Thursday, January 8, 2009

[မိုးလှိုင်ည] 1 New Entry: ပြေးလမ်းပေါ်ကညများ

ပြေးလမ်းပေါ်ကညများ

`ရိုးရိုးကျင့် - မြင့်မြင့်ကြံတဲ့

သက္ကရာဇ်များရဲ့ ဧည့်ခန်းဆောင်မှာ

ယောင်လို့တောင် မပြောတော့ဘူးမေမေ။

အကျင့်လွန်ဒုက္ခသည်များ

မြင့်မြင့်ကြံရင်း လွဲချော်သူများ

လူမှုဗေဒ လှိုင်းလုံးတွေကြားမှာ

သွားပါများ ဖိနပ်ပေါက်လို့

ခိုတစ်ကောင်စာလောက်တောင်မှ

ကိုယ့်ဝပ်ကျင်းကိုယ်မသာယာနိုင်ခဲ့ဘူး။

`ကြည့်သောသူသည် …. မြင်၏တဲ့

မြင်သူတိုင်းလည်း မကြည့်နိုင်ပါဘူး မေမေ။

ရောက်တဲ့ရာသီမှာ

အချိန်အခါကိုယ်စီနဲ့

ဘယ်လမ်းဟာ

ဘယ်ပန်းနဲ့ထိုက်တန်တယ်ဆိုတာမျိုး

လက်မှတ်ရက…

လက်မှတ်မဲ့ကို အားကိုးနေရမှတော့

ခါးချိုးနေရတာကိုက

အကျင့်တစ်ခုလို ဖြစ်ခဲ့ပေါ့။

`လှိုင်းကြီးလှေအောက် ဆိုတာလည်း

လှေမှောက်ရင်တော့

လှိုင်းအောက်ရောက်တတ်တာပဲ မဟုတ်လားမေမေ။

မေမေ…

ဟောဒီ ကမ္ဘာကြီးကိုပြောင်းပြန်လည်လို့

တစ်ကစပြီး ငယ်ခွင့်ရမယ်ဆိုရင်

တစ်ချိန်တစ်ခါဆီက မျော်တမ်းဖူးတဲ့

ထမင်းဆီဆမ်း ရွှေလင်ပန်းကို

လွမ်းလှတယ်ပေါ့မေမေ။

ခုမနေတော့…

ဘ၀ဆိုတဲ့စိုက်ခင်းကြီးထဲမှာ

အိပ်မက်တွေကို အခါခါကြဲချရင်း

ကလေးဘ၀က ရင်ဘတ်တွေကိုသာ

မြင်ငတ်နေမိတော့တယ်။

မြင့်မြင့်မကြံနိုင်တာကလွဲရင်

ရိုးရိုးတော့ ကျင့်ဆဲပေါ့ မေမေ ။


ငြမ်းမြင့်အောင်(ချောက်)


အမှတ် (၃၈) ဇန်န၀ါရီ၊ ၂၀၀၉၊ရယ်စရာ ရသစုံမဂ္ဂဇင်း

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MANAW PHYU] 2 New Entries: သက်ဆုံးတိုင်

သက်ဆုံးတိုင်


တစ်နှစ်ကုန်လို့ တစ်နှစ်ကူးပြောင်းခဲ့ပေမယ့်
ရင်ထဲက အလွမ်းတွေက
မပြောင်းမလဲ သက်ဆုံးတိုင်
ရှိနေတယ်ဆိုတာ
သူ သိရင် တော်ပါပြီလေ…..

      

http://manawphyulay.wordpress.com/2009/01/03/226/


တစ်နေ့မမြင်
စိတ်မရွှင်တယ်
ကြင်သူ မေ့မှာစိုးသောကြောင့်…..

      

You received this email because you are subscribed to the real_time feed for http://manawphyulay.wordpress.com/feed/. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 25 New Entries: ဆရာကြီး ဦးစောမြ အောင်ကွယ်လွန်

ဆရာကြီး ဦးစောမြ အောင်ကွယ်လွန်


ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဌ ဆရာကြီး ဒေါက်တာ စောမြအောင်သည် ယနေ့ ညနေ(ရ)နာရီက ရန်ကုန်မြို့ ရှိသူ၏နေအိမ်တွင် ကွယ်လွန်သွား ကြောင်းသတင်းရရှိသည်။ ဆရာကြီးကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ်ရှိပြီဖြစ်သည်၊ ဆရာကြီးကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချကာ အကြိမ်ကြိမ်နှိပ်စက်ညှဉ်းပန်းခြင်း ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း ဆရာကြီးကား အလျှော့ပေး အညံ့မခံခဲ့ပါ၊ ဆရာကြီး ကွယ်လွန်ခြင်း သတင်းကို ကြားသိရပြီးနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချု့ပ် (ပြည်ပ) ဥက္ကဌ ဦးထွန်းဝင်းအာား ရခိုင်သတင်းစာက ဆက်သွယ်မေးမြန်းကြည့်ရာ" ဆရာကြီးနှင့် ကျနော်တို့ အတူတွဲ၍ အကြာကြီး လက်တွဲလုပ်ကိုင်ခဲ့သောကြောင့် ဆရာကြီးဟာ ခေါင်းဆောင် ကောင်းတယောက်ဖြစ်တယ်၊ သူကွယ်လွန်သွားတာဟာ ရခိုင်အမျိုးသားရေး အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း ဆုံးရှုံးမှုတရပ်ဖြစ်တယ်၊" ဟုပြောသည်၊ ဆရာကြီး ဒေါက်တာစောမြအောင်၏ ဈာပနကို မနက်ဖြန် အင်္ဂါနေ့ နံနက်ပိုင်းတွင် သင်္ဂြိုဟ်မည်ဟု အဲန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦညဏ်ဝင်းကပြောသည်။

Sorce: Group email

ဆရာကြီး အလှံမလဲ စတမ်း တိုက်ပွဲဝင်သွားတဲ့ ခွပ်ဒေါင်းစိတ် ဓါတ်အား ကျနော်တို့  We Fight We Win မှ ဦးညွတ်ဂုဏ် ပြုပါတယ်။ သန်းရွှေ စစ်အုပ်စုအပေါ် အောင်ပွဲ ခံရ စေမယ် လို့  သံဓိဌာန်ပြုပါတယ် ဆရာကြီး။


အောင်ဆန်းစုကြည် မှာ ဦးအောင်ရွှေ တို့ အဖွဲ့ ကို တိုက်တွန်းချက်

( ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်နေတဲ့ အဖွဲ့ ချုပ်လက်ရှိဥက္ကဌ ဦးအောင်ရွှေ)


'' အန်ကယ်တို့  ကျမ ကရှေ့  ကိုရောက်နေရင်လည်း ကျမနောက်က လိုက်ပါ။ အန်ကန်တို့ က ရှေ့ ကရောက်နေရင်လည်း အန်ကယ်တို့ နောက်က ကျမလိုက်ပါမယ်။'' ( အောင်ဆန်းစုကြည် )

ဒေါ်အောင်ဆန်းစုကြည် ပို စတာတိုက်ပွဲ စတင်ဆင်နွဲနေပြီ။

လွတ်လပ်ရေးနေ ညသန်းကောင်ယံ မှာ ဒေါ်အောင်ဆန်းစုကြည် က ပိုစတာတခုကို ရေးပါတယ်။ ပိုစတာမှာတော့တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးကရှေ့ရူ့ပြတ်ပြတ်သားသားဆောင်ရွက်ကြလို့ရေးသားထားပါတယ်။

သူမအဖေါ်အမျိုးသမီးသုံးယောက်အကူညီနဲ့  ပိုစတာကြီးကို အိမ်ရှေ့ မှာ ချိတ်ဆွဲလိုက်ပါတယ်။ ဒီတခါပိုစတာ တိုက်ပွဲကတော့ နအဖ ကို ဆန်ကျင်တဲ့ ပိုစတာ မဟုတ်ပါဘူး။ သူမ ရဲ့  လုပ်ဖေါ်ကိုင်ဖက် အလုပ်အမှုဆောင်အဖွဲ့ ကို ဦးတည်လိုက်တဲ့ ပိုစတာကန်ပိန်း ဖြစ်တယ်လို့  အတွင်းစည်းအဖွဲ့ ဝင်တဦးကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကသူမရဲအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ ကို အလွန်စိတ်ပျက် နေတယ် လို့ သိရပါတယ်။


ဦးအောင်ရွေ ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ ကို နှုတ်ထွက်စေချင်ပုံလည်းရပါတယ်။ သူမလွတ်လာကာစက လည်း သူ လွှတ်လာခါစက လည်း အလုပ်အမှုဆောင်အဖွဲ့ ကို ရှေ့ ကနေဦးဆောင်လျင်ဦးဆောင် မဦးဆောင်လျင် လူငယ်တွေ ကို နေရာပေးပါလို့ လည်း တိုက်တွန်းခဲ့ဘူး ပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့အလုပ်အမှုဆောင်အဖွဲ့ က နေရာယူထားပြီး ဘာမှ ပြတ်ပြတ်သားသား ထိထိရောက်လုပ်ကိုင်နိင်စွမ်းမရှိခဲ့ပါဘူး။ မပြော- မလုပ်-မရှုပ်- မပြုတ်ဆိုတဲ့ '' မ " လေးလုံး ပေါ်လစီကို ကျင့်သုံးနေပါတယ်။

၁- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်ထည်မဖေါ် နိင်ခြင်း
၂- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေးအတွက်ဘာတခုမှ မလုပ်ကြခြင်း
၃- သံဃာလှုပ်ရှားမှုကြီး ဖြစ်ပွားလာစဉ်ကလည်း ရှေ့ ကထွက်ပြီး ဦးဆောင်မှု မပေးခြင်း။

၎- အဆိုးဆုံးကတော့ နာဂစ်မုန်တိုင်းဖြစ်ပွားစဉ်က အလုပ်အမှုဆောင် တဦးတယောက်က မှပြည်သူလူထုထံကို သွားရောက်အားမပေးခြင်း

တို့ ကို ကြည့် ခြင်းအားဖြင့် ဦးအောင်ရွေခေါင်းဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ ဟာ နှုတ်ထွက် ပြီးပြုပြင်ပြောင်းလဲမှုများကိုလုပ်သင့်နေကြောင်းထင်ရှားနေပါတယ်။ ၀ါရင့် နိင်ငံရေးသမား ကြီးများ အဖွဲ့ ကအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ ထက်စာရင် ပို ပြီး ပြတ်ပြတ်သားသား ပြောဆိုတာကိုတွေ့ ရပါတယ်။ ကျနော်တို့လူငယ်များကလည်းအလုပ်အမှုဆောင်အဖွဲ့ ကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ကြပါလို့  ဖိအားတွေ ပေးသင့်ပါတယ်။

မိုးသီးဇွန်



စစ်ကျွန်ဘ၀လွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော ၀ါရင့်နိုင်ငံရေးသမားကြီးများ


























လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်းများ ကို လွတ်လပ်ရေးနေ့ မှာအတူတကွတွေ့ရစဉ်



ဝါရင့်နိုင်ငံရေး သမားကြီးတွေဟာ လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့်မှာ ပါဝင်ခဲ့ကြ သူတွေပါ။ သူတို့ဟာ အသက်အရွယ် အားဖြင့် ကြီးနေကြပြီ။ ဘုရားတရား ကို လိုက်စားကြရမဲ့ အရွယ်တွေပါ။ ဒါပေမဲ့လည်း ဒီကနေ့ မြန်မာပြည်သူတွေ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့ အတွက် အသက်အရွယ်ကို ပဓာန မထား၊ ဇွဲမလျှော့ဘဲ ဂုဏ်သိက္ခာရှိရှိဆက်လက်တိုက်ပွဲဝင်နေကြဆဲပါ။ အင်မတန်မှ ဂုဏ်ယူစရာကောင်းပြီး၊ လူငယ်တွေ အတုယူစရာကောင်း တဲ့အချက်ပါ။ လူကြီးတွေတောင် စည်းစည်းလုံးလုံး၊ မလျှော့သောဇွဲလုံးလနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြရင်၊ ကျွန်နော်တို့လူငယ်တွေလည်း သူတို့လို တိုင်းပြည်နဲ့ ပြည်သူအပေါ် ထားရှိတဲ့ စိတ်ဓာတ်အတိုင်း၊ ယုံယုံကြည်ကြည် စည်းစည်းလုံးလုံးနဲ့ စစ်ကျွန်ဘ၀က မြန်မာပြည်သူတွေ လွတ်မြောက်အောင် တိုက်ပွဲဝင် ကြရအောင်။ နအဖ စစ်အုပ်စု၏ စစ်ကျွန်ပြုရေး ၂၀၁၀ ရွေးကောက်ပွဲ အတုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ကြပါ။ အင်မတန်မှ ခါးသီးလှတဲ့ စစ်ကျွန်ဘ၀ကို ကျနော်တို့ ခေတ်မှာခံစားနေရသလို၊ ကျနော်တို့ မျိုးဆက်တွေမခံစားရအောင် လွတ်မြောက်ရေး တိုက်ပွဲ ဆက်လက်ဝင်သွားဘို့ လွတ်လပ်ရေးနေ့မှာ ညီအကိုတို့ အားလုံး ကို တိုက်တွန်းပါရစေ။

