Saturday, November 29, 2008

[dawnmanhon(ဒေါင်းမာန်ဟုန်)] 4 New Entries: နိုင်ငံတော်ဧည့်ဂေဟာ မီးလောင်ခြင်းအား သတင်းအမှောင်ချခြင်း

နိုင်ငံတော်ဧည့်ဂေဟာ မီးလောင်ခြင်းအား သတင်းအမှောင်ချခြင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

အကြမ်းဖက်သမား အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနိုင်ငံ မြို့ကြီးတစ်ခုဖြစ်သော မွမ်ဘိုင်းတွင် သွေးချောင်းစီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ညက မွတ်ဆလင် စစ်သွေးကြွများဟု ယူဆရသော လက်နက်ကိုင်အဖွဲ့တစ်ခုသည် သေနတ်များ၊ လက်ပစ်ဗုံးများ အသုံးပြု၍ မွမ်ဘိုင်းမှ ထင်ရှားသော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဆေးရုံနှင့် ဘူတာရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၁၀၀)ကျော် သေဆုံးခဲ့သည်။ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးရှိနေသော နေရာ(၇)ခုကို ဖြန့်ကျက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၉၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ ကြမ်းတမ်းစွာ မွှေ့ယမ်းပစ်ခတ်သွားသော အကြမ်းဖက်သမားများသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံသား ပတ်စ်ပို့ကိုင်ဆောင်ထားသော နိုင်ငံခြားသားများကိုလည်း ရှာဖွေဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသူများက ပြန်လည်ပြောကြားခဲ့သည်။

ဓားစာခံများအဖြစ် ဖမ်းဆီးခံရသူ အရေအတွက်ကို မသိရသော်လည်း အနည်းဆုံးလူ (၄၀)ကျော်ရှိမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ ကြယ်ငါးပွင့် အဆင့်ရှိ နာမည်ကြီး ဇိမ်ခံဟိုတယ်ကြီး နှစ်ခုဖြစ်သော တာ့ဂ်ျမဟာနန်းတော်နှင့် အိုဘာရီယို ဟိုတယ်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့သလို နိုင်ငံခြားသားများ အများအပြား လာရောက်လေ့ရှိသည့် လီယိုပိုးလ်ကဖီး၊ မီးရထား ဘူတာရုံတစ်ခု၊ ဆေးရုံနှစ်ရုံနှင့် ရဲစခန်းတစ်ခုကိုပါ တရစပ်တိုက်ခိုက်ခဲ့သည်။ သေဆုံးမှုစာရင်းမှာ ယခုလက်ရှိထက် မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များကဆိုသည်။ တာ့ဂ်ျမဟာ ဟိုတယ်တွင် နိုဝင်ဘာလ (၂၇)ရက်နေ့ မနက်က မီးတောက်များ ထိုးထွက်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဟိုတယ်အတွင်း ၀င်ရောက်ရန် ကြိုးပမ်းခဲ့ရာ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယခုအခါတွင် စစ်တပ်မှာလည်း တစ်မြို့လုံးတွင် ၀င်ရောက်တပ်ဖြန့်ထားလိုက်ပြီဖြစ်သည်။

