Thursday, January 8, 2009

[ဒီရေ] 7 New Entries: မလေးရှားမှာ သတိထားစရာ......

မလေးရှားမှာ သတိထားစရာ......

မလေးရှားရောက် မြန်မာ့အလုပ်သမားများ မကြာခဏရင်ဆိုင်တွေ့ကြုံနေရသည့် ဖြစ်ရပ်များပါ။ မလေးရှား နိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်နေသော နိုင်ငံခြားအလုပ်သမားမှာ မလေးရှားနိုင်ငံသားနီးပါးထိ အရေ အတွက်များပြားနေသည့် အတွက် ဒုစရိုက်မှုများမှာလည်း ပိုမိုများပြားလာသလို မလေးရှားအစိုးရအနေဖြင့် လည်း ထိရောက်သည့် ထိမ်းချုပ်မှုမျိုးမရှိပေ။ လမ်းပေါ်တွင် ပေါ်တင်လုယက်ခြင်း၊ အိမ်ခန်းများကို ၀င်ရောက် စီးနင်းခြင်း၊ လိုင်းကားပေါ်တွင် ခါးပိုက်နှိပ်ခြင်း၊ အိမ်ပေါ်သို့တက်ခိုးခြင်း၊ အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်ပြီး ဓားမြတိုက်ခြင်း များကို သာမန်လူနေထိုင်ရာရပ်ကွက်များသာမက မြို့လယ်ခေါင် များမှာပါ ကျုးလွန်နေကြ သည်။ ယုယက် ဆိုးသွမ်း သောင်းကျမ်းနေသူများမှာ နိုင်ငံခြားမှလာရောက် အလုပ်လုပ်ကိုင်နေထိုင်သူ များနှင့် မလေးရှားနိုင်ငံသား ဆေးသမားများ ဖြစ်နေသည်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒတ်ခ်ျ၊ မြန်မာလူမျိုးအများ အပြား လာရောက် အလုပ်လုပ်ကိုင် နေထိုင်လျှက်ရှိသည်။ အများစုသော နိုင်ငံခြားသားအလုပ်သမားများမှာ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်သည်။ မြန်မာ အလုပ်သမားများ အနေဖြင့် တရားဝင်နေထိုင်သည် ဖြစ်စေ တရားမ၀င်နေထိုင်သည် ဖြစ်စေ သတိဝိရိယ အထူးထားသင့်သည်။ မလိုအပ်ပဲ အပြင် လျှောက်သွားခြင်းများ၊ အခန်းတံခါးများ ဖွင့်ထားခြင်းများကို လုံးဝရှောင်ရှားသင့်သည်။

အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ



ဒေါင်းလုပ်လုပ်ရန် voice မူရင်းအသံဖိုင် ဒေါင်လုပ် လုပ်ရန်
သတင်း အပြည့်အစုံ ဖတ်ရန်

အမေရိကန် သမ္မတ ဘုတ်ရှ် အား ဖိန်ပ် နဲ့ ပစ်ပြီးကစားရအောင်

ဖိနပ်ပစ် ဂိမ်း ယန်း ၇ သိန်းဖြင့် လေလံပစ် ရောင်းရ

အီရတ် သတင်းထောက်မှ သမ္မတ ဘုရှ်ကို ဖိနပ်ဖြစ် ပစ်ပေါက် ခြင်းကို အခြေခံထားတဲ့ ဂိမ်းတစ်မျိုးက အွန်လိုင်းမှာ ခေတ်စာနေပြီး အဲဒီထဲက တစ်ခုက ၁၅ရက်နေ့မှ ၄ရက်ကြာ အီးဘေး တွင် လေလံပစ်ပွဲ ကျင်းပရာ ပေါင် ၅၂၁၅ (ယန်း ၇သိန်းခန့်) ဖြစ် အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဂိမ်းရေးခဲ့တဲ့သူကို ၁၉ရက်နေ့မှာ ရွိုက်တာ သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသား အဲလက်စ် ချူး က ရေးခဲ့တဲ့ အွန်လိုင်ဂိမ်း http://sockandawe.com ဟာ သထင်းထောက် တွေ့ဆုံပွဲမှာ လာတဲ့ သမ္မတ ဘုရှ်ကို ဖိနပ်ဖြင့် ပစ်ပြီး စက္ကန့်သုံးဆယ် အတွင်း ဘယ်နှစ်ခု ထိလဲ ကို ပြိုင်ရတာ ဖြစ်ပါတယ်။ သန်းနဲ့ချီသော လူအများလာ ကြတဲ့ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သွားကြောင်းလဲ ပြောကြားခဲ့ပါတယ်။

