Monday, October 13, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် - Myanmar Astrology] 1 New Entry: မြတ်ဆုမွန်

မြတ်ဆုမွန်

မြတ်ဆုမွန်



ဗုဒ္ဓဘုရားဟောကြားသော ဗျာဒိတ်အတိုင်း တည်ပါစေသောဝ် ....
သာသနာတစ်ဝက် ရာဇာတစ်ဆက် တည်တံ့ခိုင်မြဲ ရှည်ကြာစေသော်ဝ် ...
ဘုရားမြတ်ရှင် သက်တော်ထင်ရှား ဗျာဒိတ်တော်တရား တည်စေသောဝ် ....
နှစ်ထောင့်ငါးရာတစ်ဝက် ငါးထောင်ဆက် ရှည်ပါစေသောဝ်

ကျွတ်ထိုက်ကုန်ကြ ဝေနေယျ ကျွတ်တမ်းလွတ်တမ်း ၀င်စေသောဝ်...

လူမင်းရာဇာ နတ်မင်းဒေ၀ါ ကြည်သာရွှင်ပြ ရှိစေသောဝ် ...
တိုင်းသားပြည်သူ ဗိုလ်လူများ ကြည်သာရွှင်ပြ မျှစေသောဝ် ...
မင်းခသူအပေါင်း ညီညာဖြဖြ ရှိကြပါစေသောဝ် ....

တိုင်း နိုင်ငံ ပြည်ရွာ အေးချမ်းသာယာ ရှိစေသောဝ် ...
ရွှေဘုန်းပြန့် ရာ မြေမျက်နှာ သာသာနာ ဘာသာ လင်းစေသောဝ် ...
ရာဇာ ဓမ္မာ မင်းနှစ်ဖြာ နေလို လလို မျှစေသောဝ် .....


မန္တလေး သိန်းဇော် ပူဇော်သည်

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.