Saturday, November 29, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၂)

ဆိုင်ဘာ အတိုက်အခံ တယောက်၏ အရှုံး - အပိုင်း(၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူအများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲ့ဘူး၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က် အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲကခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်း ခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ "ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ် တယ်ဆိုတာ ကျမ သဘောပေါက်သွားတယ်" လို့ မူစတာဖာက ပြောတယ်။

လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြ ပါတယ်။ စိန်ခေါ်မှုတခုကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေ ရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့ အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ဆော်စာတွေ ရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူးသဖြင့် ဆင်းရဲသားပြည်သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုး လည်း လုပ်ကြပါတယ်။

မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင် နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမတော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါတယ်။ မူစတာဖာကတော့ ကိုင်ရိုမြေ အောက်ရထား ဘူတာရုံ ထဲဝင်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာဟာမိမိရဲ့  လေးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။

ကိုင်ရို တက္ကသိုလ်

ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော် သြတာကို ပျက်ရယ်ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက် မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မ တက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။

မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ် သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာ တွေလုပ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင် တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ် ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမားတဦးကိုလည်း တရားစွဲခဲ့ပါတယ်။

မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော် ငြာဘုတ်အသစ်ကြီး တွေ့မြင်ရပါတယ်။ "လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။" "တွေးခေါ်တတ်သော ပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။" လို့ ရေးထားပါတယ်။

မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါ တယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့် နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည်က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုးရိမ် ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြ တယ်။

အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူ ထားပါတယ်။ အဲဒီမှာ အနက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာ ရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံ တွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အခါ ရဲ တွေက တွန်းထုတ် ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ ဆော်ထားတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။

ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာ ဘာ ဆင်းရဲသားရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ "အင်တာနက် တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး" လို့ သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က်အကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်ကလူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါ မှမကြားဖူးပါဘူး။

ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အား ထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။

မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ် ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။ "ငါ ဘာလုပ်ရမလဲ။"

"အိမ်ဘဲပြန်လိုက်ပါ" လို့ မာဟာက ပြောလိုက်တယ်။ ညနေစောင်းတဲ့ အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်း ခါးသီးစွာနဲ့ သူမ နာမည်ကို ဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နာရီ အနည်းငယ် ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။

နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အ သွားမှာ ရဲတွေဖမ်းတာကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့ လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ ကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက်နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါတယ်။ သူတို့က ဖေ့စ်ဘွတ်က် အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမည်ရင်းတွေ တောင်းတယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။

မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသျှိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါ တယ်။

"ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ" လို့ လုံထိန်း အရာရှိတယောက်က မာဟာကို ပြောလိုက်ပါသတဲ့။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဖိုးစံ] 1 New Entry: Multiple Instances of Yahoo

Multiple Instances of Yahoo

Multiple Instances of Yahoo ဆိုတဲ့ အကြောင်းလေးကိုတင်ပြချင်တာကြာပါပြီး Multiple Instances of Gtalk နည်းကိုတော့ လူတိုင်းသိကြပါတယ်။ Yahoo လည်း Gtalk လို Folder တွေ များစွာဖွင့်နိုင်ပါတယ်။ Yahoo Messenger 8 ကို Multiple Instances လုပ်ဖို့အတွက်ကတော့ Notepad ထဲမှာ ဒါကိုရိုက်လိုက်ပါ...
REGEDIT4

[HKEY_CURRENT_USER\Software\yahoo\pager\Test]
"Plural"=dword:00000000

ပြီးရင် .reg နဲ့ Save as လုပ်လိုက်ပါ.။ ပေါ်လာတဲ့regedit file ကို Run လိုက်ပါ။
ဒါမှမဟုတ်အဆင်သင့်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီမှာ ယူပြီး Run နိုင်ပါတယ်။ Y! Multi Messenger 8.x and 9.x အတွက်လည်း ဒီမှာ ယူနိုင်ပါတယ်။ အဆင်ပြေပါစေ....................

Related media files: http://download.yimg.com/ycs/msg/dl/msgr8/us/ymsgr810_421_us.exe

You received this email because you are subscribed to the real_time feed for http://phosan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 2 New Entries: ၂၈ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၂၈ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ - မဇ္ဈိမ click here
  • KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ - မဇ္ဈိမ click here
  • ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု - မဇ္ဈိမ click here
  • မုန်တိုင်းအပြီး (၆)လကျော်အထိ ဘိုကလေးမြို့နယ်အတွင်း စာသင်ကျောင်းတွေပြန်မဆောက်နိုင်သေး - အာရ်အက်ဖ်အေ click here
  • လောင်းကစားဝိုင်းတွေ စစ်တပ်ထဲမှာ ပေါ်ပေါ်ထင်ထင်လုပ်နေတဲ့အတွက် ဒေသခံတွေစီးပွားရေးထိခိုက်- အာရ်အက်ဖ်အေ click here
  • ထောင်မှလွတ် မြန်မာငါးဖမ်းလုပ်သား ၃၂၁ ယောက် အိန္ဒိယက ပြန်ပို့ပေး - အာရ်အက်ဖ်အေ click here
  • ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace - မဇ္ဈိမ click here
  • Shining Buddha by Artist Di Pa, Solo Art Exhibition... - လျှပ်တစ်ပြက် click here
  • ဗဟိုအတွင်းရေးမှူးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ဧရာဝတီ . - လျှပ်တစ်ပြက် click here
  • ဆရာမှူးသမိန်နှင့်ဇနီး နှစ် (၆ဝ)ပြည့် မင်္ဂလာနှစ်ပတ်လည်ကျင်းပ - လျှပ်တစ်ပြက် click here
  • ပြည်ပသို့ အလုပ်အကိုင်အတွက် သွားရောက်ကြသည့် မြန်မာလူငယ်များအများစု အလုပ်အကိုင်အခွင့်အလမ်း ရှိနေဆဲဖြစ်သော အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်လာပြီး ပြိုင်ဆိုင်ရမှုလည်း ပိုမိုလာ - ၀ိကလီးအလယ်ဗင်း click here
  • ထုတ်ကုန်လိုင်စင်လျောက်ထားရာတွင် လိုင်စင်များအား ရောင်းစားခြင်းမပြုကြောင်းနှင့် သတ်မှတ်ချိန်အတွင်း လျောက်ထားသည့်တန်ချိန်အား အမှန်တကယ်တင်ပို့မည်ဖြစ်ကြောင်း ၀န်ခံကတိပူးတွဲပေးရန်လိုအပ် - ၀ိကလီးအလယ်ဗင်း click here

၂၇ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • နှစ်ရှည်ထောင်ဒဏ်မဵားကို လန်ဒန်မှာအစာငတ်ခံ ကန်ႛ့ကွက်ဆန္ဒပြ အာရ်အက်ဖ်အေ click here
  •ိုံင်ငံရေးလပ်ြရြားသူမဵားအား ထောင်ဒဏ်အသီးသီး အာရ်အက်ဖ်အေ click here
  • မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန် ဗွီအိုအေ click here
  • နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦး နယ်ထောင် အပို့ခံရ ဗွီအိုအေ click here
  •ိုံင်ငံရေး အကဉ်းသားးဦးကို နယ်ထောင်မားသိုထပ်မံေူပာင်းအောရ်အက်ဖ်အေ click here
  •ြိးဆက်သစ် လူငယိံစြ်ဦးကို ထောင်ဒဏ် ၈ိံစ်ြစီ မတြ် အာရ်အက်ဖ်အေ click here
  • အေ့ဒ်စ်ရောဂရငြ် သေဆုံိးံနြ်းအမန်ြမြာ ထုတ်ူပန်ခက်ထက် ပိုမိုာူးပား အာရ်အက်ဖ်အေ click here
  • လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ် ဧရာဝတီ click here
  • ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု မဇ္ဈိမ click here
  • မြန်မာ့ငါးတင်ပို့မှု ထက်ဝက်ခန့် ကျဆင်းသွား မဇ္ဈိမ click here
  • HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း မဇ္ဈိမ click here
  • မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာနိုင်ငံတွင် နှစ်ဆတိုးလာ မဇ္ဈိမ click here
  • အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ် မဇ္ဈိမ click here
  • ချင်းမိုင်သျှမ်းများ နှစ်သစ်ကူးပွဲကျင်းပ သျှမ်းသံတော်ဆင့် click here

