Monday, October 13, 2008

[ဆုံဆည်းရာ] 1 New Entry: ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ

ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ

ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။

"အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်" ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။

"ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ" ဟု ၎င်းရပ်ကွက်သားက ဆိုသည်။

ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။

"အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ" ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ "အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်" ဟု ပြောသည်။

မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: Goal II : Living The Dream

Goal II : Living The Dream

ဒီတပတ်အတွက် ရုပ်ရှင်လက်ဆောင်အနေနဲ့ ကတော့ ဟိုအရင် ၂၀၀၅ ခုနှစ်မှာ တစ်ကား ကျန်ခဲ့တာ ၂၀၀၇ ခုနှစ်မှာ တစ်ကား ထွက်ရှိခဲ့တဲ့ Goal ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Goal : The Dream Begins နဲ့စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ Goal II : Living The Dream လို့အမည်ပေးထားပါတယ်။



ဘောလုံးသမားတစ်ယောက်ရဲ့ ဘ၀ကို အခြေခံ ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ မင်းသားဟာ နယူးကာဆယ်ကနေ ကမ္ဘာကျော် ရီရဲလ်မက်ဒရစ်ကလပ် ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီမှာ တစ်ချိန်တုန်းက သူ့အဖေနဲ့ သူ့ကိုမွေးခဲ့တဲ့ မိခင်နဲ့ ညီကို ပြန်လည်တွေ့ရှိရာကနေစပြီး ၊ ဖိအားမျိုးစုံနဲ့ တိုက်စစ်မှုးနေရာ အတွက် ကြိုးစားရတဲ့ ဘ၀ကို ဘက်ခမ်း ၊ ရိုနယ်လ်ဒို ၊ ဇီဒန်း ၊ ကားလို့စ် ၊ ရာအူးလ်အစရှိတဲ့ ဘောလုံးသမားများစွာနဲ့ အတူတကွ ရိုက်ထားတဲ့ ဘောလုံးချစ်သော ဘလော့ဂ်ဂါများအတွက် ကြည့်ရှုစေချင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း။

http://rapidshare.com/files/36916813/LAOG2.part1.rar
http://rapidshare.com/files/36917971/LAOG2.part2.rar
http://rapidshare.com/files/36918725/LAOG2.part3.rar
http://rapidshare.com/files/36919546/LAOG2.part4.rar
http://rapidshare.com/files/36920425/LAOG2.part5.rar
http://rapidshare.com/files/36921252/LAOG2.part6.rar
http://rapidshare.com/files/36922007/LAOG2.part7.rar




You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ငြိမ်းဝေ] 1 New Entry: ၀ိုးလ်ဆိုရင်ကာ သို့မဟုတ် အာဖရိကဒေစီပန်းတပွင့်

ဝိုးလ်ဆိုရင်ကာ သို့မဟုတ် အာဖရိကဒေစီပန်းတပွင့်


(က)

၁၉၉၆-ခု၊ နိုဝင်ဘာလထဲတုန်းက နိုင်ဂျီးရီးယားသတင်းစာဆရာ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမား "ကင်ဆာရိုဝီ၀ါ" ကို အိုဂိုနီလူမျိုးစုဝင်တချို့ အသတ်ခံရမှုမှာ ပါဝင် ပါတ်သက်တယ်ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေးကွပ်မျက် လိုက်ပါတယ်။ ဒီသတင်းဟာ ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွင်း အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။


ဒီတုန်းက "ကင်ဆာရိုဝီ၀ါ" ရဲ့ သတင်းကိုကြားရလို့ ကျနော်လည်းပဲ ကြေကွဲတုန်လှုပ်ခဲ့ ပါတယ်။ အခုလို ကြိုးပေးသတ်ခံရတဲ့ "ကင်ဆာရိုဝီ၀ါ" အတွက် ကြေကွဲရတာနဲ့ တချိန်ထဲမှာပဲ …၊ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ "၀ိုးလ်ဆိုရင်ကာ" အတွက်လည်း ကျနော့်မှာ ရတက်မအေးနိုင်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး "ဆန်နီအဘာချာ" က၊ "၀ိုးလ်ဆိုရင်ကာ" ကိုလည်းပဲ မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတာမို့ အခုလို ဗရုတ်ဗရက်အခြေအနေမျိုးမှာ သူ့အတွက်ကိုလည်း ကျနော် စိုးရိမ်ခဲ့မိတာပါ။ ဒါပေမယ့်လည်း "၀ိုးလ်ဆိုရင်ကာ" က ၁၉၉၄-ခုနှစ်ကတည်းက ပြည်ပကို ထွက်ပြေးလွတ် မြောက်ပြီး အမေရိကနဲ့ ပြင်သစ်မှာ ခိုလှုံနေထိုင်ခဲ့တာမို့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး "ဆန်နီ အဘာချာ" ရဲ့ စက်ကွင်းက လွတ်ကင်းနိုင်ခဲ့ပါတယ်။

ပြည်ပမှာရောက်နေတဲ့ "၀ိုးလ်ဆိုရင်ကာ" ကို နိုင်ငံခြားသတင်းဌာနတွေက တွေ့ဆုံ မေးမြန်းကြတာတွေ ရှိခဲ့ပါတယ်။ ကြိုးပေးသတ်ခံရတဲ့ "ကင်ဆာရိုဝီ၀ါ" ကိစ္စအပေါ် သူ့အမြင် သူ့သဘောထားကို မေးကြမြန်းကြတာပါ။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထည့်ပြောလိုက်တဲ့ "၀ိုးလ်ဆိုရင်ကာ" ရဲ့ စကားတခွန်းက ကျနော့်ကို ထူးထူးခြားခြား မှတ်မှတ်သားသားဖြစ်စေခဲ့ ပါသေးတယ်။ သူက "ဘာရမလဲဗျ၊ ကျနော့်ကို မြန်မာစစ်အစိုးရ လုပ်သလို ဘယ်လုပ်လို့ ရမလဲဗျ" ဆိုတဲ့ စကားကို ထည့်ပြောပြီး နိုင်ဂျီးရီးယားစစ်အစိုးရလက်အောက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တဲ့ကိစ္စကို ရှင်းပြခဲ့လို့ပါပဲ။

(ခ)

"ကင်ဆာရိုဝီ" ကို ကျနော်က "၀ိုးလ်ဆိုရင်ကာ" လောက် မသိခဲ့ပါဘူး။ ၁၉၉၆-ခု၊ နိုဝင်ဘာလထဲမှာ ကြိုးပေးအသတ်ခံရတဲ့ အခါကြမှ "ကင်ဆာရိုဝီ၀ါ" အကြောင်း စုံစုံစေ့စေ့ သိခွင့်ရလာခဲ့တာပါ။ "၀ိုးလ်ဆိုရင်ကာ" ကြတော့ ဒီလိုမဟုတ်ဘူး။ သူ့ကို ၁၉၉၄-ခုနှစ် ကတည်းက ကျနော်သိခဲ့တာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ကျနော်စိတ်ဝင်စားခဲ့တာပါ။

၁၉၉၄-ခုနှစ်ထဲမှာ "၀ိုးလ်ဆိုရင်ကာ" တည်းဖြတ်ထုတ်ဝေတဲ့ "အာဖရိကတိုက်မဲကြီးရဲ့ ကဗျာဗျား" စာအုပ်ကို ကျနော်ဖတ်ခွင့်ရပါတယ်။ ဂျာမာန်သူမိတ်ဆွေတဦးက ကျနော့်ကို လက်ဆောင်ပို့ပေးတာပါ။ သူ့ကဗျာတွေကို စိတ်ဝင်တစားရွေးပြီး ဖတ်ပါတယ်။ ဒီကြားထဲ သူက အဲဒီ ၁၉၉၄-ခုနှစ်ထဲမှာပဲ နိုင်ဂျီးရီးယားက ထွက်ပြေးရပြီး၊ နိုင်ဂျီးရီးယားစစ်အာဏာရှင် ဗိုလ်ချုပ်ကြီး "ဆန်နီအဘာချာ" က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
"၀ိုးလ်ဆိုရင်ကာ" ဟာ၊ အာဖရိကတိုက်ရဲ့ ပထမဆုံးစာပေ နိုဗယ်ဆု ရရှိတဲ့ လူမဲ ကဗျာဆရာလည်းဖြစ်ပါတယ်။ (၁၉၈၆) …။ ပြီးတော့ ပြည်ပမှာ အချိန်အကြာကြီး ထွက်ပြေး နေထိုင်ခဲ့ရသူ၊ ထောင်အကြိမ်ကြိမ်ကျသူ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထောင်ကျပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ဂျီးရီးယား အနောက်ပိုင်း ရွေးကောက်တင်မြှောက်ပွဲမှာ အနိုင်ရရှိတဲ့ "အာကင်တိုလာ" ရဲ့ အောင်ပွဲမိန့်ခွန်းကို အ်ီဘာဒါ အသံလွှင့်ဌာနက တဆင့် အသံလွှင့်ဖို့ စီစဉ်နေတုန်း "၀ိုးလ်ဆိုရင်ကာ" က၊ သေနတ်တလက်ဆွဲပြီး အသံလွှင့်ရုံထဲ ၀င်လာခဲ့ပါတယ်။ ပြီးတော့ "အာကင်တိုလာ" ရဲ့ မိန့်ခွန်းတိတ်ခွေကို ဖြုတ်ပြီး ကြိုတင်ပြင်ဆင် လာခဲ့တဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရှုံ့ချတဲ့ အသံသွင်းတိတ်ခွေကို အသံလွှင့်လိုက်ပါ တယ်။ ဒါနဲ့ပဲ … သူလည်း ထောင်နန်းစံခဲ့ရတာပါ။ ၁၉၆၅-ခု...။ နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာ စစ်ဖြစ်တော့လည်းပဲ ကြားဝင်ဆောင်ရွက်လို့ ထောင်ချခံရပြန်ပါတယ်။ "လီလီယန် ဟယ်မန်" နဲ့ "ရောဘတ် လိုဝဲ" အပါအ၀င် ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိသျှစာရေးဆရာတွေက နိုင်ဂျီးရီးယားအစိုးရကို ၀ိုင်းပြီး တောင်းဆိုကြလို့ ထောင်ကလွတ်လာပြန်တော့ သူ့ရဲ့ ပြဇာတ် တပုဒ်ကို လန်ဒန်မှာ ရုပ်ရှင်ရိုက်ပြီး ပြသလို့ ထပ်ပြီး အဖမ်းခံရပြန်ပါတယ်။

သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံတွေအပေါ် မူတည်ပြီးရေးတဲ့ "သေလူ" လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် (၁၉၇၂) ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ထုတ်ဝေခွင့် ပိတ်ပင် ခံရပါတယ်။ ၁၉၇၀-ခုနှစ်က ရေးခဲ့တဲ့ "သူရူးနဲ့ ပါရဂူများ" လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပြဇာတ် တပုဒ်ဟာလည်း အကြီးအကျယ်နာမည်ကြီးခဲ့ပါတယ်။
၁၉၇၂-ခုနှစ်မှာ ပြည်ပကိုထွက်ပြီး စေတနာ့ဝန်ထမ်းကျောင်းဆရာလုပ်ပါတယ်။ ၁၉၇၅-ခုနှစ်ကြတော့ ဂါနာနိုင်ငံကိုသွားပြီး "အာဖရိကရှေ့ဆောင်ဂျာနယ်" မှာ အယ်ဒီတာ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတ "ဂိုဝန်" ရာထူးက နှုတ်ထွက်သွားပြီးတဲ့အခါ "၀ိုးလ်ဆိုရင် ကာ" လည်း နိုင်ဂျီးရီးယားကို ပြန်လာခဲ့ပါတယ်။ အိုင်ဖီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ ပါမောက္ခလုပ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က နိုင်ဂျီးရီးယားပြည်သူတွေရဲ့ဘ၀ကို ထင်ဟပ်ဖော်ပြတဲ့ သူ့ရဲ့ "ကဘေးဘ၀ နှစ်ကာလများ" (၁၉၈၁) စာအုပ်နဲ့ "အရုဏ်ဦးမှာ သင်ဟာ ရှေ့သိုင်္ချီ" စာအုပ်တွေဟာ ထင်ရှားလှပါတယ်။

၁၉၉၃-ခုနှစ်ကြတော့ အာဏာသိမ်း စစ်အစိုးရဆန့်ကျင် ရေး လူထုဆန္ဒပြပွဲမှာ "၀ိုးလ်ဆိုရင်ကာ" တယောက် ပူးပေါင်းပါဝင်လာပြန်ပါတယ်။ ဒီချီတက်ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် လူစုခွဲတဲ့အခါ သူဟာ အဓိက မျက်မြင် သက်သေတဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်အစိုးရက သူ့ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ သူဟာ ပြည်ပကို အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး "ဆန်နီအဘာချာ" က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချခဲ့ပါတယ်။

၁၉၉၈-ခု၊ အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီး "ဆန်နီအဘာချာ" ရုတ်တရက် သေဆုံးတဲ့အခါ ဗိုလ်ချုပ်ကြီး "အက်ဘ်ဒူဆာလာမိ အဘူဘာခါ" အာဏာရလာပါတယ်။ သူကတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အတွက် "၀ိုးလ်ဆိုရင်ကာ" လည်း နိုင်ဂျီးရီးယားမြေကို ပြန်ပြီး နင်းခွင့်ရခဲ့ပါတယ်။ ပြည်တော်ပြန် နိုဗလ်ဆုရှင်ကဗျာဆရာ "၀ိုးလ်ဆိုရင်ကာ" ကို နိုင်ဂျီးရီးယား ပြည်သူတွေက သူရဲကောင်းတယောက်လို သဘောထားကြိုဆိုခဲ့ကြပါတယ်။

(ဂ)

အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေတင်မက၊ ပညာရှင်များလည်းပဲ အာဏာရှင်များရဲ့ အာဏာစက်ဒဏ်ကို ခံကြရပါတယ်။ ယုတ်စွအဆုံး ပညာရှင်တယောက်ဟာ အာဏာရှင်စနစ်ကို မတို့မထိပဲ နေသည့်တိုင်အောင် အာဏာရှင်တွေရဲ့ အခြေခံသဘော သဘာဝကိုယ်က ပညာရှင်ကို မလိုလားတဲ့ အခြေခံရှိတာမို့ ပညာရှင်တွေဟာ ဘေးသင့်ကြရ တာချည်းပါပဲ။ အာဏာရှင်လက်အောက်က ပြည်သူတွေကြတော့ ပညာရှင်ဟူသမျှကို လိုလား ထောက်ခံကြပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကို ထောက်ပြဝေဖန်ဆန့်ကျင်တဲ့ ပညာရှင်ဆိုရင် ပြည်သူတွေက နည်းလမ်းပေါင်းစုံသုံးပြီး ထောက်ခံကြောင်း၊ လေးနက်ကြောင်း ပြကြလေ့ရှိပါတယ်။ ဥပမာ ကျနော်တို့တိုင်းပြည်က ပြည်သူချစ်တဲ့ စာပေပညာရှင်များဖြစ်ကြ တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ မင်းသုဝင်္ဏ၊ လူထုဒေါ်အမာ အစရှိတဲ့ စာပေ ပညာရှင်တွေရဲ့ မွေးနေ့ပွဲတွေ သေဆုံးတဲ့နေ့တွေကို စစ်အစိုးရက အလေးအနက်မထား ပေမယ့် ပြည်သူတွေကတော့ ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့နေ့များအဖြစ် သဘောထားသတ်မှတ်ပြီး တခမ်းတနားကျင်းပလေ့ရှိကြပါတယ်။

အခုလည်းပဲ ၁၉၃၄-ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ "၀ိုးလ်ဆိုရင်ကာ" ဟာ ၂၀၀၉ ခုနှစ်ထဲမှာ မွေးနေ့စိန်ရတုပြည့်တော့မှာပါ။ စာပေနိုဗယ်ဆုရှင် "၀ိုးလ်ဆိုရင်ကာ" ရဲ့ မွေးနေ့စိန်ရတုပွဲကို နိုင်ဂျီးရီးယားပြည်သူတွေက အလေးအနက်ထား ကျင်းပဂုဏ်ပြုကြလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။

ကိုးကား။ ။ ၁- စာပေအနုပညာရှင်များနှင့် စကားပြောခြင်း (လေးကိုတင်)
၂- MODERN AFRICAN POETRY
၃- POEMS OF BLACK AFRICA

ငြိမ်းဝေ
(ပြီးခဲ့တဲ့ တပါတ်က မဇ္ဈိမအွန်လိုင်းမှာတင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

You received this email because you are subscribed to the real_time feed for http://sandaywe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ရှင်သန်နေဆဲ သီချင်း

ရှင်သန်နေဆဲ သီချင်း

မနက်ဖြန်ဟာ လှန်ကြည့်ခွင့်မရှိတဲ့
ဖဲတစ်ချပ်ဆိုရင်
ကုန်ဆုံးသွားတဲ့ အတိတ်ဟာ
ကောက်ကျစ်တဲ့ ကစားပွဲတစ်ခုရဲ့ နိဒါန်းပဲ
အသစ်မရှိတော့ အဟောင်းကိုပဲ
ဖာထေးပြုပြင်ပြီး ပြန်သုံးနေရ
သီအိုရီတွေမှားနေသေးသ၍
နာကျင်ဆုံးရူံးမူတွေနဲ့ ကြုံနေရဦးမယ်။

ကြိုက်ဈေးမရလို့
ရသလောက်ဈေးနဲ့ ရောင်းပြန်ရမှာလား
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်ချင်တာ လုပ်ခွင့်မရပဲ
မလုပ်ချင်တာတွေ လုပ်နေရတာကများ
ငါသွားချင်တယ်
ပိတောက်တွေပွင့်တဲ့ အရပ်ဒေသတစ်ခုဆီ
ငါပြန်ရချင်တယ်
တစ်ခါက ရင်ခုန်လိုက်မောဖွယ် နွေဦးညများ။

အမြဲတမ်း သတိတရ ဖြစ်နေဖို့ဆိုရင်
ဖျောက်ဖျက်မရတဲ့ အမာရွတ်တစ်ခု
လိုအပ်ကောင်းလိုအပ်မယ်
တစ်ခုခု မပေးပဲနဲ့ တစ်ခုခု ရပါ့မလား ငါစဉ်းစား
ပျံသန်းနေတဲ့ စိတ်ကူးနောက်
အရူးလိုလျှောက်လိုက်လို့
ဆောက်တည်ရာမဲ့ နေ့ရက်တွေမှာ
ငါ့အလွမ်းကို လူတွေမသိကြဘူး။
ဘယ်လိုပဲဖြစ်ဖြစ်
ခွန်အားရှိသ၍
ပျံသန်းနေရဦးမယ်
လူ့ဘ၀ဆိုတာ အတိတ်အကြောင်း
စားမြုံ့ပြန်နေရုံနဲ့ မပြီးဘူးမဟုတ်လား။

စကားနည်းနည်းပြောပြီး များများနားထောင်ဖို့လုပ်ရမယ်
လူတွေက ဟန်ဆောင်ဆက်ဆံနေကြ
Self-selling ဆိုပါလား
ကျနော်ကတော့ ကိုယ့်ကိုကိုယ်ချရောင်းဖို့
ဝါသနာမပါဘူး မိတ်ဆွေ။

သစ်တစ်ပင်ခုတ်လှဲတိုင်း
နေ့တစ်နေ့ကုန်ဆုံးသွားတိုင်း
အဖိတ်အစဉ်များတဲ့ သက္ကရာဇ်တွေထဲ
သိဒ္ဓတ္ထ ထားခဲ့တဲ့ တရားကို
လက်တွေ့ မြည်းစမ်းကြည့်ခွင့်ရခဲ့။