Rest of your post

နိင်ငံခြားရောက် ပြည်သူလွတ်တော်ကိုယ်စားလှယ်များ ဘာလုပ်နေကြသနည်း


၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက လွတ်တော်ကိုယ်စားလှယ်တွေကိုရွေးပေးလိုက်တယ်။ လွတ်တော်ခေါ်၊ အစိုးရဖွဲ့ နိင်ဖို့ ။ ဒါပေမဲ့  နအဖ က ဖမ်းဆီး ထောင်ချတဲ့အတွက် တချို့ ကိုယ်စား လှယ်တွေဟာ ထောင်ထဲမှာ နစ်ရှည် လများခံခဲ့ရတယ်။ တချို့ ကိုယ်စားလှယ်တွေက နှုတ်ထွက်သွားတယ်။ တချို ကိုယ်စားလှယ်
တွေက နိင်ငံခြားတွေကိုထွက်လာတယ်။ နိင်ငံခြားထွက်လာတဲ့ကိုယ်စားလှယ်တွေထဲမှာ ဒီမိုကရေစီလှုပ်ရှားမှု ကို အားတက်သရော လုပ်နေတာ အနည်းစုပဲဖြစ်နေတယ်။

ီကျန်တဲ့ကိုယ်စားလှယ်တွေကဘယ်ရောက်ကုန်ပြီလဲ။အမေရိကန်၊သြစတေးလျသို့အများစုရောက်ကုန်ကြတယ်။ဒီကိုယ်စားလှယ်တွေဟာဒီမိုကရေစီလှုပ်ရှားမှုကိုဘာမှတက်တက်ကြွတာလုပ်တာလည်းမတွေ
့တော့ဘူး။ အခု အန်စီဂျီယူဘီက ဇန်န၀ါရီ ၂၀ ရက်နေ့ မှာ ပြည်သူလွတ်တော် ကိုယ်စားလှယ်တွေကို အိုင်ယာ
လန်နိင်ငံ မှာ အစည်းဝေးလုပ်တော့မယ်လို့ သိပါ တယ်။ ဒီကိုယ်စားလှယ်တွေ အစည်းဝေးသွားတက်ပါတိုက်ပွဲဝင်အစိုးရတရပ် ကို ဖွဲ့ စည်းပြီး နအဖ ကို တိုက်ပွဲဝင်ပါ။ မတိုက်တော့ဘူးဆိုရင်လည်းအစိုးရအဖွဲ့ကိုဖျက်သိမ်းပါ။ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနှုတ်ထွက်ကြပါ။

၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုလေးစားပါ။တက်တက်ကြွကြွပူးပေါင်းပါဝင်မှု ကို ပြသ ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

- မိုးသီးဇွန် -


ဝ လူမျိုးတွေက နအဖ ကို စတင် အာခံလိုက်ပြီ


ဝ ဒေသကို ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) လို့  နအဖ က သတ်မှတ်လာတာကို ၀ သဖ က ပြည်ထောင်စုမြန်မာနိင်ငံ ၀ ပြည် နယ်လို့  အမည်ပေးလိုက်ပါတယ်။ ဒါဟာ နအဖ ကို ၀သဖ အာခံလိုက်တာဖြစ်ပါတယ်။ု ပြည်ထောင်စုမြန်မာနိင်ငံ ၀ ပြည်နယ်လို့ 
အမည်ပြောင်းလဲ သတ်မှတ်လိုက်တာကို ကျနော်တို့  ကြိုဆိုပါတယ်။ လူတိုင်းဟာ ကိုယ်နာမည်ကိုယ်ပေးပိုင်ခွင့်ရှိတယ်။ လူမျိုးတိုင်းဟာ
ကိုယ်ပြည်နယ်နာမည်ကို ကိုယ်ရွေးခြယ်ခွင့်ရှိတယ်။ ဒါဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲဖြစ်တယ်။ ကိုယ်ပိုင်းပြဌာန်းခွင့်ဆိုတာတော့ တောင်းယူ
လို့ မရဘူး။ တိုက်ပွဲငင်မှာ ရမယ်ဆိုတာတော့ ၀ လူမျိုးတွေကို အကြံပြုလိုတယ်။ နအဖကို ပြန်တိုက်ပါလို့ တိုက်တွန်းလိုတယ်။


မြစ်ငယ်မှာ Free Burma Federation စစ်အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်

Free Burma Federation အဖွဲ့ လှုပ်ရှားမှုများ
RFA သတင်းမှာ ကောက်နှုတ်တင်ပြသည်။

2009-01-04
ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့ မနက်မှာ မြစ်ငယ်မြို့ပေါ် အစိုးရရုံးတွေနားနဲ့ မြို့လယ် ဈေးတဝှိက် လမ်းဘေးသစ်ပင်တွေ ဓါတ်တိုင်တွေပေါ်မှာ ပိုစတာတွေကပ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လက်ကမ်းကြော်ငြာ အသေးလေးတွေ လမ်းမပေါ်မှာ ကြဲဖြန့်တဲ့ လှုပ်ရှားမှု တွေရှိတယ်လို့ သိရတဲ့အတွက် အာအက်ဖ်အေက မြစ်ငယ်မြို့ခံ တဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ တွေ့ရှိခဲ့သူတဦးက သူတွေ့ခဲ့သမျှကို ပြန်ပြောပြပါတယ်။

မျက်မြင်တဦး။ ။ ရုံးထောင့်မှာ စာရွက်တွေကျဲထားတာ အဲဒါတွေတွေ့ခဲ့ရတာ။ ကျနော်တောင်မှ တရွက်ကောက်လာသေးတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေးတဲ့ တရားမဝင် စစ်အစိုးရတဲ့ အစိုးရမှာ ဆလိမ်ကြီးနဲ့ ဆိုးထားတာသိလား။ ပြီးတော့ လူထုအစိုးရ တရပ်ပေါ်ပေါက်ရေး ဒို့အရေးပေါ့၊ ဒုတိယ လွတ်မြောက်ရေးတိုက်ပွဲပေါ့ အပင်မှာ ကပ်ထား ပုံတွေပါတယ်၊ ဒေါင်းအလံ ပေါ့ အဲဒါမျိုးပုံတွေ ပါတယ် အပေါ်ဆုံးမှာ ဖရီးဘားမားဖက်ထရေးရှင်း ပေါ့ အဖွဲ့နာမည် ထင်တာပဲ။
ဒီစာရွက်တွေပေါ်မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး၊ တရားမဝင် စစ်အစိုးရ အလိုမရှိ၊ လူထုအစိုးရတရပ် ပေါ်ပေါက်ရေ ဒို့အရေး၊ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ဒုတိယလွတ်လပ်ရေး တိုက်ပွဲအောင်ရမည် စတဲ့ စာတန်းတွေပါတယ်လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ စိတ်ဝင်စားမှုနဲ့ အာဏာပိုင်တွေက ဘယ်လိုတုန့်ပြန်သလဲလို့ မေးကြည့်တဲ့အခါ အခုလိုပြောပါတယ်။

မျက်မြင်တဦး။ ။ လမ်းမှာပေါ့ ဈေးသည်တွေကလည်း ကောက်ကြည့်တယ်၊ နားမလည်တာ လည်တာအပထား၊ ကောက်ကြည့်တာပေါ့ ကြည့်ပြီးတော့ ဖတ်ပြတယ်။ တချို့ကလည်း ကြောက်လန့်ပြီး ပြန်ချတာပေါ့၊ တချို့လည်း ကြည့်ပြီး ပြောဆိုနေတာ၊ အဲဒါလေး ကျနော်တွေ့ရတာပေါ့။ ရုံးတွေရှေ့မှာ များပိုကျဲသလားမသိဘူး၊ သူတို့အဲဒီနေရာမှာ တော့ သူတို့ အလုပ်ရှုပ်နေတာတွေ့ရတာပဲ၊ တချို့ကလည်း ပြန်လိုက်သိမ်းတာရှိတာပေါ့၊ အဖွဲ့တွေ လိုက်ကောက်ကြတာ ရှိတာပေါ့။ ဒီစာရွက်တွေကို ဘယ်အဖွဲ့အစည်းက ဖြန့်ဝေတယ်ဆိုတာ မသိပေမဲ့ Free Burma Federation လို့ စာရွက်ပေါ်မှာ ပါတယ်လို့ ပြောပါတယ်။ နောက်ထပ် မြစ်ငယ်ကနေ မန္တလေးကို ဈေးဝယ်လာသူ တဦးကို အာအက်ဖ်အေက မေးကြည့်တဲ့အခါမှာ သူတွေ့ခဲ့သမျှကို ပြောပြပါတယ်။
မြစ်ငယ်မြို့ခံတဦး။ ။ ကျနော်မန္တလေးဘက်သွားဖို့ ထွက်လာတော့ လမ်းပေါ်မှာ စာရွက်တွေ ကြဲထားတာ
တွေ့တယ်ဗျ။ ပြီးတော့ တချို့အပင်တို့ ဓါတ်တိုင်တို့မှာ ကပ်ထားတာ တွေ့တယ်ဗျ၊ ပိုစတာတွေ ထင်တာပဲ ကပ်ထားတာ ပိုစတာကအဖြူ အမဲပဲ၊ အဖြူအမဲ ကပ်ထားတာတွေ့တယ်။ ဒီစာရွက်တွေကို ဘယ်အဖွဲ့အစည်းက
ဖြန့်သလဲဆိုတာ အာဏာပိုင်တွေက လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ မန္တလေးမြို့ပေါ်မှာတော့ လူစည်ကားတဲ့ နေရာ တော်တော်များများမှာ ယာဉ်ထိမ်းရဲတွေနဲ့အတူ လုံခြုံရေးတွေ တွဲချထားတာတွေ ရှိတယ်လို့ သိရပါတယ်။

ရုရှသွား..ပါးလိုက်တဲ့စာခွေ



အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ….. လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။

from Ko Shar Shay
http://wunnasoe.co.cc/?p=828

ဒီကဗျာ ကို ကြည့် ခြင်းအားဖြင့် ရုရှားမှာ ပညာသင်လွှတ်ထားတဲ့ သူတွေအတော့ ကိုအခြေအနေဆိုးနေကြပုံရတယ်။ ညီလေးတို့ ဟိုမှာ အဆင်မပြေရင် ဒီဖက်ကို လာခဲ့ကြပါလား။ ပွင့်ပွင့်လင်းလင်းပြောကြနော်။ ကိုယ်တို့ ကို ဆက်သွယ်ပါ။ အားလုံးအစုလိုက်အပြုံလိုက်ကူးပြောင်းနိင်ရင် ပိုကောင်းတယ်။



အမေရိကန် အစိုးရ က (၆၁) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ သ၀ဏ်လွှာပေးပို့


















(ယာ ပုံ) မြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတ စပ်ရွှေသိုက် ကို ၁၉၄၈ ဇန္န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အခမ်းအနား ၌
နိုင်ငံတော် အလံ ကို လွှင့်ထူစဉ် တွေ့မြင်ရပုံ
(၀ဲ ပုံ) လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း အင်္ဂလန်နိုင်ငံ သို့သွားရောက်ပြီး လွတ်လပ်ရေး တောင်းဆိုစဉ်


-တီကေ-

အမေရိကန် အစိုးရမှ ၆၁ နှစ်မြောက် မြန်မာပြည် လွတ်လပ်ရေးနေ့ အကြို၊ သောကြာနေ့ ၌ စစ်အာဏာရှင် လက်အောက်မှ မြန်မာပြည် အား ဒီမိုကရေစီ ထူထောင်ရေး အတွက် ထောက်ခံကြိုးစား သွားမည် ဟု ပြောဆိုခဲ့ပါသည်။ နိုင်ငံခြားရေးရုံး မှ ပြောပိုင်ခွင့် ရှိသူ ရှောင် မက်ကွမ်မက် က မြန်မာ လွတ်လပ်ရေး နှစ်ပတ်လည်၌ ၁၉၆၂ ခုနှစ် မှ စတင်ခဲ့သော စစ်အာဏာရှင်တို့ ၏ လူအခွင့်အရေးချိုးဖောက်မှု များကို ရှုံ့ချသွားခဲ့ပါသည်။

"ကျနော်တို့ အနေနဲ့ ဤအခါသမယ မှာ မြန်မာပြည်သူများ အတွက် ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ခဲ့တဲ့ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဟာ ကျနော်တို့ ၁၈ရာစု က အင်္ဂလိပ် ကိုလိုနီ ဘ၀ က လွတ်လပ်ရေးကြိုးပမ်းမှု နဲ့ အလားတူပါဘဲ" ဟု မက်ကွမ်မက် က ဆိုခဲ့ပါသည်။

