Thursday, January 8, 2009

[Padauk Myay] 3 New Entries: မြန်မာ့နိုင်ငံရေး သုံးသပ်ချက်နှင့် အလားအလာ(၅)

မြန်မာ့နိုင်ငံရေး သုံးသပ်ချက်နှင့် အလားအလာ(၅)

၈၈ အရေးအခင်း နောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုကြီးကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေ အရှိန်အဟုန် ကောင်းခဲ့တယ်။ လှုပ်ရှားမှု ကြီးမား ကျယ်ပြန့်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီအင်အားကို အဖွဲ့အစည်းရဲ့အား အဖြစ် ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ပါဘူး။ Institutionalize ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါဟာ ဒေါ်အောင်ဆန်း စုကြည်အပေါ် မှီခို အားထား လွန်းတာကြောင့် ဖြစ်လာတဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ပထမဆုံး ထောက်ပြခဲ့တာက မိုးသီးဇွန် ဖြစ်ပါတယ်။ မိုးသီးဇွန်ရဲ့ စာတမ်းကို ပိတောက်မြေမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီလို မှီခို အားထားမှု တွေကြောင့် အရာရာမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အဆုံးအဖြတ်က အဓိက ဖြစ်လာတယ်။ ဒီတော့ ဒေါ်အောင်ဆန်း စုကြည်ကို အစိုးရ ထိန်းထားလိုက်တာနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ခေါင်းဖြတ်ခံ လိုက်ရသလို ဖြစ်ပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပါဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည် မရှိတဲ့အချိန်မှာ အမျိုးသားညီလာခံ တက်ဖို့အတွက် စီအီးစီက ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အချိန်မှာ သူမ သဘော တစ်ခုထဲနဲ့ ဖျက်သိမ်းလိုက်တဲ့ အချိန်နောက်ပိုင်းမှာ စီအီးစီဟာ မလုပ်ရဲမကိုင်ရဲ ဖြစ်သွားတာ တွေ့ရပါတယ်။ အခုအချိန်မှာ စီအီးစီကို ဘာမှ မလုပ်ရဲဘူး၊ တွေဝေ နေတယ် ဆိုပြီး ဝေဖန်နေပေမယ့် စီအီးစီ အခုလို ဖြစ်သွားရတာဟာ ဒေါ်အောင်ဆန်း စုကြည်မှာလဲ အတိုင်းအတာ တစ်ခုအထိ တာဝန်ရှိ တယ်လို့ မြင်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ရှိသင့်တဲ့ လက်အောက်သို့ အာဏာ ခွဲဝေပေးခြင်း၊ Decesion Making Process နဲ့ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ထားခြင်းတွေ ရှိအောင် လုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို အကျိုးဆက်တွေ ဖြစ်ရတယ်လို့ ယူဆမိပါတယ်။ အခု စီအီးစီ လုပ်ဆောင်ချက်တွေကို ကြည့်ရင် ရှေ့တိုးဖို့၊ လမ်းကြောင်းရှာဖို့ထက် အလုံး အထည်မပျက် ရှင်သန် ရပ်တည် နေနိုင်အောင်ပဲ ကြိုးစားနေတယ် ဆိုတာ ထင်ရှားပါတယ်။