ဒီလိုပဲ
အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်နေသေးသ၍
ဆုံးရူံးမူတွေကြုံနေရဦးမယ်
မိုးရာသီရောက်နေတာတောင်
နွေဦးကို တမ်းတနေမိသူ။

ခင်ဗျားဘက်ကကြည့်တော့ခေါင်း
ကျနော့်ဘက်ကကြည့်တော့ပန်း
မည်သို့ရှိစေ
ပြိုင်ပွဲဆိုတာ
အနိုင်ရဖို့လိုရင်းမဟုတ်လား။

အလံကိုင်ခွင့်ရတဲ့ မိတ်ဆွေများ
သင်တို့ငြိမ်းချမ်းပါစေ
ပြီးတော့ သင်တို့လက်ထဲက အလံ
မြဲမြံနေပါစေ
ဘယ်သူပဲဖြစ်ဖြစ်
(အနည်းဆုံး)
တစ်ယောက်ယောက်ကတော့
အဆင်ပြေဖို့လိုတယ်မဟုတ်လား။
ကျနော်သွားပါဦးမယ်
ငြိမ်းချမ်းနွေးထွေးတဲ့ ရင်ခွင်တစ်ခုဆီကိုလား
ကားစင်တစ်ခုဆီကိုလား
ဘာကများသေချာလို့လဲ။

မနစ်မြုပ်သေးသ၍
လှော်ခတ်ကြ
တစ်ချိန်ချိန်တော့
ကမ်းကပ်ခွင့်
ရတန်ကောင်းရဲ့……..။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စိတ်ကူးယဉ်အိမ်ကလေး] 3 New Entries: အပေါ့ဆုံး နှင့် အလေးဆုံး

အပေါ့ဆုံး နှင့် အလေးဆုံး

လောက၌ အပေါ့ပါးဆုံးသောအရာဝတ္ထုသည်လဲဝါဖြစ်၏။
ထိုထက် လျှပ်ပေါ်လော်လီသူသည် ပို၍ပေါ့၏။
ထိုထက်မိဘဆရာတို့၏ အဆုံးအစ်မကိုမခံယူသူသည်ပို၍ ပေါ့၏။
ထို့ထက် မြတ်စွာဘုရား၏ အဆုံးအမ ကို မနာခံသူသည် အပေါ့ဆုံးဖြစ်၏။



ထိုထက် နတ်တို့ပြောသာ စကားသည်ပို၍ လေး၏။
လောက၌ ကျောက်ထီးသည်လေး၏။
ထိုထက် ဆရာမိဘတို့၏ အဆုံးအမ သြ၀ါဒ သည်ပို၍ လေး၏။
ထိုထက် မြတ်စွာ ဘုရား၏ တ၇ားတော်သည်လေး၏။


လောကနီတဆောင်ပုဒ်များထဲမှာ ပညာရှိတို့အကြောင်း

လူပျင်းမှာ

ပျင်းရိသူသည် အတတ်ပညာ
အဘယ်မှာ ရအံနည်း။
အတတ်ပညာမရှိလျှင်
စီးပွားဥစ္စာ အဘယ်မှာ ရအံနည်း။
စီးပွားဥစ္စာမဖြစ်ထွန်းလျှင်
အဆွေခင်ပွင်း အဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွင်းကောင်းမရှိလျှင်
ချမ်းသာ သုခ အဘယ်မှာရအံနည်း။
ချမ်းသာသုခ မရှိလျှင်
ကောင်းမှု ကုသိုလ် အဘယ်မှာ ပြုနိုင်မည်နည်း။
ကောင်းမှုကုသိုလ် မပြုနိုင်လျှင်
အဘယ်မှာနိဗ္ဗာန် ကို၇နိုင်ပါတော့မည်နည်း။


မိတ်ဆွေကောင်း

အတတ်ပညာ နှင့်တူသော ဥစ္စာသည်မရှိ။
အတတ်ပညာကို သူခိုးဓားပြတို့ မယူနိုင်။
အတတ်ပညာ သည် မျက်မှောက် လောက ၌
ခင်ပွန်း ကောင်းဖြစ်၍ ၊တမလွန်၌ ချမ်းသာမှုကိုဖြစ်စေ၏။

နည်းများမဟူ

ဗဟုသုတ အကြားအမြင် မှန်သမျှ
တို့ကို နည်းသည် ဟူ၍ မအောက်မေ့အပ်ပေ။
စိတ်၌ သိုးမှီးထားအပ်၏။
တောင်ပို့၌ ရေစက်သည်
ကျဖန်များ၍ ပြည့်သကဲ့သို့တည်း။

ဖြည်းဖြည်းငါးဖြာ

အတတ်ပညာ သင်ယူရာတွင် တစ်ဆင့်ပြီးတစ်ဆင့်
ဖြည်းဖြည်းသာလျှင် သင်ယူရာ၏။
ပစ္စည်းဥစ္စာ ရှာဖွေရာတွင်လည်း တစ်ဆင့် ပြီးတစ်ဆင့်
ဖြည်းဖြည်းသာလျှင် ရှာဖွေရာ၏။
တောင်ကိုတက်ရာတွင်လည်း တစ်ဆင့်ပြီး
တစ်ဆင့် ဖြည်းဖြည်းသလျှင် ရောက်၏။
ဒေါသအမျက် ထွက်ရာတွင်လည်း
ဖြည်းဖြည်းသာလျှင် ထွက်ရာ၏။
ကာမအာရုံ ခံစားရာတွင်လည်း တစ်ဆင့်ပြီးတစ်ဆင့်
ဖြည်းဖြည်း သာလျှင် ကျင့်သုံးအပ်ပေသည်။


စကားပြောလွန်းလျှင် လူမိုက်

ပညာ ရှိသည် မမေးမှုကား
စည်ကြီးသဖွယ်ဖြစ်၏။
သူမေးမှုကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်တို့မှာကား
သူတစ်ပါးတို့က မေးသည်ဖြစ်စေ၊
မမေးသည် ဖြစ်စေအခါခပ်သိမ်းပင်လျှင်
စကားများစွာ ပြောဟောတတ်၏။



အတိမ်အနက်

ရေတိမ် ရေနက်ကို ကုမုဒြာ ကြာရိုးကို
မြင်ခြင်းဖြင့် သိနိုင်၏။

အမျိုးယုတ်မြတ်ကို၊
ကိုယ့်နှုတ် အမှုအရာ ဖြင့်သိနိုင်၏။
မြေကောင်း မကောင်းကို
မြက်ပင်တို့ ညှိုးမညှိုး ကိုကြည့်၍ သိနိုင်၏။
ပညာရှိ မရှိကို
ုပြောဆိုသောစကားကို ကြည့်၍ သိနိုင်၏။


နွားခြေရာခွက်ကို


ပညာနည်းပါး မျှော် မြင် ဥာဏ်
ခေါင်းပါးသော သူတို့သည်
မိမိ၌ တတ်မြောက် ပြီးသော
သူတို့သည် မိမိ၌ တတ်မြောက်ပြီး
သော ပညာအနည်းငယ်ကို များစွာဟု
ထင်မှတ်လျက် မာန် မာန ထားတတ်။

သမုဒ္ဒရာကို မမြင်ဖူးသော ဖားသူငယ် သည်
တွင်းမှရေ ကို များစွာဟု ထင်သကဲ့သို့ဖြစ်၏။



ဘယ်အရွယ်မှာရအံနည်း

ပထမအရွယ်၌ ပညာကိုမရခဲ့လျှင်
ဒုတိယအရွယ်၌ စီးပွားဥစ္စာ မရခဲ့လျှင်
တတိယ အရွယ်၌ တရားဘာဝနာ အားမထုတ်နိုင်လျှင်
စတုထ္တအရွယ်၌ ဘာမှ ရစရာမရှိတော့ချေ။




ကိုယ့် ကိုယ့်ကို ကိုး
တောတောင် ချောင်းကမ်းဘား စည် များ၌
ပေါက်သောဆူးတို့ကို
မည်သူ ထက်အောင်ချွန်သနည်း။
မိမိအလိုလိ သာလျှင်ထက်၍ချွန်၏။
ကြည်လင် တောက်ပသော သမင်တို့၏
မျက်လုံး၌ လည်းမည်သူ မျက်စဉ်း ခတ်၌
ကြည်လင်တောက်ပနည်း။
မိမိအလိုလိုသာလျှင် ကြည်လင် တောက်ပ၏။
ရွံ့ ညွံ့တို့၌ ပေါက်သော ကြာပန်းတို့ကို လည်း
မည်သူရနံထည့်လေသနည်း။ မိမိအလိုလိုသာလျှင် မွေးကြိုင်သော အနံ့ကိုဖြစ်စေ၏။

ပညာလိုလားသော အမျိုးကောင်းသားတို့သည်လည်း မိမိဘာသာလျှင်
ကြိုးစားသမှုပြု၍ အတတ်ပညာကို၇ှာကြရမည်ဖြစ်ပေသည်။

အနှစ်သာရ

ထုံးမပါသော ကွမ်းသည် အရသာမရှိ၊
ဓနဥစ္စာ မပြည့်စုံ သူတို့၏ ၀တ်စားဆင်ယင် ခြင်းသည်လည်းအရသာမရှိ။
ဆားမပါသောဟင်းသည်လည်းအရသာမရှိ။
ပညာမရှိသူ၏ ဖွဲ့ဆို သီကုံးသော ပျိ့ကဗျာ သည်လည်း အနှစ်ရသာ
မရှိ။


နွားနှင့် ယောကျာ်း


လောက၌ စားခြင်း အိပ်ခြင်း ၊မေထုန် မှီဝဲခြင်းသည် နွား နှင့် လူတို့မှာ အတူတူဖြစ်၏။
အတတ်ပညာသည်ကား လူယောကျာင်္း တို့၌ ထူးခြား၏။
အတတ်ပညာ မရှိပါမှုကားနွားနှင့်အတူတူပင်ဖြစ်၏။


မတူမရှိ

လောက၌ အတတ်ပညာ နှင့်တူသောမိတ်ဆွေကောင်းသည်မရှိ။
အနာရောဂါ နှင့်တူသောရန်သူလည်းမရှိ။
မိမိကိုယ့်နှင့်ထပ်တူ ချစ်အပ် သူသည်မရှိ။
ကံနှင့်တူသော ခွန်အားမည်သည်မရှိချေ။

မတင့်တယ်

ဟာသာင်္သည် ကျီးတို့၏ အလယ်၌ မတင့်တယ်ချေ။
ခြင်္သေ့ သည် နွား တို့၏ အလယ်၌ မတင့်တယ်ချေ။
မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်ချေ။
ပညာရှိသည် လူမိုက် တို့အလယ်၌ မတင့်တယ်ချေ။


မသိစေနှင့်

လောက၌ စီးပွား ဥစ္စာ ပျက်စီးခြင်းကိုလည်းကောင်း၊
နှလု့းပူပန်ခြင်း ကို လည်းကောင်း ၊အိမ်၌ မကောင်းမှုပြုခြင်းကိုလည်းကောင်း၊
မထေမဲ့မြင်ပြုခြင်း ကိုလည်းကောင်း ပညာ ရှိသော ပုဂ္ဂိုလ်သည် ထင်ရှားမပြုရာ။

ဆန်မရှိ အစားကြီး

ငွေကြေး အသပြာ မပြည့်ဝပဲ အစားကောင်းစားလိုသူ။
ခွန်အား မပြည့်စုံပဲ အသတ်အပုတ်လိုလားသူ၊
ပညာမရှိပဲ လူရှေ့၌ စကားပြောလိုသူတို့သည် သူရှုးနှင့်သာတူကုန်၏။

သူယုတ်လက္ခဏာ`

သူမခေါ်ဘဲ သူတစ်ပါး အိမ်သို့ သွားဖန်များတတ်သူ
သူမမေးပဲ များစွာ ပြောတတ်သူ။
မိမိတော်ကြောင်း ၀ါကြွား ပလွှား ပြောဆိုတတ်သူ တို့သည်ကား သူယုတ် တို့၏ လက္ခဏာ ဖြစ်တော့၏။
(မခေါ်ဘဲမသွားနှင့်။မမေးဘဲမပြောနှင့် ၊ ကိုယ့်အကြောင်းမကြွှားနှင့်။)

မပြည့်သည်သင်္ကေတ

အဆင်းမလှသော သူ သည် သူတကာ ထက်
ပိုပြီး စကား များတတ်၏။ ပညာ နည်းသော သူသည် သူတကာ ထက် ကြွှားဝါ ပူလွှားတတ် ၏။ မပြည့်သော အိုးသည် ဘောင်ဘင် ခတ် တတ်၏။ နို့မထွက်သော် နွားမလည်ကန်တတ်၏။

ကိုယ့်ကိုယ့် ကိုယ့်ထင်

ဖားသူငယ်သည် ဆောင့် ကြောင့် ထိုင်တတ် ကာမျှ နှင့်
မိမိ ကိုယ့် ကိုခြင်္သေ့ ဟု ထင်မှတ်တတ်၍ သူ့အား
ကိုက်ချီမည့်ကျီး ကိုမှု ချစ်ဆွေ ချစ်ဆွေဟု ပြောဆိုတတ်၏။
ပညာမရှိသောသူသည်လည်း မိမိကိုယ့်ကိုပညာရှိဝါ
ကြွှားတတ်သော်လည်း သူ့အားပုစ္ဆာထုတ်ကာ မေးမြန်းသည့်သူကို
ငါ့ရှင် ငါ့ရှင့် ဟူ၍ မျက်နှာချိုသွေးတတ်၏။


တူပင်တူ၊မတူသူများ

ဖားသူငယ်သည် ဆောင့်ကြောင့် ထိုင်နိုင်ကာမျှနှင့် ခြင်္သေမဖြစ်နိုင်။
ဝက်သည် အုတ်အုတ် အုတ် အုတ် ဟူ၍ ကျားသစ်၏အသံကဲ့သို့ မြည်နိုင်ခါမျှ နှင့်ကျားသစ်အစစ်မဖြစ်နိုင်။

ကြောင်သည် ကျားနှင့် ပုံသဏ္ဌန် တူခါ မျှနှင့် ကျားအစစ် မဖြစ်နိုင်။
ပညာရှိခြင်း တူညီစေဦးေီတာ့အတတ်ခြင်းအစွမ်းအစခြင်း၊အရည်အချင်းခြင်း မတူနိုင်ပေ။

မရောင့်ရဲတရား(၄)ပါး
မင်းတို့သည် မည်သည်မှာ ဥစ္စာ ၊ေ၇ွှ ၊ငွေ၊ နယ်ပယ်ဒေသ တန်ခိုးအာဏာ စသည်များတို့၌ ရောင်ရဲ့ခြင်း မရှိ။
မျက်စိသည်လည်း ချစ်သူကို ကြည့်ရှုခြင်း၌ ရောင့်ရဲ့ခြင်းမရှိ။
သမုဒ္ဒရာသည်လည်း ၀င်ေ၇ာက်လာသော ရေတို့ကိုရောင့်ရဲခြင်းမရှိ။
ပညာရှိသည်လည်း ဗဟုသုတရှာဖွေဆည်းပူးခြင်း၌ရောင့်ရဲ့ခြင်း မရှိတတ်ပေ။


ပေါက်ပန်း
ပေါက်ပန်း အဆင်းအရွယ် လည်းရှိသည်။ချမ်းသာကြွှယ်ဝ သူ၏ သားသမီးလည်းဖြစ်သည်။ ဖြစ်ပါစေတော့ အတတ်ပညာ မရှိလျှင် မတင့်တယ် ၊အဆင်းလှလျက် အနံမဲ့သောပေါက်ပန်းကဲ့သို့သားတည်း။


အထင်မသေးရာ

အမျိုးယုတ်သူ၏ သားပင်ဖြစ်သော်လည်း
မင်းဖြစ်နိုင်သေး၏။
လူမိုက်လူသွမ်း၏သားပင်ဖြစ်သော်လည်း
ပညာရှိ ဖြစ်နိုင်သေး၏.
ဥစ္စာမဲ့သော သူ၏ သားပင်ဖြစ်သော်လည်း သူဌေး သူကြွယ် ဖြစ်နိုင်သေး၏။
ဘယ်ယောကျာ်းကိုမျှ အထင်မသေးရာ။





ကောင်းမှု ရှိ-မရှိ သိဖွယ်များကဗျာ

သူများအသတ် သတ်သည့်အတွက် အသက်ကိုယ့်မှာတို။
မသတ်ရှောင်ရှား ထိုလူများ ရှည်လျားအသက်ကို။

သေအောင်မသတ် နှိပ်စက်တတ် များလတ်ရောဂါဆို။
ညှာတာစိတ်သွင်း မနှိမ်နင်း ကင်းရျင်းရောဂါကို။


ထန်ပြင်းဒေါသ ကြီးခဲ့က မလှအဆင်းဆို၏
ဒေါသကင်းစင် မေတ္တာရှင် ကြည်လင် လှသကို။


မပေးမကမ်း မလှူဒါန်း နွမ်းပါးဥစ္စာဆို၏
စွန့်ကြဲလေ့တုံ ရှိစေကုန် ကုံလုံကြွယ်ဝလို။


မာန်မာကြွယ် ထိုသူဝယ် မျိုးနွယ် ညံ့မည်ဆို။
လေးစားရိုကျိုး မာန် နှိမ်ချိုး အမျိုးမြတ်သကို။

အလိမ္မာကင်း ညံ့ဖျင်းလေအောင် သွေးဆောင်ခဲ့ကာ
ဖျက်ဆီးပါ ပညာညံ့မည်ဆို။
လိမ္မာစေကြောင်း လမ်းကောင်းညွှန်ကာ သင်ပြပါ ပညာထက်သကို။

You received this email because you are subscribed to the real_time feed for http://white-sky-kyawhlaingoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[All Together on A Planet ...] 1 New Entry: Explosion on Bus

Explosion on Bus

YANGON - SEVEN passengers were killed and one was injured when a bus exploded in Myanmar’s main city Yangon early Monday morning, a police official said. The blast occurred at 2.30am as the bus headed north through the city, said the police official who did not wish to be named. The official said the explosion had been caused by a faulty re-fitting of the bus to run on cheaper natural gas instead of petrol, a common practice in impoverished Myanmar. Myanmar has also been hit by a spate of bombings which authorities have mostly blamed on armed exile groups, but when a bus explosion at a busy Yangon intersection last month and injured three passengers, officials did not say whether it was caused by a bomb.
 Read more on StraitsTimes

You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[Yan Aung] 1 New Entry: အရည်ပျော်နေတဲ့ နံနက်ခင်း...

အရည်ပျော်နေတဲ့ နံနက်ခင်း...



အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
ဘယ်အရာအတွက် အလျင်လိုနေခဲ့တာလဲ?...

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်
ငါတိုက်ယူနေခဲ့တာ ဘာလဲ.
ဘ၀ဆိုတာ ရုန်းကန်ခြင်းဆိုရင်
ငါ ဘာအတွက် ရုန်းကန်နေခဲ့တာလဲ..

မျှော်လင့်ခြင်းပေါင်းများစွာ
ငါ့အတ္တကို ခိုင်းစေခဲ့ဖူးပြီ.
သက်မဲ့ကိန်းဂဏန်းတွေဟာလည်း
ဖြူစင်ခြင်းတွေကို ရေငုံနှုတ်ပိတ်စေခဲ့ပြီ..