  • ဇာဂနာကို "လွတ်လပ်စွာ အနုပညာဖန်တီးခွင့်" ဆု ချီမြှင့် မိုးမခ click here
  • rEWav;um;avvHyGJrSm tm%mydkifawG um;aumif;,loGm;+yD; um;pkwfukdyJ csefvSyf ဒီဗွီဘီ click here
  • trsKd;orD;awGudk axmifESpf&Snfcswm[m vlom;xkwckvkH;twGuf&Sufp&mygvdk@ EdkA,f+idrf;csrf;a&; qk&Sif &D*dkbmwmrifcsK;u ajym ဒီဗွီဘီ click here
  • a&eHacsmif;u &mZ0wfr_rsm; vufonfray: ဒီဗွီဘီ click here
  • ကမ္ဘာမြေ၏လက်ဆောင် (သို့မဟုတ်) အလေးထားပါ မြေကမ္ဘာ ၀ိကလီးအလဲဗင်း click here
  • မြိတ်ကျွန်းဒေသ၏အမှတ်လက္ခဏာတစ်ခုဖြစ်သော လက်ယက်လှေကလေးဖြင့် ကင်းမွန်ဖမ်းသော ရေလုပ်ငန်းမှာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုအဖြစ် ရပ်တည်နိုင်လျက်ရှိ ၀ိကလီးအလဲဗင်း click here
  • Gallant သင်တန်းကျောင်းဟောပြောပွဲကျင်းပ ၀ိကလီးအလဲဗင်း click here
  • မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းမှ လျှက်တစ်ပြက် click here
  • ကမ္ဘာ့ဘဏ်ကြီးတချို့ ပြိုလဲယိမ်းယိုင်ခဲ့သော်လည်း ပထမပုဂ္ဂလိကဘဏ်က ယခင်နှစ်ကထက် အမြတ်ငွေပို မြန်မာဖိုရမ် click here
  • မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပတ်ဝန်းကျင် ထိခိုက်မှုရှိ မရှိ လေ့လာ မြန်မာဖိုရမ် click here
  • pdkufysKd;a&;vkyfief; vdktyfcsufrsm; &SdaeqJ[k v,form;rsm;qdk မြန်မာတိုင်းမ် click here
  • ZD0avmifpmxkwfvkyf&ef jrefrm-awmifudk&D;,m; em;vnfrSLpmcsKyfcsKyfqdk မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Free In Mind] 1 New Entry: Bagan Sunset II

Bagan Sunset II

နေ၀င်ပြီ..။ လိမ္မော်ရောင်း အလင်းဖျော့ဖျော့ ကောင်းကင်ထက်မှာ စွန်းထင်လာတယ်..။ ထီးတော်မပါတဲ့ ဘုရားက ဓမ္မရံကြီးပေါ့..။ မြူတွေ ဆင်းလာပြီလေ..။ ဟိုးတောင်ထိပ်မှာ ရွှေရောင်ပြောင်ပြောင်ဘုရားကိုလှမ်းမြင်နေရတယ်..။ လွမ်းဖို့ကောင်းတဲ့ အမိမြေက ပုဂံလေ..။

ကျွန်တော် ဒီပုံလေးကိုရတော့ အရမ်းပျော်သွားတယ်..။ ကျွန်တော်သုံးပြီးရိုက်တဲ့ lens က manual focus, manual aperture, 80 ~ 200 tele lens ပါ..။ အကောင်းစားမဟုတ်ပါ..။ ဒါတောင် သူများဆီက ငှားရိုက်ရတာပါ..။ lens ငှားတဲ့ ကိုသခင်ကြီးကို ကျေးဇူးပါဗျာ..။ ပုံကို ပြင်မထားပါဘူး..။ သဘာဝအတိုင်းပါပဲ..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 3 New Entries: အချစ်

အချစ်


အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?

အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...

အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ "အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်" လို့ ပြန်ဖြေခဲ့တယ်။

လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ " အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်" လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။

မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။

ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။

အဘိုးအိုက..

"ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ" လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။

နိုင်းနိုင်းစနေ
htpp://www.youthwant.com.tw

The World's Ugliest Buligings

Monstrosities, eyesores, nightmares of architecture -- call them what you like, ugly buildings are sadly all around us.

အထက်က ဆိုထားတဲ့အတိုင်း ငွေကြေးအများအပြား အသုံးပြုပြီး ဆောက်လုပ်ခဲ့ကြတဲ့ ပုံပျက်ပန်းပျက် အဆောက်အဦးတွေ၊ ဆွဲဆောင်မှု မရှိတဲ့၊ မအောင်မြင်တဲ့ အဆောက်အဦး လက်ရာတစ်ချို့ကို Nov.7.2008 မှာ CNN က စစ်တမ်းကောက် ဖော်ပြခဲ့ပါတယ်။ ပါဝင်တဲ့ အဆောက်အဦးတွေက...

၁) Millennium Dome (02 Arena) in London

ဒီအဆောက်အဦးကို စတာလင်ပေါင် သန်း၁၂ဝ အကုန်အကျခံပြီး ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ် ပြီးစီးတဲ့အချိန်မှာ ဒီအဆောက်အဦးကို အင်္ဂလန်ပြည်သူတွေ သဘောမကျကြသလို အစိုးရကလည်း မနှစ်သက်ခဲ့ပါဘူး။ ပိုဆိုးတာက အဆောက်အဦး နှစ်စဉ်ပြုပြင်ထိန်းသိမ်းခက တစ်နှစ်ထက် တစ်နှစ်တိုးလာ တာပါပဲ။

၂) Rock and Roll Hall of Fame in Cleveland

Cleveland က Rock and Roll Hall အဆောက်အဦးဖြစ်ပါတယ်။ အမေရိကန်တွေ ဒီဟောကို မနှစ်သက်ကြသလို အသုံးလည်း မပြုကြပါဘူး။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၈၄သန်းထက်မက ကုန်ကျထားတယ်လို့ ဆိုပါတယ်။

၃) Ryugyong Hotel in North Korea

၁၉၈၇ ခုနှစ်မှာ စဆောက်ခဲ့ပေမယ့် စီးပွါးရေး ကြပ်တည်းမှုကြောင့် ၁၉၉၂ ခုနှစ်မှာ ဆောက်လုပ်ခြင်းမှ ရပ်နားခံခဲ့ရတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ကမ္ဘာ့အစုတ်ပြတ်ဆုံး အဆောက်အဦးဟောင်းအဖြစ် နာမည်ကျော်ကြားပါတယ်။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ သန်း၇၅ဝ ဖြစ်ပါတယ်။

၎) Experience Music Museum in Seattle

မိုက်ခရိုဆော့ တွဲဖက်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ Paul - Allen က ကွယ်လွန်သွားတဲ့ ရောခ့်အင်ရိုးအဆိုတော် တစ်ဦးအတွက် အထိမ်းအမှတ် ဆောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လာရောက်လည်ပတ်သူနဲ့ အမေရိကန်ပြည်သူတွေရဲ့ နှစ်သက်မှုကို မရခဲ့ပါဘူး။ ကုန်ကျငွေက အမေရိကန်ဒေါ်လာ သန်း ၁ဝဝဖြစ်ပါတယ်။