အတိုက်အခံများရဲ့ နောက်ထပ် အားနည်းချက် တစ်ခုကတော့ အရန် စီမံချက် မရှိတာရယ်၊ မူဝါဒပိုင်း ဆိုင်ရာမှာ Flexibility မရှိတာရယ် ဖြစ်ပါတယ်။ အရန် စီမံချက် မရှိတာရဲ့ အထင်ရှားဆုံး ဥပမာ ကတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရပြီး နောက်ပိုင်း အခြေအနေ ဖြစ်ပါတယ်။ အဲဒီတုံးက အဖွဲ့ချုပ်ထဲမှာ ရှိတဲ့ မျိုးချစ်အချို့နဲ့ နိုင်ငံရေး သမားဟောင်းများ၊ ရွေးကောက်ပွဲမှာ မနိုင်တဲ့ ပါတီတွေက အဘ ၀ိဓူရသခင် ချစ်မောင်တို့လို ၀ါရင့် နိုင်ငံရေး သမားများက န၀တနဲ့ လက်တွဲပြီး အစိုးရဖွဲ့ဖို့ တိုက်တွန်း ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင် အများစုက ပယ်ချပြီး ဂန္ဒီကြေညာချက်နဲ့ ၉၀ စက်တင်ဘာ နောက်ဆုံး ထားပြီး လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတုံးက မျိုးချစ်အဖွဲ့က ဗိုလ်မှူးကြီး ချစ်ခိုင် ( ယခု ကွယ်လွန်) က အဲဒီတောင်းဆိုချက်ကို န၀တက လက်မခံရင် ဘာဆက်လုပ်မှာလဲ၊ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲလို့ မေးပြီး ဒါကို မထုတ်ဖို့ ကန့်ကွက်ခဲ့ဖူးတယ်။ ဒါပေမယ့် တတ်သိအုပ်စုက န၀တ မလိုက်လျောလို့ မရဘူး၊ လိုက်လျောမှာ သေချာတယ်။ ကျုပ်တို့မှာ Mandate ရထားပြီးပြီလို့ ပြောခဲ့ တာပါ။

အဲဒီ တောင်းဆိုချက်ကို န၀တက ပယ်ချလိုက်တော့ အဖွဲ့ချုပ်အနေနဲ့ ဘာမှ ဆက်မလုပ် နိုင်ခဲ့ပါဘူး။ ဒီတော့ န၀တ ချပေးတဲ့ လမ်းအတိုင်း အမျိုးသား ညီလာခံ တက်ပြီး အခြေခံဥပဒေ ဆွဲဖို့လုပ်တယ်။ နောက် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ချက်အတိုင်း အမျိုးသား ညီလာခံက ထွက်လာပြီး လမ်းပြမြေပုံကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်နေရင်းနဲ့ပဲ လမ်းပြမြေပုံက အဆင့်လေးပြီးသွား ခဲ့ပါပြီ။

ပြည်ပရောက် အဖွဲ့များလဲ ဒီလိုပါပဲ။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ တောင်းဆိုတယ်။ ဒါပေမယ့် အဲဒီ ပိတ်ဆို့မှုတွေ အလုပ်မဖြစ်ရင် ဘယ်နည်းလမ်း သုံးမယ်ဆိုတာ အဖြေမရှိပါဘူး။ ဒီလိုပဲ အစိုးရက ဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး ဆိုရင် ဘာလုပ်မလဲ ဆိုတာလဲ တိတိကျကျ ချမှတ် ထားတာ မရှိပါဘူး။ အခုတွေ့နေရသလောက်ဆိုရင် တစ်ချို့က စင်ပြိုင် အခြေခံဥပဒေဆွဲတယ်။ တစ်ချို့က နောက်ထပ် စင်ပြိုင် အစိုးရဖွဲ့တယ်။ တစ်ချို့ UN က မြန်မာ ကိုယ်စားလှယ် နေရာကို ကန့်ကွက်ဖို့ လုပ် တယ်။ တစ်ချို့က တရုတ်နဲ့ အာဆီယံကို စည်းရုံးဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ Forum ငါးခုတက် ရင် အယူအဆ ငါးမျိုးကြားရတယ်။ ပါမောက္ခ ကမ္ဘောဇ၀င်းက ၂၀၀၆ ခုနှစ်တုံးက Asian Tribune မှာ ဆောင်းပါးတစ်ခု ရေးတဲ့အခါ မြန်မာ အတိုက်အခံ နှစ်ယောက်ကို အခန်းထဲ ထည့်ပြီး ဆွေးနွေးခိုင်း လိုက်ရင် သူတို့နှစ်ယောက် ပေါင်းပြီး နိုင်ငံရေး ပါတီသုံးခု ထောင်လိမ့်မယ်လို့ ဆိုဖူးပါတယ်။ အဲဒါဟာ အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေပါဘဲ။

စစ်အစိုးရ လုပ်သမျှ ငါတို့ အသိအမှတ် မပြုဘူးလို့ ပြောရုံနဲ့ ရည်ရွယ်ချက် အောင်မြင်တာ မဟုတ်ဘူး၊ အသိအမှတ် မပြုတဲ့ အလုပ်တစ်ခုကို ပြောင်းလဲ သွားအောင် လုပ်နိုင်မယ့် နည်းလမ်းလဲရှိဖို့ လိုမှာပါ။ အခုအချိန် အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာရော၊ ပြည်ပရောက် အတိုက်အခံများမှာ ဒီလို လုပ်နိုင်စွမ်း မတွေ့ရသေးပါဘူး။