ဟိုးအရှေ့ကို မျှော်ကြည့်လိုက်တော့
အလင်းရောင်မှိန်ပျပျအောက်မှာ
ထုံးဖြူတစ်စက် တောက်ပနေခဲ့တယ်.
ဒါတောင် သစ်ကိုင်းတွေကြားထဲကနေ
မနည်းအားယူကြည့်ရပေလို့သာပေါ့..

ငါနဲ့အနီးဆုံးမှာတော့
ခေါင်းတမော့မော့ လည်တိုင်ကြော့နဲ့
ပွဲခင်းရှိရာဆီ ပြေးလွှားနေကြတဲ့
နဖားကြိုးနဲ့ လူတွေတွေ့ရတယ်.
ဒီလမ်းမကြီးကတော့ မီးတွေ ထိန်လင်းလို့ပါလား

ပိုးဟပ်တစ်ကောင်ရဲ့ ဦးမှင်တွေလို
ဆင်တစ်ကောင်ရဲ့ နှာမောင်းတွေလို
ခြေကုပ်ရှာနေတဲ့ ပိုးကောင်တစ်ကောင်ရဲ့ ခြေလှမ်းတွေလို
စမ်းတမ်းစမ်းတမ်း
မှန်းတန်းရမ်းတန်းနဲ့
လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ငါ
ပင့်သက်လှိုင်းကမ္ဘာထဲမှာ အိပ်မောကျနေခဲ့ပြီလား..

တချက်ချက်မြည်နေတဲ့ စက်သံနဲ့
အရည်ပျော်ကျနေတဲ့ နာရီတစ်လုံးကတော့
မျှော်လင့်ခြင်းတွေနဲ့ ငါ့ကို ပြုံးကြည့်နေလေရဲ့…

အကွက်ချထားပြီးသား တာဝန်တွေနဲ့
နံနက်ခင်းဟာ ထုံးစံအတိုင်း ငါ့ဆီ ဆိုက်ရောက်လာခဲ့တယ်.
အရှိန်နဲ့ လိမ့်ဆင်းနေတဲ့ လူအုပ်ကြီးထဲ
ခပ်သုတ်သုတ်နဲ့ ပြေးသွားနေဆဲငါ
တစ်စုံတစ်ရာအတွက်တော့ အလျင်လိုနေခဲ့တယ်…

(ရေခဲငှက်)

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI NAY MIN'S အချစ်အိမ်] 1 New Entry: မံမီနှလုံးသားတစ်ခုအကြောင်း

မံမီနှလုံးသားတစ်ခုအကြောင်း

လှပတဲ့တေးသွားတစ်ပုဒ်
ကမ္ဘာ့အပြင်ဘက်
ပြေးထွက်သွားခဲ့ရင်
အချိန်တွေကို ဆွဲထားပြီး
အစားထိုးဖို့မဖြစ်နိုင်ပါ ....
မညီမျှတဲ့ ဘ၀ရဲ့
ချိန်ခွင်နှစ်ဖက်ကြားမှာ
မချိုမြိန်တဲ့ ဆုံတွေ့ခြင်းအတွက်
ကြေကွဲပေးရမလား ...
ကြင်နာသူလက်ကိုကိုင်လိုက်တိုင်း
အေးစက်စက်နဲ့
အသက်သွင်းထားတဲ့
ရုပ်တုတစ်ခုလား ......
တစ်ကယ်ဆို နင်ဟာလေ
အစိမ်းရောင်မြက်ခင်းပြင်ပေါ်
အိပ်စက်နေသူပါလေ ....
အချစ်ကို တိမ်တိုက်လို အဓိပ္ပါယ်သတ်မှတ်ပြီး
လေဟာပြင်နဲ့ ဈေးကစားနေသူပါ .....
ဒီအတွက် ငါဆုတောင်းပေးလိုက်ပါတယ်
မိန်းကလေးရယ် ......
မင်းအတွက်
နောင်တဆိုတာမရခင်
တစ်ခုခုအဆင်ပြေနိုင်ပါစေလို့ပေါ့ ......

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 1 New Entry: လက်တွေ့ဘ၀ အပိုင်းအစများ (၁)

လက်တွေ့ဘ၀ အပိုင်းအစများ (၁)

စာမရေးဖြစ်တာတော်တော်ကြာပြီ။ အခွင့်အလမ်းဂျာနယ်က ကိုယ့်ကို မှတ်မိပါဦးမလားမသိ။ ဘာပဲဖြစ်ဖြစ် ခုနတုံးက online မှာတွေ့တဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စာပြန်ရေးမှ ဖြစ်တော့မယ်ဆိုတာ အလိုလိုသဘောပေါက်လိုက်ပြီ။ စင်္ကာပူမှာ အခုလက်ရှိ အလုပ်အခြေ အနေလေးတွေ သိချင်လို့ပါတဲ့။ ကိုယ်ဒီကိုရောက်ကတည်းက ကြုံရသမျှ အကောင်းအဆိုး ကိုယ်ကတော့ (မျှဝေတတ်တဲ့ ကိုယ့်စိတ်နဲ့ နှိုင်းပြီး) ဒီကို လာဦးမဲ့သူတွေရော လာဖို့ အစီအစဉ် မရှိတဲ့သူတွေအတွက်ရော သိဖို့လိုအပ်မယ်ထင်လို့၊ ကိုယ့်လို ယောင်ဝါးဝါးနဲ့ ဆိုးဆိုးရွားရွား အတွေ့အကြုံတွေ မတွေ့ရအောင် ရည်ရွယ်ပြီး Life in Singapore ဆိုပြီး e.mail တွေပို့ခဲ့ပါရဲ့။ ဖတ်လား၊ မဖတ်လားတော့ မသိပါဘူး။ အခုထိမေးနေတုံးပဲဆိုတော့လဲ … (အဲ့ဒီတုံးက e.mail ပို့ခဲ့သလိုပဲ၊ဘာမှမပြောင်းလဲသေးဘူး။ အလုပ်ရှာရတာ လွယ်တယ်လဲမဟုတ်ဘူး၊ ခက်တယ်လဲ မဆိုလိုဘူးလို့)ပြောတော့ 'အင်းပါ ။ နင့်အချိန်တွေကို မယူတော့ပါဘူး' တဲ့။ ကြုံရသမျှ chatting ကနေတဆင့် ရှင်းပြနေရရင် တစ်ထောင့်တစ်ည ပုံပြင်ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီတော့ ထပ်လာကြဦးမဲ့ မိတ်ဆွေများအတွက် ဘာလုပ်ပေးရမလဲ ။ တစ်ခုပဲရှိပါတော့တယ်.. စာပြန် ရေးရပါတော့မယ်။

၃လပိုင်းမှာ စင်္ကာပူထွက်မယ်လို့ ရည်ရွယ်ထားတော့ ကျွန်မတို့လို Administration (နောက်တစ်မျိုးပြောရရင် Clerical Work) သမားတွေအတွက် လိုအပ်မယ်ထင်တဲ့ Accounting စာမေးပွဲတစ်ခုလဲ ပိုပိုလိုလိုဖြေခဲ့ပြီး အောင်ခဲ့သော်ငြား တကယ်သွားတဲ့ အချိန်မှာ certificate က လက်ထဲမှာ မရှိခဲ့ပါ။ Module ၁၆ ခု တင်ရပြီး (NGO ၀န်ထမ်းတွေအတွက် တကယ့်ကို Effective ဖြစ်ပါတယ် ဆိုတဲ့ Community Management Certificate ) ဆိုတာလဲ Module Submission ကို အပြည့်တင်ခဲ့သော်ငြား မပါခဲ့ပါ။ ဒါတွေအရေးပါလား၊ မပါဘူးလားဆိုတော့ နောက်အပိုင်းတွေမှာ ဆက်ပါဦးမယ်။ အခုတော့ အရင်ဆုံး အလုပ်ရှာရတဲ့ သောကအမောလေးတွေကို ပြောပြပါရစေ။ တစ်ခုတော့ရှိတယ်။ ကျွန်မက ကျွန်မအလုပ်ရှာတဲ့ Field နဲ့ ကျွန်မရဲ့ individual experience ပေါ်မှာ အခြေခံပြီးပြောပြရတာဆိုတော့ ကျွန်မရင်ဆိုင်ရသလိုမျိုးလဲ လူတိုင်းရင်ဆိုင်ရတာမျိုးဖြစ်ချင်မှဖြစ်မှာပါ။ Technicians မဟုတ်တဲ့ ကျွန်မတို့လို ဟိုမရောက်ဒီမရောက်တွေ အလုပ်ရှာရတဲ့ အခက်အခဲလေးတွေကိုပဲ ကျွန်မ ဆိုလိုတာပါ။

ရောက်ရောက်ချင်း သူငယ်ချင်းက ရထားစီးနည်းနဲ့ အလုပ်ရှာနည်းလေး လမ်းညွှန်ပေးပါတယ်။ ပြီးတော့ သူ့တာဝန်ကျေပါပြီ။ Self-reliance နဲ့ ကိုယ့်အားကိုယ့်ကိုးပြီး ကိုယ့်လမ်းကိုယ်ဖောက် ရမဲ့ ခရီးစဉ်ကြီးကတော့ နောက်တစ်ရက်ပဲ ငေးငိုင်နေဖို့၊ ထိုင်စဉ်းစားဖို့ အချိန်မရပဲ စတင်ရ ပါတယ်။ ခရီးပန်းလာလို့ တစ်ရက်လောက်နားလို့မရပါဘူး။ အချိန်ကုန်မြန်တဲ့ စင်္ကာပူမှာ တစ်ရက်နားရင် stay အတွက် တသက်စာနောင်တရစရာတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက ကြောက်စိတ်တွေဖျောက်ဖို့ပါပဲ။ အိမ်မှာတုံးက ကလေးလိုနေချင်နေခဲ့ရမယ်။ ကလေးတစ်ယောက်လိုလဲ အစစအရာရာ လိုက်လံစောင့်ရှောက်ခံရတာမျိုး ရှိခဲ့ဖူးမယ်။ အကုန်မေ့ပစ်ခဲ့ပါ။ နိုင်ငံခြားမှာ အလုပ်လာလုပ်တာပါ။ အဲ့ဒီစိတ်တွေရှိနေသေးရင် အစကတည်းက မလာပါနဲ့။ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်ပြီး စိမ်းကားလိုက်တာ၊ တစ်ရက်ကလေးတောင်မှ အဖော်မလုပ်ပေးနိုင်ဘူးလို့ ထင်မယ်ဆိုရင် မြန်မာပြည်မှာပဲ နေပြီး စိတ်ဓါတ်ရင့်ကျက်အောင် အရင်ကြိုးစားပါဦးလို့ပဲ ပြောချင်ပါတယ်။

ညဘက်မှာ Internet ကနေ အလုပ်ရှာတာတွေ၊ လျှောက်တာတွေကို မျက်လုံးပျက်မတတ် ကွန်ပြူတာကိုကြည့်ပြီး Resume ပြင်တာတွေ၊ cover letter ပြောင်းတာတွေလုပ်ရပါတယ်။ First Impression ဖြစ်တဲ့ Cover Letter ဟာ Grammar မမှားဖို့၊ Sentences တွေက ဆိုလိုရင်း အဓိပ္ပါယ်ကို ထိထိမိမိဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Cover Letter ကနေတဆင့် Attachment file ဖြစ်တဲ့ Resume ကို ဖွင့်ကြည့်ချင်စိတ်ရှိအောင်လို့ပါ။ Resume ကို သေချာဖတ်လိုက်တော့မှ ကိုယ့်ရဲ့ Experience နဲ့ Qualifications ကို တွေ့ရမှာ ဖြစ်ပါတယ်။ အတွေ့အကြုံကအရေးကြီးတယ်လို့ ပြောလိုက်မိလို့ Resume မှာ လုပ်ငန်းအတွေ့ အကြုံကို 'ကျွန်တော်ကတော့ ကြံဖန်ရေးလိုက်တာပဲ' ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ရ တာတွေ၊ သူနဲ့စကားပြောခဲ့ရတာတွေ၊ ကိုယ့်ရဲ့ တကယ့်အတွေ့အကြုံက ကိုယ့်ကို ဘယ်လို အထောက်အကူ ဖြစ်စေမှာလဲ ဆိုတာတွေကို ဆက်တော့ပြောဦးမှာပါ။ အခု အပိုင်း(၁)မှာတော့ မဟုတ်ပါဘူး။

အဲ့ဒီတော့ နောက်တစ်ရက်မှာ အလုပ်စရှာရှာခြင်း ဖုံးထဲကလေသံလေးတွေကို တင်ပြပါဦးမယ်။ သတင်းစာမှာ Clerical Works နဲ့ ဆိုင်တဲ့ Column ကို ကြည့်ပြီး အလုပ်ကို ဖုံးဆက်လိုက်တာနဲ့ "Local or Foreigner" ကို အရင်ဆုံးမေးခံရပြီး 'Sorry' ပေါင်းများစွာကို ကြားလိုက်ရပါတယ်။ တချို့ က ကိုယ့်လေယူလေသိမ်းကိုနားထောင်တာနဲ့ local မဟုတ်မှန်း သိပြီး ချက်ချင်းပဲ 'Sorry' လေးတောင် မကြားရပဲ ဖုံးချသွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ တကယ်လို့များ "Sorry, we don't employ foreigners now; we will let you know when we need it. Thanks for your enquiry" ဆိုတဲ့ တုံ့ပြန်မှုလေးများ ရလိုက်တယ်ဆိုရင် အဲ့ဒီနေ့ ထီထိုးချင်ထိုး၊ ဒါမှမဟုတ် လမ်းပေါ်မှာ အော်ချင်သလိုအော်ပြီး ပျော်ချင်သလိုပျော်လိုက်ပါ။ Stay ကို ကန့်သတ်ထားတာကလွဲရင် လွတ်လပ်တဲ့မြေပေါ်မှာ လွတ်လပ်စွာကခုန်ခွင့်လေး တော့ရှိနေကောင်းပါရဲ့။ နောက်တစ်ခုက မနက်ကတည်းက မနက်စာကော်ဖီတစ်ခွက် သောက်ပြီး တနေကုန်ပြေးထားရတာ စိတ်ရဲ့ထွက်ပေါက်တစ်ခုတော့ ရှိသင့်ပါတယ်လေ။ ပြီးတော့ စိန်ခေါ်မှုတွေ အများကြီးကြိုဆိုနေတဲ့ အသစ်အသစ်တွေနဲ့ မနက်ဖြန်တွေကိုလဲ ကြိုးစားခရီးဆက်ရဦးမယ်ဆိုတော့ …………….

by...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မုန်းချောင်းတေး.....] 2 New Entries:

http://streammone.blogspot.com/feeds/5584111837814095616/comments/default




ရခဲ့တယ်..မရခဲ့ဘူး


အချစ်စစ်စစ်တွေပေးခဲ့တယ်
ပြန်မရခဲ့ဘူး..
အိမ်မက်တွေစိုက်ခဲ့တယ်
ပြန်မရခဲ့ဘူး...
မနက်ဖြန်တွေကို ယက်လုပ်ခဲ့တယ်
ပြန်မရခဲ့ဘူး....
ချစ်သားလေးအတွက်ရေးခဲ့တယ်...
ပြန်မရခဲ့ဘူး...
အရင်းတွေအများကြီးနဲ့မျှားခဲ့တယ်
ပြန်မရခဲ့ဘူး...
လွတ်ကျသွားခဲ့တဲ့ ခြူသံလေး
ပြန်မရခဲ့ဘူး...
ဂျွမ်းစိုက်အောင်မှုးခဲ့တဲ့ညတွေ
ပြန်မရခဲ့ဘူး..
အိမ်ရှေ့က ဗံဒါပင်လေး
ပြန်မရခဲ့ဘူး..
မျှော်လင့်စရာရှိတာတွေလည်း
ပြန်မရခဲ့ဘူး..
ချစ်ခြင်းတွေနဲ့နေပျော်ခဲ့တယ်..
လူလူသူသူတွေးခေါ်တယ်...
မျှမျှတတစားသုံးတယ်....
နီတိကိုအာဂုံဆောင်ခဲ့တယ်...
ကဲ့..ပြန်မရခဲ့တာကိုပဲ
ရခဲ့တယ်...

http://streammone.blogspot.com/feeds/3802939725514505327/comments/default

ကောက်ကြောင်းတထပ်

မနက်ဖြန်ဆိုတာမမြင်ရလောက်အောင်
ငါ့ကြမ္မာ မှောင်လွန်းတယ်...
လေးထောင့်ဆန်သတဲ့လား...ဘ၀ဟာ
ကန်းကြတာခြင်းအတူတူ...
ဘယ်သူပိုမှူးသလည်းတဲ့...
စောင့်ခဲ့ပါတယ် ဧပရယ်...
ငါ
လမ်းကခေါ်သွားသလား...
လမ်းကိုခေါ်သွားသလား...
ရေရောလည်းမထူးတော့...
လက်ကျန်ခွက်အမော့မှာ..
အရောင်အားလုံးဖျော့သွားတယ်..

You received this email because you are subscribed to the real_time feed for http://streammone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Public Health in Myanmar] 1 New Entry: TELEVISION, COMPUTER VISION AND YOUR EYES

TELEVISION, COMPUTER VISION AND YOUR EYES

တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ


ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။
ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင် ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်းကိုက် ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။

မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက်လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။ မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စိုစွတ် နေဖို့ လိုတယ်။ မျက်ရည် ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ် မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊ မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင် မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည် ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြဲာ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့် သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း တစ်နာရီ ကျော် ကြာကြာ ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင်ကွင်းကို ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့ လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင် တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့်ရင် အဆင် မပြေ ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။

မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊ resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တယ်။ အရုပ် ပီသ ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။ အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက် တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ ဓါတ်ရောင်ခြည်ရှိတယ်။

ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ် သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည် ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက် တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လို့ အန္တရာယ်တော့ နည်းပါတယ်။ နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ၀.၅ မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ ရှိလို့၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့ လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား နိုင်တယ်။

မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့ သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့တည့်တည့် ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။ ကိုယ်က မြင့်နေရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင် ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့ ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။

မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလို အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။

မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ မျက်စိ မထိခိုက်အောင် သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။

(၂၀၀၈ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ် မော်ဒန်ဂျာနယ်)

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ကျိုးလွယ်၊ ကြေလွယ်၊ ခဲတံချွန်တတ်ဖို့

ကျိုးလွယ်၊ ကြေလွယ်၊ ခဲတံချွန်တတ်ဖို့

ခဲတံချွန်နေတယ်
ပုံဆွဲမလို့၊ ဒါမှမဟုတ် စာရေးဖို့
ခံတံက ချွန်လေလေ ကျိုးကြေနေလေ ဖြစ်နေတယ်
ခံတံချွန်နေရတာနဲ့ အလုပ်ကိုမစရသေးဘူး
ချွန်တယ်၊ ကြိုးတယ်၊
ဘယ်လိုချွန်ချွန် ချွန်လို့ကို မရဘူး၊
ချွန်စက်နဲ့ချွန်တယ်၊ ခဲသားကြေသွားတယ်၊
ချွန်စက်အ၀ကို တဖူးတဖူးနဲ့ လေမှုတ်သွင်း၊
ချွန်သွားသုံးဓား သံချီးတက်လည်း တက်ပလေ့စေတော့
ခံတံချွန်ဖို့ ခံချွန်ဓားတုံးနေတယ်
ချွန်လိုက်တိုင်း တစ်တောက်တောက်နဲ့ ခဲသားကြိုးဟာ
ခံတန်ချွန်ဖို့ ဘလိတ်ဓားပြောင်းသုံးတယ်
ဓားပိုထက်အောင် အ၀တ်ကြမ်းပေါ် တဂျစ်ဂျစ်နဲ့ အသွားခတ်တယ်
ကြေလွယ်ခဲသား၊ ခံတံတစ်ချောင်း တစ်တိတိကုန်ဆုံးတော့မယ်
ဟောဒီ ရီဖိုင်းအမှတ်တံဆိတ်ခဲတံကလေး၊ တစ်ချောင်းသုံးရာပေးရတယ်
ခဲသားအရေအသွေး 4B အဆင့်၊ ပုံဆွဲစာရေး ကြိုက်ရာသုံးဖို့ပါ
၃၁လမ်းထဲက ကာကာကြီးဆိုင်က ၀ယ်လာခဲ့တာ
ခဲတံကတော့ကောင်းပါရဲ့ အချွန်မတတ်တော့ ခဏ ခဏ ကျိုးနေတယ်
ချွန်မြနေတဲ့ခဲသား အခုထိကိုမမြင်ရဘူး
ချွန်တယ် ချွန်တယ် ကျိုးတယ် ကျိုးတယ်
ချွန်ရင်ချွန်တယ်မှတ် ကျိုးရင်ကျိုးတယ်မှတ်
ဟော… ရေဒီယိုဓာတ်စက်က မကြည်မလင် အသံထွက်လာတယ်
” ခရီးပန်းတိုင် မရောက်မချင်း
တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ…”
သဲကြီးမဲကြီး ချွန်နေလိုက်တာ ခဲတံတစ်ချောင်း ကုန်သွားပြီ
ကဲ လာထား နောက်တစ်ချောင်း
ခဲတံဆက်ချွန်ရအုန်းမယ်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: KL photo from MK

KL photo from MK





You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MANORHARY] 1 New Entry: ရာစုသစ်မြစ်ကျဉ်း (၁) - နောက်ဆုံး ပို့စ်

ရာစုသစ်မြစ်ကျဉ်း (၁) - နောက်ဆုံး ပို့စ်

လူကနေပေမယ့် ကံကမနေဘူးဆိုတာသိပ်မှန်တာပဲ.....း)
ဘာလို့လဲဆိုတော့ ပို့စ်လေးတင်ပြီးသနားစဖွယ်ပြောနေတုန်းရှိသေးတယ်
သူငယ်ချင်းတစ်ယောက်ရောက်လာပြီး "အော်..ရာစုသစ်ကဗျာတွေဆို ရိုက်ပေး
ချင်တာပေါ့" ဆိုပြီးရိုက်ပေးသွားတာ...အကုန်ပြီးသွားရော..
နာရီပိုင်းလေးပဲကြာတယ်..သူက ဒီတီပီ သမားကိုး ....
သူ့ကိုသာဝိုင်းဝန်းကျေးဇူးတင်ကြပါကုန်.........