"ကျနော်တို့ ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်လူအခွင့်အရေးတွေ ရဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းဆောင်ရွက် နေတာတွေ ကို ထောက်ခံပါတယ်၊ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ မြန်မာပြည်သူတို့နဲ့ တကွ ရပ်တည်ထောက်ခံ နေခြင်းဟာလည်း ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နဲ့ တိုင်းပြည်သာယာဝပြောရေး ဖော်ဆောင်ကြိုးပမ်းမှု့ များ ကိုလေးစားဂုဏ် ပြုခြင်းကြောင့်ဖြစ်ပါတယ်။"

" အဲဒီတနေ့ ဟာလည်း အမြန်ဆုံး ရောက်လာမယ်လို့ ကျနော်တို့ စိတ်အားထက်သန်စွာ မျှော်လင့်နေကြ ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးကို အမေရိကန်အစိုးရ အနေနှင့် အားသွန် ခွန်စိုက် ကျိုးပမ်းသွားမည်ဖြစ်ကြောင်း" မက်ကွမ်မက် က ပြောဆိုသွားပါသည်။

သူ၏မိန့်ခွန်းများ ၌ နအဖ အဓမ္မ ပြောင်းလဲထား သော Myanmar အစား Burma ဟူ၍သာ တောက်လျှောက် သုံးသွားခဲ့ပါသည်။



Rest of your post

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိ တပိုင်းတစ


"ဆရာမ မခင်ကြည် တိုက်မှ သောက်မယ်" ဆိုသော ဗိုလ်ချုပ် အောင်ဆန်းနှင့် သူ၏မိသားစု

(ဤ ဆောင်းပါးရှင် ဦးအုန်းမြင့် မှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်း ၏ အရင်းနှီးဆုံး မိတ်ဆွေ တဦးဖြစ်သည်။ ဦးအုန်းမြင့် နှင့် သခင် တင်ဦး တို့မှာ သခင်ဘ၀ ကပင် ဗိုလ်ချုပ်၏ ပြောမနာ ဆိုမနာ မိတ်ဆွေရင်းများ ဖြစ်ကြ သည်။ ဗိုလ်ချုပ် မကျဆုံးမီ ကလေး က ကျင်းပခဲ့သော သတင်းစာ ဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က "ကျုပ်အကြောင်း သူတို့နှစ်ယောက် သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဘူးသည်။ ဦးအုန်းမြင့် ရေးသားထား သော ဆောင်းပါး အားလုံး ကိုမူ များလွန်း သဖြင့် မဖော်ပြနိုင်ခြင်း ကို ခွင့်လွှတ်စေလိုပါသည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြပါသည်။)

မောင်လူအေး

ခွေးမသား စစ်ထဲဝင်

ထိုနောက်မှာကား ဂျပန်တို့ ဗမာပြည် ၀င်လာသည့်အခါ၊ သူ့အား ဗိုလ်တေဇ အဖြစ်နှင့် ပြန်တွေ့ရ၏။ ကျွန်တော်လည်း တောမှ ရန်ကုန်သို့ တက်လာပြီး သူအား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စား နှင့် တွေ့လိုက်ရသော အခါ၊ သူ က ကျွန်တော့အား သုံသုံမှုံမှုံကြီး ကြည့်နေသည်။ ကျွန်တော်က "ဗိုလ်တေဇ နေကောင်းရဲ့လား" ဟု စကားစလိုက်သည် နှင့် တပြိုင်နက် "ဘာ ဗိုလ်တေဇလဲ ၊ ခွေးမသား စစ်ထဲဝင်ရမယ်" ဟုပြန်၍ နှုတ်ဆက်လိုက်သည် ကို ယခုတိုင် ကြားယောင်လျက် ရှိပါသေးသည်။

သူနှင့်အရက်

တနေ့သော် ကျွန်တော်တို့ ဗိုလ်စကြာအိမ် ရောက်သွားကြသည်။ ဗိုလ်စကြာတို့အိမ်တွင် သခင်တင် ( ယခင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊ နောင်ကြီးလင်း (ကွယ်လွန်သူ သထုံခရိုင်ဝန် သခင်လင်းကြီး) တို့လည်း ရှိရာ အားလုံးကပင် "စစ်ဗိုလ် ဆိုရင် အရက်သောက်ရတယ်" ဟု ပြောပြောဆိုဆို သခင်အောင်ဆန်းအား ၀ိုင်း၍ အရက်တိုက်ကြသည်။ ပဌမ သော် မသောက် ဇွတ်ငြင်းသေးသည်။ နောက် မနေနိုင်တော့ "စစ်တိုက်မှာဘဲ သောက်မယ်၊ငါသောက်မယ်၊ အဟမ်း ဟဲဟဲ" ဟုဆိုကာ တခွက်မော့ လိုက်လေသည်။ မော့ပြီးသည်နှင့် တပြိုင်နက် "မင်းတို့ဥစ္စာ မကောင်းဘူး၊ နံလဲနံတယ်၊ ပူလဲပူတယ်" ဟု မှတ်ချက်ချလေသည်။ ဗိုလ်စကြာ၊ သခင်တင် နှင့် နောင်ကြီးလင်း တို့ကောင်းမှု ကြောင့် ၃-၄ခွက် လောက်သောက်ပြီးနောက် သူ့ကို အတင်းတိုက် ရမလား ဟု ဆဲသည်။ နောက် "ငါအိမ်ပြန်မယ်" ဟုပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သော အခါ "ငါမူးတယ်၊ အိပ်မယ်" ဟု ပြောကာ အိပ်ရာဝင်လေသည်။ ခဏမျှ ငြိမ်နေပြီး အိပ်ပျော်သွားပြီ ဟု ထင်နေစဉ် "ဟေ့ ခွေးမသား အုန်းမြင့်၊ တင်ဦး ငါမူးတယ် အိပ်လို့မရဘူး၊ ငါ့အမူး ပြေအောင် လုပ်ပေးကြ" ဟုအော်တော့ သည်။ ကျွန်တော်တို့ ၀င်သွားသော အခါ ဒရိမ်း ဒယိုင်ထပြီး "ငါအမူးပြေအောင် လုပ်ပေးကြ ခွေးမသားတွေ" ဟု တကြိမ်းတည်း ကြိမ်းနေ၍ " ရေချိုးဗျာ၊ ပျောက်သွားမှာဘဲ" ဟု ပြောလိုက်သည်နှင့် တပြိုင်နက်၊ ဆင့်ကာ ဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇-ရက် ၈-ရက် ကြာမှ ချိုးချင် ချိုးသည်။ အမြင်မတော်၍ အခြားလူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့် အလေ့မှာ မပျောက်။ ထိုနောက်မှ သူ့အား သခင်တင်ဦးနှင့် ကျွန်တော် ၂-ယောက်တွဲ၍ လမ်းရှောက်နေရ တော့ သည်။နောက်တနေ့ မနက်တွင် အိပ်ရာထ ခါတိုင်းထက်နောက်ကျပြီး အိပ်ရာမှ နိုးလျှင် နိုးချင်း"ခွေးမသားတွေ ငါမူးနေသေးတယ်" ဟု မနက်ခင်းနှုတ်ဆက်လိုက်လေသည်။

နောက် ဗမာ့တပ်မတော် ဖွဲ့လေပြီ။ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျွန်တော်တို့အား စစ်ထဲမ၀င်၍ "ခွေးမသား တွေ စစ်ထဲဝင်ရမယ်" ဟု တကြိမ်းတည်း ကြိမ်းနေသည်။ သခင်အောင်ဆန်း ကား စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး ရမည်။ စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး အစစ် ခိုင်လုံမည် ဟု တထစ်ချ ယုံကြည်သည်။ စစ်တပ် ကြီးကျယ်မှု ကို ကြိုးစားလုပ်ခဲ့သည်။

ဒေါ်ခင်ကြည်နှင့်

ကျွန်တော်နယ် သို့ထွက်သွားပြီး ပြန်လာသောအခါ သူဆေးရုံတွင် ရောက်နေလေပြီ။ သခင်တင်ဦး နှင့် ကျွန်တော် သူ့အခန်းထဲ ၀င်သွားသော ကြရာ၊ "ဟို ခွေးသား တင်ဦး ကို ငါ့မိန်းမဘို့ လက်စွပ်ဝယ်ခိုင်းတာ မရဘူး။ မင်းဝယ်ပေးရမယ်" ဟု စကားစလေသည်။ ကျွန်တော်လည်း သူကျေနပ်အောင် ၀ယ်ပေးပါမယ် ဟု ပြော၍ "ဟေ့၊ တင်ဦး အုန်းမြင့် ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဘို့နော်၊ ခွေးမသား မင်းသုံး မပစ်လိုက်နဲ့အုံး" ဟု တဆက်တည်းပြောလေသည်။ ထိုအခိုက် ဆရာမလေး တယောက် ဆေးခွက်ကိုင်၍ ၀င်လာရာ " မသောက်ဘူး၊ မသောက်ဘူး၊ ဆရာမ မခင်ကြည် တိုက်မှ သောက်မယ်" ဟု ခေါင်းတခါခါ ပြောသဖြင့်၊ ဆရာမလေး ပြုံးပြီး လှည့်ထွက်သွားလေသည်။ တဘက်ခန်းမှ ဦးကျော်ငြိမ်း (ယခင်) ပြည်ထဲရေးဝန်ကြီး က "မြန်မြန်ရအောင် လုပ်ပေးလိုက်စမ်းဗျာ ဟဲဟဲ" ဟု ထုံးစံအတိုင်း လေအေးလေပြော့ ကလေးနှင့် လှမ်း၍ နော့လိုက်လေသည်။

ထိုနောက် ကျွန်တော် တောသို့ပြန်သွားရာ သခင်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်သည့် သတင်းကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေး အတွက် ဆင်းရဲ ပင်ပမ်းကြီးစွာ ကြိုးပမ်း၍ အတော်မကျန်းမမာ ဖြစ်နေရာ၊ ဒေါ်ခင်ကြည် ၏ ဂရုတစိုက် ကြည့်ရှုပြုစုမှု ကြောင့်သာ နလံထူလာခြင်း ဖြစ်ပေသည်။ သို့မဟုတ်က တရှောင်ရှောင် နှင့် ထိုစဉ်ကပင် လုံးလုံး လဲဘွယ်ရာ ရှိပေသည်။ ဒေါ်ခင်ကြည်၏ ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေး ကို ဆက်လက် ကြိုးပမ်းနိုင်ခြင်းဖြစ်လေသည်။ သို့သော် လွတ်လပ်ရေးအတွက် တိုက်နေရင်းပင်၊ လွတ်လပ်ရေး မရခင် ခုလပ်တွင်ပင် ရန်သူ့ လက်ချက်ဖြင့် အသက်ဆုံးရှုံး ရရှာလေပြီ။

( ယခုအခါ
မြန်မာငွေစက္ကူ များတွင် ဗိုလ်ချုပ်ရုပ်ပုံလွှာ ကို မဖော်ပြတော့ပါ။ နောင် ကလေးငယ် များပင် ဗိုလ်ချုပ် ကို မြင်ဘူးကြတော့မည်မဟုတ်။ ထိုကဲ့သို့ လွတ်လပ်ရေး ရရန် အားသွန်ခွန်စိုက်ပြီး အသက်ပါ စတေးခံခဲ့သော မြန်မာသမိုင်း ၏ အကြီးအကျယ်ဆုံး အာဇာနည် ခေါင်းဆောင်ကြီး ၏ ရင်နှစ်သည်းချာ သမီးရတနာ ဒေါ်စု အား ဗိုလ်ချုပ် ကိုယ်တိုင် ကြပ်မတ် တည်ထောင်ခဲ့သော တပ်မတော်မှ လူမဆန်သော ဗိုလ်ချုပ်များ က သမိုင်းကို လစ်လျူရှု၍ ယခုတိုင် ဖမ်းဆီးချုပ်နှောင်ထားသည် မှာ မြန်မာပြည် ၌ လူ အုပ်ချုပ်နေသလော၊ ခွေးအုပ်ချုပ်နေသလော မေးစရာ မလိုတော့ပါ။ ဤကား စကားချပ်။)

-မောင်လူအေး-


Rest of your post

ဂျပန်နိုင်ငံ ချီးဘားရောက်မြန်မာများ၏လွတ်လပ်ရေးအခမ်းအနား














Campaign Call for Independence Day-2
















Rest of your post

ကိုခွန်မြင့်ထွန်းရှင်းလင်းချက်



မူရင်းအသံဖိုင်နားဆင်ရန် ( အမ်ပီယူ ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်မြင့်ထွန်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းခန်း) အမျိုးသားညီညွတ်ရေး အစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းတည်ထောင်ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ကိုင်သွားမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) က ကြေညာချက်ထုတ်ပြန်ထားသည်။