၅) Birmingham Bullring in England Birmingham

အင်္ဂလန်နိုင်ငံ ဘာမင်ဟန်မြို့မှာ တည်ထားတဲ့ ရှော့ပင်းမောလ် ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ် အောက်တိုဘာမှ စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦး ၃လုံးနဲ့ ဆက်စပ် ဆောက်လုပ်ထားပါတယ်။ အဆောက်အဦးတွေကို မတူတဲ့လမ်းတွေနဲ့ ကားရပ်နားရာနေရာ ၃၁ဝဝနဲ့ ဆက်ထားပါတယ်။ ကုန်ကျငွေ စတာလင်ပေါင် သန်း ၁ဝဝဝ ကုန်ထားတဲ့ တကယ့်ငနွား နွားသိုးအဆောက်အဦးဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ အဆောက်အဦး (၅) ခုကို CNN ဆိုက်ထဲမှာ ဆက်ကြည့်နိုင်ပါတယ်။ အပေါ်ဆုံး ကိုယ်တိုင်ရိုက်ပုံက လွဲရင် ကျန်ပုံလေးပုံကို CNN ထဲက ယူထားပါတယ်။

နိုင်းနိုင်းစနေ

"မိုင်ဆွမ်ခ"


"မိုင်ဆွမ်ခ" လို့ ပထမဦးဆုံး နှုတ်ဆက်လိုက်ပါတယ်။ တကယ်တော့ ဒီပို့စ်ကို ကျွန်မရေးချင်နေတာ တန်ဆောင်တိုင်ပွဲပြီးလို့ ဒီပွဲအတွက် ပွဲစင်တွေ ထပ်ပြန်ဆောက်တဲ့ အချိန်ကတည်းကပါ။ ဒီပွဲက ကျောင်းပိတ်ရက်နဲ့ မကြုံတော့ နေ့ခင်းဖက်တွေမှာ ဓာတ်ပုံတွေ သွားရိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ညရိုက်တဲ့ ပုံတွေက ကင်မရာ အညံ့စားလေးကြောင့် မကြည်မလင်ဖြစ်နေပါတယ်။ အကောင်းဆုံးပုံတွေ ရွေးပြီး တင်လိုက်ပါတယ်။

ရေးချင်ဇောနဲ့မို့ ဘာပွဲလဲဆိုတာ ပြောဖို့မေ့သွားတယ်။ တာချီလိတ်မြို့မှာ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပတဲ့ ရှမ်းတိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်... "ရှမ်းနှစ်သစ်ကူး ပွဲတော်" အကြောင်းလေးပါ။ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပတယ်ဆိုပေမယ့် ၂၂ ရက်နေ့ကတည်းက ပွဲဈေးစခင်းနေပါပြီ။ ဒီညတော့ စားသောက်ဖို့ လက်မှတ်ဝယ်ထားတယ်ဆိုလို့ ကျောင်းအဆင်းမှာ အစ်မတို့ မိသားစုနဲ့ လိုက်သွားဖြစ်တယ်။ စားသောက်တဲ့နေရာ စတိတ်စင်ရှေ့ကို သွားဖို့ လူတွေကို အတင်းတိုးဝှေ့ခဲ့ရပါတယ်။ တန်ဆောင်တိုင်ပွဲတုန်းက ၃ပုံ ၂ပုံလောက်သာ ပွဲဆိုင်ခန်းတွေနဲ့ ပြည့်ခဲ့တဲ့ ကွင်းပြင်ကြီးဟာ ရှမ်းနှစ်သစ်ကူးပွဲမှာတော့ ကွင်းအပြည့် လျှံထွက်လို့နေပါတယ်။ ပွဲဈေးတစ်ခုလုံး ကြက်ပျံမကျ စည်ကားနေပါတယ်။

ည ၈နာရီကျော် ကျွန်မတို့ရောက်တော့ ပွဲက စနေပါပြီ။ ရိုးရာဝတ်စုံနဲ့ ရှမ်းပျိုဖြူလေးတွေ စတိတ်စင်ပေါ်မှာ ညီညီညာညာ ကနေပါပြီ။ စင်အောက်က ပွဲကြည့်ပရိသတ်တွေလည်း စားသောက်နေကြပါပြီ။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ရှမ်းအမျိုးအနွယ်တွေကို မိတ်ဆက်နေတဲ့ အချိန်ဖြစ်နေတယ်။ ရှမ်းလူမျိုးတွေမှာ လူမျိုးပေါင်း ၃၂ မျိုးရှိပြီး အခုဒီပွဲမှာ ပတ်ဝန်းကျင် အနီးအနားမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုး ၁၈မျိုးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၈မျိုးတွေထဲမှာ သိန္ဒီရှမ်း၊ သီပေါရှမ်း၊ ရှမ်းကြီး၊ ရှမ်းနီ၊ အင်းရှမ်း၊ ထိုင်းရှမ်း... စတာတွေပါဝင်ပြီး မြန်မာပြည် အနှံ့ ပြန့်နှံ့နေထိုင်ကြောင်း နေရာဒေသနဲ့တကွ ရှင်းပြသွားခဲ့ပါတယ်။ ကျွန်မ အရောက်နောက်ကျလို့ သေချာ နားမထောင်လိုက်ရပါဘူး။

ရှမ်းပြည်မှာအနှစ် ၃ဝကျော် နေလာခဲ့တဲ့ ကျွန်မအတွက် ဒီလိုရှမ်းနှစ်သစ်ကူးပွဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်တဲ့အတွက် အရာရာဟာ ဆန်းသစ်နေပါတယ်။ ရှမ်းဝတ်စုံ ပုံစံမျိုးစုံဝတ်ထားတဲ့ ရှမ်းမလေးတွေ၊ ရှမ်းကလေးတွေ ကွင်းတစ်ခုလုံး ပြည့်နေပါတယ်။ သူတို့ရဲ့ ဝတ်စုံတွေက အရမ်းကို လှပါတယ်။ ရှမ်းမလေးတွေ ချောတယ်၊ လှတယ်ဆိုတာကို ကျွန်မမျက်ဝါးထင်းထင်း တွေ့မြင်ခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ (ရှမ်းကလေးတွေလည်း ချောကြတယ် .. ဟီး)

ကွင်းတစ်ခုလုံး "မိုင်ဆွမ်ခ... မိုင်ဆွမ်ခ" ဆိုတဲ့အသံနဲ့အတူ ဖန်ခွက်ချင်းထိသံ၊ ပျော်ရွှင်ရယ်မောသံတွေအပြင် ....

အင်္ကျီတွေမှာ

လွယ်အိတ်တွေမှာ
လက်ကိုင်အလံလေးတွေမှာ

ရင်ထိုးမှာ

ရှမ်းအိုးစည်မှာ

ပွဲခင်းတစ်ခုလုံးမှာ ရှမ်းအလံတွေနဲ့ ရှမ်းလူမျိုးတွေက
သူတို့ရဲ့နှစ်သစ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ပျော်ပျော်ပါးပါး ကြိုဆိုနေခဲ့ကြပါတယ်

ပွဲခင်းထဲမှာ ရောင်းနေတဲ့ ရှမ်းထမိန်အဆင်တစ်ချို့

ဒီလိုရာသီ၊ ဒီလိုပွဲတော်ရောက်ရင် လူတွေ သူ့ကို ပိုသတိရကြပါတယ်။ သူမရှိတော့ပေမယ့် လူတိုင်းရဲ့၊ ရှမ်းတိုင်းရင်းသားတိုင်းရဲ့ ရင်ထဲ၊ အသဲထဲမှာ သူ.... ရှင်သန်နေဆဲပါ

အားလုံး မိုင်ဆွမ်ခ... ရှမ်းနှစ်သစ်ကူးပွဲနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေ

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[:: My Little World ::] 1 New Entry: Evolution of Dance