ခပ်တည်တည်လမ်းကြား
ကြည့်စမ်း ..
သွေးပျက်ဖွယ်ရာဇ၀င်တဲ့
စာတင်ချင်သူတွေကမရှား။
အမှန်တရားကတော့
အုတ်ပုံကြားကအိမ်မြောင်တစ်ကောင်
ခြေလက်တွေပိပြား
သနားမယ်ဆိုရင်တော့သနားလောက်ရဲ့ ။
ဒါပေမယ့်
အသေအချာနားစိုက်ကြည့်
ဟားမတိုက်ဘူးဆိုရင်ပေါ့
ကာယကံရှင်ရဲ့ ညည်းတွားသံ
ခံစားချက်ဗလာ
စုတ်သပ်သနားတတ်ကြသူတွေကြား
သိက္ခာကျဆင်းသွားမှာစိုးလို့ပါတဲ့
ငြိမ်းချမ်းတဲ့အုတ်ကြား
မလှုပ်ရှားရပေမယ့်
သရုပ်မမှားရင်တော်ပါပြီဆိုတဲ့
ကျုပ်တို့ရဲ့ မော်ဒန်အိမ်မြောင်ကို
တိမ်တောင်ပေါ်မှာတောင်ထားလိုက်ချင်ရဲ့ ။ ။
စောသက်



ခရမ်းရောင်ည
အေးမြတဲ့လ၀န်းကများ
ကိုယ့်ကိုမုန်းတီးသွားပြီလားမသိ။
မြတ်နိုးစွာအိပ်စက်ခဲ့ဖူးတဲ့
အနက်ရောင်ခြုံထည်ကလည်း
စိန်ပွင့်တွေတလက်လက်နဲ့
သွေးပျက်လောက်အောင်ဖြားယောင်းနေကြလေရဲ့ ။
လေပြည်နဲ့သစ်ရွက်
ပေါင်းဖက်တဲ့သံစဉ်မှာ
မလိုက်ပါနိုင်တာကိုတော့
နားလည်နိုင်ကြမှာပါ။
ဂစ်တာသံသဲ့သဲ့နဲ့
လိုက်ဖက်စွာကခုန်နေတဲ့
နှင်းမှုန်တို့ကစုစည်းလို့ဟားတိုက်နေကြ။
ရှင်သန်ခြင်းရဲ့ လိပ်ပြာလေးကတော့
ဟိုး …. အဝေးဆီမှာ..။ ။
စောသက်



ရာစုသစ်မြစ်ကျဉ်းတွေအားလုံးရဲ့ ဒီဇိုင်းတွေသာမက
ကျွန်မရဲ့ ပန်းလှေလမ်းခွဲ နဲ့ မိကောက်ရဲ့  ကဗျာစာအုပ်တွေ
ရဲ့ ဒီဇိုင်းတွေကိုတာဝန်ယူရေးဆွဲခဲ့တဲ့ ကိုယ်မောင်မြင့်ရဲ့ ကဗျာတွေဖြစ်ပါတယ်..။


ကန္တာရနာရီ
နေ့အဟောင်းရဲ့ 
နာရီလက်တံတွေဟာ
အရှက်တရားနဲ့ပျက်သုဉ်း
လုံးဝသေဆုံးခဲ့။
အမိဝမ်းကကျွတ်တဲ့
ကလေးတစ်ယောက်ရဲ့ ငိုသံကို
ရှာဖွေပိုင်းခြားနိုင်စွမ်းခဲ့ရင်
အင်အားရှိတဲ့ကဗျာတစ်ပုဒ်
ကျုပ်တို့လက်ကမ်းသင့်တယ်။
လမ်းလျှောက်တတ်စမှာ
ဒူးခေါင်းကအမာရွတ်
လွတ်မြောက်မှုဆုတံဆိပ်
တဆိတ်လောက်မျက်နှာလွှဲ
လျှောက်ရဲခြင်းသာမရှိခဲ့ရင်
ဘာမီတွန်သောက်ထားတဲ့အနာဂါတ်
ပတ်ကြားအက်ထဲငိုက်မြည်း
ခရီးဆိုတာဘာလဲ။
ခြေဖ၀ါးနဲ့
လက်အဖျားမှာ
အင်အားဆိုတဲ့အစိုင်အခဲ
ဖြတ်သန်းရဲတဲ့အသည်းနှလုံး
မျက်လုံးတွေရဲ့ မာကျောမှု
သမိုင်းတစ်ခုကိုချန်ထားဖို့
သမိုင်းတစ်ခုကိုမွေးဖွားဖို့
(ကဲ…ရှင်မရေ)
အားစိုက်လိုက်စို့။ ။
ကိုယ်မောင်မြင့်



ကန္တာရသစ်ခွပြာ
သမိုင်းသစ်မြစ်ထဲ
ဝုန်းကနဲခုန်ဆင်း
ယုံကြည်ခြင်းအသက်နဲ့
ကဗျာရေးဖော်
ရဲဘော်တစ်ယောက်
မကြောက်နဲ့နော်….ခင်။ ။
ကိုယ်မောင်မြင့်



ကွဲအက်မှုပုံရိပ်
ငါ့လက်ထဲမှာ…
ယုံကြည်ချက်များစွာနဲ့
မျှော်လင့်ရက်တွေဆီရှေ့ရှု
အားပြုထောက်ကန်ထားတဲ့
ချိနဲ့နဲ့ဆန္ဒဇောတိုင်က
မောလျလျမျက်မှောက်ဘ၀မှာ
ကမ္မ၀ဋ်ထောင်ချောက်မိလို့
ရိဆွေးပျက်ကျိုးခဲ့ရပေါ့။

အတွေးနုသစ်တွေနဲ့
ပျိုမြစ်တဲ့နာရီတွေ
ရာသီစက်ဝိုင်းထဲစီးမျော
သောကဆူးခက်မီးတွေရဲ့ ကြား
စီးကျလုလုသွေးမျက်ရည်ဟာ
နာကျင်မှုသက်သေခံသက်သက်ပဲ
ဘ၀အိပ်မက်ထဲက
ကွဲအက်ထိရှမာနတွေကို
ငါ…..ဘယ်လိုသိမ်းဆည်းထားရမလဲ။

အခု….လက်တွေ့မှာ
အလင်္ကာမဲ့တဲ့ဘဝ
ကြွေကျတဲ့ရွက်သေတွေနာဖျား
နှလုံးသားထဲကအတ္တပုံရိပ်ကိုတောင်
ဟန်ဆောင်ဖုံးကွယ်ခွင့်မလိုချင်တော့။

သည်မှာ..
မြက်ခင်းပြင်ဆိုတာ
တိမ်လွှာတွေရဲ့ ဖ၀ါးတဲ့လား
ခံစားချက်များစွာနဲ့
ခါးကျိုးလုမြေဇာမြက်ပင်က
တက်…တစ်ချက်ပြင်းပြင်းခေါက်
(ဒါပေမယ့်)
မင်းမကြောက်ပါနဲ့လေ
ငါဟာအောက်ဆုံးမှာရှုံးနိမ့်နေတဲ့သူပဲ။ ။
မှိုင်းညို့ ဖြူ




ခေါင်မိုးများ
ကျောက်ပေါက်မ နဲ့ပင်လယ်ဟာ
နက်ရှိုင်းစွာပြုံးတယ်
သူတို့ကြွေကြ
သူတို့ကြွေခဲ့ကြ။
သူတို့ရဲ့ ကတ္တရာကျောပြင်ပေါ်
သူတို့ရဲ့ လမ်းဓါတ်မီးတိုင်တွေပေါ်
သူတို့ရဲ့  မြက်ခင်းစိမ်းတွေပေါ်…
ဘောင်မတပ်ရသေးတဲ့
ပန်းချီကားချပ်တွေလို
ဘ၀တွေဖွာလံကျဲ
သပ်ရပ်မှုမဲ့နေဆဲ…
အမွေခွဲခဲ့ကြ
အမေ့ရဲ့ သောကတွေကို
ဒီမှာတော့
နှင်းတွေကိုခေါင်းပေါင်းပေါင်းထားတဲ့
ကမ္ဘာမြေလူအိုကြီးဟာ
သူ့ရဲ့ ခေါင်မိုးတွေကို
ရှာဖွေလို့ကောင်းတုန်းပ..။ ။
မိန်






မှန်တစ်ချပ်ရဲ့ သွေးခုန်နှုန်း

ကဲ…
အသစ်စက်စက်နံနက်ခင်းနဲ့အတူ
မျှော်လင့်ခြင်းတံခါးတွေဖွင့်လိုက်ပြီ
နာကျည်းပုံဆောင်ခွက်ထဲက
မကျေနပ်ခြင်းအရည်တွေကြား
နစ်မွန်းနှလုံးသားကို
ဓါတ်စာအသစ်ကျွေးပြီး ကုစားလိုက်စမ်းပါ..
သင့်စိတ်ဓါတ်ကျန်းမာဖို့နဲ့
အချစ်နဲ့အလှအပတရားကို
မြတ်နိုးမှုအတွက်သာထားပြီး
မကိုးကွယ်ပဲနေလိုက်ပါ
(သင့်မှာ)အရေပြားရဲ့ လှည့်ကွက်အဖြစ်
ပြုံးနိုင်ခွင့်ရှိရဲ့ 
(ဒါပေမယ့်) သင့်ကိုယ်သင်ပြုံးမိရင်
သင်အရှုံးပဲ
(စိတ်ဆာမှု)မျိုသိပ်ထားရတဲ့အသံတွေ
ရင်ထဲမှာပဲ ပဲ့တင်ထပ်
ဒီတစ်ခါ (သင့်ရဲ့ ) ပါးစပ်ဟာ
သဲကြိုးပြတ်ဖိနပ်တစ်ရံသာဖြစ်တယ်
(ဖြစ်ရမှာက)
မြင်းဘ၀ဆို ခွာသားကျအောင်ပြေး
ကြက်တူရွေးဆိုစကားတတ်အောင်သင်
ခြင်္သေ့ဆိုသားတကာတို့ရဲ့ ဘုရင်
အစဉ်ထာဝရ အထင်ကရမဖြစ်တောင်
ဒေါင်ဒေါင်ပြားပြားအသားကျနေရမယ်
(ပြီးတော့)
ကွယ်ထားလိုက်စမ်းပါ
နာတာရှည်ညတွေကို
အလင်းရောင်မှန်တစ်ချပ်
ဖက်ထားရင်းနဲ့ လေ..။ ။
ဇုံနီ



ဘုတ်သိုက်ည
ဝတ်ရုံသုံးထည်နဲ့ဆတ္တာသည်ဟာ
ညရဲ့ ပါးပြိုင်းမွေးရှည်တွေကိုရိပ်ချ
ကြွက်သားတွေကိုရုန်းထစေခဲ့တယ်..။
ဟန်ဆောင်သန်းဝေမှုရဲ့ 
မေးရိုးချွန်တစ်စုံကြား
လေစိမ်းတွေသာတိုက်တတ်တဲ့
အာခေါင်ဝင်ရိုးစွန်းတွေ
အလင်္ကာချောချောအတွက်
လေ့ကျင့်ထားတဲ့လျှာတွေ
အရေပြားယောင်ဆောင်ထားတဲ့
(မာယာ)အမီးဘားကောင်တွေ
ဝိ၀ါဒကွဲ
ပျစ်ချွဲအရည်တွေ
ကျက်စားနေထိုင်ကြတယ်။
သင်းတို့
လေထုရဲ့ သူငယ်အိမ်ကို
စကားလုံးတွေနဲ့ဆုပ်ပက်ကြရဲ့ 
တဏှာရေနွေးအိုးထဲ
အချစ်နုကိုခပ်သောက်ကြရဲ့ 
အာရုံငါးပါးကို ၀ါးစားနိုင်သူအဖြစ်
ဆုတံဆိပ်တွေဆွဲချိတ်ကြရဲ့ 
ကြားခံနယ်မရှိတော့တဲ့အစာအိမ်အတွက်
ကိုယ်ကြပ်အကျီ င်္တစ်ထည်ကိုဆုတ်ဖြဲပစ်ကြရဲ့ 
ဒီလိုနဲ့
ပျိုမြစ်မှုဟာသူငယ်ပြန်ခြင်းနဲ့
ရောထွေးသွားတဲ့အခါ
ညဟာ..
ပါးမြိုင်းမွေးရှည်တွေပြန်ပေါက်လာတော့တယ်..။
ဇုံနီ




အကျီ င်္ရင်ဘတ်ကြယ်သီးပြုတ်နေတဲ့….ကောင်

ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့ ….
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့……
မင်းခိုက်စိုးစန်


ဟာကျုလိပုံတူ
ငါ့ အိမ်မိုး တံစက်မြိတ်စွန်းမှာ
မသိတသိတွဲလောင်းချိတ်နေတဲ့ဆောင်း
ပုဆိန်ထက်ထက်နဲ့ တစ်ချက်တည်းခုတ်ချ
ခြွမ်းကနဲ
ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်လိုက်သလို
မိုးစိုငှက်တွေနဲ့လမ်းခွဲဖြစ်ခဲ့တဲ့ဆောင်း
နူးညံ့ ၊ပန်းပွင့်၊၀တ်ဆံဖျားတွေပေါ်
ခြေသံမကြားအောင်တွားသွားတက်ခဲ့တဲ့ဆောင်း
မေ့လျော့ ၊ပြတင်းဟဟဘောင်တွေပေါ်
စက်တင်ဘာယောင်ဆောင်ပြီးကြေကွဲပြခဲ့တဲ့ဆောင်း
ဘီယာခွက်ဖန်သားပေါ်
လျှာမျက်နှာပြင်အဖုထသလို
ရေခဲငွေ့စတွေစီဥ
လက်မှတ်တုထိုးသွားတဲ့ ဆောင်း
ဥတ္တရနတ်သမီးမွေးနေ့ပ
ရေခဲသေတ္တာထဲကငါးလို မာစိုစိုကိုယ်ထည်
ထုံကျင်နစ်ခဲသွားမတတ် အကျပ်စာနမ်းစို့မှုများ။
အပြားလိုက်အလျားလိုက်
ကပ်လွှတ်လိုက်ရက်တဲ့
အပြာနုသက်သက်ဆောင်း
မြက်ရိုင်းစိမ်းရှည်တွေကို လှုပ်နှိုး
ဘိလိယက်ထိုးတဲ့ဆောင်း
နှင်းတွေ….နှင်းတွေ…
(မက်စဖက်တာ)တင်းကြမ်းရိုက်သလိုပ
ကမ္ဘာမြေနဲ့နှစ်ပေအကွာမှာပွထခဲ့
ဘရစ်ဘားဒေါ့ရဲ့ ပါးပြင်ပေါ်ကဆောင်း
လည်ဆံဖွားမြင်းဖြူကြီးစီးလို့
ကြယ်တွေကြားဒုန်းစိုင်းသွားခဲ့
တမာန်တော်ရဲ့ 
အထူးညစာစားပွဲဖိတ်စာနဲ့ဆောင်း
အမေ ၊၁၉၇၇
မရမ်းရောင်တိမ်တွေထ၊ပန်းနုရောင်ကောင်းကင်ထဲ
အဲဒီဆောင်းကို၊အတုံးလိုက်အခဲလိုက်
ကြပ်ညပ်နေအောင်
စိတ်ရှိလက်ရှိရိုက်သွင်းခဲ့…….
မင်းခိုက်စိုးစန်


ဤတွင် ရာစုသစ်မြစ်ကျဉ်း (၁) ပြီး၏ ။

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆူးပြတိုက်] 1 New Entry: စားပွဲထိုးလေးရဲ့ သူငယ်ချင်း(၄)

စားပွဲထိုးလေးရဲ့ သူငယ်ချင်း(၄)