အမှန်စင်စစ် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သည့် လက်ရှိအဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကို နယ်မြေလက်ကိုင်ရှိ တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် အခြားသင့်လျော်သည့် နိုင်ငံရေးခေါင်းဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် ၂ဝဝ၈ ခုနှစ် လွှတ်တော်ကိုယ်စား လှယ်များသမဂ္ဂ (အမ်ပီယူ) မှ ချမှတ်ခဲ့သည့်မူအတိုင်း ဆောင်ရွက်သွားမည့် အစီအစဉ်သာဖြစ် သည်ဟု အမ်ပီယူ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ခေတ်ပြိုင်နှင့် သီးခြား တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

သို့သော် အန်စီယူဘီ၏ကြေညာချက်ကြောင့် နောက်ထပ် စင်ပြိုင်အစိုးရတရပ် ထပ်မံဖွဲ့စည်းမည့်သဘောလားဆိုပြီး အတိုက်အခံ
အုပ်စုများကြား နားလည်မှု ရှုပ်ထွေးကုန်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမ်ပီယူ ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်မြင့်ထွန်းအား ခေတ်ပြိုင်က မေးမြန်းရာ လက်ရှိ စင်ပြိုင်အစိုးရ (၂) ခု ပေါ်ပေါက်လာမည့် အစီအစဉ်မဟုတ်ဘဲ ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့စည်းသွားရေး ရေရှည်စီမံချက်သာဖြစ်သည်ဟု ခွန်မြင့်ထွန်းက ရှင်းပြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဖွဲ့ဖြစ်မည်၊ မဖွဲ့ဖြစ်မည်ကိုမူ အန်စီ ယူဘီကြေညာချက်တွင် ဖော်ပြမထားပေ။ အန်စီယူဘီ၏
ကြေညာချက်တွင် တိုးချဲ့ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရကို အမျိုး သားညီညွတ်ရေး အစိုးရဆိုသည့် အမည်သုံးထားခြင်းသည် မှားယွင်းဖော်ပြခြင်း ဖြစ်ကြောင်း၊ လက်ရှိ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) အမည်ကို အသစ်ပြောင်းပါက နိုင်ငံတကာ ဆက်ဆံရေးမှာ နားလည်မှု ရှုပ်ထွေးနိုင် သည့်အတွက် တိုးချဲ့မည့် စင်ပြိင်အစိုးရကို မူလအမည်ဖြစ်သည့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကိုသာ ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ထပ်မံရှင်းပြသည်။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို ခေတ်ပြိုင်ကမေးရာ အန်စီယူဘီ၏ထုတ် ပြန်ချက်နှင့် ပတ်သက်၍ တစုံတရာသိထားခြင်းမရှိပါကြောင်း ဖြေကြားသည်။ ၎င်းအပြင် လက်ရှိ စင်ပြိုင်အစိုးရ ပေါ်လစီနှင့် ပတ်သက်၍ "ပြည်တွင်းမှာ တရားဝင် ရပ်တည်နေတဲ့ အန်အယ်လ်ဒီရှိတယ်၊ စီအာပီပီရှိတယ်၊ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေရှိတယ်၊ ဒီအဖွဲ့အစည်းတွေရှိနေသရွေ့၊ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် မပျက်ပြယ် သရွေ့၊ ကျနော်တို့လဲပဲ ဆက်ပြီးသွားမှာပဲ" ဟု ဒေါက်တာစိန်ဝင်းက ပြောသည်။
(မူရင်း- ခေတ်ပြိုင် မှ )

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက်


(နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ)
ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသအတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဖဲရိုက်ပြီး အလှူ ကြီး ပေး


တကမ္ဘာလုံးက စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ တော့ အမေရိကန် နိင်ငံမှာရှိတဲ့ ဘီလီယံနာ ကြီးလေးယောက်
အတွက် ပျက်လုံးတခုလို ဖြစ်နေပါတယ်။ သူတို့လေးယောက် ချိန်းပြီး အပျော်စီးသဘောင်္တစင်းပေါ်မှာ ပိုကာကစား နေကြသတဲ့။ သူတို့ကစားတာကတော့ နည်းနည်းတော့သာဓုခေါ်ရမှာရှိတဲ့ နိင်တဲ့ငွေကို ဆင်းရဲသား တွေကို အလှူလုပ်မယ်ဆိုပဲ။ သူဌေးကြီးလေးယောက်ကတော့ ဆေးဝါး ပစ္စည်းတွေထုတ်လုပ်တဲ့ သူဌေး ကြီး စတီးရော့်ရယ်။ ဆော့ဝဲ တွေလုပ်တဲ့ သူဌေး ကြီး တွန်ဆိုက်ဘဲလ် ရယ်၊ ကာစီနိုဝိုင်းတွေနဲ့ ကျိကျိတက်ချမ်းသာ နေတဲ့ ဖေးလ်ရောဘင်ရယ်၊ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင် ဂျွန်ကစ် မာတီဒီ တို့ ဖြစ်ကြပါတယ်။ သူတို့ ပိုကာကစားပွဲ က နစ်နာရီမျှသာကြာမှပါ။ လောင်ကြေးငွေ ၂သိန်းကို အနိင်ရတဲ့သူက ကြိုက်တဲ့ လူမှုရေးအသင်းကို လှူခွင့်ရှိမယ်လို့  ကတိက၀တ်ပြုထားပါတယ်။ ဒီပွဲမှာ ကာစီနိုင်းပိုင်ရှင် ရောဘင် က အနိင်ရသွားပါတယ်။ သူက အနိင်ရငွေကို ဆီချို ရောဂါတိုက်ဖျက်ရေးအသင်းကိုလှူဒန်းလိုက်တယ်လို့သိရတယ်။ ကဲ မြန်မာ ပြည်က ဘီလီယံနာတွေရော ဖဲိုင်းလေးကစားပြီး ဆင်းရဲသား ပြည်သူတွေကို လျူလိုက်ကြရင် မကောင်းလှပေဘူးလား။

ကဗူး က ခွေးတိုက်ပွဲ

( ကိုယ်တိုင်လည်းချတယ်။ တရိစ္ဆာန်ကိုလည်း ချခိုင်းတယ်)

ဗြိတိသျဝန်ကြီးချုပ်ဟောင်း ချာချီက အာဖန်ဂန်သားတယောက်ချင်းမှာ လက်စားချေရမဲ့ ရန်သူတယောက်ရှိနေ တယ်တဲ့။ အာဖန်ဂန် ယောက်ျား တယောက်ဟာ မိန်းမကောင်းကောင်းရဖို့ ထက် ရိုင်ဖယ်ကောင်းကောင်း တလက်ကို ရဖို့အမြဲတမ်း တမ်းတ နေသတဲ့။ အချင်းအချင်း ချဖို့ သွေးဆာနေသလိုအပြင်က နိင်ငံခြားသား တပ်ဖွဲ တော့ဝင်မသွားလေနဲ့ အလျင် အမြန်ညီညွတ် လိုက်ပြီး ၀ိုင်းချတော့တာပဲ လို့မှတ်ချက်ချတယ်။ ပုံမှာမြင်ရတာကတော့ နစ်သစ်ကူးကြိုဆိုပွဲ တခုက ခွေးတိုက်ပွဲ ကို ကာဗူးမြို့ မှာ ကျင်းပနေပုံဖြစ်ပါတယ်။

လူချင်း တိုက်ရတာတွင် မကဘူး ခွေးချင်း တိုက်ရတာလည်း ၀ါသနာထုံလှတဲ့ အာဖန်ဂန်နိင်ငံသားများဟာ ဇန်န၀ါရီလ ၂ ရက်နေ့  ၂၀၀၉ ကဗူး မြို့ မှာ ကျင်းပတဲ့ နစ်သစ်ကူး ခွေးတိုက်ပွဲ ကိုပျော်ရွှင်စွာ ကျင်းပ နေပုံဖြစ်ပါတယ်။




စပိန် နွားရိုင်း သတ်ပွဲ


ဒီဇင်ဘာ ၂၈၊၂၀၀၈ နေ့ က စပိန်နားရိုင်းသတ်သမား ယူစီဒါ လီလာ က စပိန်နိင်ငံ ကလီ မြို့ မှာကျင်းပတဲ့ နွားရိုင်းသတ်ပွဲတော်မှာ ပါဝင်ဆင်နွဲနေပုံ ဖြစ်ပါတယ်။

အစိုးရအသစ် ဖွဲ့  စည်းရေး အပေါ် မိုးသီးဇွန့် သဘောထား။

၁- ဖယ်ဒရယ်အစိုးရပဲခေါ်ခေါ်၊ အမျိုးသားညွန့် ပေါင်းအစိုးရပဲခေါ် အားလုံးကိုပါဝင်ဖွဲ့ စည်းနိင်ဖို့ လိုတယ်။

• လွတ်တော်ကိုယ်စားလှယ်များ
• တိုင်းရင်းသားခေါင်းဆောင်များ
• ၁၉၆၂-၇၄ နဲ့  ၈၈ မျိုးဆက်ကျောင်းသား များ
• ဒီမိုကရေစီအင်အားစုများ
• ပြည်ပရောက်အင်အားစုများ
• နယ်စပ်အခြေစိုက် မြန်မာ့  Civil Society Institutions အဖွဲ့ စည်းများ
• ပြည်ပရောက်ပညာရှင်များ ကိုအခြေခံပြီး ဖွဲ့ စည်းသင့်ပါတယ်။


၂- လောလော ဆယ်မှာ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ အမျိုးသားညွန့် ပေါင်းအစိုးရ တရပ် ရှိပြီးသားဖြစ်နေပါတယ်။ ပြည်ပမှာ အစိုးရနစ်ဖွဲ့ မဖြစ်သင့်ပါ။ သူနဲ့  အကြေအလည် နားလည်မှုယူဖို့ လိုတယ်။ ( ဒေါက်တာစိန်ဝင်းနဲ့  ဘယ်လို ဆွေးနွေးများ ပြုလုပ်ထားသလဲ၊ သဘောတူညီမှုတွေဘာတွေရထားသလဲဆိုတာကို ပြည်သူလူထုကို တင်ပြသင့်တယ်။
ရှင်းရှင်းလင်း (Transparency) ရှိစေခြင်ပါတယ်။ )

၃- အစိုးရအဖွဲ မှာ လုပ်ငန်းစဉ် တိတိကျကျရှိဖို့ နဲ့ ယုံကြည်ချက်ရှိဖို့ လိုတယ်။

• တရားဝင်မှုကို ဘယ်လို ရယူမလဲ
• ကိုယ်ပိုင်နယ်မြေတခုရအောင်ဘယ်လိုလုပ်မလဲ
• ပြည်ထောင်စု တပ် ကို ဘယ်လိုဖွဲ့ စည်းမလဲ
• လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲနဲ့  သံတမာန်ရေးတိုက်ပွဲ ကို ဘယ်လိုပေါင်းစပ်မလဲ ။

၎- အစိုးရဟာ မြန်မာ ပြည်ရဲ့  တရားဝင် အစိုးရဖြစ်တယ်။ အချုပ်အခြာအာဏာ နဲ့  မြန်မာ ပြည်နဲ့  အရေးအခင်းတွေကို ဖယ်ဒရယ်အစိုးရက သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြည်တွင်းပြည်ပ နဲ့ နိင်ငံတကာ သိအောင် ကြေညာမှု ပြုမှာလား မပြုဘူးလား။
( ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ ညွန့် ပေါင်းအစိုးရက စင်ပြိုအစိုးရအဖြစ် ဖွဲ့ ထားသော်ငြားလည်း စင်ပြိုင်အစိုးရအဖြစ် ကြေညာတဲ့ ပေါ်လစီမရှိခဲ့ မလုပ်ခဲ့ လို့ ရှင်းရှင်းလင်းသိနိင်ဖို့ လိုပါတယ်။ )


၅- အစိုးရဖွဲ့ ပြီး နအဖနဲ့ စေ့စပ်ရေးလမ်းကြောင်းကိုသေနင်္ဂဗျူဟာ အဖြစ်မကိုင်စွဲသင့်ပါ။

၆- ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံကြောင်း ကြေညာဖို့ လိုတယ်။

၇- လွှတ်တော်ကိုယ်စားလှယ်မှာ အစိုးရဖွဲ့ တယ်ဆိုတာမဖြစ်နိင်ပါ။ လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲ အစိုးရဖွဲ့ လို့ ရတယ်ဆိုတာမဟုတ်ပါဘူး။ အမေရိကန် အစိုးရ အဖွဲ့ မှာ သမတနဲ့ ဒုသမတပဲ ပြည်သူလူထုကရွေးကောက်ပွဲနဲ့ တက်လာတဲ့သူတွေ ကျန်တဲ့သူတွေက သမတ က ဆွဲခန့် တွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ကို သမတက ပဲ တာဝန်ခံတယ်။

၈ - ပရောဂျက်တင်ကောင်း အောင် ဖွဲ့ တဲ့အစိုးရမျိုးမဖြစ်သင့်ပါ။ အယောင်ဆောင် လုပ်စား အစိုးရ
ကိုလုံးဝအလိုမရှိပါ။

၉- အစိုးရအဖွဲ့ သက်တန်း၊ ၀န်ကြီးတာဝန်တွေသက်တန်းများကို တိတိကျကျသတ်မှတ်မှ ကျနော်တို့ ထောက်ခံနိင်ကြောင်း တိတိလင်းလင်း ပြောထားလိုပါတယ်။

