Tuesday, January 6, 2009

[Maung Myo] 2 New Entries: အချစ်ငှက်

အချစ်ငှက်


ယောက်ယက်ခတ်နေတဲ့
ငါ့ချစ်ခြင်းတွေကြားမှာ
ငှက်ကလေး က တိုးတိုးတိတ်တိတ်ကြေကွဲလို့
သိလျှက်နဲ့မိုက်တဲ့ အပြစ်သားပေါ့ ။

ချစ်လွန်းလို့ပေါ့ ငှက်ကလေးရယ်
ချစ်လွန်းလို့ပေါ့
သေမယ် မှန်းသိရဲ့နဲ့ မွေးလာတဲ့ ခလေးကို
မိခင်တစ်ယောက်က လောဘတက် ချစ်သလို ။

ချစ်လွန်းလို့ပေါ့ ငှက်ကလေးရယ်
ချစ်လွန်းလို့ပေါ့
ကျွဲးပခုံးထနေတဲ့ လက်တစ်စုံက
ဖြူလွှလွှ ဇာပ၀ါလေးကို
မထိရက် မတို့ရက် ချစ်သလို ။

အခုတော့........ငှက်ကလေးရေ့
လွတ်လပ်တဲ့ ကောင်းကင်ယံမှာ
မင်း ပျံဖို့ အချိန်တန်တော့
ငါက ရင်နာနာနဲ့ပဲ
ငါ့ချစ်ခြင်းတွေကို ကျေနပ်စွာနဲ့ သေဒဏ်ချမှတ်လိုက်တယ်
ငါနဲ့ အဝေးဆုံးကို မင်းပျံသွားလိုက်ပါ ။





"မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်"

"မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ?" ဆိုပြီး ကိုငြိမ်သက် က Tag လာတယ် အကြွေးတွေများပေမယ့် ကျန်တာတွေက စဉ်းစားလို့မထိသေးဘူး ဒါလေးက ပူပူနွေးနွေးလေးဆိုတော့ အရင်ရေးလိုက်အုံးမယ်။နောက်ဆုံးညကို မရေးခင် နောက်ဆုံးနှစ် တစ်နှစ်တာမှာ ကြုံခဲ့ရတာလေးတွေ ပြောပြချင်သေးတယ် ။ အငယ်လေးတုန်းက စာအုပ်သစ်လေးရရင် ရေးရမှာ နှမြောတသသ စာတွေရေးပြီးလို့ ကုန်ခါနီးဆိုရင် စုတ်ပြတ်ပြတ် ကိုယ့်လက်ရေးတွေကို ကြည့်ပြီးနောက် စာအုပ်သစ်လေးကျရင်တော့ လှလှလေးရေးရမယ် ပြီးတော့ သန့်သန့်လေးထားမယ်ပေါ့ နောက်ဆုံးတော့လည်း ဒီတိုင်း တိုင်းပဲ ဘာမှမပြောင်းလဲလာပါဘူး ။ အဲ့ဒီလိုပဲ နှစ်တစ်နှစ်မှာလည်း ဘယ်လိုဖြစ်အောင်ကြိုးစားမယ် ဘယ်လိုနေမယ်လို့ စိတ်ကူးမိပေမယ့် အဆုံးသတ်ရောက်ရင်တော့ ကိုယ်တိုင် စိတ်တိုင်းမကျခြင်းတွေနဲ့ အဆုံးသတ်ရတာပါပဲ ။

၂၀၀၈ ကတော့ အဆင်မပြေခြင်းတွေများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင် မတရားမှုတွေကိုကြားရ၊ စိတ်မကောင်းစရာသတင်းတွေနဲ့ သိပ်ကိုစိတ်ပျက်စရာနှစ်တစ်နှစ်ပါပဲ ။ မနှစ်က ဒီလိုအချိန် ဘလော့သွေးလေးကတော့ ကြွရွနေတာပေါ့ ရောက်စလေးဆိုတော့ ပိုတောင်ပျော်သေး ။ဘာတွေသိလိုက်သလဲဆိုရင် "တည်မြဲခြင်း"ဆိုတာ ဘာမှမရှိဘူးဆိုတာပါပဲ ခင်ရတဲ့သူငယ်ချင်းတစ်ချို့ မထင်မှတ်ပဲ အပြောင်းလဲတွေ ကြုံလိုက်ရသလို ကိုယ်တိုင်လည်း တုန်လှုပ်လောက်စရာအပြောင်းလဲတစ်ခုကြုံလိုက်ရတယ် ။ ဘာကိုမှအများကြီးမတွေးဝံ့တော့သလို အများကြီးလည်းမမျှော်လင့်ရဲတော့ဘူး အဆင်ပြေသလိုလေးသာ အဆင်ပြေမယ်ထင်တာလေးသာ ဒီလိုလေးပဲ နေကြည့်လိုက်တော့မယ် ။