ဆရာမခေါ်လာသော ကျောင်းအုပ်ကြီးအခန်းထဲဝင်လာသောအခါ ကျောင်းသူကျောင်းသားတွေ ဘေးကိုရှဲကုန်သည်။
မျက်နှာမာကြီးနှင့်ခါးကြီးထောက်ပြီး....မင်းဘယ်ကလဲ ဟုမေးလာသည်။
ဧည့်သည်တစ်ယောက်ပါ ဒီမြို့ ကို ရောက်လာရင်းပန်းချီပြိုင်ပွဲတွေ့ လို့ ဝင်ပြိုင်တာပါလို့ ပြောတော့ ဘာမှ မပြောဘဲ သူ့ တပည့်တွေရဲ့ ပုံကို လိုက်ကြည့်နေသည်.။ ပြီးမှ တစ်ခေါက်လာပြီး ......
" မင်းဘယ်မှာ နေတာလဲ"
" ဒီကသာမှာပြောတာလား ဆရာကြီး"
" ဟ...ကသာရောက်နေမှတော့ ကသာမှာနေတာကို ပြောတာပေါ့ကွာ"
" ကျနော် ဘယ်မှာနေရမလဲဆိုတာ ကျနော်လဲမသိပါဘူး...ကျနော်အလုပ်တစ်ခု ရှာ၇မှာပါ"
ကိုယ်က ပြန်သာ ဖြေနေရတာ စိတ်ထဲမှာတော့ နဲနဲလန့် နေသည်....။
ဆရာကြီးက အခန်းရှိလူများကို ဝေ့ကြည့်ပြီး ကျနော့်ဘက်ကိုလှည့်ကာ အသံမာမာ၊ အသံကျယ်ကျယ်နဲ့ ပြောသည်..
" မင်းဘာသာ ဘယ်မှာဘဲနေနေကွာ...နောက်၃ရက်ကြာရင်ဆုပေးပွဲရှိတယ်...မင်းဘဲ ပထမဆုကိုလာယူ ကြားလား"
ဆရာကြီး ဘာများပြောမလဲအထင်ဖြင့် နားစွင့်နေသူအားလုံး တစ်ချက်တော့ကြောင်ပြီးတိတ်ဆိတ်သွားတာ....
နောက်မှ ဆရာကြီးက ကျနော့်ပုခုံးကိုကိုင်ကာ......" မင်းတော်တယ်ကွ" ဟုပြောပြီးထွက်သွားတော့သည်...။
စိတ်မှာ အရမ်းဝမ်းသာသွားသည်...။ဒါပေမယ့် ဒါပြိုင်ပွဲစည်းကမ်းအရ မဖြစ်သင့်ပါ၊ ဆရာကြီးကဆုကိုတစ်ကယ်ပေးချင်ပါစေဦး ကျန်သောရေးဆွဲသူတွေကိုငဲ့ရပါမည်။ အားနာစိတ်ဖြင့် ပြိုင်ပွဲဝင်တွေကို ကျနော် မကြည့်ရဲပါ......။
ဆရာကြီးကို လန့် သည့် အရှိန်နဲ့ ဘေးမှာ ကွယ်ရပ်နေသော ခင်မ ကပြေးလာပြီး လက်မောင်းကို အားရပါးရရိုက်ကာ...
" နင် တစ်ကယ် ပထမဆု ချိတ်သွားပြီ...တို့ ဆရာကြီးတစ်ကယ်ပြောတာဟ...ဆရာကြီးကအဲလိုကြီး"
သူမပြောတဲ့ ဆရာကြီးကအဲလိုကြီးဆိုတာ ...နားမလည်ပေမယ့် ပြိုင်ပွဲခန်းထဲက၂ယောက်အတူ ထွက်လာခဲ့သည်...
ကျောင်းသူလေးတွေ ရောက်လာပြီး အတင်းအော်တိုရေးခိုင်းသည်...ခင်မင်ဘို့ လဲ ကောင်းပါသည်...။
နောက်သူတို့ စကားသံဝဲ၀ဲလေးတွေကို ချစ်သည်....အထက်ပိုင်းကလူတွေ စကားဝဲကြပေမယ့် ကသာစကားဝဲပုံက တစ်မျိုးထူးခြားသည်။
သူငယ်ချင်းခင်မကတော်တော်ခင်ဘို့ ကောင်းပါသည်။သူ့ ပုံစံက ဆံပင်ဂုတ်ဝဲလေးနှင့် ၊သွားလေးက ခေါယောင်ယောင်...ဒါပေမယ့်သိပ်မသိသာပါ..အဲ မျက်လုံက မို့ ပြီး နဲနဲပြူးတယ်...( စိတ်မဆိုးနဲ့ ခင်မရေ...ဒါမှနင့်ကိုပုံဖမ်းမိကြမှာ)။ ဒါတွေက အရေးမကြီး
သူ့ စိတ်ဓါတ်လှသည်....ကျနော်လိုချင်တာ စိတ်အလှ။နောက်ခင်မက ၉တန်းကျောင်းသူ။ ကျနော်က ၈တန်းကျောင်းသား...ရွယ်တူလြ ဖြစ်နေတော့ စကားပြောရတာ ပိုအဆင်ပြေသည်...ခဏလေးအတွင်းမှာ အရမ်းခင်သွားကြသည်..။
နောက်သတိရပြီး...."ခငမ ဟို အကိုကြီးရော ဘယ်မှာလဲဟ"
" ဘယ်သူတုန်း"
" ငါပုံဆွဲနေတုန်း ပြတင်းပေါက်ကနေ ပြောပေးနေတာလေ...နင်မကြားဘူးလား"
" ဟင့်အမ်း...ငါမကြားပါဘူး...ဘာပြောလို့ လဲ"
" ငါလိုအပ်တာလေးတွေကို သူကပြောပေးတယ်ဟ...သူ့ ကို ကျေးဇူးစကားပြောရမယ်"
" ဟာ...အဲဒီလူကြီးက ရူးနေတာဟ...နောက်သူပန်းချီမဆွဲတတ်ပါဘူး"
" ဟမ်..ရူးနေတာ...မဖြစ်နိုင်ပါဘူး ။သူဆွဲတတ်တယ်...သူပြောတာ အမှန်တွေပါ..ငါဘဲသိတယ်..."
" ညီညီ..ငါက ကသာသူနော်..ဒီမြို့ မှာ မွေး၊ ဒီမြို့ မှာနေတာ...နင်က ဒီနေ့ မှ ကသာရောက်တာ၊ နင်ကဘာမှ မသိပါဘူး၊ အဲဒီလူကြီးက
တစ်ကယ်အရူး..."
ကျနော်အံ့သြမိသည်..စိတ်ထဲမှာ အရူးဆိုတာ ဘယ်လိုမှ လက်ခံလို့ မရ...ဒါပေမယ့် နောက်မှ စုံစမ်းတော့မယ်လေ...တွေ့ ကြဦးမှာပါဟု
တွေးကာ ခင်မကို ဘာမှ မပြောတော့ပါ။( တစ်ကယ်ဘဲ ကသာမှာ ၅လလောက်နေပြီး ရှာသော်လည်း မတွေ့ ခဲ့ ရပါ)
အပြင်ရောက်လာပြီးမှ ခင်မကို အလုပ်ရှာပေးနိုင်မလားမေးကြည့်ရသည်။
" ညီညီ နင့်ကြည့်ရတာ အလုပ်ကြမ်းလုပ်နိုင်မှာ မဟုတ်ပါဘူး"
" အေး....မွေးကတည်းက တစ်ခါမှတော့ မလုပ်ဘူးသေးပါဘူး....ဒါပေမယ့် လုပ်ရမှာပေါ့ဟာ"
" နင်က ဘယ်လိုအလုပ် လုပ်ချင်တာလဲ"
" ဖြစ်နိုင်ရင်တော့ ငါလက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးတွေ ဘာတွေ လုပ်ချင်တယ်၊ ခင်မ ...ငါတနေ့ ကို လက်ဘက်ရည် ၆ခွက်လောက်သောက်မှ နေလို့ ရတာ..."
" အေး...ဒါဆို အတော်ဘဲ ငါ့အသိတစ်ယောက်လက်ဘက်ရည်ဆိုင်ရှိတယ်ဟ...တို့ သွားရအောင်"
" အေး...ကောင်းတယ်"
နှစ်ယောက်သား စက်ဘီးလေးတွန်းကာလမ်းလျှောက်ရင်း သူပြောတဲ့ ဆိုင်ကိုရောက်လာသည်...ဆိုင်ကတရုပ်ဆိုင်။ အဘိုးကြီးတစ်ယောက်ထိုင်နေတာကို ခင်မကနုတ်ဆက်ပြီး " အိတေ" ရှိလားဟုမေးသည်...။အဘိုးကြီးခေါ်လိုက်ပြီး ခဏနေတော့
အိတေဆိုသူ ထွက်လာပြီး ခင်မနှင့် နုတ်ဆက်ပြောဆိုနေကြသည်။ လူက တရုပ်လဲဖြစ်သောကြောင့် ဖြူနုနေသည်..
ခင်မက အလုပ်လိုက်ရှာနေကြောင်း ပြောပြီး ကျနော့်ကို မိတ်ဆက်ပေးတော့.....
" ဟယ်...စားပွဲထိုးလုပ်မယ်..တစ်ကယ် ၊ ချောလိုက်တာဟယ်..ခင်မ ငါသူ့ ကို ခေါ်ထားလိုက်မယ်...တစ်သက်လုံးနေလဲရတယ်"
သွားပြီ၊ ကိုအိတေက မိန်းကလေးစိတ်ဝင်နေတာ....
ကိုအိတေ မတွေ့ အောင် စားပွဲအောက်ကနေခင်မကို ဆွဲဆိတ်တော့လဲ....မုန့် တွေကို အသေအလဲတွယ်နေရင်းက....
မျက်လုံးပြူးကြီးဖြင့် ဘာလဲဟူသော အဓိပ္ပါယ်နှင့်ပြန်ကြည့်နေသည်...
ပြီးမှ ဘယ်လိုတွေးသလဲတော့မသိ ကောက်ခါငင်ကာဖြင့် ထမေးသည်။။
" လခဘယ်လောက်ပေးမှာလဲ"
ဟိုက ပြုံးလျှက် ....." ၁၅၀၀"
" ဟာ...တစ်ကယ်။။ညီညီ နင်တော့ပွပြီ၊ အများကြီးဘဲ"
ကျနော်တော်တော် တိုသွားပြီး ခင်မခြေထောက်ကို ဆောင့်နင်းလိုက်ပြီး....မျက်စောင်းထိုးကြည့်သည်။။။အမယ် မယ်မင်းကြီးမက
ကိုယ့်ကိုတောင် ခေါင်းလေးငြိမ့်ပြီး ပြုံးပြနေသေးသည်...။မျက်လုံးပြူးကြီးနှင့်။
နောက်မှ ကျနော်က...
"ဒီမှာတော့ မဖြစ်နိုင်ဘူး ထင်တယ်..."
" ဟယ်......ဘာဖြစ်လို့ လဲ"
" ကျနော်က မွတ်ဆလင်ပါ....ဒီမှာ ထမင်းစားရင် ကျနော် အပြစ်ရှိတယ်"
" အို....အိုးခွဲပြီး ၂ယောက်စာ ချက်စားမယ်လေ"
ပြောနေတုန်း လက်ဘက်ရည် သောက်သူလာသဖြင့် ကိုအိတေ ထွက်သွားမှ...
" ခင်မ ...ငါဒီမှာ မလုပ်ချင်ဘူး...သူက မိန်းကလေးစိတ်ပေါက်နေတာ...ငါ့ကို တစ်ခြားသွားပို့ ပါဟာ"
"နင်ကလဲ...ဘာဖြစ်လို့ လဲ"
အော်ခင်မရယ်...နင့်ကိုပြောရမှာ ခက်လိုက်တာ.....။
နောက်မှ အတွေးတစ်ခုရပြီး...တခြားမွတ်ဆလင်ဆိုင်တစ်ခု ငါတွေ့ ခဲ့ တယ်....နေ့ ခင်းကတောင် ..ငါသောက်ခဲ့ သေးတယ်..."
" အော်...အေး..စတားလိုက်...နေဦး အိတေကို ငါပြောကြည့်မယ်"
ခဏနေ ကိုအိတေ ပြန်ရောက်လာတော့ ခင်မက ဘာသာရေးကို အကြောင်းပြပြီး....ဒီမှာ ခက်ခနြိုင်ကြောင်း ပြောပြသည်....။
နောက်ဆုံးတော့ ကိုအိတေ ကိုယ်တိုင် လိုက်ပြောပေးပါသည်...။
သူတို့ တွေက စီးပွားချင်းတူပေမယ့် ခင်ခင်မင်မင်ပါ..။
ကိုအိတေက ဘာမှလဲ မသိဘဲ အရမ်းကို ကျနော့်ဘက်က အာမခံနေသည်....။
ဆိုင်ရှင် အဘိုးကြီးအိပ်နေသည်...စားပွဲထိုးကလဲ ရှိပြီးနေသည်ဟုပြောသည်...ကျနော်လဲ ဘာမှ မတတ်နိုင်တော့ပါ။
ကိုအိတေဆီ သွားရဘို့ သာ ရှိတော့သည်။
အားလုံဆုံးဖြတ်ရခက်နေစဉ်မှာပင် ပိုင်ရှင် အဒေါ်ကြီးဈေးဝယ်ရာမှပြန်ရောက်လာသည်။
အကျိုးအကြောင်းကို ခင်မနှင့် ကိုအိတေက ပြောပြတော့ ဆိုင်ရှင် အမား( အမေ....နာမည်မေ့ နေသည်)က...
သူခေါ်ထားလိုက်မယ်ဟုပြောတော့ အရမ်းဝမ်းသာမိသည်....။
လခအကြောင်းကိုအိတေက ပြောတော့....
" ဒီမှာ စအလုပ်လုပ်သူတိုင်းကို ၇၀ ကျပ်ပေးတယ်...ထမင်းညမနက်ကျွေးတယ်၊ အိပ်စရာနေရာပေးတယ်၊ ဒါပေမယ့် မင်းကို
ငါစအလုပ်လုပ်တာနဲ့ တစ်လ ၁၀၀ ပေးမယ်...ငါ့ကိုတော့ မင်းနာမည် မခေါ်ရဘူး အမား( အမေ) လို့ ခေါ်၇မယ်"
ဘုရားရေ.......။

နောက်ဆုံးပိုင်း ဆက်ပါမယ်....အားပေးသူတွေကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

You received this email because you are subscribed to the real_time feed for http://thitnetsue22.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 1 New Entry: သြော် ... တပ်မတော် (ဟာသ)

သြော် ... တပ်မတော် (ဟာသ)

အဟိ

လွတ်မြောက်နယ်မြေက အဟိနေတဲ့ မြို့ကလေးမှာ မြန်မာပြည်ကထုတ်တဲ့ စာအုပ်တွေ တော်တော်များများ စု ထားဆောင်းထားတဲ့ စာကြည့်တိုက်လေးတခုရှိတယ်။ မြန်မာစာငတ်လာတဲ့အခါ အဟိက အဲဒီစာကြည့်တိုက် လေးရှိရာကို သွားသွားပြီး အချစ်ဝတ္ထုတွေ၊ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းစာအုပ်တွေ (မော်ဒယ်လ်ဂဲလ် အ ချောအလှလေးတွေကို ငမ်းချင်လို့) ငှားငှားဖတ်တယ်ဆိုပါတော့။ အဲသလို စာကြီးပေကြီးတွေကိုမှ ရွေးရွေးဖတ် တဲ့ အဟိကို ကြာလာတော့ အဲဒီစာကြည့်တိုက်ရဲ့ ဦးစီးဦးဆောင် စာကြည့်တိုက်မှူးကြီးက သတိထားမိလာ တယ်ထင်ပါ့။ အစောပိုင်း စာအုပ်သွားငှားတဲ့အခါ အဟိကို မေးထူးခေါ်ပြောလောက်သာ ဆက်ဆံရာက တ ဖြည်းဖြည်းနဲ့ ပိုရင်းနှီးလာလို့ပဲလားမသိ။ တိုးတိုးဖော်အနေနဲ့ပါ ပြောဆိုဆက်ဆံလာတယ်။

အဲသလိုနဲ့ အဟိလည်း ပျင်းပျင်းရှိတဲ့အခါ အဲဒီစာကြည့်တိုက်ကိုသွားပြီး စာကြည့်တိုက်မှူးကြီးနဲ့ လေပန်းနေ ရော ဆိုပါတော့။ အဲဒီလို အကြောင်းတရားတွေအပြင် စာကြည့်တိုက်ကို အဟိသွားဖြစ်တဲ့ အမှန်ဧကန် အ ကြောင်းတရားလေးတခုလည်း ရှိသေးတယ်ခင်ဗျ။ အဲ … မှန်တာပြော မိန်းမချောချောရပါစေ။ တကယ်တမ်း အဲဒီစာကြည့်တိုက်ကို အဟိတယောက် သွားရောက်ရခြင်း အကြောင်းအရင်းစစ်စစ်က စာအုပ်ငှားပြီး စာကြည့် တိုက်မှူးကြီးနဲ့ လေပန်းဖို့ထက် စာကြည့်တိုက်မှာ စာအုပ်လာလာငှားဖတ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမ အ ချောအလှလေးတွေကို အေးအေးဆေးဆေး ငေးမောချင်တဲ့စိတ်က အလေးသာနေလို့ပါခင်ဗျ။

မြန်မာပြည်မှာက 'လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေး(နအဖ)ဟောင်' ဆိုသလို ပြည်သူတွေ အတိဒုက္ခ ရောက်နေတဲ့အခါကျတော့ အဟိတို့ရှိတဲ့ လွတ်မြောက်နယ်မြေဖက်ကို ကူးလာပြီး အလုပ်လာလုပ်ကြတဲ့ မြန် မာပြည်သားတွေက ကြာလေလေ ပိုများလေလေ မဟုတ်လား။ အဲဒီအထဲမှာ ဂေါ်မစွံ အဟိလေးအတွက် ရွေး ချယ်စရာ အပျိုချောတွေလည်း တပုံတပင် ပါလာလေတော့ အားနာနာနဲ့ပဲ ပိုးပန်းနေရတော့တာပေါ့ခင်ဗျာ။

အဲဒီလို ဖူးစာရှင်ကို ရွေးချယ်ဖို့ အခွင့်အလမ်းများတဲ့အထဲမှာ အဲဒီစာကြည့်တိုက်ကလည်း တထောင့်တနေရာ က ပါဝင်နေတော့ အဟိလည်း ၀ိရိယစိုက်ပြီး စာကြည့်တိုက်မှူးကြီးနဲ့ သွားသွားလေပန်းနေရတာပေါ့။ တရက် ကျတော့ သူက 'ဟေ့ အဟိရေ … မောင်ရင့်ကို ကိုယ့်ချာတိတ်မလေးတွေအကြောင်း ပြောပြရဦးမယ်။ ကိုယ့်ကို စက်ရုံက ခလေးမလေးတွေ ခင်မင်နေကြတာ မောင်ရင်လည်း အသိပဲမဟုတ်လား' ဆိုပြီး ပြုံးစစနဲ့ စကားစ လိုက်တယ်။ အဟိလည်း အပျိုချောတွေအကြောင်းများ မြန်မြန်ပြောလေမလား ဆိုတဲ့သဘောနဲ့ 'သိပါ့ ဆရာ သိန်းရာ၊ နို့ … အဲဒါ ဘာများထူးဆန်းလို့လဲ' လို့ ဆွပေးလိုက်တယ်။

အဲဒီမှာ သူက ပြောရတာအရှိန်ရလာပြီး 'ခလေးမလေးတွေကဗျာ၊ အဲသလို ခင်မင်နေကြတော့ ကျနော့်ဆီကို ရောက်ရောက်လာပြီး သူတို့အိမ်ကိုရေးတဲ့ စာတွေမှာ စာလုံးပေါင်း သတ်ပုံတွေ မှန်မမှန် လာလာစစ်ခိုင်းတယ် ဗျ။ တရက်ကျတော့ဗျာ၊ ခလေးမလေးတယောက်က သူရေးထားတဲ့စာ ကျနော့်ကို လာပြတယ်။ ဦးရေ ... ဦးရေတဲ့ သမီးရေးထားတဲ့စာကို ဦးဖတ်ပေးပါဦးတဲ့။ စာကတော့ သူ့အဖေအမေနဲ့ အိမ်သားတွေဆီ အလုပ် အကိုင် အဆင်ပြေကြောင်း၊ သာကြောင်းမာကြောင်း ရေးထားတဲ့စာပါ။ ဒါပေမယ့် စာကိုဆက်ဖတ်ရင်း အဆုံး နားရောက်ခါနီးတော့ ဘာတွေ ရေးထားတယ်မှတ်သလဲ။ ဖေဖေနဲ့ မေမေတဲ့ ဒါနဲ့ ဟိုတပ်မတော်ကော အရင် လို နှိပ်စက်တုန်း သောင်းကျန်းတုန်း အော့ကြောလန်ချဉ်ဖတ် ဖြစ်နေတုန်းပဲလားတဲ့။ အဲဒီစာကြောင်းကို ဖတ်ရ တော့ ကျနော်လည်း တော်တော်လန့်သွားတယ်ဗျ' လို့ နန်းစတော့ပ်ပြောပြီး စကားစကို ခဏဖြတ်လိုက်တယ်။ ပြီးတော့ အဟိကို ပြုံးစိစိကြီး ကြည့်နေလေရဲ့။