၁၀- ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အမျိုးသား ညွန့် ပေါင်းအစိုးရအနေနဲ့  ရာသက်ပန် ၀န်ကြီးတွေလုပ်နေတာဟာ ဒီမိုကရေစီ ကျင့်စဉ်များနဲ့  မညီညွတ်ပါ။ ဒီမိုကရေစီလှုပ်ရှားမှုကို တန်ဖိုး မထားတဲ့အတွက် ကျနော်တို့  စိတ်မကောင်းဖြစ်မိပါတယ်။





- မိုးသီးဇွန် -

သန်းရွှေ မြေး ပါတီတည်ထောင်တော့မယ်လို့ သတင်းများထွက်ပေါ်နေ


ပြည်တွင်းမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ သန်းရွှေမြေး ဖိုးလှ ပြည့်ဟာ ပါတီတခုကို တည်ထောင်ပြီးဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်လို့ ဆိုပါတယ်။သူမှာ လူအင်အား ၅ ထောင်ကျော်ရှိတယ်လို့ဆိုပါတယ်။ ပါတီနာမည်ကတော့ မြန်မာစည်းလုံးညီညွတ်ရေးနှင့် ဖွင့်ဖြိုးမှု ပါတီ ( Myanmar Solidarity and Development– MSD) လို့ အမည်ပေးထားကြောင်းပျဉ်းမနား စစ်တပ်အသိုင်းအ၀ိုင်းက ဆိုပါတယ်။ ပါတီ ရံပုံငွေနဲ့လိုအပ်တဲ့ငွေတွေကို သန်းရွှေမိသားစုက ထုတ်ပေးမယ်လို့ လည်းသိရပါတယ်။

ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့သူတွေကို ချီးကြူးရမယ်။




































၂၀၀၈ ခုနစ်မှာ ဟောလီဝုဒ်က အလုပ်အကြိုးစားလုပ်ကိုင်ခဲ့သူတွေလို့ သတ်မှတ်ခြင်းခံခဲ့ရသူများ
Forbes' Top 10 Hardest-Working Actors
၁- မော်ဂန် ဖရီမန်း ( Morgan Freeman)
၂- ဆာဒ် ရိုဂန် ( Seth Rogen)
၃ - စတိဗ်ကာရဲလ် ( Steve Carell )
၎- ကွင်းန် လာတီဖါ ( Queen Latifah)
၅- ဆင်မြူရလ် ဂျပ်ဆင် ( Samuel Jackson)
၆- ဝေလ် ဖါရဲလ် ( Will Ferrell)
၇-မာခ် ၀ါဘခ် ( Mark Wahlberg)
၈- စကားလက် ဂျွန်ဆင်( Scarlett Johansson)
၉-ဂျွန်နီ ဒိပ်( Jonhhy Depp) -
၁၀ ရှီရာ လာဘိုဖ် ( Shia Labeouf) တို့ ဖြစ်ကြပါတယ်။

ပေးပို့ သူ- ရှယ်လီ ( ကာလီဖိုးနီးယား)

ရှိတ်ဟာစီနာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လိုလား

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ၌ကျင်းပခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ
အမျိုးသား ပါလီမာန်ရွှေးကောက်ပွဲတွင် မဲပေးနေစဉ် (ပုံ-မဇ္ဈိမ)


-ဆစ်ဒစ် အစ္စလမ်-

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည့် ရှိတ်ဟာစီနာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြာမြင့်လှပြီဖြစ်သော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးနှင့် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ရင်းနှီး ချစ်ကြည်သော ဆက်ဆံရေးကို လိုလားကြောင်း ပြောဆိုလိုက်သည်။

အဝါမီလိဂ် (Awami League) ပါတီခေါင်းဆောင်သော မဟာညွန့်ပေါင်း အဖွဲ့ကြီးက တနင်္လာနေ့က ကျင်းပခဲ့သော ပါလီမန် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် အဝါမီလိဂ်ပါတီ ဥက္ကဋ္ဌ ရှိတ်ဟာစီနာက ဒါကာမြို့ရှိ ဘင်္ဂလာဒေ့ရှ်-တရုတ် ကွန်ဖရင့်ဗဟိုဌာနတွင် ဗုဒ္ဓဟူးနေ့က ပထမဆုံး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ တောင်းဆိုပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျမကိုယ်တိုင်လည်း ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် တိုက်ပွဲဝင်ရင်း ကျမနိုင်ငံအတွင်းမှာ အကျဉ်းချခံခဲ့ရပါတယ်။ သူ့ (ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့လည်း အကျဉ်းထောင်အတွင်းမှာ မရှိသင့်တော့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်" ဟု ရှိတ်ဟာစီနာက သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောဆိုသည်။

သူ့အစိုးရအနေဖြင့် ယနေ့ ကမ္ဘာတွင် အလျင်မြန်ဆုံးနှုံးဖြင့် ဖွံ့ဖြိုးကြီးထွားလာနေသော စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

၅ နှစ်နှင့် ၂ နှစ် အာဏာလက်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခု ဒုတိယအကျော့ အာဏာ ပြန်လည် ရရှိလာခဲ့သည့် ရှိတ်ဟာစီနာသည် ဇန်နဝါရီလ ၁ဝ ရက်နေ့မတိုင်ခင် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိမ့်မည်ဟု မျှော်လင့်ရသည်။ သူ့အစိုးရ၏ ပထမဆုံး လုပ်ဆောင်မည့် လုပ်ငန်းမှာ မြင့်တက်နေသော အခြေခံ စားကုန်နှင့် ကုန်စည်များ၏ ဈေးနှုံးကို သာမန် ပြည်သူများ လက်လှမ်းမီသည့် အဆင့်သို့ လျှော့ချပေးရန်နှင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

မဟာမိတ်ပါတီများ အနိုင်ရခဲ့သည့် နေရာများ မပါဝင်ဘဲနှင့်ပင် အဝါမီလိဂ်ပါတီ (AL) တခုတည်းက ဤ နဝမ အကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲတွင် အမတ်နေရာပေါင်း ၂၃ဝ ရရှိခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်က ရရှိခဲ့သော အမတ်နေရာပေါင်း ၆၂ နေရာထက် အများကြီး ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

ဤ AL ၏ အပြတ်အသတ် အနိုင်ရမှုသည် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော သမတဟောင်း ရှိတ်မူဂျီဘူရာမန် ၁၉၇ဝ ခုနှစ်က ရရှိခဲ့သည့် ရာဇဝင်တွင်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို နောက်တကြိမ် ပြန်ပြောင်းအောက်မေ့ဘွယ် ဖြစ်သည်။ သို့သော် ဤရလဒ်ကို ထိုအချိန်က ပါကစ္စတန် အစိုးရက လက်မခံဘဲ ပယ်ချခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။

ရွေးကောက်ပွဲကော်မရှင် (EC) ၏ ရေတွက်မှုအရ မဟာညွန့်ပေါင်းအဖွဲ့ (Grand Alliance) က ၂၆၂ နေရာ အနိုင်ရရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ခေါင်းဆောင်သည့် ၄ ပါတီ ညွန့်ပေါင်းအဖွဲ့က ၃၂ နေရာသာ ရရှိခဲ့၍၊ တသီးပုဂ္ဂလက ၄ နေရာနိုင်ကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က တနေရာသာ အနိုင်ရရှိခဲ့သည်ဟု ဆိုသည်။

ဤရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၉ ပါတီမှ အမတ်လောင်း ၁၅၅၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ဤရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက လက်ရှိ အိမ်စောင့်အစိုးရ နေရာတွင် လွှဲပြောင်း တာဝန်ယူသွားမည် ဖြစ်သည်။

နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ အဌမအကြိမ်မြောက် ပါလီမန်လွှတ်တော်အတွက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်ပြီး ၂ဝဝ၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဤရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၄၈၄ ဦး အပါအဝင်၊ နိုင်ငံရေးပါတီပေါင်း ၅၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၉၃၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ဟု ဆိုသည်။

မြို့တော် ဒါကာနှင့်တကွ တနိုင်ငံလုံးတွင် ဆန္ဒမဲပေးသူ ထောင်ပေါင်းများစွာသည် ယင်းတို့၏ မဲပေးခွင့်ကို ကျင့်သုံးဆောင်ရွက်ရန် မဲရုံများသို့ သွားရောက်ခဲ့ကြသည်။ ဆန္ဒမဲပေးပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ပြီးဆုံးသွားခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပခြင်းကို လာရောက်လေ့လာ အကဲခတ်ခဲ့ကြသည့် ဒေသခံနှင့် နိုင်ငံခြားသား အကဲခတ်များ၏ ကနဦး အကဲဖြတ် သုံးသပ်ချက်များအရ ဤပါလီမန် ရွေးကောက်ပွဲသည် "အငြိမ်းချမ်းဆုံး" နှင့် တရားအမျှတဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ ထို့ကြောင့် အတိုက်အခံတို့ အနေဖြင့် ပြည်သူလူထု၏ ဆုံးဖြတ်ချက်ကို လက်ခံပါရန် တိုက်တွန်း တောင်းဆိုထားသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၁ ဝ၅ ၈၆၉၈ အနက် မဲရုံများသို့ လာရောက်မဲပေးသူ ရာခိုင်နှုံးမှာ ပျှမ်းမျှခြင်းအားဖြင့် ၈ဝ ရာခိုင်နှုံး ဝန်းကျင်ရှိကြောင်းနှင့် ယင်းသည် လွန်ခဲ့သော ရွေးကောက်ပွဲက ရှိခဲ့သည့် ၇၅ ရာခိုင်နှုံးနီးပါးထက် ကျော်လွန်ကြောင်း ရွေးကောက်ပွဲကော်မရှင် (EC) အရာရှိများက အတည်ပြု ပြောကြားခဲ့သည်။





Rest of your post

ငါ့ မြေး အမိန့် ကိုလည်း နာခံရမယ်။

'' မင်းတို့  ငါ့အမိန့်  မှ နာခံရမှာမဟုတ်ဘူး။ ငါ့ မြေး အမိန့် ကိုလည်း နာခံရမယ်။'' ( သန်းရွေ)
( ၂၄-၉-၂၀၀၈ ခုနစ် ၀န်ကြီး များနှင့် တိုင်းမှုးများ လပတ်အစည်းဝေးတွင်ပြောကြားခဲ့သောမိန့် ခွန်း)

ဖြစ်ချင်အုန်းဟဲ့ နာဇီ

နာဇီ လေး မိုင်းလ် မာဖီ (Miles Murphy)

-ဗျောက်အိုး-

နှစ်သစ်ကူးည က ဆီအယ်တယ် မြို့၊ ၀ါရှင်တန် ပြည်နယ် မှ လုံခြုံရေး ရဲများ နှင့် ယူနီဖောင်းဝတ် နာဇီ စစ်သား တဦး ပစ်ခတ်မှုများ ဖြစ် ပွားပြီး ထို နာဇီ စစ်သား အား အသေဖမ်းဆီးခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်မှ ထွက်လာသော နာဇီ စစ်သား သည် မည်သူဖြစ်မည်နည်း။

မိုင်းလ် မာဖီ သည် ၀ါရှင်တန် တက္ကသိုလ် ၌ ဂျာမန်ဘာသာ အထူးပြုဖြင့် ပညာသင်ယူနေသော နောက်ဆုံးနှစ် ကျောင်းသား တဦးဖြစ်ပါသည်။ ဂျာမန် ဘာသာကို သာ သင်ကြားနေခြင်း မျှမကဘဲ ဒုတိယကမ္ဘာစစ် အတွင်း အသုံးပြုခဲ့သော ဂျာမန်၊ ရုရှား စစ်ပစ္စည်း အသုံးအဆောင်များ ကို စုဆောင်းသော ၀ါသနာ လည်းရှိ ပေသည်။ အသက် ၂၂ သာ ရှိသေးသော မာဖီ သည် ပေါက်ပေါက်ရှာရှာ နှစ်သစ်ကူး ညက နာဇီဂျာမန် စစ်ဝတ်စုံ ကို ၀တ်ဆင်လျှက် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျာမန်တို့ ကိုင်ဆောင်သော ကား ၈၈ ရိုင်ဖယ် ဖြင့် ပုလိပ်များ ကို ပြန်လည်ချိန်မှု ကြောင့် လက်မြန်သော ပုလိပ် ၂ ဦးမှ ၎င်းအား ပြန်လည်ပစ်ခတ်ခဲ့သည်။ ၎င်းဒဏ်ရာဖြင့် ပင် မာဖီ သည် ဟာဘာဗျူး ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

