Tuesday, January 6, 2009

[dawnmanhon(ဒေါင်းမာန်ဟုန်)] 9 New Entries: ဟားမတ်စ်တို့၏တိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဂျော့ဘုရှ်စွပ်စွဲ

ဟားမတ်စ်တို့၏တိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဂျော့ဘုရှ်စွပ်စွဲ

အမေရိကန်သမ္မတ ဂျော့ဘုရှ်က ဟားမတ်စ်တို့၏ အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်နေမှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုအနေနှင့် အစ္စရေးဘက်မှသာ ရပ်တည်မည်ဟူသော သဘောထားကို ထုတ်ဖော်ပြသလိုက်သည်။ ဂါဇာဒေသတွင် ဖြစ်ပျက်နေသော သွေးထွက်သံယို မြင်ကွင်းများအတွက် အမေရိကန်နိုင်ငံအနေနှင့် မရှုမြင်ရက်ပါကြောင်း၊ သို့သော်လည်း ဖြစ်ခဲ့သမျှ ကိစ္စအ၀၀အတွက် ဟားမတ်စ်တို့တွင်သာ တာဝန်ရှိကြောင်း ဂျော့ဘုရှ်က ကြေငြာခဲ့သည်။ ဇန်န၀ါရီလ (၂)ရက်နေ့က ပြောကြားခဲ့သော အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ မိန့်ခွန်းအတွင်း ဘုရှ်က အဆိုပါစကားကို ထည့်သွင်းကြေညာခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင်နိုင်ငံများတွင် ဘုရှ်အား မကျေမနပ် ဆန္ဒပြမှုများ တိုးတက်များပြားလာခဲ့သည်။(အစ္စရေးကိုတိုက်ခိုက်နေသည့် ဟားမတ်စ်ပြောက်ကျားများ)

အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကို လိုလားပါကြောင်း၊ နိုင်ငံတောင်ပိုင်းဒေသ ပြည်သူများထံသို့ ဒုံးကျည်များနှင့် မော်တ
ာများ ကျရောက်ပေါက်ကွဲနေမှုကို တုန့်ပြန်တွန်းလှန်နေသည့် အစ္စရေးတပ်မတော်၏ တရားသောစစ်ပွဲအတွက် တားဆီးနိုင်မည့် အခွင့်အာဏာ ၎င်းတွင်မရှိကြောင်း ဘုရှ်ကဆိုသည်။ ထိုသတင်းကြေငြာချက်ကို ဇန်န၀ါရီလ (၃)ရက်နေ့တွင် ကမ္ဘာတ၀ှမ်းသို့ ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် အာဏာသက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်သော ဘုရှ်အနေနှင့် ၎င်း၏အိမ်ဖြူတော် နောက်ဆုံးနေ့ရက်များအတွင်း ပြတ်သားသော ရပ်တည်မှုတစ်ခုကို ပြသခဲ့ခြင်းလည်းဖြစ်သည်။ မကြာမီအချိန်တွင် အိုဘားမားတစ်ယောက် အမေရိကန် သမ္မတအဖြစ် လွှဲပြောင်းယူရာတွင်လည်း အစ္စရေးနိုင်ငံဘက်မှသာ ရပ်တည်ရဖွယ်ရှိကြောင်း ကမ္ဘာ့အရေး အကဲခတ်များက သုံးသပ်ထားကြသည်။(ပါလက်စတိုင်းဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသည့် အစ္စရေးစစ်သားများ)

ယခုအချိန်တွင် အကြမ်းဖက်သမား စစ်သွေးကြွများအပါအ၀င် ပါလ
က်စတိုင်းဦးရေ (၄၀၀)ကျော်မျှ အနည်းဆုံး သေဆုံးခဲ့ပြီးဖြစ်သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က သူမအနေနှင့် ဂါဇာဒေသသို့ အလျင်စလို သွားရောက်ရန် အစီအစဉ်မရှိကြောင်း ကြေငြာထားသည်။ ဂျော့ဘုရှ်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး ဝေဖန်ချက် တစုံတရာ မပေးခဲ့ဘဲ ကုလသမဂ္ဂအပါအ၀င် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကမှ အစ္စရေးအား စွက်ဖက်ခွင့် ရှိနိုင်မည်မဟုတ်ကြောင်း အရိပ်အမြွက်မျှ ပြောကြားသွားသည်။(ဂါဇာဒေသတွင် မြင်တွေ့ရသည့် တိုက်ခိုက်မှုမြင်ကွင်း)

