Tuesday, January 6, 2009

[Padauk Myay] 4 New Entries: ၃ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၃ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရရဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ - ဗွီအိုအေ click here
အမေရိကန် ခရစ်ယာန် ဘုရားကျောင်း ကရင်ဒုက္ခသည်တွေကြောင့် ဆက်လက်တည်မြဲ - ဗွီအိုအေ click here
အဲန်စီဂျီယူဘီ စင်ပြိုင်အစိုးရအဖြစ် ဆက်ရှိနေအုံးမည် - ဗွီအိုအေ click here
လောင်စာဆီဈေး ကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ - ဗွီအိုအေ click here
ရှိတ်ဟာစီနာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လိုလား - မဇ္ဈိမ click here
တိုယိုတာကုမ္ပဏီ ၁၉၃၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကြိမ်အရှုံးပေါ် - ၀ိကလီးအလယ်းဗင်း click here
၂၀၀၉ ခုနှစ်၌ အာရှတွင် အလုပ်လက်မဲ့နှုန်းမြင့်တက်လာနိုင် - ၀ိကလီးအလယ်းဗင်း click here
မော်ကျွန်းတွင်သာမဏေများစာမေးပွဲဖြေဆို - မြန်မာတိုင်းမ် click here
ပြင်ဦးလွင်၌အင်တာနက်ကို ပိုမိုစိတ်ဝင်စားလာကြ - မြန်မာတိုင်းမ် click here
မလေးရှားရှိ မြန်မာသံရုံးရှေ့မှာ လွတ်လပ်ရေးအကြို ဆန္ဒပြ - အာရ်အက်ဖ်အေ click here

နောက်ထပ် စင်ပြိုင်အစိုးရသစ် တစ်ရပ်ဖွဲ့စည်းခြင်း

ပြည်ပရောက် အဓိက အတိုက်အခံ အဖွဲ့အစည်း လေးခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ ( MPU) တို့ ပူးပေါင်း ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စု မန်မာနိုင်ငံ မျိုးသား ကာင်စီ (NCUB) က ဖက်ဒရယ် ပည်ထောင်စု ဖွဲ့စည်းဖို့ရည်ရွယ်ပြီး စင်ပြိုင် စိုးရတစ်ရပ် ဖွဲ့စည်းမယ်လို့ ကြေညာသွားပါတယ်။

ဒီကြေညာချက်ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နအဖက တက်နေတာကို တရားမ၀င်ကြောင်း ကန့်ကွက်ဖို့ အတွက် NCUB ရဲ့ လှုပ်ရှားမှုတွေ အပြီးမှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို စင်ပြိုင်အစိုးရ NCGUB ရဲ့ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ထောက်ခံဖို့ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ NCGUB ကို တိုးချဲ့ ဖွဲ့စည်းဖို့ အတွက် တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှုတွေကို ဒေါက်တာ စိန်ဝင်းက ပယ်ချခဲ့ပြီး နောက်ပိုင်းမှာ MPU အဖွဲ့က သီးခြားအစိုးရ တစ်ဖွဲ့ ဖွဲ့စည်းမယ်လို့ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

NCUB ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိန်းက သတင်း ဌာနတွေကို ပြောကြား ရာမှာတော့ ဒီလိုလုပ်ဖို့ စီစဉ်ခဲ့တာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရကို ရွေးချယ်ခံ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှ တရားဝင်မှု ရှိတယ်လို့ ပြောလို့ မရကြောင်း၊ သူတို့မှာ ကိုယ်ပိုင် နယ်မြေ ရှိတယ်။ ကိုယ်ပိုင်တပ် ရှိတယ်။ သူတို့ အုပ်ချုပ်ထားတဲ့ လူထုရှိတယ်ဆိုရင် အစိုးရအဖွဲ့ ဖွဲ့နိုင်ကြောင်း ပြောသွားပါတယ်။ အသစ်ဖွဲ့တဲ့ အစိုးရနဲ့ ရှိပြီး ဒေါက်တာ စိန်ဝင်းရဲ့ အစိုးရအဖွဲ့ကြား ဘယ်လို ပေါင်းစပ်မယ် ဆိုတာကိုတော့ တိတိကျကျ မပြောသွားပါဘူး။ နောက်ပြီး ဒီအစိုးရ အဖွဲ့အနေနဲ့ ဘယ်အခြေခံ ဥပဒေကို သုံးမှာလဲ၊ ENC က ဆွဲထားတဲ့ ဖက်ဒရယ် ဥပဒေမူကြမ်းကို သုံးမှာလား ဆိုတာတွေကိုလဲ ပြောမသွားပါဘူး။