မာဖီ နေသော တိုက်တန်းလျားမှ အိမ်နီးချင်းများ က သေနတ်များ ပစ်ဖောက် နေပါသည် ဟု ရဲ ကိုတိုင်ကြား၍ ရဲများ လာရောက်ရာ မှ အခင်းဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ပုလိပ်များ က မာဖီအား လက်နက်ချ ရန် ပြောကြား သော်လည်း နားမထောင်ဘဲ ပုလိပ်များ ကို ရိုင်ဖယ်ဖြင့် ပြန်လည် ချိန်ရွယ်မှု ကြောင့် အသက်ဆုံးရှုံးခဲ့ ရပါသည်။

ပုလိပ်များ က မာဖီအခန်း အား ၀င်ရောက်ရှာဖွေရာ အရက်ပုလင်းများ၊ ကျည်ဆံများ နှင့် စစ်အတွင်း ဂျာမန်၊ရုရှား စစ်အသုံးအဆောင်များ၊ ဓါတ်ပုံဟောင်းများ ကိုသာ တွေ့ရှိသည်။ မာဖီ သူငယ်ချင်းများ က မူ မာဖီ သည် နာဇီ ၀ါဒီ တဦးမဟုတ်ကြောင်း၊ ၀ါသနာအရ ထိုပစ္စည်းများ ကို ရှာဖွေ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အပျော်သဘော အရ ထိုစစ်ဝတ်စုံ ကို ၀တ်ဆင်၍ ထိုည က ဗလာကျည်များ ဖြင့် ပစ်ခတ်နေကြောင်း ပြောဆိုခဲ့ပါသည်။ ပုလိပ်အရာရှိ ကာလီကောင်းစကီ မှ ထိုအခင်းဖြစ်ပွားမှု အတွက် ၀မ်းနည်းသော်လည်း မိမိ ပုလိပ်သားများ မှာ ထိုအခြေအနေမျိုး ကို ထိန်းသိမ်းရန် ပိုမိုကောင်းမွန်သော တခြားနည်းလမ်းမရှိပါဟု ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေ အပျော်ကြူးပြီး အမူးလွန်ကာ စတုဒွာရဇာတ်တော် ကဲ့သို့ ပင် ငရဲပန်း ကို နတ်ပန်းထင်၍ တောင်းယူပန်ဆင် ခဲ့မိသောကြောင့် ဒုက္ခ ဆင်းရဲခံ ရရှာသော သူတို့သား ကဲ့သို့ မာဖီသည် လည်း လူအများ မျက်စိစပါးမွှေး စူးစေသော နာဇီယူနီဖောင်း ကြောင့်ပင် အချည်းနှီး ဆုံးပါး ခဲ့ရလေသည်။ ကျွန်တော်တို့ မြန်မာ လူငယ်များ လည်း ပြည်သူ မျက်စိနှောက် စိတ်နှောက် ဖြစ်စေနိုင်မည် နအဖ စစ်ယူနီဖောင်းများ၊ အသုံးအဆောင် များ ကိုလည်း မ၀တ်မဆင်ကြရန်၊မိန်းမရှာသေနင်္ဂဗျူဟာ များ ကို သာ တစိုက်တမတ် သင်ကြားပေးနေသော စစ်တက္ကသိုလ်များ ကို အထင်တကြီး မတက်ရောက်ကြရန် နှိုးဆော်လိုက်ပါသည်ခင်ဗျား။


Rest of your post

ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ


-ခင်မမမျိုး-

စာရေးသူတို့၏ အမိမြန်မာနိုင်ငံသည် တချိန်သောကာလက အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဟု အသမုတ်ခံ ခဲ့ရပြီး၊ 'ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ' ခဲ့ဖူးပါသည်။ တပ်မတော်၏ နိုင်ငံတော်အာဏာကို အချိန်မှီ သိမ်းပိုက်နိုင်လိုက်သောကြောင့်သာ ယခုကဲ့သို့ စုတ်ပြတ်သတ်၍ ကမ္ဘာ့အလယ်တွင် မျက်နှာမွဲစာရင်း ဝင်ခဲ့ ရခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံတော်ချောက်ထဲ တွန်းချရေးသမားများကြောင့် နိုင်ငံတော်ကြီးတွင် 'ကျည်ဆံ တွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ' ၍ နေပါပြီ။

ထိုအခြေအနေမျိုးတွင်သာ ဆက်လက်ရပ်တည်နေပါက တတိုင်းပြည်လုံး အငတ်ဘေးဆိုက်ကာ 'အရိုးတောင် လိုပုံ' အနေအထားသို့ ဆိုက်ရောက်ပေတော့မည်။ ရှေးယခင်က 'မြန်မာပြည်မှာ ငတ်သေသူမရှိ'ဟု စကားအဖြစ်ပြောခဲ့သည်မှာ ယခုတော့ မှားယွင်းနေလေပြီ။ ဆီကိုရေချိုးရမည့်အစား ကန်စွန်းရွက်ကိုပင် ဆီနှင့် ကြော်မစားနိုင်၍ ကန်စွန်းရွက်ရေလုံပြုတ်အဖြစ် ဟင်းလျာတမျိုး ထပ်မံပေါ်ထွက်ခဲ့ရပါသည်။ ဆေးရိုးမီးလှုံဖို့ နေနေသာသာ လွှင့်ပစ်ထားသော ဆေးလိပ်တိုများကို ကောက်ယူသောက်ရသူများပင် ရှိနေလေသည်။ စပါးတောင်လိုပုံ ဆိုသည်ကိုတော့ စပါးစိုက်သူ လယ်သမားကြီးများကပင် လက်မခံနိုင်ကြတော့ပါ။ လယ်စိုက်သူ လယ်ပိုင်ရမည့် ခေတ်ကြီးတွင် စပါးစိုက်သူများပင် စားစရာ ဆန်မရှိ ဆိုပါတကား။

ထိုသို့သော အခြေအနေဆိုး၊ ခေတ်ဆိုးကြီးထဲတွင် နိုင်ငံတော်အုပ်ချုပ်နေသူ အစိုးရဟု အများပြည်သူက လက်မခံပဲ ကိုယ့်ဘာသာကိုယ် သမုတ်ထားသော စစ်အာဏာရှင်များကတော့ 'တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်' ဆိုနေကြဆဲ။ ကပ်ဖါးကပ်မြှောင်များကလဲ 'တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ' သီချင်းကို အသံကောင်းဟစ် အော်နေကြဆဲ။ အင်အားဆိုသည်မှာ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ဆိုသည်ဖြင့် အင်အားမျိုးစုံရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စစ်ရေးအင်အား တစ်ခုတည်း ရှိ၍မရပါ။ စစ်အုပ်စုကတော့ စီးပွားရေးတောင့်တင်းခိုင်မာမှု အင်အားဆိုသည်ကို စစ်အာဏာရှင်များတွင် စိန်များရှိနေခြင်းဟု သဘောထားကြဟန် တူပါသည်။ စစ်ရေးအင်အား တောင့်တင်းမှုဆိုသည်ကိုလဲ ခေတ်မီလက်နက် ယန္တရားများရှိနေခြင်းဟူ၍သာ မှတ်ယူထားကြဟန် တူပါသည်။ စစ်ရေးအင်အားတွင် စစ်သားများ၏ စိတ်ဓာတ်မည်မျှအရေးကြီးကြောင်းလဲ သိကြဟန်မတူပါ။ စစ်အာဏာရှင်များ ကောင်းမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တပ်မတော်တွင်းတွင်လဲ စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးမှုခြများက တိုက်စားနေကြလေပြီ။ ကြာလျှင် တတိုင်းပြည်လုံး လုံးပါးပါး၍ အငတ်ဘေး ဆိုက်ရပါတော့မည်။

စစ်လက်နက်များ မတန်တဆဝယ်ထားကာ ကိုယ်ပိုင်အနေဖြင့်လဲ ပြည်သူ့ဘဏ္ဍာများသုံး၍ ကျောက်မျက် ရတနာများ တနင့်တပိုးဝယ်ထားသူ အာဏာရှင်များ၊ အဆိုပါ အငတ်ဘေးဆိုက်ချိန်တွင် စိန်များ၊ ကျည်ဆံများ ထိုင်စား၍ သေကုန်သည်က အကြောင်းမဟုတ်ပါ။ အကြောင်းက ပြည်သူများ ထိုဘေးသို့ မဆိုက်ရောက် ရန်သာဖြစ်သည်။ ထိုသို့နည်းလမ်းကလဲ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိက ပေါ်လစီများဖြစ်သော fiscal policy, monetary policy, trade policy များအကြောင်းကို နကန်းတလုံးမှ နားမလည်ပဲ လက်ညှိုးညွှန်၍ ပြောချင်ရာ ပြောနေသော စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုစနစ် မရှိမှသာ ဖြစ်မည်။ စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်လဲ အကြောင်းထူးမည်မဟုတ်။ ယခုပိတ်ဆို့ထားသော်လဲ အိမ်နီးချင်းနိုင်ငံများမှတဆင့် ပြည်ပပို့ကုန်၊ သွင်းကုန်များ ရှိနေသည်ပဲ။ ပြည်ပကုန်သွယ်ရေးယန္တရားက သူ့ဘာသာသူ လည်ပတ်မှုရှိနေပါသည်။

စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြုလုပ်နေသည်မှာ ထိရောက်မှုရှိလွန်း၍ မဟုတ်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ထိထိရောက်ရောက် အသုံးဝင်ခဲ့သည့် နိုင်ငံအနည်းငယ်သာ ရှိခဲ့ပါသည်။ သို့ဆိုလျှင် စီးပွားရေးပိတ်ဆို့မှုဆိုသည်ကို အဘယ်ကြောင့် ပြုလုပ်ရသနည်း။ နိုင်ငံတနိုင်ငံအား အခြားနိုင်ငံတခုမှ အရေးယူမှုဆိုင်ရာ နိုင်ငံခြားရေးမူဝါဒရွေးချယ်မှုတွင် Diplomatic measures နှင့် Political/ Military measures ဆိုသည့် အချက်နှစ်ချက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအရေးယူမှုတွင် Unconventional warfare, conventional military campaign စသည်တို့ပါဝင်ပြီး၊ သံတမန်ရေးရာ အရေးယူမှုတွင် စီးပွားရေးပိတ်ဆို့မှုကို ကျင့်သုံးတတ်ကြသည်။ နိုင်ငံအများစုက စီးပွားရေးပိတ်ဆို့မှုကိုသာ စစ်ရေး၊ နိုင်ငံရေး အရေးယူမှုထက် ပိုမိုဦးစားပေးပြုလုပ်တတ်ကြသည်။ နိုင်ငံပေါင်းစုံမှ ပြုလုပ်သည့် ပိတ်ဆို့မှု (multilateral sanctions) မဟုတ်သော နိုင်ငံတခုချင်း (သို့) နိုင်ငံအစုအဖွဲ့ တခု မှသာ ပြုလုပ်သည့် ပိတ်ဆို့မှုများမှာ များသော အားဖြင့် စီးပွားရေးကဏ္ဍအပေါ်တွင် ထိရောက်မှုမရှိပါ။ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာ သဘောတရားအရ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ target state ၏ ပေါ်လစီပြောင်းလဲမှု၊ အာဏာရှင်စနစ်ဖယ်ရှားမှု၊ နိုင်ငံတကာအစိုးရများမှ အဆိုပါနိုင်ငံ၏ အခြေအနေများကို သိရှိသတိထားမိစေမှု (International Symbolism) နှင့် ပိတ်ဆို့ခံရသည့် နိုင်ငံမှ ပြည်သူများအား ၄င်းတို့၏ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အပေါ်တွင် နိုင်ငံတကာမှ ထောက်ခံနေသည်ကို သတိထားမိစေမှု (Domestic symbolism) စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များကြောင့် economic sanctions policy သည် အတိုက်အခံအင်အားစုများ၏ နိုင်ငံတကာစစ်မျက်နှာအတွက် အရေးကြီးသော အချက်တချက်ဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံကို နိုင်ငံတကာမှ ဖိအားပေးထားသည့် economic sanctions သည် မြန်မာပြည်သူများထံသို့ တိုက်ရိုက်ထိခိုက်မှုမရှိပါ။ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းဆောင်တာအချို့ကိုတော့ အနည်းငယ် ထိခိုက်မှု ရှိပေမည်။ သို့ပေမယ့် စစ်အုပ်စုတွင် အခြားသော ထွက်ပေါက်များ ဖန်တီးထားရှိထားခြင်းကြောင့် မပြောပ လောက်ပါ။ ထို စီးပွားရေးပိတ်ဆို့မှုပေါ်လစီကို ဖယ်ရှားနိုင်ရန် စစ်အုပ်စုနှင့် အပေါင်းအပါများ ကြိုးပမ်းမှုမှာ ၄င်းတို့စီးပွားရေးရာအတွက်မဟုတ်ပဲ နိုင်ငံရေးဂုဏ်သိက္ခာအတွက်ဖြစ်ပါသည်။ International Symbolism နှင့် Domestic Symbolism ရည်ရွယ်ချက်များကို ပယ်ဖျက်နိုင်ရန် တန်ပြန်ထိုးစစ်ဖြစ်ပါသည်။ အခြေအနေမှန်ကို သိရှိနားလည်ကြပြီး မယောင်သွားကြရန် အလွန်အရေးကြီးပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးယိုယွင်းမှုမှာ macroeconomic policy အခန်းကဏ္ဍတစ်ခုလုံးက ယိုင်နဲ့နေ၍သာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ရှိနေသ၍၊ စစ်အသုံးစရိတ်များ မတန်တဆ ရှိနေသ၍၊ လာဘ်ပေး လာဘ်ယူမှုများ ရှိနေသ၍၊ ငွေစက္ကူများ လိုသလိုတိုးချဲ့ရိုက်ထုတ်နေမှု (expansion of monetary supply) ရှိနေသ၍ မည်သို့မျှ နလန်ထူမည်မဟုတ်ပါ။ ကာကွယ်ရေးဆိုင်ရာစီးပွားရေးပညာရှင် (Defense Economists) များက စစ်အသုံးစရိတ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်ကို ဤသို့ ဆိုထားပါသည်။