http://www.planet.com.mm/news/index.cfm/linkpage/desc/id/11539

ရန်ကုန်မြို့တွင် Wifi Access Card စတင်ရောင်းချမည်

ရန်ကုန်မြို့တွင်းရှိ အဆင်မြင့်ဈေးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် စီးပွားရေးအဆောက်အဦများတွင် ဖုန်းလိုင်းမလိုဘဲ ကတ်ဝယ်ယူသုံးစွဲရုံဖြင့် ကြိုးမဲ့အင်တာနက်စနစ်(Wifi) သုံးစွဲနိုင်မည့်စနစ်အား လာမည့် (၂၀၀၉)ခုနှစ်ဆန်းပိုင်းတွင် Red Link ကုမ္ပဏီမှ စတင်ရောင်းချတော့မည်ဟု သိရသည်။ အဆိုပါစနစ်တွင် ရန်ကုန်မြို့ရှိ အချက်အချာ ကျသည့်နေရာများတွင် Wifi Hot Spot များကို Red Link ကုမ္ပဏီမှ တပ်ဆင်ပေးမည်ဖြစ်ပြီး ထိုနေရာများနှင့် အနီးတစ်ဝိုက်တွင် Access Card ဝယ်ယူ၍ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ Net Now Wifi ဟုခေါ်ဆိုသည့် ယခုကဲ့သို့ အင်တာနက်သုံးစွဲမှုအတွက် Access Cardများကို လာမည့် (၂၀၀၉)ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါကတ်ဖြင့် Wifi စနစ်ချိတ်ဆက်နိုင်မည့် နေရာအသေးစိတ်ကိုလည်း တစ်ပြိုင်တည်း ကြေညာသွားမည်ဖြစ်သည်။ Access Cardတစ်ခုလျင် ကျပ်တစ်သောင်းဝန်းကျင်နှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး User nameနှင့် Passwordတို့အသုံးပြုကာ မိမိ၏လက်ပ်တော့ဖြင့် ကြိုးမဲ့အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း၌ Wifiစနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်သည့် နေရာပေါင်း(၃၀)ခန့်ရှိသည်ဟု သိရသည်။

Ref: 7DayNews (Vol. 7, No. 40) (planet)

အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းမည်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လက်တွေ့ အကောင်အထည်ဖော် ကြိုးစားတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government-NUG) ကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ဇန်န၀ါရီ ၁ရက် မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေကို ကုစားနိုင်ဖို့ စစ်အစိုးရကို ဖယ်ရှားပြီး စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ နည်းလမ်းမှ တပါးအခြားမရှိလို့ NCUB က သုံးသပ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ပြောပါတယ်။

NCUB ရဲ့ ယာယီလွှတ်တော်နဲ့ စင်ပြိုင်အစိုးရသစ်တခု ဖွဲ့မဲ့ လုပ်ငန်းစဉ်တွေကို ပြည်ပမှာ အကောင်အထည်ဖော်ဖို့ အလားအလာ ဘယ်လောက်ထိ ရှိမလဲ၊ တခါ လက်ရှိ စစ်ပြိုင်အစိုးရဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ရဲ့ သဘောထား ဘယ်လိုရှိသလဲ ဆိုတာတွေကို အမျိုးသားကောင်စီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်သိန်းနဲ့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ၀န်ကြီး ဒေါက်တာတင့်ဆွေတို့ကို RFAမှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။( rfa)

မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသည်မှာ (၈) လ ပြည့်မြောက်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း ယခုချိန်ထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျေနပ်စရာမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက "ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး"ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ခံလိုက်ရသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးခဲ့ကြောင်း ပြောဆိုနေသော်လည်း ဘိုကလေးမြို့ပေါ်တွင် အမိုးအကာများပျက်စီးသွားသည့် ကျောင်းအနည်းငယ်ကိုသာ ပြန်လည်ပြုပြင်ထားသည်ဟု မြို့ခံက ပြောသည်။

