Saturday, November 29, 2008

[:: My Little World ::] 1 New Entry: Evolution of Dance

Evolution of Dance

ဒီနေ့  ကြည့်ဖြစ်တဲ့ YouTube Video လေး။ ဒီနေ့  သောကြာနေ့ လည်း ဖြစ်ပြန်၊ လတစ်လရဲ့ နောက်ဆုံးအလုပ် လုပ်ရတဲ့ ရက်လည်းဖြစ်ပြန် ဆိုတော့ တစ်နေကုန် အလုပ်ရှုပ်နေတယ်။ ညနေစောင်း အလုပ်ပြီးတဲ့ အချိန်ရောက်တော့ လူက စိတ်မော လူမောဖြစ်နေပြီး ဘာမှ မလုပ်ချင်းဘူး။ အခု ဒါလေးကြည့်ပြီးမှ စိတ်ကြည်သွားတော့တယ်။ ရီရတယ်။


၂၀၀၆ ကဆိုတော့ ၂ နှစ်တောင် ရှိနေပြီ။ အခု ၂၀၀၈ .. ၂နှစ်ကြာပြီးတဲ့ အချိန် ဒီထဲက လူကြီးကို ထပ်ကခိုင်းမယ်ဆို ဘယ်လို အကတွေ ထပ်ထည့်က မလဲ ဆိုတာ သိချင်တယ်။ YouTube မှာ "Evolution of Dance" ဆိုပြီး ထပ်ရှာကြည့်လိုက်သေးတယ်။ ကြည့်မိသလောက်တော့ ပထမဆုံးကြည့်ဖြစ်တဲ့ ဟာကို သဘောအကျဆုံးမို့  ဒါလေးပဲ ပြန်ဒီမှာ တင်လိုက်တယ်။ တခြားဟာတွေလည်း ကောင်းပါတယ်။ အချိန်ရရင် တခြားဟာတွေပါ ကြည့်လိုက်ပါ။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.