စစ်အသုံးစရိတ်များ၏ သွင်းကုန်များဖြစ်သော လုပ်သား (labor) နှင့် အရင်းအနှီး (capital) တွင် Processes များအဖြစ် လက်နက်ကိုင်တပ်များ (Armed Forces) များနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်သော (Defense industry) ပါဝင်သည်။ ထုတ်ကုန်အဖြစ် Defense industry မ မှစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ပေး မည်ဖြစ်ပြီး၊ Armed Forces များကတော့ နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးသည့် ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ အဆိုပါ စစ်အသုံးစရိတ်သုံးစွဲမှုကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများဖြစ်သော ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ Inflation, Balance of Payments များတွင် အကျိုးသက်ရောက်မှုရှိသည်။ စစ်ရေးစရိတ်များကြောင့် အစိုးရအသုံးစရိတ်တက်သည်။ ထိုပြဿနာကို ဖြေရှင်းရန် ငွေစက္ကူများ အဆီးအတားမရှိ ရိုက်ထုတ်သည်။ ယင်းသို့ expansion of monetary supply ဖြစ်လာသောအခါ Inflation ပြဿနာဖြစ်လာသည်။ Inflation ကြောင့် နိုင်ငံခြားသုံးငွေလဲလှယ်မှုတွင် ကမောက်ကမ(fluctuations of exchange rates) ဖြစ်လာသည်။ နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှု (International Trade) ကို ထိခိုက်လာသည်။

အခြားသော ပြဿနာ၊ အကျိုးဆက်များစွာ ရှိပါသေးသည်။ စီးပွားရေးပညာ စာတမ်းတစ်စောင်မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ ပို၍ဆိုးသည်က စစ်ရေးအသုံးစရိတ်များသည် မူလရည်ရွယ်ချက်ဖြစ်သော နိုင်ငံတော်လုံခြုံရေးအား ကာကွယ်ပေးရန်(Protection of National Securities) မဟုတ်ပဲ စစ်အာဏာရှင် စနစ်အားကာကွယ်ပေးရန် (Protection of Military Dictatorship System) အဖြစ်သို့ ကူးပြောင်း ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ပြည်သူကိုအကာအကွယ်ပေးရမည့် ပြည်သူ့တပ်မတော်အဖြစ်မှ အာဏာရှင် လက်ကိုင်တုတ်ခါးပိုက်ဆောင်တပ် ဘဝသို့ အောက်ကျနောက်ကျ ရောက်ရှိသွားရခြင်းသာဖြစ်သည်။

အမှန်တော့ တပ်မတော်ဟူသည် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရတစ်ရပ်မှ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရမည့် (Public Services ) များဖြစ်သော ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး အဖွဲ့များထဲမှ ကာကွယ်ရေးအင်အားစု တစ်ခုသာဖြစ်ပါသည်။ နိုင်ငံတော်အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍနှင့် မည်သို့မျှ မသက်ဆိုင်ပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုကာ စစ်ရေးအင်အားချဲ့ထွင်နေခြင်းသည် ပြည်သူထံသို့လှည့်မည့် သေနတ်ပြောင်းဝ အားကောင်းအောင် စီမံ နေခြင်းသာဖြစ်ပါသည်။ ပလ္လင်ပေါ်မျောက်တက်သကဲ့သို့ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ် ရယူပြီး လုပ်ချင်ရာ လုပ်နေခြင်းသာဖြစ်ပါသည်။ အချိန်မှီမတားဆီးလျှင် နိုင်ငံတခုလုံး ကမောက်ကမ ဖြစ်ရပေ တော့မည်။ စစ်ရေးကျူးကျော်မှုများ ပြုလုပ်ရန် အလွန်ပင် ခက်ခဲသည့် စစ်အေးတိုက်ပွဲလွန်ကာလမျိုးတွင် မရှိသည့်ပြည်ပရန်ကို လက်ညှိုးထိုး၍၊ အာဏာတည်မြဲရန် ခါးပိုက်ဆောင်တပ်ကို အင်အားချဲ့၍ ကြိုးပမ်းနေခြင်း သာဖြစ်သည်။ ယင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံးလဲ ပရမ်းပတာ ဖြစ်၍ နေပေပြီ။

အမှန်တရားအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီအင်အားစုများအား ကိုလိုနီလက်သစ်များဟု မရိုးစတမ်း သမုတ်နေကြသော စစ်အာဏာရှင်များသည် ၄င်းတို့သည်သာ ကိုလိုနီလက်သစ် များဖြစ်နေ ကြပါသည်။ အင်အားကြီးနိုင်ငံများနှင့် ကိုလိုနီလက်သစ်များပူးပေါင်း၍ နိုင်ငံတော်အားတိုက်ခိုက်သည်ဆိုကာ စစ်အင်အား တိုးချဲ့နေသူများသည် အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ စီးပွားရေးကိုလိုနီချဲ့ထွင်နေမှုအား ပါးစပ်ကြီးဖြဲ၊ သွားကြီးဖြဲ၍ ဖိတ်ခေါ်နေရပါသည်၊။

စစ်အသုံးစရိတ်များကြီးထွားမှုကြောင့် စီးပွားရေးကဏ္ဍကိုပင် ထိခိုက်သည်မဟုတ်ပါ။ စရိတ်ခွဲဝေသုံးစွဲမှု (allocation of Expenditures ) မညီမျှမှုကြောင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို လဲ လွန်မင်းစွာ ထိခိုက်ပါသည်။ ဆေးရုံများတွင် ဆေးမရှိ၍၊ လူနာများအား အပြင်ဆေးဆိုင်များတွင် ဆေးဝယ်ခိုင်းသည်။ ဆေးမဝယ်နိုင်သော လူနာများ မတိမ်းပါးသင့်ပဲ တိမ်းပါးရသည်။ ကျောင်းများသို့ ချပေးသော ပညာရေးဘတ်ချက်များ မလုံလောက်၍ ကျောင်းများတွင် ကျောင်းအပ်နှံခများ၊ အလှူငွေ စသည်များပေါ်လာသည်။ မပေးနိုင်သူ မိဘများ၏ သားသမီးများ ပညာငတ်ရသည်။ သယ်ယူပို့ဆောင်ရေး စနစ်များတွင် ပံ့ပိုးမှုအားနည်းခြင်းကြောင့် လုပ်ငန်းခွင်နှင့် ဝေးသော နေရာများတွင် နေသူများ အလုပ်ခွင်သို့ မရောက်နိုင်ကြပါ။ ရောက်နိုင်သူများမှာလဲ စရိတ်ကြီးမားသောကြောင့် လက်ကျန်ဝင်ငွေနည်းသည်။ အလုပ်လက်မဲ့ပြဿနာများကြီးထွားလာရသည်။ စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်ချုပ်တို့နှင့် နီးစပ်သူများကသာ လက်ဝါးကြီးအုပ်မှုများက ပေါင်းစပ်လိုက်သောအခါတွင်ကား လုပ်ငန်းပြိုင်ဆိုင်မှု အားနည်းပြီး၊ လုပ်ငန်းအရေ အတွက် လျော့နည်းသွားသည်။ အလုပ်သမားလျှော့ချမှုများဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ များပြားလာ သည်နှင့်အမျှ ရာဇဝတ်မှု (crime rates) များထူပြောလာသည်။ 'တလိမ်၊ နှစ်လိမ်ပွေလိမ်ရှုပ်တယ်၊ လူညာကြီး ပေါ့ကွယ်' ဟုပင် ဆိုရမည်လား။ တိုင်းပြည်တိုးတက်ရေးလုပ်နေသည်ဆိုကာ လူထုအား ညာနေသော စစ်အစိုးရကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများ ဘဲဥအစရှာမရ ရှုပ်ထွေးကုန်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ချုပ်၍ဆိုရသော် 'ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ'၍ စားစရာမရှိသော ယနေ့ခေတ် ဤကာလမျိုးအား ' ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ' ကာလသို့ ပြောင်းလဲပစ်ရန်မှာ စစ်အာဏာ ရှင်စနစ် ဖြုတ်ချရေး မှတပါး အခြားမရှိပါကြောင်း။

ခင်မမမျိုး

Rest of your post

Leading saffron monk's memoir

Memoir of Saffron Monk











U Pyinya Zawta
Friday, 02 January 2009 19:30
Mizzima News


Burmese monks are known to have played an important role in their nation's politics throughout its history. While they did not partake in mundane political processes, they traditionally held positions of moral authority, and dispensed wisdom and guidance to past kings, rulers and governments in Burma. On some occasions, emissaries from the monasteries were despatched on peace missions to avoid war with foreign powers.

Buddhist monks gave council to past monarchs, ranging from the first King Anawrahta of unified Burma in Bagan, to the last King Mindon and his son King Thibaw, guiding them on how to properly conduct themselves as responsible rulers. Burmese monks fulfilled their obligations toward their religion and the people in the past as royal advisers, and most importantly, as the guardians of sacred rights and responsibilities of all citizens.

Burmese monks continued to play an important role in national affairs even after Burma fell under British colonialism, in 1886. During the Colonial era, a monk leader U Ottama brought political enlightenment back to Burma and eventually helped lead the nation to independence from Britain. His lectures inspired generations of followers including Ko Aung San who later became the father of Burma's Independence. Another brave and defiant monk, U Wisara, died in prison after a 166-day hunger strike in 1929, but still helped reawaken political consciousness in Burma, and with his final words, to "never forget," urged the people to persevere until independence was obtained from Britain.

After the 1948 independence, numerous political and social organizations proliferated in Burma. During this period Burmese monks formed the All Burma Young Monks' Union (ABYMU) to continue championing the causes of their people.

But after the 1962 military coup, General Ne Win abolished all civil and political organizations in Burma, and the ABYMU was banned in 1964. Even though barred by the military, young Buddhist monks remained at the forefront of political movements from the 1974 U Thant crisis, to the 1975-1976 one hundred years' anniversary of labor unrests in Burma.

During the nationwide uprising in 1988 when one government faction after another failed to control the county, monks used their authority to prevent anarchy and chaos and provided sanctuary to the public. After the military took back power through another coup on September 18th, 1988, the All Burma Young Monks' Union was again established, as an Upper Burma branch in Mandalay and as a Lower Burma branch in Rangoon, and monks joined the people's protest against the return of the military dictatorship.

In 1990, the National League for Democracy (NLD) members, student activists, and ordinary citizens made alms donation to the monks marching peacefully on Zay-Cho and 26-B roads in Mandalay, marking the two year anniversary of the '88 uprising. When the army forcibly tried to stop the procession, unrest broke out and many monks were brutally beaten. Since the authorities prevented the monks from alms collection by egregiously violating Buddha's Dharma, two monk leaders, U Raza Dama Bewitha and U Kovida Bewitha of the Upper Burma Young Monks' Union called for a religious boycott dubbed 'Overturning of the Alms Bowl,' against the SLORC government, for the first time.

Led by monks from major monastic academic institutions, the Young Monks Union in Rangoon joined the boycott movement, as prescribed under Buddha's Dharma laws, and they affirmed their pledge with obeisance toward the Shwe Dagon Pagoda, on 3 October 1990, the Tha-din-kyut full moon day of Burmese year 1352, at the Ngar Htait Kyi Pagoda pavilion.

With prompting from U Ahnt Maung, a high ranking member of the government's religious affairs department, the military junta in panic arrested and sentenced to long prison terms senior monks from renowned monastic academies, members of the Rangoon Young Monks' Union, and monks from other Sangha academies. Tragically Ashin U Arsara from the Thayettaw monastery died in Thayet prison and Ashin U Zaw Tika from the Shwebon Pyint monastery died in Insein prison, both from torture and inhumane conditions. The fates of many other monks taken away by the government during the 1990 boycott protest remain unknown.

Finally, after almost two decades since many monks were arrested and imprisoned, the monks' resistance against military oppression in Burma seemed to have all but evaporated. But the Saffron Uprising in 2007 proved that the monks' resolve to defend the future of Burmese Buddhism and their people was growing only stronger, not weaker.