"မြို့နယ်ပညာရေးမှူးရုံးရဲ့ ခေါင်းရင်းဘက်မှာရှိတဲ့ ကျောင်းတောင်မှ ဓနိမိုး ဓနိကာနဲ့ပဲ သင်နေရတယ်၊ မြင်းကကုန်းအနောက်ဘက်က ကွင်းကျောင်းဘက်မှာဆိုရင် ကျောင်းတွေက အကုန်ပြိုသွားတာ၊ အဲဒါတွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူး၊ ရွက်ဖျင်တဲတွေနဲ့ သင်နေရတယ်၊ မြင်းကကုန်းမှာဆိုရင် (၁၀) တန်းအပြင်ဖြေဖြေမဲ့ ကျောင်းသားတွေဆိုရင် မြို့မှာသွားဖြေရမယ်၊ အဲဒီမှာ ဖြေစရာကျောင်းက အခုထိမရှိဘူးဖြစ်နေတယ်"ဟု ပြောသည်။

ဘိုကလေးဒေသအတွင်း ပညာရေးပိုင်းဆိုင်ရာ တည်ဆောက်မှုများမှာ အလွန်နည်းပါပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ယူနီဆက်က ထောက်ပံ့ထားသည့် သွပ်အချပ် (၅,၈၀၀) ကျော်အား ယနေ့အထိ ဝေငှခြင်းမရှိဘဲ ဘိုကလေးမြို့ပေါ် အလက (၁) ကျောင်းစတိုခန်းတွင် သိမ်းဆည်းထားကြောင်း ပညာရေးဝန်ထမ်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရနှင့် နိုင်ငံတကာမှ ပေးလှူသည့် ထွန်စက်များမှာ ဒေသအတွင်း အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများထံ ရောက်ရှိခြင်းမရှိဘဲ မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ ရရှိကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

"နိုင်ငံတော်နဲ့ အလှူရှင်တွေပေးတဲ့ ထွန်စက်တွေကို လယ်မင်းသားတွေပဲ ရတယ်၊ အဲဒီလူတွေက မြို့က ပိုက်ဆံရှိသူတွေ၊ လယ်တွေကိုဝယ်ပြီး လူငှားနဲ့လုပ်တဲ့သူတွေ အဲဒီလူတွေက စက်ရတယ်၊ အခုလက်ရှိ မြို့ပေါ်က သူတို့အိမ်မှာပဲ စက်တွေကိုထားတာ"ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲ လာရောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်ဒေသများတွင် စပါးစိုက်ပျိုးမှုများမှာ ရာနှုန်းပြည့်မှီကြောင်း တင်ပြပြောဆိုခဲ့ကြသော်လည်း တကယ်တမ်း စိုက်ပျိုးနိုင်မှုမှာ ၃၅% နှင့် ၅၀% ကြားတွင်သာရှိကြောင်း အဆိုပါလယ်သမားက ပြောသည်။

"အောက်ခြေက လွဲမှားတဲ့ တင်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲအတွက်ရော ဒေသတွင်းက ပြည်သူတွေအတွက်ရော တခုမှ အကျိုးပြုတာမရှိပါဘူး၊ အဲလိုတင်ပြမှုကြောင့် မကြာခင်မှာ အားလုံး အခက်အခဲတွေ ကြုံတွေ့ရမှာပါ၊ အခုဆို ဧက (၅၀၀) လောက် စိုက်တဲ့သူက စပါးတင်း (၁,၅၀၀) လောက်ပဲ ရတယ်၊ တဧကကို (၄) တင်းကနေ (၁၇) တင်း ဝန်းကျင်လောက်ပဲ ထွက်တယ်၊ အထွက်နှုန်းက မမှီ၊ စပါးဈေးက ကျတာနဲ့ နွေစပါးစိုက်ဖို့ဆိုတာ မလွယ်တော့ဘူး"ဟု ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုတခုသာ ယခင်ကထက် ကောင်းမွန်လာကြောင်း မြို့ခံက ပြောသည်။

