Thursday, January 8, 2009

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 1 New Entry: ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့


၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ရက် မနက် ၄နာရီ မိနစ် ၂၀ တိတိတွင် ဗြိတိသျှ တို့ရဲ့ ယူနီယံ ဂျက် အလံကို ဖြုတ်ချ အပြီး မြန်မာ့ လွတ်လပ်ရေး အတွက် ကြယ်ငါးလုံး အလံကို လွှင့်ထူ နေစဉ်


မြန်မာ့ ပထမဆုံး လွတ်လပ်ရေးနေ့တွင် မြန်မာ့ ပထမဆုံး သမ္မတကြီး စ၀်ရွှေသိုက် (လက်ယာ) က လွတ်လပ်ရေး အလံကို အလေးပြု နေစဉ်

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှ လွတ်လပ်ရေး ကျောက်တိုင်ကို အပေါ်တည့်တည့်မှ ကြည့်လျှင် မြင်ရသော အမြင်မှာ အဆိုပါ မြန်မာ့ လွတ်လပ်ရေးအတွက် ကြယ်ငါးလုံး အလံပါ ပုံအတိုင်း ဖြစ်အောင် တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ (ကျွန်မ မမေ့ဖို့)




လွတ်လပ်ရေး ကျောက်တိုင်ပေါ်က လွတ်လပ်ရေး ကြေညာ စာတမ်း၊ လွတ်လပ်ရေး သစ္စာဓိဌာန် ကိုးချက်နှင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ဆိုင်ရာ မိန့်ခွန်း ကောက်နှုတ်ချက်များ

လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မြန်မာ ပြည်တွင်းမှ လတ်တလော ဖြစ်ရပ်မှန်များ

မြန်မာ့အသံ ၀န်ထမ်းရွေးချယ်ရေး စာမေးပွဲ ခန်းမ အတွင်း ဖြေဆိုချိန် စေ့သောကြောင့် အဖြေလွှာ သိမ်းနေစဉ် ဖြေဆိုသူ တစ်ဦးက မအပ်ချင် အပ်ချင် အဖြေလွှာ အပ်နေစဉ် သူ မဖြေဆို ထားသော မေးခွန်းမှာ ယခုနှစ်တွင် မည်သည့်အကြိမ်မြောက် လွတ်လပ်ရေး နေ့ ကျရောက်ခဲ့သနည်းတဲ့။ အခန်းစောင့်က မနေနိုင်သောကြောင့် တိုးတိုးကပ်ပြီး အဖြေကို လမ်းကြောင်းပေးသည်။

အခန်းစောင့် ။ ။ ခုလက်ရှိ သက္ကရာဇ် ထဲကနေ လွတ်လပ်ရေး ရခဲ့တဲ့ ခုနှစ်ကို နှုတ်လိုက်လေ
ဖြေဆိုသူ။ ။ လွတ်လပ်ရေး ရခဲ့တဲ့ ခုနှစ်ကို မမှတ်မိလို့ ခင်ဗျ။
(သြော်... အဆင့်မြင့်လှတဲ့ မြန်မာ့ ပညာရေး စနစ်ကြီးက သတင်းဌာနကို အလုပ်လာလျှောက်ဖို့ ဦးတည် ထားသူကို ဒီလို အရည်အချင်း ပြည့်ဝအောင် လေ့လာ ထားဖို့ သင်ကြား ပေးလိုက် ပါသည်။)

လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်၊ လွတ်လပ်ရေးရဲ့ အနှစ်သာရ၊ လွတ်လပ်ရေး နှင့် ပတ်သက်သော နိုင်ငံသားတို့ရဲ့ အခန်းကဏ္ဍ၊ လွတ်လပ်ရေးကို ခေတ်အလိုက် ထိန်းသိမ်းနည်း၊ လွတ်လပ်ရေးရဲ့ တန်ဖိုး၊ နိုင်ငံသားများ ထားရှိ သင့်တဲ့ လွတ်လပ်ရေး အပေါ် ခံယူချက် စတဲ့ စတဲ့ ခေါင်းစဉ် များနဲ့ စာစီစာကုံးများ ရေးခိုင်း မိပါလျှင်..............

မနှစ်က ရေးတဲ့ လွတ်လပ်ရေးနေ့ အမှတ်တရ ပို့စ်


You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.