Before the leading monks' organization the 'All Burma Monks Alliance' was founded during the Saffron Revolution, many smaller monks' coalitions had already been established. As the first step, the All Burma Young Monks Union organized a central working committee with five leading monks from Rangoon and one from Mandalay, selected from many monks' organizations. At the same time various smaller local monks' organizations were being created, in Pegu, Pye, Magwe, Moulmein, and Arkan areas. The famous leading monk, Ashin U Gambira, who was arrested last year, and six other monks led the formation of the Rangoon Young Monks' Union to represent monks from the Rangoon area.

Monks from upper Burma in Mandalay formed the Federation of All Burma Monks' Union and helped organize monks' reading groups, libraries, and literary discussion groups, among other activities. Young Monks' Unions, like Students' Unions, were being formed all over Burma with the sole intention of ending the military dictatorship in Burma. During the mean time, Young Monks' Union members helped other monks' organizations to coordinate, consult and exchange ideas by helping them communicate with each other. When the regime became suspicious at times, new monks and civilians were used as dispatchers. And on occasion, meetings were cancelled in order to evade the junta's relentless assaults.

Since 2005, there was a growing realization that a mass movement to overthrow the Burmese dictatorship was becoming inevitable, and many activist groups began expanding their underground movements in anticipation.

When the military junta suddenly increased the price of fuel on August 15, 2007, impoverished people in Burma faced an unprecedented level of hardship. When small demonstrations broke out against the severe economic conditions, government thugs' organizations named, Swan Ahh-shin, Union Solidarity and Development Association (USDA), and riot police were sent in to violently suppress the peaceful protests, and swiftly ended the public outcry.

In order to come to the rescue of frightened and battered citizens suffering under severe economic hardships, the monks took it upon themselves to unite all of the monks' unions and to create a larger monks' alliance at a meeting scheduled for September 9, 2007 at a monastery in Mandalay. By September 4 many monks had left their monasteries and were on the way to the meeting.

But on September 5 when the Pakokku monks came out to chant the peaceful prayers of the 'Metta Sutta,' - the sutra of loving kindness to radiate the spirit of love to all beings - in sympathy with the suffering public, the local government militia brutally attacked the monks and tied them to electric poles, beat them with rifle butts, and arrested them. News of these actions spread quickly, and the next day unrest broke out and cars were burnt in Pakokku.

Burmese monks from all over the country felt compelled to respond to such shocking violence against revered Buddhist monks who were marching peacefully. When the monks gathered on September 9 as previously agreed, the meeting was forced to move to a new location for fear of detection by the authorities. Finally, monks at the meeting unanimously decided to boycott the military if the government failed to comply with the following demands by a given deadline.

The monks demanded that the State Peace and Development Council (SPDC)

1. Apologize to the Pakokku monks, by midnight of September 17
2. Reduce the prices of fuel oil and basic commodities
3. Unconditionally release Aung San Suu Kyi and all other political prisoners
4. Hold dialogue with the democratic political opposition representatives in order to begin a national reconciliation process

The ensuing united monks' organization was named the 'All Burma Monks' Alliance' (ABMA) and the monks decided to proceed with boycotting the military on September 18, 2007 after the regime failed to meet the demands before the deadline.

Members of All Burma Monks' Alliance

1. All Burma Young Monks' Union
2. Federation of All Burma Monks' Union
3. Rangoon Young Monks' Union
4. Sangha Duta Council of Burma

The executive founding members of ABMA

1. U Pakada (Pannasara )
2. U Medhavi
3. U Kheminda
4. U Aww Ba Tha
5. U Tay Za
6. U Gambira

The announcement of the above formation of the ABMA was handwritten, photographed, and published via email media sent from a handheld camera, since computer communications were disrupted or unavailable.

During the Saffron uprising, generous provisions of food and essential services were donated to the monks by a caring public. There were exemplary unforgettable individuals like one outstanding patron who took diligent care of the monks.

On September 18, 2007 the ABMA effectively began the boycott against the SPDC regime, and the event became known as "the Saffron Revolution." The United Nations and the rest of the world were forced to acknowledge the Burmese people's struggle for freedom from brutal military dictatorship.

Much of the credit for the Saffron Revolution was since given to famous organizations or people, but the real contribution to the Saffron Revolution was made by the monks and people who genuinely shared the grievances of ordinary citizens, and who took unified and daring actions inside Burma.

Many Burmese people were aware of the 2007 Saffron Revolution and people from all over the world had also taken notice and became more interested in Burma, since 'The Golden Uprising' - as it was known in Burmese - eventually brought the UN Secretary General's special envoy, Mr. Ibrahim Gambari, to Burma.

But the Saffron Revolution did not simply emerge without effort. The Saffron Revolution was born of the leadership of the All Burma Monks' Alliance - ABMA - the joint organization of four original monks' unions and the extraordinary courage of the member monks, and their ability to unite for the sake their people. The uprising took place precisely because of the determined leadership of the All Burma Monks' Alliance (ABMA).

The All Burma Monks' Alliance (ABMA) was founded on 9 September 2007. Numerically it lines up as 9-9-9, when 2 and 7 from the year 2007 are added and also when all numbers 9+9+2+7=27 are added, including the sum of 27; 2+7=9.

After the thugs hired by the junta government attacked a group of monks marching peacefully in Pakokku, on 5 September 2007, the ABMA made four demands to the Burmese military government, with 17 September 2007 as a deadline to respond. The ABMA announced via local media that if the military failed to accede to its demands, the monks would carry out a boycott against the government officials beginning on 18 September 2007. Numerically digits of the date 09 18 2007 also add up to numeral 9.

September 18, 2007 was the 19th anniversary of the military coup and therefore an important date for Burma's generals. It also became a symbolically significant day for the Burmese monks, as the severe moral rebuke by the monks against the army junta, called 'overturning of the alms bowls,' was to begin on that same day. As early as 5:00 AM on 18 September, reporters began calling the ABMA leaders about the monks' boycott against the military. The reporters continued calling every hour on that day, asking whether the monks' boycott -- of refusing alms from military families, effectively denying them important religious merit -- would still be taking place. Early on, while events were still unfolding, it was very difficult to predict the day ahead. But, at that moment it became evident that the honor and esteem of Burmese monks and their religion was terribly at stake. As the gravity of the risk we had taken became clearer, we anxiously continued reassuring the public that conditions were good and that monks were proceeding with a boycott against the Burmese military. Still, we were not able to give a real encouraging answer, yet. Till noon of that day we were not quite sure of the outcome of the decision we had made while we responded to the inquiries about the monks' boycott.

The dramatic event of the 18 September 2007 Saffron Revolution was similar to the '8-8-88' uprising in Burma. Even as news media were reporting the rising momentum for countrywide mass protests in 1988, no one dared predict the inevitability of 8-8-88 uprising with confidence. Even at 7:00 and 8:00 a.m. there was still no certainty that the uprising was to take place. Only at 9: a.m. on 8 August 1988, when marchers from labour and student movements joined and advanced together along the promenade could we let out a sigh of relief.

In spite of heavy army roadblocks, the Burmese monks had also successfully staged a protest against the SLORC military government for the first time on 3 October 1990, the full moon day of the lunar month Thadingyut, (the end of Buddhist Lent), Burmese year 1352, at Rangoon's Ngar Htait Kyi Pagoda.

The most anxious moment on 18 September 2007 was at noon after our daily meal, as we watched the day's events with anticipation and saw nothing unusual. But after that moment many monks began gathering at Thingan-Kyun, Kyaikasan, and Shwedagon pagodas.

The authorities moved to close down the monks' quarters at Kyaikasan Pagoda, and monks from the Thingan-Kyun monastery began arriving at the Kyauk-sar-daw historic pagoda of the Magin monastery. The government and its violent militia organizations, the USDA (Union Solidarity and Development Association) and Swan Ah Shin (SAS-force of violence) were sent into pandemonium. Meanwhile, the monks began to arrive and seated themselves with great dignity and grace on the ground of the Kyauksardaw Pagoda. And then there was only utter silence.

Until suddenly, when sounds came from the distance, we only listened, listened for the sounds. It was 1:30 PM on 18 September 2007, and the resounding murmurs of the monks' Metta Sutta prayers could now be heard from afar. The monks were praying and chanting to emphasize their rebukes against the military for violating Buddha's teaching.

Soon after, the phones began to ring constantly, and the news of monks chanting the Metta Sutta and marching to the Shwedagon Pagoda in Rangoon and to other pagodas and monasteries in Taunggote, Pakokku, and Kyaukpadaung began to reach us.

Then phone calls from news media started to come in. And it was recorded that the All Burma Monks' Alliance had survived this great day. Followed by more dramatic days….

May freedom come to the people of Burma soon…

The writer is the founding member and Foreign Executive Director of the All Burma Monks' Alliance

အစ္စရေးက ဂါဇာ ကို တိုက်ခိုက်ရန် ပြင်ဆင်နေ ပြီ


( ဂါဇာ ဒေသကို အစ္စရေးလေယဉ်များ ဗုံးကြဲတိုက်ခိုက်နေစဉ်)


အစ္စရေး က ဂါဇာဒေသ ကို စစ်လေယဉ်တွေကို သုံးပြီးဗုံးကြဲတိုက်ခိုက်မှုကို တိုးမြင့်လျက်ရှိ နေတယ်။ ဂါဇာမှာရှိတဲ့ နိင်ငံခြားသားတွေ ကိုထွက်ခွာဖို့ အစ္စရေး က ကြေညာခဲ့ပါတယ်။ ဒီနိင်ငံခြားသားတွေက ပါလက် စတိုင်း တွေနဲ့ အိမ်ထောင်ကျနေတဲ့ နိင်ငံခြားသားတွေဖြစ် ပါတယ်။ လူတွေအားလုံးထိန်လှန့် တုန်လှုပ် ရှိကြတယ်။ အစ္စရေးက တပတ်ကြာ နေပြီဖြစ်တဲ့ စစ်ဆင်ရေးကို ဆက်လျက်တိုးမြင့် လုပ်ဆောင်လာမဲ့ အခြေအနေ ရှိတာကြောင့် လူတွေအားလုံး ထိန့်လှန့် တုန်လှုပ် လျက်ရှိ နေကြတယ်။

အခြေအနေတင်းမာမှုကအနောက်ဖက်ကမ်းခြေဒေသနဲ့ဂျေရုစလင်အထိပြန့်နှံနေပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဟာမားစ်ကို လိုလားတဲ့ ပါလက်စတိုင်းတွေ အများဆုံးနေထိုင်လျက်ရှိပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ရောဘတ် ဆာရီက သူအနေနဲ့ အစ္စရေးက ဂါဇာကို ၀င်ရောက်တိုက်ခိုက် မဲ့အရိပ်အယောင်တွေကိုတွေ့ နေရ တဲ့အတွက် အထူးစိုးရိမ်မိတယ်လို့ ထုတ်ဖေါ်ပြောဆိုပါတယ်။ အရှေ့အလယ်ပိုင်း အရေးမှာလည်း ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ မြန်မာ အရေး လိုပဲ အရာဝင်မှု မရှိသလောက်ဖြစ်ပါတယ်။ ဂါဇာ နယ်ခြားမှာတပ်စွဲထားတဲ့ အစ္စရေး တင့်ကားတွေ နောက်ကို ပြန်ဆုတ်ဖို့  တောင်းဆိုပေမဲ့ သိပ်ထိရောက်မှုတော့မရှိလှပါဘူး။

စစ်ဆင်ရေး ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူ ပါရဂူတဦးဖြစ်တဲ့ အဲလစ်ဖစ်ရှ်မန်းဆို အစ္စရေးဗျူဟာ ကတော့ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတွေ ရည်မှန်းထားတဲ့ စစ်ဆင်ရေးဖြစ်နေလေတော့မြေပြင်ထိုးစစ် ကတော့ မြန်ရ လိမ့်မယ်။ ရည်မှန်း ချက်အတွက်တန်ဖိုးကြီးတော့ပေးဆပ်ရတော့မယ်လို့ ဆိုတယ်။ အစ္စရေးစစ်ဖက်ဆိုင်ရာ တွေက တော့မြေပြင်ထိုးစစ်ကတော့ အချိန်တိုမယ်။ ဒါပေမဲ့ အလွန်ပြင်းထန်ပါလိမ့်မယ်လို့ဆိုပါတယ်။ သောကြာနေကတော့ ပါလစ်စတိုင်းလူငယ်တချို့ကလောင်ချာတွေနဲ့အစ္စရေးဖက်ကို တိုက်ခိုက်လျက်ရှိပါတယ်။ အတော်များများက ပင်လယ်ကမ်းခြေ မြို့  ဖြစ်တဲ့ ရှာကီလွန်ကို ကျရောက်ခဲ့တယ်။ အစ္စရေး အမျိုးသမီး နစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

အစ္စရေးက ဂါဇာကို ၀င်ရောက် တိုက်ခိုက်လာရင်တော့ မှေးမိန်နေတဲ့ မြန်မာ့အရေးဟာ နိင်ငံတကာ သတင်း မီဒီယာ က ပျောက်တောင်သွားနိင်ပါတယ်။


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.