"နာဂစ်ဖြစ်ပြီး (၂) လကျော်ကြာတော့ ဘိုကလေးပြည်သူ့ဆေးရုံမှာ အရင်ကထက် နွေးထွေးမှုလေးတွေ တွေ့လာရတယ်၊ အဲလိုတွေ့ရတာကလဲ လှူဒါန်းထားတဲ့ ဆေးဝါးတွေက ဆေးရုံမှာ အများကြီးရှိနေတယ်၊ ဆရာမတွေကလဲ လူသားချင်းစာနာတတ်ပုံရတော့ အခမဲ့ကုသမှုတွေမှာ တော်တော်နူးညံ့သိမ်မွေ့လာတာကို တွေ့ရပါတယ်၊ NGO အဖွဲ့တွေကလဲ ဆေးကုသပေးတာတွေ ရှိတယ်၊ ဘိုကလေးမှာဆိုရင် ခရစ်ယာန်အသင်းတော်က အခမဲ့သွားစိုက်ပေးတာ၊ အခမဲ့ဆေးကုပေးတာတွေ ရှိတယ်"ဟု ပြောသည်။

ထို့အပြင် မကြာခင်ရက်ပိုင်းအတွင်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က လေးနှစ်စာအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် အဆိုးဆုံးမှာ လမ်းပျက်စီးမှုများကို သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ပြုပြင်ခြင်းလုံးဝမရှိကြောင်း ၎င်းက ပြောသည်။

"တမြို့လုံး လမ်းတွေပျက်နေတယ်၊ စည်ပင်သာယာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာမယ်ဆိုလို့ (၁၈) လမ်း ကားလမ်းတံတားထိပ်ကနေ ဆေးရုံထောင့်အထိပဲ ဟန်ပြလုပ်တာရှိတယ်၊ သူတို့က ကတ္တရာတို့ ကျောက်တို့ သဲတို့ထုတ်ပြီး ရောင်းစားတာလောက်ပဲ ရှိတယ်၊ ဘိုကလေးကို (၁၅) ရက်တကြိမ်လောက် ဗိုလ်ချုပ်မှူးကြီး လာမယ်ဆိုရင်တော့ လမ်းတွေကောင်းသွားနိုင်ပါတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲဖြစ်သူက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခဲ့ရာတွင် အောက်ခြေအဆင့် တာဝန်ရှိသူများက ပကတိအခြအနေမှန်များကို ဖုံးကွယ်ထားပြီး ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်။
ရိုးမ(၃)

မြန်မာနိုင်ငံအတွက် online ပေါ်ကနေ credit cardလို ပစ္စည်းဝယ်နိုင်စေမည့် နည်းလမ်းတခု စဉ်းစားခြင်း

Introduction

ယခုအခါမှာ ကမ္ဘာ့ နေရာအနှံ့အပြားမှာ online ပေါ်ကနေ အလုပ်လုပ်လာကြပါပြီ။ အဲလိုမျိုး အလုပ်လုပ်လို့ရလာတာနှင့် အညီ ငွေကြေးရွှေ့ပြောင်း လဲလှယ်မှုကလည်း အရေးပါလာတယ်။ နိုင်ငံတကာမှာ credit card, debit card စတာတွေကို သုံးစွဲပြီး online ပေါ်ကနေ ပစ္စည်းဝယ်ခြင်း ၊ ရောင်းချခြင်း နောက်ပြီး အလုပ်သမားများကို လစာပေးခြင်း အပြင် မြောက်မြားစွာသော အလုပ်များကို ဆောင်ရွက်လာနိုင်ပါတယ်။ နောက်ဆုံး ရထားလက်မှတ်ဖြစ်စေ ကားလက်မှတ်ဖြစ်စေ online payment system ကြောင့် အကြွေ ပြသနာတွေ ကင်းဝေးသွားပါတယ်။ အကြွေကြောင့် ဆိုင်တွေလည်း စိတ်ညစ်စရာ မလိုတော့ဘူးပေါ့။

သို့သော် မြန်မာနိုင်ငံမှာတော့ ယခုအချိန်ထိ online payment system ကို မရရှိသေးပါဘူး။ သို့သော်လည်းပဲ online ပေါ်က မြန်မာအားလုံးနီးပါး တောင့်တလိုချင်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာခါနီးမှ ဘဏ်စနစ်ပျက်စီးခြင်းနှင့်အတူ အိပ်မက်တွေကလည်း ရေစုံမျောခဲ့ရပါတယ်။ သို့သော်လည်းပဲ ယနေ့ ခေတ်လူငယ်တော်တော်များများက online ပေါ်က ငွေလဲလှယ်လို့ရအောင် ငွေဝင်အောင် အမျိုးမျိုး ကြံစည် အားထုတ်နေကြပါတယ်။

How To First setup for online payment in Myanmar ?