အခုဖြစ်ရပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံတွေ ကြားမှ ညီညွတ်မှုနဲ့ ဘုံရပ်တည်ချက် ရှိဖို့လိုတယ်လို့ တိုက်တွန်းမှုတွေ ရှိနေချိန်မှာ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး သုံးသပ်ချက်နှင့် အလားအလာ(၄)

အတိုက်အခံတွေထဲမှာ စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက် တစ်ခု ကတော့ ဒီမိုကရေစီရေး လှုပ်ရှားသူ အတော် များများဟာ လှုပ်ရှားမှုကြီးကို စွန့်ခွာကုန်ကြတာ ပါဘဲ။ ပြည်တွင်း၊ ပြည်ပက အတိုက်အခံ လှုပ်ရှားမှုတွေထဲမှာ ပင်မအဖွဲ့တွေလို့ ဆိုရမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ NCGUB၊ ABSDF တို့ထဲက အဖွဲ့ဝင် တော်တော် များများဟာ စီးပွားရေး၊ လူမှုရေး အကြောင်း အမျိုးမျိုးကြောင့် လှုပ်ရှားမှုရဲ့ အပြင်ကို ရောက်သွားကြပါတယ်။ တစ်ချို့တွေက ကိုယ်ပိုင် အဖွဲ့လေးတွေဖွဲ့ကြ၊ တစ်ချို့ကျတော့လဲ Think Tank မှာ ၀င်လုပ်ကြနဲ့ ဖြစ်ကုန်ပါတယ်။ တစ်ချို့ကျ တော့လဲ စီးပွားရေး လောကထဲကို ရောက်ကုန်ပါတယ်။ ဒီလူတွေဟာ တနည်းမဟုတ် တနည်းနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ ဆိုနိုင်ပေမယ့် အကွဲကွဲ အပြားပြား ကိုယ်သန်ရာ လုပ်တာဖြစ်လို့ အားနည်း သွားတာတော့ အမှန်ပဲ။

နောက်အကျိုးဆက် တစ်ခုကတော့ အပြိုင်အဆိုင်တွေ ဖြစ်လာ၊ အကွဲကွဲ အပြားပြားတွေ ဖြစ်လာတာနဲ့ အမျှ သံသယစိတ်တွေ များလာတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းတွေမှာ ကိုယ့်လူကိုယ်ပဲ နေရာ ပေးတော့တယ်။ အပြင်လူ အ၀င်မခံဘူး။ ဒီအဖြစ်ကို ပြည်တွင်းမှာသာ မဟုတ် ပြည်ပ ရောက်နေတဲ့ အဖွဲ့တွေမှာလဲ တွေ့နိုင်ပါတယ်။ ခေါင်းဆောင် စာရင်းကို ကြည့်လိုက်ရင် ဒီလူနဲ့ ဒီလူတွေပါပဲ။ ပြည်တွင်းမှာ လွတ်လပ်စွာ လှုပ်ရှားခွင့်မရှိလို့ ဒီမိုကရေစီ နည်းကျ ရွေးချယ်တာတွေ မလုပ်နိုင်ဘူးလို့ ဆင်ခြေ ပေးနိုင်ပေမယ့် စိတ်ကြိုက် လှုပ်ရှားခွင့်ရတဲ့ ပြည်ပရောက် အဖွဲ့အစည်း အများစုကလဲ ဒီနည်း အတိုင်းပါပဲ။ ဒီတော့ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကြည့်လိုက်ရင် ဒီမျက်နှာတွေ၊ ပြောနေကျ မိန့်ခွန်းတွေ၊ ဟောင်းနွမ်းနေတဲ့ အယူအဆတွေကိုပဲ အဖန်တရာ တေအောင် ပြောနေကြတာပါ။ မျိုးဆက်သစ်တွေ နေရာရဖို့၊ မွေးထုတ်ဖို့ ဆိုတာ ကြုံတောင့် ကြုံခဲ ဖြစ်ပါတယ်။

