Tuesday, January 6, 2009

[welcome to my site] 6 New Entries:

http://kyawswarhtoon.blogspot.com/feeds/1513685453638584960/comments/default

မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

Print
နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသည်မှာ (၈) လ ပြည့်မြောက်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း ယခုချိန်ထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျေနပ်စရာမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက "ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး"ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ခံလိုက်ရသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးခဲ့ကြောင်း ပြောဆိုနေသော်လည်း ဘိုကလေးမြို့ပေါ်တွင် အမိုးအကာများပျက်စီးသွားသည့် ကျောင်းအနည်းငယ်ကိုသာ ပြန်လည်ပြုပြင်ထားသည်ဟု မြို့ခံက ပြောသည်။

"မြို့နယ်ပညာရေးမှူးရုံးရဲ့ ခေါင်းရင်းဘက်မှာရှိတဲ့ ကျောင်းတောင်မှ ဓနိမိုး ဓနိကာနဲ့ပဲ သင်နေရတယ်၊ မြင်းကကုန်းအနောက်ဘက်က ကွင်းကျောင်းဘက်မှာဆိုရင် ကျောင်းတွေက အကုန်ပြိုသွားတာ၊ အဲဒါတွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူး၊ ရွက်ဖျင်တဲတွေနဲ့ သင်နေရတယ်၊ မြင်းကကုန်းမှာဆိုရင် (၁၀) တန်းအပြင်ဖြေဖြေမဲ့ ကျောင်းသားတွေဆိုရင် မြို့မှာသွားဖြေရမယ်၊ အဲဒီမှာ ဖြေစရာကျောင်းက အခုထိမရှိဘူးဖြစ်နေတယ်"ဟု ပြောသည်။

ဘိုကလေးဒေသအတွင်း ပညာရေးပိုင်းဆိုင်ရာ တည်ဆောက်မှုများမှာ အလွန်နည်းပါပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ယူနီဆက်က ထောက်ပံ့ထားသည့် သွပ်အချပ် (၅,၈၀၀) ကျော်အား ယနေ့အထိ ဝေငှခြင်းမရှိဘဲ ဘိုကလေးမြို့ပေါ် အလက (၁) ကျောင်းစတိုခန်းတွင် သိမ်းဆည်းထားကြောင်း ပညာရေးဝန်ထမ်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရနှင့် နိုင်ငံတကာမှ ပေးလှူသည့် ထွန်စက်များမှာ ဒေသအတွင်း အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများထံ ရောက်ရှိခြင်းမရှိဘဲ မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ ရရှိကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

"နိုင်ငံတော်နဲ့ အလှူရှင်တွေပေးတဲ့ ထွန်စက်တွေကို လယ်မင်းသားတွေပဲ ရတယ်၊ အဲဒီလူတွေက မြို့က ပိုက်ဆံရှိသူတွေ၊ လယ်တွေကိုဝယ်ပြီး လူငှားနဲ့လုပ်တဲ့သူတွေ အဲဒီလူတွေက စက်ရတယ်၊ အခုလက်ရှိ မြို့ပေါ်က သူတို့အိမ်မှာပဲ စက်တွေကိုထားတာ"ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲ လာရောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်ဒေသများတွင် စပါးစိုက်ပျိုးမှုများမှာ ရာနှုန်းပြည့်မှီကြောင်း တင်ပြပြောဆိုခဲ့ကြသော်လည်း တကယ်တမ်း စိုက်ပျိုးနိုင်မှုမှာ ၃၅% နှင့် ၅၀% ကြားတွင်သာရှိကြောင်း အဆိုပါလယ်သမားက ပြောသည်။