လေကြောရှည်တာများသွားပြီး"မနှစ်ရဲ့ နောက်ဆုံးညက ဘာလုပ်ခဲ့သလဲ?" ဆိုတော့ အိမ်မှာက နှစ်သစ်ခရီးထွက်နေကြတော့ ဘယ်သူမှမရှိ အေးဆေးပေါ့ ညနေပိုင်း ရောက်တော့ ခြံထဲက အစ်ကိုကြီးတွေက ဘီယာသောက်ရင်လာခဲ့ သူတို့တွေဝယ်ထားတယ်ဆိုတော့ တစ်ဗူးသွားသောက်လိုက်တယ် ပြီးတော့ ရေချိုး ထမင်းစား လည်စရာနေရာတွေလည်းမရှိသလို သွားစရာအဖော်လည်းမရှိ ။ အဲ့တော့ ကျနော့်ရဲ့ အချိန်တော်တော်များများကို ပိုင်ဆိုးထားတဲ့ ဘလော့လေးနဲ့ ပဲ နောက်ဆုံးညကို ကုန်ဆုံးခဲ့တယ် ။ အွန်လိုင်းပေါ်တက် မွေးစားသားများ လာမလားဆိုပြီးစောင့် သူကမော့နေတော့ သတိမရဘူးထင်ပါ့ ။ သူငယ်ချင်းတွေကို နှုတ်ဆက် ၊ လခ ထုတ်ပေးနေတဲ့ ကိုတင့်ဆီက ပိုက်ဆံတောင်းချေး =) ၊ ပြီးတော့ မ၀ါ ဘလော့မှာတင်ထားတဲ့ SlideShow ပုံတွေကို " ပိစိ ၊မွန် ၊ ကိုတိုး " တို့ နဲ့ အတင်းတုတ် ဟီးဟီးး ( ဘလော့ဂါတွေ အားလုံး လှကြကြောင်း ၊ ဘလော့မရေးပဲ မော်ဒယ် ဘွိုင်း/ဂဲလ် များ လုပ်သင့်ကြောင်း အဲ့လို အဲ့လိုတွေပါ :P ) ။ မွန်ကတော့ ကိုယ့်ကိုဝေဖန်လိုက်တာ နင်က အောက်ပိုင်းရှူးနေတယ်တဲ့ သရဲမ ပိန်ရင်လည်းပိန်တယ်ပေါ့ ပြောလိုက်တာ တစ်ခါတည်း သေချင်စိတ်ပါ ပေါက်တယ် ။ အဲ့ဓာတ်ပုံကိစ္စက မပြီးသေ ဒီမနက် မောင်ရှင်းသန့် ကလာမေးတယ် အစ်ကိုက သွားကျိုးနေတာလားတဲ့ ဟီးး ပြောတော့ဘူး စိတ်ကုန်း) ။

၁၂ ရီကျော်တော့ အိမ်ရှေ့မှာ မီးပန်းတွေဖောက်တာ ခဏထွက်ကြည့်ပြီး ပို့စ်တစ်ပုဒ်တင် အိပ်လိုက်တာပဲ ။ ကုန်ပြီး မနေ့ကညကို ဒီတိုင်းပဲ ရေတစ်ခွက်သောက်ပြီး နှုတ်ဆက်လိုက်တယ် ။ ကိုယ့်အတွက် ထူးဆန်းတဲ့အရာတွေလည်းမရှိသလို စိတ်လှုပ်ရှားစရာ ဘာအကြောင်းမှမရှိ ။ တစ်ခုတော့ စိတ်ထဲက ကြိတ်ဆုတောင်းလိုက်မိတာ " လောကနတ်မင်းကြီး ကျနော့်ဘ၀ ကို ကြမ်းကြမ်းကြီး မလှုပ်ခါလိုက်ပါနဲ့ မီးနီလေးတော့ တစ်ချက်လောက်ပြပါလို့ " ကြိုတင်ပြင်ဆင်ချင်လို့ ။ ပြီးတော့ ဒီချစ်ဖို့ကောင်းတဲ့ ဘလော့ရပ်ဝန်းလေးမှာ ကျနော့်ရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးနေအုံးမယ်ဆိုတာလေး စိတ်ကူးတဲ့ အလုပ်တွေ လုပ်လိုက်ပါတယ်ခင်ဗျာ ။ ကိုငြိမ်သက်ရေ့ ကျေနပ်တော့နော့်  သူများတွေရေးပြီးမှ ရေးမယ်ဆိုတော့ အခုရေးလို့ရပြီဗျ :) Tag တဲ့ အတွက်လည်း ကျေးဇူးပါ ။

ကျနော်လည်း ဆက် Tag လိုက်အုံးမယ် ...

အန်ကယ်အောင်
ကိုဇင်ယော်
ကိုရွာသားလေး
ကိုအောင်မျိုးဟန်
ကိုတိုးလေး
ပိစိ
ရှင်းသန့်
မလေးမ
မွန်
ဝေလေး

အဆင်ပြေရင်ရေးပေးပါ ကျေးဇူးတင်ပါမယ် ။

You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.