အဲဒီတော့ မျိုးဆက်သစ် နည်းနည်း ပါးပါးလောက်ကပဲ ဒီလှုပ်ရှားမှုကြီးအပေါ် စိတ်ဝင်စားမှု ရှိတော့တယ်။ တစ်ဖက်ကလည်း နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကို အစိုးရက ပြင်းပြင်း ထန်ထန် အရေးယူတယ်။ ဒီနှစ်ချက် ပေါင်းလိုက်တော့ လူတွေက နိုင်ငံရေး လှုပ်ရှားမှုထက် မိမိစားဝတ်နေရေးကိုပဲ လုံးပမ်းဖို့ စိတ်ကူးတော့တယ်။ Institute for Security and Development ကထုတ်တဲ့ စာတမ်းတစ်ခုမှာ ရန်ကုန်က လူသုံးရာကို စစ်တမ်း ကောက်တဲ့အခါ ၇၈% က စားဝတ် နေရေးအတွက်ပဲ အာရုံစိုက်တယ်လို့ ဆိုပြီး ၁၂ % ကတော့ ပညာရေး အတွက်ပဲ အာရုံစိုက်တယ်လို့ တွေ့ရကြောင်း ဖော်ပြထားတယ်။ အဲဒီစာတမ်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲပြီး အစိုးရ ဆန့်ကျင်ရေး လုပ်ဖို့ စိတ်ဝင်စားသူက ၁၅% ပဲရှိပြီး ၈၀% က အဲဒီ လှုပ်ရှားမှုများမှာ မပါလိုဘူးလို့ ဆိုကြောင်း၊ ဘာကြောင့် မပါချင်လဲလို့ မေးတဲ့အခါ ၇၅% က နိုင်ငံရေးကို စိတ်မပါဘူး၊ အစိုးရနဲ့လဲ ထိပ်တိုက် မတွေ့ချင်ဘူးလို့ ပြောတယ်လို့ ဖော်ပြထားပါတယ်။ ဒီလေ့လာချက်ဟာ လျှို့လျှို့ ၀ှက်ဝှက် လုပ်ရလို့ အတိအကျ မှန်ချင်မှ မှန်ပါ့မယ်။ ဒါပေမယ့် ပြည်တွင်းမှာ အဲဒီလို စစ်တမ်း ကောက်တာမျိုးကို ဖြေမယ့်သူ ဖြေရဲတဲ့သူက ပညာတတ်တွေ၊ လူငယ်တွေ အများစုဖြစ်လို့ မျိုးဆက်သစ်တွေ စိတ်မှာ ဒီလိုရှိနေတာဟာ အစိုးရကြောင့်ပဲ မဟုတ် အတိုက်အခံများ ဘက်မှာလဲ စဉ်းစားသင့်တဲ့ အချက်တွေ ရှိနေပြီ ဆိုတာ သတိပြု ကြစေလိုပါတယ်။

ဒါပေမယ့် အတိုက်အခံ အဖွဲ့အစည်းတွေမှာ အဲဒီလို မိမိ အခြေအနေကို မိမိ ပြန်လည် သုံးသပ်ဖို့ အခြေအနေရော ရှိပါသလား။ ဒါနဲ့ပတ်သက်ပြီး Institute for Security and Development က ထုတ်တဲ့ Myanmar / Burma: Challenges and Perspectives စာအုပ်မှာ ဖော်ပြထားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုက နှုတ်ထွက်လာသူ တစ်ဦးရဲ့ ပြောစကားကိုပဲ ကိုးကားပါရစေ။ သူက ဒီလို ပြောထားပါ တယ်-