"အောက်ခြေက လွဲမှားတဲ့ တင်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲအတွက်ရော ဒေသတွင်းက ပြည်သူတွေအတွက်ရော တခုမှ အကျိုးပြုတာမရှိပါဘူး၊ အဲလိုတင်ပြမှုကြောင့် မကြာခင်မှာ အားလုံး အခက်အခဲတွေ ကြုံတွေ့ရမှာပါ၊ အခုဆို ဧက (၅၀၀) လောက် စိုက်တဲ့သူက စပါးတင်း (၁,၅၀၀) လောက်ပဲ ရတယ်၊ တဧကကို (၄) တင်းကနေ (၁၇) တင်း ဝန်းကျင်လောက်ပဲ ထွက်တယ်၊ အထွက်နှုန်းက မမှီ၊ စပါးဈေးက ကျတာနဲ့ နွေစပါးစိုက်ဖို့ဆိုတာ မလွယ်တော့ဘူး"ဟု ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုတခုသာ ယခင်ကထက် ကောင်းမွန်လာကြောင်း မြို့ခံက ပြောသည်။

"နာဂစ်ဖြစ်ပြီး (၂) လကျော်ကြာတော့ ဘိုကလေးပြည်သူ့ဆေးရုံမှာ အရင်ကထက် နွေးထွေးမှုလေးတွေ တွေ့လာရတယ်၊ အဲလိုတွေ့ရတာကလဲ လှူဒါန်းထားတဲ့ ဆေးဝါးတွေက ဆေးရုံမှာ အများကြီးရှိနေတယ်၊ ဆရာမတွေကလဲ လူသားချင်းစာနာတတ်ပုံရတော့ အခမဲ့ကုသမှုတွေမှာ တော်တော်နူးညံ့သိမ်မွေ့လာတာကို တွေ့ရပါတယ်၊ NGO အဖွဲ့တွေကလဲ ဆေးကုသပေးတာတွေ ရှိတယ်၊ ဘိုကလေးမှာဆိုရင် ခရစ်ယာန်အသင်းတော်က အခမဲ့သွားစိုက်ပေးတာ၊ အခမဲ့ဆေးကုပေးတာတွေ ရှိတယ်"ဟု ပြောသည်။

ထို့အပြင် မကြာခင်ရက်ပိုင်းအတွင်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က လေးနှစ်စာအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် အဆိုးဆုံးမှာ လမ်းပျက်စီးမှုများကို သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ပြုပြင်ခြင်းလုံးဝမရှိကြောင်း ၎င်းက ပြောသည်။

"တမြို့လုံး လမ်းတွေပျက်နေတယ်၊ စည်ပင်သာယာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာမယ်ဆိုလို့ (၁၈) လမ်း ကားလမ်းတံတားထိပ်ကနေ ဆေးရုံထောင့်အထိပဲ ဟန်ပြလုပ်တာရှိတယ်၊ သူတို့က ကတ္တရာတို့ ကျောက်တို့ သဲတို့ထုတ်ပြီး ရောင်းစားတာလောက်ပဲ ရှိတယ်၊ ဘိုကလေးကို (၁၅) ရက်တကြိမ်လောက် ဗိုလ်ချုပ်မှူးကြီး လာမယ်ဆိုရင်တော့ လမ်းတွေကောင်းသွားနိုင်ပါတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲဖြစ်သူက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခဲ့ရာတွင် အောက်ခြေအဆင့် တာဝန်ရှိသူများက ပကတိအခြအနေမှန်များကို ဖုံးကွယ်ထားပြီး ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်။

http://kyawswarhtoon.blogspot.com/feeds/562094126141594390/comments/default

မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး
NEJ/ ၃၁ ဒီဇင်ဘာ ၂၀၀၈
line

ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။

ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။

"ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့" ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး "အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ" ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။

မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း "မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့" ဟု ဆရာတော်က ရှင်းပြသည်။

http://kyawswarhtoon.blogspot.com/feeds/733017966285376899/comments/default

ဆန္ဒပြသူများကိုပြည်သူ့လွှတ်တော်ရှေ့တွင်ရိုက်နှက်ဖမ်းဆီး

December 30, 2008 · No Comments

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြနေသူများ

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြနေသူများ

ရေးသူ…တင်ကျော်ကျော်စိုး (Freedom News Group)

ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြ
သည့်အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်အချို့ကိုအန်အယ်လ်ဒီရုံးရှေ့မှထွက်ခွာပြီး ပြည်လမ်းပြည်သူ့
လွှတ်တော်သို့ အသွားတွင်ရဲလုံထိန်းနှင့်စစ်ဒေသကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို

ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ခဲ့ရသည်ဟုမျက်မြင်တွေ့ခဲ့ရသူများကFreedom
News Groupသို့ပြောပြသည်။

ဖမ်းဆီးခံရသူများတွင်ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ကိုရဲနီဦး၊
ကိုပြည့်ပြည့်၊ကိုအောင်ဖြိုးဝေ၊ ကိုဝင်းမြင့်၊ကိုမင်းသိန်း၊ကိုကောင်းထက်လှိုင်နှင့် ကိုသက်မောင်
ထွန်းတို့ဖြစ်သည်

Categories: သတင်း · ပြည်တွင်းသတင်း
Tagged:

http://kyawswarhtoon.blogspot.com/feeds/9193238253418417338/comments/default

စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရန် အမျိုးသားကောင်စီ စီစဉ်နေပြီ (အင်တာဗျူး) Print E-mail
အင်တာဗျူး
ဇာနည်
စနေနေ့၊ ဇန်နဝါရီလ 03 2009 15:12 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ဖြုတ်ချရေး နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုထိရောက်စွာ လုပ်ကိုင်ရန်အတွက် စင်ပြိုင်အစိုးရ တရပ်ကို ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က စီစဉ်နေသည်။

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေသည် စစ်အစိုးရကို ဖြုတ်ချရန်အတွက် လုံလောက် ထိရောက်မှု မရှိသေးသဖြင့် ယခုလို စင်ပြိုင်အစိုးရ ဖွဲ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု NCUB ၏ ဇန်န၀ါရီ ၁ ရက်နေ့၊ နှစ်သစ်ကူး အထူး ထုတ်ပြန်ချက်က ဆိုသည်။

NCUB တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းကို မဇ္ဈိမ သတင်းထောက် ဇာနည်က ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ NCUB က စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းဖို့ ဖြစ်လာရတဲ့ အကြောင်းရင်း သိပါရစေ။

ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ အခြေအနေတွေအောက်မှာ ကျနော်တို့ စဉ်းစားလာတာက ရှိထားပြီးသား အခြေအနေတွေနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ ဒီနေ့ ရှိထားပြီးသား အခြေအနေတွေက စစ်အုပ်စုကို သေသေချာချာ တိုက်နိုင်တဲ့ အဆင့်မရှိဘူး။ ဖယ်ရှားနိုင်တဲ့ အဆင့်မရှိဘူး။ နောက်တခုက မြန်မာပြည်မှာ ရှိတဲ့ ပြည်သူလူထုတွေ ခံစားနေရတဲ့ စစ်အုပ်စုတွေရဲ့ ဖိနှိပ်မှုတွေအပေါ်မှာ အကာအကွယ်ပြုနိုင်မယ့် အခြေအနေမျိုးတွေ လုံးဝ မရှိဘူးလို့ ကျနော်တို့ မြင်လာတဲ့အခါမှာ ဒီ့ထက် အကျိုးရှိတဲ့၊ ဒီထက် ထိရောက်တဲ့ အခြေအနေတွေကို ဖော်ဖို့အတွက် အခုလိုမျိုး အစီအစဉ်ကို ကျနော်တို့ စီစဉ်ရတာ ဖြစ်တယ်။ အဲလို စီစဉ်ဖို့လည်း ကျနော်တို့ အနေနဲ့ စပြီးတော့ စဉ်းစားပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်။

ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ကျနော်တို့ အဓိက ကြည့်တာက ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို ဖယ်ကျဉ်ဖို့နဲ့ အဲဒီဟာကို သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ အဲဒီကနေမှ စစ်အုပ်စုကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ ခြေလှမ်းတွေကို စဉ်းစားပြီးတော့ ဒီအစီစဉ်ကို လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ အောင်မြင်မယ်လို့ အတိအကျ၊ အခိုင်အမာ ယုံကြည်ပြီးတော့ ကျနော်တို့ ဒီလုပ်ငန်းကို စတင်ပြီးတော့ စီစဉ်တာဖြစ်ပါတယ်။

မေး။ ။ အခုလို ဖွဲ့စည်းမယ့် စင်ပြိုင်အစိုးရအဖွဲ့မှာက ဘယ်သူတွေနဲ့ ညှိနှိုင်းဖွဲ့စည်းမှာပါလဲ။

ဖြေ။ ။ နှစ်ပေါင်း ၅၀ ကျော် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ။ နောက်ပြီးတော့ ဒီက ဒီမိုကရေစီ အင်အားစုတွေ၊ နောက် ၁၉၉၀ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နောက် နိုင်ငံတကာမှာ ရှိတဲ့ တတ်သိပညာရှင် မျိုးချစ်နိုင်ငံသားတွေ၊ သူတို့အားလုံးနဲ့ ပေါင်းစပ်ပြီးတော့ ဒါကို ဖွဲ့စည်းသွားမှာပါ။

မေး။ ။ အခုလို စင်ပြိုင်အစိုးရကို ဖွဲ့စည်းမယ့်အပေါ်မှာ နိုင်ငံတကာ ထောက်ခံမှုကကော ဘယ်လောက်ရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ် စစ်မှန်ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပုံစံတရပ်ကို လက်တွေ့ အကောင်အထည်ဖော်မယ်။ နောက်တခုအနေနဲ့က ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်တည်မှု သမိုင်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ကျနော်တို့ နိုင်ငံတကာကနေ အသိအမှတ်ပြုမှု ထောက်ခံမှုတွေနဲ့ အားပေးမှုကို ရလာလိမ့်မယ်လို့ ကျနော်တို့ကတော့ အခိုင်အမာ ယုံကြည် မျှော်လင့်ထားပါတယ်။

မေး။ ။ ဒီလိုဖွဲ့စည်းတာဟာ တကယ့်အစိုးရ တရပ်လို ဖော်ဆောင်သွားနိုင်မှာပါလား။

ဖြေ။ ။ တကယ့်အစိုးရ တရပ်အနေနဲ့ ဖော်ဆောင်ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရ ဖွဲ့စည်းတယ်ဆိုရင် သူ့မှာ ကိုယ်ပိုင်နယ်မြေ ရှိဖို့လိုတယ်။ ကိုယ်ပိုင်တပ်တွေ ရှိဖို့လိုတယ်။ အုပ်ချုပ်ခံတဲ့ ပြည်သူလူထု ရှိဖို့လိုတယ်။ အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်မှု ယန္တရားတွေ ရှိဖို့လိုတယ်။ အဲဒီလို အစိုးရ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်ရှိတဲ့ အခြေခံ အချက်တွေနဲ့ ကိုက်ညီအောင် အဓိကထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အောင်မြင်မယ့် ကိစ္စဖြစ်တယ်။ နောက် နိုင်ငံတကာက အသိအမှတ်ပြုမှုကိုလည်း အများကြီး ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။