Evolution of Dance

ဒီနေ့  ကြည့်ဖြစ်တဲ့ YouTube Video လေး။ ဒီနေ့  သောကြာနေ့ လည်း ဖြစ်ပြန်၊ လတစ်လရဲ့ နောက်ဆုံးအလုပ် လုပ်ရတဲ့ ရက်လည်းဖြစ်ပြန် ဆိုတော့ တစ်နေကုန် အလုပ်ရှုပ်နေတယ်။ ညနေစောင်း အလုပ်ပြီးတဲ့ အချိန်ရောက်တော့ လူက စိတ်မော လူမောဖြစ်နေပြီး ဘာမှ မလုပ်ချင်းဘူး။ အခု ဒါလေးကြည့်ပြီးမှ စိတ်ကြည်သွားတော့တယ်။ ရီရတယ်။


၂၀၀၆ ကဆိုတော့ ၂ နှစ်တောင် ရှိနေပြီ။ အခု ၂၀၀၈ .. ၂နှစ်ကြာပြီးတဲ့ အချိန် ဒီထဲက လူကြီးကို ထပ်ကခိုင်းမယ်ဆို ဘယ်လို အကတွေ ထပ်ထည့်က မလဲ ဆိုတာ သိချင်တယ်။ YouTube မှာ "Evolution of Dance" ဆိုပြီး ထပ်ရှာကြည့်လိုက်သေးတယ်။ ကြည့်မိသလောက်တော့ ပထမဆုံးကြည့်ဖြစ်တဲ့ ဟာကို သဘောအကျဆုံးမို့  ဒါလေးပဲ ပြန်ဒီမှာ တင်လိုက်တယ်။ တခြားဟာတွေလည်း ကောင်းပါတယ်။ အချိန်ရရင် တခြားဟာတွေပါ ကြည့်လိုက်ပါ။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 4 New Entries: နိုင်ငံတော်ဧည့်ဂေဟာ မီးလောင်ခြင်းအား သတင်းအမှောင်ချခြင်း

နိုင်ငံတော်ဧည့်ဂေဟာ မီးလောင်ခြင်းအား သတင်းအမှောင်ချခြင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

အကြမ်းဖက်သမား အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနိုင်ငံ မြို့ကြီးတစ်ခုဖြစ်သော မွမ်ဘိုင်းတွင် သွေးချောင်းစီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ညက မွတ်ဆလင် စစ်သွေးကြွများဟု ယူဆရသော လက်နက်ကိုင်အဖွဲ့တစ်ခုသည် သေနတ်များ၊ လက်ပစ်ဗုံးများ အသုံးပြု၍ မွမ်ဘိုင်းမှ ထင်ရှားသော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဆေးရုံနှင့် ဘူတာရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၁၀၀)ကျော် သေဆုံးခဲ့သည်။ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးရှိနေသော နေရာ(၇)ခုကို ဖြန့်ကျက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၉၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ ကြမ်းတမ်းစွာ မွှေ့ယမ်းပစ်ခတ်သွားသော အကြမ်းဖက်သမားများသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံသား ပတ်စ်ပို့ကိုင်ဆောင်ထားသော နိုင်ငံခြားသားများကိုလည်း ရှာဖွေဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသူများက ပြန်လည်ပြောကြားခဲ့သည်။

ဓားစာခံများအဖြစ် ဖမ်းဆီးခံရသူ အရေအတွက်ကို မသိရသော်လည်း အနည်းဆုံးလူ (၄၀)ကျော်ရှိမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ ကြယ်ငါးပွင့် အဆင့်ရှိ နာမည်ကြီး ဇိမ်ခံဟိုတယ်ကြီး နှစ်ခုဖြစ်သော တာ့ဂ်ျမဟာနန်းတော်နှင့် အိုဘာရီယို ဟိုတယ်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့သလို နိုင်ငံခြားသားများ အများအပြား လာရောက်လေ့ရှိသည့် လီယိုပိုးလ်ကဖီး၊ မီးရထား ဘူတာရုံတစ်ခု၊ ဆေးရုံနှစ်ရုံနှင့် ရဲစခန်းတစ်ခုကိုပါ တရစပ်တိုက်ခိုက်ခဲ့သည်။ သေဆုံးမှုစာရင်းမှာ ယခုလက်ရှိထက် မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များကဆိုသည်။ တာ့ဂ်ျမဟာ ဟိုတယ်တွင် နိုဝင်ဘာလ (၂၇)ရက်နေ့ မနက်က မီးတောက်များ ထိုးထွက်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဟိုတယ်အတွင်း ၀င်ရောက်ရန် ကြိုးပမ်းခဲ့ရာ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယခုအခါတွင် စစ်တပ်မှာလည်း တစ်မြို့လုံးတွင် ၀င်ရောက်တပ်ဖြန့်ထားလိုက်ပြီဖြစ်သည်။

အခြေအနေကို သုံးသပ်နိုင်ရန် အလွန်ခက်ခဲနေသေးသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ ဓားစာခံများ၏ အခြေအနေမှာ အလွန်ဆိုးရွားနိုင်ကြောင်း မျှော်လင့်ထားပြီး အကြမ်းဖက် တိုက်ခိုက်သူများ၏ အဖွဲ့အစည်းနှင့် အရေအတွက်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ရဲမျာ
းက ၎င်းအကြမ်းဖက်သမားများသည် ကျွမ်းကျင်မှုရှိပြီး အယ်လ်ကေးဒါးနှင့် ဆက်စပ်နေသော အဖွဲ့များဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲထားသည်။ ယခုအချိန်ထိ မွမ်ဘိုင်းတစ်မြို့လုံး ကျီးလန့်စာစား ဖြစ်နေကြသလို အကြမ်းဖက်သမားများကို ချေမှုန်းနိုင်ခြင်း မရှိသေးပေ။ မျက်မြင်များ၏ ပြန်လည်ပြောဆိုမှုအရ တာ့ဂ်ျမဟာ ဟိုတယ်ကြီး၏ လှေကားများတလျှောက် အလောင်းများနှင့် ပြည့်နေသလို သွေးကွက်များ၊ နေရာအနှံ့ လောင်ကျွမ်းနေသော မီးတောက်များကိုလည်း မြင်ခဲ့ရသည်ဟု သိရှိရသည်။ အိန္ဒိယအတွက် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီး ပေါ်ပေါက်လာပြီးနောက် အစိုးရဘက်မှလည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလျက်ရှိသည်။ လွတ်မြောက်လာသူ တစ်ဦးက တက်ဂ်ျမဟာကို ၀င်စီးခဲ့သော အကြမ်းဖက်သမား အရေအတွက်မှာ (၂၀)ဦးခန့်ရှိနိုင်ကြောင်း ပြောကြားသွားသည်။ ၎င်းတို့သည် မြင်သမျှကို မွှေ့ယမ်းပစ်ခတ်သွားသလို လက်ပစ်ဗုံးများကို ဟိုတယ်အခန်းများအတွင်း ပစ်သွင်းခဲ့ကြောင်း ကျောကုန်းတွင် ဒဏ်ရာရပြီး လွတ်မြောက်လာသည့် အဆိုပါမျက်မြင်သက်သေက သတင်းထောက်များထံ ပြောကြားသွားသည်။ လွတ်မြောက်လာသော ဗြိတိန်နိုင်ငံသားတစ်ဦးက အဖမ်းခံထားရသည့် ဓားစာခံများထဲတွင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားများသာမက အိန္ဒိယ နိုင်ငံသားများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဗြိတိန်နိုင်ငံသား မဟုတ်ဟု လိမ်လည်ပြောကြားခဲ့ပြီးနောက် အကြမ်းဖက်သမားများက ၎င်းကိုအာရုံ မစိုက်တော့ဘဲ ဘေးနားတွင်ရှိသော အမေရိကန် နိုင်ငံသားတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အကြမ်းဖက်သမားများက လူတိုင်းကို လက်မြှောက်ခိုင်းထားပြီး အမေရိကန်နှင့် ဗြိတိသျှများကို မေးခွန်းထုတ် ရွေးချယ်ခဲ့ကြသည်။ လွတ်မြောက်လာသူတစ်ဦးက အကြမ်းဖက်သမားတိုင်းသည် ကိုယ်တွင် ဖောက်ခွဲရေး ကိရိယာများ တပ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ ရုပ်မြင်သံကြားတွင် AK-47သေနတ်အား မွှေ့ယမ်းပြီး ဟိုတယ်ထဲပြေးဝင်နေသော ငယ်ရွယ်သည့် စစ်သွေးကြွတစ်ဦး၏ ရုပ်ပုံကို ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းပုံသည် ဟိုတယ်လုံခြုံရေး ကင်မရာမှတဆင့် ရိုက်ကူထားနိုင်လိုက်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်သမားများ တပ်စွဲထားသော ဟိုတယ်များပတ်ဝန်းကျင်တွင် စစ်တပ်ရော၊ ရဲများပါ တပ်စွဲထားသော်လည်း အတင်းအကြမ်း ၀င်ရောက်တိုက်ခိုက်မှုမျိုး မလုပ်ရဲသေးသလို ဓားစာခံများအတွက် ပူပန်နေရဆဲဖြစ်သည်။ ၎င်း၏သူငယ်ချင်း အဖမ်းခံထားရသော လွတ်မြောက်လာသူ အမေရိကန် အမျိုးသမီးတစ်ဦးက အရှင်လတ်လတ် ငရဲနှင့်ကြုံတွေ့ခဲ့ကြောင်း မျက်ရည်လည်ရွဲနှင့် ပြောကြားသွားခဲ့ပြီး သူငယ်ချင်းအတွက် အလွန်ပူပန်နေကြောင်း ၀န်ခံသွားခဲ့သည်။ (planet news)