ကျွန်တော်တို့တွေ ဘာလုပ်နိုင်မလဲ။ သေချာတာကတော့ မြန်မာနိုင်ငံမှာ credit card system ပေါ်ပေါက်လာဖို့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်နေရအုံးမှာပါ။ ဘဏ်စနစ်ကို ယုံကြည်မှု ပျက်သုန်းခဲ့တဲ့အတွက်ကြောင့် ယုံကြည်မှုရတဲ့အတိုင်းအတာ တစ်ခုအထိ စောင့်ရပါအုံးမယ်။ ပြီးမှ ထပ်ဆင့် credit card, debit card တွေအပေါ် ယုံကြည်မှုကို တိုးမြှင့်ရပါလိမ့်မယ်။ ဒါဟာ အရမ်းကြာရှည်ပြီး မျှော်လင့်နေရတဲ့ ဆောင်းအိမ်မက်ရှည်လိုပါပဲ။

ကျွန်တော်ကတော့ virtual money နဲ့ လုပ်ချင်ပါတယ်။ Virtual money ဆိုတာ တကယ်ရှိတဲ့ ငွေမဟုတ်ဘူး။ ဒါပေမယ့် အသုံးကြတယ်။ နည်းနည်းတော့ ရှုပ်သွားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ game city ၊ အာလာဒင် စတဲ့နေရာမှာ အသုံးပြုနေတာကတော့ virutal money လို့ခေါ်လို့ရတယ်။ သူတို့ဆီကနေ အကြွေလေးတွေ ဝယ်။ ပြီးတော့ ဆော့။ ကိုယ်မြတ်လာရင် အခြင်းခြင်း လက်သိပ်ထိုးရောင်း။ စတာလေးတွေ လုပ်ဆောင်ကြတယ်လေ။ နောက်ပြီး မုန့်တွေဘာတွေ ဝယ်စားလို့ရတယ်။ အဲဒါ virtual moeny ပေါ့။

How To setup virtual money for Online Payment ?

မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများဟာ online ပေါ်ကနေ အချိန်ကုန်ဆုံးနေကြပါတယ်။ ကောင်လေးတော်တော်များများဟာ online game ကို အဓိက ကစားပြီး သူတို့ရဲ့ virtual world ထဲမှာ နေထိုင်ကြတယ်။ တနည်းပြောရရင် ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ virutal world ထဲကနေ စပြီးတော့ online payment system တစ်ခုကို တည်ဆောက်နိုင်ပါတယ်။ ဘယ်လိုတည်ဆောက်မှာလဲ ? ကျွန်တော့်အနေနဲ့ ဦးစွာ ပထမ မြန်မာ online game တစ်ခု တည်ဆောက်ပါမယ်။ register လုပ်ခွင့်က free ပေါ့။ ပြီးရင် virtual money 500 လောက်ဖြစ်ဖြစ် ထည့်ထားပေးမယ်။ virutal world ထဲမှာ လူမှု ဘဝတစ်ခုကို ဖန်တီးထားပေးမယ်။ အဲဒီ လူမှုဘဝ နေ့စဉ်လှုပ်ရှားမှုတွေကနေ သူတို့တွေ ဝင်ငွေတွေရလာနိုင်မှာပါ။ ဒါမှမဟုတ် စစ်တိုက်တဲ့ game လိုမျိုး ဖန်တီးပြီး နယ်မြေတွေချဲ့ထွင် ပစ္စည်းတွေ ရှာ။ စတာတွေကနေ သူတို့ရဲ့ ငွေဟာ တိုးတက်လာမှာပါ။ ငွေကြေး တိုးတက်လာတာနဲ့အညီ ကျွန်တော်တို့အနေနဲ့ ပစ္စည်းတွေ ဝယ်ခွင့် upgrade လုပ်ခွင့် စတာတွေကို ပေးထားမှာပါ။ ထားပါဆို့။ သင်က virtual world ထဲက manager တစ်ယောက်ဆိုပါစို့။ အဲဒီအခါမှာ သင့်ရဲ့ knowlegde တွေ ဒါမှမဟုတ် သင့်အရည်အချင်းတွေတိုးတက်စေဖို့ စာအုပ်ဖြစ်ဖြစ် computer ဖြစ်ဖြစ် ဝယ်ဖို့လိုလာပါပြီ။ အဲဒီအခါ ရရှိထားတဲ့ ငွေထဲကနေ သင့် virutal world အတွက် သင်သုံးစွဲရလိမ့်မယ်။ အဲလိုမျိုးပဲ သင့်အိမ်အတွက် သင် ထိုင်ခုံတွေ စားပွဲတွေ စတာတွေကို ရရှိဖို့ ငွေကို သုံးစွဲဖို့လိုမှာပဲ။ ဒါမှမဟုတ် လက်ဆောင်ပေးချင်တာပဲ ဖြစ်ဖြစ်ပေါ့။ သင့်အနေနဲကလည်း အခြားသူတွေလိုအပ်တာတွေကို virtual world ထဲမှာ ရောင်းချခြင်းဖြစ် သင့်ငွေတွေ တိုးတက်စေမှာပါ။ တကယ်လို့ စစ်တိုက်တဲ့ game ဆိုလည်း လက်နက်တွေ အဆင့်မြှင့်ဖို့ research တွေလုပ်ဖို့ သင့် ငွေကြေးကို သုံးစွဲရလိမ့်မယ်လေ။ အဲဒီအခါ virutal money က virutal world ထဲမှာ စတင်လည်ပတ်နေပြီ။

How to get money from real world ?

ကျွန်တော်တို့အနေနဲ့ ငွေ exchange တစ်ခုရှိဖို့် လိုလာလိမ့်မယ်။ သင့်အနေနဲ့ သင်ရှာထားတဲ့ ငွေကို ပြန်လဲလှယ်ခွင့်ပေါ့။ ထားပါစို့။ 1 virual world money (vwm ) = 10 kyats လို့ ဆိုပါစို့။ နောက်ပြီး 1000 (vwm) မှ ထုတ်ခွင့်ပေးထားမယ်။ အဲဒါဆို သင့်အနေနဲ့ 1000 ရအောင် ဆော့ကစားဖို့လိုလာပြီ။ သင့် 1000 ရပြီဆိုတာနဲ့ သင့်အနေနဲ့ ငွေထုတ်လို့ ရသလို အခြား ပစ္စည်းတွေ ဝယ်ခွင့်ရှိတော့မှာပါ။ ဒါမှမဟုတ် သင့်အနေနဲ့ 10 kyats ကို 1 vwm နဲ့ လဲလှယ်ခွင့်လည်း ကျွန်တော်တို့တွေ ပေးထားမှာပါ။ ကျွန်တော်တို့အနေနဲ့ vwm နဲ့ online ပေါ်မှာ ဈေးဝယ်လို့ရအောင် ဖန်တီးထားပေးမယ်လေ။ shipping ခတော့ ဝယ်တဲ့သူကပေးရမှာလေ။ MP3 , MP4 စတာတွေကို ရောင်းချပေးမယ်။ သီချင်းခွေတွေ VCD တွေရောင်းချပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ vwm 500 အထက်ရှိမှ ဝယ်ခွင့်ရှိမယ်လေ။ ငွေထုတ်ရင်လည်း လက်ကျန် vwm 500 ကိုချန်ထားခဲ့ရပါမယ်။ vwm ကို အသုံးပြုပြီး နိုင်ငံခြား site တွေကို ပစ္စည်းမှာတာတွေကို ဒီဘက်ကနေ paypal ဖြစ်ဖြစ် online credit card နဲ့ဖြစ်ဖြစ် တဆင့်မှာယူပေးပြီး သင့် vwm ကို ပြန်နှုတ်ယူသွားမှာပါ။ shipping ခကိုသာ သင်ပေးဆောင်ရမှာပါ။ တနည်းပြောရင် သင့်အနေနဲ့ online ပေါ်မှာ game ကစားရင်းကနေ လိုအပ်တဲ့ ပစ္စည်းတွေ စာအုပ်တွေ VCD တွေ ဝယ်ယူခွင့်ရှိလာအောင် ဖန်တီးပေးထားလိမ့်မယ်။

Just in Myanmar ?