ကျွန်တော်တို့ ခေါင်းဆောင်တွေကလဲ အာဏာရှင် ဆန်တာပဲ။ ဒီနေရာမှာ သူတို့နဲ့ စစ်ခေါင်း ဆောင်တွေနဲ့ အတူတူပဲ။ သူတို့ကို ဝေဖန်တာ လုံးဝမကြိုက်ဘူး။ အကျင့်ပျက်မှု၊ အဂတိလိုက် စားမှုနဲ့ ဆရာ တပည့်မွေးတဲ့ စနစ်တွေကို ဆန့်ကျင်တယ်။ တိုက်ဖျက်ရမယ်လို့ ပါးစပ်က ပြောနေပေမယ့် သူတို့အကြိုက် လိုက်ပြောတဲ့သူတွေကိုပဲ မျက်နှာသာ ပေးနေတာပဲ။ ပေးစရာ ရှိရင် တပည့်တွေကိုပဲ ပေးမယ်။ ခင်ဗျားကို မကြိုက်ဘူး၊ ကြည့်မရဘူးဆိုရင် ဘယ်လောက် ကောင်းတဲ့ အကြံပေးပေး လက်မခံဘူး၊ နားမထောင်တော့ဘူး။ ခေါင်းဆောင်ပိုင်းမှာ အပြောင်း အလဲမရှိမခြင်း ဒီမိုကရေစီ လှုပ်ရှားမှုကြီးကတော့ အားနည်းနေဦးမှာပဲ။ ကျွန်တော့အနေနဲ့ ကိုယ့်ခေါင်းဆောင်တွေကို သည်းခံနိုင်စွမ်း ကုန်လို့ ထွက်လိုက်တာပဲ။ အချိန်တွေ ကြာလာတာ နဲ့အမျှ လူတွေက ပိုပြီး အကျင့်ပျက် လာတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်က အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ဖျက်ဆီးနေတယ်။ ဒီလှုပ်ရှားမှုကြီးက ကြာလေ ကြာလေ ၀ါးအစည်း ပြေသလို ဖြစ်ပြီး ချည့်နဲ့လာပြီ။

အဲဒီလို စည်းလုံး ညီညွတ်မှုတွေ ပြိုကွဲနေတာကို ကုစားနိုင်မယ့် လူကတော့ ဒေါ်အောင်ဆန်း စုကြည်ပဲ ရှိပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ်မှာ အားလုံးမူတည်နေခြင်းဟာ တစ်ခါတစ်လေမှာ အားဖြစ်သလို တစ်ခါတစ်လေမှာလဲ အဲဒါကိုက အားနည်းချက် ဖြစ်နေပြန် တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

၂ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း - ဗွီအိုအေ click here
  • ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ၂၂၄ နှစ်မြောက် ရခိုင် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ အခန်းအနား ကျင်းပပြုလုပ် - နေရဉ္စရာ click here
  • မကဒတ အပေါ်သုံးသပ်ချက် (မကဒတ ဒုတိယ မျိုးဆက်ဝင် တဦးမှ ဆွေးနွေးသည်) - ငုရင်ပြင် click here
  • အဟောင်းမှ … အသစ်သို့ - ငုရင်ပြင် click here
  • နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ဒုတိယ အကြိမ်လေ့လာမှုအတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေ - ၀ိကလီးအလယ်းဗင်း click here
  • တိုယိုတာကုမ္ပဏီ ၁၉၃၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကြိမ်အရှုံးပေါ် - ၀ိကလီးအလယ်းဗင်း click here
  • ၂၀၀၉ ခုနှစ်၌ အာရှတွင် အလုပ်လက်မဲ့နှုန်းမြင့်တက်လာနိုင် - ၀ိကလီးအလယ်းဗင်း click here
  • မော်ကျွန်းတွင်သာမဏေများစာမေးပွဲဖြေဆို - မြန်မာတိုင်းမ် click here
  • ပြင်ဦးလွင်၌အင်တာနက်ကို ပိုမိုစိတ်ဝင်စားလာကြ - မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.