ဒီလောက်တော့ ရပါတယ်ပို့စ်၏ အဆက်
ဒီလောက်တော့ ရပါတယ်ပို့စ် ၏ အဆက် :z :z :z
မမမြတ်နိုးကလေ ဟင်းချိုလေးပါထည့်ပေး စားရတာခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်............ တဲ့။
တကယ်ဆို၊ ကျမက ရေပဲကြိုက်တာဆိုတော့ ရေရှိရင် ရပြီ။ ကျန်တဲ့အရည်မလိုဘူးသိလား။ (ကိုယ့်အတွက်ကို ပြောတာနော်။ ) :p ;) ဒါပေမယ့် မမမြတ်နိုးက တောင်းဆိုလာမှတော့ လုပ်ပေးရမှာပေါ့နော်။ ကိုယ့်မမပဲဟာ နော်။ :p
ဆားနဲ့ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ပေါင်းထားတဲ့ ကြက်ဥပေါင်းဟင်းရည်လေးပါရှင့်။ အရည်လေးသောက်လိုက်၊ ကြက်ဥဖတ်လေးစားလိုက်နဲ့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်ဆဲပဲ ဖြစ်တဲ့ အစားအစာလေးပါ။ အစိမ်းရွက်လေးက စားလို့မရဘူးနော်။ ဂျပန်စတိုင်အလှထည့်ထားတာ။ :z

နောက်တစ်မျိုးက ကြက်ဥပြုတ်ကြော်ခရမ်းချဉ်သီးချက်။ အရင်ဆုံးကြက်ဥကို ပြုတ်လိုက်ပါတယ်။ ပြီးတော့ ဒီကိရိယာလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ (5)မိနစ်ခန့်
အအေးခံလိုက်ပါတယ်။ :z
အချိန်ပြည့်သွားရင် အလယ်ကနေ လှီးလိုက်တာပေါ့နော်။ ဒီလိုမျိုးလည်း ဖြစ်သွားတယ်သိလား။ တစ်လုံးက ကြယ်ပုံ၊ နောက်တစ်လုံးက အသဲပုံလုပ်ထားတာ။ :z

အဲဒီကြက်ဥပြုတ်ကို ဆီနည်းနည်းနဲ့ ပြန်ကြော်လိုက်တော့ ဒါမျိုးလည်းဖြစ်သွားရော။ :z
ခရမ်းချဉ်သီးချက်ကိုလည်း တတ်သလောက်မှတ်သလောက်နည်းပညာနဲ့ ချက်လိုက်သေးတယ်။ ကျက်ခါနီးမှ စောစောကကြော်ထားတဲ့ ကြက်ဥလေးတွေကို ထည့်လိုက်ပြီး ခဏ နှပ်ထားလိုက်တယ်။ ကြည့်ကြည့်ပါရှင့်။ ခရမ်းချဉ်သီးကြက်ဥပြုတ်ကြော်ချက်လေးပါ။ :z

