Monday, October 13, 2008

[] 1 New Entry: တုတ်ကောက်

တုတ်ကောက်

တုတ်ကောက်

ကျွန်တော် မွေးတုန်းက လူပါပဲ။

ဘီးလူးစွယ်တွေနဲ့ လူရင့်မာတွေကြား ကြီးပြင်းခဲ့ရ။
လက်ကိုင်တုတ်၊ သေနတ်တွေနဲ့ စစ်ဖိနပ်တွေကြား
နစ်မျောခဲ့ရတဲ့ ဘ၀။
နှမြောစရာ ကောင်းလှချည့်။

ကျွန်တော့် အခွင့်အရေးဆိုတာ ဘာလဲ။
စစ်မြေပြင်မှာ သေနတ်ကောက်ဖို့လား။
"သူတို့" ခိုင်းတာ လုပ်ဖို့လား။

ပိုက်ဆံမရှိ၊ "လူ"လို့ ခေါ်စရာ တစ်ပြား နတိ။

သြော်..
ကျွန်တော့်ကို မသိတဲ့ လူတွေကတော့
ကျောခိုင်းသွားကြပေါ့။
ကျွန်တော် သိတဲ့ လူတွေကရော။
"ကျွန်" တစ်ယောက်လောက်တောင် တန်ဖိုးမထားကြဘူး။

နာကျည်းမိတယ်..

စစ်မြေပြင်မှာ သေနတ်ကောက်ရင်း
အနာဂတ်မှာ သွေးတွေ ပေကျံတဲ့ လက်နဲ့
သူတို့ မျက်နှာကို အလွှာလိုက် ခွာချပစ်ရမယ်။

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.