24 hour hunger strike for political prisoners london UK

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။ ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

"အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက"စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့"ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဧရာဝတီ

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: Digital Sketch 104

Digital Sketch 104


DSF: The Red Bishop

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောင်ငူသား] 1 New Entry: ဘဲစာသစ်

ဘဲစာသစ်

အဖိုးက တစ်ဦးတည်းသောသား။ အဖိုးရဲ့ ဦးလေးအဒေါ်တွေကလည်း အပျိုကြီး၊ လူပျိုကြီးတွေဆိုတော့ မောင်နှမဝမ်းကွဲတောင် မရှိရှာဘူး။ အဲဒါကြောင့်မို့လားတော့ မသိဘူး။ အဖွားနဲ့ လက်ထပ်ပြီး မွေးထားတာ သားသမီးကိုးယောက်တောင်။ ကျွန်တော်သိတတ်စအချိန်မှာ အိမ်မှာ ကျွန်တော်တို့မိသားစုရယ်၊ အဖိုးနဲ့ အဖွားရယ်၊ အဖိုးရဲ့ အဒေါ်အငယ်ဆုံး အဖွားအပျိုကြီးရယ်၊ အဖေ့အကိုအကြီးဆုံးရဲ့ သမီးရယ် နေကြတယ်။ အဖိုးရဲ့ အဒေါ်အငယ်ဆုံးဆိုပေမယ့် အဖိုးနဲ့ အသက် အများကြီးမကွာဘူး။ အဖိုးက သူ့အဒေါ်ကို မမလို့ပဲ ခေါ်လေ့ရှိတာ မှတ်မိတယ်။ အဖွားအပျိုကြီးက ကျွန်တော်နဲ့ဆို အဘေး တော်တာပေါ့။

ကျွန်တော့်အဘေးက အသက်အရွယ်ရလာတဲ့အချိန်မှာ သွားတွေက အရမ်းမာတာတွေ မဝါးနိုင်တော့ဘူး။ ထမင်းချက်ရင် ခပ်ပျော့ပျော့လေး ချက်ပေးရတယ်။ အသား၊ ငါးတွေဆိုလည်း နူးနေအောင် ပြုတ်ပြီးမှ စားလို့ရတယ်။ အိမ်ထဲက အိမ်ပြင်တောင် ထွက်လေ့မရှိတော့ဘူး။ သူ့အခန်းလေးထဲမှာပဲ အနေများတယ်။ အပြင်က တခြားအကြောင်းအရာတွေ ဘာတွေလည်း စိတ်မဝင်စားပါဘူး။ သူမေးတတ်တာ ဘိုးဘွားစဉ်ဆက်ကိုးကွယ်လာတဲ့ ဘုန်းကြီးကျောင်းအကြောင်းရယ်၊ တူဖြစ်သူက မွေးတဲ့ မြေးတွေ(အဖေတို့မောင်နှမတွေ) အကြောင်းလောက်ရယ်သာ သတိရတဲ့အခါ မေးတတ်တယ်။ သူ့ဟာသူ ပုတီးလေးစိပ် ဘုရားရှိခိုးနဲ့ပဲနေတာ။ အိမ်မှာ ကျွန်တော်တို့တွေ ပြောကြဆိုကြတာတွေတော့ နားစွန်နားဖျား ကြားမိပါလိမ့်မယ်။ လူကြီးဆိုတော့လည်း သူ့စိတ်ထဲ တွေးမိတွေးရာ တွေးတာလည်း ရှိမှာပေါ့။


ကျွန်တော့်အဖွားက အသက် ၈၆နှစ်အရွယ် မကွယ်လွန်ခင် အချိန်ထိ မီးဖိုဆောင်ကို အမေနဲ့အတူ ကိုယ်တိုင်ဝင်ပြီး ချက်ပြုတ်ရမှ ကျေနပ်တာ။ အဖွားက သွေးတိုးသာ ရှိတာ ဟင်းချက်ရင် လေးလေးပင်ပင်လေး ချက်လေ့ရှိတယ်။ ပေါ့ရွှတ်ရွှတ်ဟင်းတွေဆိုရင် စားမဝင်တတ်ဘူး။ အဲဒီအလေ့က စွဲနေတော့ အဒေါ်ဖြစ်သူအတွက် ထမင်းပွဲ ဟင်းပွဲလုပ်ပေးတဲ့အခါမှာလည်း လေးလေးပင်ပင်လေးဖြစ်အောင် ပြင်တော့တယ်။


တစ်နေ့တော့ ဘဲဥပြုတ်လေးကို ဆီဆမ်းပြီး ထမင်းပူပူလေးနဲ့ စားဖို့ကို အဖွားက လုပ်ပေးတယ်။ ကျွန်တော့်အဘေးလည်း ထမင်းပွဲဝင်ထိုင်ပြီး ဘဲဥပြုတ်လေးတစ်ဖတ်ကို အရင်ကောက်မြည်းလိုက်တယ်။ ပြီးတော့ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ပါဘူး။ သူ့ဘာသာသူလေး ရေရွတ်လိုက်တာ...

"သြော်... ဈေးတွေကြီးလာတော့ လူတွေလည်း ဘဲတွေကို အစာမကျွေးနိုင်ဘဲ ဆားတွေပဲ ကျွေးလားမသိဘူးကွယ်။ ဘဲဥတွေက ဆားငန်လိုက်တာ" တဲ့။

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်တော့်အိမ်] 1 New Entry: တိမ်တွေငို တဲ့ ကမ္ဘာ

တိမ်တွေငို တဲ့ ကမ္ဘာ

ရိုးစင်းတဲ့ ရင်ခုန်သံ အောက်မှာ
မငြိုငြင်တဲ့ အပြုမှုတွေကြောင့်
မရိုးရှင်းတဲ့ ရင်ခုန်သံ ကို
ကျွန်းတစ်ခု အဖြစ် ဖန်းဆင်းခဲ့သူက
ငါ့ဘ၀ရဲ့ အချစ် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်လို့
စိုးစဉ် မျှတွေးမထားခဲ့မိတာဟာ
အချစ်စစ်ခဲ့တာလား
အပြစ်ဖြစ်ခဲ့တာလား
ဆွံအံနေတဲ့ နှလုံးသားတစ်စုံကို
မင်းဝင်လို့ ခံစား ကြည့်စေချင်တယ်......