ထမင်းနဲ့ နယ်ပြီး အပီအပြင် စားတော့မယ်နော်။ ;) ရောက်လာသူအပေါင်းလည်း အားမနာတမ်း သုံးဆောင်ကြပါရှင့်။ :z
ဟိုလူဆိုး ကိုရှင်ရဲထွတ်ကြီးကို အမြင်ကပ်ကပ်နဲ့ ပညာစွမ်းပြရတာ တော်တော်ပင်ပန်းသွားပြီသိလား။ ကျောင်းကလည်း တက်ရသေး၊ Thesis ကလည်း ရေးရသေး။ အားတဲ့အချိန်လေးကို အလုပ်လေးလည်း သွားလုပ်လိုက်သေး။ အိမ်ချိန်လေးကို ဖဲ့ပြီး Postလေးရေးလိုက် ၊ Blogလေး လည်လိုက်လည်း လုပ်ရသေး။ ဒီလောက် အလုပ်ရှုပ်တဲ့ ကျမကို ဟင်းမချက်လို့တဲ့၊ ဘာဖြစ်တယ် ညာဖြစ်တယ်................တဲ့။ ကိုယ်ချင်းမစာပဲ လှောင်ပြောင်ရက်တယ်နော်။ အဲဒီလူဆိုး ကိုရှင်ရဲထွတ်ကြီးက။ တော်တော်ဆိုးတဲ့လူကြီး။ :c
သူ့ကြောင့် ၊သူ လိုက်စလို့ ဟင်းမျိုးစုံ ချက်ပြရတာ ကြက်ဥတွေလည်း အများကြီး ကုန်သွားပြီ။ ဟင့် ဟင့်။ :c :c
မမမြတ်နိုးကလေ ဟင်းချိုလေးပါထည့်ပေး စားရတာခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်............ တဲ့။
တကယ်ဆို၊ ကျမက ရေပဲကြိုက်တာဆိုတော့ ရေရှိရင် ရပြီ။ ကျန်တဲ့အရည်မလိုဘူးသိလား။ (ကိုယ့်အတွက်ကို ပြောတာနော်။ ) :p ;) ဒါပေမယ့် မမမြတ်နိုးက တောင်းဆိုလာမှတော့ လုပ်ပေးရမှာပေါ့နော်။ ကိုယ့်မမပဲဟာ နော်။ :p
ဆားနဲ့ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ပေါင်းထားတဲ့ ကြက်ဥပေါင်းဟင်းရည်လေးပါရှင့်။ အရည်လေးသောက်လိုက်၊ ကြက်ဥဖတ်လေးစားလိုက်နဲ့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်ဆဲပဲ ဖြစ်တဲ့ အစားအစာလေးပါ။ အစိမ်းရွက်လေးက စားလို့မရဘူးနော်။ ဂျပန်စတိုင်အလှထည့်ထားတာ။ :z

နောက်တစ်မျိုးက ကြက်ဥပြုတ်ကြော်ခရမ်းချဉ်သီးချက်။ အရင်ဆုံးကြက်ဥကို ပြုတ်လိုက်ပါတယ်။ ပြီးတော့ ဒီကိရိယာလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ (5)မိနစ်ခန့်
အအေးခံလိုက်ပါတယ်။ :z


အဲဒီကြက်ဥပြုတ်ကို ဆီနည်းနည်းနဲ့ ပြန်ကြော်လိုက်တော့ ဒါမျိုးလည်းဖြစ်သွားရော။ :z


ထမင်းနဲ့ နယ်ပြီး အပီအပြင် စားတော့မယ်နော်။ ;) ရောက်လာသူအပေါင်းလည်း အားမနာတမ်း သုံးဆောင်ကြပါရှင့်။ :z

ဟိုလူဆိုး ကိုရှင်ရဲထွတ်ကြီးကို အမြင်ကပ်ကပ်နဲ့ ပညာစွမ်းပြရတာ တော်တော်ပင်ပန်းသွားပြီသိလား။ ကျောင်းကလည်း တက်ရသေး၊ Thesis ကလည်း ရေးရသေး။ အားတဲ့အချိန်လေးကို အလုပ်လေးလည်း သွားလုပ်လိုက်သေး။ အိမ်ချိန်လေးကို ဖဲ့ပြီး Postလေးရေးလိုက် ၊ Blogလေး လည်လိုက်လည်း လုပ်ရသေး။ ဒီလောက် အလုပ်ရှုပ်တဲ့ ကျမကို ဟင်းမချက်လို့တဲ့၊ ဘာဖြစ်တယ် ညာဖြစ်တယ်................တဲ့။ ကိုယ်ချင်းမစာပဲ လှောင်ပြောင်ရက်တယ်နော်။ အဲဒီလူဆိုး ကိုရှင်ရဲထွတ်ကြီးက။ တော်တော်ဆိုးတဲ့လူကြီး။ :c
သူ့ကြောင့် ၊သူ လိုက်စလို့ ဟင်းမျိုးစုံ ချက်ပြရတာ ကြက်ဥတွေလည်း အများကြီး ကုန်သွားပြီ။ ဟင့် ဟင့်။ :c :c
You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.