မေး။ ။ ဒါဆိုရင် NCUB၊ စင်ပြိုင်အစိုးရ အနေနဲ့က လက်နက်ကိုင်တပ်ကို ထူထောင်မှာပါလား။


ဖြေ။ ။ ကျနော်တို့မှာ အခုလည်း ရှိပါတယ်။ အဲဒါက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စုဖွဲ့ထားတာပါ။ NCUB က လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒီလိုပါ Non Violence တို့ လက်နက်ကိုင်တိုက်ပွဲတို့ ဆိုတာတွေက သတ်မှတ်ချက်နဲ့ ပြောနေတဲ့ ကိစ္စပါ။ လက်တွေ့ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကို သူတို့ နေရင်းဒေသတွေမှာ အေးအေးချမ်းချမ်း နေလို့မရတဲ့ အခြေအနေဖြစ်အောင် စစ်အုပ်စုရဲ့ မတရားဖိနှိပ်ပြီး တိုက်ပွဲဝင်မှုတွေကို အချိန်နဲ့အမျှ ခံစားနေရတာ ရှိတယ်။

အဲဒီတော့ ကျနော်တို့က ဒီနေ့ လက်နက်ကိုင်တယ်ဆိုတာ တိုင်းရင်းသားတွေက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လက်နက်ကိုင်ပြီးတော့ စောင့်ရှောက်ပြီးတော့ ဒီတာဝန်ကို ကျနော်တို့ ယူနေကြတာ ဖြစ်တယ်။ အဲဒီတော့ လက်နက်ကိုင်ပြီး တိုက်ဖို့ဆိုတာထက် လက်နက်နဲ့ လူထုကို အကာအကွယ်ပြုနေတဲ့ အခြေအနေတွေကို ကျနော်တို့က သွားနေရတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိဖို့လိုတယ်။

အဲဒါကို ကျနော်တို့က သေနတ်ကိုင်တဲ့အတွက် Non Violence လုပ်တာ မဟုတ်တော့ဘူးလို့တော့ ဒီလိုဘက်က ရှုမြင်လို့ မရဘူးလို့ ကျနော်တို့က ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ဘယ်ဒီမိုကရေစီ နိုင်ငံမှာဖြစ်ဖြစ် တပ်ဆိုတာ ရှိတယ်။

နောက်တခုက အုပ်ချုပ်ရေး လုပ်ငန်းလုပ်တဲ့ ရဲတွေမှာ သူတို့ လက်နက်ကိုင်ထားတယ်။ အဲဒီတော့ ဒီစစ်တပ်တွေ၊ ရဲတွေ လက်နက်ကိုင်တာ အကြမ်းဖက်တယ်လို့ ပြောမယ်ဆိုရင် နအဖ စစ်အုပ်စုလို တရားဝင် လက်နက်ကိုင်ပြီးတော့ တရားဝင် အကြမ်းဖက်ခွင့်ကို ရနေတယ်ဆိုတဲ့ အခြေအနေမျိုး မဖြစ်အောင် လုပ်နေရတဲ့ အခြေအနေမျိုးလည်း ရှိတယ်။ ဆိုတော့ အဲဒီ အပိုင်းဘက်ကနေပြီးတော့ ရှုမြင်ထားချက်တွေအရ ဒီနေ့ လက်နက်ကိုင်တပ်ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ လူထုနဲ့ တိုင်းပြည်ကို ကာကွယ်မှုပြုသွားဖို့ ဆိုတာကို စဉ်းစားတာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ရှိထားပြီးသား စင်ပြိုင်အစိုးရတခုဖြစ်တဲ့ NCGUB နဲ့ကရော ဘယ်လို ဆက်လက် ညှိနှိုင်းလုပ်မလဲဆိုတာ သိပါရစေ။

ဖြေ။ ။ NCGUB ကလည်း သီးခြားအဖွဲ့အစည်း မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်လာခဲ့တဲ့ အဖွဲ့စည်းတခု ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေတဲ့နေရာမှာ သူတို့အပါအ၀င် အဖွဲ့အစည်းအားလုံးနဲ့ စပ်ဆက်ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။

