လျက်ရှိပါတယ်။ အတော်များများက ပင်လယ်ကမ်းခြေ မြို့  ဖြစ်တဲ့ ရှာကီလွန်ကို ကျရောက်ခဲ့တယ်။ အစ္စရေး အမျိုးသမီးနစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

အစ္စရေးကဂါဇာကိုဝင်ရောက်တိုက်ခိုက်လာရင်တော့မှေးမိန်နေတဲ့မြန်မာ့အရေးဟာနိင်ငံတကာသတင်းမီဒီယာက
ပျောက်တောင်သွားနိင်ပါတယ်။





ရဲရဲ တောက် ဆန့် ကျင်ကုန် ပြီ

ဗကသအဖွဲ့ဝင်"ကိုဗိုလ်မင်းယုကို" အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်
January 2, 2009 ·
သတင်း- ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကိုအားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေးအိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင် ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။ ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ကျောင်းသားထု အခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည် ထောင်ဒဏ်(၁၀၄)နှစ် ချမှတ် လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေကို နအဖစစ်အစိုးရမှချိုးဖေါက်ခြင်းဖြစ်ပါသည်။

ယခုလိုလူငယ်ကျောင်းသားတစ်ယောက်အပေါ်ချမှတ်သည့်ပြစ်ဒဏ်သည်မည်သည့်နိုင်ငံတကာတရားစီရင်ရေးစနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ် ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက် သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး မားဆုံးဖြစ်သည်။ ဗကသအထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင်ကျောင်းသားကိုညီညီအားလည်းမန္တလေးထောင်တွင်းတရားရုံးကပင်ထောင်ဒဏ်နှစ်(၅၀)ချလိုက်ပါသည်။


(ှsoruce: longwalktofreedom.blogspot.com )

လူရွင်တော် ဦးပါပါလေး မွေးသဖခင်ကြီးကွယ်လွန် ခြင်း

မန္တလေးအခြေစိုက်နှုတ်ခမ်းမွှေးညီနောင်ဟူနာမည်တွင်သည့်နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော်ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ဖြစ်သူလူရွှင်တော်ကြီး ဦးညိုဘန်း မှာ၁၃၇၀-ခု၊ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီအသက်၈၅နှစ်အရွယ်တွင်ကွယ်လွန်အနိစ္စရောက် ခဲ့သည်ဟု သတင်း ရရှိသည်။ စစ်အစိုးရအား အနုပညာဖြင့် ဝေဖန်ခဲ့ သည့် အတွက် လူရွှင်တော် ဦးပါပါလေးမှာ ၁၉၉၆ခုနှစ်တွင် ထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာနိုင်ငံ မြောက်ဖျားရှိ ကျိန်ခရမ်ခ ရဲဘက်စခန်း သို့ပို့ဆောင်ခြင်းခံရသည်။ လူရွှင်တော်ကြီး ဦးညိုဘန်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကိုမန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့(၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်ပို့ဆောင်မီးသဂြိုဟ် ခဲ့သည်ဟူသတင်းရရှိသည်။




Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.