Tuesday, January 6, 2009

[All Together on A Planet ...] 1 New Entry: မှောင်နဲ့မဲမဲ ဆုပေးပွဲ

မှောင်နဲ့မဲမဲ ဆုပေးပွဲ

၂၀၀၉ ခုနှစ်ရဲ့ ဒုတိယမြောက်နေ့မှာပဲ ဘဝင်မကျစရာ၊ စိတ်မကောင်းစရာ အဖြစ်တစ်ခုကို ကြုံခဲ့ရတာမို့ ပြန်ပြောပြချင်မိပါတယ်။ ကျနော့်သားကြီးဖြစ်သူက ပြီးခဲ့တဲ့စာသင်နှစ် စတုထ္တတန်း(Grade 5)မှာ ဆုရခဲ့ပါတယ်။ ဆုပေးပွဲက ဇန်နဝါရီ ၂ ရက်နေ့ဖြစ်ပြီး သားတို့ကျောင်းခန်းမမှာ ကျင်းပခဲ့ကြတယ်။ မနက် ၉ နာရီမှာ အခမ်းအနားစမယ်ဆိုတော့ သားအဖနှစ်ယောက် ၉ နာရီထိုးဖို့ ၁၅ မိနစ်လောက်အလိုမှာ ကျောင်းကိုအရောက် သွားခဲ့ကြတာပေါ့။ သားတို့ကျောင်းက ကျနော်တို့နေထိုင်ရာ ရပ်ကွက်ထဲမှာပဲ တည်ရှိတဲ့ သုံးထပ်အလယ်တန်းကျောင်းပါ။ ဒီကျောင်းကို ၁၉၅၀ ပြည့်နှစ်လောက်က တည်ထောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီနောက် ခေတ်အဆက်ဆက် တည်ရှိလာခဲ့ပြီး ဟောင်းနွမ်းပျက်စီးလာတဲ့ ကျောင်းဆောင်နေရာကို ဂျပန်အစိုးရအကူအညီဖြင့် သုံးထပ်ကျောင်းဆောင်တစ်ခု တည်ဆောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ ဂျပန်တွေ လျော်ကြေးပေးထားတဲ့ ကျောင်းလို့လည်း ပြောလို့ရမယ်ထင်ပါရဲ့။ (more…)

You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.