Tuesday, January 6, 2009

[ကောင်းကင်ကို] 1 New Entry: အမာခံ

အမာခံ

ထိပ်ပုတ်ခေါင်းပုတ် မေးခွန်းတွေက

ပြင်ထားတာနဲ့ တလွဲစီ

ငါတော့…ကွဲပြီ။

ဒီလိုနဲ့ 

ဘဝဆိုတဲ့ စာမေးပွဲမှာ

မျှော်လင့်ချက် ပင်စည်တွေလဲ

လုပ်သမျှ မင်နီတွေရဲလည်း

နောက်ဆုံးတော့

ချစ်သူပေးတဲ့ တစ်မှတ်တည်းနဲ့ ငါကအောင်တယ်။


ယောကျာ်းတစ်ယောက်ရဲ့တာဝန်ထမ်းဖို့ အချိန်အခါကျပြီမို့ 

အကြိမ်တစ်ရာမက ရွပ်ရွပ်ချွံချွံ ကြိုးစားခဲ့လည်း

အချစ်ဆန္ဒခံယူပွဲမှာ

ကန့် ကွက်မဲတွေက မဲပုံးနဲ့ မဆန့် 

ခဲမှန်ဖူးသူမို့ အသည်းနှလုံးထဲကလန့် လည်း

နောက်ဆုံးတော့

နှလုံးသား မကန်း တဲ့ နယ်မြေမှာ

ချစ်သူပေးတဲ့ တစ်မဲတည်းနဲ့ ငါလည်းနိုင်တယ်။


ကောင်းကင်ကို

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.