အခြေအနေကို သုံးသပ်နိုင်ရန် အလွန်ခက်ခဲနေသေးသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ ဓားစာခံများ၏ အခြေအနေမှာ အလွန်ဆိုးရွားနိုင်ကြောင်း မျှော်လင့်ထားပြီး အကြမ်းဖက် တိုက်ခိုက်သူများ၏ အဖွဲ့အစည်းနှင့် အရေအတွက်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ရဲမျာ
းက ၎င်းအကြမ်းဖက်သမားများသည် ကျွမ်းကျင်မှုရှိပြီး အယ်လ်ကေးဒါးနှင့် ဆက်စပ်နေသော အဖွဲ့များဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲထားသည်။ ယခုအချိန်ထိ မွမ်ဘိုင်းတစ်မြို့လုံး ကျီးလန့်စာစား ဖြစ်နေကြသလို အကြမ်းဖက်သမားများကို ချေမှုန်းနိုင်ခြင်း မရှိသေးပေ။ မျက်မြင်များ၏ ပြန်လည်ပြောဆိုမှုအရ တာ့ဂ်ျမဟာ ဟိုတယ်ကြီး၏ လှေကားများတလျှောက် အလောင်းများနှင့် ပြည့်နေသလို သွေးကွက်များ၊ နေရာအနှံ့ လောင်ကျွမ်းနေသော မီးတောက်များကိုလည်း မြင်ခဲ့ရသည်ဟု သိရှိရသည်။ အိန္ဒိယအတွက် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီး ပေါ်ပေါက်လာပြီးနောက် အစိုးရဘက်မှလည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလျက်ရှိသည်။ လွတ်မြောက်လာသူ တစ်ဦးက တက်ဂ်ျမဟာကို ၀င်စီးခဲ့သော အကြမ်းဖက်သမား အရေအတွက်မှာ (၂၀)ဦးခန့်ရှိနိုင်ကြောင်း ပြောကြားသွားသည်။ ၎င်းတို့သည် မြင်သမျှကို မွှေ့ယမ်းပစ်ခတ်သွားသလို လက်ပစ်ဗုံးများကို ဟိုတယ်အခန်းများအတွင်း ပစ်သွင်းခဲ့ကြောင်း ကျောကုန်းတွင် ဒဏ်ရာရပြီး လွတ်မြောက်လာသည့် အဆိုပါမျက်မြင်သက်သေက သတင်းထောက်များထံ ပြောကြားသွားသည်။ လွတ်မြောက်လာသော ဗြိတိန်နိုင်ငံသားတစ်ဦးက အဖမ်းခံထားရသည့် ဓားစာခံများထဲတွင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားများသာမက အိန္ဒိယ နိုင်ငံသားများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဗြိတိန်နိုင်ငံသား မဟုတ်ဟု လိမ်လည်ပြောကြားခဲ့ပြီးနောက် အကြမ်းဖက်သမားများက ၎င်းကိုအာရုံ မစိုက်တော့ဘဲ ဘေးနားတွင်ရှိသော အမေရိကန် နိုင်ငံသားတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အကြမ်းဖက်သမားများက လူတိုင်းကို လက်မြှောက်ခိုင်းထားပြီး အမေရိကန်နှင့် ဗြိတိသျှများကို မေးခွန်းထုတ် ရွေးချယ်ခဲ့ကြသည်။ လွတ်မြောက်လာသူတစ်ဦးက အကြမ်းဖက်သမားတိုင်းသည် ကိုယ်တွင် ဖောက်ခွဲရေး ကိရိယာများ တပ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ ရုပ်မြင်သံကြားတွင် AK-47သေနတ်အား မွှေ့ယမ်းပြီး ဟိုတယ်ထဲပြေးဝင်နေသော ငယ်ရွယ်သည့် စစ်သွေးကြွတစ်ဦး၏ ရုပ်ပုံကို ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းပုံသည် ဟိုတယ်လုံခြုံရေး ကင်မရာမှတဆင့် ရိုက်ကူထားနိုင်လိုက်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်သမားများ တပ်စွဲထားသော ဟိုတယ်များပတ်ဝန်းကျင်တွင် စစ်တပ်ရော၊ ရဲများပါ တပ်စွဲထားသော်လည်း အတင်းအကြမ်း ၀င်ရောက်တိုက်ခိုက်မှုမျိုး မလုပ်ရဲသေးသလို ဓားစာခံများအတွက် ပူပန်နေရဆဲဖြစ်သည်။ ၎င်း၏သူငယ်ချင်း အဖမ်းခံထားရသော လွတ်မြောက်လာသူ အမေရိကန် အမျိုးသမီးတစ်ဦးက အရှင်လတ်လတ် ငရဲနှင့်ကြုံတွေ့ခဲ့ကြောင်း မျက်ရည်လည်ရွဲနှင့် ပြောကြားသွားခဲ့ပြီး သူငယ်ချင်းအတွက် အလွန်ပူပန်နေကြောင်း ၀န်ခံသွားခဲ့သည်။ (planet news)

24 hour hunger strike for political prisoners london UK

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။ ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

"အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက"စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့"ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဧရာဝတီ

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.