ဒီလိုလုပ်နိုင်စွမ်းရှိဖို့ ဆိုတာကလဲ ပကတိ အခြေအနေကို လက်တွေ့ ကျကျ မှန်မှန် ကန်ကန် သုံးသပ်ပြီး မိမိတို့ အတွင်းမှာ ပွင့်ပွင့် လင်းလင်း ဆွေးနွေးပြီး အဖြေရှာနိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။ အခု အခြေအနေမှာတော့ အတိုက်အခံ အဖွဲ့အများစုမှာ အဲဒီ အခြေအနေ ရှိပါရဲ့လား။ ISDP ကထုတ်တဲ့ Myanmar/ Burma: Challenges and Perspectives စာအုပ်မှာတော့ အခုလို သုံးသပ်ထားပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ ဒေါ်စုကို လေးစားတဲ့စိတ်က သိတ်များသွားပြီး သူမရဲ့ မူဝါဒတွေကို မေးခွန်းထုတ်တဲ့လူဆိုရင် စစ်အစိုးရ ဘက်သားဆိုပြီး တံဆိပ် ကပ်တော့တာပဲ။ xxx အဲဒီအမူအကျင့်က ကိုးကွယ်မှုဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်သွားပြီး ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာ ဘယ်သူကမှ ဒေါ်စုနဲ့ သူ့မူဝါဒတွေကို မဝေဖန်ရဲကြတော့ဘူး။ ပြဿနာက သူမ အထိန်းအသိမ်း ခံထားရတဲ့ အချိန်မှာ လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ဘယ်သူ မှ မသိနိုင်ဘူး၊ ဒီတော့ ဟိုတုံးက သူပြောထားတဲ့ မှတ်ချက်တွေ၊ စကားတွေကို အခြေခံပြီး အလုပ်လုပ် နေရတယ်။ အဲဒီမှတ်ချက်တွေက ဟိုတုံးက ဟိုအခြေအနေနဲ့ ပြောခဲ့တာ၊ အခုအခြေအနေနဲ့ မကိုက်ဘူးလို့ သိသူတွေကလဲ ဘာမှ မပြောရဲတော့ဘူး။

xx ဒီမိုကရေစီရေး လှုပ်ရှားသူများဟာ စိတ်ကူးယဉ် ဆန်လွန်းတယ်။ သူတို့ တောင်းဆိုချက် တွေက ကျင့်ဝတ်တန်ဖိုးတွေနဲ့ နိုင်ငံတကာစံတွေကို တိုက်ရိုက်ယူထားတယ်။ တစ်ဘက်ကလည်း စစ်တပ်ရဲ့ Mindset ကို နားလည်အောင် မကြိုးစားဘူး။ သူတို့ လိုချင်တာတွေကို စစ်တပ်က လိုက်လျော လာအောင် ဘယ်လိုပုံစံနဲ့ ကိုင်တွယ် ချဉ်းကပ်ရမယ် ဆိုတာ မစဉ်းစားဘူး။ စစ်တပ်မှာလဲ စိုးရိမ်မှုတွေ၊ လိုလားချက်တွေ ရှိတယ်ဆိုတာ သတိမပြုကြဘူး။ အဲဒါတွေကို ထည့်စဉ်းစားပြီး လက်တွေ့ကျကျ ချဉ်းကပ်ဖို့ လိုတယ်လို့ ပြောသူတွေကိုလဲ ပစ်ပယ်ထားလိုက်ကြတယ်။

ဒီသုံးသပ်ချက်ဟာ အတိုက်အခံအဖွဲ့များရဲ့ အပြောင်းအလဲ လုပ်ဖို့ ခက်တဲ့ သဘောထားကို ပေါ်လွင်စေတယ်လို့ ထင်ပါတယ်။ သို့သော် ဒီလိုအခြေအနေတွေ ရှိနေပေမယ့် အတိုက်အခံများ အနေနဲ့ အောင်မြင်မှုတွေလဲ ရှိပါသေးတယ်။