အဟိလည်း တပ်မတော်ဆိုတာ ဘာအဓိပ္ပါယ်ပါလိမ့်တွေးပြီး သူဆက်ပြောမယ့် စကားကို နားစွင့်နေမိတယ်။ ခဏကြာမှ သူက 'အဲဒါနဲ့ ခလေးမလေးလာတော့ မေးရတာပေါ့။ ဟဲ့ ... ဟဲ့ နင့် ဒီစာကြောင်းက ဘာအဓိပ္ပါယ် လဲပေါ့။ ဒီအတိုင်းပို့လိုက်လို့ လမ်းမှာ နအဖကများမိသွားရင် အဖမ်းခံနေရပါဦးမယ်လို့ ကျနော်က ပြောလိုက် တယ်။ အဲဒီမှာ ခလေးမလေးက ဘာပြန်ပြောလဲဆိုတော့ ဦးကလည်းတဲ့၊ အဲဒါ အိမ်က အလတ်ကောင်ကို ရေး ထားတာတဲ့။ သူက အရမ်းဆိုးတယ် ဦးရဲ့တဲ့။ အိမ်ရှိလူကုန်ကို နှိပ်စက်ပြီး ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ မတည့်လို့ သူ့ကို အိမ်ကလူတွေက တပ်မတော်လို့ နာမည်ပြောင် ပေးထားတာဦးရဲ့တဲ့ဗျာ ဟဲ ဟဲ … ဟဲ ဟဲ …' ဆိုပြီး အဆက်မပြတ် ရယ်နေပါလေရော။ အဟိလည်း သူနဲ့အတူရယ်မောရင်း နအဖစစ်အုပ်စု ပြောပြောနေတဲ့ 'အောင်တပ်မတော်' အစား 'သြော် … တပ်မတော်' လို့ပဲ စိတ်ထဲက စုတ်သပ်နေမိတော့ရဲ့။ ။

အဟိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: ဪ၊ အချစ်...အချစ်...အချစ်

ဪ၊ အချစ်...အချစ်...အချစ်



"အချစ်ဆိုသည်မှာ" မမသက်ဝေမှ TAG ထားပါသဖြင့် နေ့မအား၊ ညမအား စဉ်းစားကြည့်ပါသော်လည်း အဖြေမထွက်လာသော ပုစ္ဆာတစ်ပုဒ်ဖြစ်ပါသည်။

အချစ်
အချစ်
အချစ်
ဘယ်လိုပဲ တွေးတွေး နားမလည်နိုင်ပေတကား။ :d
အချစ်ဆိုတာကြီးရယ်။ :d

"NO" ကတော့ ပြောပါတယ်။ အချစ် = အရှုံးတဲ့။ :z

ဟောတော့၊ "NO" အဖွဲ့ပြောသလိုဆို ဒုက္ခပဲ။ :(
တော်ပြီ။ တော်ပြီ။
အနိုင်မယူချင်ပေမယ့် အရှုံးတော့ ပေးချင်ပါဘူး။ :p
အချစ်ဆိုတာကြီးကို သိချင်တော့ဘူး။ ;)

အဲ၊ ကျမအနေနဲ့ မသိချင်တော့ပေမယ့် မမသက်ဝေက သတိတရ TAG ထားတာကို အားနာတာနဲ့ ဖြေပေးလိုက်ပါတယ်နော်။ ;) ကျမကိုယ်စား သူတို့တွေက အဖြေပေးပါလိမ့်မယ်နော်။ သူတို့ဆိုတာ................. ဖြိုးကြီးနဲ့ ဖြူဖြူကျော်သိန်းပေါ့။ :z သူတို့က တော့ အချစ်ကို ဒီလို အဓိပ္ပာယ်ဖွင့်လေရဲ့။
အချစ်က ညှို့ယူဖန်ဆင်းပေးနိုင်တယ်။
လူတွေအားလုံးအချစ်အောက်မှာ ပြောင်းလဲ။.....................တဲ့။
သူတို့ပြောသွားတဲ့အထဲမှာ အချစ်ရဲ့ အဓိပ္ပာယ်တွေအကုန်ပါသွားပြီသိလား။ :z


ဒီတစ်ခါ သနားလို့ မည်သူ့ကိုမှ ဒုက္ခပေးတော့ဘူးနော်။
(မ TAG တော့ဘူးလို့ ပြောတာ။ ဟိ ဟိ)
နောက်တစ်ပို့စ်ကြမှ အပီအပြင် ဒုက္ခပေး(အဲလေ၊ မှားလို့) TAG မယ်နော်။
:z :z :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မင်းဒင်] 1 New Entry: မြန်မာ့  ဘူးသီး ဇာတိမာန်

မြန်မာ့  ဘူးသီး ဇာတိမာန်



မြန်မာ့ ဘူးသီး ဇာတိမာန်။

မင်းဒင် ရေးသည်။

ဘူးသီးမှ အရီးတော်၊ ဘူးကောင်းမှ စင်ခံ၊ ဘူးလေးရာ ဖရုံဆင့်။ ဘူးလုံးနားမထွင်း ။ဘူး ပေါ်သလို ပေါ်တဲ့ ....ဘူးသီးစကားတွေ က မြန်မာမှာ အများသားကလား ။ အဲဒီ ဘူးသီး ဆို ရိုးတွေ စကားပုံတွေ ထဲမှာ မြန်မာ့ ဘူးသီးဇာတိမာန် ဆိုတာ ထပ်ထည့်လို့ တောင် ရ ထင်ပါ ရဲ့ ဗျာ။ ဘာဖြစ်လို့  လည်း ဆိုတော့  ကျုပ်ဘူးသီး ဇာတ်လမ်းက အံ့စရာ ကောင်းလို့ ဗျို့ ။ အဲဒီ ဘူး သီး ဇာတ်လမ်း ပြောရ ရင်တော့  ထိုင်းရောက် မြန်မာ အကြောင်းလေး ပါမှ ပြည့်စုံ မယ်ထင်ပါ ရဲ့ ဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျုပ်တို့ လူမျိုးက အမျိုးသားရေးတို့ ၊ ဇာတိမာန်တို့ ဆိုရင် နားရွက်ထောင်၊ ခေါင်းထောင် ရုံတင်မကဘူး ။ ဖင်ဘူးထောင်း ပါထောင်ချင်တဲ့  လူမျိုး ဗျ။ ကျုပ်လည်းပါတယ် လေ။ ဒီတခေါက် ထိုင်းကို ကျုပ် ရောက်တော့ ကျုပ်ဇာတိမာန် ဟာ တော်တော်ကို ပိန် ရှုံ့ သွားရသဗျာ။ မြန်မာ့ ဇာတိမာန် ဆို တာကို ထိုင်းမှာ ရှာလို့ ကတော့ ချစ်တီးခေါင်းက သန်းလို၊ လကွယ် ညမှာ လူတကာ ကို ကောက်ခိုင်းတဲ့ မဟူရာ ကျောက်ရိုင်း လိုပါ ပဲဗျာ။ မြန်မာမှန်သမျှ ပြည့်တန်ဆာ နဲ့  ကူလီတွေ ချည်း ပဲလို့  ထင်နေကြတဲ့ ခေတ်ကြီးကို ရောက်နေပြီ ဆိုတာ အလန့် တကြား သိလိုက်ရ သဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အေးလေ.. အစကတော့  ကျုပ်လည်း ပြည်တွင်းမှာ အနေကြာခဲ့တော့ ထိုင်းရောက် မြန်မာ တွေ အကြောင်း စာတွေ သတင်းတွေမှာ ဖတ်ဘူးပေမဲ့  ဃဃဏဏ တော့ သိလှတယ် မ ဟုတ် ပါဘူး။လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် က သူဌေးဂိုက်နဲ့  ခရီးသည်လို ရောက်ခဲ့ပေမဲ့  ပက်ပုန်းနဲ့ ပတ်တရား လောက်သာ မသွားမဖြစ် လို့ ရောက်ခဲ့ တာကိုး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီတကြိမ်က အခြေချနေတော့မယ် ဆိုပြီးထွက်လာတာကြောင့် အနေကြာ အစုံသိ ဆိုပါ တော့ ။ နေဦး ။ သိတယ် ဆိုလို့ သူပြော ငါပြော သိတာမျိုး မထင်လိုက်နဲ့ အုံး။ တကယ့်  ကို ခန္ဓာသိ ဗျ။

အမှန်တော့  မြန်မာ့ တရားမဝင် အလုပ်သမားဆိုတာ ထိုင်းရဲတွေ ထိုင်းအလုပ်ရှင် တွေ အတွက် မိုးပေါ်ကျောပေးတဲ့ သတ္တဝါတွေ ထဲပါသဗျာ။ ပြုတ်ပြုတ်ကျော်ကျော် ဖုတ်ဖုတ် ကင်ကင် ထင်သလို သာလုပ် ကမ္ဘာ့ ဟင်းသီးဟင်းရွက် စာရင်းဝင် ပဲ။ ဘာ ဝဋ္ဋ်မှ မလိုက်ဘူး ။ တကယ့်ကို ဘုရားသခင့်  လက်ဆောင် ပဲ။ အေးလေ။ ထိုင်းရဲ ဆိုတဲ့ မောင်တွေက ဗမာအလုပ်သမား တွေ့ တာနဲ့ .. မီဘတ်(အလုပ်သမား လက်မှတ်ရှိလား) လိုက်ရင် ၊ အနည်းဆုံး လေးငါးရာ တွက်ခြေကိုက်တယ်လေ။ ဘတ်ပါနေရင်လည်း နောက်တမှု ပြောင်းချိတ်လိုက် လိုက်တာပဲ ။ ဝံပုလွေ နဲ့  သိုးငယ် လို နင်မဟုတ် ရင် နင့် အဖေ လုပ်တာ သေချာ တယ် ဆိုတဲ့  အချိုး ပါပဲ ဗျာ။ ထိုင်းအလုပ်ရှင်ကလည်း ဗမာ အလုပ်သမား ရဲ့  လုပ်ခကို နောင်ခါပေး တွေ့ တိုင်းတောင်း လောက် သာ စိတ်ထဲ ရှိတာ ကလား။။တိုင်လေ။ တိုင်တလုံး ငါးဘတ်ပဲ။ ရဲခေါ်ပြီး ပါးစပ်ထဲ တွေ့ တဲ့  ပုဒ်မတပ်လိုက် ရုံ ပဲ။ ဒေါသကြီးတဲ့  အလုပ်ရှင်နဲ့  တွေ့ ရင် .. ရင်ဘတ် မီးပူနဲ့  အကပ်ခံရတာ အသတ်ခံရတာတွေ အများကြီး ။ ခင်ဗျားလည်း ကြားဘူးမှာ ပါဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ထိုင်းမှာ မြန်မာပြည်ဖွား တောင်ကျော် တယောက်နဲ့ ဆုံမိ့ အချက်မသိ လို့ ကတော့ .. အလုပ်အကိုင် ကောင်းရဲ့ လား မေးလို့ တောင် မဆုံးသေးဘူး။
အားလုံး ဆဗိုင်း ။ ဆဗိုင်း ပဲ။
တနေ့ ဘတ်သုံးရာ့ ငါးဆယ်လေ။ ....
တလ ရှစ်ထောင်ကိုးထောင် အသာလေး ။....
ကျနော် လုပ်ပေးတာ သူဌေးတောင် ဆယ်ဘီးကား သုံးစီး ထပ်ဝယ်ထားပြီ ။....
သူဌေးက ကျနော့် ကို ပဲ အားလုံး လွှဲ ထားတာ။.....
အိမ်ရှင်က သိပ်သဘောကောင်းတယ်။ ....
ချဲင်နယ် ဆဲဗင်းက ဇာတ်လမ်း က ဘယ်လို။။......
ကျနော်က ပုတ်ပြတ် တောင်းလိုက်တာ ပေါ့ဗျာ။ဘယ်ရမလဲ။
ဒီတက်ဒီတက် ။ ဝမ်းတူးကော ဝမ်းတူးကော ဆိုရင် နေ့ ဖရီးနော်။
.............................
..............................
အဲဒီစကားလုံး တွေနဲ့ ခင်ဗျားကို အတွဲ လိုက်ပစ်ထည့်လိုက်လိမ့် မယ် ။ ဒါပေမဲ့  ဗမာပြည်က အိမ် ငွေဘယ်လောက် ပို့ ပြီးပြီ လဲ မေးလိုက်ရင်တော့  အောင်နက် လှည်းနင်းသလို ။ ဒီလိုပါ ပဲဗျာ။ စားလိုက်သောက်လိုက် နဲ့ ဆိုပြီး အဖျားရှူးသွားတာ ချည်းပဲဗျ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


နောက် လေတလုံးမိုးတလုံးနဲ့ ဆင်ကော၊ ကျားကော အပြုံလိုက် ဖမ်းနိုင်တဲ့ လေသံမျိုး ဟ. လာတဲ့ မောင်ကို ဘန်ကောက်မှာများ တွေ့ ခဲ့ ရင် စီးလုံဘက်လာခဲ့ ပါလား မေးလိုက်ပေ တော့ ။ ဟာဗျာ။ ဒါတော့ လာလို့ မရ ဘူး ။ အဲဒီဖက်က ရဲ ရှုပ်တယ်။ နောက် ကျနော်တို့  သူဌေးက အပြင်ထွက်တာ သိပ်မကြိုက် ဘူး ဆိုပြီး ဝါးတားတား လုပ်လိုက်မဲ့  ကောင်တွေ ချည်းပဲ သာမှတ်ပေတော့ ဗျာ။
အဲဒါလည်း ဆန်းချက်တမျိုး ပဲဗျ။ မြန်မာချင်း ပြန်ကြွားပြီး လိမ်စရာ မရှိ ကိုယ့် ပေါင် တွင်း ကြော ကိုယ်ဆွဲလိမ် ကိုယ့်စိတ်ကိုယ်ပြန် တင်းနေရတဲ့ နည်း ပေါ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
နောက်ပိုင်းမှာ မဲဆောက်ရောက် တော့ ။ မြန်မာ့  မိန်းမပျို ဈေးကွက် ဆွယ်ကျက်။ ဗန့်  ဆွယ်။ နတ်စင်လမ်း။ ကျစ်ဝင်နား။ ဝမ်ကျူးကာ ။ တခါ ရနောင်းဘက်ရောက်ပြန်တော့  ဆွယ်ဆောင် ။ ဆွယ်စံ တွေမှာ အလျှံပါယ် ဖြစ်နေတာကလည်း မြန်မာ နတ်သမီး တွေ ချည်း ပါပဲ ဗျား။ကျုပ်တို့ မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီးသာ ဒီနေရာတွေ ခေါ်လာမိရင် ငါ့ကို ဒီနေရာမှာ တင် နောက်တခါ ပစ်သာသတ်လိုက်ပါတော့ကွာလို့ ညည်းမဲ့  အပေါက်ဗျ။
ရနောင်းကိုရောက်တဲ့  တခေါက်တုန်းက အထိုက်အလျောက် ခင်နေတဲ့  ထိုင်း ရဲတပ်ကြပ် တယောက်နဲ့ ဆုံတုန်းကဆို ကိုယ် ကျွေးတာ စားနေရင်း .. ကျနော့် မယားငယ်က ဗမာမ တဲ့ ။ ဘာဆိုင်လို့ လဲ ဗျာ။ အသားလွတ် အနီကပ် တောင်းသလို ချည်းပဲ ဖြစ်နေတယ်။ ကျုပ်လည်း ဗမာပဲ ဆိုတာ သတိပြုမိ လေ မလား လို့  ကျုပ်က သူ့ ကို အူကြောင်ကြောင် ပြန်ကြည့်လိုက်တော့ ပိုတောင် ဆိုးနေသေး ဗျာ။ သူ့ သူငယ်ချင်း ရနောင်းထိုင်း ရဲမှန်သမျှ ဗမာမ မယားငယ် ကိုယ်စီ ရှိကြသည် တဲ့။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဆက်ပြောနေရင် ကမ္ဘာမကြေသီချင်းကိုလည်း စိတ်နာတယ်။ မြန်မာ့တပ်မတော်သား တွေ ဆိုဆိုနေတဲ့  ငါ့ နိုင်ငံတော် ငါ့နိုင်ငံသား ငါ့ တပ်မတော် အတွက် ငါ့၏ အသက်ကို စွန့် လွှတ် ပါမည် ဆိုတာ တောင် မဆိုပဲနေတာ ပိုကောင်းမယ် ထင်ပါရဲ့ ။ ဟုတ်တယ်လေ ဗျာ။ အသက်တောင် စွန့်  ပါ့မယ်ဆိုတဲ့ မောင်တွေ က နေ.. နေစိမ့်လွန်း သလားလို့ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘာလဲ ။ ခင်ဗျားကြည့်ပုံက သူများအကြောင်းသာ လျှောက်ပြောနေတယ်။ ကိုယ့်အကြောင်း တော့ မပါဘူး ဆိုတဲ့  အဓိပ္ပါယ် ပါလား။ ကျနော်လေ ထို့  နည်းလည်းကောင်း ပေါ့ဗျာ။ပြောမ ယုံကြုံဘူးတော့လည်း သိတော့ တာပေါ့ ဗျ။လိုက်ကာဖွင့်ကတည်းက ခွပ်ကနဲ အသံကြားလိုက်ပြီး လဲသွားတာ ကျုပ်ပါပဲ ဗျာ။
လွန်ခဲ့ တဲ့ လေးနှစ် လောက် ဘန်ကောက် လေဆိပ်ရောက်တဲ့  နေပေါ့ ။ လေဆိပ်လူဝင်မှု ကြီး ကြပ်ရေးကောင်တာ မှာ တန်းစီလိုက်တော့  ကျုပ်
ရှေ့ နောက်မှာ အဖြူကောင်တွေ ချည်း ပဲ ဗျ။ ကျုပ်က ကျုပ်အလှည့်မရောက်ခင် ကောင်တာကို လှမ်းကြည့်လိုက်မိတယ် ။ သူ များတွေ ကို ဘယ်လို စစ်တယ် ဆေးတယ် သိချင်လို့ ။ အမယ် ကောင်တာက လူဝင်မှုအရာ ရှိ က ပြုံး ပြုံး နဲ့ တော်တော် ဖော်ရွေနေသဗျာ။ မကြာပါဘူး ကျုပ်အလှည့်ရောက်လာတယ်။