ဂိမ်းအတွက် ဆာဗာကို ၃ရက်ကြာသာတင်ခဲ့ရတယ်လို့ဆိုပါတယ်၊ တနင်္လာနေ့မှာ အကြံထုတ်၊ အင်္ဂါနေ့မှာ ဆိုဒ်ပေါ်တင်၊ ဗုဒ္ဓဟူးနေ့မှာ နာမည်ကြီး၊ နောက်နေ့မှာ ရောင်းစားခဲ့ပုံပေါ်ပါတယ်။

ဂိမ်းရေးသူအဆိုအရ ဝယ်ခဲ့သူဟာ အင်္ဂလန်မှ အင်တာနက် မီဒီယာ ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း၊ ဂိမ်းမှ ရငွေကို အလုပ်တွင် သုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

http://jp.reuters.com/article/oddlyEnoughNews/idJPJAPAN-35562020081221

နက္ခတ္တဗေဒသုတေသီ ဦးထွန်းကျော်၏ (၆၁) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးဇာတာ ဟောစာတမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်လပ်ရေးနေ့ အခမ်းအနား






ရုပ်ပုံ အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ။



လွတ်လပ်ရေးနေ့အခမ်းအနား NLD (လွတ်မြောက်နယ်မြေ)မလေးရှား

ယနေ့ (၄.၁.၂၀၀၉) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ တရုတ်တန်းခန်းမ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မလေးရှားဌာနခွဲမှ လွတ်လပ်ရေးနေ့ အခမ်းအနား ကို အောင်မြင်စွာ ကျင်းပခဲ့ သည်။ အခမ်းအနားသို့ မလေးရှား နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ ပြည်သူများလည်း တက် ရောက် ကျင်းပကြသည်။ ထိုအခမ်းအနား မှာ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် အတူ မလေးရှား ဌာနခွဲ ပါတီ တည်ထောင်ခြင်း၊ (၃)နှစ်ပြည့် အခမ်းအနား လည်းဖြစ်သည်။ အခမ်းအနားတွင် ဥက္ကဌ ကိုကျော်ကျော် မှ အဖွင့် အမှားစကား ပြောကြားပြီး အတွင်းရေးမှူးနှင့် အမှုဆောင် များမှ ယနေ့ နိုင်ငံရေး အခြေအနေ နှင့် ရှေ့လုပ်ငန်းစဉ်များ မလေးရှားရှိ မြန်မာပြည်သူရွှေ့ပြောင်းအလုပ်သမားများ၏ အခက် အခဲများကို ပြောကြား ကြပြီးတက်ရောက် လာသော အဖွဲ့အစည်း အသီးသီးနှင့် ပြည်သူများ မှလည်း ဒီမိုကရေစီ အင်အားစုများ ညီညွတ်ကြရန်နှင့် နိုင်ငံရေး အမြင်များကို တင်ပြ ဆွေးနွေးကြပါသည်။ အခမ်းအနားကို (၁၂)နာရီတွင် စတင်၍ (၂) နာရီခွဲတွင် အဆုံးသတ်ပါသည်။



အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ။

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စ်စကဒ်

ဒီဇိုင်း ကိုမျိုး

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.