Saturday, November 29, 2008

[Free In Mind] 1 New Entry: Bagan Sunset II

Bagan Sunset II

နေ၀င်ပြီ..။ လိမ္မော်ရောင်း အလင်းဖျော့ဖျော့ ကောင်းကင်ထက်မှာ စွန်းထင်လာတယ်..။ ထီးတော်မပါတဲ့ ဘုရားက ဓမ္မရံကြီးပေါ့..။ မြူတွေ ဆင်းလာပြီလေ..။ ဟိုးတောင်ထိပ်မှာ ရွှေရောင်ပြောင်ပြောင်ဘုရားကိုလှမ်းမြင်နေရတယ်..။ လွမ်းဖို့ကောင်းတဲ့ အမိမြေက ပုဂံလေ..။

ကျွန်တော် ဒီပုံလေးကိုရတော့ အရမ်းပျော်သွားတယ်..။ ကျွန်တော်သုံးပြီးရိုက်တဲ့ lens က manual focus, manual aperture, 80 ~ 200 tele lens ပါ..။ အကောင်းစားမဟုတ်ပါ..။ ဒါတောင် သူများဆီက ငှားရိုက်ရတာပါ..။ lens ငှားတဲ့ ကိုသခင်ကြီးကို ကျေးဇူးပါဗျာ..။ ပုံကို ပြင်မထားပါဘူး..။ သဘာဝအတိုင်းပါပဲ..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.