Monday, October 13, 2008

[စပ်မိစပ်ရာ] 1 New Entry: ကျွန်ုပ်၏ ကြေညာစာတမ်း

ကျွန်ုပ်၏ ကြေညာစာတမ်း

သိနေတယ်
အို…မရဏ
အာဝဇ္ဇာန်းရွှင်ရွှင်
တစ်နေ့ သင်ရောက်လာမည်ကို
စိုးစဉ်းမျှ ဆန္ဒမပါဘဲ
စတင်ကတည်းက
ပေးစာ တစ်စောင်ရဲ့ ရင်ကွဲသံ
ငါ လက်ခံထားရ
ဟောဒီ လောကကြီးထဲ
မေ့ပျောက်ခြင်းငှာ မစွမ်းသာတဲ့
မျက်ဝန်းအိမ် စိမ်းစိမ်းမှာ
ဒုက္ခသစ္စာ မဏ္ဍိုင်ကြီး တစ်ခု
ငါ့ရဲ့ သမုဒယ တောက်လောင်ခြင်းကို
မှတ်တမ်းတင်လို့ပါလား
ဝတ္ထုတို တစ်ပုဒ် မဟုတ်ဘူး
ကဗျာတစ်ပုဒ် လို ဟုတ်တယ်
ငါ မငိုဘဲ နေနေတာ
သင် မရယ်ဘဲကို မနေနိုင်အောင်ပေါ့
ဘယ်သူ့အတွက်မှ
သယ်ယူခဲ့စရာဆိုလို့
လေညင်း လက်တစ်ခုပ်စာ မရှိပြီ
စွန့်ပစ် ခံရမည့် အချိန်
ငါ့ ရဲ့ဘဝ
ငါ့ ရဲ့ အမည်နာမနဲ့
ကလောင်အမည် ကို ဖျက်သိမ်းပြီး
အထုပ်အပိုး များ ချည်နှောင်ကာ
ရုံးဌာန အမြောက်အများဆီ
တစ်ရုံး ပြီး တစ်ရုံး
ငါ ဖြတ်သန်းဖို့ လိုပါသလား
အောက်ပါအတိုင်း
ခွဲခြားဖော်ပြ
ကိုယ်တိုင် လက်မှတ် ရေးထိုးလိုက်ပါရဲ့
တဖန်
သေခြင်းတရားကို
အဆုံးမဲ့ ရောက်ရှိဖို့
ထထကြွကြွ ဆန့်ကျင်ခဲ့သူဟာ
နေရီရီ ကမ္မဋ္ဌာန်း ရနံ့ နဲ့ ငါပဲ ။ ။

 

ကေတုဘုန်းမော်
(ကဗျာဆရာ ကေတုဘုန်းမော် ၏ နောက်ဆုံးကဗျာ ဖြစ်ပါသည်)

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.