နိုင်ငံတကာကလူတွေအနေနဲ့လည်း credit card နဲ့ vwm ကို ဝယ်ခွင့် ပြန်လဲလှယ်ခွင့်ရှိတယ်လေ။ နောက်ပြီး ရန်ကုန်ကလူတွေကို ပစ္စည်းတွေ လက်ဆောင်ပေးချင်တယ်။ ပို့ချင်တယ်။ စတာတွေအတွက် အဆင်ပြေတာပေါ့။ shipping ခ သက်သာသွားပြီလေ။ မြန်မာပြင်ပကလူတွေအတွက်တော့ credit card သုံးလို့ရတဲ့အတွက်ကြောင့် နိုင်ငံခြားက ပစ္စည်းတွေ လွယ်လင့်တကူ ဝယ်လို့ရတယ်လေ။ သို့သော်လည်းပဲ မြန်မာနိုင်ငံကလူကို ပန်းဖြစ်ဖြစ် လက်ဆောင်ဖြစ်ဖြစ် ဝယ်ပြီး ပေးချင်တယ်ဆိုရင် vwm ကို အသုံးပြုပြီး လုပ်ဆောင်လာနိုင်မှာပါ။

Abstract

ဒီ system ဟာ မြန်မာနိုင်ငံက လူငယ်တွေကို အခြေခံပြီး တည်ဆောက်ထားတာပါ။ နောက်ပြီးတော့ ကျွန်တော့် အမြင်လေးပါ။ online ငွေလဲလှယ်မှု အောင်မြင်ဖို့အတွက် ယုံကြည်မှု ရရှိဖို့လိုပါတယ်။ နောက်ပြီး security ပိုင်းကလည်း လွန်စွာ အရေးပါတယ်လေ။ ယုံကြည်မှုရရှိအောင်အတွက် လူငယ်တွေကို free account နဲ့ game ဆော့ကစားခွင့်ပေးထားပြီး system နဲ့ လူအကြား ယုံကြည်မှုကို တိုးပွားစေလာမှာပါ။ ယုံကြည်မှုရလာတဲ့အညီ ငွေလဲလှယ်ခြင်း ပစ္စည်းရောင်းခြင်း ဝယ်ခြင်းစတာတွေကို လုပ်ဆောင်လာလိမ့်မယ်။ နောက်ပိုင်းမှာတော့ vwm က ခိုင်မှာလာမှုရှိလာပြီး မြန်မာတွေအနေနဲ့ online မှာ သုံးစွဲလို့ရလာလိမ့်မယ်။ ဘာလို့လည်းဆိုတော့ vwm က သူတို့အနေနဲ့ online ပေါ်မှာ ရှာထားတာပဲလေ။ internet အသုံးပြုခလေးပဲ အကုန်ခံပြီး ရှာထားတာလေ။ system ကို သုံးစွဲတဲ့လူအနေနဲ့လည်း ပစ္စည်းရောင်းခြင်းက ဝင်ငွေရနိုင်သလို vw ထဲမှာလည်း အခြားလူများထက် သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိလာနိုင်ပါတယ်

ကိုစေတန် ( M .Z)

ကရင်နှစ်သစ်ကူးနေ့ နအဖ၏ ဥပဒေမဲ့ စော်ကားမှုများ



myochit myanmar

N.L.D( LA)J p၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင်သက်တမ်း၏ ပထမအကြိမ် ၆ လပတ်ညီလာခံ


photo by kopour

အကယ်ဒမီ ပေးတော့မည်။

အမိမြေသို့ (မာမာအေး)


အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။ ။
http://moemaka.com/index.php?option=com_content&task=blogcategory&id=39&Itemid=44

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.