၅ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ - ဗွီအိုအေ click here
  • လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ နှိုးဆော်စာများ ရန်ကုန်မှာကြဲ - ခေတ်ပြိုင် click here
  • ၂၀၀၉ ခုနှစ် မှုန်ဝါးဝါး - ခေတ်ပြိုင် click here
  • သွားပေအုံးတော့ ဒီတကွေ့ - ခေတ်ပြိုင် click here
  • ၆၁နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားရေနံချောင်းမြို့နယ်တွင်ကျင်းပ - ရိုးမ click here
  • အကျိုးစီးပွားရှာဖွေကြသူများ.......ဤသို့ကွဲပြား၏ - ရိုးမ click here
  • နက္ခဗေဒသုတေသီ ဦးထွန်ကျော်၏ ၆၁နှစ်မြောက်မြန်မာ့လွတ်လပ်ရေးဇာတာဟောစားတမ်း - ရိုးမ click here
  • ၆၁နှစ်မြောက်လွတ်လပ်ရေးနေ့မှာ သုံးပွင့်ဆိုင်ဆွေးနွေးရေးစတင်ဖို့ တိုင်းရင်းသားလူမျိုးများကောင်စီ တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • ပည်သူ့အကျိုးအတွက်ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • မြစ်ငယ်မှာအစိုးရဆန့်ကျင်ရေးလက်ကမ်းစာစောင်ဖြန့် - အာရ်အက်ဖ်အေ click here
  • နိုင်ငံတော်အကြီးအကဲ ဧရာဝတီတိုင်း ပြန် လည်ထူထောင်ရေး လုပ်ငန်းများကိုကြည့်ရှု စစ်ဆေး - ၀ိကလီးအလယ်ဗင်း click here
  • (Wood Garden) တစ်ခု ရန်ကုန်မြို့၌ မကြာမီပေါ်ပေါက်လာတော့မည် - ၀ိကလီးအလယ်ဗင်း click here
  • ၂၀၀၉ ခုနှစ်အိမ်မွေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ပြုလုပ်မည် - ၀ိကလီးအလယ်ဗင်း click here
  • အဲသည်ခေတ်က အဖြစ်အပျက်လေးတစ်ခု - မြန်မာတိုင်းမ် click here
  • ပထမ ပုဂ္ဂလိကဘဏ်နေပြည်တော်တွင် ဖွင့်ရန်ရှိ - မြန်မာတိုင်းမ် click here

၎ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းမည် - အာရ်အက်ဖ်အေ click here
  • စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရန် အမျိုးသားကောင်စီ စီစဉ်နေပြီ (အင်တာဗျူး) - မဇ္ဈိမ click here
  • ထိုင်းနိုင်ငံ ဖူးကပ်တွင် ပြုလုပ်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက် - နိရဉ္စရာ click here
  • ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း - ခေတ်ပြိုင် click here
  • ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့မည် မည်သည့်အချိန် အပြီးသတ်ဖွဲ့မလဲ ရေရေရာရာမရှိသေး - ခေတ်ပြိုင် click here
  • မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး - ရိုးမ ၃ click here
  • အစ္စရေးလ်မြေပြင်တပ်တွေ ဂါဇာကို ၀င်တိုက်ပြီ - ဗွီအိုအေ click here
  • မရင့်ကျက်သေးသော အာရှ - ၀ိကလီးအလယ်ဗင်း click here
  • အပျိုစင်ဘ၀ကို ယူရိုတစ်သန်းနှင့် ရောင်းမည့် မော်ဒယ် - ၀ိကလီးအလယ်ဗင်း click here
  • ကုန်သွယ်မှုကို အထောက်အကူပြုစေမည့် လမ်းများကောင်းမွန်မှုမှာလည်း များစွာအရေးပါလာ - ၀ိကလီးအလယ်ဗင်း click here
  • စီးပွားကျဆင်းနေချိန် အမျိုးသမီးများစိတ်ဓာတ်မြှင့်ဖို့ တောင်ကိုးရီးယားမှာနှုတ်ခမ်းနီရောင်းကောင်း - မြန်မာတိုင်းမ် click here
  • ရှမ်းပြည်နယ်၌ ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ် အသုံးပိုများလာ - မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.