Thursday, January 8, 2009

[လ၀န်းလေး] 1 New Entry:

http://sintsint.blogspot.com/feeds/2250485248360631752/comments/default

ဘ၀မှာ ဒီ၂၀၀၉ ခုနှစ်ရောက်မှ မလုပ်ဘူးတဲ့အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ အမှတ်တရလေးပေါ့...ပျော်ရွှင်မှုနှင့် အတူ ပျော်စရာလေးတွေပါ ဖြစ်ခဲ့ရတယ်။ တစ်ခါမှဝင်မကစားဘူးတဲ့ အားကစားပွဲမှာဝင်ဆော့ခဲ့ရလို့ သူငယ်ချင်းသစ်တွေလည်းရခဲ့လို အောင်မြင်မှုရဲ့အရသာကိုပါ ခံစားခဲ့ရပါတယ်။ ကိုယ်ကို တိုင်မဖြစ်လောက်ဘူး ထင်ပြီးအရာရာမှာ တွေဝေခဲ့တဲ့ စိတ်ကြောင့်ဆော့ဖြစ်ခဲ့ပေမယ့် မဖြစ်မနေလုပ်ရမှ ကိုယ့်မှာလုပ်နိုင် သလောက်တော့ လုပ်နိုင်ပါလားလို့ တွေ့ရှိခဲ့ရတယ်။ အားပေးမှုရဲ့ လက်ခုတ်သံနှင့်အတူ မောနေသမျှကိုဘေးဖယ်ထားကာ သူတစ်ပြန်ကိုယ်တစ်ပြန် ကစားရတဲ့အရသာကို ခုမှကိုယ်ကို တိုင်ခံစား မိခဲ့ရပါတယ်။ ဘ၀မှာ မဖြစ်နိုင်တာတွေ ကျရှုံးခဲ့တာတွေကိုပဲ တွေးနေပြီးစိတ်ညစ်နေခဲ့ရင် ဖြစ်နိုင်တဲ့အရာတွေပါ ဆုံးရှုံးသွားနိုင်တယ်လို့ ပြန်စဉ်းစားမိတော့မှ ကိုယ်ကိုတိုင်စိတ်ညစ်ရတဲ့အချိန်တွေတွက် ပြန်နောင်တရမိပါတယ်။ ဘ၀မှာ ကိုယ်ဖြစ်ခြင်တာတွေ မဖြစ်ခဲ့ရင် ဖြစ်သင့်တာကိုပဲဦးစားပေး တာအကောင်း ဆုံးပါပဲ။ အကောင်းဆုံးဖြစ်အောင်ကြိုးစားပေမဲ့ အကောင်းဆုံးမဖြစ်ခဲ့ရင် ငါမှာလိုအပ်ချက်တွေရှိနေသေးပါလား လို့ အကောင်းဆုံးဘက်ကတွေးပြီး ကောင်းအောင်ဆောင်ရွက်သင့်ပါတယ်။ အောင်မြင်မှုရဲ့ အရသာကိုခံစားနိုင်သလို ဆုံးရှုံးမှုအတွက်ပါ ခံနိုင်ရည်ရှိအောင်ကြိုးစားပါ။ ဘယ်တော့မှ စိတ်မညစ်မိပါစေနဲ့။ အရာရာကို ကိုယ်ကိုတိုင်နဲ့ ကိုချင်းစာမိပါစေ။ သူများပေါ်မှာ ဘယ်တော့မှ မညစ်မိစေဖို့က အဓိကပါပဲ။ ကိုယ်ကိုတိုင်ပျော်စရာကိုပဲတွေးပြီး ပျော်အောင်နေတက်ပါစေ။

You received this email because you are subscribed to the real_time feed for http://sintsint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.