အစိုးရ ၂ ခု ဖြစ်မယ်လို့တော့ ကျနော်တို့ မမြင်ဘူး။ ကျနော်တို့ လုပ်ချင်တာက လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အစိုးရတရပ်ကို ဖော်ဖို့၊ အဲဒီပုံစံကို ကျနော်တို့ ပြောင်းလဲသွားဖို့၊ အဲဒီ ပုံစံကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ အဲဒီ ပုံစံကနေ လက်တွေ့ကျင့်သုံးသွားဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ အစိုးရ ၂ ရပ် ဖြစ်လာမယ်လို့ ကျနော်တို့ မယုံကြည်ဘူး။

နောက် ကျနော်တို့ ညှိနှိုင်းပြီးတော့လည်း ဒီကိစ္စကို ဆောက်ရွက်သွားမှာ ဖြစ်တဲ့အတွက် အင်အားရှိတဲ့ အစိုးရကတော့ တရပ်ထဲပဲ ရှိရမှာ ဖြစ်တယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အခုလို ဖွဲ့စည်းတာဟာ ဘယ်အချိန်လောက်ကျရင် အကောင်အထည် ပေါ်လာနိုင်မလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ပြောနိုင်တာကတော့ ၂၀၀၉ ခုနှစ်အတွင်းမှာ ဒါကို အောင်မြင်အောင် အပြီးအစီး အကောင်အထည် ဖော်နိုင်အောင် လုပ်သွားဖို့ရှိတယ်။ အဲဒီတော့ ဒီကြားမှာလည်းပဲ ဒါကို အချိန်မရွေး အခြေအနေတွေကို စပြီး တရားဝင် ကြေညာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

http://kyawswarhtoon.blogspot.com/feeds/446366925298636804/comments/default

နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်

January 2, 2009 · No Comments

     ဒေါ်အောင်ဆန်းစုကြည်နှင့်နှုတ်ခမ်းမွှေးညီအက�ု

ဒေါ်အောင်ဆန်းစုကြည်နှင့်နှုတ်ခမ်းမွှေးညီအကို

ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအခြေစိုက်နှုတ်ခမ်းမွှေးညီနောင်ဟူနာမည်တွင်သည့်နိုင်ငံရေးအကုဉ်းသားဟောင်း
လူရွှင်တော်ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ဖြစ်သူလူရွှင်တော်ကြီး ဦးညိုဘန်း

မှာ၁၃၇၀-ခု၊ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီအသက်၈၅နှစ်အရွယ်တွင်ကွယ်လွန်အနိစ္စရောက်
ခဲ့သည်ဟုသတင်းရရှိသည်။

စစ်အစိုးရအားအနုပညာဖြင့်ဝေဖန်တိုက်ခိုက်ခဲ့သည့်အတွက်လူရွှင်တော်ဦးပါပါလေးမှာ၁၉၉၆ခုနှစ်တွင်ထောင်ဒဏ်
အပြစ်ပေးခံရပြီးမြန်မာနိုင်ငံမြောက်ဖျားရှိကျိန်ခရမ်ခရဲဘက်စခန်းသို့ပို့ဆောင်ခြင်းခံရသည်။

လူရွှင်တော်ကြီး ဦးညိုဘန်း၏ကြွင်းကျန်ရစ်သောရုပ်ကလပ်ကိုမန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁
ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့(၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်ပို့ဆောင်မီးသဂြိုဟ်
ခဲ့သည်ဟူသတင်းရရှိသည်။

http://kyawswarhtoon.blogspot.com/feeds/943375356848011943/comments/default

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကို
အားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေး
အိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင်
ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။

ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း
ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင်
ပါဝင်ခဲ့သည်။ ကျောင်းသားထုအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်
ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်
ချမှတ်လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား
ဥပဒေကို နအဖစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်
သည်။ ယခုလို လူငယ်ကျောင်းသားတစ်ယောက်အပေါ် ချမှတ်သည့်ပြစ်ဒဏ်
်သည် မည်သည့်နိုင်ငံတကာတရားစီရင်ရေးစနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ်
ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး
အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက်
သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး
မားဆုံးဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://kyawswarhtoon.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.