Thursday, January 8, 2009

[Htoo Myat] 1 New Entry: Montgomery College.

Montgomery College.

တော်သေးတာပေါ့... ကျနော့်အနေနဲ့ အထက်တန်း ပြန်တက်ဖို့ထက် စာရင် ကောလိပ်ကို တန်းလျှောက်ဖို့ အခြား နည်းလမ်းတစ်ခု ရှိသေးတာကို ရှာတွေ့ကြတယ်။ အဲလိုနဲ့ နီးနီးနားနား Montgomery College ကို ၀င်နိုင်ဖို့ကို ကျနော် အင်္ဂလိပ်စာ အရည်အချင်းစစ်တာ တစ်ခု ဖြေရဖို့ကိုပဲ အခု ကြိုးစားနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကြည့်ရတာတော့ ကျနော်နဲ့ အဆင်ပြေမယ်လို့ ကျနော် ယူဆမိတယ်။ နောက်ပိုင်း စကားပြော နားထောင်တာ၊ သဒ္ဒါနဲ့ ပတ်သက်လို့၊ စာလုံးအသုံးပြုပုံနဲ့ ပတ်သက်လို့ ဖြေတာတွေက ပြဿနာ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ အရှေ့ဆုံးပိုင်း စာစီစာကုံး သဘောမျိုး ၂၅ မိနစ်စာ ရေးရမှာကိုတော့ စာလုံးပေါင်း မကောင်းတဲ့ ကျနော့်အတွက် အနည်းငယ် ပြဿနာ ရှိကောင်း ရှိနိုင်ပါတယ်။

ဒါက Michigan Test ဆိုတော့၊ နောက်ပြီးရင် တခြား Test တစ်ခု ထပ်ဖြေဖို့ လိုမလိုတော့ ကျနော်လည်း သိပ်တော့ မရှင်းလင်း သေးပါဘူး။

အတန်းတွေ တက်လို့ရပြီဆိုရင်တော့ ကျနော် လိုက်ချင်တဲ့ Computer Gaming ပဲယူဖြစ်ဖို့ များပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.