သူက ထုံးစံအတိုင်း ကြိုပြီး ပြုံး ပြတာပါပဲ ။ ဒါနဲ့ ကျုပ်လည်း ကျုပ်ရဲ့  နိုင်ငံကူးလက်မှတ် အနီ ရောင်လေး ကို သူ့  ကောင်တာပေါ် ရိုရိုသေသေလေး လှမ်းတင်လိုက်တယ်။ သူက စာအုပ် အနီလည်း တွေ့ ကော ကျုပ်ကို မော့ကြည့်တယ် ။ နောက် စာအုပ်ကို ပြန်ကြည့်တယ်။ သူ့  မျက်နှာပေါ် ဟာ ရုတ်ခြည်း တိမ်ကြားကွယ်သွားတဲ့ လမင်းလို ပါပဲ ဗျာ။ နောက် စာအုပ်ကို ဖွင့် လိုက် ကျုပ်ကို ကြည့်လိုက် နဲ့ ထပ်လုပ်တယ်။ ဓာတ်ပုံထဲက ပုံဟာ ကျုပ်ပုံ ပဲလို့ လည်း သေချာသွားရော .. သူမျက်နှာက လငပုတ်ဖမ်းသလို ဖြစ်သွားတော့ တာပဲ ဗျာ။
ကျုပ်သိလိုက်ပါပြီ။ သူက ကျုပ်ကို မြန်မာပြည်က ပြန်လာတဲ့  ဂျပန် သို့ မဟုတ် ကိုးရီးယား တိုးရစ် ထင်နေတာ ဗျ။ကျုပ်က အညာသား ဆိုပေမဲ့  အသားလတ်အဆင့်ကို ကျော်နေ တော့ သူအကဲခတ် မှားနေတာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။


နောက်တကြိမ် သူ ကျုပ်ကို ကြည့်ပြန်တယ်။ ဟာဗျာ။ တောက်။...ကျုပ်တော်တော့် ကို ဒေါကန် သွား တယ် ။ ကျုပ်က လူလည်ဗျ။ သူကြည့်တဲ့  အကြည့်ကို ကျုပ်ကောင်းကောင်း ဘာသာပြန်နိုင် တယ်။ ပုလိပ်က သူခိုးကို ကြည့်တဲ့ အကြည့် ဗျ။

နေဦးဗျာ။ နောက်ထပ် အဓိပ္ပါယ်တမျိုး ရှိသေးတယ်။ ဒီအကြည့်မျိုးကို ကျုပ်ငါးနှစ်သား လောက်က သတိပြုမိတဲ့  အကြည့်မျိုး ။
ကျုပ်တို့ ရွာမှာ အလှူကြီးတခု လုပ်တုန်းကပေါ့ ။ ကျုပ်တို့ ဘဒွေးလေး အလှူလား ဦးကြီးတင့် အလှူလားတော့ မမှတ်မိတော့ဘူး။ အဲဒီအလှူမှာ ရွာနီးချုပ်စပ် လေးငါးရွာ က အမျိုးတွေကော၊ ဧည့်သည်တွေ ကော တော်တော်လာကြတယ်။လှူတာကလည်း တရွာလုံး မီးခိုးတိတ် ။ အလှူဟင်းချက်တာကလည်း မိုးဗြဲဒယ် ကြီးတွေနဲ့ ။ ကျုပ်ကောင်းကောင်း မှတ် မိနေတယ်။
အဲဒီ မိုးဗြဲဒယ်ကြီး တွေနားမှာ ပေါ့။ ထူးထူးဆန်းဆန်း လူလေးယောက်ကို တွေ့  တာ လေ။ အဲဒီလူတွေက လူတော့ လူပဲ ဗျ။ သူတို့ က အညာဖျင်
နဲ့  ချုပ်ထားတဲ့ လွယ်အိတ် အရှည်ကြီး တွေ ကို ထမ်းပိုးရှေ့ နောက်ချိတ်ပြီး လာကြတာ။သူတို့ ခေါင်းပေါင်း တွေက တခြားသူတွေ ပေါင်းထားသလို မဟုတ်ဘူး ခေါင်းပေါင်း ရဲ့ နောက်အချွန်လေးက ငယ်ထိပ် တည့်တည့် ရောက်အောင် ပေါင်းထားတာ။ ကျုပ်ကလည်း ထူးထူးဆန်းဆန်း ဆို စိတ်ဝင် စား
တတ်တဲ့  ကောင်ဆိုတော့  သူတို့ ကိုပဲ စိုက်ကြည့်နေတယ် ။ အမေက မိုးဗြဲဒယ် နားမှာ ပဲလေ။ သူ့ အလုပ်နဲ့ သူ ရှုပ်နေတယ်။
နောက်တခုက အဲဒီလူတွေကို တခြား လူကြီးလူငယ် တွေလည်း ဝိုင်းကြည့်နေကြသဗျာ။ ဘေးက ကြည့်နေတဲ့  သူတွေ ရဲ့ အကြည့်ဟာ တမျိုးထူးနေတယ် ဗျ။ ငါးနှစ်သား ဆိုပေမဲ့  ဒီအကြည့်ကို ကျုပ်ကောင်းကောင်း သတိပြုမိတယ်။ လူလူချင်း ကြည့်တဲ့  အကြည့်နဲ့  နည်း နည်း ကွဲပြားနေသလို ပဲ။ ကျုပ်က အိတ်ရှည်နဲ့ လူလေးယောက် ကို တလှည့် ဝိုင်းကြည့်နေ တဲ့ လူအုပ်ကို တလှည့် ... ဇက်မှာ ဗဟိုပြုပြီး လည်ပင်းလေးငါး ခါ လည်နေတာကို အမေက သတိပြုတယ် ထင်ပါ့ ။။ကျုပ် ခေါင်းကို ပွတ်ပြီး တိုးတိုး ညင်ညင် ပြောသဗျ။

ကယ်ပါ တွေ ပါ သားရယ် တဲ့ ။။



ကျုပ်က ကယ်ပါ ဆိုတာ လည်းနားမလည်တော့ .. .အမေ ကယ်ပါတွေက ဒီကို ဘာလာလုပ် တာလဲ လို့ မေးမိတယ်။ အမေက ထမင်းတွေ ဟင်းတွေ လာတောင်းတာပေါ့ သားရယ်တဲ့ ။ ကျုပ်က လျာဆက်ရှည်လိုက်တယ်။ အမေ သူတို့ က အလုပ်မလုပ်ပဲ လျောက်တောင်းစား တာလားလို့ ။ ဆိုတော့ ။။
မဟုတ်ဘူးး သားရဲ့ ။ သူတို့ အမျိုးက ကယ်ပါမျိုး ဖြစ်နေလို့ တောင်းရတာ တဲ့ ။ တချို့  ကယ်ပါတွေက တော်တော် ချမ်းသာတာတဲ့ ။ တနှစ်တခါ အတောင်းအရမ်း မထွက်မိ ရင် ကိုယ်တွေ ဘာတွေ ပျက်ပြီး နူတတ် တယ် တဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တကယ်နူမနူ ဘယ်သိမလဲ ဗျာ့ ။ ခင်ဗျားကလည်း ကျုပ်က ကယ်ပါ အနူ ဇာတ်ခင်း နေတာ မှ မဟုတ်တာ ။ ကျုပ်ပြောချင်တာက စောစောက ဘန်ကောက် လေဆိပ်မှာ လူဝင်မှုကြီး ကြပ် ရေး အရာရှိ ကျုပ်ကို နောက်ဆုံး ကြည့်လိုက် တဲ့ အကြည့်ဟာ ကျုပ်တို့ ရွာမှာ လူအုပ် ကြီးက ကယ်ပါတွေကို ကြည့်တဲ့  အကြည့်မျိုး ဗျ။
စိတ်ထဲရှိသလို ကော်လံကို ကိုင်ပြီး ဆွဲမြှောက် ၊ ကျန်တဲ့  လက်တဖက်နဲ့  နားရင်း လေးချက် လောက် ဆက်တိုက်အုပ် လိုက် ရရင်တော့  လေဆိပ်မှာတင် အချုပ်ထဲ တန်းရောက် တော့  မှာ ပေါ့ ဗျာ။တကယ်တော့ အဲဒါ တကယ့်  ကိုအကင်းလေး ပဲ ရှိသေးတာ ဗျ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
စင်္ကာပူမှာ ကွမ်းယာဆိုင် ဖွင့်လောက်တဲ့ အရင်း ကလည်း မရှိ။ နေရာတကာ ကွန်ပြူတာပါ မှ အလုပ် ဖြစ်တဲ့  စင်္ကာပူမှာ ကျုပ်က ကွန်ပြူတာ ဆိုတာ တီဗွီ နဲ့  လက်နှိပ်စက် တွဲထားတာ ထင်နေတဲ့ ကောင် မျိုးဆိုတော့ ထိုင်း မှာနေမလား လာမိပါတယ် ဗျာ။ ကယ်ပါ စာရင်း top ten တန်းဝင် တော့  တာပဲ။
ကျုပ်လည်း ပေါက်တဲ့ နဖူး မထူးတော့ ဘူး ဆိုပြီး ဇာတိမာန် ကို ဘေးချိတ်လိုက် ရတော့ တယ် ဆိုပါတော့ ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကဲပါလေ။ ထိုင်းမှာ ကျုပ်လည်း ရွှေစာရင်း ဝင်တော့ ရောယောင် အနှိမ်ခံရတာတွေ စာဖွဲ့ ပြီး လျောက် ပြောနေရင် ညပေါင်း သောင်းချီသွားပါလိမ့်မယ်။တိုတိုပြောရရင် ထိုင်း နိုင်ငံဘယ် နေရာ မဆို မြန်မာဟေ့ လို့ သိလို့ ကတော့ တရာမှာ ကိုးဆယ့်ကိုး ဒဿမ ကိုးကိုးကိုး သော မဟာထိုင်းများက နှိမ်ပြီလို့ သာ မှတ်ပေတော့ ဗျာ။ ကျုပ်လည်း ဖူးခက်မှာ ဈေးဆိုင်လေး ဖွင့်မိ တာမို့ အမျိုးမျိုးသော ထိုင်းသခင်များ ရဲ့ အဝါးဝမှုကို ခါးစည်း ခံရတာ အကြိမ်ကြိမ် ပေါ့ ဗျာ။ မကြာသေးခင် က ထွက်လာတဲ့ ထိုင်းဇာတိမာန် ဇာတ်ကား နရစွမ် အကြောင်း ရိုက်ပြ ထား တဲ့ အခွေ ကလည်း မီးလောင်ရာ လေပင့်ပါပဲ။
အော် ဖူးခက် အကြောင်းလား။ ထိုင်းနိုင်ငံ ရဲ့ ပထမတန်း တိုးရစ်မြို့  တော်။ ကမ္ဘာလှည့်ခရီးသည်တွေ နှစ်စဉ်သန်းချီပြီး လာနေတဲ့ မြို့ တော်လေ။ မနက်ညနေ အလုပ် ဆင်းချိန်တိုင်း အလုပ်ခွင် ဝတ်စုံအရောင် မျိုးစုံနဲ့ ဝက်တွေတင်သလို ကားနဲ့ မချိမ ဆန့် တင် လာတာတွေ့ ရင် မြန်မာအလုပ်သမား တွေ ပဲမှတ်။ ပါတောင်ကမ်းခြေ ဘက်မှာ အမှတ်တရ လက်ဆောင် ရောင်းတဲ့  ဆိုင်တိုင်းမှာ ဘိုလို ဒွတ်ဒက် ရွှတ်ရှက် ခပ်သွက်သွက် မှုတ်နေတာ တွေ့ ရင် မြန်မာပေါက် ဂေါ်ရခါး လို့ သာမှတ်။လမ်းဘေးမှာ ချွေးတလုံးလုံးနဲ့  အလုပ်သမား တွေ့ ရင် မြန်မာလို့ မှတ်။ဟိုတယ် နဲ့ စားသောက်ဆိုင် မှန်သမျှ စားပွဲထိုး တွေ့ ရင် မြန်မာလို့  သာမှတ်။ ထိုင်းသူဌေးတွေ အိမ်မှာ ကုတ်ချောင်းချောင်း ပုံနဲ့ အိမ်စေ အိမ်ဖော် တွေ့ ရင် မြန်မာလို့ သာမှတ်။
မြန်မာအလုပ်သမား ခုနှစ်သောင်း နဲ့ တသိန်း ကြား ရှိတဲ့ မြို့  ဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျုပ်လည်း အနှိမ်ခံ ရတာ အကြိမ်များလာတော့  တကိုယ်လုံးဗုံးချည်ပြီး ထိုင်းရဲစခန်း တခုခု ထဲ ပြေးဝင်ချင် လောက်အောင် စိတ်ပေါက်လာတာနဲ့  ၊ ဆိုင်ကို ရင်းနှီးတဲ့  ထိုင်း ကျေးဇူးရှင် တယောက် နာမည်နဲ့  ပြောင်းပြိး သကာလ ဘာဝနာလေးဘာလေး စီးဖြန်းပြီး အိမ်တွင်းပုန်း လိုက် ရော ဆိုပါတော့ ဗျာ။
စကာင်္ပူ အပါအဝင် ထိုင်းမြို့ ကြီးတော်တော်များများ ကိုခရီး မကြာမကြာ ထွက်တာ ရှိပေမဲ့  ရက်ပိုင်းပဲ ဆိုတော့  ဖူးခက်မှာပဲ အနေများတယ်လေ။အိမ်ထဲမှာ နှစ်လလောက် ကုတ်နေပြီး ကွန်ပြူနဲ့ အဖော်လုပ်နေရတာ ကြာတော့လည်း ဒူလာစွဲမလို ။ အထီးကျန်သလိုလို ဖြစ်လာ ရော ပေါ့ ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒါနဲ့  တခုခုတော့ အာရုံ ပြောင်းမှ ကောင်းမယ်လေ ဆိုပြီး ကျုပ်ငှားနေတဲ့ အိမ်ဘေးမှာ စိုက် ခင်း လေးတခု လုပ်ဖြစ်ရော ဆိုပါတော့ ။ ထိုင်းမှာရောင်းတဲ့  မျိုးစေ့ အိတ်တွေမှာ ရေးထား တဲ့  စာတွေကို မဖတ်တတ်တာ တကြောင်း ။ စိုက်မဲ့ စိုက် ရင် ငါ့တိုင်းပြည်က မျိုးစေ့ လေး ပဲ စိုက်တော့ မယ်ဟ ဆိုပြီး ကော့သောင်းဘက်က မိတ်ဆွေတယောက် လူကြုံ နဲ့ မျိုးစေ့ တချို့  မှာပြိး စိုက်ဖြစ်ရော။
မစိုက်ခင်တော့  ပေါက်တူးတလက် နဲ့ တူးရ ၊ ဆွရတာပေါ့ ဗျာ။ မြောင်းဖော်ဘောင်တင် တာ လောက်တော့ တတ်သလောက် မှတ်သလောက် လုပ်ရတာပေါ့။ ကျုပ်က စိုက်ပျိုးရေး တွေ ဘာတွေ တတ်လှတယ်တော့ မဟုတ်ပါဘူး။ စိတ်ထွက်ပေါက်ရ ပြီးရော ဆိုပြီး မှန်းသန်း လုပ်နေတာ ပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျုပ်နေတဲ့  အိမ်က အတော်တော့ အကျယ်သား ဗျ။ ခြံနဲ့ ဝင်းနဲ့ ဆိုပါတော့ ။
အိမ်နဲ့ ကားဂိုဒေါင် ပတ်ချာလည်မှာ ကောင်းကောင်း စိုက်လို့ ရတဲ့ နေရာတွေ ဗျ။ ပေါက်တူး တလက်နဲ့ ညနေတိုင်း လျောက်ဆွနေတော့  အနီးအနား အိမ်တွေက ဒီဗမာကူလီ ဘာလုပ် နေပြန်ပြီလဲ တွေး ရင်လည်း တွေးကြလိမ့်မပေါ့  ဗျာ။
ကျုပ်အိမ် ရှေ့ တည့်တည့် နဲ့ ဘေး တအိမ်က ထိုင်းတွေဗျ။ နောက်ဘေးတဖက် ကတော့  ထိုင်းမ နဲ့ ညားနေတဲ့  ဆွီဒင် တယောက်နေတာ ။ ဒီမောင်က လွန်ခဲ့တဲ့ အနှစ်ငါးဆယ် လောက်ကတည်းက ဖူးခက်ရောက်နေတာ ဆိုပဲ။ ဒါလည်း သိပ်ရင်းနှီးလွန်းလို့ မဟုတ်ပါဘူး ဗျာ။ အိမ်နီးချင်းဆိုတော့  နှစ်သစ်ကူးလက်ဆောင်လေး ကျုပ်ဖက်က သွားပို့ ရင်းသိခဲ့ ရတာ ပါ။ အဲဒီ ဆွီဒင် ကတော့ သဘောကောင်း ဗျ။ ကျုပ်ကို ဘယ်လိုမှ သဘောထားပုံ မရဘူး ။ သူ့ အလုပ်သူ လုပ်နေတာ ပဲ။ သူက သဘောင်္အေးဂျင့်လေ။ အသက်ခြောက်ဆယ် ကျော်နေ ပြီ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြောင်းတွေဘောင်တွေလုပ်ပြီးတော့ ကျုပ်လည်း မျိုးစေ့လေး တွေ ချပြီး စ စိုက်လိုက်ရော ပေါ့ ဗျာ။ အပင်မျိုးတော့ တော်တော် စုံသား ဗျ။ ငြုပ်သီး၊ ဗုံလုံသီး၊ ရုံးပတီ။ ကြက်ဟင်းခါး ။ ချည်ပေါင် နောက်တော့  ဘူးသီး။
အောင်မယ် တခြားအပင်တွေက သာ လျောလျောလျူလျူ ပေါက်လာတယ်။ဘူးသီးက တော် တော်နဲ့  အညှောင့်ထွက်မလာဘူး ဗျာ။ ဒါနဲ့  ကော့သောင်း က အသိကိုပဲ ဘူးသီးဘယ်လို စိုက် သတုန်း ထပ်မေး။ သူက ဘူးသီး ရေးရာကျွမ်းကျင်သူ ပဲခူးတိုင်း ကဝ က သူ့ အမေ ကိုလှမ်းမေးနဲ့ .. ဖူးခက်မှ ဘူးသီး ကဝ ကြားလား .ဖူးခက်မှ ဘူးသီး ကဝ ကြားလား နှစ်ခါ လောက် လည်းလုပ်ပြီးရော အညှောင့်ထွက် အပင်ပေါက်လာပါလေ ရောဗျာ။
အေးပေါ့ ဗျာ အပင် တပေခွဲလောက် ဖြစ်လာတော့ တိုင်လေးတန်းလေးလုပ် နောက် ထပ် ရှည်လာပြန်တော့ ဘူးစင်ထိုးရတော့ တာပေါ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဘူးပင်တွေက လိပ်သွားလေးနဲ့ မှန်မှန်တက်လာ သဗျာ။ ဘူးစင်ကလည်း ကပ်ရိုက် ကပ်ခွေ အဆင့်ဆိုတော့ ဘေးအိမ်တွေ က ဒီကောင်ဘာထပ်ပြီး မျက်စေ့နောက်ဆေး ဖော်ပြန် ပြီလဲ ဆိုတဲ့  အကြည့်တွေနဲ့  ပေါ့။ တလခွဲလောက်ကြာတော့ တခြားအပင် တွေ ထိုးထိုးထောင် ဖြစ်လာတယ်။
ဘူးညွန့့်တွေလည်း စင်ပေါ်ရောက်လာတယ်။ တခြံလုံး သီးပင်တွေနဲ့ ဖြစ်လာ တော့ ဘေးက ဒီဗမာ ခြံစိုက်တာ ကိုးဆိုပြီး အော်.. တောင်သူလယ် သမား ဗမာပဲ လို့  ထင်ပုံ ရလာတယ် ဗျ။ အကြည့်တွေက သိပ်ပြီး ထူးလာတယ်တော့ မဟုတ်ပါဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီလိုနဲ့  ဘူးညွန့် တွေ တပြုံကြီးတက်လာ ပေမဲ့ အသီးက တင်မလာဘူး ဗျ။ နောက်အသိ ဗမာ တယောက် အိမ်လာလည်ရင်း ဆရာ့ ဘူးညွန့် တွေ
အညွှန့် ဖြတ်လိုက်မှ အသီးတင်မှာ ဆို တဲ့  သြဝါဒ နဲ့  အညွှန့် တွေကို လျောက်ဖြတ်လိုက်တာ မျက်လှည့်ပြလိုက်သလို ပါပဲ ဗျာ ။
သီး လိုက်တဲ့ဘူးသီးတွေ လေးငါးခြောက်လုံး တပြိုင်နက် ထွက်လာတယ်။