တကယ် ဆို အစွန့်ပစ်ခံ ပန်းတစ်ပွင့်မို့
စိုးရွံ့စွာ ရှက်နေမိတာ အမှန်ပါ......
ငါ့ကိုယ် ငါ အရွဲ့တိုက်လို့
ငါ့စိတ်ကို အမှောင်ချခဲ့ပေမယ့်
ရင်ခုန်သံတွေက တုန်လှုပ်နေဆဲပါ.....

ရင်ခုန်သံတွေ စည်းခြား
ကမ္ဘာတစ်ခု ကို စွန့်ခွာခဲ့ပေမယ့်
ငါ့နှလုံးအိမ်က
တိမ်တွေနဲ့ အတူလွင့်မျောကျန်ခဲ့မှန်း
ဘ၀ခြားမှသိခဲ့ရတယ်.....

You received this email because you are subscribed to the real_time feed for http://www.myhome16.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Mr Balance] 1 New Entry: ပင်စင်စားတစ်ဦး၏ ရင်ဖွင့်ခံစားချက် (၁)

ပင်စင်စားတစ်ဦး၏ ရင်ဖွင့်ခံစားချက် (၁)

ကျနော့်ဆီကို မိတ်ဆွေဆီက တဆင့် ကျနော့်ဆရာဆီက အခု စာမူကို ရရှိခဲ့ပါတယ်။ ဆရာက သာမန်အညတရ အလယ်တန်းပြ ဆရာတစ်ဦးပါ။ ဆရာနဲကျနော် မဆုံဖြစ်ခဲ့တာ ဆယ်စှုစ်တစ်ခု ရှိခဲ့ပီ။ ဒါပေမယ့် ဆရာနဲကျနော်ကို ကျနော့် မိတ်ဆွေတစ်ဦးက တဆင့် လွန်ခဲ့တှဲ့စ်က အဆက်အသွယ် ပြန်ရခဲ့သည်။ ဆရာက အီးမေးမသုံးတက်၊ သည်တော့ သူရေးတဲ့စာကို ကျနော် အတော့်ကို စောင့်ဖတ်ရတယ်။ သူလည်း ကျနော့်စာကို ကျနော့်လိုဘဲ စောင့်ဖတ်ရတယ်။ နောက်ဆုံး ကျနော့်လက်ထဲကို သူပိုလိုက်တဲ့ စာက ခပ်ထူထူမိုငါ့ဆရာ ငါ့ကို မှာတမ်းတွေ အရှည်ကီး ခွေတော့မလားလိုစိတ်ကထင်မှတ်ပီး ဖွင့်လိုက်တော့၊ ကျနော့်အတွက် စာတှိုစ်ကောင်း သုံးကောင်းက လွဲပီး အောက်ဆုံးမှာ သူရေးထားတာက ….

တပည့် ဆရာအခုစာကို တအားရေးချင်လွန်းလို မခံချင်လွန်းလိုရေးလိုက်တာပါ။ မင်းတကိုင်ရင် ပြည်ပအသံလင့်သတင်းဌာန တစ်ခုခုကိုကိးစားပိုပေးပါ။ မင်းအစဉ်ပြေသလို စီစဉ်ပေးပါ။

…. လိုပါပါတယ်။

ဆရာ့စာမူကို ကွန်ပျတာမှာ စာပြနိုက် သတင်းဌာနတွေက ဆက်သွယ်ရန်ဆိုတဲ့ လိပ်စာတွေဆီကို အီးမေးလ်က တဆင့် ပို့ကြည့်ပါတယ်။ သိုသော် ဆရာစာရတာ လကျော်သွားပေမယ့် ဘယ်ကမှ ပြန်စာမလာ၊ အကောင်းပြန်ကားခြင်း မရှိ။ ကျနော့်ဆရာရဲနောက်ဆုံးအမှာ အရ ကျနော့်အစဉ်ပြေသလို စီစဉ်ဆိုတော့ ကျနော့်ဘလော့မှာပဲ တင်လိုက်ရပါတော့သည်။ သိုမှသာ နောက်တစ်ခေါက် ဆရာထံစာရေးလျှင် လူမသိသူမသိ ကျနော့်ဘလော့တွင် တင်ပီးကောင်း အကောင်းပြနိုင်မည် ဖြစ်ပေသည်။

+++++++++++++++++++++++++++++++++++++++++++

ပင်စင်စားတစ်ဦး၏ ရင်ဖွင့်ခံစားချက်

တရားဥပဒေမဲ့ လူမိုက်အုပ်စုတွေဖွဲထားပြီး တဆိတ်ရှိ အုပ်စုနဲပြမူကျင့်ကံနေတာဟာကာနေပြီ ဖြစ်သလို ကာက်ရွံအောင် ခြောက်လှန်လုပ်နေခဲ့တာလည်းကာခဲ့သလို လူတွေဟာလည်း ကာက် ကာက် ရွံရွံဘာမှ ပြန်လှန်မပြုကြဘဲ ပြေးလားနေရတာတွေကားထဲမှာ အတင်းဝင်ရောက် ၀ါးရင်းတုတ် နဲရိုက် ဖမ်းဆီး သွားတာတွေဟာ ဟိုးလွန်ခဲ့တှဲ့စ်(၇၀) လောက်က လမ်းမတော်ဖိုးတုတ်တိုလူစုတွေကို လူတွေကောက်ရွံခဲ့ကရသလို ဖြစ်နေတာကို တွေရမှာ။ ဒီလိုကောက်ရွံအောင် စွမ်းအားရှင် လိုအမည်တပ် ပြီး ဥပဒေအရ တာဝန်ယူရတဲ့ ရဲတွေအစား လူအချင်းချင်း ရန်ပွဲသဖွယ် ဖန်တီးပြီး လက်လတ်စပယ် ရမ်းကား ရက်စက်တဲ့ အပြအမူတွေနဲလုပ်တာဟာကာရှည် လာခဲ့သလို ဒီအတိုင်းလတ်ထားခဲ့ရင် အပြစ်မဲ့ ပြည်သူ တွေဟာ တစ တစနဲပိုပြီး ကာက်ရွံလာကတော့မှာဖြစ်သလို ဒီလို ရိုင်းစိုင်းပြီး လူရမ်းကား အုပ်စုကို ၀ါးရင်း တုတ်တွေ နဲအသားလွတ် မဆင်မချင်ဝင်ရိုက်ခိုင်းတာတွေဟာ တိုင်းပြည်နောင်ရေးအတွက် မကောင်း တော့ ပါ။

တဖန် သည်လိုမဆင်မခြင် ရမ်းကားပြီး ရက်စက်ရိုကှ်က်ဖမ်းဆီးစေခဲ့တာကိုလည်း ဥပဒေ ဘက်တော်သား(အရပ်ဝတ်ရဲ) ရဲလူဝတ်တွေရော တာဝန်ကျ ရဲတွေ SB တွေရှေမှာ သိုမဟုတ် စောင့်ကည့် နေတဲ့ကားက ပေတင်ဝင်ရောက်ရိုကှ်က်ဖမ်းဆီးသွားကတာတွေဟာ လူစုကို ကာက်လန်အောင် ၀ပ် သွားအောင် ဥပဒေပြင်ပဆောင်ရွက်နေတာသာဖြစ်ပါတယ်။ သည်အုပ်စုဟာ ဘယ်အချိန်ကစပြီး ပိုပြီး အတင့်ရဲ လာသလဲ (သို) တာဝန်ရှိသူတွေက အသုံးချလာကသလဲဆိုရင် ရေ၀ါရောင်တော်လှန်ရေးတုန်းက စသုံးခဲ့ပြီး သည်မတိုင်ခင်ကတော့ကိုကြားကိုကြား စီတန်းလမ်းလျှောက်တာတွေကို အတင်းဝင်ဖမ်းခိုင်း တုတ်တိုတွေနဲရိုက်၊ ကားပေအတင်းဆွဲတင် တာတွေကို လုံထိန်းရဲတွေအစား ကျင့်သုံးလာခဲ့သလို ပြည်သူ အချင်းချင်း မကျေနပ်တဲ့ အဖွဲက နောက်တဖွဲကို ပြန်လှန်တန်ပြန်တဲ့ပုံများဖော်ခိုင်းပြီး သူတိုသတင်းစာတွေက ရေးသားဖေပြခဲ့ကတယ်။

