Thursday, January 8, 2009

[Moon Thet Pan] 1 New Entry: လွတ်လပ်ရေးနေ့ အမှတ်တရ

လွတ်လပ်ရေးနေ့ အမှတ်တရ

ဒီနေ့ဘယ်နေ့မှန်းမသိအောင်ကို သူမအိပ်မောကျနေမိတာ ဖုန်းသံခပ်ရှည်ရှည်မြည်ကာမှ နိးဖြစ်ခဲ့ပါတယ်။

ဟဲ့အငယ်မ ဘယ်အချိန်ရှိလို့ ညည်းက အိပ်နေရတာတုန်း"

"ဟီးးးးး ကျောင်းပိတ်ရက်ကလေးမို့ပါ "

နာရီကို ကြည့်မိတော့ မနက် ၉.၃၀ မိနစ် ။ အိပ်ချင်မူးတူးနှင့် ထကာ အကို့ သြ၀ါဒများကိုခံယူရင်းမှ ဒီနေ့လွတ်လပ်ရေးနေ့ဆိုတာ သတိရလာတယ်။ သြော် အချိန်တွေကြာတော့လည်း အကျင့်တွေ ပြောင်းပြန်ဖြစ်ပါပေါ့လား။

ဘာပိုစ့်မှ ရေးဖြစ်ဖို့လည်း သူမမှာအားမရှိနေတာမို့ ဟိုနှစ်က

လွတ်လပ်ရေးနေ့ အဖြစ်အပျက်ကလေးတခု

ကို ရေးဖြစ်ခဲ့တာကို ပြန်ဖတ်ရင်း အိမ်ကိုတော့လွမ်းသား ။ အဲဒီနောက်တော့ ခပ်ပျင်းပျင်းနဲ့ သူမတနေ့တာ စာကျက်ဖို့ ပြန်စရပြန်တယ်။ မနက်ဖန် ကျောင်းပြန်ဖွင့်တော့မယ်လေ…။

မွန်းသက်ပန် (ဆေး-၁)

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.