ကျုပ်လည်း မရင့်ခင် စားလိုက်မှ ဆိုပြီး သုံးလေးလုံး ခူးပြီး အင်းယားကန် အလွမ်းပြေ ဘူးသီး ကြော်ကြော် ပြီး လွှေးလိုက်ရော ပေါ့။
ဒါပေမဲ့ အဲဒီ ဘူးစင်ပေါ်က ပထမဆုံး သီးတဲ့ သုံးလုံးကို ကျုပ်မခူးပဲ မျိုးသဘော ထားလိုက် တယ်။ အရွယ် အတော်ကြီးလာတော့ အညှာမခိုင်မှာ
စိုးတာနဲ့  ဘူးသီးဖင်ကို ပလပ်စတစ် ကြိုးနဲ့ ကျစ်ထားတဲ့ ကရွတ်ခံ ကြိုးနဲ့ ဆိုင်း လုပ်ထားရတာပေါ့ ။ ဒါနဲ့ အဲဒီ မျိုးဘူးသီး တွေက တဖြည်းဖြည်း ကြီးလာလိုက် တာ ကျုပ်တို့  မြန်မာ့ ဂုဏ် ကို ဆောင်တော့ တာ ပါ ပဲဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။
အေးလေ။။ အဲဒီမျိုးဘူးသီး သုံးလုံး ကြီးလာလိုက်တာ အရှည်နှစ်ပေ လုံးပါတ် လူတဖက် လျော့ လျော့ ဖြစ်လာရော ဗျာ။ ဘေးအိမ်တွေ ကသတိပြုမိတဲ့ နေ့ ကဆို တအံ့တ သြနဲ့  ပြောင်ပြောင်တမျိုး ခိုးကြည့်တာ တမျိုးနဲ့ အကြည့်တွေ အချိုး ပြောင်းကုန်သဗျာ။ ဘေးက ဆွီဒင်လည်း ကျုပ်ကို ပြုံးပြုံးနဲ့  .. ဝှတ် အစ် သစ်စ် တဲ့ ။ ဝှစ် ကိုင်းအော့ ဖရုတဲ့ ။ကျုပ် လည်း အဘိဓာန် အပြေးလှန်ပြီး .. ဂုဏ်ယူဝင့်ကြွားစွာနဲ ရင်ကော့ရင်း ဖြေလိုက် သဗျာ။.. thiis is Myanmar Gourd , this is့  Myanmar Gourd ပေါ့ ။ ဘေးအိမ်က ထိုင်းတွေကလည်း အားရပါးရ ရီမောပြီး ကျုပ်ကို နှုတ်ဆက်တဲ့ အပြင် ဘူးသီးကြီး တွေကို လက်ညှိုးထိုးပြီး ဖမာ့ နန်မ်သောင်း။ ဖမာ့နန်မ်သောင်း တဲ့။လမ်းသွားလမ်းလာ တဲ့ သူတွေ ကလည်း ကျုပ်အိမ်ရှေ့  ရောက်ရင် ကျုပ်ဘူးစင်က ဘူးသီးကို ဘူးကသိုင်း ရှုပြီးမှ ခရီးဆက်ကြလေရဲ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။
ဒါတင် ဘယ်ကမလဲ ဗျာ။ ကျုပ်ဘေးအိမ်ကထိုင်းတွေကော ။ တခြားကျုပ်အသိ ထိုင်း မိတ်ဆွေတွေကကော သူတို့ နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ကားတွေနဲ့ ဆိုင်ကယ်တွေ နဲ့  ခေါ်လာပြီး ကျုပ်ဘူးသီး၊ လာလာကြည့်ကြတာ ဖူးခက်မြို့ က ကျုပ်နေတဲ့  ရပ်ကွက်မှာ ပွဲတော်ကြီးကို ဖြစ်လို့  ။။အဟုတ်ဗျ။ ထိုင်းဘူးသီးဆိုတာက ကျုပ်တို့ မြန်မာ့ ဘူးသီး နဲ့  ယှဉ်လိုက်ရင် ဂေါ်လီလုံးသာသာ ရှိတာ ကလား။
ဖူးခက်ရွှေမြို့ တော်ကြီးမှာ ကျုပ်တော့ မြန်မာ့ ဘူးမျိုး ဘူးသီးအားကိုးနဲ့ မျက်နှာပန်းပွင့် ခဲ့ပါပြီ ဗျာ။
အေးပေါ့ ဗျာ။ နေရာတကာ နှပ်ပစ်ခံနေရတာ ဘူးသီးကယ်မှပဲ သက်သာရတော့ တယ် ပြောရတော့ မှာပဲဗျာ။အဲဒါကြောင့် ကျုပ်ပြောတာပေါ့ ဗျာ ။ မြန်မာ့ ဘူးသီးဆိုရိုးတွေထဲမှာ စကားတခုတိုးပါလို့ ။။မြန်မာ့ ဘူးသီး ဇာတိမာန်လို့ ပဲ ဖြစ်ဖြစ်ပေါ့။
။။။။။။။။။။။။။။။။။။။။။။။။။။။


အော်... မေ့နေလိုက်တာ ။ ကျနော့်မှာ ဒို့ ဗမာဆိုတဲ့  သီချင်းခွေလေးတခု ရထားတယ်။ နားထောင်ကြည့်လိုက်အုံးနော်။ ဟုတ်ပါတယ်။။ တကောင်းအဘိရာဇာ ဒို့ ဗမာ သာကီမျိုး ဟာမို့ မညှိုးဂုဏ်တေဇာ ဆိုလားဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။
11-Doe Ba Mar Thi Chinn - Than Myat Soe

မှတ်ချက်။ ။ ဖမာ့နန်မ်သောင်း= ဗမာဘူးသီး

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

တူမလေး မက်မက်က အချစ်ဆိုသည်မှာ ကိုတက်လိုက်တယ်။ ၀ဋ်ကလဲ မြန်လိုက်တာနော်။ ကိုယ်ကလဲသွားတက်လိုက်တာကိုး။ တူမလေး စိတ်မဆိုးအောင် ဒီနေ့ပဲ ချက်ခြင်း ရေးပေးလိုက်ရတယ်။

အချစ်ဆိုတာ တကယ်တော့ လူတိုင်းလူတိုင်း အခြားသော တဦးတယောက်ဆီမှာ ထားရှိသော မေတ္တာတမျိုးပါပဲ။ အချစ်ဆိုတာ အခြေနေအရ အမျိုးမျိုး ကွဲပြားပါတယ်။ အခြေအနေအရဆိုရာဝယ် စိတ်ချင်းဆက်နွယ်မှု၊ တယောက်နဲ့တယောက်ဆက်နွယ်မှု ဥပမာ မိဘ၊သားသမီးလိုမျိုးဟာတွေ၊ တယောက်၏တယောက်အပေါ် စိတ်သဘောထားတွေက အဓီကကျပါတယ်။ အဲဒီလိုကွဲပြားနေလို့လဲ အချစ်မှာ ပူတာတွေ အေးတာတွေ ရှိနေတာပေါ့။ ယေဘူယျအားဖြင့် လူတဦးတယောက်မှ တဦးအပေါ် စိတ်ဓာတ်ခံစားမှုတမျိုးပါပဲ။

ဗုဒ္ဒဘာသာ လမ်းစဉ်အရကတော့ ၁၅၀၀ နဲ့ ၅၂၈ ဆိုပြီးကွဲပြားပါတယ်။
စစခြင်း ၅၂၈ ဆိုတာကိုကြည့်ရအောင်။သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ၊ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေ၀ိနိပါတိကာ ဆိုတဲ့ ပုဂ္ဂိုလ် ၁၂ယောက်ကို အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံပရိဟရန္တု ဆိုတဲ့လေးချက်နဲ့ ပွားများပါက ၁၂ယောက် ဆိုတော့ ၄၈ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ် ၁၂ယောက်ကိုပဲ အရပ်ဆယ်မျက်နှာဖြင့် တစ်မျက်နှာချင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းပွားပါက ၄၈၀ပါ။ အဲဒီ ၄၈၀နဲ့ ခုနက ၄၈ချက်နဲ့ ပေါင်းရင် ၅၂၈ပါ။ အဲဒါကိုပဲ ၅၂၈မေတ္တာလို့ ပြောတာပါ။ ၅၂၈အချစ်နဲ့ ၅၂၈မေတ္တာဟာမတူပါဘူး။ တကယ်တော့၅၂၈ မေတ္တာတခုပဲရှိပါတယ်။ ၅၂၈အချစ်ဆိုတာကတော့ ယနေ့ခေတ်လူအများလွဲမှားနေသော၅၂၈မေတ္တာအတုအယောင်သာဖြစ်ပါတယ်။ကဲအောက်မှာရှင်းတာလေး ကြည့်ရအောင်။ဆရာနဲ့တပည့်တို့ရဲ့မေတ္တာ၊မိဘနဲ့သားသမီးများရဲ့အချစ် စတဲ့ အချစ်တွေဟာ ၅၂၈မေတ္တာတွေပါတဲ့။ မဟုတ်ပါဘူး။ အဲဒါတွေဟာ လွဲမှားနေသော ၅၂၈မေတ္တာတွေပါ။ ယခုခေတ်စကားနဲ့ဆိုရင် ၅၂၈အချစ်လို့ ပြောကောင်းပြောလို့ရလေရဲ့။ ဘာဖြစ်လို့လည်းဆိုရင် အစွဲလေးတွေရှိနေလို့ပါ။ ၅၂၈မေတ္တာမှာ ငါစွဲလုံးဝမပါပါ။ မေတ္တာပို့တဲ့နေရာတွေမှာ ၅၂၈မေတ္တာကိုကောင်းကောင်းကြီးတွေ့ရှိနိုင်ပါတယ်။ အဲဒီမှာ ငါစွဲဆိုတာမပါပါ။ ကဲကျွန်တော်တို့ကို ဖေဖေမေမေတို့က "ငါ့သားလေး၊ ငါ့သမီးလေး ကျန်းမာပါစေ၊ ဘေးရန်းကင်းပါစေ" ဆိုပြီးဆုတောင်းတဲ့နေရာမှာ ငါစွဲပါပါတယ်။ ၅၂၈မေတ္တာနဲ့ ၅၂၈ အချစ်နဲ့ ရှင်းကြပြီလို့ထင်ပါတယ်။


၅၂၈ အချစ်မှာ အတွင်းမေတ္တာ အားဖြင့်တော့ အမြဲပဲအေးချမ်းပါတယ်။ အပြင်သဘောမှာတော့ တခါတလေ ပူပြင်းပါတယ်။ နားရှုပ်သွားပြီလား။ ကျွန်တော်တို့မိဘတွေဆီကရတဲ့ အချစ်မေတ္တာက အမြဲတမ်း အေးချမ်းပါတယ်။ ကျွန်တော်တို့ဆီကနေ မိဘတွေရတဲ့ ရတဲ့အချစ်တွေက မျာသောအားဖြင့် အပြင်သဘောမှာ ပူပြင်းပြီး အတွင်းသဘောအရ အေးချမ်းပါတယ်။ ကဲဒါဆို သူငယ်ချင်းဆီက အချစ်မေတ္တာကကော..မိဘတွေ သားသမီးဆီက ရတဲ့အချစ်နဲ့ ဆင်ပါတယ်။ ဥပမာ သူငယ်ချင်းတယောက်က မလုပ်သင့်လို့ ပြောတာဟာ နားခါးကောင်းနားခါလိမ့်မယ်။ ဒါပေမယ့် ကောင်းစေချင်သော အေးမြတဲ့ စေတနာဆိုတာတွေ ပါပါတယ်။ သင်ဟာ တိရိစ္ဆာန်တကောင် (ခွေလေးတွေတို့ဘာတို့ပေါ) ကိုချစ်ပြီဆိုပါတော့။ သင့်ရဲ့ အဲဒီတိရိစ္ဆာန် အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက အေးချမ်းပါတယ်။ ဒီလောက်ဆို ဆိုလိုရင်းကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ၅၂၈အချစ်ဟာပေးဆပ်ခြင်းသဘောကိုဆောင်ပါတယ်။ အပြန်ရှိရှိမရှိရှိ အသွားကတော့ရှိမှာပါ။ ကရုဏာ၊ စေတနာ၊ မုဒိတာ ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့လဲပြည့်စုံလှတယ်။ အချုပ်ဆိုရရင် အင်မတန် စင်ကြယ်လှတဲ့ အချစ်တမျိုးပါ။ အဲဒီ၅၂၈ အချစ်ကို မိဘအချစ်၊ သားသမီးအချစ်၊အဘိုးအဘွားအချစ်၊ဆရာအချစ် အစရှိသဖြငတွေ့ရပါတယ်။ ၅၂၈ အချစ်တွေကိုနေရာအများကြီးမှာတွေ့နိုင်တယ်။ တွေ့တဲ့နေရာတွေ ပြောလို့တောင် ကုန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာပဲတွေ့တွေ့ ၅၂၈ရဲ့ အခရာကတော့ အနှစ်သာရအရ အေးချမ်းခြင်းပဲ ဖြစ်ပါတယ်။

ကဲပြီးတော့အခုခေတ်မှာ ပေါ်ပြူလာဖြစ်နေတဲ့ ၁၅၀၀ အချစ်အလှည့်ပေါ့။ ၁၅၀၀ လို့ဆိုလိုက်တာနဲ့ အပူပါပဲ။ ဘာကြောင့်လဲဆိုရင် ၁၅၀၀အချစ်ဆိုတာ ကိလေသာတွေ ပြည့်နှက်နေပါတယ်။ ၁၅၀၀ဆိုတာမေတ္တာတု၊မေတ္တာယောင်သာဖြစ်ပါတယ်။စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ ဆိုပြီးပေါင်းတော့ ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ပေါင်းပါက၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒါကတော့ မိတ်ဆက်ရုံလေးတင်ပါ။ ကျွန်တော်လည်း ဒီထက်ပိုပြီးမသိပါ။
၁၅၀၀ ကြောင့်ဖြစ်တဲ့အပူနှစ်မျိုးရှိပါတယ်။ နွေးထွေးခြင်းအပူနဲ့ လောင်ကြွမ်းစေသောအပူတွေပါ။ လောင်ကြွမ်းခြင်းကတော့ သင့်ရဲ့နှလုံးအိမ်ကို ဖျက်ဆီးလိမ့်မယ်။ တခါတလေ သင်သတိမထားမိအောင် တငွေ့ငွေ့လေးဖြစ်ကောင်းဖြစ်လေရဲ့။ တခါတလေကြတော့လည်း ဝုန်းကနဲထလောင်နိုင်လေရဲ့။ နွေးထွေးခြင်းက သင့်ကို ခွန်အားတွေ ပေးပါလိမ့်မယ်။ အဲဒါပေမယ့် နွေးထွေးခြင်းဟာလည်း လောင်ကြွမ်းခြင်း ကိုကူးပြောင်းဖို့ အမြဲတမ်းနီးပါး တာဆူနေတယ် ဆိုတာကိုမမေ့သင့်ပါဘူး။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလား။ ဒါမှမဟုတ် ပေးဆပ်ခြင်းလား။ တချို့ တွေကတော့ အချစ်ဆိုတာ ရမှဆိုတဲ့ ယုံကြည်ချက်ကို ဆွဲကိုင်ပြီး ရယူဖို့အတွက် ပေးဆပ်ခြင်းကို မေ့နေတတ်ကြတယ်။ တချိုတွေကတော့ ပေးဆပ်ခြင်းဆိုပြီး ကိုယ်ရသင့်ရထိုက်တဲ့ဟာကိုမကြိုးစားကြဘူး။ သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုရှိတာကို မေ့နေတယ်။ကျွန်တော့်အတွက်ကတော့ အချစ်စစ်ဆိုတာာ ပေးဆပ်မှုနှင့်အတူ ရယူခြင်းပါ။ အချစ်စစ်ဆိုတာ နွေထွေးမှုပေးမယ့် အားတခုပါ။ အင်မတန်ရခဲတဲ့ ဘဝလက်ဆောင်မွန် လဲဟုတ်ပါတယ်။ အဲဒီလက်ဆောင်မွန်ကို လောင်ကြွမ်းမှုမဖြစ်သွားအောင် ဂရုထားသင့်တာပေါ။ ကျွန်တော်သဘောကျတဲ့ အချစ်အဓိပ္ပာယ် လေးတွေရှိပါတယ်။

Love is…when someone hurts you... even when u hurt terribly…u don't cry because u know it will hurt the person who has hurt you!(Mathew)

Love is … When an old lady and an old man ..are still good friends even though they've known one another for a long time (Tommy)

Love is...When someone loves you. The way they say your name…It's different! (Billy).

နောက်ဆုံးတခုပြောချင်တာက အချစ်ဆိုတာဘာလဲသိချင်ရင် သင်ကိုမုန်းသောသူတယောက်ဆီမှ သူရဲ့မေတ္တာကိုရအောင် ယူကြည့်ပါ။
ကျွန်တော်ကတော့၁၅၀၀ အချစ်အကြောင်း ကောင်းကောင်းမသိသေးဘူးဗျာ။ အဲဒီတော့ ကိုယ်ထင်တာ ရေးလိုက်တာပေါ့။ မှားရင်လည်းပြောနော်။ တူမလေးမက်မက်ရေ ဒီလောက်ဆို ကြေနပ်တော့နော်။ ကလေးကလဲလူကြီးတွေကို ဘာတွေလာမေးနေမှန်းမသိဘူး..ဟဲဟဲ။ ကျွန်တော်တခါမှ ချစ်သူကော၊ ရည်းစားကော ရှိသေးဘူးဗျ။(ကြံဖန်ကြွားတာ ဘယ်ရမလဲ.. ဟားဟား.. သူငယ်ချင်းချောချောလေးများရှိက မိတ်ဆက်ပေးနိုင်၏.ဟီး)။ အဲဒီတော့ ၁၅၀၀ အချစ်အကြောင်းမှာ စာသူငယ်ပါဗျာ။ အင်း သင်ပေးဖို့ သူတွေလိုတယ်ပြောတာ။ ဟားဟား တက်ခ်တယ်လို့မထင်ပါနဲ့။သင်ပေးခိုင်းတာပါ။ကဲကဲ သင်ပေးဖို့လူတွေက မprizeဝေ ၊ သယ်ရင်း ဆုငယ်၊ အတွေးရပ်ဝန်းက မမဆုဝေ တို့ဗျာ။ ဟူးတော်တော်များများက တူမလေး မက်မက်တက်လိုက်တာ ကုန်သွားပြီ။ :P


ဗုဒ္ဒဘာသာလက်စွဲကျမ်းမှ ကောက်နှုတ်ချက်များနှင့် ကျွန်တော်၏ တွေးထင်ချက်များကို ပေါင်းစပ်ရေးသားခြင်း ဖြစ်ပါသည်။ အကယ်၍ မှားသည်ဟု ထင်မြင်ပါက xymass@gmail.com ကိုမေးပို့ရန်ကြိုဆိုပါ၏။ အားလုံးပဲမင်္ဂလာပါ။






You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.