ဥပမာ- စားဝတ်နေရေးကပ်တည်းတဲ့ကား ရေနံ ဓါတ်ဆီဈေးမြှင့်တုန်းက လူတွေမကျေနပ်လိုဟို တဖွဲသည်တဖွဲစီတန်း လှည့်လည် ငြိမ်သက်စွာ ပြခဲ့ကတယ်။ ဒါကို စွမ်းအားရှင် တွေ ထုတ်သုံးပြီး တန်ပြန် ခိုင်းခဲ့တယ်။ ဒါကိုပြည်သူအချင်းချင်းလိုသုံးနှုန်း ဖော်ပြခဲ့တာ။ (ိုင်ငံတကာစံနှုန်းနဲ့ကြည့်ရင် မကျေနပ်လိုမိမိဆကို လူစုပြီး ဖော်ထုတ်ကွေးကော်ကတာတွေဟာ ရှိနေကတာပါပဲ။)

ဒီမိုကရေစီိုင်ငံတွေလည်းဖြစ်တဲ့ ထိုင်း ဖိလစ်ပိုင် စသည်တိုမှာ ပါကစတန် အိယ ဘဂလာဒေ့ရှ် တိုမှာ အလုံးအရင်းနဲပြနေခဲ့ကတာပါပဲ။ နောက်ပြီး ညှိနှိုင်းခဲ့ကရတာပါပဲ။ သည်နေရာမှာ ရဲကိုပဲ သုံးပါတယ်။ မဆီမဆိုင်ကံခိုင်ဖွံဖြိးရေး၊ စွမ်းအားရှင်၊ မီးသတ်၊ကက်ခြေနီ စတဲ့ ရပ်ကွက်တွေထဲကမှ ရတဲ့သိမ်းသွင်းလိုရတဲ့ လူတွေကို ဘာဖြစ်လိုလူမိုက်လုပ်ခိုင်းရတာလဲ။ ဒီရပ်ကွက်ထဲက ရလာတဲ့ သည်လူ လက်တဆုပ်စာကလည်း သူတိုကိုယ်တိုင် ရရက၊ မရက တွေက ခြိမ်းခြောက်အတင်းဝင်ခိုင်း၊ သူတိုအာဏာ တွေကို တဆင့် ပြန်ပြခိုင်းဒါတွေပဲ။ လူမိုက်ကို အကောက်တရားတွေဖြစ်လာအောင်ဖန်တီးခဲ့ကတယ်။ ဥပဒေက ခိုင်းထားတဲ့ လခစားရဲတွေကို ပထမအဆင့် ထုတ်မသုံးခိုင်းပါဘူး။

စကားမစပ် ၁၉၈၈ ခှုစ်အရေးတော်ပုံတုန်းက လုံထိန်းလိုခေတဲ့ ရဲတွေကို ရှေတန်းတင် တက်ခိုင်း ပြီး ကျောင်းသားလူမမယ်တွေကို မကျန်၊ အမျိးသမီးငယ်များကို ပါးရိုက်ပြီး ထရပ်ကားကီးတွေပေကို တင်းရိုကှ်က် ဆွဲတင်သွားခဲ့ကတာတွေဟာ အဲဒီအခါက လုံထိန်း လိုဆိုတာနဲလူတွေက ရွံရှာ အေှာ့လုံး နာ ခဲ့ကတယ်။ ကာက်လည်းကောက်တယ်။ ဒါဟာ အပြစ်မဲ့ပြည်သူတွေကို ရုန်းရင်းဆန်ခတ် ဖြစ် လာ အောင် စစ်တပ်ကပဲ ဖန်တီးပေးခဲ့ပြီး လူမဆန်စွာ ရက်စက်ခဲ့ကတာတွေပါ။ (ိုင်ငံခြား တိုင်းတပါး သား ဂျပန် တွေ ၀င်ခဲ့တုန်းက ပါးနားဆွဲရိုက်တာတွေ၊ လက်သည်းခွံခွာတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကလည်း လမ်းပေသွားနေတဲ့ သာမန်လောက်ဆိုရငှ်ိပ်စက်ကပါဘူး။) ခုတော့ ကိုယ့်မိဘက သားသမီးကို လိုရင်လို သလို ဆိုဆုံးမပိုင်ခွင့်ရှိပါတယ်။ ကိုယ်က မဆုံးမဘူးဆိုရင် သားသမီးဆက်မိုက်မှာပေါ့။ ကိုယ်က ကွေးထားရတဲ့ သားသမီးတွေလေ `တပ်မတော်သာအမိ တပ်မတော်သာအဖ´ ဆိုတဲ့စကားကိုဗြောင်ချိတ်ပြီး ပြည်သူက ကွေးထားတဲ့ လခတွေကို မေ့ထားပြီး ပြောင်းပြန် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ `ပြည်သူသာလျှင်အမိ၊ ပြည်သူ သာလျှင်အဖ´ ဆိုတာဟာ ပြည်သူအာဏာကို ရမှဖြစ်မှာ ဖြစ်ပါတယ်။ သည်အတိုင်းဆက်သွားနေရင် ကိုယ့် ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝေသာလီပုဏားတွေ ဖြေထိုးခံရတဲ့ ဝေသာလီပြည်ကီး ပျက်တဲ့ကိန်း ဆိုက်မှာ အမှန်ပါပဲ။ သူခိုးက လူလူဟစ်တဲ့ ပက်စက်တဲ့ ကံတွေ အမျိးမျိးထုတ် မီဒီယာကို အသုံးချ လူ မိုက်အုပ်စုတွေ (သူတိုအသင်းအဖွဲတွေ) အမျိးမျိးဖန်တီးတဲ့ အုပ်စုကိုအရင်းတည်ပြီး ပြည်သူကို မှောက်လို မှောက်၊ ခြောက်လိုခြောက်၊ ပြည်သူတွေချောက်ထဲကျနေခဲ့တာ ၆၂ ခှုစ်ထဲကပါပဲ။ နေ၀င်း က စခဲ့တဲ့ အမွေဆိုးတွေ။ ဒါတောင် နေ၀င်းတုံးကတော့ သည်လောက်အစော်ကားမခံရဖူးဘူး လိုပြောစမှတ်တွေ ရှိလာပြန်တယ်။ ဒါကလည်း အဆိုးထဲက နေ ယုတ်မာကောက်ကျစ်တဲ့ အဆိုးကနေရာယူသွားတာပဲ ဖြစ်တယ်။ (အကောင်းကနေ အဆိုးက နေရာယူသွားတာမဟုတ်ဘူး) ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ ယုတ်မာတယ်၊ ရက်စက်တယ်၊ အောက်တန်းကျတယ်၊ စသည်တွေဟာ ယခုခေတ်အမှောင်ကျတဲ့ ခေတ် လိုပဲ ဆိုရမလား။ ပြည်သူတွေဟာ အဲသည်လောက်ထိ ဆိုးညစ်တဲ့ အစိုးရအောက်မှာ နေနေကရတယ်။ အပြောအဆို လွတ်လပ်ခွင့် နေထိုင်လွတ်လပ်ခွင့် ဖွဲစည်းရေး လွတ်လပ်ခွင့်စတာတွေ ဆိတ်သုဉ်း ကုန် တယ်။ လူတွေအိမ်ပြင်မယ်ဆိုရင် တံစက်မြိတ်ကလေး အဖီလေးကအစ မြို့တော် စည်ပင်က ခွင့်ကျမှပြင်ဆင် ခွင့်ရတာမျိး- အဖွဲအစည်းဆိုတာက ရပ်ကွက်ထဲမှာ စာဖတ်ခန်းလေး ကာယဗလ အခန်းကလေး၊ ကစားခန်း၊ ဘာခန်းညာခန်းဖွင့်လှစ်ပြီး စုပေါင်းစာဖတ်တာတိုအားကစားလုပ်တာတိုအထိ ရယက က စောင့်ကည့် နေတယ်။ကံခိုင်ရေး၊ စွမ်းအားရှင်တွေက စောင့်ကည့်နေတယ်။ ခပ်တန်တန်အလှလုပ်မယ်ဆိုရင်လည်း သူတိုကို အသိပေးရတယ်။ သူတိုကတဆင့် လှရတန်းရတယ်။ အလှရှင် ဂုဏ်ရသွားမှာကို မလိုလားဘူး။ ရယက၊ မယက သူတိုဖွဲထားတဲ့အဖွဲတွေနာမည်တပ်ပြီး အလှခံစားပြိး နာမည်ကောင်းယူကတယ်။ သိပ်ကီးကီးကျယ်ကျယ်လှတဲ့ အလှဆိုရင် ဗိုလ်ချပ်တွေက လက်ခံတဆင့်ပြန်လှရတယ်။ သေရင် တောင် ဗုဒဘာသာမှာ တ၀က်လှပြီး ကျန်တ၀က် လက်ခံပြီး ထပ်လှတဲ့လူကလည်း ကောင်းကင် တက်ရ မယ် ဆိုရင် ဗိုလ်ချပ်တွေနဲသူဌေးတွေပဲ နတ်ပြည်မှာ ပြည့်နေကမှာပါပဲ။ လူတွေရဲကောင်းကျိး ဖက်တာကို မလိုလားဘူး။ ဆိုးတာကိုလုပ်ခိုင်းပြီး ပြန်ဖမ်းဒါတွေလုပ်ပြီး အုပ်ချပ်နေတဲ့ စစ်တပ်အစိုးရဟာ ကောင်းတာ ဆိုလိုတခုမှ မရှိခဲ့တာကတော့ စေ့စေ့တွေးလေ ရေးရေးပေလေပါပဲ။ က ကနေ အထိ စဉ်ဆက် တွေးကည့်ကပါ။ တခါတရံ အချိန်ကုန်ခံပြီး တွေးမှကံမှကောင်းတယ်။ `အို ဘယ်မင်းပဲတက်တက် ငါတိုနဲမဆိုင်ဘူး´လိုပြောဆိုတတ်ကတဲ့ ကောင်းစားနေတဲ့ လူလက်တဆုပ်စာရဲစကားတွေကို နားမယောင် မိပါ စေနဲ ` ဒါငါတိုနဲမဆိုင်ပါဘူး သူတိုလည်းသူတိုအလုပ် လုပ်နေကတာ´ စတာတွေဟာကီးပွား နေတဲ့ လူတွေရဲလက်သုံးစကားတွေပါ။ နားမယောင်မိပါစေနဲတခါတရံ ဒေးကာနက်ဂျီပြောသလို ကွန်တော် ကိုးကား ပြောဆိုတာတွေဟာ အထူးအဆန်းတွေမဟုတ်ပါဘူး။ ယခင်ရှိပြီးသားတွေကိုသာ ကိုးကားပြတာပါ ဆိုတဲ့အတိုင်း အခုလည်း ဒေးကာနက်ဂျီအတိုင်း` ထင်းစည်းကိုချိးကည့်ပါ- မရဘူးနော်။ ဒါဖြင့်ရင် ထင်းစည်း ကို ဖြေပြီးတချောင်းစီချိးပါ။ အဲ့ဒါဆိုရင် တစစီ ကျိးကုန်ပြီ´ ဒါပါပဲ။ ဒီအစိုးရကျင့်သုံးနေတဲ့နည်းက ရိုးရိုးကီး ပါ။ သိသိကီးနဲခံနေရတဲ့ လူတွေက စောစောက ပြောတဲ့ လူတစုရဲလေသံကိုနားယောင်ပြီး မသိလိုက် မသိဖာသာနေခဲ့ကလိုဖြစ်ပါတယ်။ ကျပ်တိုတွေဟာ တစစီ တဖဲ့စီ အချိးခံနေကရတာတွေပါ။ တခါ ဒေးကာနက်ဂျီအတိုင်းဆိုရင် ၀ံပုလွေနဲသိုးငယ်ပုံပြင်အတိုင်းပါဘဲ။ (ဒါမှမဟုတ်) သံလျှက်တောင်ယူတဲ့ သူခိုးဟာဖြင့်´ စသည့်ပုံပြင်တွေ ဇာတ်တွေမှာလို လူကောင်းတွေကို ရိုးစွပ်ပြီး ကောက်ကျစ်ယုတ်မာတဲ့ ကံတွေထုတ်၊ မတရားဖမ်း၊ ထောင်ချ၊ တစိမ့်စိမ့် သတ်ပစ် နေတာတွေဟာ သိကပါရဲလား။ သူတိုကံ တွေက ညစ်ပတ်ပေမဲ့ ခပ်တိမ်တိမ်ကံတဲ့ အတွေးတွေပါ။ ပြည်သူက စဉ်းစားလိုက်တိုင်း ကောက်ကျစ်တာ တွေ ဘွားကနဲ ဘွားကနဲ ပေလာတာပါဘဲ။ သူတိုသဘောမကျသူတွေရယ် အသင်းအဖွဲတွေရယ် သည်လူ တွေက လှမယ်တန်းမယ်၊ ကူညီမယ်ရှိတာတွေကို မလိုလားပါဘူး။ ဘာဖြစ်လိုလဲဆိုယင် ဒီလူကောင်းတွေ ကို ထောင်ထဲထည့်ချင်တာကိုး။ နောက်ဆုံးအပြစ်ရှာမရဘူးဆိုရင် ချဲထီ လက်မှတ်ဖြတ်ပိုင်း လေးတွေ၊ ဧည့်စာရင်းမတိုင်လိုအရေးယူတာတွေ၊ သူတိုဆင်ထားတဲ့ အကွက်ထဲဝင်လို ယဉ်မတော်တဆ တွေ…. စသည်တွေကို အသုံးချပြီး ဖမ်းတယ်။ အနည်းဆုံး (၇)ှစ် တသက်တကွန်း၊ သည်လို ထောင်ချ ပစ်ခဲ့တယ်။ တခါလုပ်ဇတ်တွေခင်းပြီး ဓါတ်ပုံအတုတွေဖန်တီး တယ်။ ဗုံးတွေကို ထောင်ပြီး ဖောက်ခွဲတယ်။ ပြီးရင် …. မီဒီယာတွေပေတင်လိုက်တယ်။ ဓါတ်ပုံတွေဝေေ၀ဆာဆာ နဲပေါ့။ ယုံထင်ကောင်ထင် ဇဝေဇ၀ါ ဖြစ်တတ်တဲ့ မြန်မာတွေကို ဇာတ်တိုက်ထားသလိုသတင်းတွေဖြန်လိုက်တယ်။ ပထမဆုံး `ခေတ်ရေး´ လိုခေတဲ့ တပ်တွင်းက စာစောင်တွေမှာရိုက်တယ်။ ပြင်ပကမာ နဲအဆက်ဖြတ်ထားတဲ့ တပ်မတော်သား အတော် များများကို အဖတ်ခိုင်းတယ်။ သိမ်းသွင်းခဲ့တယ်။ ဘယ်လောက်အသိမ်းအသွင်းတော်သလဲဆိုရင် စစ်ဗိုလ်က တပ်သားအထိ ဒေအောင်ဆန်းစုကည်ကိုခွေးလောက်မှ မတန်တဲ့ အပြောအဆိုတွေနဲနင်းခြေ ပြောဆို လာကတယ်။ စုတ်စုတ်ုတ်ုတ်ဖြစ်အောင် ရေးသားဖော်ပြကသလို တပ်က လူတော်တော် များများ က ဒေစုကို ကးစားဖာအထိ အပြစ်တွေပုံအော ပြောဆိုခဲ့ကတယ်။

You received this email because you are subscribed to the real_time feed for http://mrbalance.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.